ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, November 20, 2012

ဦးသိန်းစိန်သို့  ပို့ ပေးပါ ။




တိုက်ပုံအင်္ကျီဝတ်ပြီး သူတော်ကောင်းယောင်ဆောင်နေသော ဦးစိုးသိန်း (သို့ မဟုတ်) ဒေါင်းယောင်ဆောင်သောကျီး နှင့် သူရဲ့ သွေးသောက် ၀န်ကြီး ဦးအောင်မင်းတို့ အကြောင်းများ။


ပြည်ထောင်စု ၀န်ကြီး - စက်မှု (၁)၊ စက်မှု (၂)၊ MIC ဥက္ကဌ တာဝန်ယူထားသော ဒေါင်းယောင်ဆောင်နေသည့် ကျီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၊ အစိုးရအဖွဲ့ ရှိနေသ၍ တိုင်းပြည်ဖွံ့ ဖြိုးဖို့ အတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း xxxx မှ ပြောဆိုချက်များအရ စာရေးသူမှာ တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကြားသိခဲ့ရပါသည်။

ဘာကြောင့်လဲလို့  စာရေးသူက မေးတဲ့အခါ ၁၉၉၆ လောက်က တနင်္သာရီရေတပ်ဌာန ချုပ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလတွင် မြန်မာနိုင်ငံရေပိုင်နက်အတွင်း ထိုင်းငါးဖမ်း စက်လှေတွေကို တစ်ခါဝင်ဖမ်းတိုင်း ၀ါးလက် (၁) စီးကို သူအတွက် ဘတ်ငွေ ၅ သောင်းပေးရကြောင်း၊ အစီး (၅၀၀) ထက်မနည်း ခွင့်ပြုကြောင်း၊ မှောင်ခိုစက်လှေဆိုလျှင် ဘတ်ငွေ (၁၀၀၀၀၀) ပေးရကြောင်း
၊ငွေပေးရသည် အပြင် တစ်ခါတစ်ရံ ကော့သောင်း မိုတယ်မှ အဆိုတော်လေးများ ထည့်ပေးရကြောင်း၊ ထိုင်းလှေပိုင်ရှင်များမှ သူဌေးကျွန်း ဟိုတယ်သို့ ထိုင်းအမျိုးသမီးများကို ဦီးစိုးသိန်းအတွက် ပို့ ပေးရကြောင်းကို ကော့သောင်းမြို့ မှ လှေလုပ်ငန်းရှင်များမှ ပြောဆိုနေကြသည်။

စက်မှု (၂) ၀န်ကြီးဖြစ်စဉ်မှာလည်း စက်မှုဇုန်ကားထုတ်လုပ်ခွင့်လိုင်စင် ချပေးလျှင် တစ်စီးကို ကျပ်ဆယ်သိန်း ပေးရကြောင်း၊ စုစုပေါင်း အစီရေ (၃၀၀၀) ခန့် လိုင်စင်ထုပ်ပေး၍ တရားမ၀င် တင်သွင်းလာသော ကားများကို စက်မှုဇုန် လိုင်စင်ရအောင် ဆောက်ရွက်ပေးရသည့်အတွက် ပြည်သူတွေကြားမှာ ကယ်ရီခေါင်းဆောင် ဦးစိုးသိန်းဟု နာမည်ကျော်ကြားခဲ့ပါသည်။

ရွှေးကောက်ပွဲ နီးသည့်အခါ စက်မှုဇုန်ကားလိုင်စင် ထပ်မံချပေးပြီး မဲဆွယ်ခဲ့ပါတယ်။ ရွှေးကောက်ပွဲမှာ စက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ အရေအတွက်များသည့်အတွက် မဲအရေအတွက် များများရကာ ပြည်ထောင်စုဝန်ကြီး ထပ်မံဖြစ်လာပါသည်။

ဝန်ကြီးဖြစ်လာသည့်အခါ ကျပ် ၁ဝ သိန်းလာဘ်ယူပြီး ထုတ်ပေးထားသော တရားမ၀င် တင်သွင်းလာသည့် စက်မှုဇုန်ကားများကို ပြည်သူတွေ လက်ထဲရောက်သည့်အခါ ထပ်မံ၍ ဒါဏ်ငွေ ကျပ်သိန်း တစ်ရာခန့် ကို ဆောင်ခိုင်းပြီး သမ္မတကြီးကို ၀င်ငွေရှာနိုင်သည့် ၀န်ကြီးဌာနလို့ ပြောပြီး နေရာဝင်ယူပါသည်။ ဒါကို သမ္မတကြီးမှ သူ၏ အစွမ်းအစဖြင့် နိုင်ငံတော်အတွက် ၀င်ငွေရှာပေးသူဟု ထင်မှတ်ပြီး လုပ်ပိုင်ခွင့်များကို တာဝန်ထပ်မံပေးအပ်ခဲ့ပါသည်။

စက်မှုဇုန်များမှ လုပ်ငန်ရှင်များနှင့် ပြည်သူတွေမှာတော့ ဒုက္ခမျိုးစုံတွေ့ ၍ တရားစွဲဆိုခံရခြင်း၊ ဆင်းရဲမွဲတေသွားခြင်း၊ မရှင်းနိုင်၍ထွက်ပြေးရခြင်းများဖြစ်ပြီး ဦးစိုးသိန်းမှာတော့ လာဘ်လာဘများများရပြီး ရာထူးတိုးပွား သွားကာ စက်မှု (၁) ကိုပါ တွဲကိုင်ရပြီး တိုင်းပြည်အတွက် အလွန်အရေးကြီးသော MIC ဥက္ကဌ ရာထူးကိုပါ ရရှိသွားခဲ့ပါသည်။

MIC ဥက္ကဌဖြစ်သည့်အခါ သတင်းစာဆရာများ၊ မီဒီယာများကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ တွင်ရှိသော ဂုံးကျော်တံတားကြီး (၄) စင်းကို (၄) လ နှင့်အပြီး တည်ဆောက်ရမည်ဟု ခပ်တည်တည်နှင့် သတင်းစာရှင်းလင်းပွဲလုပ်ပြီး အစိုးရနှင့် ပြည်သူလူထုတို့ ကို လိမ်လည်ပြီး ပြောကြားခဲ့ပါသည်။ အဲဒီလိုလူမျိုးကို ရင်းနှီးမြှပ်နှံမှုဥက္ကဌ နေရာပေးထားတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်မည့် ကုပ္မဏီများက ဥက္ကဌ၏ နောက်ကြောင်း ရာဇ၀င် မကောင်းမှုများ၊ စကားလွယ်လွယ်ပြော၍ အစိုးရနှင့် ပြည်သူတွေကို ဗြောင်လိမ်သည့် ၀န်ကြီး၊ ဥက္ကဌဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံရန်အတွက် စိတ်မချရသောကြောင့် ရင်းနှီးမြုပ်နှံသည့်ကုပ္မဏီများ မလာနိုင်ရသည့် အကြောင်းအရင်းများ ဖြစ်သည့်အတွက် တိုင်းပြည် တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ MIC ဥက္ကဌ မှာ ၁ နာရီနှင့် အပြီး လုပ်ပေးမည်ဖြစ်ကြောင်းကို အစည်းအဝေးတွင် လူထင်အကြီးအောင် အမြဲပြောဆိုပြီး အတွေ့ အကြုံရှိသည့် လူများမှ အကြံပေးသည်ကို လက်မခံနိုင်သည့်ပြင် ရန်ရှာခြင်းဖြစ်သည်အထိ တုန့် ပြန်ပြောဆိုကာ မည်သူမှ သူ့ ကို အကြံဥာဏ် မပေးတော့ဘဲ ဘေးမဲ့ပေးထားရပါသည်။

နောက်တစ်ခုက တရုတ်ပြည်မှ ကားများကို စက်မှု (၂) မှ ထုပ်၍ ရောင်းသည်ဟု ပြောပြီး စက်မှု (၂) တံဆိပ် တပ်ပြီး ရောင်းချသော WAGON ကားများကို တင်သွင်းပေးသည့် ကုပ္မဏီများမှ တစ်စီးလျှင် ဒေါ်လာ (၃၀၀၀) သူ့ အတွက် ပေးရသည့်အတွက် မူရင်းစက်ရုံတွင် မှာယူသည့်အခါ သူ့ အတွက် ပေးရသည် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) အတွက်ကို တရုပ်စက်ရုံများမှ Quality လျော့ချပြီး မှာရသည့်အတွက် (၆) လအတွင်း ဂရင်းတိုက်ဂါးများ ပျက် စီးသွား၍ ပြည်သူပြည်သားများ နစ်နာ ဆုံးရှုံးခြင်းဖြစ်ပြီး သူ့ ကတော့ ချမ်းသာပြီးရင်း ချမ်းသာသွားပါသည်၊ ကားတင်သွင်းခွင့်ပေးတဲ့ ကုန်ပ္မဏီတွေကတော့ နာမည်တွေ ပျက်ပြီး ကျန်ခဲ့တာပေါ့၊ အစီးရေ (၅၀၀၀) သွင်းထားတော့ သူဘယ်လောက်ရမယ်ဆိုတာ တွက်ကြည့်ပါဆိုပြီး တရုတ်ကားတင်သွင်းတဲ့ ကုပ္မ္မဏီမှ ၀န်ထမ်းများက ပြောကြားပါတယ်။ ဒီကိစ္စကို စုံစမ်း စစ်ဆေးရင် အမှန်အတိုင်းပြောကြားမည့် လုပ်ငန်းရှင် ကုပ္မဏီကိုယ်စားလှယ်များမှ စစ်ဆေးမည့်သူကို မျှော်နေကြောင်း စာရေးသူကို ပြောကြားခဲ့ပါတယ်။

ဦးစိုးသိန်းရဲ့ လုပ်ရပ်တွေ၊ ဒုက္ခပေးတာတွေကို ခံစားရတဲ့ စက်မှုဇုန်လုပ်ငန်းရှင်များ၊ အလုပ်သမားနှင့် ပြည်သူတွေက နာကျီးပြီး ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ သူ့ ကို အရင်တစ်ခါ မဲပေးခဲ့တဲ့ ပြည်သူတွေက NLD အဖွဲ့ ကို အားလုံး မဲပေးခဲ့ကြသည့်အတွက် ပြည်ခိုင်ဖြိုးရှုံးတာ သူ့ကြောင့် ဖြစ်ကြောင်း၊ သူ့ ရဲ့ဒဏ်တွေကို ခံခဲ့ရတဲ့ ပြည်သူတွေ၊ ဒဏ်ကြေးဆောင်ခဲ့ရတဲ့ လုပ်ငန်းရှင်တွေ၊ ၀န်ထမ်းတွေ အားလုံးရဲ့ ခံစားရတာတွေ တစ်နေ့ သူ့ ဝဋ်လည်မယ်ဟု ပြောဆိုနေခဲ့ ကြပါသည်။

အဆိုးဆုံးတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် မဲသွားဆွယ်သည့်အချိန်မှာ ဦးစိုးသိန်းက လျှပ်ပြေးယာဉ် မငှားရဟု လုပ်ငန်းရှင်များကို ပြောပြီး ငှားသည့်သူ တစ်ကွေ့ ကွေ့ မှာ ဒုက္ခပေးမယ်၊ မင်းတို့  ယခင်က ငါးခိုးတာတွေ၊ မှောင်ခိုချတာတွေကို ဖေါ်ထုတ်ပြီး အရေးယူမည်ဟု ခြိမ်းခြောက်သော စကားပြောဆိုသည့်အတွက် လျှပ်ပြေးယာဉ်ပိုင်ရှင်များ မငှားရဲတော့ပါ။ ဒါကြောင့် လုပ်ငန်းရှင်အချိုက သူတို့ ပိုင်သည့် စက်လှေများကို တစ်ရက် (၅၀၀) ကျပ်သာ တောင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်အဖွဲ့ ကို ကူညီခဲ့ရသည်ဟု လုပ်ငန်းရှင်များက ပြောဆိုနေကြသည့်အပြင်၊ အနုပညာရှင် အသိုင်းအ၀ိုင်းမှ ဦးစိုးသိန်း၏ ယုတ်မာမှုတွေကို ဖော်ထုတ်ဖို့ လုပ်နေကြပါတယ်။

နောက်တစ်ခုက ဆူဇူကီးကုမ္ပဏီကို ပညာပြထားပြီး ထုတ်လုပ်ခွင့်ကို တစ်စီးလျှင် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) မရသည့်အတွက် ညစ်ထားတာကို တစ်တိုင်းပြည်လုံး အသိဖြစ်ပြီး လွတ်တော်ကနေတဆင့် ထုတ်လုပ်ခွင့်သက်တမ်းတောင်းထားကို သူ့ အတွက် လာဘ်မရသည့်အတွက် ခွင့်မပြုဘဲ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ ဆူဇူကီးကုမ္ပဏီကို ကြည့်ပြီး ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီတွေ နောက်ဆုတ်သွားတာ ဒေါင်းယောင်ဆောင်သော ကျီး ဖြစ်သူ ဦးစိုးသိန်းလက်ချက်ဖြစ်ပါတယ်။

ဒါကို သမ္မတကြီးက မသိတော့ ဂျပန်မှာ အတူတွဲထိုင်သူပြောတာကို နားယောင်နေသည့်အတွက် တိုင်းပြည် ဒုက္ခရောက်ရတော့မည်ဖြစ်သည့်အတွက် သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၊ ပြည်ခိုင်ဖြိုးအဖွဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ နှင့် စက်မှုဇုန် လုပ်ငန်းရှင်များ၊ ပြည်သူများ ဒုက္ခမရောက်ရအောင် အသိပေးပြောကြားခဲ့ရခြင်း ဖြစ်ပါသည်။

ကားတင်သွင်းမှုနှင့် ကိုယ်ကျိုးစီးပွား။

ကားတင်သွင်းခွင့်ကို ကုန်သွယ်ရေးမှ မူ (၆) ခါပြောင်းရတဲ့ အကြောင်းအရင်းကတော့ ကားတင်သွင်းရေးကော်မတီမှာ နာယက ဖြစ်တဲ့ MIC ဥက္ကဌ ဦးစိုးသိန်းနဲ့  ဦးအောင်မင်းတို့ ရဲ့ မတော်လောဘတွေကြောင့် ပြည်သူတွေ ဆုံးရှုံးနစ်နာပြီး ၄င်းတို့ နှစ်ဦးနှင့် ပတ်သက်သော ဆွေမျိုးများ၊ စီးပွားရေးလုပ်ငန်းရှင်များကသာ သိန်းပေါင်းများစွာ ချမ်းသာပြီး ပြည်သူတွေ ဘ၀ပျက်ခဲ့ကြရတာပါဟု ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

ယခင် ကညန မှတ်ပုံတင်ကြေးမှာ ကျပ်ထောင် ဂဏန်းသာရှိပြီး ယခုအခါ သိန်းရာဂဏန်းအထိ ကောက်ခံနေခြင်းဖြစ်ပါသည်။ ကုန်သွယ်ရေး ပါမစ်ကြေးကတော့ ကျပ်သုံးသောင်းဝန်းကျင်သာ ပေးရပါသည်။ ဥပမာ ဦးစိုးသိန်းနဲ့ သမ္မတကြီးကို ပေါင်းညာ ဖို့ သွေးသောက်ဖွဲ့ ထားတဲ့ ကိုအောင်မင်းဆိုပါတော့၊ ကိုအောင်မင်းရဲ့ တူတွေ သားတွေက ကားဟောင်းတွေ အပ်ခွင့်ရမဲ့အခေါက် မတိုင်ခင်မှာ တူတွေ သားသမီးတွေဆီမှာ ကားအစီး ၃၀၀ ကျော် လောက် လက်ထဲရောက်ပြီးတော့မှ ကားအဟောင်းတွေ အသစ်လဲခွင့် ဥပဒေကို ထုတ်ပြန်တာ မလွန်လွန်းဘူးလားဗျာ။

ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ရခြင်းရဲ့ ဇစ်မြစ်များ။

ဝန်ကြီး ဦးစိုးသိန်းဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လိုက်ပြီး ဂတိတွေပေး အထင်ကြီးအောင် သမ္မတကြီးမှ သူ့ ကို အထူးအာဏာကုန်လွှဲအပ်တယ်၊ ပြန်ပြီး တင်ပြစရာမလိုဘူးလို့ အထင်ကြီးအောင်ပြောပြီး တရားမ၀င် ကားတွေကို လိုင်စင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး မင်္ဂလာဝင်ယူနေပြီး၊ သူဟာ သမ္မတကြီးရဲ့ လူယုံ သူလုပ်လျှင် အားလုံး ဖြစ်တယ် ပြောဆိုကတိတွေပေးပြီး နေရာဝင်ယူပါတယ်။

ပြောဆိုလို့ မရတဲ့ DKBA ခွဲထွက်အဖွဲ့  ဗိုလ်နှုတ်ခမ်းမွှေးအဖွဲကိုတော့ ထိုင်းအစိုးရထံ အကူအညီတောင်းပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေအဖြစ် ချောက်တွန်းပြီး ဒုက္ခပေးခဲ့တယ်။ ထိုင်းအစိုးရအဖွဲကို ရင်းနှီးတဲ့ တစ်ချိန်က ၀ါးလတ်၊ ငါးဖမ်းလှေပိုင်ရှင်တွေကတစ်ဆင့် ဆက်သွယ်ပြီး ဒုက္ခပေးခဲ့တဲ့အကြောင်း xxxx အဖွဲ့ မှ အစည်းအဝေးတစ်ခုမှာ ဆုံခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးမှ သတင်းပေးပို့ ခဲ့ပါသည်။

သွေးသောက်ကြီး ကိုအောင်မင်းကလဲ အရင် ထောက်လှမ်းရေးဟောင်းလို့  မပြောရဘူး။ ထောက်လှမ်းရေးဥာဏ်တွေ ရှိနေတုံးဘဲ၊ အဲဒီခေတ် မရှိတော့ဘူးဗျ။ ခင်ဗျားကိုလဲ ဘယ်သူက ယုံကြည်လို့ လဲ၊ ကိုအောင်မင်းကြီး ကချင်တွေ ကရင်တွေ စည်းရုံးတာ အောင်မြင်နေပြီလား။

ကချင်ကို ခင်ဗျားတို့ သွားစည်းရုံးလိုက်တာလဲ ဖားကန့် မှာ ကျောက်တောင် တူးလို့ မရတော့ဘူး။ စည်းရုံးတယ်ဆိုတာ စက်မှု ၂ က နံမယ်ခံထုတ်တဲ့ တရုပ်ကား ၃ စီးလောက်ကို ခေါင်းဆောင်ပိုင်းတွေ ပေးပြီး စည်းရုံးတိုင်းလဲ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ခင်ဗျားတို့ က ခေါင်းဆောင်တွေကို လက်ဆောင်လေး သွားပေးတာနဲ့ ငြိမ်းချမ်းရေးရမယ် ထင်လို့ လား။ အောက်က ငယ်သားတွေ ဘာနဲ့ စားမလဲဆိုတာအတွက် ခင်ဗျားတို့  စဉ်းစားမိရဲ့လား။ ခင်ဗျားတို့ ကြောင့် ကရင် ခေါင်းဆောင် ၃ ယောက်လဲ ဖြုတ်ထုတ်သတ် လုပ်ခံလိုက်ရပြီ။ ခင်ဗျားတို့ စည်းရုံးရေး ဆင်းခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွေးတို့ အဖွဲ့ လဲ အောက်တိုဘာ ၁၀ ရက်နေ့ လောက်ကတည်းတွေ လမ်းမှာ ဂိတ်ထိုးပြီး ဂိတ်ကြေးပြန်တောင်းနေတာကို ကြည့်ရင် ခင်ဗျားတို့ စည်းရုံးရေး အောင်မြင်လား မအောင်မြင်လား သိသာနိုင်တယ်။ ကိုအောင်မင်းကြီး တိုင်းရင်းသားတွေ သွားမစည်းရုံးခင် ခင်ဗျားရဲ့ သမီးနဲ့  တူကိုဘဲ ရအောင် စည်းရုံးကြည့်ပါအုံး။

ပြည်တွင်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် တကယ်ဖေါ်ဆောင်နိုင်ဖို့ အတွက် အပြောနဲ့ အလုပ်တွေ အကုန်ညီမှ ဖြစ်မယ်။ ပြောနေတာတစ်မျိုး လုပ်နေတာတစ်မျိုးဖြစ် လို့ မရဘူး။ မူရော လူရော ပြင်ဖို့ လိုတယ်။ ဥပမာ အခြေခံအကျဆုံး သဘောတရားလေး ပြောပြမယ်။

မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးနေပါပြီဆိုပြီးတော့ ကရင်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ၂၅% စစ်တပ်က တင်ပေးလိုက်တဲ့ ဦးဇော်မင်းကို ပေးထားကတည်းက ဘယ်လိုလုပ်ပြီးတော့ တည်ငြိမ်မှု ရှိပါတော့မလဲ။

နဂိုကတည်းက လူပေလူညစ်အဖြစ် နာမည်ကြီးတဲ့သူကို ရွေးပြီး ၀န်ကြီးချုပ်ပေးထားမှ တော့ ဟိုကလဲ ကြုံရင်ကြုံသလို သမတော့ တိုင်းရင်းသားတွေလဲ ဘယ်ခံနိုင်မလဲ။ ကရင်ပြည်နယ်အတွက် အကောင်းဆုံးက နောက်ဆုံး စစ်ဖက်ကဆိုရင်တောင်မှဘဲ ကရင်တိုင်းရင်းသားထဲက တစ်ယောက်ယောက်ဘဲ ဖြစ်သင့်တာပေါ့။

ပိုဆိုးတာက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အစိုးရ ကိုယ်စားလှယ် ရွေးချယ်မှု သူ့ ထက် အသက်အများကြီးငယ်တဲ့ မိုးသီးဇွန်ကို ကိုကြီးမိုးသီးဇွန်လို့  ခေါ်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီး ဦးအောင်မင်း။ ဦးဌေးမြင့်အိတ်ဆွဲ အဆင့်ဘဲရှိတဲ့ လှမောင်ရွေကို ဆရာတင်ပြီး ခင်ဗျား ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်လို့  ရမှာလဲဗျာ။

ခင်ဗျားပြောတာတွေကလဲ မသိတဲ့သူတွေအတွက်ကတော့ အဟုတ်တွေကြီးဘဲ။ ခင်ဗျား ထောက်လှမ်းရေး ဘ၀တုံးက ဘယ်သူ့ မှ ထောင်မချခဲ့ပါဘူးတဲ့။ အဲဒီတုံးက ခင်ဗျားရထားတဲ့နေရာက ထောင်ချ လို့ မရတဲ့ အဆင့် ဖြစ်နေတယ်ဆိုတာပါ ဆက်ပြောပြသင့်တာပေါ့။

ဒီထက်ပိုပြီးတော့ ပြောပြသင့်တာက ခင်ဗျား တိုင်းမှူးဘ၀တုံးက ကရင်တွေကို အပြတ်ရှင်းခဲ့တဲ့ အကြောင်းကြတော့ ဘာဖြစ်လို့ ချန်ထားတာဘဲဗျ။ အဲဒါတွေ ခင်ဗျားမလုပ်လို့ ဘယ်သူလုပ်ခဲ့တာလဲ။ သူတို့ က ခင်ဗျား ပုဆိုးနဲ့  တိုက်ပုံဝတ်လာလို့  အဲဒါတွေ မေ့သွားကြပြီ ထင်နေလား။

ခင်ဗျား မရှက်ဘူးလားဗျာ ထိုင်းမှာတုံးက ခင်ဗျားကို စာအိတ်ထဲ သေနတ်ကျည်ဆံ လာပေးသွားတယ်ဆိုတာ။ သမ္မတကြီးကို မျက်နှာရချင်တာနဲ့ ခင်ဗျားလုပ်တဲ့ အလုပ်ကဘဲ အသက်ဘေးတောင် ရှိသလို ဖွလိုက်သေးတယ်။ ဘယ်မှာလဲ အဲဒီသေနတ်ကျည်ဆံ။ ခင်ဗျားကို ဘယ်သူကမှ ကျည်ဆံအကုန်ခံပြီးတော့ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး။

ခင်ဗျားနဲ့  ခင်ဗျား သွေးသောက်ကြီး ဦးစိုးသိန်းကတော့ စံပါဘဲဗျာ။ သမ္မတကြီး အထင်ကြီးအောင် အသံကောင်းတွေ ဟစ်ပြ၊ ပြီးရင် ပိုရလာတဲ့ အဏာနဲ့ ခွင်တွေ အပြည့်ရိုက်ကြ။ ဦးအောင်မင်းရဲ့ တူ အောင်စိုးသာ ကားအဟောင်းတွေ မဖျက်သိမ်းခင်တုံးက အစီး ရာနဲ့ ချီပြီးတော့ အရင် ၀ယ်ပြီးတော့မှ ဦးစိုးသိန်းက ဥပဒေထုတ်တယ်။ ဘယ်လောက် သိန်းနဲ့ သန်းနဲ့ ချီပြီးတော့ မြတ်ခဲ့ကြလဲဆိုတာ ခင်ဗျားတို့  သမ္မတကြီးကို မပြောပြကြဘူးလား။

ရိုဟင်ဂျာတွေ ဘယ်လိုရောက်လာသလဲ။

သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ၀င်ရောက်ခွင့်ပေးလို့ ရောက်လာရတာပါ။

ဦးစိုးသိန်း တပ်မတော်ရေတပ်တွင် တာဝန် ထမ်းဆောင်စဉ် ၁၉၉၀ ခုနှစ်မှစပြီး ပင်လယ်ပြင်တွင် ရေတပ် ဂိတ် (၄) ခု စစ်ဆေးရေး ဂိတ်အနေဖြင့် ထားပြီး လှေတစ်စီးကို တစ်ဂိတ် (၂) သိန်း နှုန်း နှင့် (၄ ) ဂိတ်အတွက် ကျပ် (၈) သိန်းပေးပြီး ၀င်ရောက်ခွင့်ရသည့်အတွက် ရောက်ရှိလာကြောင်း ရိုဟင်ဂျာအဖွဲ့ မှ အတိအလင်း ပြောကြားပါသည်။ တာဝန်ရှိသူများအနေဖြင့် တိုင်းပြည်ကို ဒုကရောက်အောင် မစဉ်းစား မဆင်ခြင်ဘဲနှင့် လာဘ်ငွေယူပြီး ခြံဝယ် အိမ်ဝယ်နဲ့  တိုင်းပြည်ကတော့ ဒုက္ခရောက်ခဲ့ပါတယ်။

ရေတပ်က အရာရှိအရာခံများကို ဦးစိုးသိန်းကို ကြိုက်မကြိုက် စစ်တမ်းကောက်ကြည့်ရင် ၉၅% က မကြိုက်ဘူး။ ကြိုက်တဲ့ ရာခိုင်းနန်းကလဲ သူ့ ဆွေမျိုးမကင်းတွေ ဘဲ ဖြစ်လိမ့်မယ်။

ဒါတင်မကဘဲ နာဂစ်ဖြစ်တုန်းကလည်း သူ့ လက်အောက်ရှိ ရေတပ်သင်္ဘောတွေကို လောင်စာဆီတွေ မထုပ်ပေးဘဲ ထားတာကြောင့် နာဂစ်ဖြစ်တဲ့ အချိန်မှာ ရေတပ်သဘောင်္တွေ ဆီမရှိတာကြောင့် နစ်မြုပ်ခြင်း၊ ပြည်သူလူထုကို မကယ်ဆယ်နိုင်ခြင်း၊ တပ်မတော်ပိုင် ရေတပ်သင်္ဘော အမြောက်အများ ဆုံးရုံးခြင်းတို့ ဖြစ်ပြီး လူ့ အသက်ပေါင်းများစွာ ဆုံးရှူံးခဲ့ရပါတယ်။

ယခုအခါလည်း သူ့ ပိုင်အိမ်ခြံမြေများကို သားတပည့်ဖြစ်သူ မားသားလမ်(န်) ကုပ္မဏီမှ ဦးအောင်မြတ် ဆိုသူကို အားလုံး ရောင်းချခိုင်းပြီး နိုင်ငံခြားတွင် ပို့ ခိုင်းထားကာ သူတော်ကောင်းယောင်ဆောင်ပြီး သမ္မတကြီးဘေးတွင် အကာအကွယ်ယူ၍ တိုင်းပြည်ကို ဒုက္ခရောက်အောင် ထပ်မံကြံရွယ်နေကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်ကို အကြည်အငြိုပျက်စေသူ။

MIC ဥက္ကဌရဲ့ အာဏာကိုယူပြီး တရုပ်ကား ကုပ္မဏီ (၂) ခုကို တစ်စီး ဒေါ်လာ (၃၀၀၀) ယူပြီး တရားမ၀င်တင်သွင်းပြီး စက်မှု (၂) တံဆိပ်တပ်ပြီး ရောင်းတဲ့ တရုတ်ကားတွေကို အခွန်ကင်းလွတ်ခွင့်ရအောင် MIC ခွင့်ပြုမိန့် စီစဉ်ပေးပြီး ကားများကို တစစီဖြုတ်၍ ပြန်လည် တပ်ဆင်ပြီး တရားဝင် ရောင်းချရန် စီစဉ်နေကြောင်း စက်မှု (၁) ၀န်ထမ်းများက သတင်းပေးထားပါသည်။

ဦးစိုးသိန်းရဲ့ သားတပည့်တစ်ဦးဖြစ်သူ မားသားလင်းဒ် ကုမ္ပဏီ မှ ဦးအောင်မြင့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်မှာ သမ္မတကြီးကိုယ်စား ဦးစိုးသိန်းအား လုပ်ပိုင်ခွင့်ပေးထားသော ၀န်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) စက်မှုဝန်ကြီးဌာန၊
(၂) ရထားပို့ ဆောင်ရေး ၀န်ကြီးဌာန၊
(၃) သတ္တုတွင်းဝန်ကြီးဌာန၊
(၄) ဆောက်လုပ်ရေး ၀န်ကြီးဌာန၊
(၅) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
(၆) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊
(၇) အလုပ်သမား ၀န်ကြီးဌာန၊
(၈) ပို့ ဆောင်ရေး ၀န်ကြီးဌာန၊
(၉) စွမ်းအင်ဝန်ကြီးဌာန၊
(၁၀)ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာန၊
(၁၁) စီးပွားကူးသန်း။

အဆိုပါ ၀န်ကြီးဌာနများနှင့် ဆက်သွယ်လုပ်ဆောင်လိုပါက 
အကုန်လုံး ဆက်သွယ်လုပ်ပိုင်ပေးနိုင်မည်ဖြစ်ဆိုပြီးလည်း ထိုအသိုင်းအ၀ိုင်းမှ ပြောကြားနေကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှ့မှုကော်မရှင်မှာ ဦးစိုးသိန်း ဥက္ကဌလုပ်နေသရွေ့ ကတော့ ဘယ်ရင်းနှီးမြှုပ်နှံမှုက ရောက်လာမှာမဟုတ်ဘူးဆိုတာ နိုင်ငံခြားသတင်းဌာန တွေရဲ့ သတင်းတွေမှာ ကြည့်ရင် သိနိုင်တယ်။

နိုင်ငံခြားခရီးများတွင် ဦးစိုးသိန်းရဲ့လုပ်ဆောင်ချက်များ။

သူ့ ကိုယ်သူ ၁ ၁/၂ သမ္မတကြီးဟု ပြောဆိုပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာလို့  အမေရိကန်ရောက် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ၏သမီးထံမှ ကြားသိခဲ့ရသည်။ လာဒ်မစားဘူးဟု ကြွေးကြော် အော်ဟစ်နေသော်လည်း တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ကော်မရှင် ၂၀% ယူပြီး တင်ဒါ မခေါ်ဘဲ လှည်းတန်းဂုံးကျော် တံတားများ လုပ်ကိုင်ခွင့်ပေးပြီးသည့်အပြင် သူ ၁ ၁/၂ ရာထူးသို့  ထပ်မံ ရောက်ရှိလာသော အာဏာကို အသုံးချပြီး နိုင်ငံပိုင် မြေနေရာများကို အိမ်ယာစီမံကိန်း ဖော်ထုတ်ဖို့ အတွက် ထုံးစံအတိုင်း ၂၀% ကော်မရှင်ယူပြီး ရွှေတောင် ကုမ္ပဏီကို ထုံးစံအတိုင်း တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်ပေးရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြပြီးစီးနေပြီဖြစ်ကြောင်း ဦးစိုးသိန်းမှ ရွေတောင် ကုမ္ပဏီသို့  ဖုံးဖြင့် ပြောကြားနေကြောင်း သတင်းရရှိပါသည်။ ဦးစိုးသိန်းသည် ဒုတိယ သမ္မတ နှစ်ဦးထက် ရာထူးပိုမြင့်ကြောင်း၊ လုပ်ပိုင်ခွင့် အများဆုံးရသည့် ပုဂိုလ်ဖြစ်ကြောင်း၊ သမ္မတကြီးမှာ ကျန်းမာရေး အခြေအနေကြောင့် လုပ်ငန်းတာဝန်များ အုပ်ချုပ်မှုတာဝန်နှင့် စီးပွားရေးကိစ္စများကို သူ့ ကိုလွဲထားကြောင်း ပြောဆိုပြီး စီးပွားရေး လုပ်ဆောင်လိုလျှင် သူတာဝန်ယူကြောင်း ပြောဆိုမိတ်ဆက်နေပါသည်။

ဘဏ်မတည်ငြိမ်မှု ပြဿနာ ရဲ့ အရင်းအမြစ် ကောလဟာလ သတင်းဟာလဲ သမ္မရုံးဝန်ကြီး (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဦးစိုးသိန်းက အမေရိကားမှာ ယခင်က ခရိုနီဖြစ်ခဲ့ဖူးတဲ့ ကဘ္မောဇဘဏ်နဲ့  ဧရာဝတီဘဏ်တို့ ကို စီစစ်အရေးယူသွားမည်ဟု ပြောဆိုခဲ့ရာမှ သတင်းတွေ ပွားလာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

သမ္မတကြီး၏ သားမက်ဖြစ်သူ စင်္ကာပူတွင် ဆေးသွားကုသည်ကို ကဘ္မောဇဘဏ်က စပွန်စာ ပေးခဲ့သည့် ကိစ္စကို မကျေနပ်တဲ့အတွက် ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်တယ်လို့ လည်း သိရပါတယ်။

နောက်ပိုင်းမှာတော့ ရွေတောင်ဆောက်လုပ်ရေးမှ အောင်ဇော်နိုင်နှင့် ဦးစိုးသိန်း အစည်းအဝေးလုပ်ကြပြီး ကဘ္မောဇဘဏ်နှင့် ပတ်သက်သည့် ကောလဟာလ အောင်မြင်ကြောင်း ၂ ဦးပြောကြားကြပါတယ်။

ကိုရီးယားနိုင်ငံကို ရောက်ရှိစဉ်တုံးကလဲ (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဦးစိုးသိန်း (နာဂစ်) သည် ကိုရီးယား ရင်းနှီးမြုပ်နှံမှု ကုပ္မင်္ဏီများကို ဖိတ်ကြားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအတွက် ၄င်း၏ခရိုနီ အမ်ဒီများဖြစ်ကြသော မားသားလင်းကုပ္မဏီမှ အောင်မြတ်၊ ရွေသံလွင် ကျော်ဝင်းလေး ကုပ္မဏီ၊ ရွေတောင်ကုပ္မဏီ၊ ကယ်ပီတယ် ကိုကိုကြီး၊ မားမား ဘိုးရာဇာ မျိုးထွေး၊ ဂရမ်းဝီစကီ အောင်မိုးကျော်တို့ နှင့် ပူးတွဲရွေ့ လုပ်ကိုင်နိုင်ကြောင်းကို ကိုရီးယားစီးပွားရေးသမားများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထုံးစံအတိုင်း သူ့ အတွက် ကတော့ ၂၀% ပါ။

၎င်းကုပ္မဏီအဖွဲ့ များသည်း သူနှင့်အတူ သမ္မတရုံးတွင် အတူရုံးထိုင်ကြောင်းနှင့် ကယ်ပီတယ် ကိုကိုကြီး (ထိုင်ဝမ်) ထောက်လှမ်းရေးအဖွဲ့ ဝင်အား လက်နက်များမှာပြီး လွတ်တော်အဖွဲ့ ကို လုပ်ကြံရန် ကြံစည်နေကြောင်း ကိုးရီးယား အသိုင်းအ၀ိုင်းမှ ပြောကြားပါသည်။

ဦးစိုးသိန်း (နာဂစ်) ၏ အခြားလုပ်ဆောင်ချက်များ။

သူ့ ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရေချုပ် ဦးဥာဏ်ထွန်းကို ဒုတိယသမ္မတနေရာ မပေးချင်သည်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဒုတိယသမ္မတတင်ရန် အမျိုးမျိုးကြံစည်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးအား ဦးမြင့်ဆွေရဲ့ သားသမီး လက်ရှိ ပေါင်းသင်နေထိုင်တာကို သိလျှက်နှင့် ကွာရှင်းစာချုပ်ကို လွန်ခဲ့သော ၁ နှစ်ခွဲ ခန့် ကတည်းက ကွာရှင်းထားကြောင်း အတုလုပ်ခိုင်းပြီး ဒုတိယသမ္မတနေရာသို့ ပေးရန် ကြံစည်ခဲ့ပြီး၊ လွတ်တော် ဥက္ကဌ သူရရွေမန်း နှင့် ဦးဌေးဦးတို့ မှ လက်မခံသည့်အတွက် သူတင်သော ဦးမြင့်ဆွေ ဒုတိယသမ္မတ မဖြစ်ခဲ့ပါ။

ဦးဥာဏ်ထွန်း သာ ဒုတိယသမ္မတ ဖြစ်ခဲ့သည့်အတွက် နောက်တဖုံ ကြံစည်ပြီး ဒုတိယသမ္မတရဲ့လုပ်ပိုင်ခွင့်များ လျော့နည်းလာပြီး သူ၏ လုပ်ပိုင်ခွင့်များ ပိုများလာစေဖို့ အတွက် သမ္မတရုံးဝန်ကြီးဟု ထပ်မံအကောင်အထည်ဖော်ပြီး လုပ်ငန်းများအားလုံးကို လွဲယူပြီး ၁ ၁/၂ သမ္မတဟု ထပ်လုပ်ပြီး တိုင်းပြည်၏ လုပ်ပိုင်ခွင့်များရဲ့ ၃ပုံ ၂ပုံကို ရယူ၍ လာဒ်ယူရန် ကြံစည်နေကြောင်း ကြားသိနေရပါသဖြင့် သမ္မတကြီး အနေဖြင့် ကြိုတင်ပြီး လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် တာဝန်သိပြည်သူတစ်ရောက်အနေနဲ့  အသိပေးအပ်ပါသည်။

ဦးစိုးသိန်းရဲ့ သားနဲ့ သမီး အမေရိကားမှ ကောင်းကောင်းနေဖို့ အတွက် ပိုက်ဆံတွေ ရွေ့ ခိုင်းထားတယ်။ တပည့်ဖြစ်သူ အောင်မြတ်ကို ရွေတွေ ၀ယ်ခိုင်းပြီး စုဆောင်းခိုင်းနေတာ နောက်ရွေးကောက်ပွဲအတွက် ထုတ်သုံးဖို့ ရန်ပုံငွေ ရှာနေတာလား။ ထိုင်ဝမ် ထောက်လှမ်းရေး ဒုံးပျံဂျံစက်က ကိုကိုကြီးနဲ့  ပေါင်းပြီးတော့ လက်နက်တွေ မှာ စမ်းသွင်းတာလဲ ခင်ဗျားတို့ ဘဲ မဟုတ်လား။ တရုတ်ကို ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ အကွက်တွေလဲ သိပ်ခင်းပြမနေပါနဲ့ ။

ခင်ဗျားတို့ ဒေါင်းယောင်ဆောင်တဲ့ ကျီးနှစ်ယောက် ဆရာကို အာခံရင် အာခေါင်လှံစူးတတ်တတ်ဆိုတာ မြဲမြဲ မှတ်ထားပါ။ ခင်ဗျားတို့  လာဘ်စားထားနိုင်ခဲ့တဲ့ငွေတွေ သိန်းနဲ့ သန်းနဲ့ ချီ ရလာအောင် ခင်ဗျားတို့ ကို ဒီဘ၀ရောက်အောင် လုပ်ပေးခဲ့တဲ့ ခင်ဗျားတို့ ဆရာအရင်းတွေကို ခင်ဗျားတို့ မမေ့သင့်ပါဘူး။

ဦးစိုးသိန်းရောဘဲ။ ခင်ဗျား သမီး အမေရိကားမှာ အမေ၇ိကန်နဲ့  အိမ်ထောင်ကျပြီးတော့ အမေရိကားမှာဘဲ နေတာတောင်မှာ ခင်ဗျားက ၁ ၁/၂ သမ္မတကြီး (ခေါ်) သမ္မတရုံးဝန်ကြီး တက်ဖြစ်နိုင်သေးရင်
ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးဖို့ ကျတော့ ဥပဒေက ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်နေတာလဲဗျာ။ ဘာလဲ ဥပဒေကဘဲ ၂ မျိုး ပြဌန်းထားလို့ လား။

ဦးစိုးသိန်းနဲ့  ဦးအောင်မင်းတို့ နှစ်ယောက် အင်တာဗျူးတွေမှာ ရွန်းရွန်းဝေအောင် ပြောတာထက်စာရင် ကိုယ့်ဖာသာကိုယ်

- ကိုယ့်အတွက် အလုပ်အလုပ်နေကြတားလား၊
- တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာလား၊
- သမ္မတကြီးကို လိမ်ဖို့ အလုပ်လုပ်နေကြတာလား၊

အရင်ဆုံး သေချာအောင် ပြန်စဉ်းစားကြည့်ကြစဉ်းပါအုံးဗျာ..

အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်ချင်တယ်ဆိုရင် တစ်ခြားဝန်ကြီးတွေ ဖယ်သလို ဒီလိုလူမျိုးတွေကို ဖယ်ဖို့ သင့်ပြီ။

ဒီထက် ပိုဖြစ်သင့်တာက ကာယကံရှင်ဖြစ်တဲ့ ခင်ဗျားတို့ တွေမှာ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့ စေတနာလေး တကယ် ရှိခဲ့တယ်ဆိုရင် ခင်ဗျားတို့ တွေ ကိုယ့်ဖာသာကို ထွက်စာတင်ပြီး နှုတ်ထွက်သင့်ပြီ။ သမ္မတကြီးပြောတဲ့အထိ နောက် ၂ နှစ်သက်တမ်းကုန်မဲ့အထိ စောင့်မနေပါနဲ့ ဗျာ။

ခင်ဗျားတို့  ရှိတာနဲ့ လည်း ခင်ဗျားတို့ မိသားစုတွေ နောက် ၁၀ သက် စားမကုန်ပါဘူးဗျာ။

တိုင်းပြည်နဲ့  ပြည်သူတွေမျက်နှာကို ငှဲ့ ပါအုံး။

အသိပေးတင်ပြသူ -

အပြောင်းအလဲကို လိုလားသော စစ်သားဟောင်းတစ်ဦး။
 
 
 

Monday, November 19, 2012

Sunday, November 18, 2012

Daw Aung San Suu Kyi spoke on the Jawaharal Nehru.




ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ( ဂျဝါဟလာနေရူး အထိမ်းအမှတ် -အိန္ဒိယ )


မူရင်း အင်္ဂလိပ်လို မိန့်ခွန်း http://m.ibnlive.com/news/full-text-of-suu-kyis-jawaharlal-nehru-memorial-lecture/305659-3.html

ဝမှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျေးဇူးကြွေးရယ်......ချစ်ခင်ကြင်နာခြင်းရဲ့ ကျေးဇူးကြွေးရယ်ကို ဆပ်နိုင်တာလောက် စိတ်ကျေနပ်စရာကောင်းတဲ့ အခါမျိုး ရှားပါတယ် ။ ပြီးခဲ့တဲ့လအနည်းငယ်မှာ ကျမဟာ မြန်မာပြည် ဒီမိုကရေစီရေးမှာရော ကျမကိုပါ တစိုက်မတ်မတ် အားပေးခဲ့သူတွေ ၊ အစိုးရတွေ ၊ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ခွင့်များစွာ ရခဲ့ပါတယ်။ ကျမတို့ ရွေးချယ်ထားတဲ့ ဒီလမ်းခရီးမှာ ကြီးကျယ်တဲ့အခက်အခဲတွေ ကြုံရတိုင်း ကမ္ဘာတ၀ှမ်းက ကျမတို့ ရခဲ့တဲ့ ကိုယ်ချင်းစာနားလည်မှုဟာ ကျမတို့ကို ရှေ့ဆက်ဖို့ အားအင်အသစ်တွေ ဖြစ်စေခဲ့တယ်လေ ။ ကျမတို့ တကယ်လိုအပ်နေချိန်မှာ ရက်ရက်ရောရောပေးခဲ့ကြတဲ့  အားပေးမှုတွေ အကူအညီတွေအတွက် ကျေးဇူးတင်စကားပြောရုံနဲ့ မလုံလောက်နိုင်ပါဘူး ။

  • ဒီနေ့တော့ ၁၉၉၅ မှာကတည်းက ကျမကို ပေးအပ်ခဲ့တဲ့ ဂျဝါဟလာနေရူးအောက်မေ့ဖွယ် ဆု အတွက် ကျေးဇူးတင်စကားပြောလိုပါတယ် ။ ၁၉၉၅ ဆိုတာ ကျမကို ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွှတ်လိုက်တဲ့နှစ်ပါဘဲ ။  လွတ်လပ်ရေးအတွက်ကြိုးပမ်းမှုကာလက အိန္ဒိယနဲ့မြန်မာကြား ဆက်နွယ်မှုရယ် ၊ ကျမကိုယ်တိုင်နဲ့ အိန္ဒိယနိုင်ငံကြားဆက်စပ်မှုတွေကြောင့် ဒီဆုဟာ ကျမအတွက်တော့ ထူးခြားလှပါတယ် ။  အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်တွေရဲ့  အတွေးအခေါ်တွေနဲ့ လုပ်ရပ်တွေဟာ ကျမကို စိတ်ကူးသစ်တွေ အားကျအတုယူစရာတွေ ပေးခဲ့တယ်လေ ။   ဂန္ဒီဟာ အားကောင်းလှတဲ့ အတားအဆီးတွေကိုဆန့်ကျင်ပြီး အကြမ်းမဖက်ဝါဒကို ထိရောက်တဲ့နိုင်ငံရေးအားတစ်ခုအဖြစ်ပြောင်းလဲခဲ့တယ် ။  မြန်မာပြည်က ကျမတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဟာ ဂန္ဒီရဲ့ အဲဒီ အကြမ်းမဖက်ဝါဒကို စွဲစွဲမြဲမြဲ အခြေတည်ထားတာပါ ။  ကျမရဲ့နိုင်ငံရေးတွေးခေါ်မှုတွေအပေါ်မှာ ဂန္ဒီ ရဲ့ လွှမ်းမိုးမှုရှိတယ်ဆိုတာ အတော်လေး လူသိများတဲ့ အချက်ပါဘဲ   ။ ဒါပေမယ့် ကျမအပေါ် ဂျဝါဟလာနေရူးရဲ့ လွှမ်းမိုးမှုကိုကျတော့ အဲဒီလောက် မသိကြပါဘူး ။

 
  • ပန်ဒစ်ကြီး ( ဂျဝါဟလာနေရူး ) ဟာ ကျမ ကလေးဘ၀ သိတတ်စကတည်းက ရင်းနှီးနေတဲ့ နာမည်ပါဘဲ ။ ကျမအမေဟာ သူ့အကြောင်းကို လေးစားကြည်ညိုရတဲ့ မိတ်ဆွေတစ်ယောက်ကဲသို့ ပြောလေ့ရှိခဲ့ပါတယ် ။ သူမအတွက်ရော ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်းအတွက်ပါ ချစ်ခင်လေးစားရတဲ့ ဖခင်တစ်ယောက်နီးပါးလောက်ကို သဘောထားခဲ့တာပါ ။

  • ကျမအတွက်ကတော့ သူ့ဟာ အိန္ဒိယ၀န်ကြီးချုပ်ဖြစ်တယ်ဆိုတဲ့အချက်ကလွဲလို့ သူ့အရေးပါမှုကို အဲဒီတုန်းက သိပ်မသိခဲ့ပါဘူး ။  ကလေးပီပီ ကျမရဲ့ စိတ်ထဲမှာ သူဟာ ကျမအဖေကို သူ့မှာ ရှိသမျှထဲက အကောင်းဆုံးယူနီဖောင်းနှစ်ထည်ကို ပေးခဲ့တဲ့ သဘောကောင်းကြင်နာတတ်တဲ့ လူကြီးတစ်ယောက်လို့သာ ထင်ခဲ့မိတာပါ ။ 
 
  • ၁၉၄၇ ဂျန်န၀ါရီမှာ ကျမအဖေဟာ လန်ဒန်ကို သွားရင်းနဲ့ ဒေလီမြို့ကို နှစ်ရက်ဝင်ခဲ့ပါတယ် ။  မြန်မာ့လွတ်လပ်ရေးအတွက် ကနဦး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အင်္ဂလိပ် ၀န်ကြီးချုပ် အတ္တလီနဲ့ သွားတွေ့တာပါ ။ အဖေဟာ  People's Volenteer Organization  ကနေ ပေးလိုက်တဲ့ ချည်ထည်အင်္ကျီနှစ်ထည်နဲ့ လန်ဒန်ကို သွားဖို့ ထွက်လာခဲ့တာပါ  ။ ပန်ဒစ်ကြီးဟာ ကျမအဖေရဲ့ ပါးလွှာနေတဲ့ ၀တ်စုံကို တစ်ချက်ကြည့်ပြီးတော့ ရေခဲတမျှအေးတဲ့ လန်ဒန်ဆောင်းရာသီနဲ့ မဖြစ်ချေဘူးလို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒီနှစ်ကလည်း အင်္ဂလန်သမိုင်းမှာ အအေးဆုံးဆောင်းရာသီလေ ။ ဒီနဲ့ သူဟာ နွေးထွေးသားနားပုံကျတဲ့ ယူနီဖောင်းနှစ်စုံ အဖေ့အတွက် ချက်ချင်းချုပ်ဖို့ အမိန့်ပေးလိုက်ပါတယ် ။ ထူထဲတဲ့ ကုတ်အင်္ကျီတစ်ထည်လည်း အဖေ့မှာ လိုမယ်လို့ သူက ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် ကိုယ်တိုင်းနဲ့ချုပ်ဖို့ဆိုတာ အချိန်ကလည်း မကျန်တော့တာနဲ့ အင်္ဂလိပ်စစ်တပ်သုံးကုတ်ကြီးတစ်ထည်ကို ယူလာပေးကြပါတယ် ။ ကျမအဖေရဲ့ လူသိအများဆုံးဓါတ်ပုံဟာ လိုတာထက် ဆိုက်ကြီးနေတဲ့ အဲဒီကုတ်အင်္ကျီကြီးဝတ်လို့ပေါ့ရှင် .....အမှတ် ၁၀ ဒေါင်းနင်းလမ်း ( လန်ဒန် ၀န်ကြီးချုပ်ရုံး ) ခြံမှာ ရိုက်ထားတာပါ ။



အင်္ဂလိပ်ဝန်ကြီးချုပ် အက်တလီနှင့်။

အမှတ် ၁၀ ဒေါင်းနင်းလမ်း ၊ လန်ဒန် ။
  • အဖေဟာ ဂျဝါဟလာနေရူးနဲ့ တခြားအန္ဒိယခေါင်းဆောင်တွေကို ပထမဆုံးအကြိမ်တွေ့ဖူးချိန်မှာ တက္ကသိုလ်ကျောင်းသားဘဲ ရှိပါသေးတယ် ။ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုမှာ ကျောင်းသားသမဂဟာ ရှေ့တန်းက ပါခဲ့ပါတယ် ။ လွတ်လပ်ရေးအတွက် တူညီတဲ့ရည်မှန်းချက်တွေကြောင့် ကျမတို့ နိုင်ငံနှစ်ခုကြားက ကိုလိုနီဆန့်ကျင်ရေးအင်အားစုတွေအချင်းချင်း ခင်မင်ရင်းနှီးခဲ့ကြတယ်  ။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးနီးလာတော့ မြန်မာပြည်က ရွေးလိုက်ရတဲ့ လွတ်လပ်ရေးလမ်းစဉ်ဟာ ဂန္ဒီရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ ကွဲသွားခဲ့ရတယ် ။ အဖေဟာ ရဲဘော်သုံးကျိပ်လို့ ခေါ်တဲ့ လူငယ်အဖွဲ့ကို ဦးဆောင်ပြီး ဂျပန်မှာ စစ်ပညာသွားသင်ခဲ့တယ် ။ ဒီအဖွဲ့သစ်ကလေးဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်  Burma Independence Army  အတွက် မဏ္ဍိုင်ဖြစ်လာခဲ့ပါတယ် ။


  • ၁၉၄၁ က ၁၉၄၅  အတွင်း ဂျပန်အုပ်ချုပ်မှုအောက်မှာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တွေဟာ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်တွေနဲ့ သိပ်ပြီး အဆက်အသွယ်မရှိခဲ့ပါဘူး ။ ဒါပေမယ့် နေတဂျီ ဆူဘာ့စ် ချန်ဒရာ ဘိုးဆေ Netaji Subhas Chandra Bose  နဲ့ အိန္ဒိယအမျိုးသားစစ်တပ်ကိုတော့ သိကျွမ်းလာကြတယ် ။ စစ်အပြီးမှာ နေတဂျီရဲ့အစ်ကို  Sarat chandra Bose ဟာ အိန္ဒိယအမျိုးသားတပ်ဖွဲ့ဝင်တွေရဲ့ တရားရုံးအမှုတွေအတွက် ကာကွယ်ရေးရှေ့နေတစ်ယောက်အနေနဲ့ မြန်မာပြည်မှာ အမှုထမ်းဖို့ ရောက်လာတော့ အဖေက ရန်ကုန်မြို့တော်ခန်းမမှာ ကြိုဆိုရေး မိန့်ခွန်းပြောခဲ့ပါသေးတယ် ။ အဲဒီမိန့်ခွန်းမှာ အဖေက Sarat Chandra Bose ကို  '' အိန္ဒိယရဲ့ ခေါင်းဆောင်များထဲက တစ်ယောက် ၊ ကြီးမြတ်တဲ့ အိန္ဒိယလူမျိုးတစ်ယောက်ရဲ့ ထူးခြားကြီးမြတ်တဲ့ အစ်ကို '' လို့ ဆိုခဲ့ဖူးတယ် ။

(အိန္ဒိယလွတ်လပ်ရေး လှုပ်ရှားမှုမှ အထင်ကရ ခေါင်းဆောင်တစ်ယောက်ဖြစ်သော Subhas Chandra Bose ။ သူကလည်း ဗိုလ်ချုပ်အောင်ဆန်းလို ဂျပန်အကူအညီနဲ့ အိန္ဒိယအမျိုးသားစစ်တပ် Indian National Army တည်ထောင်ခဲ့တယ် ။)
  • အဖေက ဆက်ပြောပါသေးတယ် ....

''  ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့က ဥက္ကဌတစ်ယောက်အနေနဲ့ ကျနော်ပြောချင်တာကတော့  အိန္ဒိယနိုင်ငံနဲ့ ပတ်သက်တဲ့ ....နောက်ပြီး မြန်မာပြည်ထဲက အိန္ဒိယလူမျိုးတွေနဲ့ ပတ်သက်တဲ့ ကျနော်တို့ ပေါ်လစီဟာ အင်မတန် သဘောထားကြီးပြီး ရက်ရက်ရောရော ရှိတယ်ဆိုတာပါဘဲ........ကျနော်တို့အနေနဲ့ မကျေနပ်တာ မရှိပါဘူး ။ လူမျိုးရေးနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ ခံစားမှုတွေကိုလည်း ကျနော်တို့ မထားပါဘူး ။ ကမ္ဘာ့ပေါ်က ဘယ်နိုင်ငံနဲ့မဆို ရင်းနှီးချစ်ကြည်တဲ့ ဆက်သွယ်ရေးလုပ်ဖို့ အဆင့်သင့်ရှိပါတယ် ။ အထူးသဖြင့်တော့ ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုပြီး ရင်းနှီးချစ်ခင်ချင်ပါတယ် ......အိမ်နီးချင်းနိုင်ငံတွေနဲ့ ညီအစ်ကိုကောင်းတွေလိုကို ဆက်ဆံချင်တာပါ  ။ သိပ်မဝေးတဲ့ အနာဂတ်ကာလမှာ အာရှနိုင်ငံများ အဖွဲ့ကို ဖွဲ့ချင်ပါတယ် ။  အိန္ဒိယ ၊ မြန်မာအပါအ၀င် အာရှတစ်ခုလုံးရဲ့ လွတ်လပ်မှုရယ် အပြန်အလှန်အကျိုးစီးပွားရယ်အတွက် ဘယ်မှာဘဲဖြစ်ဖြစ် ဘယ်အချိန်မှာဘဲဖြစ်ဖြစ် တတ်နိုင်သလောက် မြန်မြန် နှစ်ဦးနှစ်ဖက်နားလည်မှုတွေ ၊ ပူးပေါင်းလုပ်ဆောင်မှုတွေကို လုပ်ချင်ပါတယ်   ။ လွန်ခဲ့တဲ့ လအနည်းငယ်က ပန်ဒစ်ကြီး ( နေရူး ) ဟာ မလေးရှားက အပြန် ရန်ကုန်ကို တစ်ည၀င်တော့ ကျနော်နဲ့ တွေ့ပြီး ဒီကိစ္စတွေအတွက် နှစ်နာရီလောက် ဆွေးနွေးဖြစ်ခဲ့ပါတယ် ''  တဲ့ ။


  • နောက်ထပ်အဖေနဲ့ နေရူးတွေ့တဲ့အချိန်ကတော့ ခုနကပြောတဲ့  အင်္ကျီပေးလိုက်တယ်ဆိုတဲ့ လန်ဒန်အသွားခရီးမှာပါဘဲ ။ အဲဒါ အဖေနဲ့ နေရူးနောက်ဆုံးတွေ့ဆုံခြင်းလည်း ဖြစ်ပါတယ် ။ အဖေဆုံးပြီးတဲ့နောက် နေရူးဟာ ကျမအစ်မေကို ဦးလေးတစ်ယောက်ရဲ့ ဂရုစိုက်ချစ်ခင်မှုမျိုးနဲ့ အဝေးကနေ စောင့်ရှောက်ခဲ့တယ် ။ အမေ အန္ဒိယကို သွားတာဘဲဖြစ်ဖြစ် ၊ သူကိုယ်တိုင် မြန်မာပြည်ကို တိုင်းရေးပြည်ရေးနဲ့လာတဲ့အခါဖြစ်ဖြစ် အမေ့ကိုရော ၊ ကလေးတွေဖြစ်တဲ့ ကျမတို့ကိုပါ သူ့ ဂရုစိုက်မှုကို  ပြခဲ့ပါတယ် ။ သူလာစဉ်တခါက ကျမကိုတောင် ခေါ်တွေ့တယ်လို့ ဆိုပါတယ် ၊ ဒါပေမယ့် ကျမမှတ်မိသလောက်ကတော့ သူ့ကို ကျမ ပထမဆုံးအကြိမ်မြင်ဖူးတာ ကျမအသက် ၁၆  နှစ်လောက်မှာ ဒေလီရထားဘူတာမှာပါ ။
 
  • အမေက အဲဒီတုန်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဆိုတော့ ၀န်ကြီးချုပ်ဦးနု ကလက္ကတားကနေ ရထားနဲ့ ဆင်းလာတာကိုကြိုဖို့ ဘူတာမှာ စောင့်နေခဲ့ရတယ်  ။ အမေရယ် ၊ ကျမရယ် ၊ သံရုံးအဖွဲ့လေးရယ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလူတွေရယ်ပေါ့ ။ နေရူးကလည်း ဦးနုကိုတွေ့ဖို့ လာပါတယ် ။  ၀န်ကြီးချုပ်လာမယ်ဆိုတော့ ဘူတာရုံထဲ ပြည့်ကျပ်နေတဲ့ လူတွေကြောင့်  ကြိုးတွေတားထားပြီး မ၀င်ရတဲ့ နေရာကန့်သတ်ထားတယ်လေ ။ အဲဒီမှာ ဘေးကကြည့်နေတဲ့လူတွေက နေရူးလာတာကို တွေ့တော့ ၀မ်းသာအားရအော်ဟစ်နှုတ်ဆက်ကြတယ် ။

  • နေရူးက သူ့အောက်နှုတ်ခမ်းကို စူပြီး သူ့ထုံးစံအတိုင်း မနှစ်သက်တဲ့ ပုံနဲ့ လက်ခုပ်သံတွေ ၀မ်းသာအားရအော်ဟစ်သံတွေနဲ့  ကျမအပါအ၀င်အားလုံးကို လျစ်လျူရှုပြီး အမေနဲ့အတူ လူရှင်းတဲ့ ပလက်ဖောင်းပေါ် လျောက်သွားပြီး အမေ့တစ်ယောက်တည်းကို သီးသန့် စကားပြောပါတယ် ။ ဟန်တွေပန်တွေကို မနှစ်မြို့တတ်တဲ့ သူ့ကို ကြည့်ပြီး ကျမ အံ့လည်း အံ့သြ လေးလည်း လေးစားမိပါရဲ့ ။ နေရူးကို ထောက်ခံအားပေးသူတွေဟာ သူ့ရဲ့ အေးစက်စက် မခိုးမခန့်ပုံကို သဘောကျတာလား ၊ ဒါမှမဟုတ် နေရူးနဲ့ သူတို့ကြားထဲမှာဘဲ အာလာပ သလာပနှုတ်ခွန်းဆက်သယဉ်ကျေးပြရတာတွေ မလိုလောက်အောင် နားလည်မှု သံယောဇဉ်တွေ ရှိလေသလား လို့လည်း ကျမ တွေးမိပါတယ် ။
 

  • ပြီးလည်း ပြီးရော ကျမ သတိရလိုက်ပါတယ်.......ကျမအဖေလည်း သူ့ရဲ့ ရှူတည်တည် ခက်ထန်တဲ့ ပုံစံရယ် ၊ လူမှုရေးအရလုပ်ရတဲ့ ယဉ်ကျေးမှုတွေ ကို မလုပ်တတ်သူ အဖြစ် နာမည်ဆိုး ရှိခဲ့တာပါဘဲ ။ ဒါပေမယ့် လူတွေက အဖေ့ရဲ့ ဒီချွတ်ယွင်းချက်တွေကိုဘဲ ချစ်ကြတာလေ ။ ဒီချွတ်ယွင်းချက်တွေကဘဲ သူရဲ့ ရိုးသားပွင့်လင်းတဲ့ သဘောကို ပြနေကြတာကိုး ။ ဒါပေမယ့် ဒီနေရာမှာ ကျမထည့်ပြောသင့်တာ တစ်ခုရှိပါတယ် .....အဲဒါကတော့ အဖေဟာ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ခပ်ကြမ်းကြမ်းလူငယ်တော်လှန်ရေးသမားတစ်ယောက်လို ဖိုသီဖတ်သီနေလို့ မဖြစ်တော့ဘူးဆိုတာ သူ့ဘ၀နောက်ဆုံးအချိန်များမှာ ၀န်ခံသွားခဲ့ပါတယ် ။

  • ကျမ အောက်စ်ဖို့ဒ်တက္ကသိုလ်သွားတက်တဲ့   ၁၉၆၄  ဟာ ကျမဘ၀ရဲ့ အရေးပါတဲ့ အချိုးအကွေ့တစ်ခုပါဘဲ ။ အဲဒီနှစ်ဟာ နေရူးကွယ်လွန်တဲ့နှစ်လည်း ဖြစ်ပါတယ် ။ အိန္ဒိယသာမက တကမ္ဘာလုံးက ပြည်သူတွေရဲ့ ကြေကွဲဝမ်းနည်းမှုနဲ့အတူ ကျမ သေချာ မှတ်မိနေတာတစ်ခုလည်း ရှိပါသေးတယ် ....အဲဒါကတော့ နေရူးရဲ့ စားပွဲပေါ်မှာ တွေ့ရတဲ့  ရောဘတ်ဖရော့  Robert Frost  ရဲ့ ကဗျာလေးပါဘဲ ။

(အမေရိကန် ကဗျာဆရာ Robert Frost ( ကဗျာနဲ့ ပတ်သက်တဲ့ ပူလစ်ဇာဆု လေးခါရဖူး ) )


  • အောက်စ်ဖို့ဟာ ကျမကို အန္ဒိယနဲ့ မခွဲခွာပစ်နိုင်ခဲ့ပါဘူး ။ ဘာလို့လည်းဆိုတော့ ကျမ အဲဒီမှာလည်း အိန္ဒိယလူမျိုးမိတ်ဆွေသူငယ်ချင်းတွေ အများကြီး ရခဲ့တယ်လေ ။ ကျမအိမ်ထောင်ကျပြီးတော့ကျမခင်ပွန်းက ဟိမ၀န္တာနဲ့ဆိုင်တဲ့ လေ့လာမှုတွေကြောင့် ကျမတို့ မိသားစုကို မကြာခဏဆိုသလို အိန္ဒိယမြောက်ပိုင်းက Shimla မြို့ ကို သွားဖြစ်ခဲ့ကြတယ် ။ ကျမ နောက်ဆုံး အိန္ဒိယမှာနေခဲ့တာကတော့ သုတေသနကျောင်းသူတစ်ယောက်အနေနဲ့ Research Institute of Advanced studies  မှာ ၁၉၈၇ ကနေ ၈၈ ထိ ပါဘဲ  ။

  • နေရူးရဲ့ နှစ်တရာပြည့်မွေးနေ့ဖြစ်တဲ့  ၁၉၈၉ ဟာ ပထမအကြိမ် ကျမ အိမ်အကျယ်ချုပ် ကျတဲ့နှစ်ပါ ။ နိုင်ငံရေးမှာ ကျမ အရွယ်ရောက်လာတဲ့ နှစ်လို့ ပြောရင် မမှားပါဘူး ။ ၁၉၈၈ ဒီမိုကရေလှုပ်ရှားမှုမှာ စပါဝင်စဉ်တုန်းက တနိုင်ငံလုံး အုံးအုံးကျွက်ကျွက်နဲ့ မငြိမ်မသက်ပါဘဲ ။ အဲဒီတုန်းက ကျမ အဓိက လုပ်ချင်ခဲ့တာက အာဏာရှင် လက်အောက်ကနေ ထိုးထွက်လာတဲ့ များစွာသော နိုင်ငံရေးအင်အားစုတွေကို စုစည်းပြီး ညီညွတ်ခိုင်မာတဲ့ ဒီမိုကရေစီအင်အားတစ်ရပ် လုပ်ချင်ခဲ့တာပါ ။ ဆွေးနွေးပွဲတွေ ၊ ငြင်းခုံမှုတွေ ၊ ပြည်သူတွေနဲ့စည်းဝေးပွဲတွေ ၊  NLD  ကို ဖွဲ့စည်းရမှုတွေ ၊ ပါတီရည်ရွယ်ချက်တွေကို ပြည်သူတွေ သိအောင် ရှင်းပြဖို့ ခရီးထွက်ရတာတွေနဲ့ တနေ့တနေ့ကို  အဖြစ်အပျက်တွေဆိုတာ စုံနေတာပါဘဲ...... ။

 

  • ၁၉၉၀ မှာ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကြေငြာခဲ့တယ် ။ ၁၉၈၉  ဧပြီမှာ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာတယ်  ။ ရွေးကောက်ပွဲဝင်သင့်မ၀င်သင့်နဲ့ ပတ်သက်ပြီး  NLD ဗဟိုကော်မတီလည်း  နှစ်ပိုင်းကွဲသွားခဲ့ပါတယ် ။ အဲဒီဥပဒေတွေမှာ အာဏာလွှဲပြောင်းပေးဖို့ စီစဉ်ထားတာမရှိဘူးလို့ ကျမထောက်ပြခဲ့တယ် ၊ အရင် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်တာမဟုတ်ဘဲနဲ့ ( ကျန်တဲ့ ပါတီတခုခုက နိုင်ခဲ့ရင် ) စစ်အစိုးရက ဆင်းပေးမှာ မဟုတ်ဘူးဆိုတာ ကျမထောက်ပြခဲ့တယ် ။ ကျမကို အဲဒီနှစ် ဂျူလိုင်လမှာ အကျယ်ချုပ်ချလိုက်တော့ ရွေးကောက်ပွဲကိစ္စကို ကျမတို့ ဆုံးဖြတ်ချက်မချရသေးပါဘူး ။

  • ဂျူလိုင်   ၂၀   ရက်နေ့မနက်မှာ မြို့နယ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌဟာ ကျမခြံတခါးဝကို ဖမ်းမိန့်ကိုင်ပြီး ရောက်လာပါတယ် ။ သူက စစ်ဗိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်  ။ သူနဲ့အတူ  ရဲအရာရှိတွေ ၊ အရပ်ဝတ်လူတွေ ၊ စစ်သားတွေလည်း ပါလာတယ် ။ ကျမထင်တာက ကျမကို ထောင်ကို ခေါ်သွားတော့မယ် ပေါ့ ။  NLD ပါတီဝင်တိုင်းဟာ တနေ့ဒီလိုဖြစ်လာနိုင်တယ်ဆိုတာကို သိပြီး ပြင်ဆင်ထားရတော့  ကျမလည်း ထောင်ထဲမှာလိုမယ့် ပစ္စည်းလေးတွေကို အိတ်သေးသေးတစ်အိတ်ထဲကို ထည့်ထားပြီးသားပါ ။ ကျမသားတွေက နွေရာသီကျောင်းပိတ်ရက်မို့  ရောက်နေကြတယ် ။ သူတို့ကလည်း ကျမအဖမ်းခံရမယ်ဆိုတာကို နားလည်နေကြပါတယ် ။


  • သူတို့အဲလို ခြံတံခါးဝမှာ ရောက်လာတော့ ကျမသားငယ် ကင်မ် Kim က မေးတယ် .....မေမေ့ကို ပထမတန်းစား အကျဉ်းသား A Class Prisoner အဖြစ် ထားမှာလား ၊ ဒုတိယတန်းစား B Class Prisoner  အဖြစ်ထားမှာလား  တဲ့ ။ ကြည့်ရတာတော့ ကိုလိုနီခေတ်တုန်းက အကျဉ်းသားတစ်ယောက်ရဲ့ ဘ၀ကို တစ်ယောက်ယောက်က သူ့ကို ပြောပြလိုက်ပုံပါဘဲ ။ အဲဒီတုန်းက နိုင်ငံရေးအကျဉ်းသားဆိုရင်  B Status    ပေးတယ်လေ ။ ရာဇ၀တ်အကျဉ်းသားကို ပေးတဲ့  C   ထက်  မြင့်ပြီး ကောင်းကောင်းဆက်ဆံခြင်းခံရတယ် ၊ အခွင့်အရေးတွေလည်း ပိုရတာပေါ့ ။  A Class  ဆိုတာကတော့ အငြိမ်းစား ၀န်ကြီးချုပ်တို့ ဘာတို့လို့ အရေးကြီးတဲ့ အကျဉ်းသားတွေကို ပေးတာပါ ။ အဲဒီတော့ နအဖဥက္ကဌက ကျမသားမေးတာကို အံသြပြီး နည်းနည်းရှက်သွားပုံရပါတယ် ။ ပြီးတော့ ကျမကို အကျဉ်းထောင်ကိုခေါ်သွားမှာ မဟုတ်ဘူး လို့ ဖြေပါတယ် ။ ဒီလိုနဲ့ဘဲ ကျမကို အိမ်အကျယ်ချုပ်ထားမယ်ဆိုတာရယ် ၊  ကျမကို ဖမ်းတဲ့ဥပဒေဟာ အရင်က တခါမှ မသုံးဖူးတဲ့ ဥပဒေဆိုတာရယ်ကို သိခဲ့ရတယ် ။

  • အိမ်အကျယ်ချုပ်ကျတယ်ဆိုတော့ ပြင်ပလှုပ်ရှားမှုတွေ ရပ်တန်းက ရပ်သွားရတာပါဘဲ ။ အဲဒါဟာ ကျမတို့ တိုက်ပွဲ ခက်ခဲဦးမယ် ၊ ကြာရှည်ဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဆောင်တယ်လေ  ။ ဒီတော့ ကျမလည်း ရှေ့လာမယ့် ခန့်မှန်းလို့ ရသလောက် အနာဂတ်အတွက် အစီအစဉ်တွေ ချရတော့တာပေါ့  ။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ဒီအချိန်တွေကို ဖြတ်သန်းဖို့ ကျမ သုံးခဲ့တဲ့ '' နည်းလမ်း '' တွေထဲမှာ နေရူးရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိနဲ့ သူရေးခဲ့တဲ့ ''  အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်း Discovery of India ''   ဆိုတာလည်း ပါ ပါတယ် ။


(နေရူးရဲ့ အကြိမ်ကြိမ်ထောင်ကျမှုများထဲမှတစ်ကြိမ် ဖြစ်တဲ့ ၁၉၄၂ ကနေ ၁၉၄၆ အတွင်း ထောင်ထဲမှာ ရေးခဲ့တဲ့ စာအုပ် ။ အိန္ဒိယအမိုင်း ၊ အတွေးအခေါ် ၊ ယဉ်ကျေးမှုကို Liberal နိုင်ငံရေးသမားတစ်ယောက်ရဲ့ အမြင်နဲ့ ကျယ်ပြန့်နက်နဲစွာ ရေးထားသည် ။)
  • အဲဒီထဲက ကိုးကားချက်တစ်ခုကို ဖတ်ပြပါရစေ ...........''  ထောင်ထဲမှာ အချိန်ရဲ့သဘောသဘာဝဟာ ပြောင်းလဲသွားသလို ထင်ရတယ်  ။  လက်ရှိပစ္စုပ္ပါန်ဆိုတာ ထောင်ထဲမှာ မရှိသလိုပါဘဲ ........ဘာကြောင့်လည်းဆိုတော့ ခံစားချက် အထိအတွေ့တွေ ကင်းမဲ့နေတယ်လေ ။ အဲဒီအဆက်ပြတ်မှုကဘဲ ပစ္စုပ်ပ္ပါန်ကို သေဆုံးသွားပြီဖြစ်တဲ့ အတိတ်နဲ့ ခွဲခြားလိုက်တာ ဖြစ်မယ်  ။  အပြင်ဘက်ကမ္ဘာက  ရှင်သန်လှုပ်ရှားနေသူတွေ သေဆုံးနေသူတွေရဲ့ သတင်းတွေကို ကြားရရင်တောင်မှ အိပ်မက်လိုလိုနဲ့ တကယ်ရှိတယ်လို့ မထင်ရပါဘူး ။  အတိတ်နဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ မရွေ့ရှား မပြောင်းလဲကြသလိုပါဘဲ   ''

  • နေရူးရဲ့ ဒီစာတွေကိုဖတ်ပြီး ကျမအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မိတယ် ။  ကျမကတော့ အတိတ်နဲ့ ပစ္စုပ္ပါန်ဆိုတာ ရောထွေးနေတယ်လို့တော့ မမြင်မိခဲ့ပါဘူး ။  ဒါကလည်း ကျမမှာ လှိုင်းတိုရေဒီယိုလေးတစ်လုံးရှိနေတာကြောင့်နဲ့ တူပါတယ် ။ အဲဒီရေဒီယိုလေးက ကျမကို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးထားတယ်လေ ။ အဲဒါလေးကဘဲ  ပြင်ပကမ္ဘာကို ကျမအတွက် အသက်သွင်းပေးခဲ့တယ် ။

  • ဒါမှမဟုတ်လည်း '' လူ့လောကနဲ့ အဆက်ပြတ်နေခြင်း '' ဆိုတဲ့ အပေါ်မှာ ကျမတို့တတွေ အမြင် မတူတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။  ၂၀၀၃ တုန်းက ကျမ ထောင်ခဏကျလိုက်တဲ့ ကာလမှာတောင် အတိတ်နဲ့ ပစ္စုပ္ပါန်ဆိုတာ ရောသွားတယ်လို့ ကျမ မထင်ခဲ့ပါဘူး ။ နေ့စဉ်ဘ၀ဆိုတာ တူညီတာတော့ ရှိတာပေါ့လေ ။ ဒါပေမယ့် နေ့တိုင်း နေ့တိုင်းဟာ ကွဲပြားကြပါတယ် ။ ညီနေအောင် စီထားတဲ့ စိန်တွေဟာ မူလက မရွယ်အစားမတူညီတဲ့ ကျောက်တုန်းတွေက လာသလိုပေါ့ ။ ဒီ စိန်တင်စားချက်ကို ကျမ တမင်တကာ သုံးရတာက ဘာကြောင့်လဲဆိုတော့  ကျမတို့ ရွေးချယ်ထားတဲ့ လမ်းစဉ်ကို ဆက်လိုက်ဖို့အတွက် ( စိန်ကဲ့သို့ )  ခိုင်မာမြဲမြံတဲ့ သန္တိဌာန်ရှင်သန်နေအောင် နေစဉ်နေ့တိုင်းကို အသုံးချခဲ့ရလို့ပါဘဲ ။
 
  • ဒါပေမယ့် ကျမနဲ့ နေရူးမှာ တူညီမှု များစွာ ရှိနေကြတာကိုလည်း သူ့စာအုပ်ထဲမှာ အများကြီးတွေ့ရပါတယ် ။ Discovery of India  စာအုပ်မှာ သူပထမဆုံး ကိုးကားလိုက်တဲ့ ကဗျာဟာ ကျမ အကြိုက်ဆုံး ကဗျာတစ်ပုဒ် ဖြစ်နေတာတွေ့ရတော့  ကျမ သိပ်ကို အံသြခဲ့မိတယ် ။ ပထမဆုံးအကြိမ် စဖတ်ကတည်းက ကျမခေါင်းထဲမှာ စွဲနေတဲ့ ကဗျာဆိုပါတော့ ......Yeat ရေးတဲ့ '' သေမင်းကို ကြိုမြင်တဲ့ အိုင်းရစ်ရှ် လေသူရဲ  '' ဆိုတဲ့ကဗျာပါ ။ 
 
( ကဗျာကို ဖတ်ချင်သူရှိက ဖတ်နိုင်အောင် ထည့်ပေးလိုက်ပါတယ် ။ ဒေါ်စုကတော့ မဖတ်ပြခဲ့ပါဘူး )

  •  ကျမရော နေရူးပါ အဲဒီကဗျာက စာကြောင်းအကြိုက်ချင်းတူတယ် ၊ ဒါပေမယ့်  ဒီလိုအကြိုက်ချင်းတူတာမှာတောင် ကွဲပြားမှုရှိနေပါသေးတယ်......နေရူးက ( ကဗျာကို ကိုးကားပြီး )   အန္တရာယ် ရှိတဲ့၊ သေခြင်းတရားကို ပျက်ရယ်ပြုနိုင်စွမ်းရှိတဲ့ အဲဒီ '' နှစ်လိုကြည်နူးဖွယ် တွန်းအားဆန္ဒ  Lovely impulse of delight  ''   ကို ပြန်ပြီး ခံစားကြည့်ချင်တယ် လို့ ရေးထားတယ်  ။ ကျမ အဲဒီစာကြောင်းကို  Lonely impulse of delight  လို့ မှတ်မိနေမိခဲ့တယ် ။ ဘယ်ဟာ အမှန်လဲဆိုတာ စစ်ကြည့်ချင်ပေမယ့်လည်း စာအုပ်ကလည်း လက်ထဲမှာ အလွယ်တကူမရှိခဲ့တော့ တိုက်ကြည့်လို့ မရခဲ့ဘူး ။ ကျမအတွက်ကတော့  Lovely  ဆိုတဲ့ စကားလုံးဟာ ကဗျာရဲ့ အဓိပ္ပါယ်တစ်ခုလုံးကို ပြောင်းသွားစေပါတယ် ။ နေရူးကိုယ်တိုင်နဲ့တောင် ဒီစကားလုံးကိစ္စကို ဆွေးနွေးခွင့်ရချင်ခဲ့မိပါရဲ့..........။  ကိုယ့်ပတ်ဝန်းကျင်က လူတွေက လုံးဝမလိုလားအပ်ဘူးလို့ သတ်မှတ်ထားတာ မဟုတ်ရင်အောင် အနည်းဆုံးတော့ ရှင်းပြလို့ မရနိုင်ဘူးလို့ ထင်ရတဲ့ အရာတွေ ရှိနေတယ်လေ ။ အဲဒါတွေကို သဘောကျနှစ်သက်နိုင်ဖို့ရာအတွက် '' နှစ်လိုဖွယ်ကောင်းတယ် '' ဆိုတဲ့ စကားထက်  '' အထီးကျန်ဆန်နေတယ် '' ဆိုတဲ့ စကားက ပိုပြီး မသင့်တော်ဘူးလား ။


  • နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ကျပြီးတဲ့နောက် အဲဒီကဗျာကို ကျမ ပြန်ကြည့်မိတော့ တကယ်ဘဲ  '' Lonely '' ဆိုတာက စာလုံးမှန်ဖြစ်နေတာ တွေ့ရတယ် ။ ဒါဆိုရင် Lovely ဆိုတာက ကျမဆီမှာရှိတဲ့ နေရူးစာအုပ်က ပုံနှိပ်အမှားလား ၊ ဒါမှမဟုတ်ရင် နေရူးကဘဲ အဲဒီစာကြောင်းကို အဖတ်မှားတာလား မသိပါဘူး  ။


  • ဒီလို စကားတလုံးရဲ့ အဓိပ္ပါယ်ကို တွေးတောဆင်ခြင်တာတွေ ၊ ကဗျာတစ်ပုဒ်ရဲ့ အဓိပ္ပါယ်ကို ဖော်ဖို့ အတွေးအခေါ်တစ်ရပ်လုံး တည်ဆောက်တာတွေ ......ဒါတွေဟာ အကျဉ်းသားတွေ....အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ ၀ါသနာအရ လုပ်လေ့ရှိတဲ့ ကိစ္စတွေပါဘဲ ။ ဘာမှလုပ်စရာမရှိတဲ့ အချိန်တွေကို ကုန်အောင်သက်သက်ဘဲ လုပ်တာတော့ မဟုတ်ဘူးပေါ့လေ.......။  ကျန်တဲ့လူ့အသိုင်းအ၀ိုင်းနဲ့ ကိုယ့်ကို ဝေးကွာသွားစေတဲ့ မိမိတို့ရဲ့ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေအပေါ် ပိုနားလည်လာဖို့  ၊  ဒါမှမဟုတ်လည်း  ယုံကြည်နေဖို့ အတွက် လုပ်ကြရတာပါ ။
 
  • ဒါနဲ့ ကျမတို့ရဲ့ အသိစိတ်လိပ်ပြာ  Conscience   ဆိုတာ ဘာကို အတိအကျ ပြောတာလဲ ။ အဖေကတော့  မိမိရဲ့ လိပ်ပြာခုံရုံးမှာ ရဲရဲကြီး အစစ်ခံဝံ့ဖို့ လိုကြောင်း တခါက ပြောဖူးပါတယ် ။ ဒါပေမယ့် အဲဒီ လိပ်ပြာခုံရုံးက စစ်ဆေးမှုအတိုင်းအတာဟာ ဘယ်လောက် ကြီးမားကျယ်ပြန့်ပါသလဲ ။ အဲဒီလိပ်ပြာခုံရုံးဟာ သူ့ရဲ့ စစ်ဆေးမှုအာဏာကို ကျမတို့ရဲ့ ခံယူချက်တွေ ၊ ပြည်သူအတွက် ကျမရဲ့ ကြိုးပမ်းမှုတွေလောက်မှာဘဲ ကန့်သတ်ထားသလား ။ ဒါမှမဟုတ် ကျမတို့ရဲ့ ပုဂိုလ်ရေး ပတ်သက်မှုတွေအပေါ် ထားရမယ့် ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေကိုပါ စစ်မှာလား ။  မိတ်ဆွေသူငယ်ချင်းတွေ ၊ မိသားစုတွေ အပေါ် ထားရှိရမယ့်တာဝန်တွေကိုပါ မချွင်းမချန် ဘက်မလိုက်ဘဲ စစ်မှာလား ။  အန္တရာယ်နဲ့ စိတ်ညစ်စရာတွေရှိနိုင်တာကို လက်ခံထားပြီး  ယုံကြည်ချက်တစ်ခု ၊ လမ်းစဉ်တစ်ခုကို ရွေးထားပြီးတဲ့ လူတိုင်းအတွက် ဒီမေးခွန်းဟာ တကယ်ဘဲ စဉ်းစားရကျပ်လှပါတယ် ။ ကိုယ်ချစ်ခင်ရသူတွေ ကိုယ့်အနားမှာ ရှိသူတွေရဲ့ အခြေအနေ ဘယ်လိုပင် ရှိပစေပေါ့လေ ..............။
 
(မိုက်ကယ်အဲရစ်စ် မသေခင် ရက်ပိုင်းအလိုက NLD ရုံးမှာ ရိုက်ထားတဲ့ ဒေါ်စုရဲ့ အပြုံးအောက်က အပူရုပ်ပုံရိပ် ( ဘီဘီစီ Aung San Suu Kyi; The Choice မှ Screen shot ဖမ်းပေးလိုက်တယ် ၊ ဗီဒီယိုက ကြာပြီမို့ မပီပြင်ပါ ) )

  • နေရူးက ဒီအကျပ်အတည်းကို သူ့ဇနီး ကာမလာ Kamala အကြောင်း ရေးပြီး စဉ်းစားသုံးသပ်ခဲ့တယ် ။ ၁၉၃၄ ခုနှစ် ထောင်အကျဉ်းကျမှုများစွာထဲက တစ်ခုအတွင်းမှာ '' ကြားလူ ''  တွေလွှတ်ပြီး သူ့ကို ပြောခိုင်းကြသတဲ့..........သူသာ နိုင်ငံရေးကနေ ကင်းကင်းနေမယ်လို့ ကတိပေးရင် ( တိုးတိုးတိတ်တိတ်ကတိပင် ဖြစ်ပါစေ ရတယ် ) နေမကောင်းတဲ့ ဇနီးကို ပြုစုဖို့ သူ့ကို လွှတ်ပေးမယ် ။ ဒါပေမယ့် သူ့ကို  ချထားတဲ့ ပြစ်ဒဏ်သက်တမ်းအတွင်း ( အပြင်မှာနေပြီး ဇနီးကိုပြုစုနိုင်ပေမယ့် ) နိုင်ငံရေးမလုပ်ရဘူး တဲ့  ။ ဒီလို ပြောတာကြားတော့ မာနကြီးတဲ့ နေရူးတစ်ယောက် တော်တော်စိတ်ဆိုးသွားပါတယ် ။
 
  • ( နေရူးစာအုပ်ကိုးကားချက် )

'' အဲဒီအချိန်တုန်းက ကျနော့်အတွေးတွေဟာ  နိုင်ငံရေးဆိုတာနဲ့ အဝေးကြီးပါ ။ ကျနော် လွတ်ခဲ့တဲ့ ( ၁၁ ) ရက်အတွင်း မြင်ခဲ့ရတဲ့ နိုင်ငံရေးဆိုတာကို ရွံ့လွန်းလို့........ဒါပေမယ့် နိုင်ငံရေးမလုပ်ပါဘူး လို့ ကတိပေးရမယ် ဟုတ်လား ။  ကျနော်ရဲ့  သစ္စာတရား ၊ လမ်းစဉ် ၊  ရဲဘော်ရဲဘက် .....နောက်ပြီး ကျနော့်ကိုယ်ကျနော် သစ္စာဖောက်ရမယ်ပေါ့လေ ။  ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ အဲလိုလုပ်ဖို့ဆိုတာ ကျနော့်ရဲ့ ဖြစ်တည်မှုကို သေလောက်အောင် ဒဏ်ရာ ရသွားစေနိုင်တယ် ။ ကျနော် တလေးတမြတ် တန်ဖိုးထားရတဲ့ အရာမှန်သမျှကိုလည်း ထိခိုက်သွားနိုင်တယ် ။ ကာမလာရဲ့ အခြေအနေ တနေ့တခြားဆိုးလာတယ်လို့ ကျနော်ကို ပြောကြတယ် ။ ကျနော်သာ သူ့အနားမှာရှိနေရင် သူ့အခြေအနေဟာ အတော်ကြီး ပြောင်းသွားနိုင်တယ်လို့လည်း ဆိုကြတယ် ။   ကျနော့်ရဲ့ မာနနဲ့ အတ္တကဘဲ သူမကို ဒီအခွင့်အရေး ပေးချင်တဲ့ စိတ်ထက် ကြီးမားနေခဲ့ပြီလား ။ ဒါဟာ ကျနော့အတွက် တကယ့်ကို ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်သွားခဲ့နိုင်ပါတယ် ။ ဒါပေမယ့် ကံကောင်းစွာဘဲ ဒီပြသာနာဟာ ဒီလိုပုံစံနဲ့တော့ ရောက်ချမလာခဲ့ဘူး  ။ ကျနော်သိတယ်လေ ....ကာမလာကိုယ်တိုင်က ကျနော် ဒီလို ကတိတာမျိုးကို လုံးဝကန့်ကွက်မယ် ဆိုတာကို ။ ကျနော်သာ အဲလို ကတိပေးတာမျိုး လုပ်မိရင် သူမ အတော်လေး အံသြသွားပြီး စိတ်ထိခိုက်မယ်ဆိုတာ ကျနော် သိနေခဲ့တယ် 


  • အောက်တိုဘာအစပိုင်းမှာ ကာမလာနဲ့ တွေ့ဖို့ ကျနော်ကို ခေါ်သွားခဲ့ကြတယ် ။ သူ့ခမျာကတော့ ကိုယ်ပူတွေ တက်ပြီး သတိမရတချက် ရတချက်ပါဘဲဗျာ ။ ကျနော့်ကို သူ့အနားမှာ သိပ်ရှိစေချင်ရှာတာ .....ဒါပေမယ့် ကျနော်လည်း ထောင်ကိုပြန်ဖို့ အထွက်မှာ သူက ကျနော့်ကို သတ္တိရှိရှိ ပြုံးပြပြီး သူ့နားကို ကပ်လာဖို့ လက်ယပ်ခေါ်တယ် ။ ပြီတော့ တိုးတိုးပြောရှာတယ် .......ရှင်က အစိုးရကို ကတိပေးတယ်ဆိုတာ ဘာကိစ္စတုန်း .....မပေးနဲ့နော်  တဲ့ဗျာ ။ ''
 
  • ဒီစာပိုဒ်တွေဟာ ကျမကို အံ့အားသင့် မှင်သက် သဘောကျမိစေပါတယ် ။ ကြီးမားလိုက်တဲ့ အတ္တပါလား .......ငါ့သစ္စာတရား ၊ ငါ့ရဲဘော်ရဲဘက်တွေ ၊ ၊ ငါရဲ့ ဖြစ်တည်မှုဇစ်မြစ်  ၊ ငါအလေးအမြတ်တန်ဖိုးထားရတဲ့ အရာတွေ................ဆိုပါလား ။  သူ့ရဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ကို လုပ်ရင် ကာမလာအတွက် ကောင်းတာထက် ဆိုးတာသာ ဖြစ်စေမယ်လို့ မဆုံးဖြတ်လိုက်နိုင်ခင်  နေရူးတစ်ယောက် ဘက်မလိုက်တတ်တဲ့ လိပ်ပြာခုံရုံးရှေ့မှာ အဲသလို ခဏလေး အစစ်ခံလိုက်ရလေရဲ့ ။ နောက်ဆုံးတော့ ကာမလာရဲ့ စကားတွေကဘဲ သူ့ဆုံးဖြတ်ချက်ကို အတည်ဖြစ်သွားစေတာပေါ့လေ ။

 
  • နေရူးရဲ့ အတ္တကို လုံးဝ သဘောပေါက်မိသလို နေရူးတစ်ယောက် ကိုယ့်ကိုယ်ကို တစိတ်တပိုင်း လှည့်ဖျားတာလည်း ဖြစ်နိုင်တယ် ဆိုတာ ကျမ သိပါတယ် ။ ဒါပေမယ့် ဒီကိစ္စမှာ နေရူးကို ကျမ လုံးဝ သဘောကျထောက်ခံခဲ့ပါတယ် ။ ကျမ ထောင်ကနေ ပထမဆုံးအကြိမ်လွတ်လာတော့ စနေတနင်္ဂနွေတွေမှာ ကျမခြံရှေ့ မိန့်ခွန်းပြောလေ့ရှိခဲ့တယ် ။ အဲဒီမှာ ကျမ နေရူးရဲ့ အဲဒီအဖြစ်ကို ပြောပြပြီး ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ မိသားစုတွေကို ကာမလာလို ဇွဲ ၊ ကာမလာကို ခံနိုင်ရည်သတ္တိ မွေးဖို့ တိုက်တွန်းခဲ့တယ် ။


  • ဒါတွေဟာ အန္တရာယ်များတဲ့ လမ်းစဉ်တွေအတွက် တကယ်အရေးတကြီးလိုအပ်ချက်တွေဘဲလေ ။  ကျမ ရလိုက်တဲ့ သင်ခန်းစာက ငါတို့ဟာ ကိုယ့်အသိစိတ်လိပ်ပြာနောက်ကို လိုက်ကြရင်း စွန့်လွှတ်အနစ်နာခံမှုတွေကို လုပ်နေပါတယ် လို့ ကြွေးကြော်ပြီး ကိုယ်ကိုယ်ကို လှည့်စားဖို့ မဟုတ်ပါဘူး ၊ အဲလိုပြောပြီး သူများကို လိမ်လည်ဖို့လည်း မဟုတ်ဘူး ။ ကျမတို့ဟာ ရွေးချယ်မှုတစ်ခုကို လုပ်နေကြတာသာ ဖြစ်ပါတယ် ။ အဲလို လုပ်ရာမှာ အတ္တကို ရှေ့တန်းတင်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ။  ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့အရာကို စွန့်လွှတ်လိုက်ရတာဟာ တခါတလေမှာ ကိုယ့်ကိုယ်ကို ပိုကြံ့ခိုင်လာစေဖို့ လုပ်ကြတာဘဲ မဟုတ်လား  ။ တကယ်တမ်း အနစ်နာခံလိုက်တဲ့သူတွေကတော့ ကျမတို့ကို ကံစီမံရာ လွတ်လွတ်လပ်လပ် သွားခွင့်ပေးလိုက်ကြတဲ့ သူတွေပါဘဲလေ ။
 
  • နိုင်ငံရေးဆိုတာ လူ့အရေးပါဘဲ ။ လူ့အရေးဆိုတာကတော့ လူအချင်းချင်းဆက်ဆံရေးတွေပေါ့လေ ။ ပုဂိုလ်ရေး ဆက်ဆံတာဘဲဖြစ်ဖြစ် သို့မဟုတ် လူအများနဲ့ဆက်ဆံတာဖြစ်ဖြစ်ပေါ့ ။ အိန္ဒိယခေါင်းဆောင်တွေထဲမှာ ကျမ အရင်းနှီးဆုံးခံစားရတာကတော့ ဂန္ဒီနဲ့ နေရူးဆိုတာ သံသယရှိစရာမလိုပါဘူး ။ ဘာကြောင့်လည်းဆိုတော့ လွတ်လပ်ရေးကြိုးပမ်းမှုလမ်းမှာ သူတို့ ကြုံရတဲ့ စိန်ခေါ်မှုတွေများစွာဟာ ကျမတို့ လျှောက်နေတဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ကြုံတွေနေရတာတွေနဲ့ အတူတူပါဘဲ ........အဲဒီတိုက်ပွဲဟာ နောက်နှစ်ဆိုရင်ဘဲ နှစ်ဆယ့်ငါးနှစ်တင်းတင်းပြည့်ပါပြီ ။
 
ိ
  • အိန္ဒိယနိုင်ငံရေးရဲ့ အောင်မြင်မှုတစ်ခုကို ပြောရရင် ဂန္ဒီနဲ့ နေရူးတို့ရဲ့ နိုင်ငံရေးမှာရော လူမှုရေးမှာရော ကွဲပြားချက်တွေများစွာရှိတဲ့ကြားက ဆက်ဆံရေးရှင်သန်နေမှုပါဘဲ ။   ဂန္ဒီက '' အမိန့်မနာခံရေး လှုပ်ရှားမှု '' ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တော့ နေရူးဟာ အတော် စိတ်ဆိုးသွားခဲ့တယ် ။  '' ကျနော်စိတ်မ၀င်စားခဲ့တဲ့ ရှုပ်ရှုပ်ထွေးထွေး သဘာဝမကျတဲ့ အကြောင်းတွေအတွက် ကျနော်တို့က ဘာကြောင့် ဟိုယိမ်းလိုက် ဒီယိမ်းလိုက် ဖြစ်ရမှာလဲ ။ ဒီအပေါ်အခြေခံပြီး နိုင်ငံရေးလုပ်ဖို့ဆိုတာ ဖြစ်နိုင်စရာလား ''  လို့ နေရူးက ခါးခါးသီသီး ဆိုခဲ့တယ် ။ ဂန္ဒီရဲ့ နည်းတွေအပေါ်မှာ သံသယရှိမှုဟာ နေရူးကို အတော်လေး စိတ်ဆင်းရဲစေခဲ့တယ်လေ။ Alipore  ထောင်ထဲက သူ့အကျဉ်းခန်းလေးမှာနေရင်း  ဘ၀ဟာ ကြောက်မက်စိတ်ပျက်ဖွယ် ကိစ္စကြီတခု ၊ အထီးကျန်စိတ်ဆင်းရဲဖွယ် တောနက်ကြီးတစ်ခုလိုပါဘဲ  လို့ သူတွေးမိတယ် ။ သူက ဆိုတယ် ....'' ကျနော် သင်ယူလာမိတဲ့ ခက်ခဲတဲ့ သင်ခန်းစာများစွာထဲမှာ အခက်ဆုံးနဲ့ အနာကျင်ဆုံးကို အခု ရင်ဆိုင်နေရပါတယ် ၊ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စရှိပြီဆိုရင် ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူးဆိုတာပါဘဲ ။ ဘ၀ဆိုတဲ့ ခရီးကို တစ်ယောက်တည်း ဖြတ်သန်းရမှာပါလား ၊ သူများကို အားကိုးတာဟာ ကိုယ့်အသည်းကို ကိုယ်ခွဲတာနဲ့ အတူတူပါဘဲ ''  တဲ့ ။

  • နေရူးသင်ယူခဲ့တဲ့ ဒီအတွေ့အကြုံဟာ အလုပ်ကြိုးစားမှုရယ် ဇွဲသတ္တိတွေရယ်နဲ့သွားမှ ရောက်မယ့် ပန်းတိုင်တွေကို သွားရင်း လမ်းခရီးရှည်ကြီးမှာ ကျမတို့အားလုံးထပ်ခါတလဲလဲ သင်ယူရမယ့် သင်ခန်းစာပါဘဲလေ ။။ တချိန်တည်းမှာဘဲ တဖက်ကလည်း ကျမတို့ နှလုံးသားတွေဟာ ရဲဘော်ရဲဘက်တွေကိုမှ မတွယ်ကပ်ထားဘူးဆိုရင် ၊  ရည်ရွယ်ချက်တူတဲ့တန်ဖိုးထားတာချင်းတူတဲ့လူတွေကို ကျမတို့ သစ္စာမရှိဘူးဆိုရင် ........ဒါမှမဟုတ် သူတို့ရဲ့ သစ္စာရှိမှုအပေါ်မှာ ကျမတို့ သံသယရှိနေမယ်ဆိုရင် ကျမတို့ဟာ မသေချာမရေရာတဲ့ တောနက်ကြီးထဲ လမ်းပျောက်သလိုပါဘဲ ။ ကျမရဲ့ အကျယ်ချုပ်ကာလတစ်ခုအတွင်းမှာ ဘယ်သူတစ်ယောက်ကိုများ သေချာယုံကြည်ရမလဲဆိုတာ စာရွက်တစ်ရွက်ပေါ်မှာ ချရေးကြည့်ဖူးတယ် ၊ လုံးဝဥသုံယုံကြည်ရတဲ့ ၊ ယုံကြည်ထိုက်တဲ့ ၊ လုံးဝဥသုံနားလည်နိုင်စွမ်းရှိတဲ့ ၊ လုံးဝဥသုံ သန္တိဌာန်ပြင်းပြတဲ့၊ ကျမအပေါ်သစ္စာရှိမယ့် ၊ လောကဓံကိုအာခံပြီး ယုံကြည်ခဲ့ရတဲ့ ကျမတို့လမ်းစဉ်အပေါ်  သစ္စာရှိမယ့် ရဲဘော်ရဲဘက်တစ်ယောက်လောက်များ ရှိမလားလို့ပါ  ။  အဲဒီလမ်းစဉ်အတွက် လောကကြီးတစ်ခုလုံးရဲ့ ပေါင်းစပ်အားတွေကိုတောင် ကျမ စိန်ခေါ်ပစ်နိုင်ပါရဲ့ ။ တစ်ယောက်တည်း အထီးကျန်နေရတဲ့အခါ လူဆိုတာ ဒီလိုဘဲ ခံစားချက်ကဲ ၊ စိတ်ကူးယဉ်ဆန်တတ်ကြတယ်နဲ့ တူပါတယ်လေ ............။
    တနေ့မှာ ရေဒီယိုကနေ ရုတ်တရက် မမျှော်လင့်ဘဲ ကြားလိုက်ရတယ်........NLD ဗဟိုအဖွဲ့က ကျမကို ထုတ်လိုက်ပြီတဲ့ ။ ထုတ်လိုက်တဲ့ အကြောင်းကတော့ ကျမက အကျယ်ချုပ်ချနေတယ်ဆိုတာကြောင့်ပါတဲ့ ။  အဲဒီလိုကြားလိုက်ရတော့ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုကို ကျမရောက်သွားသလို ခံစားလိုက်ရတယ် .....အရာအားလုံးနဲ့ဝေးပြီး ကျမနဲ့အတူပါလာတာဆိုလို့ ကျမရဲ့ အသိစိတ်လိပ်ပြာတစ်ခုသာပါ။ ပါတီတော့ ဖိအားပေးခြင်းခံလိုက်ရပြီဆိုတာ ကျမ သဘောပေါက်ပါတယ် ။ ခက်ခဲတဲ့ အချိန်တစ်ခုကို ရင်ဆိုင်နေရပြီဆိုတာကိုရောပေါ့ ။ နောက်ဆုံးတော့ ကျမ ဆုံးဖြတ်လိုက်ပါတယ် ........ကျမကဘဲ ပါတီအပေါ်မှာ သစ္စာဆက်ရှိမယ်လို့ပါ ။  တရားဝင်အားဖြင့် ပါတီနဲ့ ကျမက အခြေအနေဟာ ဘယ်လိုဘဲဖြစ်ပါစေ ၊ ပါတီက ကျမတို့ရွေးထားတဲ့လမ်းကို ဆက်လျှောက်နေသေးသရွေ့တော့ ကျမ ပါတီအပေါ်မှာ သစ္စာရှိပါ့မယ် ။ နေရူးနဲ့ ဂန္ဒီကြားက ဘယ်လောက်ဘဲ ကြီးမားတဲ့ ကွာဟမှုတွေ ရှိပါစေ နေရူးရဲ့ ဂန္ဒီအပေါ်မှာ သစ္စာထားနိုင်စွမ်းကို ကျမတွေးမိတယ် ။ ဒါကဘဲ သဘောမတိုက်ဆိုင်တာတွေ ရှိရင်တောင် ရဲဘော်ရဲဘက်တွေအပေါ်မှာ စွဲစွဲမြဲမြဲ သစ္စာထားရမယ်ဆိုတဲ့ ကျမရဲ့ ခံယူချက်ကို ပိုပြီးအားကောင်းရှင်သန်စေခဲ့ပါတယ် ။


  • ၁၉၈၉ နိုဝင်ဘာ ၁၄ ရက် နေရူးရဲ့ နှစ်တစ်ရာပြည့် နီးလာတော့  နေရူးရဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိထဲက စာပိုဒ်ရှည်တစ်ခုကို ကျမ စာရွက်ကြီးတစ်ခုပေါ်ကူးထားလိုက်တယ် ။ အဲဒီစာကဒီလိုပါ........

''    တရားဥပဒေနဲ့ငြိမ်ဝပ်မှုပိပြားမှုရှိခြင်းဟာ အိန္ဒိယမှာ အင်္ဂလိပ်တွေရဲ့ ဂုဏ်ယူဖွယ်အောင်နိုင်ခြင်းတစ်ခုဘဲလို ဆိုကြတယ် ။ ကျနော့်ရဲ မွေးရာပါအသိစိတ်က အဲဒါကို လုံးဝလက်ခံပါတယ် ။ ဘ၀မှာ စည်းကမ်းရှိတာကို ကျနော် သဘောကျပြီး မင်းမဲ့စရိုက်မျိုး ၊ မငြိမ်မသက်ဖြစ်တာမျိုး ၊ ထိထိရောက်ရောက်မစွမ်းဆောင်နိုင်ကြတာမျိုးတွေကို ကျနော် မကြိုက်ပါဘူး ။ ဒါပေမယ့် ခါးသီးတဲ့အတွေ့အကြုံတွေဟာ အစိုးရတွေက ပြည်သူတွေအပေါ်ချမှတ်တဲ့ တရားဥပဒေတွေနဲ့ ငြိမ်ဝပ်ပိပြားမှုဆိုတာကို သံသယရှိစေခဲ့ပါပြီ ။ တခါတလေမှာ အဲဒါတွေအတွက် ပေးဆပ်ရမှုဟာ များလွန်းလှပါတယ် ။ ဥပဒေဆိုတာလည်း လက်ရှိအုပ်ချုပ်နေတဲ့ ပါတီရဲ့ သဘောထားဘဲမဟုတ်လား ။ ငြိမ်ဝပ်ပိပြားမှုဆိုတာကတော့ နေရာအနှံ့ကို စိမ့်ဝင်နေတဲ့ အကြောက်တရားရဲ့ပုံရိပ်ဘဲလေ ။  တခါတလေတော့လည်း အဲဒီ ဥပဒေတို့ ငြိမ်ဝပ်ပိပြားမှုတို့ဆိုတာဟာ တရားဥပဒေမဲ့ပြီး မငြိမ်ဝပ်တာ ဖြစ်ရင်ဖြစ်နေတတ်တယ် ။  လူထုကြားထဲ လွှမ်းမိုးနေတဲ့ အကြောက်တရားပေါ် အခြေခံပြီး ရလာတဲ့ ဘယ်အောင်မြင်မှုမှ လိုချင်စရာမကောင်းသလို တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်အနေနဲ့ ခြိမ်းခြောက်မှု အတင်းအကျပ်ပြုမှုတွေရှိမယ်ဆိုရင်  ၊ အဲဒါတွေနဲ့မှဘဲ တိုင်းပြည်ဟာ ရပ်တည်နိုင်မယ်ဆိုရင်လည်း ဒါဟာ ပြည့်သူအုပ်ချုပ်မှုထက် စစ်အုပ်ချုပ်မှုအသွင်ဆောင်နေပြန်ပါတယ် ။

ကဗျာဆရာ Kalhana ရဲ့ နှစ်ထောင်ချီကြာပြီဖြစ်တဲ့  Rajatarangini   ဇာတ်တော်ထဲမှာ ကျနော်တွေ့မိတယ် .......... အုပ်ချုပ်သူတစ်ယောက်ရဲ့ တာဝန်နဲ့ နိုင်ငံတခုစောင့်ထိန်းရမယ့်အရာဟာ ဓမ္မနဲ့ အဘယဆိုတဲ့ ဖြောင့်မှန်ခြင်းနဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း ဆိုတာပါတဲ့ ။ အဲဒီ ဓမ္မနဲ့ အဘယ ဆိုတဲ့ စကားကို   တရားဥပဒေ နဲ့ ငြိမ်ဝပ်မှုဆိုတဲ့ အဓိပ္ပါယ်နဲ့ ထပ်တလဲလဲ သုံးထားပါတယ် ။  သူပြောတဲ့ ဥပဒေဆိုတာ  မည်ကာမတ္တ ဥပဒေ ဖြစ်ရုံထက် ပိုအဓိပ္ပါယ်ရှိပြီး  ငြိမ်ဝပ်ပိပြားတယ်ဆိုတာလည်း လူတွေရဲ့ အကြောက်တရားကင်းတာကို ရည်ညွှန်းတာပါ ။ ကြောက်နေပြီးသား လူထုအပေါ်မှာ ထပ်ပြီး ငြိမ်ဝပ်ပိပြားမှုဆိုတာ ပြဌာန်းတာထက် မကြောက်အောင် သင်ပေးရတာက ဘယ်လောက် ကောင်းသလဲ ဗျာ ...........။   ''
  • နေရူးရဲ့ စကားတွေဟာ ကျမရဲ့ ခံစားမှုနဲ့ လုံးဝ ထပ်တူကျရုံမကဘဲ န၀တ အစိုးရက မြန်မာပြည်မှာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့အချိန်ဆိုတော့ ကွက်တိကို ဖြစ်နေတော့တာပါဘဲ ။  ကျမလည်း အဲဒီစာရွက်ကြီးကို လုံခြုံရေးအစောင့်တွေပါ ထင်ထင်ရှားရှားမြင်နိုင်မယ့် အိမ်ပေါက်ဝမှာ ချိတ်ထားပေးလိုက်တယ် ။ စာရွက်ရဲ့ အောက်ခြေမှာ '' ဂျဝါဟလာနေရူး '' ဆိုတဲ့နာမည်ကို စာလုံးနီနီကြီးနဲ့ ရေးထားလိုက်တယ် ။ သူရေးတယ်ဆိုတာ သိအောင်တင်မကဘဲ တရားဥပဒေနဲ့ ငြိမ်ဝပ်ပိပြားမှုပေါ်မှာ တည့်တည့်မတ်မတ်မမြင်တတ်တဲ့လူတွေအားလုံးကို အံတုတဲ့ နာမည်တစ်ခုအနေနဲ့ရောပေါ့ ။

  • အကျယ်ချုပ်ကျခံ နှစ်များအတွင်းမှာ ကျမဟာ ကျမနဲ့ နိုင်ငံရေးအရ ၊ ဥာဏ်ပညာအရ ၊ စိတ်ဓါတ်ရေးရာအရ တူတဲ့ လူတွေနဲ့ သူတို့အတွေးအခေါ်တွေကတဆင့်  ရင်းနှီးလာခဲ့တယ် ။ သူတို့ဟာ တကယ်တော့ ကျမနဲ့ အပြင်မှတခါမှ မဆုံဖူးတဲ့ တစိမ်းတွေ ဖြစ်ကောင်းဖြစ်မယ် ။ ဒါမှမဟုတ်လည်း အခုသက်ရှိထင်ရှားမရှိတော့တဲ့ အတိတ်ကလူတွေ ဖြစ်ကောင်းဖြစ်မယ် ။ ဒါပေမယ့် သူတို့အတွေးအခေါ်တွေကတဆင့် တကယ်သိကျွမ်းရင်းနှီးပြီးသားလူတွေထက်ကို သူတို့နဲ့ ပိုပြီး နီးနီးကပ်ကပ်ခံစားရပါတယ် ။  ကျမအထင်တော့  ဒါဟာ မိမိရဲ့ အသိစိတ်လိပ်ပြာကလွဲလို့ အဖော်မရှိဘဲ ထောင်ကျခံလူနေရသူတွေရဲ့ မှန်းလို့ရတဲ့ စိတ်လို့ ထင်မိပါတယ် ။ ကျမ မထင်မှတ်ထားတာလည်း ရှိပါသေးတယ် ။ အဲဒါကတော့ အဲဒီစိတ်ဟာ အသက်ရှိတဲ့ အပင်တစ်ပင်လို ရှင်သန်အမြစ်တွယ်လာတာကိုပါဘဲ ။ နေ့စဉ်ဘ၀ကို အခြေခံပြီး  အမြင့်ဆုံးရည်မှန်းချက်ပန်းတိုင်ကို ဆက်ပေးတဲ့ သက်ရှိသစ်ပင်တစ်ပင်လို့ပေါ့ ။

  • ဂန္ဒီက တစ်ခါပြောဖူးပါတယ် ။ မိုတီလာ နေရူး ( ဂျဝါဟလာနေရူးရဲ့ ဖခင် ) ရဲ့ အထူးခြားဆုံးအရည်အသွေးကတော့ သူ့သားအပေါ်ထားတဲ့ မေတ္တာဘဲ တဲ့..... '' အိန္ဒိယနိုင်ငံအပေါ်ထားတဲ့ မိုတီလာရဲ့ မေတ္တာဟာ ဂျဝါဟာလာအပေါ်ထားတဲ့ မေတ္တာကနေ ဆင်းသက်လာတာ ဖြစ်တယ် ''  တဲ့ ။  ဒီစကားကဘဲ ကျမကို တွေးမိစေပြန်ပါတယ် ........မြန်မာပြည်အပေါ်ထားတဲ့ ကျမရဲ့ မေတ္တာဟာ ကျမမမှတ်မိလိုက်တဲ့ အဖေ့အပေါ်ထားတဲ့ မေတ္တာက ဆင်းသက်လာလေသလား လို့ ပါ ။ ကျမ စိတ်ထဲ မကြာခဏပေါ်လာတတ်တဲ့ အဖေပုံရိပ်ဟာ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲမှာ ပါခဲ့သူရဲ့ အခန်းကဏ္ဍနဲ့ ခွဲခြားမရပါဘူး ။ ဆုံးခန်းမတိုင်သေးတဲ့ ကျမတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ကျမစိတ်ထဲမှာ လွတ်လပ်ရေးတိုက်ပွဲနဲ့ ယှဉ်တွဲပေါ်လာတတ်တယ်  ။ နေရူးနဲ့ သူ့အဖေ မိုတီလာကြားက ခိုင်မြဲတဲ့မေတ္တာ ၊ စိတ်နေစိတ်ထား နဲ့ သွေးသားသံယောဇဉ်တွေ ရှိပေမယ့် နေရူးဟာ ပြည်သူ့ မီးရှုးတန်ဆောင်လို့ သူသဘောထားတဲ့ ဂန္ဒီကိုလည်း အဖေတစ်ယောက်လို သဘောထားနိုင်ခဲ့တယ် ........ဒီနိုင်ငံရေး စိတ်ဓါတ်ရေးသဘောသဘာဝတွေဟာ ကျမတို့နှစ်ယောက်ကြားက ဒီ နိုင်ငံရေးနဲ့ စိတ်ဓါတ်ရေးတူညီမှုတွေဟာ ကျမနဲ့ နေရူးကို ပြောပြလို့မရတဲ့ ခိုင်မြဲမှုမျိုးနဲ့ ချည်နှောင်ထားပါတယ် ။ အဲဒီခိုင်မြဲမှုဟာ '' တို့တွေ အချင်းချင်း မစည်းလုံးရင် ကျဆုံးမှာဘဲ ''  ဆိုတဲ့ ဓမ္မဌိဌာန်ကျတဲ့ တွက်ချက်မှုတစ်ခုလို သေချာလှပါတယ် ။  '' တို့ဘ၀တွေရဲ့ အနှစ်သာရတွေ ရှင်သန်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်လိုအပ်တယ်  '' ဆိုတဲ့ ပုဂိုလ်ရေးချစ်ခင်မှုထက်လည်း နွေးထွေးလှပါတယ် ။

( မိုတီလာနေရူး ရှေ့တန်း အလယ် ၊ ဂျဝါဟလာနေရူး ၊ နောက်တန်းဘယ်ဘက်အစွန် ၊ ညာဖက် ဒုတိယမြောက်ကတော့ အင်ဒီရာဂန္ဒီငယ်စဉ်က )

(မိုတီလာနေရူးသည်လည်း ရှေ့နေ ၊ လွတ်လပ်ရေးခေါင်းဆောင် ၊ Congress Party ဥက္ကဌ နှစ်ခါ ဖြစ်ဖူးတယ် ။ နေရူး-ဂန္ဒီမျိုးဆက် Nehru-Gandhi Dynasty လို့ ခေါ်ရလောက်အောင် အိန္ဒိယမှာ မျိုးနဲ့ရိုးနဲ့ ပေါက်ရောက်ခဲ့သူများ ဖြစ်သည် ၊ ကွန်းဂရက်စ်ပါတီသည် သူတို့ မိသားစုပါတီလို့ လူတွေက ပြောကြတဲ့ အထိ ။)
  • နိုင်ငံရေးကြိုးပမ်းမှုတွေနဲ့ ကျမရဲ့ ပုဂိုလ်ရေးဘ၀ဟာ ခွဲခြားလို့ မရတော့ပါဘူးး။ မကြာသေးခင်က ဗာကလပ်ဟာဗဲလ်ရဲ့ အမှတ်တရတစ်ခုမှာ ဘာကြောင့် ဟာဗဲလ်ရယ် ၊ တခြားသော မိတ်ဆွေ သူငယ်ချင်းတွေ ၊ ကျမတခါမှ အပြင်မှာ မမြင်ဖူးတဲ့ လမ်းညွှန်မှုပေးသူတွေ ဟာ ကျမရဲ့ နိုင်ငံရေးကြိုးပမ်းမှုတွေမှာ တွန်းအားတွေ ဖြစ်စေသလဲဆိုတာ ကျမ ရှင်းပြခဲ့ဖူးပါတယ် ။  အဲဒီလို ရှင်းပြရာမှာ ဟိုးအောက်စ်ဖို့ဒ်မှာနေတုန်းက ခင်မင်ခဲ့ရသူ သူငယ်ချင်း Ann ရဲ့ ကျမအကြောင်းရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရည်ညွှန်းခဲ့တယ် ။
( မှတ်ချက် ။    ။  Ann Pasternak-Slate မှာ ကိုယ်တိုင်လည်း နာမည်ကြီးစာပေပညာရှင်နှင့်ဘာသာပြန်သူဖြစ်ပြီး အင်္ဂလိပ်လူမျိုးကဗျာဆရာ Craig Raine ရဲ့ ဇနီးလည်း ဖြစ်သည် ) ။


Czech Republic ရဲ့ ပထမဆုံးသမ္မတ ဗားကလပ်ဟာဗဲလ် ။ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းအားပေးခဲ့သူ ။ နာမည်ကြီး ပြဇာတ်ရေးဆရာ ၊ ကဗျာဆရာ နှင့် နိုင်ငံရေးအတိုက်အခံခေါင်းဆောင် ။ ၂၀၁၁ ဒီဇင်ဘာမှာကွယ်လွန် )

'' ဒေါ်စုရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနဲ့ အခြားစာစုများ '' အမည်ရ စာအုပ်ကို ဗာကလပ်ဟာဗဲလ်က မိတ်ဆက်စကား ရေးပေးခဲ့တယ် ။)

( Vaclav Havel Prize for Creative Dissent ။ အမေရိကန်ခရီးစဉ်အတွင်း )
  •  Ann က ကျမကို ရည်ရွယ်ပြီး ကဗျာတစ်ပုဒ်က စာသားတချို့ကို သုံးခဲ့ပါတယ် ။ အဲဒီကဗျာကို  အိုင်းရစ်စ်တော်လှန်ရေးသမား  Maud Gonne အတွက် ကဗျားဆရာ Yeats က ရေးခဲ့တာပါ ။

'' -မင်းရဲ့ ကျက်သရေခ ရွှင်ပြတဲ့အချိန်ကာလတွေကို ဘယ်နှစ်ယောက်လောက်များ ခင်တွယ် ခဲ့ဖူးပြီလဲကွယ်
  - မင်းရဲ့ အလှတရားကိုရော မေတ္တာစစ် ဒါမှမဟုတ်လည်း မေတ္တာယောင်နဲ့ ချစ်ခဲ့သူ ဘယ်နှစ်ယောက်များရှိခဲ့ပြီလဲ
-ဒါပေမယ့်လူတစ်ယောက်ကတော့ သစ္စာတရားကိုမမောမပန်းရှာနေတဲ့ မင်းရဲ့ စိတ်ဓါတ်ကလေးကို မြတ်နိုးနေဆဲပါ
-ရင့်ရော်ပြောင်းလဲလာတဲ့ မင်းမျက်နှာပေါ်က ၀မ်းနည်းကြေကွဲမှုတွေကို အမြတ်တနိုးရှိဆဲပါ ......... ''  တဲ့ ။

  • Ann က နောက်ဆုံးစာကြောင်းကို ချန်ထားခဲ့ပါတယ် ။ ကြည့်ရတာ သိပ်မင်္ဂလာမရှိဘူးလို့ ထင်လို့ နေမယ်....ကျမကတော့ အခု အဲဒီစာကြောင်းကိုပါ ထည့်ဆိုလိုက်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တစ်ခုလုံးဆိုမှဘဲ စာပိုဒ်အဓိပ္ပါယ်က အင်မတန် နူးညံ့ချိုသာတဲ့ ခံစားမှုကို ဖြစ်စေတဲ့ ခင်မင်မှု ဆိုတဲ့ အနက် သက်ရောက်သွားစေတယ်လေ ။ သစ္စာတရားရှာဖွေတဲ့ စိတ်ဓါတ်အတွက် အချစ်ခံရတာဟာ အချစ်ခင်ခံရမှုတွေထဲမှာ အကောင်းဆုံးပါဘဲလေ ။ ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းမှာ နားလည်ပေးခြင်းခံရတာ ၊ အားပေးခြင်းခံရတာဟာလည်း ဘယ်တော့မှ အထီးကျန်မှုကို မဖြစ်စေဘူးပေါ့ ။
  • ဒီနေ့ ကျမကို ဂျဝါဟလာနေရူး အထိမ်းအမှတ်ဆုပေးတဲ့အတွက် လူကြီးမင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ် ။ ကျမရဲ့ အဖိုးတန် မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ အိန္ဒိယခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဘ၀တွေဟာ မသေချာမရေရာတဲ့ လမ်းခရီးမှာ ကျမကို လမ်းမပျောက်အောင် စောင့်ရှောက်ခဲ့ကြလို့ပါဘဲ ။ နေရူးကို ရှာဖွေတွေ့ရှိခြင်းဟာ ကျမကိုယ်ကျမ ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်တယ်ဆိုရင် မမှားပါဘူးလို့ ပြောရင်း နိဂုံးချုပ်ပါတယ် ။






နောက်ဆုံးမှာ ဒေါ်စု ကိုးကားသွားတဲ့ ကဗျာ မူရင်း ။








ဘာသာပြန်- Spring Flowers နှင့် ကိုသန်းထွန်းအောင် ဒေါင်းမာန်ဟုန်အားအထူးကျေးဇုးတင်ရှိပါတယ်..