ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Friday, May 28, 2010

၁၉၈၈ ကျောင်းသားစိတ်ဓါတ်နဲ့  သန်းနိုင်

နေရာက ဖလူးစခန်း တဖက်ကမ်းက မက်ကိုကင်းရွာအစွန်က
ကရင့်တပ်မတော် လက်အောက်ခံ မူဆလင်တပ်ဖွဲ့ ဝင်တဦးရဲ့ တဲငယ် ။

အချိန်ကာလက ၁၉၈၉ အေးချမ်းလှတဲ့ ဒီဇင်ဘာ ၂၆ နံနက် ဝေလီဝေလင်းစ

အခြေအနေကတော့ အာဏာရှင်စစ်တပ်သည်
၁၉၈၈ကျောင်းသားများ လက်နက်ကိုင်တော်လှန်ရေး မလုပ်နိုင်ရန် နှင့်
အမြစ်ပြတ် ခြေမှုံးရန် လူမျိုးစုနယ်မြေ အားလုံးကို နည်းမျိုးစုံဖြင့် ထိမ်းချုပ်ရေး စီမံချက်ကာလ


ချောင်းရေသည် ကြည်လင်နေပြီး အောက်ခြေကို ရှင်းရှင်းကြီးမြင်နေရသည် ။
နံနက်လင်းခါစ နေစထွက်သည်ဆိုသော်လည်း အလင်းရောင်ပြပြသာမြင်ရသည် ။
နေလုံးသည် တောင် ၂ လုံးကြားက ချောင်းကိုတိုက်ရိုက် အလင်းရောင်မကျနိုင်သေးပါ ။
ခပ်လှမ်းလှမ်းမှာ ဆိုလျှင် ရေငွေ့ ဖြူဖြူ မြူမူန်များ တွေ့ နေရသေးသည် ။
ရှုလိုက်သောလေထဲမှာလဲ သစ်ပင် သစ်ရွတ် အနံ့ နှင့်အတူ တချက်တချက် ပန်းရနံ့ များရပါသည် ။
စစ်ရေဘူးထဲကရေကို လက်ခုတ်နဲ့ ရေခပ်ပြီး အာလုပ်ကျင်းလိုက်ပါသည် ။
ပြောပြမတတ်သော လေးပင်သည်လား ဆိမ့်နေတာလား မသိသော
ရေ၏အရသာသည် နှတ်ခမ်းဖျားကို စိုစွပ်ပြီး အာခေါင်အဖျားအထိ ရောက်သွားသည် ။
အော် မြန်မာပြည်က ထွက်ကုန်တွေထဲက ရေတောင် အရသာရှိပါလားလို့ 
တခြားနိုင်ငံတွေ ရောက်မှ တန်ဖိုးကိုနားလည်မိသည် ။
သောင်ရင်းမြစ်ကို တချက်ကြည့်ပြီး မိမိတို့ ရုံးရှိရာဖုက်ကို မျှော်ကြည့် လိုက်သည် ။
မီးခိုးမှုတွေကြားမှာ သဲသဲကွဲကွဲ မမြင်ရသေးပါ ။
အခုလောက်ဆို စားဖိုဖုတ် က ချက်ပြုတ်ပြီးလောက်ရောပေါ့
ကျောင်းသားရဲဘော်တွေလည်း တညလုံးတာဝန်ယူထားတာဆိုတော့ ဆာကြပြီပေါ့ ။

(အမြောက်ကျည်ဆံ ဒဏ်ခံရန် သစ်လုံးများအောက်တွင် ၁၀ပေ ပတ်လည် အနက် ၅ ပေ ကျင်းတူးပြီး အိပ်သည့်
ကျည်ကွယ်မျက်ကွယ်ကို ခေါ်ပါသည် ။တချို့ က ဘန်ကာ ဟုလည်းခေါ်ပါသည် )

နောက်မှ ချွတ်ချွတ် အသံ ခြုံကြားမှ လှည့်ကြည့်လိုက်တော့ ကိုသန်းနိုင် ။
စစ်ဘောင်းဘီရှည် ဇစ်ကို ဆွဲရင်း ကားရား ကားရား တောထိုင်ရာက ကမန်းကတန်းပြန်လာပုံရပါသည် ။
အားလုံး နိုးကုန်ကြပြီလား ။ စခန်းပြန်မယ် ။ ကျွန်တော့ ရဲဘော်တွေကို စိတ်ပူနေပြီ ။
ယိုင်နဲ့ နဲ့ ဝါးတဲ ထဲမှ ကိုဇော်ဇော် (ကနေဒါ) ကိုကျော်မင်းဦး ( သတင်းပျောက်) ကိုမောင်လှ (မဲဆောက်)
ကိုနေမျိုး ကိုအေးဝင်းတို့ တသိုက် အိပ်ချင်မူးတူးနှင့် ထလာကြပါသည် ။
မရှိလို့ ထွက်ဝယ်တာ အေးအေးဆေးဆေးပေါ့လို့  ကိုနေမျိုးက လည်ချောင်းကွဲသံဖြင့်ပြောလိုက်သည် ။
ကိုသန်းနိုင်မျက်နှာညိုညိုက ရဲကနဲ မဲသွားပါသည် ။
ငါတို့ ဒီဘက်ကမ်းကို အပျော်လာတာမဟုတ်ဘူး ။
တိုက်ပွဲဖြစ်နေတဲ့ စခန်းထဲမှာ ကျောင်းသားရဲဘော်တွေ ထမင်းဆာပြီ ။
ရိက္ခာ တာဝန်ခံ ကိုဇော်ဇော် အထုတ်တွေ အဆင်သင့်လုပ် ပြီးရင် ထွက်မယ် ။
ကိုသန်းနိုင်က ကျွန်တော့နားကပ်လာပြီး တိုးတိုးလေးပြောပါတယ်
“ကိုဌေးတင့် ကျွန်တော်က အရမ်း စိတ်ပူတတ်တယ် ။
သပိတ်မှာကထဲက အတူတူ သေဖေါ်သေဖက်လုပ်လာကြတာ ဘာရယ်လို့ မဟုတ်ပါဘူး
သူတို့ အားလုံးအတွက် စိတ်ပူလို့ ပါ ။
ကိုသန်းနိုင် စိတ်ပူလွန်ပြီး အမေရိက ရောက်တော့ နှလုံးကို ဖြုတ်လိုက်ပြီး စက်နဲ့ အစားထိုးရတယ်နော်”
ကျွန်တော်လည်း ညကအရှိန်နဲ့ အော်ဟုတ်လားဟု မူးကြောင်ကြောင် အဖြေပေးတတ်တာ အခုထိထင်ပါတယ် ။
ကိုဇော်ဇော်ကတော့ လူငယ်ပြီပြီ သွက်လက်ချက်ချာပါတယ် ။အခုထိပါဘဲ ။
နေမျိုးတယောက် အခုထိမူးနေတုံးဘဲလား မသိဘူးနော် ။
မောင်လှကတော့ စကားနည်းတယ် ။ အမြဲတန်းတခုခုကို ငြီမ်ပြီးစဉ်းစားနေတတ်တယ် ။
အခုများတော့လဲ တကမ္ဘာစီမဟုတ်သော်လည်း
တနိုင်ငံစီ ဝေးကုန်ကြပြီနော် ။
ကျောပိုးအိတ် တလုံးစီနဲ့ ရိက္ခာတွေထမ်းပြီး သောင်ရင်းမြစ်ဆီသို့ ချီတက်ကြပါတယ် ။
မြစ်နားနီးလာတော့ စစ်ယူနီဖေါင်း အချို့ ကို လမ်းဘေးတွေမှ ပစ်ထားတာ မသဲမကွဲ မြင်ရပါတယ် ။
ရေတွေလဲ လမ်းမှာစိုနေပါတယ် ။ မကောင်းတဲ့ အတိတ်နမိတ်ပါဘဲ ။
ကိုသန်းနိုင်နဲ့ ကျွန်တော်က ရေစိုဝတ်တွေကို ကိုင်ကြည့်ရင်း စခန်းထဲမှာ တခုခုဖြစ်နေပြီ။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ည မှာ စခန်းတာဝန်ခံ ကရင်ခေါင်းဆောင်တွေ
ဝါလေ ဌါနချူပ်မှာ ပြန်စုပြီး ယေရှုခရစ်တော်မွေးနေ့ ကျင်းပနေကြတယ် ။

မြန်မာအာဏာရှင် စစ်တပ်ကတော့ အစွမ်းကုန်ယုတ်မာပြီ ထင်တယ် ။
ကျွန်တော်တို့ အခြေအနေကို သုံးသပ်ပြီး ခေါင်းနပန်း ကြီးသွားပါသည် ။

စခန်းကို စွန့် ခွာကြပြီလား ။ စခန်းကျပြီ လား ။ ငါတို့ ဘာလုပ်ကြမလဲ ။
တိုင်ပင်စရာမလိုဘဲ ရ ယောက် ခေါင်းခြင်းဆိုင်လိုက်ပါသည် ။
ကိုသန်းနိုင်က ကျွန်တော်ရသလောက် စခန်းထဲကို ခိုးဝင်မယ်
၄၅ဘို့ ပစ္စတိုချိတ်ထားသော ခါးဘက်ကို လက်ထောက်ပြီး ပြောလိုက်ပါသည် ။
ကျောင်းသား ရဲဘော်တွေရဲ့ အခြေအနေကြည့်ဘို နဲ့ ကူညီဘို့ အသက်ပေးသင့်ရင် ပေးရမယ် ။
ဘယ်သူလိုက်မလဲ ဟုမေးပါသည် ။

ကျွန်တော်လိုက်မယ် ဆိုတဲ့အသံက ၆ ယောက်စလုံး စက္ကန့် မခြားဘဲ
တပြိုင်ထဲ ထွက်လာပါသည် ။
ကျွန်တော်အပါအဝင် စခန်းမှာနေစဉ်က တာဝန်ခွဲတဲ့ ရွေးကောက်ပွဲတွေမှာ
နောက်က ပုန်းနေတတ်သူတွေပါ ညနေ ထမင်းစားပြီး လေပေါကြရင် နားထောင်တတ်သူတွေပါ ။
စကားကို အပိုမပြောဘဲ အလိုပြောတတ်ကြသူတွေပါ ။
အခုကာလမှာလို ပြည်ပမှာ ခေါင်းဆောင်နေရာလုသူတွေ ရေဒီယိုမှ ဖိုးပြောချင်တွေကို
ခေါ်သွားချင်ပါသည် ။

သူငယ်ချင်း ကျောင်းသားတပ်ဖွဲ့ ဝင်တွေအတွက် အသက်စွန့် ကူညီရန် အဆင်သင့်ဖြစ်ကြပါဘီ ။
ကျွန်တော်တို့ အားလုံး အပိုပစ္စည်းများ သစ်ပင်ကြီး တပင်အောက်တွင် သစ်ခက်များနှင့် ဖုံးပြီးဖွက်လိုက်ပါသည် ။

အေကေ ၄၇ တလက်စီ ကျည်ထိုး ။ လက်ပစ်ဗုံးများကို အလွယ်ပစ်ရန် ရင်ပတ်မှာ တွယ်လိုက်ပါသည် ။
အသက်တွေကို ဝဝရှုလိုက်ကြသည် ။
ကျည်ဆံ သေမင်းတမံဟာ အချိန်မရွေး ရင်ဘတ်ထဲကို ဝင်မည့်
စခန်းထဲသို့  ဝင်ကြတော့မယ် ။
အမှန်တရားနဲ့  ဘုရားသ္ခင်ဟာ ငါတို့ ဘက်မှာရှိနေတယ့် စိတ်နဲ့ 
လမ်း လက်ဝဲ လက်ျာကို ကပ်ပြီး အသင့်အနေအထားဖြင့် သောင်းရင်းမြစ်ဆီသို့ ချီတက်ကြပါတယ် ။

တောငယ်လေးတခုလုံး တိတ်ဆိပ်နေမှုဟာ စစ်ဖိနပ်နင်းလိုက်ရင် ပြန်ကြားနေရပါတယ် ။
ပူပင်နေသော နှလုံးသားရဲ့ သွေးခုန်နူံးသံကို နားထင်သွေးကြောများမှတဆင့်
တဒုံးဒုံနဲ့ စစ်ဖိနပ်သံနဲ့ အညီ စည်းချက်ညီညီ ကြားနေရပါသည် ။


ဌေးတင့်
၆ မေလ ၂၀၁၀

ဒုတိယပိုင်း

အေးစက်နေတဲ့ သေနပ် ဖိုင်ဘာအစိတ်အပိုင်းကို ပူပန်နေစိတ်နဲ့  တင်းတင်းဖိကိုင်ရင်း ပူနွေးလာပါတယ် ။
၁၉၈၈ စက်တင်ဘာလက စစ်အာဏာသိမ်းပြီး စစ်ရူးတွေအမိန့် ကို အောက်ခြေကရဲဘော်လေးတွေက သေနပ်တွေနဲ့  ကျောင်းသားပြည်သူတွေကို ပစ်သတ်ခဲ့ပါတယ် ။ ကျောင်းသားတွေ အုပ်စုလိုက် လူမျိုးစုတွေဆီမှာ လက်နက်တောင်းဖို့ သွားခဲ့ကြပါတယ်
သေနပ်ဆိုတာ လူသတ်လက်နက်ပါ ။ ထက်နေတဲ့ ဒါးတောင် မကိုင်တတ်ရင် မိမိလက်ကို လှီးမိပါတယ် ။ သေနပ်မကိုင်တတ်ရင် အန္တရာယ်ရှိပါတယ် ။
ထိုအတူ သေနပ်ကိုင်ထားသူရဲ့  ဦးနှောက်ထဲမှာ အများစုအတွက် ပြည်သူ့ လုံခြုံရေးအတွက် ခံယူချက်မရှိရင်လဲ
သူခိုးထက်နဲနဲသာသူ ဒါးပြ အဆင့်ပါဘဲ ။ ဒီကနေ့ မြန်မာပြည်ထဲက နေပြည်တော်လက်အောက်ခံ လက်နက်ကိုင်သူတွေ အားလုံးဟာ
၉၆၂ ခုနှစ်က စပြီး ပြည်သူ့ အာဏာ လုယူခဲ့လို့  သူခိုး ဒါးမြ အဆင့်ပါ။ ဆိုရှယ်လစ်ကို နားမလည်ဘဲ ဖုတ်ပူမီးတိုက် သင်တန်းတွေနဲ့  ရိုက်ထဲ့ပေမဲ့ လဲ ၁၉၈၇ မှာ မြန်မာပြည်ဟာ အဆင်းရဲဆုံး အဆင့်ကိုရောက်သွားပါတယ် ။
သူခိုး ဒါးပြ ပီပီ ဖြစ်လာတဲ့ပြသနာတွေကိုလည်း သူခိုးနည်းနဲ့ ဖုံးဖိ လိမ်ညာခဲ့ ကြတဲ့အဆုံး ၁၉၈၈ က အမှန်တရားဘက်တော်သား ကျောင်းသားက စပြီးတော်လှန်လို့ နာမည်ခံ မဆလကြီး ပြုတ်ခဲ့ပါတယ် ။
သူခိုး ဂျပိုး လူသတ်သမား ဒါးမြ ဇာတိရုပ်က ဆိုရှယ်လစ်နဲ့ အုပ်ထားတာ ဘွားကနဲ
၁၉၈၈ က ၁၈ စက်တင်ဘာလမှာ ပေါ်သွားပါတယ် ။
အခုတော့ တော်လှန်ရေးနယ်မြေထဲမှာ သင်တန်းပြီးတဲ့ ကျောင်းသားတွေ လက်နက်ကိုယ်စီနဲ့  တိုက်ပွဲဝင်ကြပြီ ။

အေကေ ၄၇ သေနပ်မှတဆင့် ဥက္ကဌကြီး စောမော်ရယ်(၁၉၈၈ ၁၉၈၉ NDF) ၏အသံများ နားထဲ စီး ဝင်လာ ပါသည် ။
အဲဒီ၁၉၈၈ အောက်တိုဘာလမှာတုံးက ကျွန်တော်က ဟွေစေတီ စခန်းကော်မတီ
လုပ်ငန်း စစ်ဆေးရေး အတွင်းရေးမှုး တာဝန်ယူနေတဲ့အချိန်ပါ ။
၁၉၈၈ လူထုအုံကြွတောင်းဆိုမှုကနေ ကြားဖြတ်အစိုးရဖွဲ့ စည်းနေတုံး စစ်တပ်ကအာဏာသိမ်းလို့ 
လက်နက်ကိုင် တော်လှန်ရေးနဲ့ အပြီးတိုက်ပွဲဝင်နေတာ နှေးနေတယ် သုံးသပ်မိပါတယ် ။
ီ ဦးစောမော်ရယ် လှေနဲ ရောက်လာကာ ကျွန်တော့ ဝါးတဲကို လာပြီးကျောင်းသားတွေ ရှာစားတာ ကင်းလိပ်ချောနဲ့ ပုတ်သင်ညိုတွေကုန်ပြီကြားတယ် ။ လိုက်ခဲ့ကြ ငှက်ပစ်ထွက်မယ် ။
ကိုဂဏန်း ကိုတင်ဝင်းအောင် ကိုသိန်းနိုင် ကိုဇော်လင်း(မကသ) ကိုဂါမဏိ(လက်ဝှေ့ ) ကို မန္တလေးတို့ ကမျက်စိမှိတ်ပြပါတယ် လိုက်သွားတဲ့ ။
ကိုဆန်နီ (အထွေထွေအတွင်းရေးမှုး) ရစ်ချပ်ဌေးရယ်(ဥက္ကဌကျောင်းသားစခန်း) တို့ လည်းနောက်က ပါလာသည်

အန်ဒီအက်ဖ် ဥက္ကဌ လှေကိုစုန်စီးပြီး ငှက်ပေါသည့် တောထဲရောက်တော့
လူနဲတာနဲ့  ရင်ထဲက အောင့်ထားတာတွေ မေးမိပါတယ် ။
စခန်းမှာနေတုံးက ဦးပြည်မရှိရင် တကျီကျီနဲ့  ကျောင်းသားတွေ ပြောနေကြတဲ့
အဘတို့ လူမျိုးစုတပ်ပေါင်းစုက ရေဒီယိုကနေပြီး ကျေညာခဲ့တယ် ။
ပြည်တွင်းက ကျောင်းသားတွေကို လိုအပ်တာတွေအကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်ဆို ။

အခု လက်တွေ့ မှာ ငပိတောင် နပ်မမှန်ဖြစ်နေပြီ ။ လက်နက်ဆိုတာ အဝေးကြီးလဲ ။
ကျွန်တော် လူထုလွတ်မြောက်ရေး ဒီမိုကရေစီတော်လှန်ရေးအတွက် အားမနာတော့ပါ ။
စခန်းထဲမှာ နားပူနဆာ အမြဲလုပ်ခံနေရတဲ့ ကိစ္စမေးပါတော့တယ် ။

ဦးစောမော်ရယ်က ခပ်ပြုံပြုံး ရင့်ကျက် လေသံအေးအေးနဲ့ 
ခင်ဗျားတို့ ကျောင်းသားတွေ လက်နက်လိုချင်တာ နားလည်ပါတယ် ။
ခင်ဗျားတို့ ကျောင်းသား တော်လှန်ရေးကို အခုမှ စတင်ပြင်ဆင်နေတာပါ ။

ကျွန်တော် စိတ်ထဲက မရိုးမရွဖြစ်သွားပါတယ် ။
နယ်စပ်မှာ စခန်းတွေ အခိုင်အမာဆောက် ကားတွေ လက်နက်တွေ အများကြီးနဲ့ 
ငါတို့ က ငပိတောင် နပ်မမှန်တဲ့ ဘဝ မို့ 
အဂ်လိပ် လက်အောက်လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က စလာတဲ့ သမိုင်းကို ချန်ထားပြီး
ဒါဆိုရင် အဘတို့ ဘယ်လို စိတ်ဓါတ်နဲ့ တည်ဆောက်လာတာလဲဟု ငတ်ငတ်နဲ့  ရွဲ့ ပြီးမေးလိုက်ပါသည် ။

မောင်ရင်လေးတို့  ကျောင်းသားတွေကို ရှင်းပြဖို့ စောင့်နေတာကြာပါပြီ ။
ဘယ်သူမှ ဒီမေးခွန်းမမေးလို့ စောင့်နေတာပါ ။
ဦးစောမောရယ်က သစ်ပင်ဖျားကို မော့ကြည့်လိုက်ပါတယ် ။
အသက်ကို ပြင်းပြင်းရှုရင်းက သူ့ မျက်လုံးတွေဟာ တစတစနဲ့  ရီဝေလာပါတယ် ။

ကျုပ်တို့ ပိုင်တဲ့ မြေကို ကျုပ်တို့ လူမျိုးတွေ စည်းလုံးညီညွတ်စွာ အုပ်ချုပ်ခဲ့ဖို့ ကြိုးစားခဲ့တယ် ။
ပင်လုံစာချုပ်ထဲမှာ ကရင်နီ လက်မှတ်မထိုးပါဘူး ။
ရလာတဲ့ အကျိုးဆက်က ပြည်မကြီးက စစ်တပ်တွေ
၁၉၄၈က စပြီး အကြိမ်ကြိမ် စစ်ဆင်ခဲ့ တာပါ ။
On August 9th 1948 at 04:00, the AFPFL military police attacked the headquarters of
the Karenni National Organization in Myaleh Daw.
On August 17, 1948 the United Karenni States Independent Army (UKSIA) was formed.
On August 19, 1948 the Karen National Defense Organization occupied Mawchi.
On December 29, 1948 the Kalaw-based Burmese troops attacked Loikaw.
On February 9, 1949 Saw Maw Reh,
a guard commander of Sawpja Saw Shwe was arrested by Burmese troops.

ဘတပြန် ကျားတပြန် ကရင်နီလွတ်လပ်ရေး တိုက်ပွဲတွေနဲ့ အတူ
ကြိုးပန်းနေတုံး
၁၉၆၂မှာ ဗိုလ်နေဝင်း အာဏာသိမ်းလိုက်တယ် ။
ကျွန်တော်တို့  မျှော်လင့်ချက် ကုန်သွားပါတယ် ။
တိုင်းရင်းသားတွေ တိုးတက်မှု အတွက် ကိုယ်ပိုင်လုပ်ပိုင်ခွင့်လေးရှိဘို့ ပါ ။

On July 5, 1963 the KNPP sent a letter, signed by Saw Maw Reh,
responding to the Burmese peace announcement.
On August 28, 1963 the Karen National Union,
New Mon State Party and KNPP jointly sent a letter to the Burmese regime
as a three-coalition party asking for a joint meeting to negotiate peace.
On October 4, 1963 leaders of the three parties arrived in Rangoon for
peace negotiation with the Burmese regime. However,
negotiation was collapsed and
the Burmese troops pushed three parties’ leaders back into the jungle.
In December 1964 Saw Maw Reh was elected to be the seventh KNPP chairman.
In 1976 the PNDF was renamed the National Democratic Front.
KNPP was a member of it and later withdrew from the NDF in 1996.

သေချာတာက အဲဒီတုံးက ကရင်နီသမိုင်းကို တိတိကျကျမလေ့လာခဲ့ဘူးပါဘူး။
ကရင်နီမှာ နေခဲ့စဉ်က ကြားခဲ့သည်များကို ပြန်ရေးတာပါ ။ မှားခဲ့ရင် နားလည်မှုပေးပါ။
သမိုင်းအမှန် အစစ်အမှန်က
http://www.karennihomeland.com/ArticleArticle.php?ContentID=55 မှာရေးထားပါတယ်
ကျေးဇူးတင်ပါတယ် ကိုဇော်လေး ၊ သမိုင်းမှန်ကို လမ်းညွန်ပေးလို့ 

အေးချမ်းပြီး ဖေါ်ရွေရိုးသားတဲ့ ကရင်နီပြည်ကို
မသေခင်လောက်တော့ ပြန်လည်ချင်ပါသေးတယ် ။
ဆရာရေမင်ထူး ဆရာဖုန်းနိုင် မိသားစုတို့ ပြောခဲ့ဘူးပါတယ်
ကျောင်းသားလေးတွေ ကရင်နီကို ပြန်လာလည်ပါအုံးတဲ့ ။


ကျွန်တော်တို့ ကတောင်ပေါ်မှာနေကြတာ ။
တောင်ပေါ်ရဲ့ သဘာဝ ရေမြေတော တောင်တွေကို နားမလည်ဘဲ
မြေပြန့် ကလူတွေက အာဏာရူးတွေ ဘယ်လိုအုပ်ချုပ်မလဲ ။

ကျွန်တော်တို့  ဘိုးဘွားပိုင် သယံဇာတတွေ ပျက်စီးတော့မှာလို့ မြင်မိတယ် ။
မြန်မာပြည်မက နိုင်ငံရေးသမားတွေနဲ့  နေဝင်း စစ်တပ်ဟာ တနေ့ ကြရင်
ကယားပြည်နယ်(ကရင်နီနိုင်ငံ) ကို ကျူးကျော်ပြီး လူထုကို နှိပ်စက်လာနိုင်တယ် ။

ကရင်နီလူထုကို ပြည်မနဲ့ ဝေးရာမှာ နေပြီး အင်အားစုပြည့်စုံတဲ့ တချိန်မှာ သီးခြားလွတ်လပ်သော
ကရင်နီနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ် တခုထဲနဲ့ နယ်စပ်ဘက်က တောထဲကိုထွက်လာခဲ့တာပါ ။

ကျောင်းသားတွေ တောထဲရောက်တော့ နေစရာ စားစာတွေနဲ့ ပါ ။
တော်လှန်ရေးနယ်မြေဆိုတာ တည်းခိုခန်း မှာနေသလိုတော့ ဘယ်ပြည့်စုံပါ မလဲ ။

ကျွန်တော့ လူတချို့  တောထဲကို စပြောင်းတော့ ၂ ပေလောက်ရှိတဲ့ ဓါးမကြီးတချောင်းဘဲ ပါလာပါတယ် ။

စစ်တပ်ကတော့ ကျွန်တော့ကို တောခိုတယ်လို့  နောက်ကလိုက်ပြီး သမုတ်တာ နောက်မှသိပါတယ် ။

ဓါးမကြီးတချောင်းနဲ့  တော်လှန်ရေး စလုပ်ဖို့ တိုက်တွန်းခဲ့သူ ဦးစောမော်ရယ် က
၁၉၈၈မှာ လူ လက်နက်ကိုင် ၃သောင်းကျော်ပါဝင်တဲ့
NDF ကိုဦးဆောင်နေတဲ့ ဥက္ကဌ နေရာမှာ တာဝန်ယူနေ တုံးလေ ။
ကျွန်တော်စိတ်ဝင်စားသလို စာဖတ်သူများနဲ့ နောက်လူငယ်တွေလည်း စိတ်ဝင်စားမယ်ထင်ပါသည် ။

ကရင်နီ တွေချောင်းဘေးမှာ တဲဆောက် တဝမ်းစာ တောင်ယာခုတ်ပြီး ရိက္ခာစပြီးစုပါတယ် ။
အချိန်ရရင် ရွာတွေဝင်ပြီး မြန်မာ ရဲ စစ်တပ်နဲ့ ပြတ်ဿနာဖြစ်ပြီး ရွာမှာနေလို့ မရသူတွေကို ခေါ်လာပြီးလူစုကြတယ် ။
သိုင်းသင်ကြတယ် ။ နောက်တော့ ရဲကင်းစခန်း ငယ်ငယ်လေးတွေကို ဓါးမတွေနဲ့ တက်ခုတ်ပြီး သေနပ်လုကြပါတယ်တဲ့ ။
ကရင်နီက လွတ်လပ်ရေးလိုချင်သူတွေ ကြိးစားခဲ့သူတွေသမိုင်း

တိုင်တရာကို ချိန်သားကိုက်ရင် ယင်ကောင်တောင် မလွဲတဲ့ ရိုင်ဖယ်ခေတ်ကပါတဲ့ ။

ဒီလိုနဲ့ တစတစနဲ့  လွတ်လပ်ရေးတိုက်ပွဲ သက်တမ်းရှည်လာပါတယ်ဟုပြောပါသည် ။

ကျောင်းသားတွေ ဦးဆောင်မှုနောက်မှာ လူထုရှိရင် တော်လှန်ရေးဟာ ခဏပါဘဲလို့ ပြောခဲ့ပါတယ် ။

ကျောင်းသားတွေကတော့ အဆင်သင့်ပါဘဲ ။
လူမျိုးစု ကျောပေါ်ကနင်းပြီး အောင်မြင်အောင် လုပ်ကြ ဟုပြောပါသည် ။
ကျောင်းသားနဲ့ ပြည်သူ အစေးမကပ်အောင် ထောက်လှန်းရေးကလဲ နည်းမျိုးစုံ သုံးခဲ့တာ အခုထိဘဲ ။

(တချို့ ကျောင်းသားတွေ တကယ်ယုတ်မာပြီး လုပ်ခဲ့ပါသည် ။
၁၉၈၈ကို ဝေလေလေ အဖွဲ့ ထဲမှာပါလာပြီး ဇွဲမရှိဘဲ
ကြိုဆိုရေးစခန်းမှ ပြန်ကာ မြက်ခင်းသစ် စာစောင်ထုတ်ပြီး
အဝီစိမှာ ဂျိုးကပ်အောင် စော်ကားပြီးရေးကြပါတယ်
အခုလည်း အီးမေးအုပ်စုတွေထဲဝင်လာပြီး သတ်သျှိုစာတွေ ရေးနေတုံးပါ ။ )

ကျွန်တော် နားလည်သဘောပေါက်သွားပါသည် ။
တခါတည်း ရစ်ချက်နဲ့ ဆန်နီကို ခေါ်ပြီး ကျောင်းသားများ စစ်သင်တန်းကိစ္စများ
လက်နက်ဝယ်ယူဖို့ သစ်ရောင်းရန် စသည်တို့ ကို ဆွေးနွေးခွင့်တောင်းဖြစ်ပါသည် ။

တော်လှန်ရေးနယ်မြေ တည်တန့် ခိုင်မာနေသမျှ
ကျောင်းသားတော်လှန်ရေးကြီးထွားလာရေး မူဖြစ်ပါတယ်။

(၃၀၃ တပ်နာမည် မရခင်ကပင် ကရင်နီက ကျောင်းသားတွေ
စစ်သင်တန်းများပြီးကာ နယ်မြေ လုံခြုံရေး တွဲပြီးယူခဲ့ပါသည် ။
သံလွင်မြစ်ကမ်းပါးတွေမှာ ခံစစ်စခန်းတွေ နေရာချခဲ့ပါသည် ။
တောင်ပေါ်က လက်ထောင်းဆန်ကြမ်းနီနီစေးစေး နဲ့ 
လက်ကြိတ်မြေပဲဆီကတော့ ပေါင်မုန့် ထောပတ်နဲ့ မလဲနိုင်ပါ ။
ပဲပုတ် လတ်လတ်ဆတ်ဆတ် အခြောက်က မီးဖုတ်ရင်
KFC ကြက်ကျော်တောင် နောက်ဆုတ်ရမယ်နော့်

၁၉၈၈ နိုဝင်ဘာ မှာ ပြည်တွင်းကို ယူဂျီတွေ စဝင်ကြပါပြီ။
ကယားပြည်နယ်ထဲမှာ ကျောင်းသားပါတဲ့ တိုက်ပွဲငယ်တွေ စနေပြီဖြစ်ပါသည်၊
ရေကျော်မှာခေါင်းဆောင်တွေ စကားနိုင်လု စကားများလို့ ကောင်းနေ ပါသေးသည် ။
(အသေးစိတ်ရေးပါမယ်)

ကျွန်တော် မယ်နပလော လူမျိုးစု စစ်ဆင်ရေးရုံးတွင်
ဦးခိုင်စိုးနီုင်အောင် ဗိုလ်ချုပ်မောင်မောင် (ကေအန်ယူ)နဲ့ လက်နက် ကိစ္စများ ညှိနှုင်းပြီး
ကရင်နီပြည် ကျောင်းသား စခန်းသို့ ပြန်ခဲ့ပါသည် ။
ဒီဇင်ဘာလ ရှေ့ တန်းက အပြန် မယ်နပလောမှာ သင်တန်းတက်ပြီး
ပြည်တွင်း လှုပ်ရှားမှုနဲ့ နယ်စပ် စစ်ဆင်ရေး အတွက်
ကျောင်းသားတပ်မတော် ဌါနချုပ်စစ်ရေးကော်မီတီကို ဝင်ရောက်တာဝန်ယူရပါသည် ။

စစ်အာဏာရှင် စစ်တပ်တွေ ကရင်နယ်မြေကို စစ်ဆင်သောအခါ
ကရင်ပြည်နယ် ကာကွယ်ရေးမလုပ်နိုင်ဟု တချို့ ကအော်ကာ
အနေအစား ချောင်သည့် ဘုရားသုံးဆူ မဲဆောက် မဲအောင်ဆောင် တက်ပြေးသူများရှိ ဘူးပါတယ် ။

တပ်ရင်း ၂၀၆ မှ ကိုသန်းနိုင်တပ်ခွဲ (၁) နဲ့  ကိုမျိုးချစ် တပ်ခွဲ (၄) က
ကရင်နယ်မြေ ခုခံစစ်အတွက် ဖလူးတွင်တာဝန်တွဲယူမည်ဟု အကြောင်းကြားပါသည် ။
ထိုအချိန်တွင် ဝမ်ခစစ်မြေပြင်မှာလည်း ကျောင်းသားတပ်ရင်း ၂၁၁ ( မူလဖွဲ့ စည်းပုံက၂၀၁ ဟုသတ်မှတ်ပါသည် )
က တာဝန်ယူပြီး ကရင့်တပ်မတော်နှင့် အတူတိုက်ပွဲ ဝင်နေပါသည်။
ဘုရားသုံးဆူမှ ကျောင်းသားတပ်ကလဲ တပ်ခွဲမှုး ကိုကျော်သက်တို့ ဦးဆောင်ပြီး စစ်ကူလိုက်လာပါတယ် ။



ပြန်စဉ်းစားမိလျှင် ပါဝင်ခဲ့သူများကိုယ်စား ကြက်သီးများ ထအောင် ဂုဏ်ယူမိပါသည် ။
လက်နက်ကိုင်တော်လှန်ရေး လုပ်ရန် တောထဲဝင်ခဲ့သူ ကျောင်းသားခေါင်ဆောင်တချို့ 
ငလျှင်လှုပ်သလို ဖြစ်နေသော ခံစစ်စစ်မြေပြင်ကို ကြောက်ကြပါပြီ။
အဆိုတော် ကို မွန်းအောင်ကတော့ ဗုံးသံတွေ ပွိုင့် ဖိုက်သံ တွေ
နားထောင်ရင်း သီချင်း အသစ်တွေရေးသွားပါသည် ။



အတွေးလွန်သွားပြီး ခလုပ်တိုက်ကာ လဲမလို ဖြစ်သွားပါသည် ။

သေသေချာချာ မမြင်လို့  သဲသဲကွဲကွဲ မြင်အောင် ငုံ့ ကြည့်လိုက်တော့
သဲရောထားတဲ့ မြေပြင်ဟာ သွေးတွေ ပက်ထားသလိုပါဘဲ ။

တိုက်မိတဲ့ ခလုပ်ကြီးက စစ်ဘောင်းဘီနဲ့ စစ်ဖိနပ်ကြီးပါလား ။

ခြေထောက်နဲ့ ကန်လိုက်တော့ စစ်ဖိနပ်စီးထားတဲ့ ခြေပြတ်ကြီးပါလား ။

ဖလူးက ဆုတ်ခွာပြေးရင်း ပြတ်ကျန်ခဲ့တဲ့ ပိုင်ရှင်မဲ့ ခြေထောက်ပြတ်ကြီးပါလား ။

သွေးတွေ အလုံးလုံးနဲ့ ပိုင်ရှင်က စွန့် ခဲ့ပြီနော် ။

ပိုင်ရှင်က ကရင်တပ်က ရဲဘော်လား ကျောင်းသားတပ်က ကျောင်းသားလား

လျှောက်နေတဲ့ ခြေလှမ်းတွေ
သူငယ်ချင်းကျောင်းသားတွေ အတွက်
ရင်နှစ်ခြမ်း ဗျန်းဗျန်း ကွဲပါစေ
ဘယ်ကလာ မှန်းမသိတဲ့ သေမင်းကို
မင်းလားကွသေမင်း
ဒူးမထောက်နဲ့  လက်မမြောက်နဲ့ သူငယ်ချင်း

ထိတ်တိုက်လဲရင်ဆိုင်ဘူးတယ်
လှံစွပ်ချင်းလဲထိုးဘူးတယ်
သူသေ ကိုယ်ရှင်လဲ ပစ်ဘူးတယ်
မကြောက်တတ်တဲ့ အင်အားကို
ပြည်သူ့ ဆီကရထားတာ


ဌေးတင့်
နယ်သာလန်





တတိယပိုင်း
ရင်ခုံသံဟာ ကျောက်မီးသွေး ရထားခေါင်းတွဲကဲ့သို့ ခန္တာကိုယ်ကို မောင်းစေခဲ့ပါတယ် ။
သောင်ရင်းမြစ်ကမ်းပါး ၁၀မီတာကျော် ကို သူငယ်ချင်း ကျောင်းသားများအတွက်
နှလုံးသားလေးထဲက ပူပင်နေသော စိတ်တွေက တွန်းပို့ ပေးလိုက်ပါသည် ။
ဘယ်လို ရောက်သွားမှန်းမသိဘူး ။
ခပ်ဝေးဝေးတုံးက မြူနှင်းတွေလို့  မြင်နေရခဲ့တဲ့ လေငွေ့ ထုကြီးဟာ
အနီးရောက်မှ မြင်ရတာက ဖုန်မှုံ့  တပ်ပေါင်းစုကြီးဖြစ်နေပါတယ် ။
မြေပြင်က ပျံတက်လာတဲ့ ပြည်သူ့ သစ္စာ သွေးမှုံတွေရယ်
နအဖက တညလုံး ပစ်လိုက်ခဲ့တဲ့ ၁၂၀ မမ ကျည်ငွေ့ တွေရယ်
တရားတဲ့ ခံစစ်ပွဲကို ဆင်နွဲနေတဲ့ မြေပြင်က မြေမှုံတွေရယ်
သောင်ရင်းမြစ်က အပြစ်မဲ့တဲ့ ရေမှုံတွေရယ် ဟာ
နံနက်ခင်း မိန်းမပျိုရဲ့ အလှသစ္စာ တရားကို ငြိမ်သက်စွာ ပကတိဖေါ်ကျူးနေပြတယ် ။

ရေစပ်ကို စစ်ဖိနပ်စီးထားတဲ့ ခြေထောက်ကို လှမ်းတော့မယ် ဆိုလိုက်တာနဲ့ 
အားလုံးရဲ့ ခေါင်းတွေဟာ တဦးကို တဦး ကြည့်လိုက်ကြပြီး
မေးခွန်းပေါင်းများစွာကို အသံတိတ်မေးလိုက်ကြတယ် ။
နောက်ဆုံးနှတ်ဆက် တဲ့အနေနဲ့  စစ်ဦးထုတ်ရှေ့ ကအပြားလေး တွေ ညိမ့်ပြကြတယ် ။
အေးမြနေတဲ့ ရေထဲကို ဆင်းလိုက်ခြင်းဟာ မြန်မာပြည်ထဲကို စတင်ဝင်ရောက်တဲ့ သက်ေတပါ ။
တနည်းအားဖြင့် နအဖ စစ်အာဏာရူးတွေ သိမ်းပိုက်လိုက်တဲ့ နယ်မြေ ။
ကျွန်တော်တို့ အတွက်ကတော့ ရန်သူ့ က အားလုံးအသက်ကို ချွေတော့မဲ့
သတ်ကွင်းတခုအဖြစ် တညအတွင်း ပြောင်းသွားခဲ့ပါသည် ။
မနေ့ ညကအထိတော့ လွတ်မြောက်ရာနယ်မြေ ။
အခုမနက်မှာတော့ ရန်သူ့ နယ်မြေပါ ။
ခဲတပစ်စာအဝေး ကျဉ်းနေတဲ့ သိမ်လှီနေတဲ့ မြစ်နေရာက စကူးပါပြီ ။
ဆောင်းတွင်းဆိုတော့ ရေကအေးမြပြီး တိမ်နေပါသည်
ဒူးဆစ် အထိ အေးပြီး ကျင်တက်သွားပါသည် ။
တခါတရံ ကျွန်တော်တို့ က ငယ်ပါချောင်းလို့ စနောက်ခေါ်ကြပါသည် ။
ခါးအောက်အထိ ရေအောက်ရောက်ရင်
အေးလွန်းလို့  ငယ်ပါလေးကကျုံ့ ပြီး အထဲကို ပြေးဝင်လို့ အတွဲလေးကို ကြိုးချည်ပြီးမှ ဆင်းရပါတယ်။
ရှမ်းပြည် ဆောင်းတွင်းမှာ ရေဆင်းချိုးသူတွေ နားလည်ပါတယ်။
မိုးတွင်းတုံးက တဝေါဝေါနဲ့  သစ်လုံးတွေ ဆင်တွေကို ဆွဲချဘူးတာ
သူနဲ့ မဆိုင်တော့တဲ့ နာဂစ်သင်တန်းက
အပျိုမလေးတွေလိုဘဲ ငြိမ်သက်စွာ အသံတိတ်နေတယ် ။
ရင်ထဲကအပူတွေဟာ အေးမြတဲ့ရေ မွန်းကြပ်နေတဲ့ ယမ်းငွေ့ တွေကြောင် တောင့်တောင့်ကြီးဖြစ်စေခဲ့တယ်။

ရေထဲကို စနစ်တကျ တဦးကိုတဦး ကာပစ် အနေအထားနဲ့  ဖြတ်ကူးကြပါတယ် ။
မြစ်ကိုကျော်ပြီး ကမ်းပါးကိုရောက်ပါပြီ ။
တဦးခြင်း သတိကြီးစွာနဲ့ သဲမြေကတဆင့် ကမ်းပါးပေါ်ကို တဆင့်တက် လိုက်ပါတယ် ။
မြေပြင်တခုလုံးဟာ ယမ်းငွေ့ တွေကြားမှာ ထိတ်လန့်  တုံလှုပ်ဖွယ်ကောင်းအောင် ငြိမ်သက်နေပါတယ် ။

ညင်သာတဲ့ လှုပ်ရှားသံလေး နားထဲကို ရိပ်ကနဲ ဝင်လာပါတယ် ။
အသံကြားရာကို သေနပ်ပြောင်းနဲ့ ထိုးချိန်လိုက်ပါတယ် ။
ဆေးတပိုင်းသုတ်ထားတဲ့ လှေဖက်ကပါ ။

လေးငါးလှမ်း လျှေက်ပြီး လှေအောက်ကို ငုံ့ ကြည်လိုက်တော့ ကရင်တပ်က ရဲဘော် လူငယ် ။
ဘာလုပ်နေတာလဲ မေးလိုက်တော့ မနက်ထမင်းချက် တာဝန်ကျလို့  ရေဆင်းခတ်တာ
လက်နက်ကြီးတွေ မိုးရွာသလိုကျတာနဲ့ ဝင်ပုံးနေရင်း အိပ်ပျော်သွားတာပါတဲ့ ။
လူကြီး(ဖထီး)ကို ပြန်မပြောနဲ့ နော်တဲ့ ။
ပြည်သူပြည်သားတွေရဲ့ ကောက်ပဲသီးနှံတွေနဲ့ 
တရုပ်ပြည်က အပေါစား ဒုံးကျည် အမြောက်တွေကို လဲလှည်ပြီး မိုးမွန်အောင် ပစ်ခတ်လို့ အားလုံးဆုတ်သွားလို့ 
သူ့ လူကြီး(ဖထီး)လဲမရှိတော့ဘူးလို့ ရှင်းပြလိုက်ပါတယ်
ကရင်ရဲဘော်လေးက ချက်ခြင်းဘဲ အမိုးနဲ့ အပါးကို သတ်ထားတဲ့ မြန်မာစစ်တပ်ကို
ဒီနေရာက မသတ်ရရင် တခြားနေရာက သွားသတ်မယ်ဟု ပြောပြီး မြစ်ကမ်းစပ်ကို ပြေးဆင်းသွားပါတယ် ။

( ၁၂၀ မမ ကျည်ဆံထိပ်ဖူးတလုံးသည် ၄၀၀၀ဘတ် (၁၅၀ ဒေါ်လာ)မှ ၆၀၀၀ ဘတ် (၂၀၀ ဒေါ်လာ)အထိရှိပါသည် ။
နအဖစစ်တပ်က တမိနစ်လျှင် အလုံး ၃၀ ပစ်ပါသည် ။
တမိနစ်လျှင် ဒေါ်လာ ၆၀၀၀ ကို လေထဲမှာ ခွဲလိုက်တာပါ ။
တနာရီ ဆိုလျှင် ၃၆၀၀၀ ဒေါ်လာ ပြည်သူ့ ငွေနဲ့ လုပ်အားကို ဖြုန်းတီးနေတာပါ၊
သေနပ်ပြောင်းဝက အာဏာနဲ့ ပြည်သူ့ လုပ်အားတွေနဲ့ ပြည်သူ့ အာဏာတွေ သိမ်းတဲ့ ပွဲ)

ကမ်းနဖူးပေါ်က နောက်ကာ ကတုတ်ကျင်းတွေ ဆက်သွယ်ရေးမြောင်းတွေ ကို အရေးပေါ် ဇော်ဂျီတွေလို
သေနပ်ကိုကိုင်ပြီး အပြေးတက်ကြပါတယ် ။
မတိုင်ပင်ထားတဲ့ ပြေးနေတဲ့ ပစ်မှတ်နေရာက ကျောင်းသားတပ်မတော် ရုံးတည်ရာ ကတုတ်ကျင်းဆီသို့  ။

တာဝန်ကျ ကျောင်းသား ၂ဦးက အနီးအနားမှာ ဗုံးမှန်လို့ သေနေတဲ့ ကြက်သေတွေကို
တယောက်က အမွေးနှတ်ပြီး တယောက်က ထမင်းချက်နေပါသည် ။
ကိုသန်းနိုင်က ဟေ့ကောင်တွေ နင့်မေကလွား ညကဘယ်မှာအိပ်နေတာလဲ ဟု မောမောပန်းပန်းနဲ့ မေးလိုက်ပါတယ် ။

တပ်ရင်းမှုး ကျွန်တော်တို့ ကမိုးလင်းချိန်ကင်း ဆိုတော့ တညလုံး ဆူနေတာနဲ့ 
ခေါင်းအုံးကို အပေါက်ဖေါက် ခေါင်းကိုစွပ်ပြီး ဆန်အိပ်တွေကြားမှာ ဝင်အိပ်နေတာဟု မှို့ တွေ ဖွေးဖွေးနဲ့  စပ်ဖြီးဖြီး ပြောပါတယ် ။

ကျွန်တော်တို့ တာဝန်တွေပြီးခါနီးပြီး ခဏနေရင် ထမင်းရော ဟင်းရော ရပြီဟု သတင်းဆက်ပို့ ပါသည် ။
ကိုသန်းနိုင် စိတ်ဆိုးပြီး တယောက်တည်း တပြစ်တောက်တောက်နဲ့ ဆဲပါတော့သည်။
ပြီးမှ ချက်ပြီးသားထမင်းဟင်းတွေ မင်းအဘတွေ ကျွေးမလို့ လားမေးရာ
ကျောင်းသား၂ ယောက်က တယောက်မျက်နှာ တယောက်ကြည့်ပြီ
ကျွန်တော်တို့ ဖက် မေးစေ့ငေါ့ပြီးမေးပါသည် ။

ကျွန်တော်တို့ လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားပါတယ် ။
သူတို့ ၂ ယောက်ရဲ့ အူကြောင်ကြောင် အမူအရာကို ကြည့်ပြိး
ရီရမှာလား
ဒေါသထွက်ရမှာလား
စိတ်ဆိုးရမလား ။
ဒီလောက် အရေးကြီးတဲ့ အချိန်မှာ ရှိစုမဲ့စု ခေါင်းအုံးကို ဖေါက်ပြီး
ကမ္ဘာပျက်သွားတာ မသိလိုက်ဘဲ အိပ်နေတဲ့ သူ ၂ ယောက်

သင်လဲကျွန်တော်တို့ နေရာမှာဆိုရင်ကော

( ၂၀၁၀ အထိ မြန်မာပြည်ထဲမှာ ကမ္ဘာပျက်လောက်တဲ့ အဖြစ်အပျက်တွေ
အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ် ။
ဘီယာအိုး အရက်အိုး အတင်းအိုး အာဏာအိုးတွေထဲမှာ စိမ်ပြီး
အိပ်မောကျနေတဲ့ ကျောင်းသားတွေ ကျောင်းသူတွေ နိုင်ငံရေးသမားတွေ
အများကြီးဘဲလေ အစည်းပြေနေကြတာ )

၂ဖွဲ့ ခွဲမယ် ။ ကျန်တဲ့ကျောင်းသားတွေ လိုက်ရှာကြမယ် ။
ရန်သူနဲ့ အရင်တွေ့ သူက သေနပ်ဖေါက်အချက်ပေးပြီး စပြေးတော့ လို့ 
ကိုသန်းနိုင်က အမိန့် စပေးပါတယ် ကျွန်တော်နားလည်ပါသည်

ထိုစဉ်က ကိုသန်းနိုင်က စစ်မြေပြင်တာဝန်ခံပါ ဗဟိုကလူလည်း သူ့ အမိန့် နာခံရပါသည် ။
အဓိက တာဝန်က ကျန်နေသော ရဲဘော်ရဲဘက် ကျောင်းသားရှာရန်သာဖြစ်ပါသည် ။
ထို့ အတွက် အသက်ပေးသင့်ရင် ပေးရပါမည် ။
ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရာနေရာက ပွိုင့် ဖိုက်သံကမှန်မှန်ထွက်နေသေးပါတယ် ။
ကရင့်တပ်မတော်က ကွန်မန်ဒို တချို့ ရှိနေသေးတဲ့သက်ေတပါ ။

နေုာက်ဆုံးအချိန်ထိ တာဝန်ယူပြီး ဖလူးထိပ်တိုက်ကနေ သေဆုံးသည်အထိ
စစ်အာဏာရှင်စစ်တပ်ကို ကာပစ်ပြီး တာဝန်ယူသွာခဲ့သော
ကရင့်တပ်မတော်မှ ကွန်မန်ဒို ကရင်ရဲဘော်များကို ဒီနေရာက ဂုဏ်ပြုပါတယ်

ရန်သူနှင့်ပေါင်းသွားသော ကရင်များကို ပြင်းထန်စွာနာကျည်းပါသည် ။
ကျွန်တော်တို့  စစ်မြေပြင်ကို နောက်ဆုံး အကြိမ် စစ်ဆေးရမယ့် တာဝန်ဖြစ်လာပါသည် ။
ကတုတ်ကျင်းတွေထဲမှာတော့ မည်သူမျှမရှိတော့ပါ ။

နောက်မှသိရတာက ရန်သူ့ တပ်ခွဲ တခွဲ ဟာ ထိုင်းနိုင်ငံကို ည၁၂နာရီလောက်မှာ ခိုးဝင်ကာ
အနောက်ဖက်က ဝင်တိုက်တာပါ ။ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေမှာ လုပ်ခွင့်မရှိပါဘူး ။

ခုခံရေးတာဝန်ကျသူတွေကလဲ သဝခ လို့ ခေါ်တဲ့  ကရင်အရံတပ်ခွဲကဆိုတော့ ခံစစ်ပေါက်ခဲ့တာပါ ။
သဝခမှာက အရံတပ်တွေဖြစ်ပြီး စစ်မြေပြင် အတွေ့ အကြုံနည်းကြပါတယ် ။
မကြာခဏဖြစ်ပွားခဲ့လို့ ထိုင်းစစ်တပ်ကရှောင်ခဲ့ရပါတယ်ကလိမ်ကကျစ်မြန်မာ့တပ်မတော်အစစ်ပါ ။

နောက်က ရန်သူဝင်ပြီး ပေါက်တာဆိုတော့ ပြန်ပြီး ပိတ်ဆို့ ရှင်းလင်းရေးလုပ်ဖို့ ကလဲ
ကရင်အရာရှိတွေက ဝလေက ခရစ်စမတ် ဘာသာရေးပွဲ မှာရောက်နေကြပါတယ် ။

ကျောင်းသားတပ်ခွဲမှုးတွေကလဲ ကျွန်တော်တို့ နဲ့  စခန်းအပြင်မှာပါ ။

အောက်ခြေကဆိုတော့ အဆက်အသွယ်ပြတ်ပြီး
ဆုတ်ရန်တခုထဲ နားလည်ပြီး ဆုတ်ခွာကြပါတယ် ။

မြန်မာ့အသံကတော့ အကြီးအကျယ်ကြွားလုံးထုတ်ပါတော့တယ် ။

ဖလူးတိုက်ပွဲကြီးကို ဘယ်လိုတိုက်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်ပေါ့ ။
ကရင့်လက်နက်တွေ အစုလိုက် အပုံလိုက်ရတာကိုမြန်မာ့ ရုပ်မြင်သံကြားမှာ ပြတော့
ကျွန်တော်အံကြိတ်မျက်ရည်ကျပြီး ကြည့်ရပါတယ် ။

အဲဒီတုံးက ပြောပြချင်ပေမဲ့ အခြေအနေက မပေးခဲ့ပါဘူး။
ရန်ကုန် စစ်ရုံးချုပ်က လူကြီးနဲ့ နီးသူတွေရာထူးတွေ တက်ကုန်ပါတယ် ။
မိုးရွာသလို လက်နက်ကြီး ပစ်ခတ်မှုအောက်မှာ ဆက်သွယ်မှုမှားပြီးကရင့်တပ်က ဆုတ်ပေးလိုက်တာပါ ။

မြန်မာစစ်အာဏာရှင်ဖက်က တပ်စုမှုး တပ်ခွဲမှုး တပ်ရင်မှုး တချို့  သီဟတွေ သူရတွေ အချောင်ရသွားတာပါ ။
ပေါ်တာစရိပ်တွေ ဖြတ်ခုတ်ဝေစားပြီး ဗျုဟာမှုးတွေ အုပ်လိုက်ချမ်းသာပါတော့တယ် ။
မြန်မာပြည်တွင်းမှာ ပြဿနာ ဖြစ်နေသမျှ စစ်ဆင်ရေးစားရိတ်ကို ဝေစားမျှစားတာ
အကျင့်ဖြစ်နေပါပြီ ။

ကိုသန်းနိုင်၊ ကိုဇော်ဖော် ကိုကျော်မင်းဦး ကိုနေမျိုး ကိုအေးဝင်းတို့ က
မြစ်ကမ်းပါးတလျှောက် ကတုတ်တွေကို လိုက်စစ်ပါတော့တယ် ။
ကျွန်တော်နှင့် ကိုမောင်လှက အလယ်ကဖြတ်ပြီး ကရင့် ဆေးရုံဖက်သို့ သွားကြပါသည် ။
အချိန်က နံနက် ၆ နာရီကျော်ကျော်မှာပါ ။

ရန်သူမြန်မာစစ်တပ်ကလည်း စစ်ကြောင်း များဖြန့် ပြီး
ဖလူးစခန်းရှင်းလင်းရေး အတွက်ဝင်လာပါသည် ။

ဆင်နဲ့ ကျား လယ်ပြင်မှာတကယ်တွေ့ ခဲ့တဲ့ ပွဲပါ။
ရန်ငါ စည်းဆိုတာ အဲဒါပါဘဲ ။
ထိပ်တိုက်ရင်ဆိုင်ခြင်း အစစ်ပါ ။
သူသေ ကိုယ်ရှင် လုတဲ့ပွဲ အစစ်ပါ ။

စားပွဲပေါ်က လက်နက်ကိုင်တော်လှန်ရေး သမားများ
ပိုက်ဆံ ကောက်လို့ ကောင်းအောင် ရေးကြ ပြောကြနေပါတယ် ။
ပြည်ပနေ အာကြီး အာလေးများကို မှတ်ထားပါသည် ။
မကြာမှီ လာတော့မည့် စစ်ပွဲတွေကို ဖိတ်ခေါ်ပါသည် ။

မိုးလင်းကာစဆိုတော့ လူတရက်ကျော် မြက်ပင်တွေက နှင်းတွေ စိုနေပါသည် ။
စစ်ဘောင်းဘီကလည်း နှင်းတွေကြောင့် စိုရွဲနေပါသည် ။
တလှမ်းခြင်း ရှောက်လာရင်း မောင်လှက သတိထား ရှေ့ မှာ အသံကြားရတယ် ။
ရိပ်ကနဲ ရှေ့ ခပ်လှမ်းလှမ်း စစ်ယူနီဖေါင်းနဲ့ လူတစုကို ဘွားကနဲ တွေ့ လိုက်သည် ။

ပုခုံးတံဆိပ်ကို အမြန်ကြည့်လိုက်တော့ မဟာဗန္ဒုလ တံဆိပ်ကိုတွေ့ လိုက်တယ် ။
အနီးဆုံးမှ လူတရပခန့်  သစ်ပင်ငယ်နဲ့ ကျွန်တော်ပုခုံးက ဓါးနဲ့ လှံ တံဆိပ်ကို ကွယ်လိုက်တယ် ။
ဒီနေရာမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဟာ အသက်ရဲ့ ထွက်ပေါက်ဆိုတာ တွေ့ လိုက်ရတယ် ။
ဘယ်ထွက်ပေါက်ကို ရွေးမှာလဲ

မြန်မာတပ်ကြပ်ကြီးက စပြီး ကျွန်တော့်ကို ပစ်ပါတယ် ။
မောင်လှက ကျွန်တော်နောက်မှာရပ်နေတာပါ ။
ဂျီသရီး ကျည်ဆံတွေ ကာဘိုင်ကျည်တွေ ဘေးကသစ်ပင်တွေကို ဖြတ်ချလိုက်ပါတယ် ။

ကျွန်တော် တက္ကသိုလ် အရံတပ်ရင်းမှာ တပ်ကြပ်အထိ မြန်မာစစ်ပညာ သင်ခဲ့ဖူးပါတယ် ။
တောတွင်းမှာလည်း နိုင်ငံတကာ သင်တန်းတွေ တက်ဖူးပါတယ် ။
ဘယ်မအေပေးတပ်စုလဲ မြေပုံညွန်းမှားလာတာ ၊ စကားဝှက်ပြောဟု ကျွန်တော်အော်ပြီးမေးလိုက်ပါသည် ။

ပုခုံးပေါ်က အနက်တစ်ပွင့်နဲ့  မျောက်တကောင် ခုန်ထွက်လာပါသည် ။
မောင်လှ တာဝန်သိပ်သိပါတယ်
ကျွန်တော့နောက်ကနေ အေကေ ၄၇ ကိုင်ပြီး ရှေ့ တက်ခါ ပစ်ပါတော့တယ် ။
အဲဒီတအုပ်လုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားပါသည် ။
ပြည်သူ့ ကျောင်းသားနဲ့ လခစားစစ်သား အရည်အချင်းကွာပါတယ် ။
သတ္တိခြင်းလည်းကွာပါတယ် ။ ခံယူချက်ခြင်းလည်းကွာပါတယ် ။
လခစားနဲ့  ပုတ်သင်ညိုစား တာလဲကွာပါတယ် ။
၁၀ ယောက်တယောက် ပေးတိုက်ချင်တယ် ။

ကိုဌေးပြေးတော့ဆိုပြီး မောင်လှက အချက်ပေးပါတယ် ။
လမ်းကျွမ်းကျင်သော မောင်လှက လွှားကနဲ လွားကနဲ ရိပ်ကနဲ ရိပ်ကနဲ
သစ်ပင်များက နောက်မှာကျန်ခဲ့ပါသည် ။
ထိုစဉ်မှာဘဲ ကိုသန်းနိုင်တို့ ဖက်က သေနတ်သံမှာ ကြားပါတော့တယ် ။
ပြေးရမဲ့ လမ်းကြောင်းဟာ သေနပ်သံ ထွက်ခဲ့တဲ့ ၂ နေရာရဲ့ ဆန့် ကျင်ဖက်ကနေ
ထိုင်းနိုင်ငံကမ်းဖက်ဆီ ဆိုတာ ကွန်ပြူတာမေးရင် နောက်ကျနေအုံးမယ် ။

အသက် ၁၃ နှစ်သားကထဲက နည်းမျိုးစုံပြေးခဲ့ဘူးပါတယ် ။
ပေါ့ပါးခြင်း သွက်လက်ခြင်းဟာ ငှက်အသွင်ပါဘဲ ။
နောက်က ပြေးလိုက်လာတဲ့ ကာဘိုင် ဂျီသရီး ကျည်ဆံတွေက
ဘေးကမြက်ပင်တွေ သစ်ပင်ငယ်တွေကို ဒါးတွေနဲ့ လိုက်ရှင်းနေသလိုဘဲ ။
သေချာတာက ဖြောင့်ဖြောင့်မပြေးဘဲ အခုတ်ခံရတဲ့ သစ်ပင်ငယ်တွေကို ဖြတ်ပြေးတာပါ ။

အရှိန်နဲ့ လှည့်ပစ်နေတဲ့သေနပ်ပြောင်းဝဟာ ရုပ်တရက် ပြန်လှည့်ရန် ဘယ်လိုမှ မဖြစ်နိုင်ပါ ။
ဒီအတွက်သေဘေးကို တထွာကျော်က ၁၀မိနစ်အတွင်းမှာ လွတ်သွားပါတယ် ။

ကိုသန်းနိုင်တို့  ကိုဇော်ဇော်တို့ အုပ်များပြီး ရန်သူနဲ့ တွေ့ တော့ တိုင်ပင်စရာမလိုဘဲ
အေကေ ၂လက်ကို နောက်ပြန်ထမ်းပြီး ပစ်ခတ်ရင်း ရင်ဘောင်တန်းပြေးကြပါတယ် ။
သူတို့ အဖွဲ့ က ငှက်ပျောတောကို ဖြတ်ပြေးပြီး သောင်ရင်းမြစ်ကို ဖြတ်ကူးကြတာပါ ။

နှလုံးအားနဲနေတဲ့ ကိုသန်းနိုင်ကတော့ အမောဆို့ နေလို့  ၂ ခါလောက်နားပြီး
နောက်ဆုံး တော့ ကိုဇော်ဇော် ကဘဲ တွဲ တဝက် ထမ်းတဝက်နဲ့ ပြေးခဲ့ရပါတယ် ။

သစ္စာတရားနည်းသွားတဲ့ 
မေတ္တာတရားကျဲနေတဲ့
မှားခဲ့သူကိုခေါင်းဆောင်ကိုးကွယ်တဲ့
မှန်တဲ့သူတွေကိုအပြစ်ရှာ တဲ့
၂၀၁၀ မှာ ဖြစ်နေတဲ့ အပုတ်ချ အစည်းပြေ တော်လှန်ရေးကာလ ဆိုရင်တော့

ကိုသန်းနိုင်ဆုံးတာ အဲဒီကထဲက တောထဲမှာ ကျန်ခဲ့ဘို့ ပါဘဲ ။

၂နေရာခွဲပြေးနေပေမဲ့ တူတာတွေရှိနေခဲ့တယ် ။
မောလွန်းလို့  အံဖတ်လားမသိပါဘူး ဆို့ တို့ တို့ ကြီး၊ ရေငတ်ပြီး အာတွေခြောက်လာပြီး
ချွဲတွေ သလိပ်တွေပြန်ထွက်လာတယ် ။

မျက်လှည့်ဆရာတွေ အတုယူနိုင်တဲ့ သင်ခန်းစာ တခုလဲပြီးသွားတယ် ။
သေနတ်ကိုင်ပြီး ဒုံးကျည်လိုပြေးနေရာကနေ စစ်ဝတ်စုံနဲ့ စစ်ဖိနပ်ကို အရှိန်မလျှော့ဘဲ ချွတ်တဲ့ နည်းပါ ။

မြန်မာစစ်တပ်က ဝတ်စုံပြည့် လက်နက်အပြည့်နဲ့  ထိုင်းနိုင်ငံကို ဝင်ရောက်ဖြတ်သန်းခဲ့ပါတယ် ။

ကျွန်တော်တို့ ကတော့ ထိုင်းနိုင်ငံကို ဖြတ်ဖို့  သေရေးလား ရှင်ရေးလားမသိခင်မှာ
အပြေးမပျက် စစ်ယူနီဖေါင်းကို အပြီးချွတ်နိုင်ခဲ့ပါတယ် ။

မောနေတဲ့ကြားက အချစ်ဆုံး သေနပ်ကိုလည်း သစ်ပင်ကြီး ၂ ပင်က
ဆွဲလာတဲ့ ကောက်ကြောင်းဆုံမှတ် ဖြတ်ရာမှာ သဲတူးပြီး အနားပေးလိုက်ပါတယ် ။
ပြီးတာနဲ့  ချောင်းထဲကို ဒိုင်ဗင် အတင်းထိုးရပါတယ် ။
ခေါင်းနဲ့ သဲဝင်ဆောင့်တဲ့အထိ ရေငုတ်လိုက်ပါတယ် ။

နောက်လိုက်ပစ်နေတဲ့ ကျည်ဆံတွေက ချောင်းထဲကို ခဲနဲ့ ပစ်နေသလိုပါဘဲ ။
မောင်လှကြီးပြောသလို ဘုရားသခင်က ကျွန်တော်တို့ ကို မခေါ်သေးလို့ ဆိုတာ မှန်သလို
သေနေ့ မစေ့သေးဘူးဆိုတာ သိပ်မှန်တာပါဘဲ ။

ဟောဟဲခတ်နေတဲ့ ကျွန်တော် ချောင်းတဝက်ကျော် ကူးမိတော့ အင်ဂျင်စက်သံကြီးတွေ စကြားပါတယ် ။
ထိုင်းနိုင်ငံ ကမ်းစပ်ရောက်တော့ ထိုင်းမြေပြင် လက်နက်ကြီး တပ်ရင်းက
ထိုင်းနယ်မြေကို စစ်ဆေးချိန်နဲ့ တိုးပါတော့တယ် ။

လက်နက်ကြီး သံချပ်ကာကားတပ်ဖွဲ့  ထိုင်း ရဲဘော်တွေက လံကွတ်တီ နဲ့ ကျွန်တော်တို့ ကို
ဖမ်းဆီးပြီး အထက်အရာရှိထံပို့ ပါတော့တယ် ။
ထိုင်းနိုင်ငံ စစ်မြေပြင် သတင်း ထောက် လည်းရောက်လာပါတယ် ။
ကျွန်တော့မိတ်ဆွေဟောင်းပါ ။
((လေယာဉ်ပျံ ကိုပြန်ပေးဆွဲရာမှာ ဘယ်လိုထင်လဲမေးတော့
ကျွန်တော်က သူရဲကောင်းတို့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သဘောတူပြီး
ဘန်ကောက်ပို့ က ရေးပေးသူဖြစ်ပါတယ် ။
(ခင်ဗျားပြောတဲ့ လေယာဉ်က ရဲရင့် (အခု အမေရိက)၊ စန်းနိုင် (ရဲသီဟ)တို့ မြန်မာလေကြောင်းပိုင် ဖော်ကာကို ဆွဲပြီး ထိုင်းစစ်တပ်လေယဉ်ကွင်းမှာ ဆင်းခိုင်းတဲ့ကိတ်စ။ ဘန်ကောက်ပို့စ် မျက်နှာဖုံးမှာပါခဲ့တယ်။ လေယဉ်ကြီးကို သိပ်မနီးမဝေးကနေညဘက်မှာ ရိုက်ထားတာ။ မီးတွေထိန်လို့။
ခင်ဗျားက ဌေးတင့် အေဘီ စစ်ရေး ဌာနလုပ်လို့ ဒေါက်တာသောင်းထွန်း မြွေကိုက်သွားတယ်။ အေဘီစစ်ရေးဌာနရှိတယ်ဆိုလို့နိုင်ငံခြားအဖွဲ့ အစည်းတွေကို ဒိုင်ခံရှင်းလိုက်ရတယ်။မိတ်ဆွေတဦး)
အဲဒီ အစ ၈၈ကာလတုံးကထဲက
မြန်မာပြည်ကို လက်နက်ကိုင်တိုက်ပွဲနဲ့  ပြောင်းလဲဖို့ ဆိုရင်
အကူအညီမရဘူးဆိုတဲ့မူနဲ့ သွားနေတာ အခုထိဘဲ ။

မဖေါက်နိုင်သေးဘူး ။
နာဂစ်မှာ စစ်သဘော်ကြီးတွေ ရိက္ခာအပြည့်နဲ့ အကူညီဝင်မပေးရဲကြဘူး။
တချို့ နိုင်ငံတွေတော့ လက်နက်တိုက်ပွဲကနေ
လွတ်လပ်ရေးရကုန်ပြီ။ ကြောက်တတ်ရင် လွဲဆိုတာမှန်သလားမသိ ။

ကျွန်တော်က ၁၉၈၈က ကျောင်းသားဆိုရင် လုပ်ဖေါ်ကိုင်ဖက် အမြဲတန်းသဘောထားပါတယ်)


လံကွတ်တီနဲ့ ကျွန်တော်တို့ ကို ဖါးခပ်မတ် လို့ ခေါ်တဲ့  ထိုင်းပုဆိုးလာပေးပါတယ် ။
မြန်မာပုဆိုးက ကွင်းဖြစ်အောင်ချုပ်ထားသော်လည်း ထိုင်းရေလဲပုဆိုးက အစအရှည်ကြီးပါ ။

ထိုင်းစစ်တပ်က တပ်ရင်းမှုးနဲ့ တွေ့ ကာ စစ်ဆေးခံပြီး အခြေအနေအရ ထိုင်းနိုင်ငံကိုဝင်လာခဲ့ပြီး
ကျောက်ခက်မှာ စခန်းချနေသော ကိုမျိုးချစ် တပ်ရှိရာသို့  ပြန်မည် ဖြစ် ကြောင်း တင်ပြသောအခါ
ယာယီဖြတ်သန်းခွင် လက်မှတ်ထုတ်ပေးလိုက်ပါသည်။
ကိုသန်းနိုင် အပါအဝင် ကိုဇော်ဇော်တို့ နှင့်ပြန်တွေ့ ကြပါသည် ။
တယောက်မျက်နှာ တယောက် အားပါးတရ ကြည့်ကြပါသည် ။

ပြန်မတွေ့ တော့ဘူးလို့ မနက်ကတင် ဆုံးဖြတ်ခဲ့ကြတာ ။
တော်လှန်ရေး သံယောဇဉ် ခံစားမှုနဲ့ အသက်ပေးပြီး
ကျန်ခဲ့ သူတွေကို စွန့် စွန့် စားစား ဝင်ကယ်နိုင်ခဲ့ပါတယ်
တယောက်မှ မှန်ကန်သော သစ္စာတွေကြောင့် ဒဏ်ရာမရခဲ့ပါဘူး ။

ကျွန်တော်တို့ အသက်ပေးပြီး ချစ်ခဲ့ဘူးကြပါသည် ။

ဒေါက်တာဆင်သီယာ ဆေးခန်းဖွင့်စမှာ အလှုရှင်က စောင်တွေပေးလို့ သွားယူခဲ့ပါသည် ။
ပိုသည့်စောင်များကို လိုအပ်နေသည့် ငှက်ဖျားပျောက်ဆေးဝယ်ရန် အတွက်ရောင်းလိုက်ပါသည်
ကိုသန်းနိုင်စောင်ရောင်းသည်ဆိုတဲ့ တဖက်သတ် အပုတ်ချသံဟာ
မဲဆောက်မြို့ နေ ကျောင်းသားစု ကထွက်လာပါသည် ။
အဲဒီတုံးက စတင်မွေးဖွားလိုက်တဲ့ အပုတ်ချစိတ်ဓါတ် ၊ အတင်းပြောစိတ်ဓါတ်တွေဟာ
အနှစ်၂၀ လုံးလုံး ကျွန်တော်တို့ အုပ်စုတွေ ဆီမှာ ကြီးထွားခဲ့ပါတယ် ။

ကိုသန်းနိုင်က ဒေါပွပြီး ရဲဘော်ကျောင်းသားတွေ
တောထဲမှာ စစ်တိုက်ရင်းငတ်နေတာ ဘယ်သူကမှ မမြင်ကြဘူး ။
လိုအပ်ရင် ဒမြတိုက်ပြီး တိုက်ပွဲဆက်ဝင်မည်ဟု ကြွေးကြော်လိုက်ပါသည် ။

ကြားဖူးနားဝနဲ အများက ဒမြသန်းနိုင်ဟု သေဆုံးသည်အထိ ခေါ်ကြပါသည် ။

တကယ် ဒမြတိုက်ခဲ့သူမှာ သူ့ လက်အောက်က
နာမည်ခံမည်ဆိုပြီးမှ ခွဲထွက်ခဲ့သူ အခြားတဦးဖြစ်ပါတယ် ။

၂၀၁၀ မှာ ကိုသန်းနိုင် ဆုံးတော့ ဘာမှသေသေချာချာ မမေးတော့ဘဲ ဒမြသန်းနိုင်ဆုံးပြီတဲ့ 
ကိုသန်းနိုင်မိဘတွေက ကြေးရည်တတ်တွေဖြစ်ပါတယ် ။
ဒီမိုကရေစီ တိုက်ပွဲအတွက် စည်းစိမ်နဲ့ နေရတဲ့ ဘဝကို စွန့် လွတ်ခဲ့သူတဦးပါ ။
တော်လှန်ရေးကို တခြားသူတွေလာသလို့ သွားနဲ့ ဟိုပစ္စည်း ၂ ခုတည်း လာခဲ့သူမဟုတ်ပါ ။

ရွေထုတ်နဲ့ လာခဲ့ပြီး သေနတ် စဝယ်ကိုင်ခဲ့သူပါ ။


၁၉၈၈ တောထဲရောက်ခါစက စိတ်ဓါတ်တွေ ဘယ်ရောက်ကုန်တာလဲ ရဲဘော်ရဲဘက်တွေ ဘယ်မှာလဲ ။
ဘယ်နတ်ဆိုးက ခိုးပြေးကုန်ပြီလဲ ။
သတင်းတွေ အတင်းတွေကြားရတာ ရင်ထဲမှာ တင်းကြပ်အောင်နာမိတယ် မျက်ရည်ကျမိတယ် ။
အရေးတော်ပုံမှာ အပစ်ခံကျောင်းသားတွေ
တိုက်ပွဲကျခဲ့တဲ့သူတွေ
ထောင်ထဲမှာ လက်နက်မချသေးတဲ့သူတွေ ကို
မေ့လိုက်ကြပြီ ။


အချင်းချင်းတွေလဲ အပုတ်သံတွေဘဲ ထွက်ထွက်နေတယ် ။
တရားခံကတော့ ၁၉၉၃မှာ အာဏာရူးတစုကြောင့် ကျောင်းသားတွေ ၂ ခြမ်းကွဲပြီး
ကျောင်းသားသွေးတွေ စွန်းရာက မြစ်ဖျားခံတာဘဲ ။

အခုတော့ ၁၈၈၄ တုံးကလို ဒို့ မြန်မာတွေ အစည်းပြေသွားပြီး
အဲဒီတုံးက နယ်ချဲ့ က ဝင်အုပ်ချုပ်တာ နှစ် ၁၀၀ လောက် ကြာသွားတယ် ။

အခုရော ၁၉၈၈ လူငယ် လူလတ်တွေ တိုက်ပွဲဝင်နေတာ ၂၀ နှစ်ရှိပြီ ။
အသက် ၄၀ နဲ့ ၅၀ အရွယ်ကောင်းတွေ နောက်ဘယ်လောက်ကြာမှာလဲ ၂၀ လား ၄၀ လား
၂၀၁၀ မှာ စုစည်းရေးမူ မချနိုင်သေးရင် အာဏာရှင်ကတော့ နောက် နှစ် ၁၀၀ ကျော်ဘဲလေ ။

ဌေးတင့်
၂၈ မေလ ၂၀၁၀
(ကိုသန်းနိုင်ကို ဂုဏ်ပြုပြီး ပြန်လည်ညီညွတ်ရေးအတွက် အမှန်တွေကို ရေးပြတာပါ )



(ကိုဇော်ဇော် (ကနေဒါ) ကိုကျော်မင်းဦး ( သတင်းပျောက်) ကိုမောင်လှ (မဲဆောက်)
ကိုနေမျိုး ကိုအေးဝင်းတို့ တသိုက်ကို
သန်းနိုင်သေဖို့ ဆိုတာတွေ .
စခန်းထဲက ရဲဘော်တွေ ၂ ယောက်ကို
ကယ်ထုတ်နိုင် ခဲ့ တာတွေ ။
ငှက်ပြောတောထဲ မှာ အံဖတ်ဆို့ လုနည်းပါး
ချွဲ တွဲကျ နေတာတောင် မရပ်ရဲပဲ ပြေးခဲ့ ကြတာတွေ ၊
သတင်း ထောက် ၊ လာတာတွေ ကို ရေး ပါ..
ဖလူးစခန်းကို ထိုင်းဖက်ကမ်း တောင်ပေါ်က ပြန်ကြည့် ပြီး မျက်ရည် ကျဖြစ်ကြတာတွေ

အဲဒီ ဒုတိယပိုင်း က ပိုပြီး အသက်ဝင်တဲ့ ကျုပ်တို့ ကျောင်းသားတွေ ရဲ့ အနစ်နာခံမူ့ တွေ စိတ်ဓါတ်
တွေကို မီမောင်းထိုးပြမဲ့ အပိုင်း ဖြစ်လိမ့် မယ်..

နောက်မှ ၀က်ဆိုက်ပေါ်မှာဖြေးဖြေးခြင်း ပြန်ပြင်လို့ ရတယ်
ပထမပိုင်းနှင့် ဒုတိယပိုင်း အရမ်းကြာသွားရင် မဖြစ်ပါ..

ခင်ဗျား စာရေး အား ကောင်းတာအရင်က မသိခဲ့ ပါ့ လား ..အမှန်တိုင်း
ပြောရ ရင် ဘယ်မှာမှ ခင်ဗျား ခုလိုရေးတာတွေမတွေ့ ခဲ့ ဘူးပါဘူး..
ကျပ်က မှ ကဗျာလေးကာတွန်းလေး အေဘီ ခွပ်
ဒေါင်း ဂျာနယ်မှာပါဘူးသေးတ.ယ်..
ဘာပဲ ဖြစ်ဖြစ် မျိုသိပ်ထားတာတွေ မအောင့် အီးနိုင်တော့လို့ 
နှစ်တရာ ကို တခါ
အားပြင်းစွာပေါက်ကွဲတပ်တဲ့ 
ဥရောပ က မီတောင် ကြီးလို့ ပဲ ခင်ဗျားကို တင်စားလိုက်ပါတယ်...)

Thursday, May 27, 2010

နာမည် လွဲသွားတာ သေဒဏ်လွတ်သွားတယ်

Date: Thu, 27 May 2010 08:17:28 -0400 ကဝင်လာတဲ့စာ

ဦးထွန်းအောင်ကျော် ( အီသာကာ)

လူလိမ် မင်းနိုင်ဘက်က ရှေ့နေလိုက်ပေးနေတဲ့အတွက် ဦးထွန်းအောင်ကျော်ရဲ့သမိုင်းကို

ပိုသိချင်စိတ်ပေါက်သွားပါတယ်။ ဦးထွန်းအောင်ကျော်အကြောင်းကို ပြည့်စုံအောင်

လိုက်လံစုံစမ်းကြည့်မှာပါ။

ရွှေဇီးကွက် ဆီက လက်ခံရရှိတယ်ဆိုတဲ့စာကို ဦးထွန်းအောင်ကျော်မြင်ပြီးပြီလို့
ဆိုထားပါတယ်။

ပရိဿတ်သိအောင် ၊
ဒေါ်ရွှေဇီးကွက်လည်းသိအောင်အတွက် အင်တာနက်မှာတင်ပေးပါလား။

အနူးအညွတ်တောင်းဆိုပါတယ်။

ပြီးရင် ကျနော်တို့ဘက်က လက်ခံရရှိတဲ့ ကိုကျော်သူ့စာကိုလည်းတင်ပေးပါမယ်။

အတုတွေ၊ အစစ်တွေကို ကိုကျော်သူနဲ့မရွှေဇီးကွက်တို့က ဆုံးဖြတ်ပေးပါလိမ့်မယ်။

ခင်ဗျားတို့ညီလာခံမှာ လူ(၁၀၀) လောက်လာတယ်လို့အင်တာဗျူးတခုမှာပြောထားပါတယ်။

ပုံထဲမှာ ကျနော်တို့ရေကြည့်တာ လူ(၄၀) တောင်အနိုင်နိုင်ပါလားဗျ။ ရှစ်လေးလုံး

ခေါင်းဆောင်တွေလည်းတယောက်မှမပါဘူး။ဘယ်လိုဖြစ်ကြတာလဲ။ ဖြေစမ်းပါအုံးလေ။

အံ့သြမိပါတယ်။ ပေါ်တင်လိမ်တာမကောင်းဘူးနော်။

ဘတ်ဖလိုးမြို့မှာမြန်မာနိုင်ငံသား သုံးထောင်ကျော် ထောင်ကျော်ရှိနေထိုင်ပါတယ်။

ဒီထက်စည်းရုံးရေးကောင်းအောင်ကြိုးစားပါ။

ဘတ်ဖလိုးမြို့နေမြန်မာနိုင်ငံသားများ


Thursday, May 27, 2010 3:49:13 PM မှာ နားမလည်လို့ မေးမိတယ်

ကိုဇေယာကျော်

ကြားနေရတဲ့ အတင်းတွေ ကနေ အမုန်းခံပြီး သတင်းအဖြစ်တင်ပြတာ
ကျေးဇူးအထူးတင်ပါတယ် ။

ညီလာခံနောက်ဆုံးနေ့  တနဂ်နွေနေ့ က ကျွန်တော်လည်း အင်တာနက်က
နားထောင်နေပါတယ် ။

ကိုထွန်းအောင်ကျော်ပြောတာ တိုးတိုးလေး အင်တာနက်က ကြားရတာ
မင်းနိုင် တကယ်ငွေတွေ မပို့ ရင် နစ်နာသူတွေအတွက်
စုပြီး စိုက်ပေးမယ် လို့ ပြောတာပါ ။
ညီလာခံကို မထိခိုက်စေချင်ပါဟုပြောတာပါ ။

ကိုရာဇာ ရောက်လာပြီး ကျွန်တော့်ကို ကိုမင်းနိုင်က ကိုရာဇာကို ဖြတ်ပိုင်းပြခဲ့ကြောင်း ။
သူ့ အတွက် အရေးမကြီးလို့  မှတ်မထားကြောင်း လိုအပ်လျှင်
ပြန်မေးပြီး ကော်ပီဆွဲ ပို့ ပေးမည်ဖြစ်ကြောင်းပြောပါသည် ။

အခုညီလာခံမှာ ကိုမင်းနိုင် ပြဿနာ ထက် တခါတရံမှ တွေ့ ရသည့်မိတ်ဆွေများ

စုပေါင်းပြီး ၂၂ နှစ် သက်တန်းတော်လှန်ရေးအတွက်
တစုံတရာပိုပြီး ထိထိရောက်ရောက်လုပ်ရန်
လမ်းကြောင်းချရန် ကို ရာဇာကပြောခဲ့ပါတယ် ။
နယ်သာလန် နော်ဝေ အော်စတြေးလျှ အမေရိကန်အထက်အောက် မှာကွဲနေကြတာ
နှစ် ၂၀ ကျော်ပါပြီ ။

လူလိမ်မင်းနိုင် ဆိုတာ ကိုဇေယာကျော် စာအရသာသိသေးတာပါ ။
ကျနော်တို့ဘက်က လက်ခံရရှိတဲ့ ကိုကျော်သူ့စာကိုလည်းတင်ပေးပါမယ်လို့ ရေးထားပါတယ် ။
အတုတွေ၊ အစစ်တွေကို ကိုကျော်သူနဲ့မရွှေဇီးကွက်တို့က ဆုံးဖြတ်ပေးပါလိမ့်မယ်။

ကိုဇေယာကျော်ရေးတဲ့ စာကိုနားမလည်ပါ ။
လူတဘက်သားကို လူလိမ်လို့ အများသိအောင် စာတွေဝေပြီးမှ

ကိုကျော်သူနဲ့မရွှေဇီးကွက်တို့ရဲ့ အဆုံးအဖြတ်ကို ပြန်ယူရမယ်ဆိုတော့
ကိုဇေယာကျော် အသက်အရွယ်နဲ့  ပညာအရည်အခြင်းကို ပြန်မေးပါရစေ ။
ညီလာခံတက်ခဲ့သူတွေ တိုက်ပွဲဟာ ကိုဇေယာကျော် ရဲ့ မသေချာတဲ့
စွပ်စွဲမှုအောက်မှာ ပျောက်ကွယ်စေခြင်တာလား။

ရှစ်လေးလုံးခေါင်းဆောင်တွေလည်းတယောက်မှမပါဘူး။
ဘယ်လိုဖြစ်ကြတာလဲ။


ကိုဇေယာကျော် ၁၉၈၈မှာ မွေးပြီလား ။မြန်မာပြည် ပြင်ပမှာနေထိုင်နေတာလား။

၁၉၈၈ အရေးတော်ပုံဟာ တဦးတယောက် တဖွဲ့ က စနစ်တကျ ဦးဆောင်ခဲ့တာမဟုတ်ပါဘူး။

စက်မှုတက္ကသိုလ်ကျောင်း ကနေ ရန်ကုန်တက္ကသိုလ် ၊
အထက်တန်းများ ရဟန်းများ ပြည်သူများသို့ အဆင့်ဆင့် ကူးပြောင်းပြီး

မဆလများက ပြည်သူ့ ရှေ့ မှာလက်နက်ချ ကပ်ပြားတွေအပ်ပြီး မဆလက နှတ်ထွက်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ် ။

ခေါင်းဆောင်ပေါင်း မြောက်များစွာဦးဆောင်ခဲ့ပါတယ်။

ကိုဇေယာကျော်မေးတဲ့ ခေါင်းဆောင်ဆိုတာ ဘယ်သူတွေပါလဲ ခင်ဗျား

ရထားသံလမ်းသူခိုးကနေ လူသတ်ခဲ့သူလား ။ တောမြို့ မှာ မိုးရေထိုးပြီး ပိုက်ဆံညာတောင်းနေသူလားလို့ 

ပြန်စွပ်စွဲ မေးရင် စိတ်ဆိုးမယ်ထင်တယ် ။

၁၉၈၈ဟာ ခံစားချက်တူသူတွေ မိမိနေရာကနေ တာဝန်ကြေအောင် ထမ်းဆောင်ခဲ့ကြတာပါ ။

၁၉၈၈ နောက်ပိုင်း မှာ ၁၉၈၈ကို နာမည်ရောင်းစားပြီး အာဏာရူး နေရာလုသူတစုကြောင့်

၂၀၁၀ မှာ အားလုံးဟာ ဝမ်းနည်းဖွယ်ရာ အစည်းပြေခဲ့ပါပြီ။

၂၂ နှစ် ကာလ နိုင်ငံရေး တော်လှန်ရေး လူမှုရေး ဖေါက်ပြန်ခဲ့သူကို
ဘယ်စည်းမျဉ်းနဲ့  ဖေါက်ပြန်သူသတ်မှတ်မှာလဲ ။
ဘယ်ဥပဒေနဲ့  အရေးယူကြမှာလည်း
ဘယ်လိုအခြေအနေမျိုးမှာ ခွင့်လွတ်ပြီး ပြန်လက်တွဲကြမှာလည်း

ကိုဇေယာကျော် လား မဇေယာကျော်လား

ဇေဇေလား ယာယာလား ကျော်ကျော်လား

ဘတ်ဖလိုးမြို့မှမြန်မာနိုင်ငံသား သုံးထောင်ကျော် ထောင်ကျော်ရဲ့ 
အနာဂါတ် စံပြ ဒီမိုကရေစီ ခေါင်းဆောင်လား

ကိုမင်းနိုင်အတွက်ကိုကျော်သူ၏ဖြေရှင်းချက်
Thursday, May 27, 2010 မှာရန်ကုန်က ရှင်းပြလိုက်တယ် ။
မူလစာရရှိတဲ့ ဘလော့က
www.yeyintnge.com/2010/05/blog-post_27.html

အမေရိကန်နိုင်ငံရောက်မြန်မာမျိုးချစ်များခင်ဗျား.....
ကျွန်တော်ရဲ့ ဇနီးဖြစ်သူရွှေဇီးကွက်ထံမှကိုမင်းနိုင်ထံသို့ July/16/2008 နေ့ စွဲ့  ဖြင့် 
ဒေါ်လာ..3800 (42.75000) kyats. ကို လက်ခံ ရ ရှိကြောင်း အကြောင်းပြန်ပြီး ပါကြောင်းအသိပေးအပ်ပါသည် ။ ကျွန်တော့်ထံသို့ဆက်သွယ်သည်ဟုဆိုရာတွင်မည်သည့်အချိန်..နေ့ ..ရက်..လ..နှစ်ကနည်း... ?
ကျွန်တော်သိလိုပါသည်။
ကျွန်တော်သည်2008,2009 ခုနှစ်များတွင်INTERNET ကိုလုံးဝအသုံးမပြုပါ။
မေတ္တာရှေ့ထားကာဖြေရှင်းကြစေလိုပါသည်.............လေးစားစွာဖြင့်... ကျော်သူ

Tuesday, May 25, 2010

ထိုင်းနိုင်ငံဖြစ်ပေါ်တိုးတက်မှု သမိုင်း






ထိုင်းနိုင်ငံကို ရုပ်တရက် ကြည့်ရင် ထိုင်းလူမျိုးဟုဆိုသော်ငြားလည်း

အောက်ပိုင်းကစပြီး ဘန်ကောက် အထက်နားအထိ ဟန်သာဝတီ ဆက်မွန်လူမျိုးများရဲ့  နယ်မြေဒေသဖြစ်ပါတယ် ။

ခြံမြေ စီးပွားရေးတောင့်တင်းပြီး အေးအေးနေတတ်ကြပါတယ် ။ စစ်ပွဲ အကျိုးဆက်ကို နားလည်ကြလို့  စစ်မဖြစ်လိုကြပါဘူး ။

အထက်ပိုင်းကတော့ တရုပ်နွယ်ဖွားတွေများပါတယ် ။ ပြည်ပစီးပွားရေး လုပ်ငန်းများပေါ်အဓိကထားကြပါတယ် ။

အရှေ့ ပိုင်းမှာတော့ အိစန်လို့ ခေါ်တဲ့ လူတွေနေကြပါတယ် ။ မိုးခေါင်ရေရှားဒေဖြစ်လို့  လယ်လုပ်ငန်းကို လုပ်သော်လည်း

လူငယ်အများစုက အဆင်ပြေရာဒေသများမှာ အလုပ်လုပ်ကြပြီး ငွေပို့ ကာ တနှစ်တကြိမ်သာအိမ်ပြန်ပါတယ် ။



ထိုင်းစစ်တပ်ရဲ့  တည်ဆောက်ပုံဟာလည်း သီးခြားထူးးခြားမှု ရှိနေပါတယ် ။

ထိုင်းမှတ်ပုံတင် ရှိသူ အသက် ၁၈ နှစ်အောက် လူငယ်များအားလုံးဟာ

ထိုင်းနိုင်ငံ ကာကွယ်ရေးအတွက် စာရင်းကို ရပ်ကွက် ကျေးရွာသူကြီးများမှတဆင့်

စာရင်းတင်ပေးရပါတယ် ။ ပညာထူးချွန်သူများကို သီးခြားစဉ်းစားပါတယ် ။

ထိုင်းစစ်တတ်ဟာ တနိုင်ငံလုံးမှာ လှည်လည်ပြီး စစ်ဆေးကာ ရွေးချယ်ကာ စစ်သင်တန်းပေးပါတယ် ။

ပြီးလျှင် ၂ နှစ် ၆ လ စစ်မှုထမ်းစေပါတယ် ။ ဝါသနာပါသူများ ထူးချွန်သူများကတော့

ဆက်လက် သင်တန်းများ တက်ပြီး အမှုထမ်းကြပါတယ် ။

အမြင့်ဆုံး အုပ်ချုပ်သူကတော့ ဘုရင်မင်းမြတ်ဖြစ်ပါတယ် ။

ထိုင်းဘုရင်ဟာ အကြီးမားဆုံး လက်နက်ကိုင်တပ်ရဲ့ သေနာပတိချုပ်ဖြစ်ပါတယ် ။

တိုင်းပြည်နယ်စပ် လုံခြုရေးနဲ့  ဖွံဖြိုးရေး ကို အဓိကထားလုပ်ဆောင်နေပါတယ် ။



လူငယ်များထဲက ထူးချွန်ပြီး ဝါသနာပါသူများက ဥပဒေစိုးမိုးရေးအတွက်

ပုလိပ်တပ်ဖွဲ့ မှ စစ်သော စာမေးပွဲများမှ တဆင့်သင်တန်းများတက်ရပါတယ် ။

သင်တန်းပြီးလျှင် သာမာန်အောင်မြင်သူများက နယ်မြေစိုးမိုးရေး တာဝန်ယူကြပြီး

နယ်မြေတွင်းက လူထုနဲ့  တရားဝင် စီးပွားရေး လုပ်နေသူများကို စောင့်ရှောက်ရပါတယ် ။

ရဲတပ်ဖွဲ့ ဟာ မူလဥပဒေများ တရားရုံးမှ ဆုံးဖြတ်ချက်များ လွတ်တော်မှ ဥပဒေအသစ်များ

အောက်မှာ အလုပ်လုပ်ကြပါတယ် ။

အချို့ သောထူးချွန်သူများက ဥပဒေကို တက္ကသိုလ်မှာအလုပ်တဖက်နဲ့ ဆက်တက်ကြပါတယ် ။

တနည်းအားဖြင့် ဥပဒေကို ကာကွယ်စောက်ရှေက်သူများလို့ ခေါ်နိုင်ပါတယ် ။



ဥပဒေတက္ကသိုလ်များ ပညာသင်ပြီးတဲ့ လူငယ်များက

ဥပဒေဝန်ထမ်းအုပ်စုကြီးထဲကို ဝင်ရောက်တာဝန်ယူကြပါတယ် ။

အများကတော့ တရားသူကြီးလုပ်ငန်း အခြေခံက စကြပါတယ် ။

တရားသူကြီးများရဲ့ အထက်မှာ ထောင်သောင်း ပေါင်းများစွာ ရေးထာပြီး

လူကို လူကိုမြင်တဲ့  ဓလေ့ထုံးစံနဲ့  ဥပဒေများသာရှိပါတယ် ။



အချို့ က ပုလိပ်တပ်ဖွဲ့ ဝင်ကြပြီး တချို့ က လုံခြုံရေးကုမ်မဏီမှာ လုပ်ကြပါတယ် ။



တချိန်က ဆင်းရဲနွမ်းပါးခဲ့တဲ့ ထိုင်းနိုင်ငံက

အများစုဟာ စီးပွားရေးကို အခြေခံစဉ်းစားကြပါတယ် ။



ထိုင်းနိုင်ငံသားတိုင်း အိုးအိမ်မြေယာပိုင်ဆိုင်ရေးမူကို ရင်ထဲမှာ ရှိနေကြပါတယ် ။

အဲဒီခံစားမှုကနေ ပေါ်ပေါက်လာတဲ့ ဥပဒေက မြေယာပိုင်ဆိုင်ရေးနဲ့  ရောင်းဝယ်ရေးပါ ။

ထိုင်းနိုင်ငံမှာ မူလပိုင်ရှင်မိသားစုဝင် အခြင်းခြင်းသာ ရောင်းဝယ်ခွင့်ရှိပါတယ် ။

နိုင်ငံခြားသားတွေကတော့ ကွန်ဒို လို့ ခေါ်တဲ့ လေထဲက အဆောက်အဦးသာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ 

၁၉၉၅ ခုနှစ်လောက်က ထိုင်းလွတ်တော်က ဥပဒေပြုခဲ့ပါတယ် ။



ဗုဒ္ဒဘာသာအများစုပါတဲ့ လွတ်တော်ထဲက ပါတီတွေအများစုနဲ့ တွဲလုပ်နေတဲ့

လွတ်တော်ဥက္ကဌဟာ ခရစ်ယာန်ဖြစ်နေတာ ထူးခြားမှုပါ ။

ဘာသာရေးလွတ်လပ်မှု အပြည့်ရှိနေတယ်ဆိုတာပြတာပါ ။



ဟောင်ကောင်ကျွန်းကို တရုပ်ပြည်မကြီးလက်ပြန်ထည့်မည် အစီအစဉ်ဟာ

ထိုင်းနိုင်ငံရဲ့ စီးပွားရေးကိုပြောင်းဖို့ 
အဲဒီတုံးက ထိုင်းစစ်တပ်ကလာတဲ့ဝန်ကြီးတွေက စဉ်းစားခဲ့တာပါ ။

တိုးတက်နေတဲ့ ကမ္ဘာစီးပွားရေးကို ဖြတ်လမ်းကလိုက်တဲ့ လမ်းစဉ် တခုကို
ထိုင်းလွတ်တော်က ချမှတ်ခဲ့ပါတယ် ။
ဟောင်ကောင်ကျွန်း တိုင်ဝမ်ကျွန်းကို အခြေခံပြီး နိုင်ငံတကာက
စီးပွားရေးသမားတွေ ထိုင်းနိုင်ငံမှာ အခြေချနိုင်ဖို့ 
စီးပွားရေးဇုံတွေ
ပြည်ပပို့ ကုန်ဥပဒေ
အမြတ်တော်ခွန်ဥပဒေ
မြေယာငှား ဥပဒေ
မြေယာကာကွယ်ရေးဥပဒေတွေကို ပြုပြင်ခဲ့ပါတယ် ။
(မြန်မာပြည်က အတုခိုးပေမဲ့ ပညာရှင်တွေတန်ဘိုးမဲ့ပြီး
စစ်အုပ်ချူပ်ရေးကို အခြေခံတော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါ )

လုပ်ရင်းကိုင်ရင်းနဲ့  ဝန်ကြီးချုပ်အဖြစ် ဘန်ဟာ တက်လာပါတယ် ။
ပြည်ပက ထိုင်းလူမျိုးပညာတတ်တွေ အားလုံးထိုင်ကိုပြန်လာကြဖို့  ဖိတ်ခေါ်ခဲ့ပါတယ် ။
ထိုင်းနိုင်ငံကို တိုးတက်ဖို့ ကြိုးစားကြရင်း
ဝန်ကြီးချုပ်ဟောင်း ဘန်ဟာပါဝင်တဲ့ ပါတီက ကိုယ်ကျိုးရှာ ဥပဒေတွေ လုပ်လို့ 
သမိုင်းကြောင်းလိုက်စစ်တော့ ဝန်ကြီးချုပ် ဘန်ဟာ တရုပ်ပြည်ဖွားဖြစ်နေပါတယ် ။
ဒီမိုကရေစီ အခြေမခိုင်သေးတဲ့ ထိုင်းနိုင်ငံမှာ တရုပ်တွေနေရာယူကြတာ
မြေပိုင်ရှင်ထိုင်းတွေ အဖို့ မချိမဆန့် ခံလိုက်ရပါတယ် ။
ထိုင်းနိုင်ငံသား စစ်စစ်တွေ လွတ်တော်မှာ နေရာယူဖို့ တော်လှန်ကြရပါတယ် ။

နောက်တကြိမ်ကတော့ ထိုင်းဘတ်ငွေတွေ လေထဲမှာ မျောပြီး တန်ဖိုးကျသွားပါတယ် ။
တရုပ်သွေးအပြည့်ပါတဲ့  ဝန်ကြီးချုပ်ဟောင်း တက်ဆင်တက်လာပြန်ပါတယ် ။

ဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို ထိုင်းတွေက ပြောကြပါတယ် ။
လူထုထဲဝင်တာ အပြောကောင်းတယ်တဲ့ လူထုကောင်းစားရေးအော်ပြီးလုပ်ပေမဲ့
အမြတ်တော်ခွန်ဥပဒေ ။ မြေယာပိုင်ဆိုင်ရေးဥပဒေ တွေမဲ့ ကိုယ်ကျိုးရှာပြီး စေတနာမှားခဲ့တယ် ။
မူးယစ်ဆေးဝါး နိုမ်နင်းရေးဥပဒေနဲ့  ထိုင်းနိုင်ငံထဲမှာ တရားဝင် လူသတ်မှုတွေဖြစ်ခဲ့ပါတယ် ။

တရုပ်နွယ်ဖွား တက်ဆင်အဖို့  လက်နက်ကိုင်သူ ထိုင်းတွေဟာ သူ့ ရဲ့  ရန်သူတွေပါ ။
ဆွေမျိုးအုပ်စုမရှိတဲ့ သူကတော့ အေးအေးဆိုပေမဲ့
ထိုင်းတွေ အသဲကို ကျွဲခပ်လိုက်ပါတယ် ။
နိုင်ငံတကာက သေသေချာချာ စစ်ဆေးပြီးမှ
သွေးထွက်သံယို အနည်းဆုံး နဲ့ စီမံရန်အကြံပေးပါတယ် ။

အာဏာ၇ူး တက်ဆင်က ဝန်ကြီးချုပ် နေရာက အကောင်းဆုံး တုံ့ ပြန် အဖြေပေးလိုက်ပါတယ် ။
နိုင်ငံတကာနဲ့ ယူအန် ဟာ သူအဖေနဲ့  အမေ မဟုတ်လို့ 
နားထောင်စရာမလိုဘူးဆို ပါတီကို အမိန့် ပေးခဲ့ပါတယ် ။
ထိုင်းနိုင်ငံသားတွေမှာ ဘယ်တော့မှ ဒုက္ခသည်မရှိဘူး
အချိန်မရွေး ထိုင်းကိုပြန်လို့ ရတယ် ။
အခုတော့ သူ့ အလည့်ကို ဘီးလည်ပါဘီ ။

စက်ာပူ ဘဏ်တွေနဲ့ တွဲပြီး ပြည်ပတရုပ်တွေ ထိုင်းနိုင်ငံမြေယာပိုင်ဆိုင်ရေးမူ ချလိုက်လို့ 
မြေယာပိုင် ထိုင်းတွေနဲ့ ထိုင်းစီးပွားရေးတရုပ်တွေ တိုက်ပွဲ စခဲ့ကြပါတယ် ။

၂၀၁၀ တိုက်ပွဲ မှာ အနာဟောင်းတွေပြန်ပွလာတာပါ ။
မိဘဆွေမျိုးတွေကို သတ်ဖြတ်ပြီး လူတန်းစားကွဲပြားမှုကို ဘန်းပြတဲ့
အာဏာရူး ကွန်မြူနစ်တွေ ခေတ်ထတာလို့ ထိုင်းတွေက ပြောကြပါတယ် ။
ချမ်းသာတဲ့ အာဏာရူး တက်ဆင်ဆီက ငွေတွေကို
ထိုင်းကွန်မြူနစ်တွေက တောင်းယူပြီး
ဆင်းရဲသားတွေကို ငွေပေးပြီး တိုက်ပွဲဝင်ကြတာပါ ။
ဒီနေ့  အလည်အလတ် ထိုင်းလူတန်းစားတွေနဲ့ 
တောင်ပိုင်း အလယ်ပိုင်း အနောက်ပိုင်းနဲ့  တရုပ်နွယ်ဖွားတွေ မရှိတဲ့ ဒေသတွေမှာ
အေးအေးဆေးဆေး ပါဘဲ ။

ထိုင်းက မိဘရိုးရာ မြေပိုင်ရှင်နဲ့  တရုပ်နွယ်ဖွားစီးပွားရေး သမား တိုက်ပွဲပါ ။
တရုပ်နွယ်ဖွားစီးပွားရေး သမားတွေက ဆင်းရဲသားလွတ်မြောက်ရေး အမည်တတ်ပြီး
အာဏာလုပြီး ဘုရင်စနစ် အမြစ်ပြုတ် တိုက်ပွဲမှာ
မြေပိုင်ရှင် ထိုင်းတွေက ဘူမိဘော ဘုရင်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ
စီးပွားရေးကို မပျက်စီးအောင် လျှော့ပေးနေသော်လည်း
နိုင်ငံတကာက လက်ခံအောင် ဒီမိုကရေဒီ နည်းနဲ့ 
အဆင့်ဆင့် ရှင်းနေကြတာပါလို့  တင်ပြပေးပါတယ် ။

ဌေးတင့်
ထိုင်းမှာ နေခဲ့စဉ်က သိခဲ့ရသည်များနဲ့ 
နယ်သာလန်ရှိ ပညာတတ်ထိုင်းများနဲ့  ပညာသင်နေသော
ထိုင်းကျောင်းသားများကိမေးမြနးပြီးရေးပါသည်။
ထိုင်းလူမျိုးတွေက တချိန်က ဆွေမျိုးမောင်နှမတွေ အချင်းချင်း သတ်အောင်
မြောက်ပေးခဲ့တဲ့  ကွန်မြူနစ်အတွေး အခေါ် ရှိနေသူ တွေကို အသွေးထဲ အသားထဲက
မုန်းပါတယ် လူမသိပါဘူး

ကျွန်တော်တို့ က အာဏာရှင် ပြုတ်ကျရေးအတွက် မည်သည့်စနဏ်ကို မဆို လက်တွဲပေမဲ့
ထိုင်းနိုင်ငံသားတွေက အစကို စစ်ဆေးပြီး အဆုံးကိုထည့် တွေးတတ်ကြပါတယ် ။



ထိုင်းနိုင်ငံမှာ မြန်မာပြည်က လူတွေ ၃ သန်း ပတ်ဝန်းကျင်နေထိုင်ကြပါတယ် ။
နယ်စပ်တလျှောက် ဒုက္ခသည် စခန်းတွေကလည်း အစီအရီပါဘဲ ။
ထိုင်းနိုင်ငံက စီးပွားရေး သမားတချို့ နဲ့  နိုင်ငံရေးသမား အချို့ က မြန်မာပြည်သားများကို
သူတို့ စီးပွားရေးကို အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မြန်မာပြည်သားတွေကို အရင်းအနှီးလုပ်တတ်ကြပါတယ် ။
လူမသိ သူမသိ အသက်ပေးခဲ့ရသူတွေ အလောင်းထပ်နေပါပြီ ။

မပြီးသေးတဲ့ မြန်မာပြည်က စစ်အာဏာရှင်ဖြုတ်ကြရေးတိုက်ပွဲကာလတလျှောက်လုံး
မြန်မာပြည်က ထွက်ပြေးနေရသူတွေ ထိုင်းနိုင်ငံမှာ မှီခို လုပ်ကိုင် စားသောက်နေကြရအုံးမှာပါ ။
ထိုင်းနိုင်ငံမှာ နေတတ်ဖို့  ပြောတတ်ဖို့ လိုပါတယ် ။
တည်ငြိမ်ပြီး တိုးတက်စပြုတဲ့ ထိုင်းနိုင်ငံ သားတွေရဲ့  အတွေးအခေါ်နဲ့ 
အာဏာရှင်စနစ်ဆိုး လက်အောက်က မြန်မာပြည်သားတွေရဲ့ စဉ်းစားမှုဟာ
တော်တော်လည်း ကွဲပြားပါတယ် ။
ဒါကြောင့် ကျွန်တော်တို့  ထွက်ခွာခဲ့ရတဲ့ မဟာချိုင်းဒေသမှာ
မြန်မာ အမျိုးသမီးငယ်တွေရဲ့ သတင်းကို
ရင်နင့်ဖွယ်ရာ ကြားနေရတာပါ ။
ငွေရရင်ပြီးရောဆိုတဲ့ မြန်မာပြည်သားတွေ လက်ထောက်ချလို့ 
ထိုင်းအောက်ခြေက လူတန်းစားတွေက နည်းမျိုးစုံနဲ့ စော်ကားခံရတာ ၁၉၉၄ လောက်ကထဲကပါ ။
သေမှာမကြောက်တဲ့ ၁၉၈၈က ကျောင်းသားအုပ်စအချိုက ဦးဆောင်စုစည်းပြီး ကာပေးခဲ့တာပါ ။
၁၉၉၉ ၂၀၀၀ နောက်ကစပြီး မြန်မာကျောင်းသားတွေ ထိုင်းက မဖြစ်မနေထွက်ခွာလာတော့
မြန်မာပြည်အာဏာရှင် ဖိနှပ်မှုကနေ ထိုင်းအောက်ခြေလူတန်းစားရဲ့ နင်းပြား ဘဝကို ရောက်ခဲ့ပါပြီ။
အာဏာရှင် စစ်အစိုးရကို မဆိုပါနဲ့ 
ထိုင်းမှာ တရားဝင်ရပ်တည်ပြီး အလုပ်လုပ်နေတာ မိမိအခွင့်အရေး အတွက်
တိုက်ပွဲ မဝင်ရဲကြသေးပါဘူး ။ လျှို့ ဝှက် စုစည်းမှု မလုပ်နိုင်ကြသေးဘူး ဆိုရင်

နတ်ကလိမ်လို့ ခေါ်တဲ့ လူရမ်းကားတွေရဲ့  ခြိမ်းခြောက်မှုကို ယုံကြည်ရင်တော့
မဖြစ်သင့်တဲ့ အခြေအနေတွေကို မြန်မာပြည်သားတွေ ရင်ဆိုင်ကြရမှာပါ ။
မြန်မာပြည်က စစ်အာဏာရှင်ကလဲ သက်ဆိုးရှည်နေမှာပါ ။

သိစေချင်လို့ တင်ပြတာကို ထပ်မံ ပံ့ပိုးတာ ကျေးဇူးတင်ပါတယ် ။dollayach
မြန်မာပြည်သားတွေ ထိုင်းနိုင်ငံမှာ ဘေးဘရာ ဝေးကင်းစွာ ရပ်တည်နိုင်ကြပါစေ ။


ကျေးဇူးတင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်က ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကြပြီး
မိန်းမဖက်က အမျိုးတွေက တောင်ပိုင်းနဲ့  စစ်တပ်ထဲကမှာ အများကြီး ရှိပါတယ် ။
အစိုးရအနေဖြင့်ရော ထိုင်းလူထု အနေရဲ့ ရော ဧည့်အလုပ်သမားများကို မပါဝင်စေချင်ပါဘူး ။
ကျွန်တော်ရေးလိုက်ရတာက ဦးညိုအုန်းမြင့် အပါအဝင် မြန်မာမီဒီယာတွေ ရေးတာလိုနေလို့ ပါ ။
ပြဿနာတခုကို ခြေခြေမြစ်မြစ် လေ့လာပြီး သုံးသပ်သင့်တာပါ ။
လက်ရှိအစိုးရဟာ အနီ နဲ့ အဝါကြားမှာ ညပ်နေတာပါ ။
မနေ့ ကအထိ အမေရိကန်နဲ့  ဥရောပက လက်ရှိ ထိုင်းအစိုးရကို ကူညီဖို့ သဘောတူလိုက်ပါတယ် ။
ကျွန်တော်နားလည်တာက ဆန္ဒပြရာမှာ ပစ်ခတ်မှုတွေဟာ အကြမ်းဖက်လှုပ်ရှားမှု သက်ေတပါ ။
ကျွန်တော်ဒီမှာ ထိုင်းသံရုံးက တာဝန်ရှိသူတွေနဲ့ ပျော်ပွဲ ရွင်ပွဲတွေမှာ ဆွေးနွေးဖူးပါတယ် ။
ကျွန်တော် အတတ်နိုင်ဆုံး သဘောထားတီးခေါက်ပြီး
နေ့ တိုင်း nationa radio ကို နားထောင်နေပါတယ် ။
ရွေးကောက်ပွဲ ကို စောစောလုပ်ဖို့ တောင်းတဲ့ကြားက ပစ်ခတ်မှုတွေ မမျှော်လင့်ဘဲပေါ်လာတာပါ ။
ဆန္ဒပြသူတွေ ကြားမှာ ပိုက်ဆံရလို့  အဘီဆစ်နယ်မြေ တောင်ပိုင်းကရော
ဖတ်အိစန် အရှေ့ ပိုင်းကရော ဝင်ကြတာပါ ။
ထိုင်း ကွန်မြူနစ်လို့ ယူဆရတဲ့သူတွေက လက်နက်ကိုင်လိုက်တယ်လို့ ယူဆချက်တွေ radio ကနေ့ တိုင်းကြားရပါပြီ ။
မြန်မာပြည်သားတွေကို ဆင်းရဲသားတိုက်ပွဲ ဆို မြန်မာမီဒီယာတွေ ရေးလာလို
သမိုင်းမှန်ပြောပြပြီး နေတတ်ဖို့ သတိပေးနေတာပါ ။
မြန်မာပြည်မှာ လူမျိုးစုပြဿနာက ကြီးနေပြီး ထိုင်းမှာမရှိတော့ပဲ နယ်မြေကာကွယ်ရေးကို ဘုံတူညီချက်
သဘောထားဟာ လေးစားစရာပါ ။
ထိုင်းစစ်တပ်ဟာ ဘုရင့်အုပ်ချုပ်မှုနဲ့ အတူ ဝန်ကြီးချုပ်ဟောင်း ပရင်လက်ထက်ကစပြီး
အာဏာခွဲဝေရေး ပါလီမာန်စနစ်ကို ကျင့်သုံးခဲ့တာပါ ။
ထိုင်းစစ်တပ် အာဏာသိမ်းတာဟာ စစ်တပ်ကိုယ်ကျိုးစီးပွားအတွက် မဟုတ်လို ရွေးကောက်ပွဲ ပြီးရင်
လွတ်တော်ကို ပြန်ပေးနေကြပါ ။
ထိုင်းမှာ စစ်တပ် ။ ပုလိပ် ။ တရားရေးအုပ်စု ။ လက်နက်ကိုင် ရပ်ရွာ ကာကွယ်ရေးတွေက သီးခြားရပ်တည်တာပါ ။
ထိုင်းပြည်သူတွေက လူတန်းစားပြဿနာလို့ မသတ်မှတ်ပါဘူး ။
နယ်မြေကာကွယ်ရေးခုခံစစ်နဲ့  ကွန်မြူနစ်တိုက်ဖျက်ရေးလို့ ခံယူကြပါတယ် ။

Monday, May 10, 2010

Dhr Htay Tint ကိုဌေးတင့်

ကိုဌေးတင့်
Dhr Htay Tint
( ဒတ်ခ်ျလို Dhr ဆိုတာ Mr ပါဘဲ။ အထင်မကြီးပါနဲ
နယ်သာလန်မြန်မာတချို့ ချော်လဲ ရောထိုင်ငြိမ်နေကြလို့ )




ဒုတိယပိုင်း



၁၉၆၀ တန်ခူးလ သက်ြန်တွင်းမှာ တောင်ကြီး စပ်စံထွန်းဆေးရုံမှာ မွေးဖွားခဲ့ပါတယ် ။
မွေးချင်း အားလုံး ၈ ယောက်ရှိပါတယ် ။
ကျွန်တော်က ဒုတိယဖြစ်သော်လည်း အကြီးဆုံးက ငယ်ငယ်က ဆုံးခဲ့လို့ 
အကြီးင်္ဆုးလို့ ပြောရင် ရပါတယ် ။
၁၉၈၀ မှာ တောင်ကြီးကောလိပ်ကို သချာ် အဓိကနဲ့ စတက်ခဲ့ပါတယ် ။
၆ လ အကြာမှာ စရိပ်မရှိတော့လို့  မန္တလေး ဒေသကောလိပ်ကို ပြောင်းရွေ့ ခဲ့ပါတယ် ။
၁၉၈၂ မှာ မန္တလေး ဒေသကောလိပ်ပြီးလို့ 
တတိယနှစ်ကို ၇န်ကုန်မှာဓါတုဗေဒ အဓိက ဘာသာနဲ့ ဝင်ခွင့်ရခဲ့ပါတယ် ။
ရန်ကုန်ကို ၁၉၈၂ နှစ်လည်ပိုင်းမှာ မအူမလည်နဲ့ တောသားရန်ကုန် မြို့ တက်ပါတယ် ။
အူကြောင်ကြောင် အတွေ့ အကြုံတွေနဲ့  အတတ အတွေးအခေါ်တွေကြောင့် အသဲကွဲ အရှက်ရဖူးပါတယ် ။
၁၉၈၄ မှာ ဓါတုဗေဒနဲ့ ဘွဲ့ ရပြီး အဓိပတိလမ်း သမိုင်းကဗျာရေးမှုနဲ့ ရေကြည်အိုင်ကို အလည်သွားဖူးပါတယ် ။
နဖုံခါပေးလိုက်လို့  အချောင်စား ဝန်ထမ်း ဘဝကို လုပ်ခွင့်မရှိပါဘူး ။


ကျူရှင်ဆရာဘဝနဲ့ ရပ်တည်ရင်း
အထက်တန်းရှေ့ နေသင်တန်း တက်ခဲ့ပါတယ် ။
ပလပ်စတစ် တင်ဒါရပြီး ဘဝကိုအခြေချမလို့ ပြင်နေဆဲ
စက်မှုတက္ကသိုလ်က မန္တလေး သူငယ်ချင်းအုပ်စုနဲ့ 
မတ်လပြဿနာ အစထဲက လက်သီးဆုတ် အံကြိတ်ပြီး
အမှန်တရား ပေါ်ပေါက်ရေးကို

မြို့ ပြ နောက်ဆုံးနှစ် (၁၉၈၈ စောစောပိုင်း ကာလ)
ကို ဌေးဝင်း (ကျောက်မဲ လက္ဘက်ခြောက်လုပ်ငန်း အုပ်စု)
ကို ညွန့် ဝေ (မန္တလေး သားရေ ဆင်ဖိနပ်လုပ်ငန်း )
ကို အောင်သူကြွယ် (မန္တလေး တက္ကသိုလ် ပညာရေးဝန်ထမ်း အုပ်စု)
ကို ညီညီ ပင်းတယ ( လူမျိုးစု အုပ်စု )

စတဲ့ အထက်မြန်မာပြည်က အုပ်စုနဲ့ တွဲလုပ်ခဲ့တယ် ။
လျို့ ဝှက်စွာ ညီညွတ်ခဲ့ကြပါတယ် ။

နောက်ကွယ်မှာ ဘယ်သူမှ စာရေးပေးမည့် သူတွေလည်းမရှိသေးပါ ။
မင်းနေရာက အထိရောက်ဆုံး ဘာလုပ်နိုင်လဲ ။
ငါတို့ ဘာလုပ်ပေးရင် ရနိုင်လဲ ဆိုတဲ့ 
အလုပ်ဖြစ်မြောက်ရေးမူ တခုထဲ ယခုထိကိုင်ထားပါတယ် ။
ငြင်းတာခုန်တာ ဝါသနာမရှိပါဘူး

လုပ်ရင်းကိုင်ရင်းနဲ့ 
မြန်မာစာနောက်ဆုံးနှစ်က ညီမအရင်းတယောက်
တံတားနီလို့ ခေါ်တဲ့ ဂုဏ်ပြုနေတဲ့ ၈၈ ဂျွန်အရေးအခင်းမှာ
ဝမ်းပိုက်ကို နံပါတ်ဒုတ်နဲ့  အရိုက်ခံရတဲ့ ဝေဒနာနဲ့ 
အတွင်းကြေပြီး ၂လကျော်မှာ ဆုံးပါးခဲ့ပါတယ် ။
၂၀၁၀မှာ တော့ ညီအရင်းတယောက် ခုခံစစ်နွဲရင်း
ဒေါင်းယောင်ဆောင်သော အာဏာနီ အရူးအမိန့် နဲ့ 
တောထဲမှာ အသတ်ခံရတာ ထပ်ကြားရပါတယ်

လှိုင်မြို့ နယ်က တက္ကသိုလ်ကျောင်းသားတစုကို ဦးဆောင်ပြီး
၁၉၈၈ ဇူလိုင်လ မှာ ဆေးခန်းတခု လူနာစောင့်တဲ့ အခန်းမှာ
လှိုင်မြို့ နယ် ကျောင်းသားများသမဂ္ဂ ကိုတည်ထောင်ခဲ့ပါတယ် ။
ရှစ်လေးလုံး လူထုလမ်းမပေါ်ထွက်ခင်မတိုင်က ဖွဲ့ စည်းခဲ့တာပါ ။
မြို့ နယ်က ရွေးကောက်ပွဲလုပ်ခဲ့ရာမှာ
ဥက္ကဌတာဝန်ကို ယူခဲ့ရပြီး
ကိုငြိမ်းချမ်းက အတွင်းရေးမှုး တာဝန်ယူခဲ့ပါတယ်။
၈ သြဂုတ်လ ၁၉၈၈ မှာ အထွေထွေ သပိတ်ကြီးကို စတင်ခဲ့ပါတယ် ။

၂၀ စက်တင်ဘာ ၁၉၈၈ မှာ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ နောက်ဆုံးဆွေးနွေးပြီး
လူမျိုးစု လက်နက်ကိုင် နယ်မြေကို ပြောင်းရွေ့ တိုက်ပွဲဝင် ခဲ့ပါတယ် ။

အတွင်းရေးမှုး လုပ်ငန်းစစ် စခန်းကော်မီတီ ဟွေစေတီ ကရင်နီမှာ တာဝန်ယူခဲ့ပါတယ် ။
စစ်သင်တန်းများ
ပြည်တွင်းလှုပ်ရှားမှုသင်တန်းများ
ရံပုံငွေရှာဖွေရေး နည်းပညာများ
ပို့ ချပေးပြီး ၃၀၃ ကျောင်းသားတပ်မတော်ကို ကူညီတည်ဆောက်ခဲ့ပါတယ် ။

နိုဝင်ဘာ ၁၉၈၈ မှာ စခန်းကတာဝန်ပေးချက်အရ
ကေအန်ယူနယ်မြေက ရေကျော်စခန်း ကျောင်းသားဗဟို အစည်းအဝေးကို ရောက်ခဲ့ပါတယ် ။
ကိုထွန်းအောင်ကျော် ၊ ကိုသန်းဝင်း ၊ ကိုကိုဦး တို့ အဖွဲ့ က နိုင်ငံရေးကို ဦးတည်ကြပြီး
ကျွန်တော်နဲ့  ကိုထွန်းဦး(စက်မှုတက္ကသိုလ်) က စစ်ရေးဆွေးနွေးကာ ကျောင်းသားတပ်မတော်
တပ်ရင်းအလိုက် ဖွဲ့ စည်းပုံရေး စစ်သင်ခန်းစာတွေရေးပြီး ကရင်နီမူလဒေသကို ပြန်ခဲ့ပါတယ်
၁၉၈၈ ဒီဇင်ဘာလမှာမယ်နပလောကို အထူးသင်တန်းတက်ရန် အရွေးခံရပြီး
ပြည်တွင်းက မြို့ နယ်အလိုက် ခေါင်းဆောင်တွေနဲ့  ပြည်တွင်းလူထုလှုပ်ရှားမှုထပ်ဖြစ်ခဲ့ရင်
စစ်ရေးအရ ဦးဆောင်နိုင်ရေး ခြသေ့စီမံချက် သင်တန်းတက်ခဲ့ပါတယ် ။
(၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီ နိုင်လို့ စီမံချက်ကြီး ရပ်ခဲ့ပါတယ် )

သင်တန်းပြီးတော့ ကျောင်းသားတပ်မတော်ဗဟိုမှာ ရုံးထိုင်ပြီး
စစ်ရေးကော်မီတီမှာ ကိုဆန်နီနှင့် အတူတာဝန်ယူခဲ့ပါတယ် ။
မင်းသမီးမှာ ကျင်းပခဲ့တဲ့ ကျောင်းသားတပ်မတော်
ဒုတိယအကြိမ် ညီလာခံကို မိုးကဲစခန်း တပ်ရင်း ၂၀၆ တပ်ခွဲ ၄ က ကိုယ်စားအဖြစ် ရွေးတင်ပေးပါတယ် ။
ပြည်တွင်းနိုင်ငံရေးလိုအပ်ချက်ယူဆပြီး လူသိများတဲ့ ကိုမိုးသီးဇွန်ကို အတိုက်အခိုက်ကြားက ဝိုင်းတင်ခဲ့ပါတယ် ။
ညီလာခံကာလမှာ မိုးကဲစခန်းက ကိုစီုးလေး လိုက်လာပြီး ဗဟိုမှာ တာဝန်ယူချင်လို့  လွဲပေးခဲ့ပါတယ် ။

ရာထူးထက် အလုပ်က ပိုအရေးကြီးတယ်လို့  ယခုအထိ ခံယူထားဆဲပါ ။

ကိုစိုးလေးလို ခေါင်းဆောင်ဖြစ်ချင်သူတွေ နအဖကို အဲဒီအချိန်ကထဲက
အခုထိ ခေါင်းဆောင်နေရာက တိုက်ပွဲဝင်နေဆဲ ထင်ပါတယ် ။
အာဏာရူးတွေ ဘာလုပ်ခဲ့လဲ
အဆံမရှိတဲ့ ခေါင်းဆောင်တွေ ဘာတွေ သမိုင်းဝင် မှတ်တမ်းလုပ်ခဲ့လဲ
လုပ်ရင်းကိုင်ရင်းနဲ့  ၈၈အကျဉ်းတန် နှစ် ၂၀ သမိုင်းတပုဒ် ကို ဖြတ်သန်းမိပြီ ။

ပြည်တွင်းခေါင်းဆောင် ကိုသူရိန်က ပြည်ပအကူအညီနဲ့ 
ပြည်တွင်းကို ရနောင်းဘက်က ပြန်ဝင်ရန်လာခေါ်လို့ လိုက်သွားတာ
ဘန်ကောက် ရောက်ပြီး ရွာလည်ကာ ဘဝပျက်မလို ဖြစ်ခဲ့ရပါတယ် ။
ဝရဇိမ် စာစောင်( အေးပက်မှ ဆရာပေါကူညီပေးသူ) လူငယ်လေးများက ကူညီလို့ 
ထမင်းငတ်ပြီး လမ်းဘေးအိပ်တဲ့ ဘဝက လွတ်သွားပါတယ် ။

လပ်စီမှာ ကျောင်းသားတွေစုနေကြရင်း
ပြည်ပရောက် မြန်မာကျောင်းသားများအဖွဲ့ ဖြစ်မြောက်ရေးမှာ ကူညီနေတုံး
ထိုင်းအစိုးရမှာ ထိုင်းမြန်မာ ဘာသာပြန်လိုနေတာနဲ့ 
တောင်းဆိုမှုအရ လုပ်အားပေးခဲ့ရပါတယါ ။

ခပ်တိုတိုပြောရလျှင် ဒုက္ခရောက်လာတဲ့  တော်လှန်ရေးက ရဲဘော်တွေကို ဘန်ကောက်မှာ လှည့်ပြီးကူညီခဲ့ပါတယ် ။
နောက်တော့ မဟာချိုင်ရောက်ပြီး လူထုနဲ့ တသားတည်းနေပြီး လူထုကာကွယ်ရေးနဲ လူထုဦးဆောင်ရေးကို ၁၉၉၉ အထိတာဝန်ယူခဲ့ပါတယ်

သန်းကျော်ဌေး(၆၀၆) နဲ့ မြင့်လှိုင်(၂၀၆) ပြန်ခေါ်လို
့ကျောင်းသားနိုင်ငံရေးလောကကို ပြန်ဝင်ခဲ့တယ် ။
ထိုင်းထောက်လှမ်းရေးက မနီလွိုင်ကို ၁၉၉၉ ဒီဇင်ဘာလမှာ ပို့ လိုက်ပါတယ် ။
အတွင်းရေးမှုးတာဝန်ကို လူမှုရေးဌါန မြန်မာကျောင်းသားများအစည်းအရုံး
မနီလွိုင်ကျောင်းသားများစခန်းမှာ ၂၀၀၀ က တာဝန်ယူခဲ့ပါတယ် ။

၁၇ မေ ၂၀၀၁ မှာ နယ်သာလန်ကို စပြီးအခြေချပါတယ် ။
၂၀၀၃ ဒီပဲရင်းမတိုင်ခင် အထိ
နယ်သာလန်စကား စာပေနဲ့ ဥရောပယဉ်ကျေးမှုတွေသင်နေပါတယ် ။
ဒီပဲရင်း အဖြစ်မှန်ကို စာသင်ခန်းထဲမှာ အင်တာနက် မက်ဆင်ဂျာက
သိရပြီး စာသင်ခန်းကို ကျောခိုင်းကာ ကျောင်းပြစ် မိသားစုပြစ်ပြီး

မြန်မာ့အရေးဟာ ဥရောပ အရေးနဲ့ တရားသားတည်း ဖြစ်ရမယ်မူ ကို
ချပြီး လုပ်ခဲ့ပါတယ် ။

၂၀၀၄ မှာ အထွေထွေအတွင်းရေးမှုးအဖြစ်
မြန်မာဒီမိုကရေစီအင်အားစု(နယ်သာလန်) မှာ တာဝန်ယူခဲ့ပါတယ် ။

၂၀၀၅ မှာ ကျန်းမာရေးအရ အနားယူလိုသော်လည်း
နောက်တက်လာသည့် အထွေထွေအတွင်းရေးမှုးကို လုပ်ငန်းများ ဆက်လုပ်နိုင်ရန်
အတွင်းရေးမှုး နိုင်ငံရေးဌါနကို ၆ လလုပ်ခဲ့ပါတယ် ။
မြန်မာနိုင်ငံသားတွေ ဖွဲ့ စည်းပုံဆွဲရင် အနားယူသွားသူတွေ အတွက်
ဘယ်တော့မှ မဆွေးနွေးကြပါဘူး ။
ဒါကြောင့် တသက်လုံး အာဏာကိုင်ရေးလမ်းစဉ်ကို ဦးစားပေးတာ မဆန်းပါဘူး ။
ယိုယွင်းလာတဲ့ကျန်းမာရေးအရ ဆေးကုသရင်း

(အနှစ် ၂၀ လောက် အရက်သောက်တဲ့ အကျိုးက မှတ်ဥာဏ်တွေတုံးစေကာ
စဉ်းစားရင် လှေနံ ဓါးထစ် ဖြစ်ပြီး တုံ့ ပြန်တာနှေးပါတယ် )


ပြည်တွင်း ထောက်ပံ့ရေးတခုတည်းကို သာဇောင်းပေးခဲ့ပါတယ် ။
၂၀၁၀မှာ တော့ မြန်မာပြည်အတွက်
အုပ်တချပ် သဲတပွင့် တော့ တနေရာရာက တခုခုတော့
ပူးပေါင်းပြီးဆက်လုပ်ချင်ပါသေးတယ် ။
လက်ရှိ အလုပ်ဥပဒေအရ
တရားဝင် နာမည်ထုတ်ပြီး လုပ်ခွင့်မရှိတာကို နားလည်ပေးပါ ။

အနည်းဆုံး - + x ပေါ့

ဌေးတင့်
၁၀ မေ ၂၀၁၀

ကံ့ကောက်လမ်းအလှ အောက်လွာတွေထဲမှာ

မဲပြောင်နေတဲ့ ကတ္တရာလမ်းအောက်မှာ
တဂျေက်ဂျောက်နဲ့ ဟောက်သံလိုလို
အောက်သံကထွက်လာတယ် ။
ဘာသံလဲဟေ့ မေးလိုက်တော့
တဟေးဟေးနဲ့  တေးတွေ ငြီးညူ နေသံ ။
အောက်ဖျံက မေးရိုးချင်းရိုက်သံ
ဘဝက်ညံအောင် တိုးအက်သံ
အရိုးတွေ လေချွန်တာ အမှန်
ဆက်ကာ ဆင့်ကာတွေးလိုက်မိတော့ ။
ဘုသီးကြီးတွေ အရေပြားက
မနားတမ်း ပြေးထွက်လာတယ် ။
တချိန်က အဂ်လိပ် လက်အောက်
မလွတ်မြောက်ခဲ့တဲ့ ဘဝတွေမို့ 
ဒီသဘောက်သားကို နှင်ပစ်ခဲ့ကြ ။
်ရာဇဝင်ကို အသစ်ဖြစ်စေဖို့ 
သခင်သစ်တွေကို မွေးဖွားခဲ့တဲ့နေရာက
ကျောင်းတော်က ပြည်ချစ်တွေ စုစည်း
အနှစ်တွေဘဲ စုပြီး မငြီးးးကြဘူး
ဒို့ အရေးတွေ နောက်မဆုပ်ခဲ့ဖူးလူး။
နာရီတွေ ဆရာတင်တဲ့
အတွေးအခေါ်အရေးတွေ
ဆွေးနွေးပေးတယ်
ဆိုရှယ်လစ်မှာလည်းမနားခဲ့ကြဘူး
ရလိုက်တဲ့ အဖြေသံကတော့
လက်သံပြင်းတဲ့ ဂျီသရီးရဲ့ ကျည်ဆံ ။
ဗုံးဆံတွေ အဆစ်ထဲ့နဲ့ 
ကျောင်းတော်က အသံတွေ
ဘဝက်ညံခဲ့တာ အကြိမ်ကြိမ် ။
မိဘတွေ စည်တီး ပြည်ပြီးအက်ခဲ့တာ အကြိမ်ကြိမ်
ကျန်ခဲ့တဲ့  အရိုးတွေနဲ့  အလောင်း
ကတ္တရာတွေနဲ့ အခါခါလောင်း ။

ဌေးတင့်
(၁၉၈၃ မြင်းခြံ ကိုတင်လှိုင်(ဓါတု)
မထုတ်လိုက်ရတဲ့ ကဗျာစာအုပ်ထဲမှာ ရေးခဲ့ဘူးပါတယ် )


လွန်ခဲ့သူ နှစ်ပေါင်း ၂၀ က သုံးသပ်ချက်ဟာ
အခုလဲ အဲဒီလို လူတွေရှိနေဆဲနော် ။














တချို့လည်း ကြိုးစားနေဆဲ ။ တချို့ လဲ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက်အသက်ပေးခဲ့ကြပြီ ။ ကောင်းတဲ့ဘုံတွေက ဆက်ကူညီကြပါ ။


အပျော်ရှာ နိုင်ငံတကာက လူတသိုက်သို့ 


မြန်မာပြည်အိမ်တခါးမကြီးကို ပိတ်
ခေါင်းမပါတဲ့စစ်သားက သေနပ်ကိုကျည်ထိုးစောင့်ပေး
လူရမ်းကားတွေကခြံပြင် ခြံတွင်းခွေး မဟောင်ရန် ရိုက်သတ်
တရုပ် ရုရှား လောက်ကောင် အားတိုးဆေးနဲ့ 
ရာဂဘီလူး အာဏာရူး စစ်ဗိုလ်တွေက
အဆီတဝင်းဝင်း အသားလေးတင်းနေတဲ့
ဒီမိုကရေစီ မောင်နှမတွေကို
လူမသိအောင် ရိုက်နှက်ပြီး
နဝတ နအခ ကြံ့ဖွတ် စွမ်းအားရှင် တွေလေ
အလှည့်ကျ မုဒိန်းကျင့်လိုက်တာ
အနှစ် ၂၀ ကျော် ကြာသွားခဲ့ပါပြီကော
စားလို့ ဝတော့မှ တော့မှ တရားဝင် လက်ထပ်ဖို့ 
၂၀၁၀ ရွေးကောက်ပွဲနဲ့ ကျင်းပမယ်တဲ့
ပြည်တွင်းက အမေနဲ့ အဘတို့ ကတော့ မတရားရုံးမှာ
ကြိုးစားတာ မရတော့လို့ ဖျာလိပ်ပြီး
လူထုကို ဦးတည်မဲ့ ရပ်ကွက်ထဲဆင်းတော့မယ်
ဘာသာမတူ လူမျိုးကွဲ မောင်နှမတွေကကော
ဘယ်လိုလဲ ဆီပုလင်းလား သေနပ်လား
ဘာကို ရွေးပြီး ဘာကို ပြေးရှာပြီး ပို့ ပေးမှာလား

ဌေးတင့်
(နယ်သာလန် ၇ ဧပြီလ ၂၀၁၀)
Dhr Htay Tint
( Nederland 7 April 2010)