ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Saturday, March 31, 2012

တန်ဖဲကျေးရွာ မောင်နှမတွေကို ကူညီကြ

နိုင်ငံတကာရှိ မြန်မာနိုင်ငံသားများသို့ 

ကချင်ပြည်နယ် တန်ဖဲ ကျေးရွာသားများကို
သူတို့ ပိုင်ဆိုင်သော ဘိုးဘွားပိုင် နယ်မြေမှ
လက်တစုတ်စာ စီးပွားရေး သမားအုပ်စု အတွက် မောင်းထုတ်နေပါသည် ။
ရွာသားများကို ကူညီနေကြသော ဘာသာရေး အသင်းအဖွဲ့ များ ။
လူမှုရေး အသင်းအဖွဲ့ များလည်း လက်မြောက်ရမလို ဖြစ်နေပါသည် ။
ပြည်တွင်း ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့်လည်း
အစွမ်းကုန် ကူညီရန် ဆုံးဖြတ်ထားကြပါသည် ။

ပြည်ပရောက် ၈၈ မျိုးဆက်များ
အကျဉ်းသားဟောင်းများ
အန်အယ်ဒီ လွတ်မြောက် အဖွဲ့ ဝင်များ
ဘာသာရေး အသင်းအဖွဲ့ များ
လူမှုရေး အသင်းအဖွဲ့ များ အနေဖြင့်
လူသားချင်းစာနာသည့် သဘောဖြင့်
ညီအကိုမောင်နှမ ကချင်ရွာသားများကို ကူညီသော အားဖြင့်
သမ္မတ လူကြမ်း အဖွဲ့ ထံသို့  ကန့် ကွက်စာ ပို့ ပြီးဖြစ်စေ ။
ဆန္ဒပြပြီး ဖြစ်စေ ဝိုင်းဝန်း ကူညီကြစေလိုပါတယ် ။

ရွာသားများကို မောင်းထုတ်နေသော လက်ရှိတာဝန်ယူထားသော တပ်မှ
၃၁ မတ်လ ၂၀၁၂ နေ့ တွင်
 ငြိမ်းချမ်းသော ရွေးကောက်ပွဲကို ကချင်ပြည်နယ်တွင်
ကျေးရွာသားများ ဆူပူလိုသော ဆန္ဒဖြင့်
တပ်မတော်မှ ဗိုလ်ကြီးထွန်းဦးက အပြီးပြောင်းကြရန်
တအိမ်တက်ဆင်း စာကပ်လျှက် ဆူပူအောင် လှုံ့ ဆော်နေလျှက် ရှိနေပါသည် ။

ပြည်တွင်း ၈၈ ကျောင်းသားများကိုယ်စား
ကိုမြအေး



မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

by Lu Cifer on Saturday, March 31, 2012 at 7:33pm ·
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။


RFA
ကျန်းမာရေး အခြေအနေကြောင့် မကွေးခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မကွေးလူထုက မတ်လ ၂၇ ရက်နေ့တွင် မြို့ကိုလှည့်လည်ပြီး ဆုတောင်း မေတ္တာပို့နေကြစဉ်။

နောက်ထပ် မဲစာရွက် ထပ်မံတောင်းဆိုရာမှာလည်း တရွက်ပဲပေးခွင့်ရှိလို့ မရဘူးလို့ မဲရုံမှူးတာဝန်ရှိသူတွေက ပြောကြောင်း ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုအောင်ကျော်ဝင်းက ပြောပြပါတယ်။
“စာရွက်က မှင်သုတ်လိုက်တော့ အခါကြတော့ စာရွက်က ချော်နေတာ။ အဲဒါနဲ့ ကျနော်က နောက်စာရွက် တရွက်ထပ်တောင်းတာ သူကစာရွက်က တရွက်ပဲ ပေးခွင့်ရှိတာပါတဲ့။ တရွက်ထဲပဲပေးတာပါတဲ့။ ချော်နေတာ စာရွက်က ချော်နေတာအကိုရဲ့။ ခြစ်လို့ကရတယ်။ဟိုလို မှင်ပျက်သွားတာပေါ့ဗျာ။"

ကိုအောင်ကျော်ဝင်းဟာ မဲဆန္ဒ အမှတ် (၆၇၈) နဲ့ မဲပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်၊ ဒီလိုဖြစ်နေတာဟာ ရပ်ကွက် (၁) နဲ့ (၈) မှာ ဖြစ်နေတယ်လို့ ကြားထားကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာ တင်ဌေးအောင်က ပြောပါတယ်။

“ကြိုတင်မဲပေးတဲ့ ပုဂ္ဂိုလ်တွေက အဲဒီ NLD အကွက်ထဲမှာ အမှန်ခြစ်ခြစ်တဲ့အခါမှာ ဘယ်လိုမှ မထင်ဘဲဖြစ်ပြီး ချော်နေတာပါ။ အဲဒါကို ကျနော်တို့ အားလုံး သံသယဖြစ်နေလို့ ကျနော်တို့ အဲဒီ source လိုက်နေတာပါ။ အမှတ်(၈)ရပ်ကွက် နောက်ပြီးတော့ တခုရှိသေးတယ်။ အမှတ်(၁) ရပ်ကွက်ပါ ပါပါတယ်ခင်ဗျ။” ဒီလိုသာလုပ်နေရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူးလို့လည်း သူကပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ပြည်သူ့လွှတ်တော် အမတ်လောင်း နေရာအတွက် NLD ပါတီက ဒေါက်တာ တင်ဌေးအောင် အပါအဝင် ပြည်ခိုင်ဖြိုးနဲ့ တသီးပုဂ္ဂလ အမတ်လောင်းတဦး စုစုပေါင်း (၃) ဦး ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

2012-03-31
RFA

ပုလဲမြို့ ညောင်ကုန်းရွာရှိ ဗီဒီယိုရုံတွင် ကြံခိုင်ဖွံ့ဖြိုးရေးအသင်းမှ ငါးမင်းဆွေဖြန့်ဝေသော ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်း ဗီဒီယိုအား ပြသနေစဉ် NLD မဲရုံကိုယ်စားလှယ် အောင်ကျော်ထွန်း (ခ) ဖိုးကျော်က ဓါတ်ပုံသွားရိုက်ရာမှ စတင်၍ အချင်းများသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည် ။ ဗီဒီယိုအတွင်းတွင် ဖိုးကျော်အား အမည်မသိသူများက ၀ိုင်းဝန်းရိုက်နှက်သောကြောင့် ဖိုးကျော်မှာ အဆိုပါ ဗီဒီယိုရုံမှထွက်ပြေးခဲ့ရပြီး အနီးအနားရှိ အိမ်တစ်အိမ်တွင်ပုန်းအောင်းနေရကြောင်းနှင့် ဓါးဖြင့် အထိုးခံရပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည် ။ အဆိုပါ ဖြစ်ရပ်အတွင်း လူတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူကို အခုအချိန်အထိ အတည်မပြုနိုင်သေးကြောင်း သိရသည် ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကNLD ရန်ကုန်တိုင်း လူငယ်ခေါင်းဆောင် ကိုမောင်မောင်ဦး ဖုန်းနံပါတ် ၀၉ ၆၅၇၁၃၆၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ်ဒေါ်စုစုလွင်မှ အနိုင်ရရှိသွားကြောင်း သုံးခွမြို့သို့ေ၇ာက်ရှိနေသောမြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။
`ကြိုတင်မဲပေါင်း ၂ထောင် မကျော်ဘူး၊ အဲဒီထဲမှာ ဒေါ်စုစုလွင်က ၁၆၅၀ နဲ့ အနိုင်ရနေတယ်`လို့ မြစ်မခ သတင်းထောက်က သတင်းပေးပို့သည် Source : May Thingyan Hein
 



Friday, March 30, 2012

ခင်ရွှေလှိုင် မပ ၀၀၃၆ မှတ်တမ်းများ(1,2,3,4,5,6,7,8)