ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Monday, April 9, 2012

ဘရာဇီး ငှက်ရိုးတင်ပြတဲ့ ကတော်သက်သေ ၁,၂,၃,၄,၅,၆,၇,၈

( ၁ ) မြောက်ပိုင်းဗဟိုကော်မီတီစုံညီ အစည်းအဝေးသည် ကျနော်၊ကိုထွန်းအောင်ကျော်၊ကိုညီညီကျော်တို့
( ၁၀.၉.၁၉၉၁ ) နေ့ အဖမ်းခံရချိန်အထိ ( ၁ )ကြိမ်သာ ကျင်းပခဲ့ပါသည်။ ပထမဆုံးမြောက်ပိုင်း     ဗဟိုကော်မတီဝင်များ ရွေးချယ်ခံရချိန်တွင် ဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူးများ၊ ဋ္ဌာနတာဝန်ခံ များရွေးချယ်သတ်မှတ်ရာတွင် ( ၁၉၉၀ခု-မေလကုန် )  က ကျင်းပခဲ့သည့် အစည်းအဝေးသာရှိ ခဲ့ပါသည်။

( ၂ )   ကိုညီညီ( ဆမားညီညီ) ၏ ကိုကိုကြီး( ၈၈မျိုးဆက်)သို့ပေးစာတွင် (၁၉၉၀)ခုနှစ်နှစ်ဆန်းခန့်က မနန်းအောင်ထွေးကြည်၊ မခင်ချိုဦးတို့အား ထောက်လှမ်းရေးဖြစ်ကြောင်းစုံစမ်းထောက်ခံပေးပါ ဆိုတဲ့စာ ကျနော်တို့ဆီကို မြောက်ပိုင်းဗဟို မှ ရောက်လာတယ် ဟုရေးသားထားသည်ကို တွေ့ရပါသည်။ှ  ကိုချိုကြီးမှ သံသယရှိလျှင် ပြန်လွှတ်လိုက်ရန် ပြောကြားခဲ့သည်ဟုသိရပါသည်။ထိုကိစ္စသည် (မပ)ဗဟို ကော်မတီ မှ ဆုံးဖြတ် ဆောင်ရွက်ခဲ့သော ကိစ္စမဟုတ်ပါ။ အနှစ်(၂၀ ) ကျော်ကြာမှ ထိုကိစ္စကို မှန်မမှန် ကိုစိုးလင်းမှ တဆင့်စုံစမ်းခဲ့ရာ မှန်ကန်ကြောင်း စုံစမ်းခိုင်းကြောင်း သိရပါသည်။ ထိုကိစ္စကို(မြောက်ပိုင်း)UG  ( မန္တလေး ) နှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သော ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် တို့၏် သဘောထားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်မည်ဟု ထင်မြင်ပါသည်။ ထိုသို့စုံစမ်းသည့်ကိစ္စသည် ကိုမျိုးဝင်း၏ သဘောထား ပါဝင်လိမ့် မည်ဟု ကျနော်အနေနှင့်ယုံကြည်ပါသည်။ မြောက်ပိုင်း(ဗဟိုကော်မတီဝင်များ) ၏ ဆုံးးဖြတ်ချက် မပါဝင်ခဲ့ပါ၊ အသိပေးခဲ့ခြင်းလည်း မရှိခဲ့ပါ။ ABSDF(ကချင်)လက်ထက်မှ သံသယရှိသည့် ကိစ္စများကို ABSDF (NB ) သို့ ဆက်လက် သယ်ဆောင်လာမှုများ ရှိနေတယ်ဆိုတာတွေ့ရပါသည်…. ကိုသန်းထွန်းစိုး၊ ကိုလွှမ်းမိုး(ဦးစီး)၊ ကိုအောင်ကျော်၊ တို့နှင့်ဆက်စပ်ပြီး မနန်းအောင်ထွေးကြည်၊ မခင်ချိုဦးတို့အား ဆက်လက်သံသယ ရှိနေသည်ဟု မြင်ပါသည်…..UG မန္တလေးများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ သူများမှ ရှင်းပေးလျှင် ပိုကောင်းမည်ဟုမြင်ပါသည်။

( ၃ ) ကိုမောင်မောင်( SKW ) ၏ ကျနော်သိသောABSDF(NB) ကောက်ကြောင်းများအပိုင်း(၅) တွင် ဥက္ကဋ္ဌ မှ ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့်မြို့ပေါ်UG လုပ်ငန်းများဆောင်ရွက်နေသော ကိုချိုကြီးကို ABSDF(NB) ဗဟိုကော်မတီအဆင့်ဖြင့် UG တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သည်၊ နောက်ပိုင်းကိုချိုကြီး တောခို ရောက်ရှိ လာသော အခါ နိုင်ငံရေးသင်တန်းမှူး အဖြစ်တာဝန်ပေးခဲ့သည် ဟုဖတ်ရပါသည်။ ထို့ပြင်မြို့ပေါ်တွင် ရှိနေ သော ကိုညီညီအား ABSDF( NB ) ၏ ဗဟိုကော်မတီအဆင့်သပ်မှတ်ပေးထားပြီး နိုင်ငံခြားဆက်ဆံရေး အရာရှိ အဖြစ် သပ်မှတ်ပေးခဲ့ပါသည်…..ဟုဖတ်ရှုရပါသည်……မြောက်ပိုင်းဗဟိုကော်မတီမှ ဆုံးဖြတ် တာဝန်ပေးခဲ့ခြင်း မရှိပါ။ ဥက္ကဋ္ဌနှင့်အချို့မှ လည်းကောင်းတို့ မြို့ပေါ်၌ရှိစဉ် လိုအပ်သည်ထင်၍ ဗဟိုကော်မတီအဆင့် UG တာဝန်ခံအဖြစ် တာဝန်ပေးခဲ့ခြင်း ဖြစ်နိုင်ပါသည်။       ထိုကိစ္စများနှင့်ပတ်သက်ပြီး မခင်ရွှေလှိုင်ပြောကြားခဲ့သည့် ABSDF(မြောက်ပိုင်း)ကိုABSDF(အထက် မြန်မာပြည်)အဖြစ်ပြောင်းလည်းဘို့ ကြိုးစားခဲ့မယ်ဆိုရင်တော့ ဆိုသည့်စကားကို ပြန်ကောက်ပြောလိုပါသည်။
ကျနော် ဗဟိုကိုပြန်ရောက်ပြီး ရှစ်လေးလုံး(၃)နှစ်ပြည့်ပွဲ မတိုင်မှီ ရဲဘော်တစ်ချို့ထံမှ ကြားသိရသည်မှာ ကိုထွန်းအောင်ကျော်မှ နိုင်ငံတကာလှည့် အလုပ်လုပ်မည်၊ကိုညီညီ(ဆမားညီညီ) ကို နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ပေးမည်။ ကိုထွန်းအောင်ကျော်နှင့် အတူကိုညီညီ (ဆမား) ကလိုက်ရမည်၊ ကိုချိုကြီးက နိုင်ငံရေးနှင့်စည်းရုံးရေးတာဝန်ယူပြီး  မပ(ဗဟို)ကို ထိန်း ထားရမည်၊ စသဖြင့်ကြားသိခဲ့ရပါသည်။ ကိုထွန်းအောင်ကျော်မှ တရားဝင်ပြောကြားခြင်း၊ ဗဟိုကော်မတီ အစည်းအဝေးခေါ် ဆွေးနွေးခြင်းမရှိပါ… ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့မှ သံသယအမြင်ဖြင့် ကြည့်ခဲ့ကြသည်ဟု ယူဆပါသည်။ မခင်ရွှေလှိုင်ပြောစကားသည် ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့၏ သဘောထားမှ လာသည်ဟုသေချာစွာပြောရဲ ပါသည်။ ကိုထွန်းအောင်ကျော်အသတ်မခံရခင် ကိုမျိုးဝင်းပြောခဲ့သည့် ဟေ့ကောင်ထွန်းအောင်ကျော် မင်းအခု ဘာတတ်နိုင်သေးလဲဟုပြောစကားသည် ABSDF (အထက်မြန်မာပြည်) လုပ်ရန် ကြိုးစားသည်ဆိုသောစွပ်စွဲ ချက်မျိုး ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကိုထွန်းအောင်ကျော်နှင့်UG များ က (ABSDF မြောက်ပိုင်း ) ကို ချုပ်ကိုင်ရန်ကြိုးစားသည်ဆို သောယူဆချက် စွပ်စွဲချက်ဖြစ်ပါသည်။

( ၄ ) မခင်ရွှေလှိုင်ရေးသားထားသည့်အပိုင်း-၃ တွင် ABSDF (မြောက်ပိုင်း)တွင် စစ်ထောက်လှမ်းရေးသူလျှို များရှိနေသည်ဆိုတာကို ကိုထွန်းအောင်ကျော်အပါအ၀င်ကိုညီညီကျော်မှအစ မြောက်ပိုင်းဗဟိုကော်မတီဝင် အားလုံးကလက္ခံခဲ့ကြပါတယ် ဆိုသောစကားသည် အမြင်နှင့်ရေးသားသည်ဟု ယူဆပါသည်။
          အပိုင်း(၇) တွင်ရေးထားသည့် လုပ်မည်ဟုမြောက်ပိုင်းဗဟိုကော်မတီမှ ဆုံးဖြတ်ပြီးနောက် ကိုမျိုးဝင်း ဦးဆောင်တဲ့ ကျောင်းသားထောက်လှမ်းရေးကို အာဏာကုန်လွှဲအပ်ပေးခဲ့တဲ့အတွက် ဆိုသည်မှာ လည်းမမှန်ပါ။အစည်းဝေး ဆုံးဖြတ်ချက်ပြုလုပ်ခြင်း မရှိခဲ့ပါ။ မြောက်ပိုင်းဗဟိုကော်မတီ အစည်းဝေးမှ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ကိုအောင်နိုင်၊ကိုမျိုးဝင်း ၊ကိုလှဆိုင်း အတွင်းရေးမှူး( ၃ ) ယောက်မှ ဗန်းမော်ခရိုင်နှင့် ချိတ်ဆက်ကာ လျှို့ဝှက်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အစည်းဝေး မှတ်တမ်း( သို့ ) ယုံကြည်ရလောက်သော လူသက်သေ၊ အခြေအနေ၊အခင်းအကျင်း၊ ပြသမှု မရှိဘဲ ထင်ရာ ရေးခြင်း မပြုလုပ်သင့်ပါ။
          ကိုညီညီ(ဆမားညီညီ) ၏ စာတွင် ဥက္ကဋ္ဌက စစ်ကော်မရှင်မှစစ်ဆေးပြီးလျှင် ဗဟိုကော်မတီသို့ တင်ပြရမှာဖြစ်ကြောင်း…..ပြောကြားခဲ့သည်ဟု ရေးသားထားသည်ကို ဖတ်ရှူ့ခဲ့ရပါသည်…
စစ်ကော်မရှင်မှဆောင်ရွက်သည်ဟုလည်းကျနော်အနေနှင့် သိရှိခဲ့ခြင်းမရှိခဲ့ပါ…..စစ်ကော်မရှင်မှ ဆောင်ရွက် သည်ဆိုလျှင် ဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်ပါဝင်သည်ဟု သတ်မှတ်ရပါမည်….ABSDF(မြောက်ပိုင်း)ဖွဲ့စည်းပုံ တွင် စစ်ကော်မရှင်ကိုအောက်ပါအတိုင်းဖွဲ့စည်းထားရှိပါသည်…..
          ( ၁ ) ဥက္ကဋ္ဌ ( အဖွဲ့ခေါင်းဆောင် )
        ( ၂ ) ဒုဥက္ကဋ္ဌ(၁)  - စစ်ရေးတာဝန်ခံ
        ( ၃ ) အထွေထွေအတွင်းရေးမှူး
        ( ၄ ) တွဲဘက် အထွေထွေအတွင်းရေးမှူး ( ၁ )
        ( ၅ ) တွဲဘက် အထွေထွေအတွင်းရေးမှူး ( ၂ )
       
          အရေးကြီးသော စစ်ရေးစစ်ရာများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲထားပါတယ်…..
                    ကျနော့်အနေနှင့် ဦးစိန်နှင့် ကိုတင်မောင်အေး( ခ ) ကိုအားဆိုက် ကိုဖမ်းဆီးဘို့ ဥက္ကဋ္ဌမှ သူခွင့်ပြုပေး လိုက်ကြောင်း ခေါ်ပြောသည့်အချိန်မှသာ ဥက္ကဋ္ဌသဘောတူ ပါဝင်သိရှိကြောင်း သိခဲ့ရပါသည်…
အစပိုင်းတွင် ရဲမေဆောင်မှ မနန်းအောင်ထွေးကြည်၊မခင်ချိုဦး တို့အားဝင်ရောက်ဖမ်းဆီးသည်များကို ၄င်းတို့ သဘောဖြင့်ဆောင်ရွက်နေခြင်းဟု သာယူဆခဲ့ပါသည်….ထို့ပြင် ဆေးသင်တန်းမှ အချို့ကိုသွားရောက် ဖမ်းဆီးခြင်းကိုလည်း ကြိုတင်သိရှိခြင်း မရှိခဲ့ပါ…. စတင်မဖမ်းဆီးခင် အချိန်ကလည်း အလွတ်သဘောမျိုး ဆွေးနွေးတိုင်ပင်ကြသည့် အခြေအနေမျိုးပင် မရှိခဲ့ပါ…..
( ၅ )   အပိုင်း(၆)တွင် မခင်ရွှေလှိုင်ရေးသားထားသည့် မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အမျိုးသမီးတွေကို ထည့်သွင်းမစဉ်းစားတဲ့ မဟာယောင်္ကျားကြီးဝါဒ က ကျမကိုကယ်သွားတာဘဲ…. ဟုရေးထားသည်ကို တွေ့ရပါသည်။သူရေးထားတာကအပြင်လူတွေ နားလည်ကြမှာမဟုတ်ပါဘူး။ ဆိုလိုတာက သူဗဟိုကော်မတီ မဖြစ်ခဲ့လို့ ကံကောင်းသွားတယ်လို့ပြောတာပါ။ အဖမ်းအဆီးတွေမဖြစ်ခင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့က ဗဟိုကော်မတီမှာအမျိုးသမီးတစ်ဦးပါသင့်ကြောင်း ပြောခဲ့တာရှိပါတယ်။ မခင်ရွှေလှိုင်ဖြစ်သင့်ကြောင်း သူတို့က ပြောတာကြားခဲ့ရပါတယ်။ အစည်းဝေးပုံစံပြောတာ မဟုတ်ပါ၊ စကားပြောရင်း ထည့်ပြောကြတာပါ၊ ကျနော်က သဘောထားမပေးခဲ့ပါဘူး။ အားလုံးသဘောတူရင်တော့ ပြောစရာ မရှိပါ၊ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးနဲ့ ပေးမလဲ ဆိုတာပြသနာရှိပါတယ်။ကော်မတီသက် တမ်းကဖွဲ့စည်းပုံမှာ(၂ ) နှစ်ဆိုတာပါတယ်။ အချိန်ကတော့ လိုပါသေးတယ်။မြောက်ပိုင်းဖွဲ့စည်းပုံမှာ အမျိုးသမီးတွေ အရွေးခံပိုင်ခွင့်မရှိလို့ ရေးထားတာမရှိပါဘူး… အဲဒီကိစ္စကဆက်ပြီး အကောင်အထည် မပေါ်လာခဲ့ပါဘူး၊ အဲဒါကို မြောက်ပိုင်းဗဟိုကော်မတီ ၀င်များ၏ မဟာယောင်္ကျားကြီးဝါဒကြောင့် သူ ဗဟိုကော်မတီဝင် မဖြစ်ခဲ့ရတာဟာ သူ့အတွက် ကံကောင်းသွား ပါတယ်လို့ ပြောသွားတာပါ၊ ဗဟိုကော်မတီဖြစ်ခဲ့ရင် သူလည်းအဖမ်းခံရမှာ သေချာတယ်လို့ ဆိုလိုတာပါ……

( ၆ ) မခင်ရွှေလှိုင်က ကိုသန်းထွန်းစိုး( ခ ) ကိုတိုက်ပိတ် ကိုထောက်လှမ်းရေးလို့မဖြစ်မနေ အတည်ပြုဘို့ လုပ်နေတာ တွေ့ရ ပါတယ်။ အပိုင်း( ၄ )မှာသူရေးထားတာက အများကတော့သန်းထွန်းစိုး( ခ )တိုက်ပိတ် ကို ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့တယ်လို့ယူဆပါတယ်…. သန်းထွန်းစိုး( ခ )တိုက်ပိတ် အနေနဲ့ရန်သူ့ သူလျှိုမဟုတ်ကြောင်းသက်သေပြနိုင်ဘို့ ထောင်ကျဘို့လည်းလိုအပ်ပါတယ်…. တမင်အဖမ်းခံတယ်၊ ထောင်လည်းအကျပြဘို့လိုတယ် ဆိုပြီး ထောင်အကျပြတယ်ပေါ့ …. စိတ်ကူးယဉ် ဆန်သည့် တွေး ခေါ်ခြင်းဖြစ်သည်ဟုမြင်ပါသည်။
          ကျနော်ရင်း(၁၁ ) အထိုင်ကခွာပြီး တောထဲတောင်ထဲမှာ KIA ဒုရင်းမှူး နဲ့အတူရှိနေတဲ့ ၁၉၉၁ နှစ်ဆန်းမှာ ဖြစ်ခဲ့တာပါ။ကိုတိုက်ပိတ် ရင်း( ၅ )ကရောက်လာတယ်၊ ကိုမျိုးဝင်းကဗဟိုကိုပြန်လွှတ်လိုက် ကြောင်း ပြောတယ်၊ ကျနော်ကသူ့ကိုဧရာဝတီအရှေ့ဘက်ကမ်းရောက်အောင်စီစဉ်ပေးရတယ်၊ လုံခြုံရေးမပေး နိုင်လို့ KIA UG (လူခံ) နဲ့ပို့ဘို့ KIA ဒုရင်းမှူးကိုယ်တိုင် စီစဉ်ပေးတယ်၊KIA UG က ကိုလှဦး ပါ ၊
ဆင်ဘိုအထက်နားကနေဖြတ်ကူးဘို့စီစဉ်တယ်၊နေမကောင်းတဲ့ ရဲဘော် မောင်မောင် ကို နောင်ရာပါစခန်းမှာ ဆေးကုဘို့ထည့်ပေးလိုက်တယ်။ နောက်နေ့မနက် KIA ဒုရင်းမှူးကခေါ်ပြောတယ်၊ တောင်ယာတဲမှာညအိပ် နေတုံး ဆင်ဘိုကလာတဲ့စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းမိသွားတယ်ဆိုတာပြောတယ်၊ KIA UG ကိုလှဦးက တဲပေါ် ကခုန်အချမှာ ၀ိုင်းချုပ်ခံရပြီး ကြိုးတုတ်ဘို့လုပ်နေတုံး တွန်းထိုးထွက်ပြေးခဲ့ရတယ်လို့ပြောပါတယ်၊ ညဘက်မို့ နီးရာခြုံတွေဘက်လှိမ့်ချပြီး ပြေးခဲ့တာလို့ပြောတယ်၊ သူ့ခါးမှာရှပ်မှန်ခဲ့တဲ့ သေနတ်ဒဏ်ရာ လတ်လတ်ဆတ်ဆတ် ကိုလည်း ကြည့်ခဲ့ရပါတယ်၊ တမင်အဖမ်းခံတာဟုတ်မဟုတ်ဆိုတာ KIA သက်သေတွေ ရှိပါတယ်။ စောသက်ထွန်းနဲ့အတူ အဖမ်းခံရတယ်ဆိုတာလည်း ရမ်းရေးထားတာပါ၊ မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း( ၃ ) မှာလည်း ကျနော်ရေးထားတာရှိပါတယ်။

( ၇ ) မခင်ရွှေလှိုင်ရဲ့စာမှာအဓိကပြောချင်တာက ကျောင်းသားက ကျောင်းသားကိုသတ်အောင် စစ်ထောက်လှမ်းရေးတစ်ချို့က အစီစဉ်တကျ ဆောင်ရွက်ခဲ့တယ်….လို့တွေ့ရပါတယ်…..သတ်ပစ်ရလောက် အောင်ထိမိုက်မဲမဲ လုပ်ခဲ့ကြသူတွေက ဘယ်သူတွေလဲ…. ထောက်လှမ်းရေး ပြသနာတွေမတိုင်ခင်ကတည်း က ကိုမြတ်ကို၊ ကိုလွှမ်းမိုး၊ ကိုအောင်ကျော်တို့ ဘာအတွက်သေခဲ့ကြရတာလဲ….သံသယတွေနဲ့ ထစ်ကနဲရှိ သတ်မယ်ဆိုတဲ့ လူသတ်ဝါဒအရိုးစွဲနေတာဘယ်သူတွေလဲ….ဒီမတိုင်ခင်အစောပိုင်းက ဒီချန်းကိုး ဆိုတဲ့ ရဲဘော်ကို ဗန်းမော်ခရိုင်မှာ သတ်ပစ်ခဲ့တာ မှီလိုက်တဲ့သူတွေသိကြမှာပါ…. ၁၉၉၁ ခုနှစ်ဆန်းလောက်မှာ ရင်း(၅)နယ်မြေမှာ ဈေး သည်တချို့ကို သံသယနဲ့ ဖမ်းဆီးပြီး မတရားနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ကိုမျိုးဝင်း၊ ရင်းမှူးအောင်သန်း တို့လုပ်ရပ်တွေကကော ဘာကြောင့်လုပ်ခဲ့သလဲ…. ထောက်လှမ်းရေးတွေက အကွက်ချစီစဉ်ပြီး သတ်အောင် ဖန်တီးခဲ့လို့ လုပ်ခဲ့ရတာလား….. လူစိတ်မရှိတဲ့သူတွေရဲ့လုပ်ရပ်လား … စဉ်းစားနိုင်အောင် ပြောပြတာပါ…..

( ၈ )   ကိုအောင်နိုင်ကိုလည်းတော်တော်လေး ကာကွယ်ပြောသွားတာတွေ့ရပါတယ်…. စစ်ကြောရေး ကို ကိုယ်တိုင်လုပ်ခဲ့တဲ့ထဲမှာ မပါခဲ့ပါဘူးတဲ့….သွားကြည့်တာတော့ရှိခဲ့ပါတယ်လို့ပြောထားပါတယ်….
          သူကိုယ်တိုင်စီစဉ်ညွှန်ကြားနေမှတော့ စစ်စရာလိုသေးပါသလားလို့ မေးချင်ပါတယ် စစ်ကြောရေးမှာမပါခဲ့ပါဘူးလို့ ပြောခဲ့ပေမယ့်….အဖမ်းခံအချုပ်သားတစ်ဦးကို တော့ရိုက်သတ်ခဲ့ပါတယ်….
၁၉၉၁ - ဒီဇင်ဘာလ( ၂၅ ) ရက်နေ့ည(ခရစ္စမတ်ည) မှာ ကျော်ကျော်ဦး( ကသာ ) ကိုမူးမူးနဲ့ရိုက်သတ်ခဲ့ တာပါ….. အပတ်စဉ် ( ၆ ) သင်တန်းတက်တာချင်းအတူတူ ထောက်လှမ်းရေးဖြစ်ရကောင်းလား ဆိုပြီး ဂရုဏာ ဒေါသနဲ့ရိုက်သတ်လိုက်တာပါ၊ထောက်လှမ်းရေးတဲ ၀င်ဝင်ချင်း ညာဘက်ဘေးကနေရာလေးမှာပါ…
          သက်သေရှိသလားလို့မေးချင်ရင် On Line ပေါ်တက်ခဲ့ပါ….သက်သေက မေ့နေမှာစိုးလို့ သေချာရှင်းပြ ပေးပါလိမ့်မယ်…..

( ၉ ) ထောက်လှမ်းရေးလို့စွပ်စွဲသတ်ဖြတ်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း မြောက်ပိုင်းကျောင်းသားတပ်မတော်ကို မြို့ပေါ်နေ ကျောင်းသားပြည်သူနဲ့ ဒေသခံတွေရဲ့ယုံကြည်မှုဟာ အောက်ဆုံးထိထိုးကျသွားခဲ့ရတယ်…. တပ်ဖွဲ့ဝင်အင်အားရာဂဏန်းဆုံးရှုံးခဲ့ရတယ်….အသိစိတ်ဓာတ်နဲ့ ၀င်ရောက်လာတဲ့ရဲဘော်တွေ မရှိသလောက်ဖြစ်သွားတယ်….တပ်အင်အားထပ်မံဖြည့်တင်းဘို့ ဒေသခံရွာတွေမှာဝင်ပြီး ဘယ်သူတွေက ဘယ်လို တပ်သားသစ်တွေစုဆောင်းခဲ့ကြသလဲ…..ဘယ်လိုအသိမဲ့တဲ့ အလုပ်မျိုးတွေလုပ်ပြီး ABSD( NB ) ရဲ့သမိုင်းကိုအကျည်းတန်အောင်လုပ်ခဲ့ကြသလဲ….အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ ဘင်ခရာတွေ တီးဝိုင်းတွေ စစ်ရေးပြ တာတွေ အခန်းအနားတွေ လုပ်ပြီး တော်လှန်ရေးခေါင်းဆောင် အရသာကို ခံစားနေကြတာ ဘယ်သူတွေလဲ….ABSDF(NB) ရဲ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်အောင် ဘယ်သူတွေလုပ်ခဲ့ကြသလဲ….

( ၁၀ ) ၂၀၀၀ခုနှစ်ဧပြီလဆန်းမှာ ကျနော်မန္တလေးထောင် တိုက်ဝင်းထဲမှာ တောင်ယာလုပ်တဲ့ ကိုဗလကြီးဆိုတာနဲ့တွေ့ခဲ့ရတယ်….လူသတ်မှုနဲ့သေဒဏ်ကျပြီး နိုင်ငံတော်ပေးလို့ အနှစ်၂၀ ပြောင်းကျခံနေရသူပါ…. သူ့ဇာတိကို မေးကြည့်တော့ မော်လူးမော်ဟန်ကတဲ့…..ကိုသံချောင်းတို့ ဒေသကဖြစ်နေတယ်…ကျနော်က ကိုသံချောင်းကိုသိသလားဆိုတော့…….သူကချက်ချင်းဘဲ အဖြေပေးခဲ့ပါတယ်…..
          အာ…….သံချောင်း….သူလူတွေအရမ်းသတ်တယ်လေ………တဲ့…ခေါင်းတရမ်းရမ်းနဲ့ ပြောခဲ့ပါတယ်…
ဒီကောင်မလွယ်ဘူးလေတဲ့……..
ဒါက ကိုသံချောင်းရဲ့သမိုင်းဖြစ်သလို….မြောက်ပိုင်း ABSDF  ရဲ့သမိုင်း လည်းဖြစ်ခဲ့ပါတယ်….. ဘာကြောင့် သတ်သတ် လူသတ်တယ်ဆိုတာ ဘယ်ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကမှ လက်မခံကြပါဘူး….
( ၁၁ ) မခင်ေ၇ွှလှိုင်အနေနဲ့ ABSDF ရဲ့သမိုင်းနဲ့ဂုဏ်သိက္ခာကိုကာကွယ်လိုတဲ့ ဆန္ဒရှိတာတွေ့ရပါတယ်…. ဒါပေမယ့် ရာဇ၀တ်မှုကျူးလွန်ခဲ့ကြသူတွေအပေါ် အကာအကွယ်ပေးတာမျိုးလုပ်ပြီး မတရားခံခဲ့ရသူတွေ အပေါ်မှာတော့ စာနာထောက်ထားမှုတစ်စုံတရာ ပြောဆိုရေးသားတာမျိုးမတွေ့ခဲ့ရပါဘူး…..မခင်ရွှေလှိုင်ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာ ကျဆင်းသွားစေမဲ့ အရေးအသားတွေတွေ့ရပါတယ်…. ပြောတော့ကျောင်းသား လုပ်တော့ခွေးကျင့်ခွေးကြံ ဆိုပြီး တစုံတစ်ယောက်ကို ရည်စူး ပြောဆိုတာလည်းတွေ့ရပါတယ်…ABSDF ဥက္ကဋ္ဌကတော်တစ်ယောက်အနေနဲ့ အရေးအသားဆင်ခြင်သင့်ပါတယ်…နောက်ပြီး သံသယအမြင်တွေ ရောထွေးပြီး ထောက်လှမ်းရေးရှာပုံတော်ဖွင့် နေတာတွေ့ရပါတယ်….. မြောက်ပိုင်း ကျောင်းသားတပ်မတော် ကိုဖြိုခွဲခဲ့တဲ့ တရားခံအစစ်ကဘယ်သူတွေလဲတဲ့…… အဲဒီလိုသံသယအမြင်တွေကြီးမားခဲ့လို့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ပြိုကွဲခဲ့ရတယ်ဆိုတာ ကျနော်ရဲရဲကြီးပြောရဲပါတယ်….
          အဖွဲ့အစည်းတခုရဲ့ သမိုင်း၊ သိက္ခာနဲ့အနာဂတ်အလားအလာဟာ အဲဒီအဖွဲ့အစည်းကို ဦးဆောင်တဲ့ သူတွေမှာ အဓိကကျပါတယ်။ ဦးဆောင်သူတချို့ကြောင့် အဖွဲ့အစည်းရဲ့သမိုင်းဟာ ညစ်နွမ်းသွားစေ နိုင် ပါတယ်…..ရှောင်လွှဲလို့တော့မရပါဘူး…..ABSDF ရဲ့သမိုင်းနဲ့ဂုဏ်သိက္ခာကို အမှန်တကယ်ကာကွယ်လို တယ်ဆိုရင်…..အမှန်တရားကိုဖေါ်ထုတ်ရပါမယ်….အပြစ်ရှိသူတွေကို ဖေါ်ထုတ်ရပါမယ်….မတရားခံခဲ့ရတဲ့ သူတွေနဲ့ မိသားစုဝင်တွေကို ခံစားနားလည်ပေးရပါမယ်….
          ABSDF ရဲ့သမိုင်းကြောင်းဟာ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး၊ တိုင်းရင်းသားအားလုံးတန်းတူညီ မျှရေး ဆိုတဲ့ ၈၈အရေးတော်ပုံကြီးကနေပေါက်ဖွားလာတာမို့ သမိုင်းကြောင်းလှပြီးသားပါ…..နိဂုံးမှာတော့ လှပဘို့အရေးကြီးဆုံးအချိန်ရောက်နေပါပြီ….နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ ပါတီထောင်ရေး၊ စီးပွားရေး လုပ်ငန်းတွေလုပ်ပြီး အခြေချနေထိုင်ရေး ဆိုတာမျိုးတွေက နောက်ဆုံးရည်မှန်းချက်မဟုတ်တာကို
တော့ အားလုံးကလက္ခံထားကြမှာပါ….လူတစ်စု၊ အဖွဲ့အစည်းတခုရဲ့ အသုံးချခံမဖြစ်ဘို့လည်း အရေးကြီးပါတယ်။ အများပြည်သူ လက္ခံတဲ့ နိုင်ငံရေးလမ်းကြောင်းမှန်တစ်ခုပေါ်မှာ ခိုင်ခိုင်မြဲမြဲရပ်တည် နိုင်မှသာ သမိုင်းကြောင်းမှန်တဲ့ ABSDF အဖြစ်ရှင်သန်ကျန်ရစ်မှာဖြစ်ပါတယ်….

( ၁၂ )           ဒီဖြစ်စဉ်ကြီးဟာ သံသယအမြင်တွေ….အာဃာတတွေ ….အာဏာအားပြိုင်မှုတွေ….အရိုးစွဲလာခဲ့တဲ့ ထစ်ကနဲရှိသတ်မယ်ဆိုတဲ့လူသတ်ဝါဒ အတွေးအခေါ်တွေ၊ ငါတို့တွေးသမျှ လုပ်သမျှ မှန်တယ်ဆိုတဲ့ ငယ်ရွယ်ပြီးအတွေးအခေါ်ချို့တဲ့ တဲ့သူတွေရဲ့အယူအဆတွေ  အပေါ်မှာအခြေခံပြီး ဖြစ်ပျက်ခဲ့တယ်လို့ မြင်ပါတယ် …
ကျနော်အနေနဲ့ လွန်ခဲ့တဲ့အနှစ်( ၂၀ )ကတည်းက ဗဟိုကော်မတီမှာတာဝန်ရှိပါတယ်လို့ ခံယူထား ခဲ့ပါတယ်….မနန်းစော၊မသင်းသင်းညီ၊ ကိုဘိုဘို တို့နဲ့ အကြောင်းအားလျှော်စွာ ဒီဖြစ်စဉ်ကြီးကို ပြောဖြစ်ကြတဲ့ အခါတိုင်း ဗဟိုကော်မတီမှာ တာဝန်ရှိခဲ့တယ်ဆိုတာ ပြောခဲ့ပါတယ်…..
          ဗဟိုကော်မတီဝင်တစ်ဦးအနေနဲ့ လုပ်သင့်လုပ်ထိုက်တယ်ထင်တာကို ဥာဏ်မှီသလောက် လုပ်ခဲ့ပါတယ်…..
          ဒါပေမဲ့ ကျနော့အနေနဲ့ ဗဟိုကော်မတီဝင် တစ်ဦးရဲ့တာဝန်တွေ လစ်ဟင်းခဲ့ပါတယ်…..
ကျောင်းသားရဲဘော်တွေရဲ့ ကံကြမ္မာကို အကာအကွယ် မပေးနိုင်ခဲ့ပါဘူး…..ကာယကံမြောက်ခံစားခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာတွေ ရိုက်ချိုးခံခဲ့ကြရပါတယ်….ကာယကံရှင်မိသားစုတွေရဲ့ ခံစားချက်တွေကို ဘယ်လိုမှ အစားထိုးဖြေသိမ့်လို့ မရနိုင်တော့ပါဘူး….
          ကျနော်တို့အားလုံး ဒီအဖြစ်အပျက်တွေကို ပြန်သုံးသပ်ပြီး လစ်ဟာချက်တွေ ချို့ယွင်းချက်တွေ အမှားတွေကို ပြန်လည်ရှာဖွေပြီး ဖြစ်ရပ်အမှန်ကို ဖေါ်ထုတ်ရမှာဖြစ်ပါတယ်…. ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေအလိုက် စံနစ်တကျ စီစစ်ပြီး သက်ဆိုင်သူတွေက တာဝန်ခံကြရမှာဖြစ်ပါတယ်….

ကိုထွန်းအောင်ကျော်နှင့် သူငယ်ချင်းများ ကောင်းရာသုဂတိ ရောက်ပါစေ……
               
အမှန်တရားဟာသင်တို့နဲ့အတူရှိနေပါတယ်……
လူသတ်ဝါဒ ကျဆုံးပါစေ………..

လက်နက်ဖြင့် အာဏာတည်ဆောက်ရေး လမ်းစဉ်များ ချုပ်ငြိမ်းပါစေ…….

 

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ (၈)

by ဘရာဇီး ငှက်ရိုး on Thursday, April 19, 2012 at 7:49am ·
"အမှန်တကယ် မြင်ရ ကြားရ သိခဲ့ရတာတွေကိုသာ ရေးရတာဖြစ်လို့ အားလုံးက ဖြစ်စေချင်နေတဲ့ ဆန္ဒတွေ ပြည့်ဝမှာ မဟုတ်တာ သေချာသလို ၀တ္ထုဇာတ်လမ်း ရေးနေတာလည်း မဟုတ်လို့ အချိတ်အဆက် မိချင်မှ မိပါလိမ့်မယ်။" မတူတဲ့ အမြင်လေးတွေ ဖတ်ရတော့ ခံစားချက် တမျိုးလေးပေါ့... ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ ဆိုတာ အာဇာနည် ကျောင်းသား သူရဲကောင်း စစ်စစ်ကြီးတွေ အဖြစ် မြင်တွေ့ရလို့ ကျေးဇူးပါ... ဒေါ်လှိုင်ရေးတာမှာ အတော်အသင့်တော့ မှန်ကန်ကောင်း မှန်ကန်ပါလိမ့်မယ်... မြှုပ်ကွက်လေးတွေ ချန်ကွက် ကလေးတွေနဲ့ ရေးတာတော့ သဘောမတွေ့တာ အမှန်ပါ... အချိတ်အဆက် မမိတာ ထားပါ... လက်ခံပါတယ်... အပိုင်းတပိုင်းချင်း ပြန်ဖတ်တဲ့ အခါ အရေးအသားက ချိုးကွေ့သွားတာ အံ့သြမိလို့ပါ... ဥပမာ - ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ကနေ ကိုထွန်းအောင်ကျော် ဆိုတဲ့ အသုံးအနှုံး ပြန်ဖြစ်သွားတာမျိုးပေါ့..."တာဝန်ရှိတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုယ်တိုင် တာဝန်ခံဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ မြင်ပါတယ်။" မှန်ပါတယ်... တာဝန်ရှိတဲ့ သူအားလုံးကိုပဲ ရှင်းခိုင်းနေတာပါ... အခြား မသက်ဆိုင်သူတွေကို မထိခိုက်အောင် အချိန်စောင့်ပေးနေခြင်းပါ... ငြိမ်သက်နေပြီလို့တော့ မထင်စေချင်ပါ... "ဒီလောက်ရက်ရက်စက်စက် လုပ်ခဲ့ကြတာမှန်ရင် ဒီလိုလုပ်ရပ်မျိုးတွေကိုတော့ ကျမတဦးတည်းအနေနဲ့ လက်မခံနိုင်ပါ၊" ဒီအရေးအသားက တဦးတည်း သဘောကတော့ လက်မခံဘူး... အစုအဖွဲ့လိုက် ဆိုရင် လက်ခံတယ် ဆိုပါတော့... "တရားခံတွေနဲ့ ပတ်သက်ပြီး ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို လက်ချာဟောမှာ ရဲဘော်ရဲမေတွေကို ပြသခဲ့ပေမဲ့" တရားခံ ဆိုတဲ့ အသုံးအနှုံးကို လက်မခံပါ... သူလျို ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ လက်ရှိ အချိန်မှာ ဒီစကားလုံးမျိုး သုံးကို မသုံးသင့်တော့ပါ... "အဖမ်းအဆီး ခံရသူ" လို့ သုံးသင့်ပါတယ်... အနှစ်နှစ်ဆယ်အတွင်းမှာ အမှန်တရား အတိုင်း သိလိုသူတွေကိုလဲ ရိုက်ထားတဲ့ ဗီဒီယို အခွေ ဆိုတာ ထုတ်ပြတတ်ကြောင်း စာဖတ်သူ အတော်များများ သိထားကြပြီးသားပါ... ဒါကြောင့်မို့လို့လဲ ဒေါ်လှိုင့်ပြောသလိုပဲ အစီအစဉ် ရှိရှိ လုပ်သွားကြတာလို့ပဲ မြင်ပါတယ်..."ကျမ သံသယဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင် ကိုထွန်း အောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊ ကိုမြင့်သိန်း ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေ့ကအစ အောက်ခြေက ရဲဘော်ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ ရန်သူ့သူလျှိုတွေလို့ ဘယ် တုန်းကမှ ကျမ မသတ်မှတ်ခဲ့ လက်မခံခဲ့ပါဘူး" သံသယ ဖြစ်တဲ့ အပိုင်းလဲ ဖြစ်ပါ... လက်ခံပါတယ်... ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးကစလို့ ၄၀၁က ရဲဘော်တွေ အဆုံး ဒေါ်လှိုင်အနေနဲ့ သူလျို အဖြစ် လက်မခံဘူး (သူလျို ဖြစ်ချင် ဖြစ်နိုင်ပါသေးတယ်) ဆိုရင် ဒေါ်လှိုင့်အနေနဲ့ ကျမ ဒီလူ ဒီလူတွေနဲ့ လက်တွဲဖူးတယ်... သူလျို ဖြစ်နိုင် မဖြစ်နိုင် သေချာအောင် စစ်ဆေးပြီး မျှမျှတတ လုပ်ကိုင်ကြဖို့ ဒေါ်လှိုင် ပြောခဲ့ ဆိုခဲ့ ရေးခဲ့ သားခဲ့တာတွေ ရှိရင်လဲ မြင်ချင်ပါသေးတယ်... "ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့ထက် မြောက် ပိုင်းမှာ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းတို့က ရဲဘော်တွေကြားမှာ သြဇာအာဏာ ရှိပြီးသားပါ လုစရာနောက်ထပ် ဘာအာဏာ ရှိနေလဲ၊ ကိုမျိုးဝင်းက ဒေသစွဲကြီး လွန်းလို့ အညှိုးကြီးလို့ လုပ်တယ်ဆိုလည်း ကိုမျိုးဝင်းတယောက်တည်း လုပ်ချင်တိုင်း လုပ်လို့ ရနေသလား။ တခြား ဗဟိုကော်မတီ တွေကရော။ ကိုမျိုးဝင်း ဒေသစွဲကြီး ကြောင်းပြဖို့ မိုးညှင်း။ မိုးကောင်းက လူ တွေကို တမင် ချန်ထားပေးခဲ့တာရော မဖြစ်နိုင်ဘူးလား" မိုးညှင်း မိုးကောင်း စတဲ့ ကချင် ပြည်နယ် ဒေသခံတွေလဲ သူလျို သံသယထဲမှာ ပါသွားခဲ့ ပါသေးတယ်... တဲမှာပဲ ရုံးထိုင်တဲ့ ဥက္ကဌ ဘာညာ ဆိုတဲ့ ပြသနာတွေ၊ အခြား အသေးစား ပြသနာတွေ မရှိခဲ့ မဖြစ်ခဲ့ဘူးလားဗျာ... "ကိုထွန်းအောင်ကျော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) ကို အဲဒီညမှာပဲ ကေအိုင်အေက လာခေါ်ထုတ်သွား ပြီး ဧည့်ခမ်းဆောင်မှာ ထားခဲ့တယ်လို့ ကိုညီညီရဲ့ ကျမအပေါ်တုံ့ပြန်ချက်မှာ ရေးထည့်ထားတာကို တွေ့ရတယ်" အနှစ်နှစ်ဆယ် အတွင်းမှာ ဒေါ်လှိုင့် အနေနဲ့ ကေအိုင်အေက လူတွေကို သေချာ မေးခဲ့ သင့်တဲ့ မေးခွန်းပါ... ကိုညီညီကို ကယ်ပေးဖို့ ကေအိုင်အေဆီမှာ ထောက်ခံတဲ့ မငယ်၊ မငယ်ကို မသတ်အောင် အသည်းအသန် ကယ်ခဲ့ပါတယ် ဆိုတဲ့ ကချင်ကိုကျော်ကျော်၊ အခုအချိန်အထိ ကချင်ကိုကျော်ကျော်က လက်ရှိ အေဘီမှာ တာဝန်ထမ်းနေဆဲပဲ... ကိုညီညီရေးတဲ့ စာတွေဟာ ဒေါ်လှိုင့်စိတ်ကို အပြင်းအထန် လှုပ်ခတ်စေခဲ့တာပေါ့... "ကိုမောင်မောင် (ရွှေကရဝိတ်) ပြောခဲ့တဲ့ စကားတွေအရဆို ကေအိုင်အေက ခေါ်ထုတ်သွားရမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို မဟုတ်လား၊ ဘာကြောင့် သူရဲ့ညီ ကိုညီညီ ဖြစ်နေရတာလဲ။" ကေအိုင်အေနဲ့ အဲ့ဒီနှစ်တွေမှာ အခြေအနေ ဘယ်လိုဆိုတာ ခန့်မှန်းရခက်ပေမဲ့... (ဘိန်းစိုက်ခြင်း မစိုက်ခြင်း ပြသနာရော မရှိနိုင်ဘူးလား - ကျနော့် အမြင်လေးပါ)... အခြားပြသနာ အထွေအထူး မဖြစ်ခဲ့ဖူးဘူးလား... ဦးစီးလွှမ်းမိုး(မိုးကောင်း)ဆိုတာ မြောက်ပိုင်းအေဘီ(ကချင်) ဖွဲ့ကာစ ကတည်းက အဦးဆုံး ပါဝင်ခဲ့သူ ကေအိုင်အေကလဲ ခွင့်ပြုလို့သာ ဦးစီးလွှမ်းမိုး ဆိုပြီး ဦးစီး ဖြစ်လာသူ မဟုတ်လား... သူလဲ သေတာပဲ... "ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။" ကေအိုင်အေနဲ့ပါ ယူဂျီ လုပ်ငန်းတွေ လုပ်ပေးရသေးတယ် ဆိုတော့ တော်တော်လေးတော့ ဇာတ်အိမ် ခိုင်မာလာပါပြီ... ဒါကြောင့် ဒီကေ့စ်မှာ ကေအိုင်အေက ငြိမ်သက်နေတာ ဖြစ်ပါလိမ့်မယ်... "ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။
- ဘာကြောင့် သူတို့ညီအကို နှစ် ယောက်ကိုတော့ ခေါ်ထုတ်မပေးခဲ့ကြတာလဲ။
- ကေအိုင်အေရဲ့ ဧည့်ခမ်းဆောင်မှာ နေခဲ့ရပါတယ်ဆိုတဲ့ ကိုညီညီကရော ဘာကြောင့် အဲဒီအချိန်တုန်းက ကျနော့်အ သက်နဲ့လဲပြီး အာမခံရဲပါ တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီမတောင်းခဲ့တာလဲ။
- ဘာကြောင့် အခုမှ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့အတွက် မခံမရပ်နိုင် အသည်းအသန် ဖြစ်ပြနေရတာလဲ။ – - — ရဲဘော်ရဲဘက်ဆိုတာ သေချာရဲ့လား။" ဒေါ်လှိုင်မရေးခင် အောက်ကလင့်ခ်မှာ ဒီလိုတွေ ရေးထားပါသဗျာ... http://www.facebook.com/note.php?note_id=348422948534779
"ရန်သူ့သူလျှို မပါဘူးဆိုတာ ကျမ လုံးဝလက်မခံနိုင်တာပါ။ ဒါဟာ မြောက်ပိုင်းကျောင်းသားတပ် ဖြိုခွဲခံလိုက်ရတာပါ။" ရန်သူ့ သူလျိုပါနိုင်ပါတယ်... မြောက်ပိုင်းကျောင်းသားတပ်က ဒီကေ့စ်ကြောင့် ပြိုကွဲ သွားတာလား... ဒေါက်တာနိုင်အောင်တို့၊ ရှေ့နေကြီး ကိုအောင်ထူးတို့လို လူတွေ ထောက်ခံခဲ့ ရဲ့သားနဲ့ ပြိုကွဲ သွားတာ ရင်နာလိုက်တာ... (၁၉၉၅မှာ ကေအိုင်အေ ငြိမ်းချမ်းရေး ယူတယ်... ကေအိုင်အေ အနေနဲ့ ကျောင်းသားတပ်ကို မထောက်ပံ့နိုင်တော့လို့ ဒေါ်လှိုင်ကိုယ်တိုင် ပြည်တွင်း ပြန်ဝင်ပြေးတာ ၁၉၉၇ရောက်မှ အိမ်ပြန်ရောက်တယ် ဆို) ဒေါက်တာကြီးတို့ ရှေ့နေကြီးတို့က မထောက်ပံ့ဘူးလား... "အခု ဒါတွေကို ဦးဆောင်ပြီး ပြန်လုပ်နေသူတွေကလည်း ဖြစ်ခဲ့စဉ်က ဒုတိယအဆင့်အနေအထားကပါဝင်ခဲ့သူတွေ သိပ် ရိုက်နှက်စစ်ဆေးစရာမလိုဘဲ အစီစဉ်တကျဖြေဆိုခဲ့သူတွေ ကိုယ်လွတ်ရုန်းပြေးနိုင်သူတွေ ဖြစ်နေပြန်တယ်၊" စဖော်တာ ထိန်ထိန်(ပန်းချီထိန်လင်း)...ကဲ... "အခုကိုပဲ အမှန်တရားဖော်ထုတ်ဖို့ထက် ဖွချခွင့်ရလိုက်တာကိုက ရန်သူ့အတွက် အ မြတ်ဖြစ်နေပါပြီ။" ဦးခင်ညွန့်ဆို တော်တော် မြတ်သွားပါတယ်... ဘုန်းကြီးဝတ်လိုက်၊ လူထွက်လိုက်ကို ဖြစ်ရောပဲ... အခြားသူတွေဆိုရင်တော့ ဆိုဖွယ် မရှိပေါ့... "(၅) နှစ်စီမံကိန်းက ဥက္ကဋ္ဌ သံခဲ ရဲ့ မိန်းမ ကျမ လုပ်ခဲ့တဲ့ဇာတ်လမ်းပါ" စီမံကိန်းကြီး ဖတ်ပြီး ရီရလွန်းလို့ အူတက်နေပါသေးတယ်... "ကိုအောင်မိုးဝင်းကလည်း ကျမကို အရိုက်ခံကာကွယ်ရင်းရခဲ့တဲ့ ဇာတ်လမ်းပါဆိုပြီး အတင်းကြီး လိုင်းတင်နေပြန်တယ်။" အဲ့ဒီလို လိုင်းတင်တယ်တို့၊ ဒီကေ့စ်ကို အတင်းထိုးတင်နေတယ်တို့ ဆိုတာ ဒေါ်လှိုင်တို့၊ ကိုဇာဂနာတို့ ပြောမှ ကြားဖူးတာပါ... ကိုကြီး၊ ဥက္ကဌ၊ ရဲဘော်၊ ကိုထွန်းအောင်ကျော်၊ ထွန်းအောင်ကျော်... ကြိုက်သလို ခေါ်ကြပါ.. အထွေအထူး ပြောစရာလဲ မရှိပါဘူး... အဆင်ပြေ သလို ခေါ်ကြပါခင်ဗျာ...
၁။ ကိုမျိုးဝင်းရဲ့လူယုံဖြစ်တဲ့ ဇော်ဇော်မင်း(မိုးညှင်း) ဆိုတာ အစကတည်းက နှိပ်စက် သတ်ဖြတ်တဲ့ သူတွေဘက်ကလူ...။
၂။(နန်းအောင်ထွေးကြည်၊ ကြောင်(ခ) ကိုကျော်နိုင်ဦး၊ ကိုခင်မောင်ဇော်၊ ကို ညီညီကျော်၊ ကိုညီညီ၊ ကိုမိုးကြီး၊ ကိုရဲလင်း၊ ကိုစိုးလင်း) မိဘတွေ ခေါ်ပြီး ၁၉၉၅ မြောက်ပိုင်းတပ် ပျက်သွားမှပဲ ပြည်တော်ပြန်ဝင်တာက မငယ်၊ ကိုကြောင်၊ကိုရဲလင်း၊ ကေအိုင်အေဘက်က ဝင်တာ ကိုညီညီ။ ကိုခင်မောင်ဇော်(ခိုဖြူထင်ပါတယ်)ကမျိုးဝင်း ပြန်လွှတ်ပေးတယ်... ကိုစိုးလင်းက ထွက်ပြေးလွတ်မြောက်တယ်(ဘယ်လို လွတ်တယ်ဆိုတာ ကျနော် သေချာ မသိသေး)...
၃။ အစီစဉ်ရှိရှိလုပ်နိုင်ဖို့ ဖြစ်နိုင်ချေရှိသူတွေက ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော်တို့ (၃)ယောက်။
အထက်က အမှတ်စဉ်(၃)ခု စလုံးအတိုင်း ပြန်ပြောရရင်... သန်းဇော်က ထောက်လှမ်းရေး တာဝန်ခံ(သဘောထား ပျော့ပျောင်းတဲ့ ကိုပီတာ တိုက်ပွဲကျသွားလို့ နေရာရ)၊ ကိုညီညီကျော်က ဘယ်သူလွှတ်ပေးမှန်း မသိပဲ လွတ်လာ၊ ကိုမိုးကြီးနဲ့ ကိုစိုးလင်းက ဒေါ်လှိုင်ပြောသလို ရိုးရိုးသားသား ပြန်လွတ်ဆိုတဲ့ အတိုင်း ၅၅ယောက်လွတ်တဲ့ အုပ်စုနဲ့လွတ်လာ၊ ကျန်တဲ့ ၄ယောက်က မိဘတွေ အပ်မယ်ဆိုပြီး ညာထားလို့ မြောက်ပိုင်းကျောင်းသားတပ်ပျက်မှပဲ ပြည်တွင်း ပြန်ဝင်ကြသူတွေ။
လူတရာကျော် ဒုက္ခဖြစ် သေကြေအောင် ဦးဆောင်ပြီး လုပ်ခဲ့တဲ့ လူတွေထဲက တာဝန်ခံဆိုတဲ့ လူက အခုမှ ထောက်လှမ်းရေးတဲ့လား... ကိုညီညီကျော် ဘယ်လို လွတ်သလဲ??? ဘယ်သူလွှတ်ပေးသလဲ??? (ညီညီကျော်ဆိုတာ မိဘတွေဆီ စာရေးပြီး လာခေါ်ခိုင်းတဲ့စာတွေ ပို့ပေးရတဲ့သူလို့ ကျနော်ထင်ထားတာပါ)... ကိုခင်မောင်ဇော်(ခိုဖြူ)က (အစိုးရစစ်ရုံးမှာ လုပ်တယ်ဆိုတဲ့ စွဲချက်လေးနဲ့သူ)... စစ်ယူနီဖောင်းနဲ့ အင်မတန်မှ လိုက်ပါတယ် ဆိုတဲ့ လူကို အောက်က လင့်ခ်မှာ ပုံကို သေသေချာချာ သွားရောက် ကြည့်ရှု့နိုင်ပါသေးတယ်... http://www.facebook.com/photo.php?fbid=191615034283051&set=a.142927165818505.27159.100003036666936&type=1&theater
" နောက်တခုက ကျမရေးတဲ့ စာ တွေကို အများထင်ထားသလို တပိုင်းစီရေးပြီး တင်နေတာမဟုတ်ပါဘူး။ ဒါတွေ စတက်လာကတည်းက ရေးနေတာမို့ ကျမ မြင်ရကြားရသိတာတွေ မှန်သမျှရေးထားပြီးသား အားလုံးကို ပို့ထားပြီး အားလုံး ၀ိုင်းဝန်းစဉ်းစားချိန်ရအောင် တပိုင်း စီခွဲပြီး တင်ခိုင်းခဲ့တာပါ။ ကျမပို့လိုက်တဲ့အချိန်မှာပဲ ကိုနိုင်အောင်ရဲ့စာက ထွက်လာခဲ့တာပါ။" တထိုင်တည်းနဲ့ တဆက်တည်းနဲ့ ရေးပေးတယ်ဆိုလဲ အရေးအသားက အပြောင်းအလဲ အချိုးအကွေ့များတဲ့ စာရေးသားပုံပါ... တပိုင်းချင်းစီ အလိုက် ဖတ်ရင်လဲ အရေးအသားက တပိုင်းနဲ့ တပိုင်း မတူပါဘူး... ပြန်သုံးသပ် နိုင်ပါစေ(နှုတ်တရာ စာတလုံးတော့ ဖြစ်သွားပါပြီ)... အောက်ပိုင်းက ဖုန်းနဲ့ ဆက်သွယ်ပြီး ပြောတယ်ဆိုရင် အသံဖိုင် ဖြစ်ဖြစ် ဗီဒီယို ဖြစ်ဖြစ်နဲ့ဆို ပိုပြီး ယုံကြည်ဖွယ် ဖြစ်ပြီး ပြသနာတွေ အဆင်ပြေပြေနဲ့ ပြီးသွားမှာပါ... အသံဖိုင် တွဲ မတင်ခြင်းက မငယ် မဟုတ်ပါဘူးလို့ ငြင်းဆိုခွင့် ရှိနေပါသေးတယ်... (ယခု ဖုန်းမှတ်တမ်းအတွက် မငယ့် သဘောထား မဖတ်ရသေးပါ)
ဖုန်းပြောဖြစ်တဲ့ အထဲက "ကျမ) ငါမသိဘူး၊ ငါအိမ်မှာ အင်တာနက်လည်း မရှိဘူး၊ အဲဒါက သူတို့အပိုင်းပဲ၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့လည်း ဆိုင် တယ်။ အေဘီကို အင်အားချိနဲ့အောင် လုပ်သွားတဲ့တရားခံကို ရှာမယ်ဆိုရင်တော့ ကိုနိုင်အောင်နဲ့ အဲဒီအချိန်က ဗဟိုကော်မတီတွေ ထိပ်ဆုံးကပဲ။ ဒါပေမဲ့ ဒါက အဲဒီကိစ္စ မဟုတ်ဘူး။ ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်ကို ချချင်လို့ပဲ ပြော ပြော အမှန်တရားကို ဖော်ထုတ်ချင်တာပဲ ပြောပြော၊ ဘာပဲပြောပြော နောက်ဆုံးတော့ အဖွဲ့ကိုလာထိမှာ လာထိမှာပဲ၊ နေ ပါအုံး ငါမေးပါအုံးမယ်။ ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ ခုတ်သတ်ချင်တယ်လို့ ငါပြောခဲ့တယ်ဆိုတာ မင်းယုံ လား။" ထပ်ပြီး သတိပေးလိုက်ပါဦးမယ်... နိုင်အောင်၊ အောင်နိုင်လောက် မပြောပါနဲ့ဦး... ဒီကေ့စ်မှာ ဘာကောင်ပဲ ပါပါ အပြတ်ရှင်းမှာပါ... လက်ရှိအေဘီရဲ့ သဘောထားကရော... လက်ရှိအေဘီကသာ "ကြားနေသူ" စစ်စစ် ဆိုရင် မလုံမလဲ မဖြစ်ပဲ ဒီကေ့စ်ကို ပြတ်ပြတ်သားသား ရင်ဆိုင်သင့်ပါတယ်... မှန်ကန်သူတွေဟာ နောက်ဆုံးတော့ ရှင်သန်ရမှာပါ... လက်ရှိအေဘီ ကိုယ်တိုင် စေတနာ မမှန်ရင်တော့ စိတ်မရှိပါနဲ့ပေါ့ဗျာ... အခုနောက်ဆုံး အပိုင်းအထိ ဖတ်ပြီးတော့တောင် ကိုယ်တိုင် ခေါင်းဖြတ်ချင်တယ် ဆိုတာ ဖြစ်ချင်ဖြစ်နေနိုင်သားပဲ... "ရဲဘော်တွေနဲ့ အတူတူ နေပူဆာလှုံရင်း လှမ်းကြည့်လိုက်တဲ့ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ရဲ့ အကြည့်" သေတဲ့ အထိ မမေ့ပါနဲ့... စွဲစွဲမြဲမြဲ ရှိနေပါစေဗျာ... "စလုပ်တဲ့အချိန်တုန်းက ဒါတွေကို ဘယ်သူတွေ လုပ်သွားတာလဲ တရားခံရှာဖို့ အဖြစ်အပျက်အမှန်ကို ဖော်ထုတ်ဖို့၊မဟုတ် ပဲ အသတ်ခံရ အဖမ်းခံခဲ့ရတဲ့လူတွေရဲ့ ဂုဏ်သိက္ခာပြန်ဆည်ဖို့၊ (ဒါကို ကျမ လက်ခံတယ်) နောက်တော့ ရန်သူ့သူလျှို တယောက်မှ မပါဘူး အာဏာရူးပြီး ကျောင်းသားက ကျောင်းသားကိုသတ်တာ ဖြစ်သွားတယ်၊ (ဒါကို လက်မခံဘူး) အခုကျ ရန်သူ့သူလျှိုဖြစ်တာ မဖြစ်တာက အရေးမကြီးဘူး လူ့အခွင့်ရေးချိုးဖောက်မှုက အဓိကတဲ့။ (ဒါလည်း ငြင်းစရာ မရှိဘူး။ လက်ခံတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ။) ဘယ်သူသတ်တာလဲဆိုတာလည်း သိနေတယ်။ ဘယ်သူ နှိပ်စက် တာလဲဆိုတာလည်း သိနေတယ်။ သက်သေပြစရာ ဒဏ်ရာဒဏ်ချက်တွေကလည်း အသင့်ပဲဆိုတော့ ကြိုက်တဲ့တရားရုံး ကသာ တရားစွဲ လိုက်ကြပေတော့။" ကျနော့် ကတော့ စပြီးသိတဲ့ နိုဝင်ဘာ ၁၈ရက်နေ့ သန်းကြွယ်သူဌေးပို့စ် စဖတ်မိကတည်းက လိုက်နေပါတယ်... တရားခံက ရှာရင်းရှာရင်း ရာဂဏန်းတောင် ရောက်နေပြီ အဒေါ်ကြီး... လက်ရှိအေဘီက ကော်မတီ ဖွဲ့ထားပြီးပြီ တနှစ်အတွင်းတဲ့... စောင့်ကြည့်နေပါ့မယ်... အဖမ်းခံရ၊ အသတ်ခံရ၊ ဘယ်သူမှ မကယ်တင်လို့ ကိုယ်တိုင် ထွက်ပြေး လွတ်မြောက်သူတွေက သေရင်တောင် အသေ မဖြောင့်မှာ စိုးလို့ ကျောင်းသား ဖြစ်ကြောင်း ဆိုတဲ့ ဘဝလေးပဲ ပြန်ပေးပါ... ကျေပါတယ်တဲ့... သူလျိုစာရင်းထဲက ပယ်ဖျက်ပေးဖို့တောင် ကျနော်ကလွဲပြီး ဘယ်သူမှ မတောင်းပါဘူး... ဘယ်သူက ဒီလူတွေ အတွက် ဘာလုပ်ပေးပြီးပြီလဲ... လက်ရှိအေဘီကရော ဘာလုပ်ပေးပြီးပြီလဲ... နောက်တော့မှ တောင်းပန်ပါ့မယ်တဲ့လား... အခုထိလဲ ရဲမေလေးဒေါ်လှိုင်ရဲ့ စိတ်ထဲမှာ သူလျို ပါတယ် သူလျိုပါတယ်ပဲ အော်အော်နေတယ်... ကဲ အနှစ်နှစ်ဆယ်အတွင်း သူလျိုစစ်စစ်တွေ ဖော်ပြပေးပါဦး... အခုထိလဲ ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ ဆိုတာ ကျောင်းသား အာဇာနည်တွေ ဖြစ်နေ ကြတုန်းပဲ... သံချောင်းကို အေဘီကနေ အညံ့ခံသွားတယ် စစ်အစိုးရက နားလှည့်ပါးရိုက်ပြီး ထောင်ထဲ ထည့်ထားတာပါ ဆိုပြီး ရေးထားတဲ့ အပိုင်းကို ဒေါ်လှိုင် ကိုယ်တိုင်ပဲ ပြန်လည် ပြင်ဆင် ပေးပါလို့ တောင်းဆိုပါရစေ...။ ဒီအရေးအသားက အေဘီကို သိက္ခာကျစေတဲ့ အရေးအသားပါ... ကျောင်းသားချင်း အာဏာရူးပြီးပဲ သတ်သတ်... ကျောင်းသား မဟုတ်တဲ့ အပြင်လူတွေကပဲ သတ်သတ်... သူလျိုတွေ ပါရင်ပဲ ဖြစ်ဖြစ် အပြစ် ခံရမှာပဲ... လူ့အခွင့်အရေး ချိုးဖောက်တာလဲ အပြစ် ခံရမှာပဲ... စာထုတ်တဲ့ လူတွေရော... ကော်မတီဝင်တွေ(ဗဟို/မြောက်ပိုင်း/တောင်ပိုင်း)အားလုံး တာဝန်ရှိပါတယ်... ကိုထိန်လင်း ရေးတဲ့ ကွန်မန့်ထဲက သက်သေ ကတော့ ခန္ဓကိုယ် ပေါ်က အရေပြားတွေ ပါပဲဗျာ... ဆိုတာကို စိတ်ခုနေတယ် ထင်တယ်... အပီအပြင်ကို တရားစွဲမှာပါ... (ကျနော့် သဘောကတော့ ရုပ်ရှင်တောင် ရိုက်လိုက်ချင်သေးတယ်...)
"(“နင်တို့မြောက်ပိုင်းမှာ အဲဒီလောက်တောင် လူတွေကိုသတ်တာလား” လို့ တအံ့တသြ မေးခဲ့တဲ့ အပေါ် မြောက်ပိုင်းကရဲမေတဦး ဖြေလိုက်သလိုပဲ ဖြေဖို့ပဲကျန်တော့တယ်။)" ရဲမေတဦး ဖြေတာလေးကို အရမ်း အရမ်း သိချင်သွားပြီ မို့လို့ မက်ဆေ့ခ်ျလေး ပို့ပေးပါလား ဥက္ကဌကတော်ရေ့.....
· · Share

 

 

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ (၇)

by ဘရာဇီး ငှက်ရိုး on Monday, April 16, 2012 at 4:06am ·
"လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သူတို့မှားခဲ့ရင် အဲဒီအမှားအတွက် ကြိုးစင်တက်မယ်ဆိုတာ လုပ်ကတည်းက ပြောထားကြ ပြီးသား။ အဲဒီအတွက်တော့ စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။" အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး ကြားရတဲ့ အရီ ရဆုံး ပြက်လုံးပါ... နှစ်ပေါင်းများစွာ အတွင်း ရိုးသားတဲ့ ရဲဘော်တွေကို ရော့ ဒီဗီဒီယိုကိုကြည့် ဒါစပိုင်တွေ၊ စပိုင် စစ်စစ်တွေ မို့လို့ အခုလို သတ်ပစ်ရတာ လို့ပဲ ပြောလာခဲ့ကြမယ်ထင်ပါတယ်... ကြိုးစင် မပို့ပါဘူးဗျာ... အဲ့လောက်လဲ မရက်စက်ချင်ပါဘူး... လုပ်ရဲရင် ခံရဲပါတယ်ဆိုတဲ့ သူတွေရဲ့ အနှစ်နှစ်ဆယ်အတွင်းက ရေးသားထားတာ တင်ပြထားတာ လေးတွေ ရှိရင် မြင်ခွင့်ပေးပါဦး... လုပ်ရဲ/ခံရဲပါတယ် ဆိုတဲ့ လူတွေကိုပဲ မြင်ဖူးချင်လို့... "(ကျန်တဲ့သူတွေကို နိုင်ငံတ ကာ ကြက်ခြေနီအသင်းကို လွဲအပ်ဖို့ ကြိုးစားခဲ့ကြတယ်။ တရုတ်ပြည်ထဲ ဖြတ်ပြီးလာခွင့်မရလို့ အစီအစဉ်ပျက်သွားခဲ့ တယ်လို့ ကြားရတယ်။)" ကျနော်တို့လဲ ကြားရတယ်... ကျန်တဲ့သူတွေ ကလဲ သိပ်မကြာခင် မိုးကလဲ ကျတော့မယ်... ဒဏ်ရာ ဗလပွနဲ့ ရဲဘော်တွေ တဖြုတ်ဖြုတ်သေနေကြပြီ... ဒီတိုင်းနေလဲ ထင်းခုတ် လမ်းဖောက် အောက်ခြေသိမ်း အကုန်လုပ်ရတဲ့ ရဲဘက်တွေလို ဖြစ်နေပြီ... သေမဲ့ အတူတူတော့ ပြေးရင်းပဲ အသေခံမယ်ဆိုပြီး ပြေးကြတာ ဆိုလားပဲ... ကြားရတာ ပြောပါတယ်... "နန်းစော၊ သင်းသင်း၊ ဘိုဘို၊ ကျော်ခိုင်ဝင်း တို့လို ရိုးသားတဲ့ ရဲဘော်ရဲမေတချို့ကို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေတွေ အဖြစ် ကာဗာယူပြီး ဆက်အသုံးချမယ်" ဆိုလာပြန်တော့... မနန်းစောကနေ စမယ်... သူမဘယ်လောက် ရိုးသားကြောင်း ဒေါ်လှိုင် အာမခံသလဲ??? ဒီရဲဘော်အငယ်တွေကရော အမှိုက်ကစ ပြသသ် မီးလောင် ဆိုတဲ့ (ကိုယ်ရေးကိုယ်တာ) အသေးအဖွဲတွေ မဖြစ်ခဲ့ဘူးလား... မသင်းသင်း(မသင်းသင်းညီလို့ ထင်ပါတယ်) သူမကိုယ်တိုင် မျိုးဝင်းက သူလျိုတွေ ကြားထဲ ထည့်ပြီး ဒလံ လုပ်ခိုင်းထားတဲ့သူဆို... သူကိုယ်တိုင် ထုတ်ပြောတာ... ဒါလဲ သူကိုယ်တိုင် နောက်ပိုင်းမှာ သံသယ သူလျိုစာရင်းထဲ ဝင်သွားလို့ ပြောတာ... နို့မို့ဆို ပြောချင်မှ ပြောမှာ... မဝင်ရဲတာလား... ကျော်ခိုင်ဝင်း ဆိုတာ ခေါင်းဖြတ် သတ်တဲ့ အချိန်မှာတောင် အနီးမှာ ရှိနေခဲ့သတဲ့... ၁၉၉၂က ငယ်ရွယ်သူတွေပါ ရိုးသားပါတယ် ဆိုတိုင်း လူတိုင်းက လက်ခံလိုက်ကြပြီလား... လက်ခံ နေပြီထင်လား... အမှုမှန် ပေါ်ပေါက်ရေး အတွက် ဘယ်သူတွေ ဘယ်လိုတွေ ပြင်ဆင်ထားလဲ... လုပ်ကိုင်ထားလဲ... လုပ်ကိုင်ပြီးပြီလဲ... "ထိုးကျွေးခဲ့တဲ့ သမိုင်းအထင်အရှားရှိခဲ့တဲ့ ရဲဘော် ထွန်းအောင်ကျော် တို့လိုလူမျိုး တွေကို ရှေ့တန်းပြန်တင် ကာဗာယူလှုပ်ရှားပြီး သမိုင်းစင်မြင့်ပေါ်မှာ နောက်ထပ်အကွက်တခု ထပ်ဆင်ခွင့်ရဖို့ အရေးပါ တဲ့ နေရာတခုအတွက် ခြေလှမ်းပြင်နေလိမ့်အုံးမယ်။" ရဲဘော် ထွန်းအောင်ကျော် ဆိုလို့ ရဲဘော် အဆင့်လောက်ပဲ ထားပြီး ရေးနေတော့မှာလား... သူကိုယ်တိုင် ဥက္ကဌ ဖြစ်နေပြီး ရက်ရက်စက်စက် အသတ်ခံရလို့ (Icon)လေးတခု ရှိတဲ့ သူမို့လို့ ရှေ့ဆုံး တင်ထားရတာပါ... အမှုမှန် ပေါ်ပေါက်ရေး အတွက်ဆိုရင် အောက်ခြေက ရဲဘော်အဆင့်ကနေစပြီး အမြင့်ဆုံး ဥက္ကဌအထိ ခံစားခဲ့ရတဲ့ လူတွေရဲ့ ဘဝအမှန်လေးတွေကို တောင်းဆိုချင်တယ်ဗျာ... ဖော်ပေးမလား... နာမည်နဲ့ တယောက်ချင်း အတွက် သွေးကြွေး ဆပ်ဖို့ တောင်းရင်တောင် ပါးစပ်ပိတ်ပြီး ခေါင်းငုံနေရမဲ့ အဖြစ်ကိုလဲ သတိရကြပါဦး... သိပ်များများ မတောင်းသေးတာတောင် သေမတတ် ဖြစ်ပျက်နေတာ မမြင်ချင့်အဆုံးပါ... မျက်စေ့ ရှေ့မှာ အခုမှ သွေးရူး သွေးတန်း ဖြစ်နေတာတွေ မြင်နေရတော့ သံဝေဂလေး ဘာလေးတောင် ရမိနေသေးတယ်... သမိုင်း စင်မြင့် ဆိုလို့ ပြောလိုက်ဦးမယ်... ကိုပေါ်တို့ ကေကျု့ကြီးတို့ လွတ်လာတဲ့ အချိန်က "ကျနော်တို့လဲ တိုင်းပြည် အတွက် ဆိုပြီး လက်နက်စွဲကိုင် တိုက်ခဲ့ဖူးပါတယ်... အခုလို ဂုဏ်ပြုနေတာ မြင်ရတော့ ကျနော်တို့လဲ ဂုဏ်ပြုခံချင်တာပေါ့"တဲ့... စင်ပေါ်တက်ချင်တဲ့ စိတ်အခံလေးတွေ မပျောက်သေးဘူး ဆိုတာ ဒီလို အရေးအသားက အင်မတန် သိသာစေတယ်... နောက်ပြီး စစ်အစိုးရဆီ အလင်းဝင်ချင်တာ တောင်မှ အောက်ကျို့ပြီး ကျနော်တို့ အားလုံးကို အကာအကွယ်ပေးပါဗျာ... သားသမီးလေးတွေနဲ့ပါ... အခုမှ ဟိုးတုန်းက ဖြစ်ခဲ့ဖူးတဲ့ ပြသနာလေးတွေနဲ့ ကျနော်တို့ကို စွပ်စွဲနေကြပါတယ်... ကာကွယ်ပေးပါဦးလို့... မရှက်မကြောက် တောင်းဆိုနေတာများ အံ့ပါရဲ့... နေရာလေး တနေရာ ရချင်ရင် ဒီလူသတ်မှု ကြားထဲ ဝင်လာမလားဗျာ... စဉ်းစဉ်းစားစားလဲ ပြောပါဦး... လက်ယဉ်ပြီးသား လူသတ်သမား အုပ်စုကြောင့် အစားမတော် အသွားမတော် သေနိုင်တဲ့ကိန်းဗျ... ခွေးလိုမျိုး ချောင်ပိတ်ရိုက်မိနေတော့ ခံကိုက်တာ ခံနေရတယ်ဗျာ... အခု ဂယ်ပေါက် ပေးထားတုန်း ရှင်းကြပါဦး... အေဘီဆိုတဲ့ အရိပ်ကို ခိုနေတဲ့ လူသတ်သမား အုပ်စုကို အပြင်ဆွဲထုတ်ပေးမဲ့ ရိုးသားပါတယ် ဆိုတဲ့ အေဘီဟောင်း/လက်ရှိအေဘီတွေကို ရှာနေပါတယ်... ခွေးသေကောင်ပုပ်ကို အိမ်အောက်က ဆွဲထုတ် ခိုင်းတာထက်တောင် ရှင်းနေသေးတဲ့ ကိစ္စကို လုပ်ပေးမဲ့ အေဘီ အရိပ်ခိုဖူးသူ/ခိုနေဆဲ အမှုမှန် ပေါ်ပေါက်ရေးကို တရားအတိုင်း မျှမျှတတ ဖြစ်အောင် လုပ်ဆောင်ပေးမဲ့ တယောက်လောက်ကို မြင်ဖူးချင်ပါသေးတယ်... ဘက်မလိုက်ဖို့တော့ လိုတာပေါ့လို့ ပြောလိုက်တာနဲ့ နောက်တွန့်ကုန်တာပဲ... နေရာတခု ဆိုလို့ ကျနော့် မွေးရပ်မြေ ဖြစ်တဲ့ ရွှေပြည်ကြီးမှာ ဒီမိုကရေစီ ရသွားလဲ ကျနော်နဲ့ ဘာမှ မဆိုင်တော့ဘူး... ကျနော့်အတွက် ဘာအကျိုးမှ မဖြစ်ထွန်းစေဘူး... ဒါပေမဲ့ ရစေချင်တယ်... ကျနော့်ကို ချစ်ခင်ခဲ့ဖူးတဲ့ ကျနော့် မိတ်ဆွေတွေ အသိုင်းအဝိုင်းတွေ အားလုံးကို နိုင်ငံတကာနဲ့ တန်းတူ ဖြစ်စေချင်တယ်... ဒီမိုကရေစီ မရတော့ကော ဆိုတော့ နောက်မျိုးဆက်သစ်တွေ ဆက်တိုက်ကြပေါ့... ကိုယ်က အဝေးတနေရာမှာ နေရာတနေရာ အခိုင်အမာ ရပြီးသား လူတယောက်က ရွှေပြည်ကြီးမှာ ဒီမို ရရ မရရ ဘာဖြစ်မှာတုန်းဗျာ... နေရာလိုချင်ရင် ဟိုဘက်က ဖြစ်ဖြစ် ဒီဘက်က ဖြစ်ဖြစ် တယောက်ယောက် သွားဖားလိုက်မှာပေါ့... ကိုယ့်စိတ်နဲ့ နှိုင်းတဲ့ အခါ အခြားသူတွေကိုလဲ ကိုယ့်လိုပဲလို့ ထင်နေတဲ့ အထင်တွေ လျှော့ပါ... ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို အစုလိုက် အပြုံလိုက် ခေါင်းရှောင်နေတဲ့ အမှုကို ဝင်ပြီး ပြောတယ် ရေးတယ် ဆိုကတည်းက သွေးမကြောင်တတ်တဲ့ သူဆိုတာကိုတော့ သဘောပေါက်ထားပါ... အမှုမှန် ဖော်ထုတ်ရေး လုပ်နေသူတွေကို အချိန်မရွေး နေရာမရွေးမှာ အန္တရယ် တခုခု ဖြစ်အောင် လုပ်သွားနိုင်တဲ့ ပြသနာလေ... သေနတ်ကိုင်ဖူး သူတွေကိုး... "ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် နောက်တန်းမှာရှိနေတဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့ ပြီး ကျန်ရှိနေတဲ့ ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ခဲ့တဲ့ အတွက် မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေ အားလုံးမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိတယ်။" မှန်တာပေါ့... အားလုံး ရှင်းကြရမဲ့ ကိစ္စပါ... နာမည် စာရင်းအတိုင်း ဆိုရင်တော့
၁၊ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဂျီတီအိုင်၊ အသတ်ခံရ)
၂၊ ဒုဥက္ကဋ္ဌ (၁) စစ်ရေးတာဝန်ခံ ကိုသံချောင်း (မိုးညှင်း(မိုဟန်)မြစ်ကြီးနားတက္ကသိုလ်၊သေဒဏ်အထပ်ထပ်နဲ့ထောင်ကျ)
၃၊ အထွေထွေအတွင်းရေးမှူး ကိုအောင်နိုင် (မန္တလေး၊ ဆေး၊ လက်ရှိချင်းမိုင်)
၎၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုမျိုးဝင်း (မိုးညှင်း-နမ္မား) အာအိုင်တီ ပဉ္စမနှစ်၊ ကျဆုံး)
၅၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား၊ လက်ရှိ မြောက်ပိုင်း)
၆၊ သတင်းနှင့်ပြန်ကြားရေးဌာန ကိုတင်မောင်အေး (ခ) ကိုအားဆိုက် (ကသာ၊ စစ်ကြောရေးမှာ သေဆုံး)
ရ၊ ရန်ကုန်ဒေသတာဝန်ခံ (ရွှေကူခရိုင်မှူး) ကိုရဲလင်း (ရန်ကုန်၊ အဖမ်းခံရပြီးနောက်ပြန်လွတ်)
၈၊ မန္တလေးဒေသတာဝန်ခံ (ဗန်းမော်ခရိုင်မှူး) ကိုညီညီကျော် (မန္တလေး၊ အဖမ်းခံရပြီးနောက် လက်ပြန်ကြိုး တုပ်ထားတဲ့ ကြားက ပထမဆုံး ထွက်ပြေးလွတ်မြောက်ခဲ့သူ)
၉၊ (မပ) ကိုယ်စားလှယ်အဖြစ် တောင်ပိုင်းရှိနေ ကိုလှဌေး (ဗန်းမော်၊ လက်ရှိ အိန္ဒိယ)
၁၀၊ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း၊ လက်ရှိ အက်စ်အက်စ်အေ)
၁၁၊ စီးပွားရေးတာဝန်ခံ ကိုနေထွန်း (မြစ်ကြီးနား၊ လက်ရှိအမေရိက၊ ရှေ့တန်းမှာ သူ့ရဲ့ပစ္စတိုလည်း အသိမ်းခံခဲ့ရတယ် ကြားတယ်)
၁၂၊ မိုးညှင်းဒေသတာဝန်ခံ ကိုစိန်အေး ( မိုးညှင်း၊ တရုတ်နယ်စပ်မှာ အဖမ်းခံရပြီး ပြန်လွတ်)
၁၃၊ (မပ)ကိုယ်စားလှယ်အဖြစ်တောင်ပိုင်းရှိနေ ကိုကျော်ကျော် (မြစ်ကြီးနား၊ လက်ရှိမြောက်ပိုင်း)
အမှုမှန် ပေါ်စေချင်တဲ့ သူတွေက ၁၊ကိုထွန်းအောင်ကျော် ခေါင်းဖြတ် အသတ်ခံရတယ်... ၆၊ကိုအားဆိုက် စစ်ရင်း လက်လွန်ပြီးသေတယ်... ၇၊ ကိုရဲလင်း မိဘတွေ ဆီပြန်အပ်ဖို့ ကြိုးစားကြတယ် (တကယ် တာဝန်ရှိတဲ့သူတွေကို ဘာလို့ မိဘတွေထံ အပ်ဖို့ ကြိုးစားတာလဲ) ၈၊ ကိုညီကျော် (ဂျိမ်းစ်ဘွန်း ဆန်ဆန် လွတ်လာ)ဆိုတော့ အားလုံးပေါင်း (၄)ယောက်။ ၉ယောက်ကျန်။ တသက်တာ ငြိမ်သက်သွားတဲ့ သူတွေက ၂၊ သံချောင်း(ရှမ်းတပ်အနေနဲ့ ထောင်ကျ)... ၄၊ မျိုးဝင်း(တိုက်ပွဲကျ)... (၂)ယောက်။ ၇ယောက်ကျန်။ အမှုမှန် မပေါ်စေချင်လို့ မြုံနေတဲ့ အပြင်ရောက် သွားသူတွေက ၃၊ရော်နယ်အောင်နိုင်(ဂျာနယ်လစ်)... ၁၀၊ ကိုအောင်ကြီး(ရှမ်းတပ်)... ၁၁၊ ကိုနေဒွန်း(အမေရိကား) ၁၂၊ ကိုစိန်အေး(ပြည်တွင်း)... (၄)ယောက်။ ၃ယောက်ကျန်။ ကဲ... ကျန်သူ သုံးယောက်က လက်ရှိအေဘီမှာ အတန်အသင့် ရာထူးတွေနဲ့ ဆက်လက် တာဝန်ထမ်းနေဆဲ ၅၊ဒူဝါလှဆိုင်း... ၉၊ကိုလှဌေး(အိန္ဒိယ အေဘီဟု ကျနော် ယူဆထားသူ) ၁၃၊ကချင်ကိုကျော်ကျော်...။ ဟိုဘက် ဒီဘက် လူခွဲ လိုက်မယ်ဆိုရင် အမှုမှန် ပေါ်စေချင်တာ ၄ယောက် ၂ယောက်သေပြီ.. အမှုမှန် မပေါ်စေချင်ဘူးလို့ ယူဆရသူတွေက ငြိမ်သက်နေတာ၊ သေသွားတာနဲ့ လက်ရှိအေဘီမှာ ရှိနေတာ အားလုံးပေါင်း ၉ယောက် ၁ယောက်ပဲ တိုက်ပွဲကျလို့ သေခဲ့ပြီ... သေသွားသူတွေ ဖယ်ရင် အဖြစ်မှန် ပေါ်စေချင်တာ ၂ယောက် = မပေါ်စေချင်လို့ ငြိမ်နေတာ ၈ယောက်... အနှစ်နှစ်ဆယ်ကြာပြီ... အခြေအနေကိုလဲ သုံးသပ်လို့ ရလောက်ပြီ... အခုချိန်ထိ သူလျိုဆိုတာ ဘယ်သူတွေ ကျောင်းသားစစ်စစ်တွေက ဘယ်သူတွေ ခွဲလို့ မရသေးဘူးလား... လက်ရှိ အေဘီအနေနဲ့ ငြိမ်နေတာ ၁၉၉၂က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ၃ယောက် တပ်ဖွဲ့တွင်း ရှိနေသေးလို့လား... အေဘီအက်စ်ဒီအက်ဖ်က အမှုမှန် ဖော်ထုတ်ရေး အတွက် အခုလို နှစ်ပေါင်းများစွာမှာ ဘယ်လောက် ခရီးရောက်ခဲ့ပြီလဲ...

တိုက်ရိုက်ကွက်ကဲသူ  ဒုစစ်ရေးတာဝန်ခံ ကိုမျိုးဝင်း (မိုးညှင်း၊ တိုက်ပွဲကျဆုံး)
ထောက်လှမ်းရေးတပ်ဖွဲ့
၁၊ တပ်ကြပ်ကြီး သန်းဇော် တာဝန်ခံ (မန္တလေး၊ တရုတ်နယ်စပ်မှာ ကိုစိန်အေးနဲ့အဖမ်းခံရပြီးပြန်လွတ်)
၂၊ ဒုတပ်ကြပ် ဇော်ဇော်မင်း (မိုးညှင်း၊ စစ်ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထား)
၃၊ ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း၊ အထဲပြန်ဝင်)
၎၊ ဒုတပ်ကြပ် ကျော်ထင်ဦး (မိုးညှင်း၊ အထဲပြန်ဝင် သေဆုံး)
၅၊ ရဲဘော် သက်လင်း (ဗန်းမော်၊ အထဲပြန်ဝင်)
၆၊ ရဲဘော်ဖိုးနှောင်း (ဗန်းမော်၊ အထဲပြန်ဝင် ရထားပေါ်ကကျသေ)

၇၊ ရဲဘော်ကိုထွေး (ဗန်းမော်၊ အထဲပြန်ဝင်)
အားလုံးပေါင်း ရှစ်ယောက်ပါ... သနားစဖွယ် ရိုးရိုးသားသားကျောင်းသားလေးက နံပါတ်စဉ်တောင် အတပ်မခံရတဲ့ ကိုကြီးမျိုးဝင်း...။ သေပြီလို့ ဆိုတိုင်း အရာအားလုံး မပြီးဆုံး သေးပါဘူးလေ... လူရှစ်ယောက်ထဲနဲ့ အတော်လေး လုပ်ကိုင် သွားကြတာပဲ... အမည်မပါသေးတဲ့ နင်းဂျားတို့လို့ လူတွေရောဗျ... မြှုပ်ထားသေးရင် ထပ်ပေါင်းထည့်ပါဦး... အေဘီ လုပ်ကွက်ထဲ (မှော်ထဲ)မှာ တောင် လိုက်ရှင်းတယ်ဆိုတော့ လက်တံရှည်ပြီး ခရီးရောက်တဲ့ လူတွေပဲ မဟုတ်လား... "ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့တဲ့ မြောက်ပိုင်းဗဟိုနဲ့ ပတ်သက်ပြီးတာဝန်ခံခဲ့တဲ့ အဲဒီ အချိန်က အေဘီတခုလုံးရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေမှာလည်း တတိယအဆင့်အနေနဲ့ တာဝန်ရှိတယ်။" စာတွေ ဘာတွေ ထုတ်ပြီး အပြတ် အသတ် ထောက်ခံခဲ့ကြတာကိုး... ဒါနဲ့ အဖမ်းအဆီး ဖြစ်ကာစကတည်းက သိနေပြီးတော့ ညီလာခံမှာတောင် မြောက်ပိုင်းမှာ လူဖမ်းပွဲတွေ ဖြစ်နေကြောင်း တင်ပြခဲ့ဖူးတဲ့... ကိုမိုးသီးဇွန်ရော... မပါတော့ဘူးလား... "အဖမ်းခံခဲ့ရသူတွေ အားလုံးကတော့ ခံခဲ့ရသူတွေဖြစ်လို့ လူမှန်တွေချည်းပဲပေါ့။ သူတို့မှာတော့ ဘာတာဝန်မှ မရှိဘူး လို့ ယူဆရနိုင်သလား။" အခုထိလဲ ဘယ်သူက သူလျိုပါလို့ ရေရောရာရာ မပြောနိုင်သေးဘူး ဖော်ထုတ်နေဆဲ/နေတုန်းပဲလား... သူလျို ပါနိုင်ပါတယ်... ရှင်းထုတ်ပစ်ကြတာပေါ့... ကိုတိုက်ပိတ်၊ မခင်ချိုဦးနဲ့ မနန်းအောင်ထွေးကြည်တို့လို အတူလာတဲ့ သုံးယောက်ထဲမှာ မခင်ချိုဦးက အသတ်ခံသွားရရှာတယ် ဆိုတော့ အတော်အတန် ရာထူးမြင့်မယ်လို့လဲ သုံးသပ်မိပါတယ်... NLD ဗဟိုမှာတောင် ရာဇဝင်ရှိလို့ တိုက်ပိတ်ပြီး အစစ်ခံရဖူးပါတယ် ဆိုတဲ့ ကိုတိုက်ပိတ်ကို ခေါင်းဖြတ်မပစ် နိုင်ခဲ့တာ တော်တော်ညံ့တာပဲ... အဖမ်းခံရတဲ့ အုပ်စုကို သုံးလေးမျိုး ခွဲမနေနဲ့တော့... သူလျိုတွေ ပါနိုင်ပါတယ်... မတော်တဆ သေသွားနိုင်လောက်တဲ့ အဖမ်းခံ အနှိပ်စက်ခံ ညှင်းဆဲ သတ်ဖြတ်တာကိုတောင် ခံပြီး ထောက်လှမ်းတဲ့ သူလျို ရှိပါ့မလား... ရုပ်ရှင်တွေ ဘာတွေ ထဲမှာတော့ ဖြစ်နိုင်တာပေါ့... ခေါင်းကွဲ ကြောပြဲ ဖင်စုပ်နေအောင် အရိုက်ခံ အနှိပ်စက်ခံပြီး ဝင်လျိုတဲ့ သူလျို ရှိပါ့မလား... ကဲပါလေ... ရှိတယ်ပဲ ထားပြီး စစ်ဆေးပါဦး... "ဒေါ်လှိုင် ပြောသလို ရိုးရိုးသားသားလေးတွေ ထွက်ပြေးမှ လွတ်မြောက်တဲ့ (၅၆)ယောက် (တယောက်က မလိုက်နိုင်လို့ လမ်းမှာ သတ်ပစ်ခဲ့ရ)" ဒါဆိုရင် ထွက်ပြေးတုန်းက တိုက်ပိတ် မပါဘူးလား... လမ်းမှာ သတ်ပစ်ခဲ့ရ ဆိုတော့ အမှုတွဲလိုက် သလိုပါပဲ... လွတ်မြောက်သွားသူတွေ စာရင်းပါ... http://www.facebook.com/note.php?note_id=176919355746943
"အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ ကိုညီ ညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းရဲ့လူယုံ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ နန်းအောင်ထွေးကြည် (ရန်ကုန်၊ ၀ါဒ ဖြန့်ချိရေး၊ အဖမ်းမခံရစဉ်က ဒုတိယအဆင့်အနေအထားမှာ မရှိပေမဲ့ သူ့ရဲ့ထွက်ဆိုချက်တွေက လူကြီးပိုင်းက လူတွေနဲ့ပဲ ဆက်စပ်နေတယ်။" ဒီလောက် ခိုင်လုံနေတာတောင် ဒီလူတွေ အသတ်မခံရဘူး ဆိုတော့ အသတ်ခံသွားရသူတွေက ဒီလူတွေထက် ပိုခိုင်လုံတဲ့ ထွက်ချက်တွေကြောင့်ပေါ့... ဒါကြောင့်လဲ ဒီလိုမျိုး ဖွင့်ချရေးရဲတာလို့ သတ်မှတ်လိုက်ပါတယ်... "အဲဒီအချိန်က ဗဟိုမှာ မြောက်ပိုင်းနဲ့ ပတ်သက်တဲ့စစ်ချက်တွေ၊ ဘာအခွေတွေမှ မရောက်သေးပါဘူး၊)" ဒေါ်လှိုင်က ဗဟိုမှာလဲ ရှိနေတယ်... မြောက်ပိုင်းမှာလဲ ရှိနေတယ်ဆိုတော့ နှစ်ကိုယ်ခွဲပေါ့... ခဏခဏ ကြုံတိုင်း ကြည့်ချင် မြင်ချင်လို့ ထည့်ရေးနေရတဲ့ စစ်ချက်တွေ အခွေတွေ ဆိုပါလား... " နှစ်ဘက်စလုံးက ယုံကြည်စိတ်ချရတဲ့ ဗကသ ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် စုံရှင်းကြပါလား။" ကိုစိုးလင်းကို စစ်ထားတဲ့ စစ်ချက်တွေ ပြန်ဖတ် လိုက်ပါလား ဒေါ်လှိုင်ရေ... ဒီလိုတောင် ပြောရဲပါတော့မလား... ယနေ့အထိ အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်နေဆဲ ဆိုပြီး ဆရာဝန်နိုင်အောင် ထုတ်လိုက်တဲ့ တောင်းပန်စာထဲက အဲ့ဒီ မြှုပ်ကွက်လေးကို ပြန်မေးလိုက်ပါဦး... ဒါပေမဲ့ ရှင်းစရာ မလိုလောက်အောင် ရှင်းနေတာက မမေ့ကောင်းစရာ အတွက် သစ္စာပန်းတစည်းဆိုတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ဟောင်း/သစ် တွေတက်ရောက်တဲ့ ရန်ကုန်က ၁၀ရက်နေ့ ဆွမ်းကျွေးပွဲ၊ ကိုမြအေး၊ ကိုထွန်းမြင်အောင် ဦးဆောင်ပြီး ၈၈မျိုးဆက် ဟောင်း/သစ် တွေတက်ရောက်တဲ့ မန်းလေးက ပြည်ထောင်စုနေ့ ဆွမ်းကျွေးပွဲ... သူလျို မဟုတ်ဘူးဆိုတာ အသက်နဲ့ ရင်းပြီးတောင် အာမခံပါတယ်တဲ့... ရန်ကုန်မှာ နောက်တရက် ဖြစ်တဲ့ ၁၃ရက်နေ့မှာ မဖြူဖြူသင်းတို့ အုပ်စုလိုက် ဆွမ်းကျွေးပွဲ လာသွားကြတာလေးတွေ မကြည့်ဖြစ်ဘူး ထင်ပါရဲ့... ကိုကိုကြီးရဲ့ မှတ်ချက်တို့ ဘာတို့ ပါတဲ့ ပြည်တွင်းထုတ် Messenger ဂျာနယ်ကိုလဲ ရှာဖွေပြီး ဖတ်ပါဦး... ဗကသတွေ ရှေ့မှာ ရှင်းချင်သပ ဆိုလဲ ရှင်းကြတာပေါ့... ရှင်းရဲကြဖို့ပဲ လိုပါတယ်... သူတို့ကတော့ ဘယ်လို သဘောထားကြောင်း ပြသ သွားပြီးသားပါ... "အဲဒီကာလ မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။" အခုအထိ ဒေါက်တာကြီးတို့၊ ရော်နယ်ကြီးတို့မှာ သူလျိုရောဂါ ဝင်နေတုန်းပဲ... သူတို့ ဘက်က မှန်နေရင် ဒီလူတွေလား နေမှာ... အခုလောက်ဆို ငှက်ရိုးတို့လို ဘလိုင်းကြီး ဝင်ရေးနေတဲ့ လူတွေ၊ ထွက်ပြေးလွတ်မြောက်ပြီးတော့ ဖော်ရေးနေတဲ့ သူတွေ ဆိုတာ သံတိုင်နောက်ကတောင် ထွက်ရမှာကို မဟုတ်ဘူး... (အီလက်ထရောနစ် ပုဒ်မလိုမျိုးနဲ့ကို စွဲကြမှာ) "သားသ မီးတွေကို နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကို တောင်းပန်သင့်ရင်လည်း ကျမတို့တောင်းပန်ကြရမှာပါပဲ။ မဟုတ်ပဲနဲ့ သေဆုံးခဲ့ ရတဲ့ ရဲဘော်တွေအတွက်တင်မကပါဘူး ယုံကြည်ချက် အတွက် မြောက်ပိုင်းတောတောင် တွေကြားမှာ မြုပ်နှံခဲ့ရတဲ့ ရဲဘော် ရဲမေတွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပါတယ်။" ဆရာဝန် နိုင်အောင် ထုတ်ခဲ့တဲ့ တောင်းပန်စာလိုမျိုး သူလျိုတွေ ရှိနေသေးတယ်ဗျ... တောင်းပန်မှာပါ... ဟင်း ဟင်း ဟင်း... ဆိုတဲ့ ပုံစံမျိုးတော့ မလုပ်ပါနဲ့... တိတိကျကျ ဖော်ထုတ်ပါ... ရှင်းလင်းပါ... လောလောဆယ် အခြေအနေ မှာတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို လုံးဝ မရနိုင်သေးပါဘူး... ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က အာဏာရှင်ထက်တောင် ဆိုးဝါးနေပါသေးတယ်... ပြတ်ပြတ်သားသား ရှင်းပစ်မှ ပြည်သူလူထုရဲ့ ယုံကြည်မှု့ကို ပြန်လည်ရယူနိုင်မှာပါ... "အသိပေးချက်…"ဆိုပြီးရေးထားတာလေး ဖတ်မိတော့ စွပ်စွဲ သလိုလို စိန်ခေါ်သလိုလို ရေးထားလို့ စိတ်မကောင်းဖြစ်မိပါတယ်... အမှုမှန် ပေါ်ပေါက်စေချင်သူရဲ့ စေတနာ စကားမျိုး မဟုတ်ပါဘူး... အမှုမှန် ပေါ်စေချင်သူရဲ့ စိတ်မှာ ဖြစ်သင့်တာက ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အတွက် ချိုသာပြီး ပြေပြေလည်လည် ဖြစ်စေမဲ့ ဖြစ်စေတဲ့ စကားမျိုးဆိုသင့်ပါတယ်... ငါ့စကား နွားရ ပုံစံပြောသွားတဲ့ အတွက် အမှုမှန် ပေါ်စေချင်တဲ့ သာမာန်ရဲမေလေးရဲ့ အရေးအသားမှ ဟုတ်ပါလေစ။... အခုချိန်ထိလဲ သူလျို ဗိုင်းရပ်စ်က ခေါင်းထဲ ပိုးဝင်သလို ဖြစ်နေတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး... "ထိုးကျွေးတာခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့အတွက် ကျမအနေနဲ့ ရန်သူ့သူလျှို လုံးဝမပါဘူးဆိုတာ လက်မခံနိုင်ပါ။" ကဲ... ပြောရင်း ဆိုရင်းပဲ ပိုးဝင်နေပြန်ပြီ... အနှစ်နှစ်ဆယ် အထိတိုင်အောင်လဲ ဝေဝါးဝါး သူလျို ဆိုတဲ့ အဆင့်က မတက်သေးပါလား... " ပြန်ပြီးဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လိုအကြောင်းအချက်မျိုးကိုမှ ကျမ အနေနဲ့ တုန့်ပြန်ဖြေရှင်းနေတာမျိုးတွေ လုံးဝပြုလုပ်မှာမဟုတ်ဘူး" နေ့သစ်က ကွန်မန့်တွေ ဖတ်ပြီး ရင်ခုန်သွားလို့သာ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ကနေ ဥက္ကဌရဲဘော် စကားလုံး ပြုတ်ထွက် သွားပြီး ကိုထွန်းအောင်ကျော် ဖြစ်သွားလောက်အောင် အရေးအသားက ချက်ချင်း ချိုးကွေ့သွားသလားလို့... အားပေးထားတဲ့ ကွန်မန့်တွေ ပြန်ဖတ်ပြီးတော့ ပျော်ရွှင် ချမ်းမြေ့ဖွယ် နှစ်သစ်ကူး အခါသမယ ဖြစ်ပါစေ... လူသတ်ဝါဒနဲ့ အတူ အားပေးအားမြှောက်တွေပါ အတူတကွ ကျဆုံးပါစေ... ဘရာဇီး ငှက်ရိုး မတ်လ(၂၇)ရက် ဖက်ဆစ် တော်လှန်ရေးနေ့ အမှတ်တရ
· · Share

  • 2 shares

    • ဘရာဇီး ငှက်ရိုး http://www.facebook.com/note.php?note_id=176919355746943


      သေတွင်းကိုချဉ်းနင်းသူချင်း အချင်းချင်းဂုဏ်ပြူလိုတယ် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ တ...See More


    • အိုးဝေအောင် အိုးဘားမား မြောက်ပိုင်းတွင်ကြွေလွင့်သွားသူများ၏ နှစ်၂၀ပြည့် ရန်ကုန်အခမ်းအနားမှာ ကိုမင်းကိုနိုင်ရဲ့”မမေ့ကောင်းစရာ အတွက် ...သစ္စာပန်းတစည်း”ဆိုတဲ့ ကဗျာကို စကားပြေ ပြန်ကြည့်။ပန်းတစည်းမှာ ပန်းပေါင်းမြောက်များစွာ ရှိနေတာကို ညွှန်းတယ်။သစ္စာ +ပန်းတစည်း=မဖောက်မပြန် မှန်ကန်တဲ့ တရား နဲ့ ပန်းပေါင်းမြောက်များစွာကို မမေ့ကောင်းစရာ(အမြဲအမှတ်ရစရာ)အဖြစ် ရေးဖွဲ့ထားတာလို့ အဲဒီလို ကျနော်က ခံစားဖွင့်ဆိုနေမိတယ်။

    • Aye Aye Soe Win ရေး သူက တော်တယ်ကွာ။သူတို.ဖက်မှာ ညာတာ လိမ်တာ ကာတာ အပြစ်မဲ.သူတွေကိုအ ကြိမ် ကြိမ် စွတ်စွဲတာ မျက်နှာပြောင်တိုက်တာတွေကလွဲရင်. သဘောတရားနဲ.တည်ကြည်စွာရေးတဲ. လက်မရှိဘူး။ပြန်ပြန်ရှင်းနေတာတန်ရဲ.လား။

    • ဘရာဇီး ငှက်ရိုး အဲ... ဒေါက်တာနိုင်အောင် လာတယ်လို့ ဒေါ်လှိုင် ရေးလိုက်တာနဲ့တင် ဒေါက်တာကြီး တပည့်တွေ နောက်အပိုင်းတွေ မဖတ်တော့ဘူး... ရှယ်လဲ မရှယ်တော့ဘူး... လုံးဝ သဘောတူတယ် ဆိုတဲ့ လူတွေတောင် ငြိမ်သက် တမိနစ် ဖြစ်သွားသေးတယ်...

    • Nicky Shein ကိုငှက်ရိုး ၊ ဆားပုလင်းနှင်းမောင် ငှားစရာတောင်မလို ၊ အဖြစ်အပျက်က စာဖတ်တတ်တဲ့ လူတိုင်း ဘယ်ကောင်က လူယုတ်မာ၊ ဘယ်သူက ကျောင်းသား ခေါင်းဆောင် စစ်စစ် သိပ်ငြင်းစရာမဖြစ်။

 

 

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ (၆)

by ဘရာဇီး ငှက်ရိုး on Friday, April 13, 2012 at 8:40pm ·
"ကိုညီညီရဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ မှတ်တမ်းထဲမှာ “ဟာ ဥက္ကဋ္ဌ မီးစိမ်းပြလိုက်ပြန်ပြီလားဗျာ။ ဒီလိုလုပ်လို့ တော့ မဖြစ်ဘူး၊ တခုခု လုပ်ကြမှဖြစ်မယ်” လို့ ကိုထွန်းအောင်ကျော် ကို တွန်းပို့နေတာ တွေ့ရတယ်။" ဆိုတော့ သူလျို ဖော်ထုတ်ရေးအတွက် မျိုးဝင်းတို့၊ သံချောင်းတို့ အုပ်စုကို လုပ်ပိုင်ခွင့် အပြည့်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်... ဒါကြောင့်မို့လို့လဲ ဥက္ကဌကိုယ်တိုင် အဖမ်းခံရ အသတ်ခံရတဲ့ အထိ ဖြစ်ပျက်သွားခဲ့ပုံရပါတယ်... "မြို့ပြကလာခဲ့တဲ့ ကျောင်းသားရဲဘော်တွေနဲ့ ဒေသခံရဲဘော်တွေ နှစ်ဖွဲ့ကွဲပြီး ဖိုက်ကြဖို့ပဲရှိတယ်။" အဲ့ဒီလို နှစ်ဖွဲ့ကွဲတဲ့ ဂိုဏ်းဆန်ဆန် ဖြစ်ရပ် ဖြစ်မသွားဘူးလား... (အေဘီအက်စ်ဒီအက်ဖ်-စစ်ကိုင်း)ဖြစ်မြောက်ရေးမှာ ပါဝင်သူ အားလုံး အသတ်ခံရ အဖမ်းခံရတာကို ချန်ရေးထားပါတယ်... "(သူ့အနေအထားက ၀န်ခံလိုက်တာနဲ့ သေဒဏ်ဆိုတာ သူနားလည်ထားပြီးသားပါ) ဖြစ်နိုင်သလို၊ သူလို ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ သူတယောက်ကို မေးမြန်းစစ်ဆေးနေတာ ကေအိုင်အေ ထောက်လှမ်းရေးဘက်က အရာရှိတချို့ အစပိုင်းမှာ လာရောက်နားထောင် စောင့်ကြည့်နေတာမျိုးတွေ သူ့ရဲ့ထွက်ဆိုချက်တွေ ဖတ်ကြည့်တာမျိုးတွေ ရှိကိုရှိရပါလိမ့်မယ်။" ခေါင်းမဖြတ်လဲ ဒဏ်ရာတွေနဲ့ ဗလပွနဲ့ သေတော့မှာပဲ မဟုတ်လား... ရဲဘော်တွေနဲ့ နေဆာလှုံနေတာ ဒေါ်လှိုင့် မြင်တုန်းက အကောင်းအတိုင်းပဲလား... တော်တော် နှိပ်စက်ခံထားရပြီးပလား... မဟာမိတ်ဖြစ်တဲ့ ကေအိုင်အေကရော အလိုတူ အလိုပါ မဖြစ်နိုင်ဘူးလား... "ဆွဲထည့်ပြီး ဖြေခဲ့ရတဲ့ အဖမ်းခံရတဲ့ထဲက လူတွေနဲ့ ဒီစစ်ဆေးချက်တွေကို အချောပြန်ရေးပြီး ကိုမျိုးဝင်းကို အစီစဉ်ခံခဲ့တဲ့ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ) သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။" အမြင်ကပ်ကပ်နဲ့ ဥက္ကဌလိုမျိုး သူတို့ရဲ့ အထက်က လူတွေရဲ့ နာမည်တွေ ဖော်ပြောပစ်လိုက်တာ ဖြစ်နိုင်သလို သန်းဇော်(စစ်တဲ့သူတွေ)က လမ်းကြောင်းပေး မေးသွားတာရော မဖြစ်နိုင်ဘူးလား... "အံ့သြဖို့ကောင်းတာက ကျမတောင်မှ မေးမြန်းစစ်ဆေးခဲ့တဲ့ နာမည်ထဲမှာ ပါခဲ့သေးတာ။ အစီစဉ်ရှိရှိလုပ်ခဲ့ကြတာ မဟုတ် ဘူးဆိုရင် ကိုအောင်နိုင် (မန္တလေး၊ အဲဒီအချိန်က အတွင်းရေးမှူး၊ နောက်ပိုင်းဥက္ကဋ္ဌ၊ လက်ရှိချင်းမိုင်) ကရော ဘာဖြစ်လို့ မပါနိုင်ရမှာလဲ။ ကိုအောင်နိုင် နာမည်တပ်ပြီး ဘာကြောင့် “ဟုတ်တယ်” လို့ မဖြေမချင်း ရိုက်စစ်မမေးခဲ့ကြတာလဲ။ ဘာ ကြောင့် ဘယ်သူမှ ဆွဲထည့်ဖြေမသွားခဲ့ကြတာလဲ" ဒေါ်လှိုင့်နာမည် ပါတာကတော့ ဖြစ်နိုင်ပါတယ်... ကိုရန်အောင်၊ မနန်းစော၊ မသင်းသင်း တို့ကို စစ်ဆေးတာ ပြဖို့ သန်းဇော် လာခေါ်လို့ လိုက်သွားဖူးတယ်... စစ်ဆေးတာ ကြည့်ဖူးတယ်လို့ ရေးထားသားပဲ..."သတ်ပစ်မယ်"လို့တောင် ပြောမိသေးလားလို့... ထားပါလေ... စိုးမင်းအောင် ဖော်ပြောတဲ့ နာမည် ငါးဆယ်ကျော် စစ်ချက်ကို အင်မတန် စိတ်ဝင်စားပါတယ်... ဒီပြသနာရဲ့ အစဖြစ်တဲ့ ရင်းမှုးသိုက်ထွန်းဦး တပ်က စိုးမင်းအောင်က တပ်ထဲက လူအားလုံးကို ဖော်ပြောသတဲ့လား... ကိုသိုက်ထွန်းဦးကို ဒေါ်လှိုင် ဘာကြောင့် မြှုပ်ထားတာလဲ... သူရော တာဝန်မရှိဘူးလား... ကိုထိန်လင်းနဲ့ စကားပြောခဲ့ကြတဲ့ အသံဖိုင်ကို လူတိုင်းလိုလို နားထောင်ဖူးပါတယ်... သူလဲ ဝန်ခံတယ်... စစ်ဆေးတဲ့ အပိုင်းတွေမှာ သူလျို ဖော်ထုတ်ရေး အဖွဲ့ထဲမှာ ရှိနေပြီး ကိုယ်တိုင် ဝင်ပြီး ရိုက်နှက်ဖူးပါတယ်တဲ့... ကဲ ဒါဆို အောင်နိုင်ကရော... ဘာလို့ အောင်နိုင်ကို ကာကွယ်ပြီး တချို့လူတွေကို မြှုပ်ပြီး ရေးပါသလဲ... ဒေါ်လှိုင်ကရော အနှစ်နှစ်ဆယ်အတွင်းမှာ သတ်သူတွေ သေသူတွေ လွတ်မြောက်သူတွေ အတွက် ဘာတာဝန်ကျေခဲ့ ပါသလဲ... မေးကိုသင့်တဲ့ မေးခွန်းပါ... အထက်က အချက်အလက်တွေ ကနေတဆင့် ဖြစ်နိုင်ချေ ရှိ/မရှိ သုံးသပ်နိုင်ပါလိမ့်မယ်လို့ ကျနော်ကတော့ ထင်တယ်... " မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အ မျိုးသမီးတွေကို ထည့်သွင်းမစဉ်းစားတဲ့ မဟာယောင်္ကျားကြီးဝါဒက ကျမကို ကယ်သွားတာပဲ" ဒါဆို မခင်ချိုဦးကရော... မဟာဝါဒရဲ့ အကွယ်ရောက်နေလို့လား... "ကိုညီညီကျော်နဲ့ အတွဲဖြစ်ခဲ့တဲ့ မန္တလေးသား ကိုသန်းဇော် (ဂေါစတာ) ကိုတော့ မန္တလေးသားတွေ တိုက်ခိုက်ပြောဆိုခဲ့တာမျိုး သိပ်မတွေ့ရတာကိုပါ။" ဒီလို အရေးအသားက ပြသနာ စဖြစ်ကတည်းက ဖြစ်ပေါ်နေတဲ့ ရေးသားတင်ပြချက်တွေကို အချိန်ယူ လေ့လာစောင့်ကြည့်ပြီး ကိုယ်ပဲ အလွတ်ကလေး ရိုးရိုးသားသားလေး တခြားလူတွေ အားလုံး သူလျိုတွေ ကြံစည်သူတွေလို့ စွပ်စွဲ ဖော်ထုတ်ချင်တဲ့ အရေးအသားလေးပါ... သန်းဇော်နဲ့ ဇော်ဇော်မင်းက အောင်နိုင်နဲ့ သံချောင်းနောက်က သေဒဏ်နဲ့ ထောင်တသက် တခုခုပဲ ဆိုတာတော့ ယုံထားပါ... သူလျို ဖော်ထုတ်ရေး တာဝန်ခံတွေကိုး... ရော်နယ်အောင်နိုင်က ထူးထူးခြားခြား ရေးပြစရာ မလိုတဲ့ သေဒဏ်ထိုက်တဲ့သူ... နမူနာ အဖြစ် သံချောင်းကို ကြည့်ထားကြပေါ့... အောင်နိုင်ပြောတဲ့ "သူ ဆယ်တန်းအောင်ပြီး ဆယ်နှစ်လောက် ပျောက်နေတာတွေရှိတယ်။ စစ်ချက် တိုင်းလိုလိုမှာ သူ့နာမည်က ပါနေတာ။ စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ်။ ထွက်ဆိုချက်တွေ က ခိုင်မာနေပြီး အချိတ်အဆက်တွေလည်း ရှိနေကြတယ်။ သူတို့သုံးတဲ့ကုပ်တွေ ချရေးခိုင်းတော့ တူနေကြတယ်။” ပြီး တော့ ဆက်ပြောသေးတယ် “မြို့ထဲမှာ ကျန်နေတဲ့ မင်းသူငယ်ချင်းတွေက ထောက်လှမ်းရေးတွေချည်းပဲ” တဲ့" စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ် ဆိုတာ အောင်နိုင်က သူ့နာမည်ကို ဖယ်ထားရသလား... စိတ်ဝင်စားစရာပါ... မန်းလေးက မြို့ပေါ်မှာ ထောက်လှမ်းရေးတွေ များပြားလှပါလား... သနားစရာ မန်းလေးပါလား... အောင်နိုင်က အင်မတန် သနားစရာ ကောင်းတဲ့ ဘုမသိ ဘမသိ လေးပေါ့... ရေးလဲ ရေးတတ်ပါ့ ဒေါ်လှိုင်ရေ... အဝေးကနေ စပိုင်ဖြစ်ကြောင်း ဝန်ခံနေတဲ့ ဒါရိုက်တာ ဖိုးစန်းရဲ့ စာလေးကို တင်ပြ လိုက်ပါဦးမယ်... ကိုဖိုးစန်း စာလေး ဖတ်ပြီးတော့ ရော်နယ်ကြီးကို စိတ်ဆိုးအောင် လုပ်မိတဲ့ အထဲ ကိုယ်များ ပါနေသလားလို့ စမ်းကြည့်ရသေးတယ်... http://www.facebook.com/photo.php?fbid=257461554342701&set=a.110157345739790.24725.100002365754291&type=3&theater ဒါတော့ မဖြစ်နိုင်ဘူး ရန်သူက နှစ်ဘက်စလုံးမှာ ရှိနေနိုင်တာပဲ” ဟုတ်ပါတယ်... သူလျိုဆိုတာ ချို(ဂျို)မှ မပါတာ... အခုထိလဲ သူလျို သံသယက မပျောက်သေးဘူးကိုး... ကဲ စစ်ဆေး မေးမြန်းကြပါဦးလေ... ခေါင်းတော့ မဖြတ်ကြနဲ့တော့ ပေါ့... "ထိုးကျွေးတာခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့ဟာ ဘယ်နည်းနဲ့ မှ မဆလ မဖြစ်နိုင်ဘူး။ ဖြစ်မဲ့ဖြစ်ရင် ဗကပ ကပဲ။" ဦးစိန် နာမည် ပါတာနဲ့ ဗကပ ဖြစ်ရောလား... သေပြီးသူတွေကို ထပ်ပြီး နာမည် ဖျက်ချင်နေတဲ့ ဒေါ်လှိုင့် သဘောထား မတင်ပြပါနဲ့... "ကိုမျိုးဝင်းကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကိုခေါင်းစဉ်တပ်ပြီး ဟုတ်တယ်လို့ မဖြေ မချင်း ရိုက်မမေးခဲ့တာ သေချာရင်၊ အဖမ်းခံရသူတွေထဲကနေ ရိုက်မေးစရာမလိုဘဲ အစီစဉ်ရှိရှိ ဆွဲထည့်ဖြေသွားကြတာ မဟုတ်ဘူးဆိုရင်" ဒေါ်လှိုင့်ရဲ့ သူရဲကောင်း ကိုမျိုးဝင်းက မရိုက်ပါဘူး... ကိုချိုကြီးလက်ကို ဓားနဲ့ ခုတ်ဖြတ်ပြီး ညီဖြစ်တဲ့ ကိုထွန်းအောင်ကျော်ကို လက်ပြတ် ကိုက်ခိုင်းတာ... ကိုကျော်ဝေလေးကို ခေါင်းဖြတ် ပစ်တာ... နောက်ပိုင်း ပြည်ထောင်စုနေ့မှာတော့ ကျင့်သားရပြီး လက်တွေ့သွားတဲ့ မျိုးဝင်း ခေါင်းချည့်ဖြတ်တော့တာလဲ ထည့်ပြောဦးမှပေါ့...  ပထမ ထောက်လှမ်းရေး တာဝန်ခံ လုပ်သွားတဲ့ တိုက်ပွဲကျ ကိုပီတာ ကိုချန်ထားကြပါသေးတယ်... သူတိုက်ပွဲ ကျတော့ သန်းဇော် ဖြစ်လာတာလေးလဲ ထည့်ရေးကြဦးမှပေါ့... အစီအစဉ် ရှိရှိ ဆွဲထည့် ဖြေတာ လေးကတော့ဗျာ ပထမ ငါးယောက် ဖော်ရတယ်တဲ့... ကိုအားစိုက်တို့လို သေပြီးသူတွေ အဖမ်းခံထားရသူတွေကို ထည့်ဖြေကြသတဲ့... သန်းဇော်တို့က ဒီလို ဖြေနေတာလဲ သိသွားရော... ထောင်ကျသူ သေသူတွေ နာမည် မပါပဲနဲ့ အသစ်ငါးယောက် ဖော်ရမယ် ဆိုတာကနေ လူတစ်ရာကျော် အဖမ်းခံရတဲ့ အထိ ဖြစ်သွားရတာ မဟုတ်လား... "ထွက်မပြေးခဲ့တဲ့ ကျမမှာ မြောက်ပိုင်းဓါတ်ပုံ တပုံလေးတောင်မရှိပေမဲ့ အသက်လုပြေးခဲ့ရတဲ့ ကိုညီညီကျော်ကတော့ တ ယောက်တည်းရိုက်ထားတဲ့ ကိုယ်ရဲ့ကိုယ်ပိုင် မှတ်တမ်းဓါတ်ပုံလေးတွေတောင် ရှိနေတာ တမျိုးတော့ စိတ်ဝင်စားစရာပဲ။" ဒါကတော့ ဒေါ်လှိုင် ပြောသလို စိတ်ဝင်စားစရာပါ... ကိုညီညီကျော်ဟာ စစ်အစိုးရ သူလျိုလဲ ဖြစ်နိုင်သလို... တနေ့နေ့မှာ သတ်ဖြတ်မှု လုပ်ခဲ့သူတွေကို ပြန်ဆော်ဖို့ ရည်ရွယ်သူ မဖြစ်နိုင်ဘူးလား... မန်းလေးသူ မန်းလေးသားချင်း ရှင်းရမဲ့ ကိစ္စတွေ ထည့်မရေးတော့ပါဘူး... သို့သော် "ဂေါစတာရုံးကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာမျိုး တခါမှ ကျမ မကြား ခဲ့ဖူးဘူး။ အဲဒီရုံးကို ဘယ်သူပိုင်တာလဲ။ ပိုင်ရှင်က သေသွားလို့ ခြိမ်းခြောက်တာတွေ ဘာတွေ မခံခဲ့ရတာလား" ဒီမေးခွန်းက သိရဲ့သားနဲ့ မေးတဲ့ မေးခွန်းပါ... မန်းလေးသားထဲကပဲ ဖြေမဲ့လူ ပေါ်လာပါလိမ့်မယ်... "အခုလည်း ရိုးသားတဲ့လူမှန် ရဲဘော်ရဲမေတွေကို ရှေ့ထုတ်ကာဗာယူပြီး နောက်ကွယ်ကနေ ကျောင်း သားတပ်ကို မိဘပြည်သူတွေထောက်ခံမှုမဲ့တဲ့ ရေမဲ့ငါးလိုဖြစ်အောင် ဆက်လက်တွန်းပို့ အကောင်အထည် ဖော်နေ" အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ဒီပြသနာ မဖြစ်ခဲ့ဘူးလား... တပ်ဖွဲ့ဝင်တွေ မသိဘူးလား... ပြသနာကို တာဝန်ခံ ဖြေရှင်းမဲ့(ဖြေရှင်းရဲသူ)မရှိဘူးလား... ရိုးသားတဲ့ ကျောင်းသား ရဲဘော်စစ်စစ်တွေကို အနှစ်နှစ်ဆယ်ကျော် ဘယ်လို နည်းနဲ့ ဒီပြသနာကို မသိရအောင် ဖုံးကွယ်ထားသလဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကို ဘယ်သူတဦး တယောက်က စွပ်စွဲနေသေးလို့လဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကရော ဟိုတုန်းက ဖြစ်ခဲ့တဲ့ ပြသနာ ပါဝင်ပတ်သတ်သူတွေ ကိုယ်ဟာကိုယ် ရှင်းကြပါ... ကျောင်းသားတပ်ကို ထိခိုက်လာနိုင် ပါတယ်လို့ မတွေးမိရအောင် တုံးနေကြပါသလား... ငြိမ်ပြီး နှုတ်ဆိပ်နေတဲ့ အတွက် တနေ့နေ့ လက်ရှိ အေဘီဘက် မြှားဦး လှည့်လာတော့မှာ မသိဘူးလား... စုံစမ်းရေး ကော်မတီ ဖွဲ့ပြီးပြီ... ကဲ... ၄လအတွင်း ဆောင်ရွက်ခဲ့ သမျှလေး တင်ပြပါလား... သက်ဆိုင်သူတွေ ရှင်းကြလို့ စာထုတ်ဖို့တောင် လက်တွန့်နေတဲ့ အတွက် တနှစ် အတွင်း ဖြစ်နိုင်ပါ့မလား... အာမခံ ရဲရဲကြီး ပေးထားလေသလားလို့ ထင်မိတယ်... ဘယ်သူ့ အရိပ်အောက် ခိုဝင်နေလို့ ကျန့်ကြာနေရပါသလဲ... ဒီပြသနာလို ပြသနာတွေ မရှင်းနိုင်သေး သရွှေ့ ပြည်သူ့ဆီက ဘာကို တောင်းခံမှာတုန်း... အာဏာရှင်နဲ့ ထူးမခြားနား လူသတ်သမားလို လူတွေကို ကာကွယ်နေတဲ့ အတွက် သိပ်မကြာခင် နစ်နာ ဆုံးရှုံးသွားတော့မှာ မသိလောက်အောင် လမ်းကြောင်း မရှိသွားနေပါသလား... ဥက္ကဌကတော်ရဲ့ မေးခွန်း မေးတဲ့ အလှည့် အပြီးမှာ ပြန်ဖြေရမဲ့ အလှည့်ကိုလဲ ထည့်သွင်း စဉ်းစားထားပါဦး... အပိုင်း(၆)ကတော့ ဒီလောက်ပါပဲ... အဖြစ်မှန် သိချင်သူတွေကို မေးခွန်းတွေ ပြန်မေးနေတဲ့ အတွက် နားလည် ရခက်ပါတယ်... ဘရာဇီး ငှက်ရိုး မတ်လ(၂၇)ရက် ဖက်ဆစ် တော်လှန်ရေးနေ့ အမှတ်တရ
· · Share

  • 7 shares

    • ဘရာဇီး ငှက်ရိုး http://www.facebook.com/photo.php?fbid=257461554342701&set=a.110157345739790.24725.100002365754291&type=3&theater


      ABကျောင်းသားဟောင်း ဖိုးစန်းက ၀န်ခံပါတယ်..သူဟာ စပိုင်ပါတဲ့၊သူတင်မကပါဘူးတဲ့.၊ကသာကသ...See More


    • Kyaw Than
      အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ဒီပြသနာ မဖြစ်ခဲ့ဘူးလား... တပ်ဖွဲ့ဝင်တွေ မသိဘူးလား... ပြသနာကို တာဝန်ခံ ဖြေရှင်းမဲ့(ဖြေရှင်းရဲသူ)မရှိဘူးလား... ရိုးသားတဲ့ ကျောင်းသား ရဲဘော်စစ်စစ်တွေကို အနှစ်နှစ်ဆယ်ကျော် ဘယ်လို နည်းနဲ့ ဒီပြသနာကို မသိရအောင် ဖုံးကွယ်ထားသလဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကို ဘယ်သူတဦး တယောက်က စွပ်စွဲနေသေးလို့လဲ... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကရော ဟိုတုန်းက ဖြစ်ခဲ့တဲ့ ပြသနာ ပါဝင်ပတ်သတ်သူတွေ ကိုယ်ဟာကိုယ် ရှင်းကြပါ... ကျောင်းသားတပ်ကို ထိခိုက်လာနိုင် ပါတယ်လို့ မတွေးမိရအောင် တုံးနေကြပါသလား... ငြိမ်ပြီး နှုတ်ဆိပ်နေတဲ့ အတွက် တနေ့နေ့ လက်ရှိ အေဘီဘက် မြှားဦး လှည့်လာတော့မှာ မသိဘူးလား... စုံစမ်းရေး ကော်မတီ ဖွဲ့ပြီးပြီ... ကဲ... ၄လအတွင်း ဆောင်ရွက်ခဲ့ သမျှလေး တင်ပြပါလား... သက်ဆိုင်သူတွေ ရှင်းကြလို့ စာထုတ်ဖို့တောင် လက်တွန့်နေတဲ့ အတွက် တနှစ် အတွင်း ဖြစ်နိုင်ပါ့မလား... အာမခံ ရဲရဲကြီး ပေးထားလေသလားလို့ ထင်မိတယ်... ဘယ်သူ့ အရိပ်အောက် ခိုဝင်နေလို့ ကျန့်ကြာနေရပါသလဲ... ဒီပြသနာလို ပြသနာတွေ မရှင်းနိုင်သေး သရွှေ့ ပြည်သူ့ဆီက ဘာကို တောင်းခံမှာတုန်း... အာဏာရှင်နဲ့ ထူးမခြားနား လူသတ်သမားလို လူတွေကို ကာကွယ်နေတဲ့ အတွက် သိပ်မကြာခင် နစ်နာ ဆုံးရှုံးသွားတော့မှာ မသိလောက်အောင် လမ်းကြောင်း မရှိသွားနေပါသလား...

 

 

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ (၅)

by ဘရာဇီး ငှက်ရိုး on Wednesday, April 11, 2012 at 8:17pm ·
ဒီအပိုင်းကတော့ စာနဲ့ ရေးပြတာထက် ပုံနဲ့ဖော်ပြတာ ပိုအဆင်ပြေမလားလို့လဲ ကျနော် ယူဆပါတယ်...
"ထူးဆန်းနေတာက နှိပ်စက်တာမခံနိုင်လို့ ပါးစပ်ထဲရှိတဲ့ နာမည်တွေ လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ် ပြော တယ်။ အဲဒီလို လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့ တယောက်မှကို မ ငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ ၀န်ခံခဲ့ကြတယ်။"...၊....၊....၊.
..တယောက်မကျန် ဟုတ်ပါတယ်။ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။ ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။" အောက်ပါလင့်ခ်မှာ ဒါရိုက်တာ ကိုဖိုးစန်းက ရှင်းပြပေးထားပါတယ်... http://www.facebook.com/photo.php?fbid=367389626637897&set=a.308168309226696.68726.100001005872314&type=1&theater "ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲကပဲဖြစ်ဖြစ် အဖမ်းခံရပြီး သူတွေထဲကပဲဖြစ်ဖြစ် မင်းတို့ ငြင်းမနေနဲ့ ငြင်းနေရင် အသားအနာခံရဖို့နဲ့ သေဖို့ပဲရှိတယ်။ ဟုတ်တယ်လို့ ဒီလိုဒီလို ဖြေ လိုက်လို့ဆိုပြီး လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။" ကဲ... နောက်ထပ် ပိုသေချာတာ တခုက ဒေါ်လှိုင်ရေးတဲ့ အပိုင်း(၄)ထဲက အောင်နိုင် ပြောတဲ့ စာသား... http://www.facebook.com/photo.php?fbid=367830996593760&set=a.308168309226696.68726.100001005872314&type=1&theater "လက်တွေ့မှာ အရာရှိအဆင့်နဲ့အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အ ပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့ သူတို့ချင်းဆက်သွယ်တဲ့ ကုပ်တွေပါ တူနေကြတာက ယုံကြည် လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေယူ၊ ဗွီဒီယိုတွေ ရိုက်ခဲ့ကြတဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ သက်သေပြဖို့ “ယင်ဒီးလို” သတင်းထောက်မျိုးကိုတောင် တောထဲခေါ် ပြလိုက်ကြသေးတယ်။" ချရေးထားတဲ့ သူတို့ချင်း ဆက်သွယ်တဲ့ ကုပ်တွေ၊ မှတ်တမ်းတွေ၊ ဗီဒီယိုတွေပါ တင်ပြလိုက်ပါ... (ပြောသာပြောနေတာ အထောက်အထား ဆိုတာ ရှိကို မရှိဘူး ထင်ပါတယ်)... ယင်ဒီးကို ခေါင်းဖြတ်ပွဲ မတိုင်ခင် ခေါ်သလား ခေါင်းဖြတ်ပွဲ ပြီးမှ ခေါ်သလား... အင်မတန် အရေးကြီးတဲ့ အချက်ပါ... "မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ်လာခေါ်ကြတော့ ပြန်မထည့်ပေးဘဲ လူကြီးတွေကို ဂတိပျက်ခဲ့တာ လည်းရှိတယ်။ တောထဲလိုက်လာတဲ့ မိဘတွေကို ခင်ဗျာ့တို့ သားသမီးတွေက ဒီလိုဒီလိုတွေပါလို့ ရှင်းပြခဲ့ကြသေးတယ်။" စစ်ချက်တွေတင် တူတာ မဟုတ်ဘူး ဒေါ်လှိုင်ရေ... မိဘတွေဆီကို လာခေါ်ဖို့ စာရေးတာတောင် တူနေသေးတယ်... ဘယ်လောက်များ စိတ်ချင်းဆက်နေကြသလဲ..."အဲဒီအချိန်က ဗဟိုဥက္ကဋ္ဌ ကိုနိုင်အောင်လည်း ရောက်နေတဲ့အချိန်ဖြစ်လို့ အကျယ်ချုပ်နဲ့ပြန်လွတ်ထားတဲ့သူတွေနဲ့ တော ထဲကို လိုက်လာခဲ့တဲ့ မိဘတွေအတွက် ဖျော်ဖြေပွဲလေးတခု လုပ်ခဲ့ကြတယ်" ဒီအကွက်ကို စောင့်နေတာပါ... မိဘတွေ ရောက်ချိန်မှာ ဒေါက်တာနိုင်အောင် ရောက်နေတဲ့ အချိန်တဲ့... ကိုရဲလင်း အမေရဲ့ အဓိက သက်သေ ဗလာစာအုပ်ထဲက မှတ်တမ်းမှာ သွားသာဖတ်ပါတော့... (၁၉.၃.၁၉၉၂) ညနေပိုင်းမှာ မိဘတွေက ပါဂျောင်စခန်းကို ရောက်ပါသတဲ့... ဒေါ်လှိုင်ပြောသလို ဆိုရင် ဒေါက်တာနိုင်အောင် ရောက်နေချိန် ဆိုတော့... အင်မတန် သေချာတဲ့ သဘောပေါ့... http://www.facebook.com/note.php?note_id=257170661033637 "နန်းအောင်ထွေးကြည် (ခ) မငယ်က သူအဖေဟာ တချိန်က အမှတ်(၂)ထောက် လှမ်းမှူး ဦးခင်မောင်ကြည် ဖြစ်ပြီး လောဆစ်ဟန်တို့အမှုနဲ့ ပတ်သက်ပြီး ပြုတ်သွားတဲ့သူတဦးဖြစ်ကြောင်း၊ ကေအိုင်အေ က ဗိုလ်ချုပ်ဇော်မိုင်နဲ့ သူတို့မိသားစုက ဘယ်လိုပတ်သက်ဆက်နွယ်မှု ရှိခဲ့တယ်ဆိုတဲ့အကြောင်း" ဒီလိုလေး ရေးပေးလိုက်တာ ကျေးဇူးပါ ဒေါ်လှိုင်... ဒါက ဘာကိုညွှန်းသလဲ ဆိုတော့ မငယ်ဟာ ရိုးသားတဲ့ သူမို့လို့ ဒီလိုစကား ထုတ်ပြောတာပါ... အခု ဒီစကားထုတ်ပြောတဲ့ ဒေါ်လှိုင်လဲ ဒီတချက်ရယ် အပေါ်က နိုင်အောင် ရောက်နေချိန်ဆိုတဲ့ တချက်ရယ်မှာ အမှန်တကယ် ရိုးသားကြောင်း မြင်ရပါတယ်... (၅.၄.၁၉၉၂)မှာ မိဘတွေ သားသမီးတွေ ထားခဲ့ပြီး ပြန်သွားကြရတယ်... http://www.facebook.com/note.php?note_id=259580867459283 ဒေါက်တာ နိုင်အောင် ကတော့ "မိမိသည် ဦးစိုင်းထွန်း၊ ဗိုလ်မှူကြီး စိုင်းလိတ်(SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူတရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်"လို့ ဆိုနေပါလား... http://www.facebook.com/photo.php?fbid=3586932633250&set=a.3586924473046.164624.1271325398&type=3&permPage=1... အချင်းချင်း အလွဲတွေ ရှင်းလိုက်ကြပါဦး... မငယ်နဲ့ ဒေါ်လှိုင်တို့ လက်မောင်းသွေးဖောက် သစ္စာရေ သောက်ပြီးတဲ့ နောက်ပိုင်းမှာ... “မင်း ဒီနေရာက ထွက်သွားတာနဲ့ ဒီကိစ္စတွေကို ငါတို့လိုချင်တာ မရသေးတဲ့အချိန်မှာ မဖော်ထုတ်ရဘူး။ အချိန်ကျလို့ ဖော်ထုတ်မယ်ဆိုရင် မဟုတ်ဘဲနဲ့ သေသွားတဲ့သူတွေအတွက် ငါလည်းမှန်တဲ့အတိုင်း ရပ်တည်မယ်။ အချိန်မကျဘဲ ဖော်ထုတ်ခဲ့မယ်ဆိုရင် ရန်သူသဘောကျအောင် လုပ်တာနဲ့ အတူတူပဲမို့ မင်းကိုလည်း ငါ ရန်သူ့လူလို့ပဲ သတ်မှတ်မယ်” အခုဒီကေ့စ်ကို စပြီး မွှေတာ ဒေါ်လှိုင်တို့ မိတ်ဆွေ ထိန်ထိန်(ပန်းချီထိန်လင်း)လေ... အခုတော့ ဒေါ်လှိုင်က ရန်သူလို့ သတ်မှတ်လိုက်ပြီလား... ဒေါ်လှိုင့်ကို ကောင်း၏ ဆိုး၏ မငယ် မရေးသေးပါဘူး... သူရေးတာ "နေဝင်းစိုး"လေး သေသွားတဲ့ အပိုင်းမှာ ရပ်နေပြီး... သူလဲ စာစီတုန်းလေ... အဲ.. ဒေါ်လှိုင်သာ တော်လှန်ရေးနေ့ တရက်ထဲ စာရေးလိုက်တာ အပိုင်း(၅)တောင် ရောက်သွားပါရောလား... စာစီစာရိုက် ဘယ်မြန်ပါ့မလဲ... "ရဲဘော် ထွန်းအောင်ကျော်ရဲ့ လုပ်ဖော်ကိုင်ဘက်ပါလို့ ကြွေးကြော်နေတဲ့ ကိုအောင်မိုးဝင်း မသိကျိုးကျွန်လုပ်ပြီး အသုံးချနေတာ တော့ ကျမအတွက် နည်းနည်း ထူးဆန်းနေပါတယ်။ (ဖြစ်ရပ်မှန်ကို ရိုးသားစွာ ဖော်ထုတ်တင်ပြနေတာကို မဆိုလိုပါ)" ဥက္ကဌကို ရဲဘော် ရဲဘော်နဲ့ မသုံးပါနဲ့ဗျာ... မန်းလေးမှာ ဗကသအနေနဲ့ ဒေါ်လှိုင်တို့ လှုပ်ရှားခဲ့ကြတာတော့ အချိန်တန်ရင် ဗကသ ဟောင်းတွေ ဝင်ထောက်ခံမှာပါ... "ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို ထပ်ဖမ်းအုံးမယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ ကိုမျိုးဝင်း တိုက်ပွဲကျတာ ကြားရတော့ ကျမ မျက်ရည်ကျခဲ့တယ်။" အဖမ်းခံရတာ များလွန်းလို့ တပ်ထဲမှာ လူရော ရှိသေးရဲ့လားဗျာ... အပေါ်မှာတော့ ဥက္ကဌ ဖြစ်သူကို ရဲဘော်ထွန်းအောင်ကျော်တဲ့... မျိုးဝင်း ကျတော့ ကိုမျိုးဝင်းလို့ ဆိုပါလား... ဒါကြောင့် ထင်ပါရဲ့... ဒေါ်လှိုင်ရေးတဲ့ အပိုင်း(၂)တင်လိုက်တော့ အောက်မှာ ဒေါ်လှိုင့်အတွက် ကွန်မန့် တခုပေးသွားပါတယ်... (သေချာတာကတော့ ဒီအဒေါ်ကြီး လူသတ်သမားတွေထဲက တယောက်ယောက်ကို အသေအလဲ ကြွေခဲ့ဖူးလိမ့်မယ်) တဲ့... "ကိုချိုကြီး (မန္တလေး၊ ယူဂျီ၊ အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ယူဂျီ၊ ထောင်ထဲမှာ အရိုက်ခံရသေ ဆုံး)၊ ကိုကျော်ဝေ (မန္တလေး၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေးမှာ သေဆုံး)၊ အောင်ဖိုး (ရန်ကုန်၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ သူတယောက်သာ ကေအိုင်အေ အကာအကွယ်အောက် ကနေ ပြန်လွတ်)" ကိုကျော်ဝေက ပထမဆုံး ခေါင်းဖြတ်ခံရတာ မဟုတ်လား ဒေါ်လှိုင်... မျိုးဝင်း ခုတ်လိုက်တာ ဆိုလားလို့... နောက်တော့ မျိုးဝင်း ခေါင်းဖြတ်တာ လက်တွေ့သွားပုံ ရပါတယ်... ခေါင်းချည့် ဖြတ်တော့တာ... "နောက်ထပ် ရိုးရိုးသားသားလူသစ်နှစ်ယောက် (အမျိုးသမီးတယောက်၊ အမျိုးသားတယောက်) ကို ဒါတွေနဲ့ မသက်ဆိုင် ဘူးလို့ ယူဆကြလို့ ဒါတွေဖြစ်နေတဲ့အချိန် ကေအိုင်ဘက်မှာ ခဏထားပြီး ပြန်လွှတ်လိုက်ပါတယ်။" အဲ့ဒီ လူတွေကို မန်းလေးသား တော်တော်များများက သိချင်နေကြပါတယ်... ဒီကေ့စ် ဖြစ်ပေါ်လာအောင် မွှေတဲ့သူတွေ မဖြစ်နိုင်ဘူးလား... "ဒီ ယူဂျီလုပ်ခဲ့သူတွေအားလုံး ဘာကြောင့် ဗဟိုမှာ ရောက်နေကြ ရတာလဲ။တနည်းအားဖြင့် သူတို့ရောက်လာကြတဲ့အချိန် ကွက်တိကြီးမှာမှ ဘာကြောင့် ဒါတွေဖြစ်ပျက်သွားခဲ့ရတာလဲ။" တနေ့ထဲ တရက်ထဲ ဖမ်းပြီး သတ်ပြစ်တဲ့ ပုံစံလုပ်ချင်လို့လား ဒေါ်လှိုင်... တနှစ်လောက် ကြာအောင် ဖြစ်ပျက်နေတာ မဟုတ်ဘူးလား... "ကိုညီညီဆိုတာ မြို့မှာတုန်းက ဂေါ်စတာရုံးမှာ မြင်ဖူးနေတာကလွဲလို့ စကားတောင်မပြောခဲ့ဖူးဘူး။ ဒါတွေ ဖြစ်ခါနီးအလိုမှာမှ တောထဲကို ကိုချိုကြီး၊ ကိုအောင်မင်းတို့နဲ့အတူ ယူဂျီအနေနဲ့ လာခဲ့တာ။ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ အခုလို စကားပြောခွင့်ရခဲ့တာ။" အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ ဆိုတော့ မသတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့ လေသံနဲ့ပါလား... "ကိုမောင်မောင် (ရွှေကရ၀ိတ်) က ဒါတွေနဲ့ပတ်သက်ပြီး စာအုပ်ထုပ်ဖို့ အဆင်သင့်ပဲဆိုတော့ အံ့သြ စရာပဲ။" ခရီးသွား မှတ်တမ်းလေး ထုတ်ချင်တာတောင် မန်းလေးက ဘယ် ပုံနှိပ်တိုက်ကမှ မထုတ်ရဲလို့ ရွာလည်နေတယ် ဆိုလား ကြားမိတယ်... ခရီးသွားမှတ်တမ်း ဆိုတာတောင် သွေးပျက်နေပြီ ထင်ပါရဲ့... ဖတ်တောင် မကြည့်ရသေးတဲ့ မထွက်သေးတဲ့ စာအုပ်ကို ဝေဖန်တာတော့ အကြားအမြင် ရနေမှ ဖြစ်နိုင်မှာပါ ဒေါ်လှိုင်ရေ... "ဒါတွေ ဖြစ်ခါနီးအလိုမှာ တောထဲကိုရောက်လာကြတဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ) အောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုကျော် ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) အားလုံးအသတ်ခံခဲ့ရပေမဲ့ ကိုမောင်မောင် (ကရ၀ိတ်) ရဲ့ ညီဖြစ်တဲ့ ကိုညီညီ (ယူဂျီ၊ မန္တလေး) တယောက်တည်း ပြန်လွတ်လာခဲ့တာ ကံကောင်းသွားတယ်လို့ ပြောရမလို ဖြစ်နေ တယ်။" ဒါဆို ကိုညီညီကို ကယ်ထားလိုက်တဲ့ ကေအိုင်အေကရော ဘာလဲ... အနှစ်နှစ်ဆယ်အတွင်း ဖုံးထားသမျှ မဖော်ပဲ မေးခွန်းတွေ ပြန်မေးနေပါလား... ထားပါလေ... အမှန်တရား ပေါ်လာရင် အမှား လုပ်သူအားလုံး ခံကြရမဲ့ ကိစ္စပဲ... "ကျမ (၁၉၉၆ ၉၇) အထဲကို ပြန်ဝင်တုန်းက" တော်တော်များများက ၁၉၉၅မှာ ကေအိုင်အေ ငြိမ်းချမ်းရေးယူလိုက်တော့ အေဘီက လူတွေ အလင်းဝင်ကြတယ်လို့ သိထားကြရတယ်... ဒေါ်လှိုင်က ၉၆ ၉၇မှ ဆိုတော့ ကြားထဲမှာ ၁နှစ်လောက် ဟနေတာကရောဗျာ... လမ်းမှာ ကြာနေတာ ထင်တယ်... "စိုးမင်းအောင် (မန္တလေး) ကို ထွက်ပြေးဖို့ ဘယ်သူ လွတ်ပေးခဲ့ တာလဲ။ စိုးမင်းအောင်ကရော သူ့ကိုသံသယနဲ့ စောင့်ကြည့်နေတဲ့အကြောင်း သူနဲ့နီးစပ်တဲ့ ဗဟိုကော်မတီဝင်တွေထဲက တဦးဦး မပြောပြဘဲနဲ့ ဘယ်လိုသိနိုင်သလဲ။" စိုးမင်းအောင်ကို စစ်ထားတဲ့ အထောက်အထားတွေနဲ့ အတူ စာရင်း တင်လိုက်ပါ... အရေးအကြီးဆုံးက အနှစ်နှစ်ဆယ် အတွင်းမှာ ငုပ်လျိုးနေတဲ့ မြွေတွေ ဟိုဘက် ဒီဘက် ရှိနိုင်တာပဲ... အနှစ်နှစ်ဆယ်အတွင်း တနေ့စာရင်းရှင်းခံရမဲ့ ဒီကိစ္စအတွက် တိကျတဲ့ စုံစမ်းထားမှု မရှိတော့ဘူးလား... အကုန်သူလျိုတွေပဲ အေးဆေးပါလို့များ ထင်ထားသလား... သတ်ခွင့် မရလိုက်လို့ လွတ်သွားရသူတွေ တနေ့ပြန်ဆော်မှာ တွေးမထားတဲ့ ငတုံးတွေတော့ မဟုတ်လောက်ဘူး ထင်ပါတယ်... "ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ လက်ပြန်ကြိုးတုပ်ထားတဲ့ကြားက အရာရှိတွေအားလုံးထဲမှ အ စောဆုံးနဲ့ ပထမဆုံးထွက်ပြေးနိုင်သူ) ကရော" ညီညီကျော် ထွက်ပြေးတာ ဘယ်သူမှ မသိဘူးလား... ခေါင်းဖြတ်မသတ်ခင်မှာ စခန်းမှာ ရှိတဲ့ အခုထိ သူလျိုလို့ အေဘီက သတ်မှတ်ခံထားရတဲ့ သူတွေ အားလုံး ဖမ်းထားပြီးလောက်ပြီ... ဘယ်သူက လွှတ်ပေးတယ် ထင်ပါသလဲ... လက်ပြန်ကြိုးလဲ တုပ်ထားသေးတယ်... ကျောင်းသားတပ်က ဂိတ်နဲ့ ကေအိုင်အေက ဂိတ်တွေ၊ အစောင့်တွေ၊ အေဘီက ရဲဘော်တွေ လူအများကြီး ကြားက ထွက်ပြေးသလိုလို လွတ်သွားသလိုလို ဆိုပါလား... ဒါဆို သူလျိုက အဖမ်းခံရသူတွေ ထဲကအပြင် ကျန်သူတွေ ထဲမှာလဲ ရှိနေသေးလို့ ဒေါ်လှိုင် အပိုင်း(၄)မှာ ရေးသလို ခြေသည်းလက်သည်းတွေ ပုပ်ပြီး ခွာနာလျှာနာလို မျိုးဖြစ်... သတိတွေ ဘာတွေ လစ်ပြီး အဆိပ်မိသွားတာ ဖြစ်နိုင်တယ်... မေးချင်တာက ဘယ်သူဖြစ်နိုင်မလဲဗျာ... တဦးတယောက်ကြောင့် စိုးမင်းအောင် ထွက်ပြေးသွားတာလဲ မေးစရာ မေးခွန်းပါပဲ... "ကိုသန်းဇော်နဲ့ ဇော်ဇော်မင်း တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သွားမေးမကြည့်ခဲ့တာလဲ။" barbu abnb ဆိုတဲ့ တယောက်ကတော့ ပေါ်တင်ပဲ ခေါ်မေးဖို့ ကြိုးစားတဲ့အခါ စစ်အစိုးရ ထောက်လှမ်းရေးတွေကို သွားတိုင်ထားတာနဲ့ နောက်နောင် ဇော်ဇော်မင်းနဲ့ သန်းဇော်တို့ကို စိတ်နဲ့တောင် မပစ်မှားနဲ့လို့ စစ်အစိုးရ ထောက်လှမ်းရေးတွေက ကြိမ်းသွားသတဲ့... အဲ့ဒီ နှစ်ဦးက အသတ်လဲ မခံရ၊ အချုပ်လဲ မကျ၊ ခပ်တည်တည်နဲ့ သူလျိုဆိုတဲ့ ဖမ်းဆီးခံရသူတွေ အားလုံးကို စစ်ဆေးမေးမြန်း ရိုက်နှက်ခဲ့တဲ့ အေဘီရဲ့ သူလျိုဖော်ထုတ်ရေးက အရာရှိတွေ ဆိုပါလားဗျာ... "လက်ရှိနိုင်ငံရေးနဲ့အချိန်ကိုက် ဒါတွေကို လူထုကြား ဖွချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကို တိုက်ချပစ်လို့ ရလိုရဌား အားစမ်းကြည့်တဲ့သဘောပါ။ ဒီ အဖြစ်အပျက်တွေကို (၁၉၉၂) အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက်အုပ်စု ထွက်ပြေးစဉ်က တခါ။ (၂၀၀၆) ကိုသံချောင်းနဲ့ ရဲ ဘော်တစု အဖမ်းခံရစဉ်ကတခါ နအဖကသတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းစာတွေကနေ တီဗွီတွေကနေ ပြည်သူလူ ထုကို ချပြခဲ့တာ နှစ်ခါတောင်ရှိပါပြီ။" အေဘီနဲ့ လှည့်မတိုက်ပါနဲ့ဗျာ... မသမာတဲ့ လူတစုပါ... ဒါဆို ဒီပြသနာ အခုပေါ်လာတဲ့ အခါ အေဘီက ဘာများ ဆောင်ရွက်ပြီးပြီလဲ... ခရီးဘယ်လောက် ရောက်ခဲ့ပြီလဲ... သတင်းကြားမို့လို့ ရေးမတင်တာပါ (အရိုးတွေတောင် ဖော်ပြီး လက်စဖျောက်နေသလား)... တကယ်တမ်း အဲ့ဒီလို ဆောင်ရွက်ခဲ့မိရင် ပိုဆိုးတဲ့ ကိစ္စကြီးတွေ ကျူးလွန်မိပြီ... စစ်အစိုးရ သတင်းကိုတော့ ဘယ်သူမှ မယုံဘူးဗျာ... မယုံလို့လဲ အနှစ်နှစ်ဆယ်အထိ အခုလို အေးအေးချမ်းချမ်း နေနိုင်ကြတယ် မှတ်ပါ... ဒီလူ တရာနီးပါးမှာ အကုန် သူလျိုပဲလား... ကျောင်းသားစစ်စစ် ပါခဲ့ရင် ကြိုးစင်ပေါ် တက်လိုက်မယ် ဆိုတဲ့ ရဲရဲတောက်တွေ သေကုန်ကြပြီလား... "တနိုင်ငံလုံး နေရာအနှံ့အပြား ဘက်နှစ်လက်ကြားမှာ မြေဇာပင်ဖြစ်ခဲ့တဲ့ မိဘပြည်သူရဲ့ နစ်နာဆုံးရှုံးခဲ့ရမှုတွေက ပိုကြီးပါတယ်။" ၈၈၈၈၊ ဒီပဲယင်း၊ ၂၀၀၇ ဘယ်သူ အမှုမှန် ပေါ်ဖို့ ဦးဆောင်မလဲ မေးချင်တယ်ဗျာ... ဒီကေ့စ်မှာ ဇာဂနာ ဝင်အာချောင်လိုက်တာ ဘာဖြစ်နေတုန်း... (အားနာပါရဲ့) လူတောတောင် မတိုးတော့ဘူး... ဒေါ်လှိုင်ရေ... အာဏာရှင်ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးကို လက်နက်ကိုင်တိုက်နေတဲ့ အေဘီ အရိပ်အောက်မှာ အာဏာရူးသွားတဲ့ လူတစုကြောင့်ပါ... ဒါနဲ့ အတိတ်က အရိပ်များ ဆိုတဲ့ အပိုင်းတွေ ရေးနေတဲ့ ခင်စန်းနွယ်ဆိုတာ ကရော ဘယ်သူလဲ ဘာလဲ... ဦးစီးလွှမ်းမိုး လက်ထက်ကတည်းက အေဘီကရဲမေပဲလေ... သူဘာလဲ... မြှုပ်မထားပါနဲ့... အမှန်တရားဆို ထည့်သာရေးပါ... သုံးသပ်လို့ ရတာပေါ့... "မမူ ခေါ်လာခဲ့တဲ့ ကိုမြတ်ကို တောထဲကို ခေါ်ရှင်းဖို့ ဘယ်သူတွေ လွတ်ပေးခဲ့တာလဲ ယူဂျီလမ်းကြောင်းက လူတွေ။ တော ထဲကနေ ဘာမသိညာမသိ ရှင်းဆိုလို့ ရှင်းပေးခဲ့ရတာက လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုဝင်းနဲ့ ကိုသံချောင်း။" မြို့ပေါ်က ရှင်းခိုင်းတယ် ဆိုတိုင်း ရှင်းပစ်တာပဲလား... စိတ်ဝင်စားစရာပါ... တောထဲက ရိုးရိုးသားသား ကျောင်းသားတွေကို မြို့ပေါ်က မသမာတဲ့ လူတွေက လှမ်းခိုင်းနေတယ် ဆိုပါတော့... အဲ့ဒီ မြတ်ကိုကနေ စလိုက်တာ ရန်ရှင်းနဲ့ သံခဲ အမှုတွဲ ဖြစ်သွားတာပဲ... မြတ်ကိုနဲ့ အတူတူ တောခိုဖို့ လာခဲ့ကြတယ်လို့ ကိုသံဒုတ်(ကိုသံခဲအကို)က ရေးထားပါလား... လူတော်တော်များများ ကိုသံဒုတ်ရေးတာ ဖတ်ဖူးကြပါတယ်... ကိုရန်ရှင်း သေ/မသေ ဆိုတာတောင် တော်တော်လေး အငြင်းအခုန် ဖြစ်ကြရပါသေးတယ်... ဘယ်သူမှ မသေစေချင်သေးဘူး... ကိုမြတ်ကို သေတာကို စုံစမ်းဖို့လာတဲ့လူ သေသွားတယ် ဆိုတော့ မြှုပ်ထားတဲ့ အကွက်တွေ ရှိနေဦးမှာပဲ... ထိန်ထိန်က ဒီကေ့စ်ကို ခေါင်းလောင်းထိုးလိုက်တယ်(ဒေါ်လှိုင့်ကို ချန်ရေးသွားတယ်)... သူ့တာဝန်က မောင်းတီးပေးလိုက်တယ် ပြီးသွားပြီ... မန်းလေးသား ကိုအောင်မိုးဝင်းက မန်းလေးက ဗကသဥက္ကဌကို သတ်သွားလို့ ဆိုပြီး အကုန်ချရေးတယ်... မန်းလေးက ဗကသဥက္ကဌ တယောက်ပဲ သေတာမှ မဟုတ်တာ... ကိုကြီးထွန်းအောင်ကျော်က Icon ရှိတဲ့ သူမို့လို့ နာမည်ထွက်နေတာ အခြားနယ်ပယ်စုံ ကလူတွေရော မသေဘူးလား... အရိုးတွန်သံက အပိုင်း၁၁မှာ အဆုံးသတ်သွားရော(ဒေါ်လှိုင့်ကို ခေါင်းဖြတ်ပွဲကို ရဲရဲတောက် သွားကြည့်ဖူးတဲ့ ရဲမေ ဆိုပြီး ချန်ထားခဲ့ကြတုန်းပဲ)... အဲ့ဒီ အပိုင်းတွေလောက်ကို ဒေါ်လှိုင် ပြုံးပြုံးလေး ဖတ်နေမှာပါ... ကိုညီညီကျော် ပုံလေးတွေ စာလေးတွေ တင်တယ် (ဒေါ်လှိုင်အေးဆေးပဲ)... ကိုရဲလင်း ပုံလေးတွေ စာလေးတွေ တင်တယ်... သူ့အမေ ရေးတာလေး တင်ပေးတယ်... ကိုရဲ ရေးတဲ့ အပိုင်းအထိကို အမှန်တရား ရှာဖွေသူ ဒေါ်လှိုင် တယောက် အေးဆေးပဲ(ထိန်ထိန်ရေးတာ လပေါင်းများစွာ(၄လကျော်) ကြာလာပြီ)... ကိုမောင်မောင်(ရွှေကရဝိတ်)က သူသိသမျှ မြင်သမျှ ကြားသမျှလေးတွေ ရေးတယ်(အေဘီက မဟုတ်တဲ့ အပြင်လူ - ဖမ်းခံ ထားရတဲ့ သူ့ညီ သွားခေါ်ဖို့ ကြိုးစားတဲ့သူ)... ကိုစိုးလင်းရေးတယ်... မငယ်ရေးတယ်... ဒေါ်လှိုင့်နာမည် မပါသေးတော့ အေးဆေးပဲ... အမှန်တရား ရှာဖွေချင်တဲ့ လူရဲ့ နေနိုင်ပုံက သြချရလောက်တယ်... ကိုညီညီ(ဆမား) မန်းလေးသားချင်း မြွေမြွေချင်းတော့ ခြေမြင်မှာပဲ... ရေးချလိုက်တော့မှ... ရပ်ကွက်ထဲက ဥက္ကဌကတော်က ထမိန်စွန်တောင်ဆွဲပြီး လမ်းပေါ်ထွက်အော်တဲ့ စတိုင်နဲ့... စာဖတ်သူတွေ မြင်တဲ့ အမြင်က ရှင်းပါတယ်... ရိုးသားသူဆိုတာ စောစောစီးစီး ကတည်းက ရိုးသားစွာ ရေးမှာပဲ... ကိုယ့်ဘက်ကို အခြေအနေက ယိုင်ဆင်းလာမှ ထွက်လာတော့ လူတွေ ရီမှာပေါ့... စာဖတ်သူတွေကတော့ ထင်မှာပဲ... မန်းလေးသားတွေနှယ် သိပ်ရှုပ်တာ အခုထိ အနှစ်နှစ်ဆယ် ကြာပြီ... အမယ်ဘုတ် ဖြစ်နေတုန်း... ဒါနဲ့ သူလျိုလိုလို သတင်းပေးလိုလိုတွေ ဖြစ်တဲ့ ကိုညီညီ၊ ကိုညီညီကျော်၊ ကိုမောင်မောင်(ရွှေကရဝိတ်)..... စတဲ့ လူတော်တော်များများကို ဒီအသိုင်းအဝိုင်းထဲမှာ အခုထိ ကျင်လည်နေစေတာတုန်းဗျ... ဘာပွဲ ဖြစ်ဖြစ် ဒီလူတွေ ပါနေပါလား... မန်းလေးသားတွေကြားထဲမှာ ရပ်တည်နေနိုင်တာ ဘာကြောင့်ပါလိမ့်... ဒေါ်လှိုင်ရော မန်းလေးမှာ ဒီလိုပဲ (၁၉၉၅လား ၉၇လား အလင်းဝင်တုန်းက) မြို့ကလူထုက ဘယ်လို ဆက်ဆံလိုက်သလဲဗျာ... ရေးပါဦး ဖတ်ရတာပေါ့... ကျနော့် အတွေးကတော့ ရိုးရှင်းပါတယ်... မန်းလေးမှာ ဒေါ်လှိုင့် အနေနဲ့ ဘယ်လို မျက်နှာနဲ့မှ ရပ်တည်လို့ မရတော့လို့ တောထဲ ပြန်ရောက်သွားတယ်ပဲ မှတ်နေတုန်း... မန်းလေးပြည်သူလူထုက လူတုမိသားစုဝင်ကို ဘာလို့ လက်မခံရတာလဲ... တော်တော်ဆိုးတဲ့ သူတွေပဲ... ဘာပဲဖြစ်ဖြစ် ရဲဘော်ဟောင်းပဲလေ အကြင်နာတရားမဲ့လိုက်တာ... စိတ်တောင်မကောင်းဘူး... ဘယ်သူ ဘယ်လို အခြေအနေဆိုတာ တနေ့ အဖြေမှန် ပေါ်ပါလိမ့်မယ်ဗျာ... စောင့်မျှော်ကြည့်ရှု့ကြတာပေါ့... အပိုင်း(၅)ကတော့ ဒီလောက်ပါပဲ... ဘရာဇီး ငှက်ရိုး မတ်လ(၂၇)ရက် ဖက်ဆစ် တော်လှန်ရေးနေ့ အမှတ်တရ (အမေ လူထု ဒေါ်အမာ ရှိနေသေးရင် ညည်း ရွှေပြည်ကြီးကနေ ထွက်သွားပြီးတော့ ရောက်တဲ့မြို့က "ဆိုး"မြို့... ညည်းတော့ ဒီမြို့ရောက်ပြီး ပျက်စီးပြီ ဆိုပြီး... နောက်တမြို့ ပြောင်းသွား လိုက်တာ အခုညည်း ရောက်နေတဲ့ မြို့က "ပြုံရမ်း"မြို့ ဖြစ်နေပါလားလို့များ ပြောလေမလားပဲ...)
· · Share

 

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ (၄)

by ဘရာဇီး ငှက်ရိုး on Tuesday, April 10, 2012 at 3:00am ·
စစ်ဆင်ရေး အတွင်းမှာ သိုလှောင်ထားတဲ့ ဆန်တွေနဲ့ ပတ်သတ်ပြီး သင်္ကာမကင်းခံရသူ "ထွက်ပြေးခဲ့တဲ့ စိုးမင်းအောင် (မန္တလေး)"... ကိုထိန်လင်းကတော့ ပင်ပန်းဆင်းရဲတဲ့ ဒဏ်မခံနိုင်လို့ ပြန်ပြေးတဲ့သူလို့ ဆိုပါတယ်... ဒေါ်လှိုင်ဘက်ကသာ တိတိကျကျ မည်သူ မည်သူတွေကိုပါ စိုးမင်းအောင်နဲ့ အတူ စောင့်ကြည့်ခံရတယ်... အခြေအနေ ဘယ်လို ဖြစ်နေပြီ ဆိုတာလောက်ကို တိတိကျကျ ရေးပြလိုက်ရင် ရှင်းနေပါတယ်... သူတဦးတည်းကို စောင့်ကြည့်တာမှ မဟုတ်တာ... အခြား စောင့်ကြည့်ခံရသူ တွေကိုပါ အခု စာရင်းမှာ ထည့်ရေးသင့်ပါတယ်... အမြင်ရှင်းသွားအောင်ပါ...ကိုထိန်လင်း ပြောပြချက် လင့်ခ်
(http://8-8-88.blogspot.com/2012/02/blog-post_16.html) (http://www.myanmarexpress.net/2012/02/absdf_18.html) 
ကိုသန်းထွန်းစိုး(ခ)တိုက်ပိတ် ပေါ်ထွက်လာပါပြီ... ရှင်းကြဖို့ပဲ လိုပါတယ် ဒေါ်လှိုင်ရေ...
 အောက်ပါလင့်ခ်မှာ ကြည့်ရှု့ပါ
(http://www.facebook.com/photo.php?fbid=202017996576088&set=a.114063138704908.18988.100003036666936&type=1&theater) ထောင်ပုံပြင်တွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့ဗျာ... တိုက်ပိတ်ကိစ္စနဲ့ ခွဲမှုးစောသက်ထွန်းကိစ္စက သေသေချာချာ လေ့လာပြီး ဖော်ထုတ် သင့်ပါတယ်... အမှန်အတိုင်းပဲ ကျူးလွန်ကြရင် ကျူးလွန်သူတိုင်း အပြစ်ခံကြရပါမယ်... "ကိုယ်ခိုင်းခဲ့တဲ့ ရဲဘော်တယောက်ကို ကိုယ်အာဏာ လက်ရှိရှိနေဆဲအချိန်မှာ ကာကွယ်မပေးခဲ့ဘဲ ဘာဖြစ်လို့ သူတို့ကိုယ် တိုင် ရိုက်စစ်တာမခံရသေးဘဲနဲ့ “ဟုတ်တယ်” လို့ အဲဒီအချိန်က ဖြေခဲ့သလဲဆိုတာကို မန္တလေးမှာ လက်ရှိရှိနေတဲ့ ဗန်း မော်ခရိုင်မှူးလုပ်ခဲ့တဲ့ ကိုညီညီကျော်ကို ကျေးဇူးပြုပြီး အချက်အလက်အမှန်တွေ ဖြည့်ရေးနိုင်ဖို့ မေးကြည့်ပေးပါ။" သူလျို ဖော်ထုတ်ရေးဆိုတဲ့ ကိစ္စကြီးကို အသဲအသန် လုပ်ဆောင်ဖို့ မျိုးဝင်းတို့ စတင် လုပ်ဆောင် ကြကတည်းက ဥက္ကဌဖြစ်သူ ကိုထွန်းအောင်ကျော် ခွင့်မပြုချင် ပြုချင်နဲ့ လုပ်ပိုင်ခွင့်အားလုံး ပေးခဲ့လိုက်ရတယ် ဆိုတာလေး ထည့်ပြော သင့်တာပေါ့... ပြန်ပြီး အစဆွဲထုတ် လိုက်ရအောင် အစကနဦး ဖမ်းခံရသူက ကိုမြတ်ကို ဘာအမှုတွေနဲ့ သေဒဏ်ပေးခဲ့ကြသလဲ... ဦးစီးလွှမ်းမိုးကိုရော ဘာအမှုတွေကြောင့် သေဒဏ်ပေးခဲ့ ရပါသလဲ... (ဘယ်လောက်များ ဆိုးဝါးတဲ့ အပြစ်ကို ကျူးလွန်မိလို့ သေဒဏ်အထိ အပြစ် ပေးပြစ်ရပါသလဲ...)... ဥက္ကဌဖြစ်သူ ကိုထွန်းအောင်ကျော်က မဖြစ်သင့်တာ မဖြစ်ကြရအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ဘယ်သူတွေကို ဘယ်လိုတွေ ပြောခဲ့ပါသလဲ... အကုန် ဖော်ပြောပါဒေါ်လှိုင်... အမှန်တရား မြတ်နိုးသူ ဆိုရင် အကွက်မကျော် သင့်ပါဘူး... "ရိုက်စစ်" လို့ ရေးထားလေတော့ ဒေါ်လှိုင်တို့ ဆီက လူတွေက ကိုယ်တိုင် ရိုက်နှက် စစ်ဆေးမှ ယုံကြည်သူတွေ (လုပ်လဲလုပ်ခဲ့ကြဖူး) ဆိုတာ ရှင်းနေပါပြီ... ရှင်သန်နေသူ ကိုညီညီကျော်ဆိုတာ ဒီပြသနာ ပေါ်မလာခင်ကတည်းက Kyaw Gyi (AB) ညီညီကျော် ဆိုတဲ့ ဖေ့စ်ဘွတ်စ် စာမျက်နှာကြီးမှာ ပြူးတူးပြဲတဲ ရေးထားတဲ့ ပုဂ္ဂိုလ်ပါ... ကျနော်တောင်မှ ဒီလူ့နှယ် နိုင်ငံခြားတိုင်းပြည် ရောက်နေလို့သာ အဲ့သလို ပေါ်တင်ကြီး ရေးတင်ထားတယ် မှတ်နေတာ နောက်မှ မန်းလေးကနေ သုံးနေမှန်း သိသွားပါတယ်... ကဲ... မန်းလေးပွဲ လုပ်ဖို့ စတင် အကောင်အထည် ဖော်သူပါ... "အနှစ်နှစ်ဆယ်ပြည့် ဆွမ်းသွတ် ဓမ္မဒါနပွဲလေး လုပ်မယ်... ငါ့ကိုဆက်သွယ်ကြပါ... ငါ့ဖုန်းနံပါတ် .....)လို့ ရေးပြီး ပွဲဖြစ်မြောက်အောင် ဆက်သွယ်ဆောင်ရွက်ခဲ့သူပါ... ဒါကြောင့်မို့လို့လဲ အောက်ပါ ဓါတ်ပုံလင့်ခ်ကို တင်ပေးလိုက်ပါတယ်... အောင်ဆွေဦးက ပြောပါတယ်တဲ့... ကဲ... ဆင်ခြင်သုံးသပ်နိုင်ပါစေ... (http://www.facebook.com/photo.php?fbid=366377276739132&set=a.308168309226696.68726.100001005872314&type=1&theater)... "နန်းစောက ထောက်လှမ်းရေးဟုတ်တဲ့အကြောင်း သူ့ထွက်ဆိုချက်တွေ လက်မှတ်ထိုးထားတွေရှိတယ် ဖတ် ကြည့်မလားလို့ မေးတယ်။ ကျမက လူတယောက်ကို ရိုက်စစ်ပြီး မေးထားတာတွေအပေါ် မယုံကြည်ဘူး။ နှစ်ယောက် တည်း ပေးတွေ့ပါလို့ပြောတော့ ကိုသန်းဇော်က “ဟုတ်ရင် မင်းသူ့ကို ပါးရိုက်မလား” လို့ ဖြတ်မေးတယ်။ နှစ်ယောက်ထဲ ပေးတွေ့လို့ သူ့ပါးစပ်က ဟုတ်ပါတယ်လို့ ကျမကိုပြောခဲ့ရင် ကျမကိုယ်တိုင် သတ်ပစ်မယ်လို့ ပြန်ပြောခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ ဘူး။"ဘုရား ဘုရား ဒေါ်လှိုင်ရဲ့ စကားလုံးတွေထဲမှာ သတ်ပစ်မယ် ဆိုတဲ့ တရားစကားတွေ မြင်တွေ့လာရပါလား... ရိုက်နှက် နှိပ်စက်ပြီး စစ်ဆေးခဲ့ကြတယ် ဆိုတဲ့ ကိစ္စတွေ ပါဝင်လာပါပြီ... ကိုထွန်းအောင်ကျော်တို့.. ကိုညီညီကျော်တို့ဟာ မျိုးဝင်းတို့ လုပ်ကိုင်တဲ့ သူလျို ဖော်ထုတ်ရေး လုပ်ငန်းစဉ်က တင်ပြသမျှတွေကိုပဲ ဖတ်ပြီး ဝင်စွက်ဖက်ခွင့် မရတာလေးလဲ ရေးပါဦး ဒေါ်လှိုင်... ရှင်သန်နေသူတွေ ပါဝင်ပတ်သတ်ဖူးသူတွေ မြောက်ပိုင်းသားတွေ ရှင်းလင်းကြရမဲ့ ကိစ္စပါ... “ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင် ကျမကို မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” ဆိုတော့ ဒေါ်လှိုင်ကော သွားအဖမ်းခံလိုက်သေးလား သိချင်ပါတယ်... " တော လမ်းအတိုင်း(ဒေါ်လှိုင် ပြောတဲ့ လျို့ဝှက်လမ်း) ဆင်းခဲ့ပြီး ဖြတ်လမ်းကနေ ကျောင်းသားတပ်ကို လာခဲ့တယ်။“ထောက်လှမ်းရေးရုံး” ကိုသွားဖို့ စခန်းရုံးမှာ အကြောင်းကြားခဲ့တယ်။" ဒါ ကတော့ ကျနော်လိုချင်နေတဲ့ အဓိက အဖြေပါပဲ... ဒေါ်လှိုင့်လို သာမာန် ရဲမေလေးလောက်တောင်မှ ကိုယ့်စခန်းထဲ သွားလာခွင့်ကို အကြောင်းကြားရတယ်နော်... ယခု လောလောဆယ် ဖြစ်နေတဲ့ ပြသနာက ဒေါက်တာ နိုင်အောင် ဖေဖော်ဝါရီ လာတယ် မလာဘူး ငြင်းခုန်နေကြတဲ့ ကိစ္စပါ... စခန်းမှာ လူအဝင်အထွက်တွေ မှတ်သားထားတဲ့ မှတ်တမ်းကလဲ အဓိက အရင်းအမြစ် အဖြစ် အရေးကြီးလာပါတယ်... စခန်းမှာ ရှိတဲ့ သာမာန် ရဲဘော်ရဲမေတွေကိုတောင် စစ်ဆေးပြီးမှ သွားလာခွင့်ရှိတာ သိရလို့ ကျေးဇူးပါ... ၁၉၉၂က စာထုတ်ခဲ့ပြီး အခုမှ ကြောင်တောင်တောင် ဖြစ်နေရှာတဲ့ ဒေါက်တာကြီးအတွက် သက်သေပေါ့... ကျေးဇူးပါ ဒေါ်လှိုင်... ကိစ္စ အသေးအဖွဲ လေးတွေက အစ အင်မတန် အရေးကြီးပါတယ်... သုတေသန ဌာနမှာ သိမ်းထားတဲ့ စားရင်းတွေလဲ မပျောက်ပျက်ရအောင် ဂရုစိုက်ပေးပါဦး... “ခင်ရွှေ လှိုင် ဥက္ကဋ္ဌ တယောက်ကိုဖမ်းဖို့ဆိုတာ ၉၀% မသေချာပဲနဲ့ ငါတို့မလုပ်ရဲဘူး။ မင်းတို့ ဥက္ကဋ္ဌကတောင် ဒီလိုလားဆိုပြီး မ ဟာမိတ်ယုံကြည်မှု အပျက်ခံပြီးလုပ်ရတာ။ ခင်မောင်ဇော် (မန္တလေး၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန် လွတ်) ဆိုကြည့်စမ်း ငါဘယ်လောက် ယုံကြည်ခဲ့သလဲ စစ်ရုံးကိုကိုင်ခိုင်းထားတာ ဒီကောင်က“ဒလမ” ဖြစ်နေတယ်။ ကြောင် (ကျော်နိုင်ဦး) သာယာဝတီ၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်) ဆိုလည်း GS က ယုံကြည် လို့ သူ့နားမှာတောင် ခေါ်ထားခဲ့တာပဲ” ပြောရင်းနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ ကျမ မျက်လုံးကို သူသတိထား မိပြီး “မင်းက ငါပြောရင် ယုံမှာမဟုတ်ဘူး၊ GS ခင်ဗျာ့ပဲ ရှင်းပြလိုက်ပါ”ဆိုတော့ အဲ့ဒီ ဥက္ကဌကို ဖမ်းခဲ့တဲ့ ၉၀% လောက်ပဲ သေချာတဲ့ အထောက်အထားတွေ ကြည့်ကြရအောင်... မဟာမိတ်တွေနဲ့ အယုံအကြည် မပျက်ရအောင် နောက်ပိုင်းမှာ ထိုင်းစစ်သားဆီက သေနတ်လုတဲ့ (၄)ဦးကို ဘယ်လို ရှင်းခဲ့ကြပြီး ယုံကြည်မှု တည်ဆောက်ကြတုန်းလဲ သိချင်ပါသေးတယ်... ခင်မောင်ဇော် မန်းလေးကိစ္စ ကတော့ ကျနော် သေချာမသိသေးပါ... "ကြောင် (ကျော်နိုင်ဦး - အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်)" ကိုကြောင်လို လူမျိုး (ဒေါ်လှိုင် ပြောသလို သူလျိုက) ဘယ်နှစ်နှစ်နေပြီးတော့မှ ပြန်လွတ် ဆိုပြီး ဖြစ်သွားတာလဲ... မိဘတွေ လာခေါ်တုန်းက ပြန်မထည့်လိုက်တဲ့သူလို့ သိကြရပါတယ်... ရော်နယ်အောင်နိုင် က “လောလောဆယ်တော့ မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။ ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။ ဟုတ်တယ်လို့ ဖြေမှာပဲ။ မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင်မလဲ အသင့်ပြင်ထားပါတဲ့” ဒေါ်လှိုင်နဲ့ အောင်နိုင်ကရော ဘာကြောင့် အဖမ်းမခံရပဲ... အေးဆေးဖြစ်သွားရတာလဲ... ဒါလောက် မန်းလေးသားတွေ တဖွဲဖွဲ ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံနေရတာမှာ တစက်ကလေးမှ တို့ထိ မခံရပဲ အဖမ်းခံ စာရင်းမှာ မပါဝင်တဲ့ နည်းကလေးများ ရှိရင် ဘယ်လိုနည်းလဲ သိချင်ပါတယ်... နောက်ပြီး ဘယ်လောက် နှိပ်စက်သတ်ဖြတ် နေတာ ရော်နယ်အောင်နိုင် မြင်ထားသလဲတော့ မသိဘူး... ငါတော့ အသားအနာမခံဘူး ဟုတ်တယ်လို့ ဖြေမှာပဲ ဆိုတော့ ဒေါ်လှိုင်တို့ ဖမ်းခံမထိတာ ကုသိုလ်ထူးလို့တော့ မဟုတ်လောက်ဘူး... နည်းလမ်းကောင်းတွေများ ရှိနေသလား... "မျက်လုံးချင်းစုံကြည့်မိရင် ကျမအတွက် အန္တရာယ်ရှိနိုင်တာ ကို သူတို့သိနေလို့ ထင်ပါတယ်။ တချက်မှ ကျမကို မကြည့်ကြဘူး။" ကိုယ့်ထက်ငယ်တဲ့ ရဲဘော်ရဲမေတွေကတောင် ကိုယ့်ကိုစာနာ ခဲ့ဖူးတာကို အခုစာနဲ့ ကျေးဇူးဆပ်ချင်နေပုံ ရပါတယ်... ကိုထွန်းအောင်ကျော်က အဖမ်းခံနေရတဲ့ ရဲဘော်တွေနဲ့ အတူ နေဆာလှုံရင်း "ကျမကိုကြည့်လိုက်တဲ့ မျက်လုံးရဲ့ အဓိပ္ပါယ်၊ ပြုံးလိုက်တဲ့ နှုတ်ခမ်းကို မမေ့ပါ ဘူး။" ဒီမြင်ကွင်းကို လုံးဝ မေ့မပစ်ပါနဲ့... ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်လှိုင်, ရော်နယ်အောင်နိုင် အခြားဘယ်သူများ အပြင်မှာ ဘာအစစ်အဆေး အမေးအမြန်းမရှိ မှဲ့တပေါက် မစွန်းပဲ နေနိုင်ဖူးပါသလဲ... "ရဲဘော်အောင်စိုးမြင့်က ကျမကို ယူဂျီလမ်းကြောင်းမှာ သုံးခဲ့တဲ့ တကျပ်တန် ငွေစက္ကူတွေနဲ့ပတ်သက်ပြီး မေးခဲ့တာရှိတယ်။" အခုထိ အခြား အေဘီ အဖွဲ့ဝင်တွေ သံသယနဲ့ မေးမေးနေတဲ့ ငွေစက္ကူက ဒေါ်လှိုင်ဆီ ကလာတာပဲကိုး... ဒေါ်လှိုင့် အယူအဆက တခုခုတော့ လွဲနေသလိုပဲ... ဘာပဲဖြစ်ဖြစ် သတ်ဖြတ်တာကို ထောက်ခံနေသလိုလို ရေးသားနေတဲ့ အယူအဆတွေကို တွေ့ရတော့ စိတ်ပျက်စရာပါ... ဒါ့အပြင် မျိုးဝင်းရဲ့ လူယုံဖြစ်တဲ့ နင်းဂျားတို့လို သားသတ်သမားလို ကောင်တွေကို မြုပ်ပြီး ရေးနေတာလဲ စိတ်ပျက်စရာပါပဲ... စိုးမင်းအောင်ကို သေသည်အထိ ရိုက်နှက် စစ်ဆေး ဖော်ထုတ်ချက်တွေ ကြောင့် လူစာရင်း၅၀ ကျော်ထွက်လာတယ်... ခွဲမှုးစောသက်ထွန်းလို အခြားလူရဲ့ လက်အောက်က တပ်သားလောက်အဆင့်က လူ၅၀ ကျော်စာရင်းကို ဘယ်သူတွေ ဘယ်သူတွေ ဆိုပြီး ပြောနိုင်လောက်အောင် မြောက်ပိုင်း ပါဂျောင်က လူတွေကို အကုန်သိ အကုန်မှတ်မိ ဖြစ်သွားရောလား... လူနဲ့ နာမည်တွေရော မှန်ပါ့မလား... တိုက်ဆိုင်မှု ဆိုရင် လူ၅၀စာရင်း ထွက်တယ်ဆိုတော့ အတင်း စာရင်းမထွက် ထွက်အောင် ဖော်စစ်ကလေး စစ်ပြီးတော့ သေသည်အထိ နှိပ်စက်ခဲ့တာ များလား... စိုးမင်းအောင် သေတော့ ကိစ္စပြတ်သွားပြီ ထင်ပါသလား... စဉ်းစားစရာတွေ အများကြီးပါ ဒေါ်လှိုင်... ဒေါ်လှိုင်က ကိုယ့်ဘက် မြှားဦးလှည့်မှ လှုပ်ရှားတတ်တဲ့သူပါ... ရိုးသားတဲ့ ရဲမေဆို အစကတည်းက အမှန်အတိုင်း မျှမျှတတ ရေးပြီး သွားလောက်ပြီ... အခုတောင် ဒေါ်လှိုင့် အခြေအနေ ပျက်ယွင်းလာမှ ဝင်လာတော့ အချိန်က တော်တော်နောက်ကျနေပြီ... ဒါဟာ ဒီကေ့စ်ကို လေ့လာနေသူတွေရဲ့ မျှတတဲ့ အတွေးပါ... အတော်များများ သိတဲ့ သာမာန်ရဲမေလေးရဲ့ စာက အချိန် နှောင်းနေပြီ... ပြီးတော့ အခုထိ ရေးသားချက်တွေက တော်လှန်ရေးနေ့(တပ်မတော်နေ့)ကနေကို မတက်သေးဘူး... တရက်ထဲ ရေးတဲ့ အပိုင်းများစွာက မြှုပ်ကွက်တွေ များပါတယ်... အကုန်ချမရေးပဲ... ကိုယ်အလွတ်ကလေး ရေးလို့ စာဖတ်သူတွေ မယုံကြည်ကြတာပါ... နေ့သစ်က ကွန်မန့်တွေ ဒေါ်လှိုင် ပြန်ဖတ်မိတဲ့ အခါ စိတ်မကောင်း ဖြစ်သွားမှာပါ... "ခရိုင်မှူး ကိုစိန်အေးကလည်း (မိုးညှင်း၊ ကိုသန်းဇော်နဲ့အတူ စစ်အ စိုးရ အဖမ်းခံ၊ ထောင်ကျ ပြန်လွတ်) က ကိုမျိုးဝင်းတို့ ရှေ့တန်းထွက်ဖို့ ပြင်နေချိန် ကျောင်းသားထောက်လှမ်းရေးရုံးထဲမှာ ကျမကို ပြောခဲ့တာရှိတယ်။ “မင်းက အကုန်လုံးပြောစရာမရှိဘူး။ ကောင်းတယ်။ တခုလေးပဲ မှားနေတယ်” တဲ့၊ “အဲဒီ မှား နေတဲ့တခု က ဘာလဲ” လို့ ကျမ ချက်ချင်း ပြန်မေးတော့ ပြန်မဖြေခဲ့ဘူး။" ဒေါ်လှိုင်က အမှန်တကယ်လဲ အကုန်သိတယ် အကုန်ကောင်းတယ် ရူးလဲမနေဘူး... သို့ပေမဲ့ မှားနေတာက အယူအဆလေးပါ... အဲ့ဒီ အယူအဆလေးကလဲ လူသတ်ဝါဒ အားပေးသလို ဖြစ်နေပါတယ်... "သင်တန်းတက်နေရင်း တညနေမှာ ဖျားနာခြင်း လုံးဝမရှိဘဲ အ ကောင်းကြီးကနေ တကိုယ်လုံး ညောင်းကိုက်ပြီး အန်တာနဲ့ ၀မ်းလျောတာနဲ့ တပြိုင်တည်းဖြစ်ပြီး သတိလစ်သွားတယ်...၊....၊....၊... သံချောင်းက- “ငါ မင်းကိုယုံတာပဲ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။"....၊....၊....၊... အခုနေပြန်စဉ်းစားရင် အဲဒီအချိန်က သတိလစ်ပြီးဆေးရုံရောက်သွားတာ အဆိပ်များမိခဲ့သလားလို့တောင် သံသယဖြစ် လာတယ်။ အဲဒီလိုဖြစ်ခဲ့တာဟာ ကျမအတွက်အကောင်းလား အဆိုးလား ကျမ မသိဘူး။" အဲ့ဒီအချိန်မှာတော့ မျိုးဝင်းအပါအဝင် လူသတ်သမားနဲ့ အားပေးအားမြှောက် အားလုံးကလွဲပြီး အားလုံး ထောင်ကျနေပြီ ဆိုတော့... ဒေါ်လှိုင်တို့ ရော်နယ်တို့ မျိုးဝင်း၊ သံချောင်းတို့ အုပ်စုထဲမှာတောင် အဆိပ်ခတ်မဲ့ သူလျိုတွေ ကျန်နေပါသေးလားလို့ မစဉ်းစားမိဘူးလား... ကိုယ့်ရှုးကိုယ်ပတ် နေပါဦးမယ်... "(၁၉၉၂) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်၊...၊...၊....၊... တန်းစီလျက်ရှိနေတဲ့ အသတ်ခံရမဲ့လူ (၁၅) ယောက်ရဲ့ မျက်နှာတွေကို ကျမကြည့်ခွင့်ရခဲ့တယ်။" ကိုကျော်ဝေလေး ခေါင်းပြတ်သွားတဲ့ ပထမဦးဆုံး မျိုးဝင်းခုတ်ခဲ့တဲ့ ခေါင်းဖြတ်ပွဲ(ပြည်ထောင်စုနေ့မဟုတ်)ကို ဘာလို့ ချန်ရေးသွား ခဲ့ပါသလဲ ဒေါ်လှိုင်... ခေါင်းဖြတ်ပွဲကို ကြည့်ခဲ့သူတွေကို ချန်ခဲ့ပြန်ပါသေးတယ်... ခေါင်းဖြတ်ပွဲကို ကြည့်တဲ့ အဖွဲ့အစည်းများနဲ့ လူစာရင်း နောက်ကို ကျနော် အဓိက ထားလိုက်နေတာ သိစေချင်ပါသေးတယ်... ခွဲမှုးသာဓုကပဲ စကားတွေ ရှည်ရှည် ဝေးဝေး ပြောတယ် အခြားသူတွေက ဟုတ်ပါတယ်ပဲ ဝန်ခံသတဲ့... အားလုံးက ဖြေကော ဖြေနိုင်ကြသေးရဲ့လား... ကိုယ်လက် အင်္ဂါတွေရော စုံလင်ကြသေးလားဗျ... အားလုံးက ပျော်ပျော်ရွှင်ရွှင်ပဲပေါ့... အဲ့သလိုများ ရေးလိုက်တာလား... "အသတ်ခံရတဲ့ အထဲမှာပါတဲ့ မခင်ချိုဦး (ရန်ကုန်) ဟာ နန်းအောင်ထွေးကြည်၊ တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့ သူတဦး ဖြစ်သလို...၊....၊....၊... သေချာတာကတော့ မခင်ချိုဦးဟာ လည်မလိုလိုနဲ့ အူတူတူအတတထဲက၊ အသုံးချခံလိုက်ရတာ ဖြစ်ဖို့ များပါတယ်။"ဆိုတော့ အတူလာတိုင်း သူလျို ဖြစ်ရောလား... တိုက်ပိတ်ကို ဘာလို့ ခေါင်းဖြတ် မသတ်ခဲ့လဲ... ဒေါ်စုခြံဝန်းထဲမှာတောင် သင်္ကာမကင်း ဖြစ်လို့ စစ်ရင်းနဲ့ တိုက်ပိတ် ဆိုတဲ့ နာမည်တောင် ဖြစ်လာတယ်မှတ်လား... အတူလာတိုင်း သူလျိုလို့ ရေးဖို့အတွက် ဒေါ်လှိုင်က ကျမတောထဲလာတော့ တယောက်တည်းလို့များ ကြိုရေးခဲ့သလားပဲ... ကိုမြတ်ကို သေဒဏ်ပေးတဲ့ အမှုတွေကို စိတ်ဝင်စားပါတယ်... ဘာဖြစ်လို့လဲ ဆိုတော့ ကိုမြတ်ကိုက တောထဲလာတော့ ဒေါ်လှိုင့်အမျိုးသားနဲ့ အတူတူ လာကြတာကိုး... အမှုတွဲ ဖြစ်သွားနိုင်လို့များ အခုထိ ငြိမ်နေတာလား... နောက်ထပ် ကိုမြတ်ကို သေဒဏ်ပေးခံရလို့ တိတိကျကျ သိချင်လို့ တောထဲကို လိုက်လာတဲ့ ကိုရန်ရှင်း... အိန္ဒိယဘက်ကနေ ဒေါ်လှိုင့် အမျိုးသားကို ဒီဘက်အေဘီမှာ လုပ်ဖို့ သွားခေါ်လာတာ ဖားကန့် မှော်ထဲမှာပဲ ဘယ်လိုသေခဲ့သလဲ... ထုတ်ပြသင့်တဲ့ ကိစ္စပါ... မျက်မြင်သက်သေတွေ မသေကြသေးလို့ ထွက်လာတဲ့ စကားတွေပါ... ကိုထွန်းအောင်ကျော်က “VCS,CS တို့ မှား မယ်နော်” လို့ စကားတခွန်း ပြောသွားခဲ့တယ် ဒီစကားကို နှောင်းလူတွေ သိဖို့ ချန်ထားပေးခဲ့ပါတယ်... ကိုထွန်းအောင်ကျော် မသေခင်ကတည်းက သူ့ကိုတော့ အရှင်မထားဘူး သတ်မှာပဲလို့ ကြိုသိနေပြီးသား ဆိုတော့ အခြားမြှုပ်ထားတဲ့ မြှုပ်ကွက်လေးတွေ ရှိအုန်းမှာပါ... ဒီကိစ္စကို အမှန်အတိုင်း ဖော်ပေးဖို့ တဖွဖွ မှာသွားခဲ့တဲ့ ခင်ဗျား ပြောပြောနေတဲ့ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ပေါ့လေ... "၁၅ ယောက်ကို သူလျှိုတွေအဖြစ် သေဒဏ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီထဲက ဘယ်သူတွေ ပါဝင်ဆုံးဖြတ်ခဲ့တာ ကျမ မသိခဲ့ပေမယ့် အမိန့်ပြဋ္ဌာန်းကိုတော့ အားလုံးကိုယ်စား ကိုမျိုးဝင်းတယောက်ပဲ တာဝန်ခံလက်မှတ်ထိုးပြီး ထုတ်ပြန်ချက်ကို ရဲဘော်တွေကြားအောင် ဖတ်ပြခဲ့တာကိုတော့ ကြားခဲ့ရတယ်။" ဗဟို ကော်မတီဝင် ဦးစိန်တို့ ကိုအားစိုက်တို့ သေပြီးခဲ့ပြီ... အဖမ်းခံနေရတဲ့ ကိုရဲလင်း အပြင် ဘယ်သူတွေ ဗဟို ကော်မတီဝင်အဖြစ် ကျန်နေသေးပါသလဲ..."ကျမခေါင်းထဲမှာတော့ မေးခွန်းတွေ တခုပြီးတခု ရောက်လာခဲ့ တယ်။ ဒါတွေ စဖြစ်ကတည်းက “ဘာတွေဖြစ်နေတာလဲဆိုပြီး အဖြစ်အပျက်အမှန်ကို အသိချင်ဆုံး လူထဲမှာ ကျမရှေ့ ဆုံးက ပါခဲ့တယ်။" အနှစ်နှစ်ဆယ်တောင် ကြာပြီ... ဒေါ်လှိုင်လို အတော်များများ ခရေစေ့တွင်းကျ သိထားတဲ့သူက အမှန်သိချင်ပါသေးတယ် ဆိုတော့... ကျနော် ဘာပြောရမှန်း မသိဘူးဖြစ်သွားပြီ... ဒီကေ့စ် စဖြစ်ကတည်းက အကြောင်းအရာတွေ အကုန်ထည့်ပြီး စဉ်းစားပါ... နောက်တခု ကျန်နေတာက အေဘီအက်စ်ဒီအက်ဖ် (စစ်ကိုင်း) ဖြစ်မြောက်ရေး ဆိုပြီး လုပ်ခဲ့ကြတဲ့ အပိုင်းလေးတွေလဲ ထည့်စဉ်းစားပါ... ဒေါ်လှိုင်ရဲ့ သိချင်စိတ်က အမှန်တကယ် ပြင်းပြခဲ့ရင် သာမာန်ရဲမေ ဘဝမှာတောင် အေဘီတခုလုံးကို လွယ်လွယ်လေး ဝင်ထွက်ပြီး စုံစမ်းခဲ့လို့ ရသေးတာဘဲ... အခုဆို လျို့ဝှက်လမ်းကနေတောင် သွားစရာ မလိုတော့ပါဘူး... စာရင်းနဲ့ အင်းနဲ့ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ ဘာတွေနဲ့ဆို ပိုပြီး အဆင်ပြေသွားမလားလို့ပါ... အမှန်တရား ပေါ်အောင် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ကြပါစေ... အမှန်အတိုင်း ဆောင်ရွက်ပေးမဲ့ လူအားလုံးနဲ့ လက်တွဲချင်ပါတယ်... လူသတ်ဝါဒ ကျဆုံးပါစေ... လူသတ်သမားတွေနဲ့ ထောက်ခံသူ အားပေးအားမြှောက်တွေပါ ကျဆုံးပါစေ... ဘရာဇီးငှက်ရိုး
(အဲ့ဒီလို လူသတ်ဝါဒ ကျဆုံးပါစေလို့ ရေးလို့ တချို့တွေက စိတ်ဆိုးကြတယ်)
· · Share


အပိုင်း(၃)မှာ တော့ 

ရက်ရက်စက်စက် နှိပ်စက်ပြီး ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ကြီးမှာ
 ခေါင်းဖြတ် အသတ်ခံရသူ ကိုချိုကြီးနဲ့ ပါဂျောင်ထောင်မှုးလှမျိုးအောင်ရဲ့
 နေ့ရော ညပါ နံချပ်ကူနဲ့ ရိုက်နှက်ခဲ့လို့ ဘာစကားတခွန်းမှ မပြောနိုင်တော့ပဲ
 သွေးတွေသာ အန်ထွက်လာခဲ့ပြီး ကျဆုံးသွားရှာတဲ့ ကိုအောင်မင်း(ဝီစီ)တို့
မန်းလေးမြို့မှာ အဖမ်းအဆီးတွေ များလွန်းတဲ့ ကာလ... ဘယ်လိုမှ UG အနေနဲ့
 နေလို့ မရတော့လို့ (ဒေါ်လှိုင့်လိုပဲ) အေဘီအက်စ်ဒီအက်ဖ်ရှိရာ ထွက်သွားကြရတဲ့
 မြို့ပေါ်က တာဝန်ခံတွေပါ...
 ရောက်ပြီး မကြာခင်ပဲ သူလျို ဖြစ်ကုန်ကြရတဲ့ သူတွေပါ...
အချိန် အတော်ကြာမှ နောက်ကျပြီးမှ ရောက်သွားတဲ့ အတွက်
သံသယကြောင့် သူလျို အဖြစ် စွပ်စွဲခံရသူတွေလဲ ဖြစ်နိုင်ပါသေးတယ်...
အဖမ်းအဆီး အနည်းငယ် ငြိမ်သက်လာတာနဲ့ မြို့ပေါ်မှာပဲ
 တာဝန်ဆက်လက် ထမ်းဆောင်ရမဲ့ မြို့ပေါ်က UG တာဝန်ခံတွေ ဆိုတာကို
 ဒေါ်လှိုင် သိရဲ့နဲ့ ဒီအဖြစ်ကို မြှုပ်ပြီး ရေးထားပါတယ်.
..
"(ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ
 ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် 
 အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး 
ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ 
အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို 
စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ 
ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ 

လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ 
နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် 
ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ)"

 အထက်က အတိုင်းရေးထားတော့ ဒေါက်တာ နိုင်အောင်နဲ့ မိုးသီးတို့ မပါဝင်သလိုလိုပါ...
ကိုမိုးသီးက ဥက္ကဌကိုထွန်းအောင်ကျော် အပါအဝင် အများအပြားကို ဖမ်းဆီး ကတည်းက သိသူပါ...
 ကော်မတီမှာ တင်ပြသူ...
ဝိုင်းဝန်းကန့်ကွက်လို့သာ ငြိမ်နေခဲ့ရတဲ့သူ...
ကျောင်းသားစိတ် ၅ပြားဖိုးလောက် ကျန်နေသေးကြောင်းကို
ပြည်ထောင်စုနေ့ ခေါင်းဖြတ်သတ်ပွဲ အပြီးမှာ ၁၉၉၂က ကန့်ကွက်စာထုတ်ခဲ့သူပါ...
ဘာသက်သေ အထောက်အထားမှ မရှိလို့ ယခုတိုင် ငြိမ်သက်နေသူပါ...

ဒေါက်တာနိုင်အောင်ကတော့ အားလုံးကို တာဝန်ခံကြောင်း ၁၉၉၂ကစာထုတ်ခဲ့ပြီး
ယခုတိုင် ကျောင်းသားစစ်စစ် ဖြစ်ခဲ့လျှင်သာ
တောင်းပန်မည့် အကြောင်းနှင့် သူလျိုများလဲ ရှိနေနိုင်သေးကြောင်း စာထုတ်ခဲ့သူပါ...
 ယခုအထိ သူလျို သံသယများနဲ့ ဆရာဝန်ပါ...
 ဒေါ်လှိုင့် ရေးသားချက်က ကာကွယ်သယောင် ရေးထားတာပါ...

ယခုအထိလဲ စာရေးသူ ဒေါ်လှိုင်ကိုယ်တိုင်
သူလျို သံသယက မလွတ်မြောက်သေးသလိုပါပဲ...
 ဒေါ်လှိုင်ကော မဖြစ်နိုင်ဘူးလား???...
ရန်သူ့လူ ဝင်ရောက် သပ်လျို နေတာလဲ ဖြစ်နိုင်ပါတယ်...
 သို့သော် အနှစ်နှစ်ဆယ်အတွင်း
 ဒေါ်လှိုင်တို့ အေဘီအက်စ်ဒီအက်ဖ်က ခွဲခြားသိနေလောက်ပြီ...
အမှန်အတိုင်း ရေးပြလိုက်ရင် ရှင်းနေပါပြီ...

သတင်းပေါက်ကြားမှု့ကြောင့်
ရန်သူဖြတ်တိုက်ခံရ ဆိုတဲ့ အပေါ်မှာတော့
အေဘီက ဗမာလိုပဲ စက်နဲ့ ပြောတယ်လို့ အပြင်လူ အနေနဲ့ထင်မိပါတယ်

 ဒါဆိုရင် ရန်သူကလဲ ဗမာစကားပဲ သုံးတာဆိုတော့ သိနိုင်တဲ့ကိစ္စပါ...

အခြားဘာသာ သုံးစွဲရင်တော့ တမျိုးတမည် ဖြစ်သွားနိုင်တာလဲ မှန်းလို့ ရပါတယ်...

တိုက်ပွဲ ဖြစ်ရပ်တွေ ခံစားချက်တွေက ကျောင်းသားတွေ
စစ်သားလို ဖြစ်နေကြရတာ စိတ်မကောင်းစွာနဲ့ ဖတ်ရပါတယ်...
ညီအကိုရင်းတွေလို ချစ်ကြ ကာကွယ်ကြမယ်ဆိုတာလဲ ခန့်မှန်းလို့ ရပါတယ်... " 
ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်"လို့ ရေးထားတာ
စစ်ကားကြည့်နေရသလိုကို ခံစားမိပါတယ်...

 မြို့ပေါ်မှာ နေဖူးတဲ့ မန်းလေးသူ စစ်စစ်က ပြောတာမှ ဟုတ်ပါလေစ လို့တောင်
 ထင်ရလောက်အောင် အရေးအသား ကောင်းပါတယ်...
"ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်"
VCS လို အရာရှိကိုတောင် ရဲဘော်မျိုးဝင်းလို့ သုံးထားလေတော့

 ဒေါ်လှိုင်ဟာ အဲ့ဒီအချိန်က အတော်အတန် ရာထူးကြီးကို ရယူထားနိုင်သူ
 ဖြစ်မယ်လို့လဲ မှန်းဆရပါတယ်...
 "ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး
 ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။" ဆိုတော့ ဟိုဘက်အဖွဲ့က သေနတ်ငါးလက်ရလို့ ဒို့ခြောက်လက်
 ရအောင်ဆိုတဲ့ စကားလေး ခဏဖယ်ထားပြီး

ကိုမျိုးဝင်းလို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး
 အောက်ခြေရဲဘော်တွေကို ညှာတာတတ် ချစ်ခင်တတ်တဲ့ စစ်သားကောင်း
 ခေါင်းဆောင်ကောင်းတွေ များများပေါ်ထွက်လာပါစေလို့ ဆုတောင်းပါတယ်...
အတော်အတန် ကြင်နာတတ်သူလို့လဲ ခန့်မှန်းမိပါတယ်...

ဒီအရေးအသားလေးကို ရမ်ဘိုကြီးဆီ သွားမေးရပါဦးမယ်...
 ရမ်ဘိုကြီး သိကောင်း သိနိုင်တဲ့ ကိစ္စပါ...
လက်တွဲ တိုက်ပွဲဝင်ခဲ့ဖူးသူကိုး...
စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်းဆိုတာကလဲ စိတ်ဝင်စားစရာပါ...
မဖြစ်နိုင်တဲ့ ကိစ္စကို သွားလုပ်ခိုင်းသလို ဖြစ်နေလို့ ပျက်ခဲ့တာလို့ ထင်ပါတယ်...

 "ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် 
“စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း”....၊....၊....၊....
 တပ်ရင်း(၂၀) လောက်နဲ့ ဖြတ်လေးဖြတ် ကိုသုံးပြီး...၊....၊....၊....  

ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက 
ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။"
 ကတော့ မသိသူတွေကို သွားပြောပါ...
ရှမ်းသံတော်ဆင့်က ရေးရာမှာတော့
စစ်တပ်နဲ့ ညှိနှိုင်းပြီး အလင်းဝင်ဖို့ ကြိုးစားရာမှာ
စစ်တပ်က ကတိဖျက်ပြီး ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်..

. " သေဒဏ်ကျခံနေရတဲ့ ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသား အဖြစ်က 
 စာရင်းဖျက်ပေးပါလို့ တောင်းဆိုနေတဲ့ သူတွေ။"
ဆိုတာကတော့ များသွားပြီ။ လက်နက်ချ အညံ့ခံသွားတဲ့
 ရှမ်းတပ်က လူကို ကျောင်းသားဖြစ်သလိုလို
အတင်း ကာကွယ်ပေးနေတဲ့ အရေးအသားပါ...

 အေဘီအက်စ်ဒီအက်ဖ်မှာ ကိုသံချောင်း တာဝန်ထမ်းခဲ့တဲ့ ကာလ
လွန်မြောက်နေပြီ မို့လို့ နိုင်/ကျဉ်း စာရင်းတောင် မဝင်တော့ပါ...

 အေဘီက လက်နက်နဲ့ မိသွားတဲ့ ကျောင်းသား စစ်စစ်တွေတောင်
 ထောင်က လွတ်ဖို့ မျှော်လင့်ချက် မရှိပါ...
 တောင်းဆိုတိုင်းလဲ မရပါ...
ကိုသံချောင်းအတွက် ခံစားချက်လေးတွေ လျှော့ပါဦး..
.
 "ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။ 
အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး မြင်အောင်ကြည့်ပါ။ 
မပြောမဖြစ်လို့ ပြောချင်ရင်လည်း 
ငါအချောင်သမား ဟုတ်မဟုတ် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။"

 အေဘီရဲဘော်သစ်/ဟောင်းတွေ အားလုံးထဲမှာ ဒီအမှုမှန် ပေါ်စေချင်တာ
လက်ဆယ်ချောင်းတောင် မပြည့်ပါ...
 အနှစ်နှစ်ဆယ်ကျော်က လူသတ်မှု့ကို ဖုံးထားတဲ့ ဒေဝဒတ်ကို
ဆရာတင်ထားမိသူတွေ ကြိတ်ငိုနေကြမှာပါ...

အဖွဲ့အစည်း အရိပ်ကို ခိုနေတဲ့ လူသတ်သမားကို ဆွဲထုတ်နေတာပါ...
အဖွဲ့အစည်းက အမှုမှန် ပေါ်ဖို့ ပူးပေါင်း ဆောင်ရွက်သင့်သော်လည်း ရေငုံနေပါတယ်...
ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ...
 မြောက်ပိုင်းကေ့စ်နဲ့ ဆင်ဆင်တူ လူသတ်မှုတွေမှာ ပါဝင် ပတ်သတ်နေသူတွေ ဖြစ်နေကြလို့ပါ...
(ဥပမာ - ကိုဌေးနိုင်ကို သတ်ဖြတ်မှု၊ ကိုနေဝင်းအောင်ကို ဖမ်းဆီးမှု)

အဖြစ်အပျက်ကို တိတိကျကျ ခွဲခြားချင်လွန်းလို့ အေဘီက လူတွေပဲ ရှင်းကြပါဆိုတာတောင် ငြိမ်နေကြသလားလို့...
လည်ပင်းနား ကြိုးရောက်လာမှ သားသားမပါဘူးနော် ဆိုတာတွေ
 တွေ့နေရလို့ သနားမိတယ်...
ဒါနဲ့ ပြောလိုက်ပါဦးမယ်...
ဒီကေ့စ်ကို လိုက်နေတာ မတရား ညှဉ်းပမ်း နှိပ်စက် အသတ်ခံရသူတွေနဲ့ ထွက်ပြေးမှ
လွတ်မြောက်သွားသူတွေကို သနားမိလို့ စာနာမိလို့ပါ...
 အပယ်ခံ အဖြစ် အနှစ်နှစ်ဆယ် နေခဲ့ရတဲ့ ဘဝကို စာနာမိတယ်...

 ဒေါ်လှိုင်ရော ပြည်တွင်း ပြန်ဝင်တော့ ဘယ်လို ခံစားရလဲဗျ...
ကိုယ်ချင်းစား ကြည့်ပါ...
 အသိုင်းအဝိုင်းဟောင်းက အဖက်လုပ် မခံရတဲ့ အခါ
ဘယ်လို စိတ်ဒုက္ခ ရောက်တတ်ကြောင်း
 ဒေါ်လှိုင့် ကိုယ်တွေ့ပဲလေ...
ဒီကေ့စ်မျိုးက မတော်တဆ နာမည် ပျက်ဖို့ ပဲ ရှိပါတယ်...

 နေရာလိုချင်လို့ ဝင်လာတယ်လို့ မထင်ပါနဲ့ လူတိုင်းဟာ
သူဟာနဲ့သူ နေရာ တနေရာ ရထားပြီးသား လူတွေချည့်ပါပဲ...
 နာမည်ကောင်းလဲ မလိုချင်ပါ...
နာမည်လဲ မပျက်ချင်ပါ...
အမှုမှန် ပေါ်စေချင်သူတွေ စုသွားတာ ဖြစ်မယ်...

အမှန်တရား အတွက်ဆို ဘယ်အရာကမှ တားမရဘူး ဆိုတာလဲ သိထားသင့်ပါသေးတယ်...

 "ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် 
“ကျောင်းသား” ဆိုတာ ကျမယုံတယ်။" အယုံကြည် မရဲပါနဲ့ ဒေါ်လှိုင်...

 ဒေါ်လှိုင်ပြောတဲ့ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်တို့ ရုပ်တွေက
 ဘာရုပ်တွေများ ပေါက်နေကြတုန်းဗျာ...
"ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။"

ဆိုတော့ ဒေါ်လှိုင်ရေ... နေပြည်တော် ဆိုပြီး ဖြစ်လာအောင်
စစ်အစိုးရ မြို့တည်တာ ၅နှစ် မပြည့်သေးဘူး...
 ဘယ့်နှယ့် နေပြည်တော် ဖြစ်သွားတာတုန်း...
 "တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက 
သားကောင်တွေချည်း ဖြစ်နေတာ" စနစ်ဆိုး သားကောင် ဆိုလဲ

စနစ်ဆိုးရဲ့ သားကောင်တွေပေါ့... (သို့သော် အချင်းချင်းတော့ သတ်မစားပါဘူးဗျာ...
 အရက်နဲ့ မြည်းဖို့ သမင်ဇော်ဝင်းချစ်ရဲ့ ပေါင်သား ဆိုလားပဲ... ထွီ...ဝေါ့).
.. "ပြောတော့ကျောင်းသား 
လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ 
တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲဆိုပြီး
 ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။"
 ပြောနေ ရေးနေရင်း ဒေါ်လှိုင် Heat တက်သွားပုံ ရပါတယ်...
 ခွေးသားတဲ့... အေးဆေးပြောပါဗျာ...

 လက်ရှိရပ်တည် နေတဲ့ အဖွဲ့ဆိုလို့ မေးပါဦးမယ်... ဘာကြောင့် ဒီကေ့စ် ပေါ်လာမှာ (ပေါ်လာတော့) သွေးပျက်နေတာတုန်းဗျာ...
ကိုယ်နဲ့လဲ ဆိုင်နေကြလို့လား...

ကိုယ့်လက်ရှိ အခြေအနေနဲ့ ဟိုတုန်းက ဖြစ်တဲ့ ပြသနာ...
ဘယ်လို ပါဝင်ပတ်သတ် ခဲ့ဖူးလို့လဲ...
ပတ်သတ်ခဲ့ဖူး လို့များ သွေးပျက်နေတာလား...
အချင်းချင်း မေးကြည့်ကြပါဦး...
 ဘယ်သူတွေ ဘယ်တုန်းက ဘာတွေ လုပ်ခဲ့ကြတုန်းလို့...

 အေဘီအက်စ်ဒီအက်ဖ် အတွက် ဆိုပြီး အမှန် အတိုင်း ရ
ပ်တည်ချက် ရှိရှိ... ရည်ရွယ်ချက် ကောင်းကောင်းနဲ့

လုပ်ဆောင်ချက်တွေ ဘယ်အဖွဲ့ ဘယ်လူတွေကရော ဒီအမှု အတွက် စွမ်းစွမ်းတမံ ဖော်ထုတ်ပေးတာ တွေ့ဖူးလို့တုန်း...

 မနေနိုင် မထိုင်နိုင် ဝင်ပြောတဲ့ ဘေးကလူတွေကိုတောင် မုန်းချင် နေကြသေးတယ်...
 အမှန်တကယ်ဆို အေဘီ ပြသနာက
 အေဘီထဲမှာတင် ပြေလည် မသွားသင့်ဘူးလား...
မဟုတ်တာ လုပ်ခဲ့ကြဖူးတာ လက်ရှိလူတွေမှ အားလုံး မဟုတ်တာ...
အနည်းငယ်ပဲ ရှိတဲ့ ဒီလူတွေကိုရော ဒီကေ့စ်ထဲမှာ ပါဝင် ပတ်သတ်မှုကို မေးမြန်းပြီးပလား... (မထင်ပါ)...

ဘယ်ခြောက်ပြီး ညာလှမ်းနေတဲ့ အကွက်က ရိုးစင်းလွန်းတယ်လို့ပဲ ပြောလိုက်ပါ့မယ်...

"ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် 
ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက 
 အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ 
စာရင်းကို ပြောပုံဆိုပုံရေးသား တင်ပြနေပုံတွေနဲ့ 

အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း 
အခုကတည်းက ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။

 နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” 
ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။"

ဆိုတော့ အပိုင်း၁နဲ့ ၂ရဲ့ အောက်က ကွန်မန့်တွေ
လာဖတ်ပြီး စိတ်နာနေပုံ ရတဲ့ အရေးအသားပါ...
ကိုယ်ရေးတဲ့ အပိုင်းက အပိုင်း၃ သာရောက်လာရော...
 တော်လှန်ရေးနေ့(တပ်မတော်နေ့) ကနေကို မတက်သေးဘူး...

တရက်ထဲနဲ့ အပိုင်း၃ခုတောင် ရေးနိုင်လို့ ဂုဏ်ပြုလိုက်ဦးမယ်...
ဘယ်သူတွေက ရိုးသားပြီး ဘယ်ကောင်တွေက ဖျက်ဆီးမှာလဲ ဆိုတော့
အခုလို အပိုင်းတွေ ရေးတာနဲ့တင် ပြည်သူတွေ ခန့်မှန်းမိနေလောက်ပြီ...
ကွန်မန့် တွေထဲမှာ သူလျိုဆိုရင်တောင် မသတ်သင့်ပါဘူးလေတဲ့...

 ဒီအရေးအသားနဲ့ဆို ကိုယ့်ကိုယ်ကိုယ် ဘာဆုရမလဲ မှန်းထားပေါ့...
စစ်အာဏာရှင်ဆီမှာတောင် သေဒဏ်မရှိတော့လို့ သံချောင်းလို
 သေဒဏ်အခါခါကျတဲ့ သူတောင်
 ထောင်ထဲမှာ တသက်လုံးပဲ နေချင်နေရတော့မှာ...

ဒါတောင် ကောင်းကောင်းမွန်မွန် နေရင်
တချိန်က အေဘီရဲဘော်ဟောင်း မောင်သံချောင်း လွတ်နိုင်ခြေများပါတယ်...
လူမပြောင်းပေမဲ့ မူတွေတော့ နဲနဲပြောင်းလာတာ ဒေါ်လှိုင့် မျက်မြင်ပဲ...

ဒါနဲ့ ကျနော့် နာမည်လေး ဘယ်စာရင်းထဲမှာ ပြုစုထားတုန်း...
အမှုမှန် ဖော်ထုတ်ရေးသမားလား???
 အဖွဲ့အစည်းကို ဖြိုခွဲဖို့ လုပ်သူလား???
တကယ်ကြီးကို သိချင်သွားမိတယ်...

 "ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ 
စစ်အစိုးရစကား ဌားသုံးပြောရရင် 

ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို ပေါ်ပေါက်လာခဲ့ရတယ်။"
သိပ်မှန်တဲ့ စကားပါ... အချင်းချင်း ခေါင်းမဖြတ်ကြရင်ပေါ့လေ...
ကြားထဲက ဒေါက်တာကြီးကပါ စာတွေ ဘာတွေ ထုတ်ထားဖူးလို့ ရွာလည် နေပြီလား...

 မေးကြည့်ပါဦး...

တခါတလေ သမိုင်းမှာ သုံးစားမရတဲ့ ခပ်ကြောင်ကြောင် အာဏာရူးတဲ့ လူတချို့ကြောင့် စုပ်ပြတ်သတ်သွားတော့မဲ့ အဖွဲ့အစည်းတွေ အာဏာရှင်ဘက်ကော အာဏာရှင် ဆန့်ကျင်သူတွေ ဘက်မှာပါ မြင်နေရလို့ စိတ်မကောင်းကြောင်း ပြောရင်းနဲ့ပဲ အပိုင်း၃ကို အဆုံးသတ်လိုက်ပါ့မယ်...
အမှန်တရား ပေါ်အောင် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ကြပါစေ...

အမှန်အတိုင်း ဆောင်ရွက်ပေးမဲ့ လူအားလုံးနဲ့ လက်တွဲချင်ပါတယ်...
လူသတ်ဝါဒ ကျဆုံးပါစေ...
လူသတ်သမားတွေနဲ့ ထောက်ခံသူ အားပေးအားမြှောက်တွေပါ ကျဆုံးပါစေ...

ဘရာဇီးငှက်ရိုး(ဒေါ်လှိုင် ဒီအပိုင်းတွေ မရေးခင်လေးမှာပဲ
အကုန်ငြိမ်သက်နေကြလို့ ကျနော့် အကိုတော်တွေကို
ကျနော် အမှန်အတိုင်း နာမည်အရင်းနဲ့ပဲ
စာရေးချင်ပါတယ်လို့ ပြောတဲ့ အခါ အကိုတော်တွေက

အခုအခြေအနေက မုန်တိုင်းမျက်စေ့ထဲမှာ ခဏပဲ ငြိမ်နေတာ
မုန်တိုင်းက တိုက်ဦးမှာလို့ ပြောလာပါတယ်...
 မုန်တိုင်း ပြီးရင်ရော ဆိုတော့ မုန်တိုင်းပြီးရင် လေနီကြမ်း ထပ်တိုက်ဦးမှာတဲ့...
 ကဲ... ဘယ်နေ့ နာမည်မှန်နဲ့ ရေးမလဲ ဆိုတာ ခေတ္တတော့ စောင့်ပါဦးလေ...)

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ အပိုင်း (၂)

by ဘရာဇီး ငှက်ရိုး on Sunday, April 8, 2012 at 10:10am ·
မြောက်ပိုင်းရဲ့ နိဒါန်းအစ လို့ အစချီပြီး ဒေါ်လှိုင်ပြောသွားတဲ့ အပိုင်းမှာ နယ်မြေ အသီးသီးက အုပ်စုလိုက်တွေ ရောက်လာတာမို့လို့
" အုပ်စုတစုစီအတွင်းမှာရော  အုပ်စုလိုက်အနေနဲ့ရော နေရာလုပွဲတွေ ရှိခဲ့ကြတယ်။"
အာဏာလုပွဲ နေရာလုပွဲလေးတွေလဲ ဖြစ်ခဲ့ဖူးသေးကြောင်း ထင်ရှားပါတယ်...
" ဒေသခံကျောင်းသားဦးရေ တော်တော်များများပါဝင်တဲ့ စစ်သင်တန်းအပတ်စဉ် (၄) အထိ ပြဿနာအကြီးကြီးမားမား မ ရှိခဲ့ပေမဲ့...  နန်းအောင်ထွေးကြည်နဲ့ အတူတူလာခဲ့တဲ့ တိုက်ပိတ်....၊....၊......၊.... သူခေါ်လာခဲ့တဲ့ ရန်ကုန်၊ ပဲခူး၊ မြို့ပြကျောင်းသားတွေ အတော်များများပါဝင်ခဲ့တဲ့ စစ် သင်တန်းအပတ်စဉ် (၅) မှာမှ သင်တန်းသားတွေကြား အုပ်ချုပ်သူတွေအပေါ် ဆူပူမှုတွေ မကျေနပ်မှုတွေ စတင်ဖြစ်ပွား လာခဲ့တယ်။"
သင်တန်း အပတ်စဉ် (၅)နောက်ပိုင်း ကတည်းက အခြေအနေက ရှုပ်ထွေးလာပုံ ရပါတယ်... ပါးစပ်ကို တိတ်နဲ့ကပ်ပြီး မျိုးဝင်းကို ဆန္ဒပြခဲ့လို့ ခေါင်းဖြတ်သတ်ချိန်မှာ အရင်တုန်းက ငါ့ကို လုပ်ခဲ့သလို လုပ်နိုင်သေးလားကွ ဆိုပြီး မေးခဲ့တယ် ဆိုတာလေး ဖတ်ဖူးတော့ ကျောင်းတော်က ရန်စလဲ ပါမှာပါပဲ...
တိုက်ပိတ်ရဲ့ "နာမည်အ ရင်းက သန်းထွန်းစိုး (မြောက်ပိုင်းမှာ သူတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဒေါ်အောင်ဆန်းဆုကြည်ထံ သွားပေးခဲ့လို့ ဒေါ် အောင်ဆန်းဆုကြည် တောတွင်းဆက်သွယ်မှုနဲ့ ပထမဆုံးစွပ်စွဲခံခဲ့ရသလို" ဆိုတော့ အထင်လေးနဲ့ ရေးထားတဲ့ အပိုင်းတွေ ပါလာပါတယ်... ပထမဆုံး ထောင်ကျအောင် လုပ်ခဲ့တဲ့ သူတွေလဲ ရှိမှာပါပဲ... လေ့လာလို့ ရအောင် တင်ပေးလိုက်ပါတယ်...
http://www.mizzima.com/edop/interview/2244-fdb-denies-having-contact-with-yettaw.html ဖြစ်နိုင်ခြေ ရှိမရှိကို စာဖတ်သူတို့ သုံးသပ်ဖို့ပါ...
" မြောက်ပိုင်းရဲ့ တောတွင်းဓါတ်ပုံတွေကို မျက် ခင်းသစ်မှာ ဖော်ပြနိုင်အောင် ပထမဆုံး ဖန်တီးပေးခဲ့သူ။ ကိုသံချောင်းနဲ့ ရဲဘော်တွေ တိုက်ပွဲဝင်ရင်း အဖမ်းခံရစဉ်က အ စိုးရဘက်တော်သားလုပ်ခဲ့သူ)" မြက်ခင်းသစ်က ပုံကိစ္စတော့ ရှာမတွေ့ သေးလို့ တင်မပေး နိုင်သေးပါ... သတင်းစာတွေ မဂ္ဂဇင်းတွေ ထဲမှာ ဟိုးလေးတကျော် ပါလာပေမဲ့ စစ်အစိုးရက ဝါဒဖြန့်တယ်လို့ ယုံကြည်နေတာကြောင့် ပြည်သူတွေ ကြည့်ကိုမကြည့်တဲ့ထဲမှာ ဒီမဂ္ဂဇင်းလဲ ပါနေပါတယ်... အခြေအနေကို သုံးသပ်လို့ ရအောင် ရှာဖတ်ကြည့်စေချင်ပါတယ်... သံချောင်းအမှုတွဲ တက်လာတော့ ၁၉၉၂က ထွက်ပြေးလာသူတွေကို ခေါ်ယူ အမှုတွဲ တင်လို့ သေဒဏ်(၅)ကြိမ် ကျသွားတာလို့ ကျနော်ကတော့ ထင်ပါတယ်... သို့သော် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ် အတွက် တော်လှန်ရေး လုပ်နေခြင်း မဟုတ်တော့ပဲ ရှမ်းတောင်ပိုင်းတပ် အနေနဲ့ အလင်းဝင်ရင်း ပြုခဲ့တဲ့ ကုသိုလ်လေးတွေကြောင့် ခုလိုမျိုး နှစ်ရှည်ထောင်ဒဏ် သေဒဏ် စတာတွေနဲ့ သံချောင်း ထောင်ကျနေတာလဲ ဒေါ်လှိုင့်ကို ထည့်ရေး စေချင်ပါသေးတယ်...
အခြားအပိုင်းတွေကတော့ ရန်ကုန် မန်းလေး ကျောင်းသားတွေနဲ့ ဒေါ်လှိုင့်အဆိုအရ ဒေသခံတွေရဲ့ ကွာခြားပုံလေးတွေပါ... ဖြစ်တတ်တဲ့ သဘာဝပါ... မွေးဖွားရာ ဒေသနဲ့ အံဝင်ခွင်ကျ ဖြစ်တတ်တဲ့ အခြေအနေပါ... အထူးအထွေ သုံးသပ်စရာ မရှိပါ...
"စနေ၊ တနင်္ဂနွေကလွဲရင် မနက် (၆) နာရီ အလံတင်ချိန် က စပြီး ညနေ (၄) နာရီ အလံချချိန်ထိ အားလုံးဟာ ယူနီဖောင်းကိုယ်စီ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီ (အနည်းဆုံး မြေ ပေါက် မြေညှိ၊ ၀ါးခုတ်၊ တိုင်ခုတ်၊ ထင်းဖြတ်၊ ထမ်းကြသယ်ကြ၊ အဆောက်အဦတွေဆောက်၊ ရိက္ခာရှာ) တွေနဲ့ပါ။" ဒီအရေးအသားကတော့ နောက်ပိုင်းမှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူ ဒေါ်လှိုင့်စီနီယာ ရဲဘော် ရဲမေတွေ နေ့စဉ် လုပ်ကိုင်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေပါ... ညဘက် ရောက်တိုင်း ကက်ဆက် ဖြစ်သွားရတာလေးတွေ စာရှု့သူတွေ ဖတ်ဖူးပြီးလောက်ပြီလို့လဲ ယူဆပါတယ်... ကိုရဲလင်းမိခင်ကြီး ရေးတဲ့စာမှာ ပါဂျောင် အကျဉ်းစံတွေက The Nation သတင်းစာပါ ကိုရဲလင်း၊ မငယ်၊ ကိုကျော်နိုင်ဦး၊ ကိုညီညီ တို့ရဲ့ မိဘ ဖြစ်တဲ့ သူတွေ အေးရင် မီးလှုံဖို့တောင် ထင်းစည်းတွေ သယ်လာပေးပါသတဲ့... ဒေါ်လှိုင်က ကြုံတွေ့ရသမျှ ရေးတာမှာ အထင်တွေများပြီး ကိုရဲမိခင် ကျောင်းအုပ်ဆရာမကြီး လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ရေးခဲ့တဲ့ ဗလာစာအုပ်က စာတွေက မျိုးဝင်း အောင်နိုင် သံချောင်းတို့ကိုတောင် မိဘတွေ ပြန်ခါနီး ကလေးတွေကို မိဘတွေနဲ့ ပြန်မထည့်နိုင်သေးတဲ့ အတွက် တောင်းပန်ကြောင်း ထိုင်ပြီး ကန်တော့ကြတယ်လို့ ရိုးရိုးလေး ရေးထားပါတယ်... သူတို့ ကလေးတွေကို ထားခဲ့ပြီး ပြန်ရတော့ မျက်ရည်ကျမိကြောင်းလဲ ရေးထားပါသေးတယ်... "ရဲဘော်သံချောင်း ဟာ မိုးညှင်းတိုက်ပွဲမှာ မျက်လုံးတဘက်။ မြစ်ကြီးနားဘက်မှာ ရွာထဲ ရန်သူတွေရောက်နေမှန်း မသိ ကိုယ့်လူတွေမှတ်လို့ အိမ်ထဲဇွတ်ဝင်သွားတာ ကံကောင်းလို့မသေနဲ့ ဒီဗန်းမော်တိုက်ပွဲမှာ လက်တဘက်ပေးခဲ့ရပြီး လက်ရှိမှာလည်း တိုက်ပွဲဝင်ရင်း ရဲဘော်တွေနဲ့အတူ အဖမ်းခံခဲ့ရလို့ သေဒဏ်အထပ်ထပ်ကျခံနေရဆဲနဲ့ ရဲဘော်တချို့ ဒဏ်ရာရခဲ့ကြတယ်။" တိုက်ပွဲတွေမှာ သံချောင်းထိခိုက်စဉ်က ကျောင်းသားတပ်အတွက် တိုက်ခိုက်ရင်း ထိခိုက်သွားတာမို့ ကိုသံချောင်းရဲ့ ရဲရဲတောက် ကျောင်းသားစိတ်ကို ဒီနေရာကနေ ဂုဏ်ပြုလိုက်ပါတယ်... လက်ရှိမှာလဲ တိုက်ပွဲဝင်ရင်းဆိုတာတော့ ဒေါ်လှိုင် ဖောတာ နဲနဲများသွားပြီ... အထက်က ပြောခဲ့သလိုပါပဲ... SSAတပ် အနေနဲ့ ဖမ်းခံထိတာပါ... အရှင်ဖမ်းမိတဲ့ ရန်သူ့စစ်သားကတော့ အိမ်ပြန်ဖို့ လမ်းစရိတ်တွေ ဘာတွေ ရပြီးပြန်သွားရတယ်... ဒေါ်လှိုင်တို့ရဲ့ ရဲဖော် ရဲဖက် ဖြစ်သူတွေကတော့ တချို့သတ်တာခံရ တချို့ နှိပ်စက်ခံရတာတွေကို ထည့်မပြောတာ စိတ်ပျက်စရာပါ... "(၁၉၉၀ – ၁၉၉၁) ကျောင်းသားတပ်မ တော် (မြန်မာပြည်မြောက်ပိုင်း) ဗဟိုကော်မတီ ဖွဲ့စည်းပုံအရလည်း ပြဿနာမရှိခဲ့ပါဘူး။ဒီအနေအထားအထိတော့ ဘာအရောင်အသွေးမှ မစွန်းထင်းခဲ့သေးတဲ့ ကျောင်းသားတပ်မတော်ပါပဲ။" အထက်မှာတုန်းကတော့ ဒေသမတူ အုပ်စုမတူတာချင်းတွေက ပြသနာတွေရှိနေသလို ပြောလာပြီး ခုတော့ လည်ပင်းဖက်ပေါင်းနေသလို ရေးနေတာလဲ အံ့သြမိတယ်... " ခေါင်း ဆောင်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ လူတစုက တစုံတခုသောရည်ရွယ်ချက်အတွက် ABSDF(မြန်မာပြည်မြောက်ပိုင်း) ကို ABSDF (အထက်ဗမာပြည်) အဖြစ် ပြောင်းလဲနိုင်ဖို့ မြောက်ပိုင်းဗဟိုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ကြမယ် ဆိုရင်တော့ အဲဒီအရာသာလျှင် ပြဿနာရဲ့အရင်းခံ ဖြစ်လာမှာတော့ မုချမလွဲပါပဲ" ဝေ့လည်ကြောင်ပတ် ရေးသွားသလို ဖြစ်နေလို့ နားမရှင်းပါ... ABSDF(စစ်ကိုင်း)တို့ ဘာတို့ပဲ ဖတ်ခဲ့မိသလိုပါပဲ... မေးစရာ အင်မတန် ကောင်းတဲ့ အချက်ပါ... သိလဲ သိသင့်ပါတယ်... ပြသနာရဲ့ အရင်းအမြစ်ဟာ ကိစ္စ အတော်များများကြောင့် ဖြစ်လာတာကို စာဖတ်သူတွေ နားလည်နေပေမဲ့ "ABSDF(မြန်မာပြည်မြောက်ပိုင်း), ABSDF (အထက်ဗမာပြည်)" ဆိုတာကတော့ ရှင်းမပြရင် အပြင်လူတွေ သဘောမပေါက်နိုင်တဲ့ အရေးအသားပါ... "ဒီအရိပ်အခြေတွေကို သိရှိနားလည်နေတဲ့ ယူဂျီ လမ်းကြောင်းကို စီးထားနိုင်တဲ့ ရန်သူ့သူလျှိုတစုကလည်း ဒီဟနေတဲ့အရာကိုအသုံးချပြီး လက်ဦးမှုယူ ဖြိုခွဲဖို့အတွက် ကြို တင်ပြင်ဆင်မှုတွေ ရှိနေပြီးသား ဖြစ်နိုင်ပါတယ်။" ဒေါ်လှိုင်အနေနဲ့ ဒီလိုရေးလိုက်တာက ဒေါ်လှိုင်က ယူဂျီလမ်းကြောင်းကို စီးထားနိုင်တဲ့ သူလျိုတစုဆိုတော့ ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ဒေါ်လှိုင် သိနေပြီးသားလို့ ယူဆရပါတယ်... "မိုး ညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊ လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊" ဒေါ်လှိုင်ရေးတာ အကြည်တော်ရဲ့ ဇာတ်ကောင် ဘီလူးက ဧရာဝတီ အတိုင်း စုန်ဆင်းသွားပြီး အင်္ဂလန်က ဘုရင်မကြီး သွားသတ်လိုက်ရင်တော့ ဒို့တွေ လွတ်လပ်ရေး ရပြီ ဆိုပြီး လှေကလေးနဲ့ မြစ်ကြောင်း အတိုင်း စုန်ဆင်းသွားပါရောလား... အဲ့ဒီကတည်းက ဘီလူးသတင်း မကြားရတော့တာ အခုထိပါပဲလို့ ဆိုတာမျိုး ဖြစ်နေပြီ... နောက်ဆုံး အသိပေးချက်ကလေးကတော့ ကျနော် ကိုယ်တိုင်လဲ အဲ့အတိုင်းခံယူထားပြီး မှားယွင်းရေးသားမိရင် တောင်းပန်ရမှာ လူ့ဝတ္တရားနဲ့ လူ့တန်ဖိုးပါ... မြောက်ပိုင်းကေ့စ်မှာ အမှုမှန် ပေါ်ဖို့ ဘယ်နည်းကို သုံးသုံး တရားတယ်လို့လဲ ခံယူထားပါတယ်... အမှန်တရား ပေါ်အောင် ဆောင်ရွက်ပေးချင်သူတွေ အားလုံးနဲ့ လက်တွဲ နိုင်ပါတယ်... ကြိုဆိုလျှက်ပါ... လူသတ်ဝါဒ ကျဆုံးပါစေ...
· · Share


  • 4 shares

    • ဘရာဇီး ငှက်ရိုး http://www.mizzima.com/edop/interview/2244-fdb-denies-having-contact-with-yettaw.html

      www.mizzima.com
      Mizzima – Specialising in Burma-Related News, Information and Multimedia. The leading liberal voice for current events, video, audio, commentary and analysis on Burma (Myanmar).

      လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ အပိုင်း(၁)

      by ဘရာဇီး ငှက်ရိုး on Thursday, April 5, 2012 at 10:39am ·
      လက်ရှိ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင် ဝရုန်းသုန်းကားနဲ့ မြောက်ပိုင်းကေ့စ်ထဲ မထင်မှတ်တဲ့ အချိန်မှာ ဝင်လာတဲ့အခါ လူတော့နဲနဲ စုံလာပြီလို့ အမှုမှန်အဖြစ်နဲ့ အမှန်တရားအတိုင်း ပေါ်တော့မယ်လို့လဲ ကောက်ချက်ဆွဲလိုက်တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒေါက်တာနိုင်အောင်ရဲ့ တောင်းပန်စာ ဆိုတာကြီး ထွက်လာချိန်၊ ကိုမိုးသီးဇွန်ကလဲ ရှင်းလင်းချက် ပြန်ထုတ်နေချိန်မှာ ဆိုတော့ မြောက်ပိုင်းမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့မှုတွေကို ဝန်ခံနေကြချိန်မှ ထွက်ပေါ်လာတာလဲ စောင့်ကြည့် လေ့လာနေသူများကို စဉ်းစားစရာ အတွေးများစွာ ပေးလာပါတယ်... ပန်းချီထိန်လင်းရေးခဲ့ဖူးတဲ့ သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က, လူကက်ဆက် စသဖြင့် ရေးသားသမျှတွေမှာ လက်ရှိဥက္ကဌကြီး ကိုသံခဲတို့ ဒေါ်လှိုင်တို့ မိသားစု အင်မတန် ဆင်းရဲ ကျပ်တည်းနေသလိုလို ရေးထားတဲ့ အပြင် ကိုဘုန်းကျော်(လူ့ဘောင်သစ်/ချစ်) ကပါ သနားစဖွယ် ချရေးလိုက်တော့ စာဖတ်သူတွေ လက်ရှိဥက္ကဌကြီးကို ဂရုဏာ သက်မိ သွားကြပါတယ်... ကိုထိန်လင်းတို့က ရင်းနှီးတဲ့ သံယောဇဉ်အခံလေးတွေ ရှိနေသေးလို့ ချန်ရေးသွားလို့ အပြစ်မမြင်မိပါ... မိတ်ဆွေအဖြစ် ရဲဘော်အဖြစ် သူငယ်ချင်းအဖြစ် လက်တွဲဖူးကြသူချင်း ညှာညှာတာတာနဲ့ မထိပါးအောင် ရေးသားပေးတာ မိတ်ဆွေကောင်းတို့ ကျင့်ဝတ်ပါ... ဒေါ်လှိုင်လဲ တပြုံးပြုံးနဲ့ ဖတ်နေမှာ မလွဲပါဘူး... သနားစရာ လွမ်းမောဖွယ် ဘဝလေးပေါ့... ကျနော် ကိုယ်တိုင်လဲ ရှေ့က သွားလေသူ ဥက္ကဌဟောင်းတွေနှယ် ဒို့ ဥက္ကဌကြီးကို လမ်းကြောင်းလေးတွေ ဘာလေးတွေ မပေးလေချင်းလို့ ဒေါမနသတွေ ဘာတွေလဲ ပွားမိပါသေးတယ်... တကယ်ဆို ကိုအောင်မိုးဝင်း အရိုးတွန်သံ အပိုင်းတွေ မရေးခင် ကတည်းကသာ ယခုလို (ရိုးသားတဲ့ သာမာန် အောက်ခြေ ရဲမေလေး) အနေနဲ့ ဒေါ်လှိုင် ဝင်ရေးပေးလိုက်ရင်တော့ စာရှု့သူတွေ အတွက် ပွင့်လင်း လွတ်လပ်တဲ့ အတွေးအမြင်လေးတွေ ရသွားမှာ မလွဲပါဘူး... သို့သော် အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် ဆိုသလို ဥက္ကဌဟောင်းများ ဖြစ်တဲ့ ဒေါက်တာနိုင်အောင်, ကိုမိုးသီးဇွန်တို့နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ အလိုအပ်ဆုံးနဲ့ အဖြစ်သင့်ဆုံး အချိန်ကောင်းမှာ ဒေါ်လှိုင့် အမြင်ကို ဝင်ရေးလိုက်တာ တိုက်ဆိုင်မှု မဟုတ်လောက်ဘူးလဲ ထင်ပါတယ်... ဒေါ်လှိုင်သာ ရိုးသားမှု ပြချင်သူ စစ်စစ် ဖြစ်ခဲ့ရင်တော့ ကိုညီညီ(ဆမား)ရဲ့ ပုဂ္ဂိုလ်ရေးပါတဲ့စာ မရေးခင်မှာ ချမရေးသင့်ဘူးလား... ကိုယ့်မထိ သရွှေ့ ဘယ်သူသေသေ ဘယ်သူအပုပ်ချခံရ ခံရ ငါနဲ့မဆိုင် သလို နေခဲ့ပြီးမှ ငါ့တော့ ဖဲ့လာပြီ ဒါကြောင့် ငါဝင်သမမယ် ဆိုတဲ့ သဘောနဲ့ ရေးသွားတဲ့ သာမာန် အောက်ခြေ ရဲမေလေးစာက ထူးဆန်းမှု အပြည့် ဖြစ်မနေဘူးလား... မနန်းစောရဲ့ ကွန်မန့်တခုထဲမှာ ကိုကြီး(ကိုထွန်းအောင်ကျော်)နဲ့ အမ(မခင်ရွှေလှိုင်)တို့က ပညာရေးလိုက်စားဖို့ စာဖတ်ဖို့ တိုက်တွန်းခဲ့လို့ အကိုတွေ အမတွေကို အမြဲတမ်း ကျေးဇူးတင်မိကြောင်းလေး ဖတ်လိုက်ရဖူးပါတယ်... ဒေါ်လှိုင့်ကို အများစုက အမှုမှန် ပေါ်ပေါက်ရေးမှာ အတော်လေး မျှော်လင့်ချက် ထားတယ် ဆိုတာတော့ ယုံမှား သံသယ ဖြစ်စရာ မလိုပါဘူး... ဖေဖော်ဝါရီ ၁၂ရက်က ခေါင်းဖြတ်သတ်ပွဲကို ရဲရဲတောက် သွားကြည့်ဖူးသူ အဖြစ် မြင်ခဲ့ သိခဲ့ ကြားခဲ့ သမျှ ရေးသားပေးလိမ့်မယ်လို့လဲ ထင်နေကြပါတယ်... ကျနော် ကိုယ်တိုင်လဲ ဒေါ်လှိုင်သည် ရဲဘော် ရဲဘက် စိတ်ရှိသူ မဟုတ်မခံ စိတ်ရှိသူ အမှန်တရား အတိုင်း ဖြစ်စေမဲ့သူလို့ အများကြီး မျှော်လင့်ခဲ့မိပါတယ်... အပိုင်း(၁)မှာတော့ စကားချီး အပါအဝင် မန်းလေးမှာ ဒေါ်လှိုင်က ကိုကြီးထွန်းအောင်ကျော်, ရော်နယ်အောင်နိုင်, ကိုစိုးလင်းတို့နဲ့ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ အခြေအနေကို တင်ပြသွားခဲ့ပါတယ်... တောထဲသွားဖို့ အတွက် စီစဉ်ပေးသူတွေ ဖြစ်တဲ့ ကိုမောင်မောင်(ရွှေကရဝိတ်), ကိုချိုကြီး(ဖရက်ဒီ အောင်သန်း)တို့ကို မိတ်ဆက်ပေးပါတယ်... တောထဲ ရောက်မှ ကိုမျိုးဝင်း, ကိုသံချောင်းတို့နဲ့ တွေဆုံရပုံတွေ ရေးသားပါတယ်... ရက်ရှည်လများ နှိပ်စက် ညဉ်းပမ်း သတ်ဖြတ် ကြသူတွေကလဲ ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံရသူများကို ရန်သူ့သူလျိုတွေ ဖြစ်ကြောင်း စွပ်စွဲခဲ့သလို (ခိုင်လုံ)တဲ့ သက်သေ အထောက်အထားတွေ ရှိကြောင်း ထို့အတွက်ကြောင့် ကြိုးစင်တက်ရလျှင် ကြိုးစင်တက်မယ်လို့ ပြောကြောင်းရေးလာပါတယ်... စိတ်ဝင်စားစရာက နှိပ်စက် သတ်ဖြတ်သူ အားလုံးက တညီတညွတ်တည်း ပြောခဲ့ကြသလား? ဆိုတာလေးတော့ စာဖတ်သူတွေကို ညွှန်ပြပေးပါ... ရက်ရှည်လများ နှိပ်စက် ညဉ်းပမ်းခံရသူ တွေကလည်း ၄င်းတို့သည် ရန်သူ့သူလျိုများ မဟုတ်ကြကြောင်း မတရားလုပ်တာ ခံခဲ့ရတဲ့ ကျောင်းသား အစစ်အမှန်တွေပါလို့ ပြောကြောင်း ရေးလာပြန်ပါသေးတယ်... ရက်ရှည်လများ နှိပ်စက် ညဉ်းပမ်းခံရသူ အားလုံးက တညီတညွှတ်တည်း ပြောခဲ့ကြပါသလား? ဒေါ်လှိုင်က နှစ်ဖက်စလုံးရဲ့ အဆိုကို မထောက်ခံသူ (ကြားနေသူ)ဟုလည်း ထည့်ရေးလာပါတယ်... (ရန်သူ့သူလျှိုကို ထွက်ပေါက် အသင့် ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း)လို့ လဲရေးထားပါသေးတယ်...အာဏာလုခြင်း ဆိုတာထက် ပိုပြီး ဖြစ်နိုင်ခြေ ရှိတဲ့ သုံးသပ်ချက်ပါ... အမှန်တရား အတိုင်း ဖြစ်စေချင်သူတွေ သတိချပ်သင့်တဲ့ သုံးသပ်ချက်ပါ... (((ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျှို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွှန်ပြနေပါ တယ်။))) ဆိုတော့ ဗီဒီယိုမှတ်တမ်းတော့ (လုံးဝ) မကြည့်ဖူးသေးပါ... ဓါတ်ပုံမှတ်တမ်း ဟုဆိုရာမှာ ကိုညီညီကျော်, ကိုရဲလင်းတို့ နှစ်ယောက်ဆီက အပြင် ကိုမင်းဌေးဆီက ပုံတွေလောက်ပဲ မြင်တွေ့ခွင့် ရကြပါသေးတယ်... ဘယ်ဓါတ်ပုံတွေကို ဆိုလိုမှန်း မသိပါ... ဒေါ်လှိုင်ကသာ မည်သည့်ပုံ ဖြစ်ကြောင်း ထောက်ပြ လိုက်ရင် ရှင်းလင်း မြင်သာ သွားနိုင်ပါတယ်... ထုတ်ဝေဖို့ စာအုပ် အသင့် ဆိုတာကတော့ ကိုမောင်မောင်(ရွှေကရဝိတ်) ထုတ်ဝေမဲ့ စာအုပ် တစ်အုပ်ပဲ ရှိပါတယ် (ကျနော်ဆို စာအုပ် နာမည်တောင် မသိပါ)... သို့သော်လဲ ကိုရဲလင်း မိခင်ကြီးရဲ့ မြောက်ပိုင်းသွား ဗလာစာအုပ်က မှတ်တမ်းလေးကို ကျနော်စာမျက်နှာမှာ တင်လိုက်တဲ့ အခါ ကိုမောင်မောင်(ရွှေကရဝိတ်)က ပုံပါအတိုင်း စာလာပြီး ရေးသွားတာလေးကိုပါ သံသယ များကင်းရှင်းစေရန် တင်ပြပေးလိုက်ပါတယ် ခင်ဗျာ... အပိုင်း(၁) အတွက်တော့ ဒီလောက်ပါပဲ ခင်ဗျာ...
      · · Share

      • 17 shares

        • Ni Lynn
          ကျနော်နဲနဲပါးပါး ဝင်ဖတ်ကြည့်တယ်။ တော်တော်စိတ်ပျက်စရာကောင်းတယ်ဗျာ။ လူသတ်သမားတွေကို ကာကွယ်နေတာ။ ထောက်လှမ်းရေးဟုတ်စေဦး၊ ခြေထောက်ထဲ သံချောင်း မီးဖုတ်စရာမလိုဘူး။ လက်မှာ မိုင်းချည်ပြီးဖောက်လို့မရဘူး။ ဒါ့ထက်ဆိုးတာတွေရှိသေးတယ်။ ဒီမိန်းမလဲ တရားခံဖြ...See More

        • San Yu မခင်ရွှေလှိုင်ရေ၊ငါတို့ကအမှန်တရားရဲ့မျက်နှာစာတစ်ခုကိုပဲ ကြည့်ပြီးစောင့် ဖတ်နေတာမို့ ခိုင်လုံတဲ့အချက်အလင်တွေကိုပဲ တင်စေချင်ပါတယ်


No comments:

Post a Comment