လိပ်ပြာမဲ့ မိုးသီး
အောက်က ပုံပါစာက မင်းရေးခဲ့တာနဲ
့ပါတ်သက်ပြီး ရှင်းလင်းချက်ပေးပါ ။
ပထမဆုံးကျနော်ပြောချင်တာကတော့
ဌေးနိုင်ဟာ ထောက်လှမ်းရေးဖြစ်ခဲ့တယ် ။
မိုးသီးမှာ ခိုင်လုံသော သက်သေ
အထောက်အထားရှိရင် အများသိအောင် ချပြပါ ။
မိုးသီးကို စွပ်စွဲ တိုက်ခိုက်ဖို
့ ဌေးနိုင် အကိုရင်း အသက်၅၂ နှစ်ရှိတဲ့ ငါ မှာ မရှိပါဖူး ။
၁၉၉၁ က တော်လှန်ရေး အမည်ခံ မိုးသီးခိုင်းတဲ့
ဘန်ကောက်မှာ လူစုပြီး အဖွဲ့ ထောင် ။
ထောင်ထောင်လုပ်တဲ့ မြန်မာ ကျောင်းသားတွေကို
ရိုက်ပစ်ဆိုတဲ့ လူမိုက် အတွေးအခေါ်
စကားကို မကြိုက်လို့ မိုးသီးရုံးကို
မသွားတော့တာ ။
ငါနဲ့ မွေးလာထဲက တော်လှန်ရေးနယ်မြေ အထိ အတူတူကြီးပြင်းလာခဲ့တဲ့
ဌေးနိုင် ထောက်လှမ်းရေးဖြစ်သွားတယ် ။
မင်းရေးခဲ့တဲ့ စာထဲကလို အခိုင်အမာဆိုတဲ့ အချက်ကို သိချင်တယ် ။
ဌေးနိုင်ထောက်လှမ်းရေး ဖြစ်တာ တကယ်မှန်ခဲ့ရင်
မင်းတို့ ကို ငါ တသက်လုံး လေးစားသွားမှာပါ
။
ကျောင်းသား တပ်မတော် သမိုင်းမှာ
ဂုဏ်သိက္ခာရှိစွာ မှတ်တမ်းထားနိုင်ဖို့ အများသိအောင် ရှင်းပါ ။။
မိုးသီး မင်းအနေနဲ့ 
ဌေးနိုင်မိသားစုနဲ့  အောက်ခြေက ကျောင်းသားရဲဘော်တွေကို ရှင်းပြပေးဖို့  အချက်တွေက
ဌေးနိုင်ကို ဘာကြောင့်ဖမ်းခိုင်းတာလဲ
။
အထောက်အထားတွေ ဘယ်က ရတာလဲ ။
ဘယ်သူတွေကို တာဝန်ပေး စစ်ကြောရေးဝင်ခိုင်းတာလဲ။
ကိုကိုဦးက ဌေးနိုင် သူလျို မဟုတ်ပါဖူးလို
့ ကြေးနန်းပို့ တာ
ဝင်းနိုင်ဦးက စစ်ရုံးကို မပေးဖူးလို
သိရတယ် ။
ဌေးနိုင်ကို ဘယ်လို သေတာလဲ ။ ဘယ်မှာ
မြုတ်ထားခဲ့လဲ ။
ဖြစ်ခဲ့တာတွေကို သတင်းပို့ ထားလို
မိုးသီးအားလုံးသိတယ်လို့ 
ဆက်သွယ်ရေးတပ်က စက်ကိုင်တဲ့ ကျောင်းသားရဲဘော်တွေ
ပြောနေကြပြီ ။
မင်းလိပ်ပြာမင်းလုံရင် ဘာကြောင့်
ဌေးနိုင်နဲ့ ပါတ်သက်ပြီး
မေးလာသူတွေ အားလုံးကို အဆက်ဖြတ်နေတာလဲ ။
မင်းမှာ ရှက်တတ်တဲ့ လိပ်ပြာကောရှိရဲ
့လား ။
မြန်မာပြည်သားတွေ အားလုံးက မေးလာကြပြီ
။
မင်း သမိုင်း အမှန်တင်ပြပါ ။
မင်း မတင်ပြရဲဖူး ဆိုရင် လိပ်ပြာမဲ့
မိုးသီးပေါ့ ။
ကျောင်းသားတပ်မတော်ရဲ့  ဂုဏ်သိက္ခာ
ဟာ
အရှက်တရား လိပ်ပြာမဲ့ 
မိုးသီး လက်ထဲရောက်ခဲ့ဖူးတယ် ။
ဌေးတင့်
နယ်သာလန် ။
မိုးသီး မင်း ငါ့ကို ၂၀၀၂ နယ်သာလန် ရောက်ပြီး
မြန်မာနိုင်ငံရေး လောကထဲ စတင်ဝင်ရောက်တဲ့ အချိန်ကစပြီး
၂၀၁၁ ရောက်တဲ့ အထိ မြန်မာထောက်လှန်းရေး လို့ လိုက်ပြီး စွပ်စွဲခဲ့တယ် ။
မင်းကိုယ် မင်း တော်လှန်ရေး ဘုရင် အရှင်သခင်များ ထင်နေသလား ။
မင်းရဲ့ လုပ်ရပ်တွေ မကြိုက်တဲ့  မင်းနားက လူတွေက ပြန်ပြောပြနေတာ ။
မြန်မာနိုင်ငံသား အဖွဲ့ အစည်းတွေထဲက မင်းတပည့် အစုတ်အပဲ့တွေနဲ့ 
ငါ့ကို နိုင်ငံရေး လောကမှာ နာမည်ပျက်နဲ့  ထွက်သွားအောင်
နည်းမျိုးစုံ သုံးခဲ့တာ ငါနားလည်လာပြီ ။
မင်းငါ့ကို အော်ခဲ့တဲ့ အသံ အခု ဌေးနိုင် အရိုးမှန်ပြီး မင်းဆီ ပြန်လာနေပြီ ။
မင်းပြု ခဲ့တဲ့ ငါနဲ့  ဌေးနိုင် အကုသိုလ်ကံ မင်းဆီကို တစစဝင်ရောက်နေပြီ ။
ဌေးနိုင် နာနာကျည်းကျည်းနဲ့  ညစဉ်ညတိုင်း နာကျင်လွန်းလို့  အော်သံတွေ ငါကြားနေရတယ် ။
ဝင်းနိုင်ဦး မင်းအလှည့် လာတော့မှာပါ ။
လူကြီးလူကောင်း ဟန်ဆောင်ထားတဲ့ မင်းရဲ့ မျက်နှာဖုံးကို ခွာဖို့  အချိန်နီးလာပြီ ။
ဝင်းနိုင်ဦး မင်းအလှည့် လာတော့မှာပါ ။
လူကြီးလူကောင်း ဟန်ဆောင်ထားတဲ့ မင်းရဲ့ မျက်နှာဖုံးကို ခွာဖို့  အချိန်နီးလာပြီ ။
No comments:
Post a Comment