ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Monday, September 27, 2010

Views of inside and outside Burma ' Editors-part1 VOA

Waihnin Pwint Thon Speaks for Burma


Tuesday, September 7, 2010

Rich model from Burma



Her name is Shwe Sin . She use shopping cost is 90,000 to 100,000 US Dollor for one time .
No body don't know how become she rich.

“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ၀ယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ် ရွှေစင်က သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင် ဖြေဆိုထားသည်။

သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် The Crime ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း “ဒီကိုလာစတုန်းက မာ့ခ်တူး အလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။ နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့ ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖို့ ဝယ်လိုက်တယ်” ဟု ဖြေဆိုခဲ့သည်။

မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင် ၀င် ရောက် ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ၀င်ရောက်လာသူဖြစ်သည်။

http://guidingstarsofburma.blogspot.com/2012/04/blog-post_6932.html 


































မော်ဒယ်လောကမှာ စပွန်ဆာ ချစ်သူများလှတဲ့ မော်ဒယ်ရွှေစင်ဆိုတာ မြန်မာ အနုပညာလောကမှာ အလွန် နာမည်ကြီးလှပါ တယ်။

သူကိုင်တဲ့ တယ်လီဖုန်း ဟမ်းဆက်ကအစ စီးတဲ့ ဇိမ်ခံကား အဆုံး အမေရိကန် ဒေါ်လာ သိန်းချီ အကုန်အကျခံ ၀ယ်ထားတဲ့ အကြောင်း လူသိရှင်ကြား ပြောခဲ့သူပါ။

သူနဲ့ပတ်သက်ပြီး နာမည်ကျော် သူဌေးကြီးတဦးက အစစ အရာရာ နိုင်ငံခြားဈေးဝယ်ထွက်တိုင်း အမေရိကန် ဒေါ်လာတွေ တထပ်ကြီး ပေးလေ့ရှိတယ်လို့လည်း နံမည်ကြီးတယ်။

သူ့ကို Lucky လေး လို့ ချစ်စနိုးခေါ်ပါသတဲ့။

နောက်တခုက သူက တကယ်လဲ အဲဒီစပွန်ဆာချစ်သူအတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးခဲ့၊ မပေးခဲ့တော့ ကာယကံရှင်ပဲ သိမှာပါ။ သူ ကစားပွဲသွားတိုင်း ရွှေစင်က အမြဲလိုက်ရသူလေးပါ တဲ့။ ရွှေစင်ပါတဲ့အတွက် အမြဲပဲ အနိုင်တွေ ရခဲ့လို့လား မသိဘူး။

မနှစ်ကတော့ ရွှေစင်တယောက် ချစ်သူနဲ့ စကားများ ရန်ဖြစ်ရာကနေ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ ၁၉ ချက် ချုပ်လိုက်ရပါသတဲ့။

ဒီလောက် ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့ ပြည်သူ့ဆေးရုံဘာကြောင့် တက်ရသလဲ ဆိုပြီး ပရိတ်သတ်က စိတ်ဝင်စားကုန် တာပေါ့။ တကယ်တော့ မှုခင်းသဘော သက်ရောက်သွားလို့ အဲဒီတုန်းက ပုဂ္ဂလိက ဆေးရုံမတက်ခဲ့တာပါ တဲ့။



Monday, September 6, 2010

ဝိုင်းစုခိုင်သိန်း

ညွန်ကြားသူ စေခိုင်းလို့  သရုပ်ဆောင်ရခဲ့တယ်လို့  ဖြေရှင်းသူ
မိဘတွေက မြန်မာပြည်မှာ မရှိနေတာလား
မိဘတွေက သမိုင်းမှန် မပြောရဲ လောက်အောင် ကြောက်ရွံ့ နေရတဲ့ ဘဝမို့ လား ။ အတွေးအခေါ် ဆင်းရဲနေတာလား
မိဘတွေက စစ်အာဏာရှင် (ဝါ) လက်ဝေခံတွေလား
ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်က စစ်အာဏာရှင် အသိုင်းအဝိုင်းကလား

မြန်မာပြည်မှာ လွန်ခဲ့သော နှစ် ၂၀ ကျော်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မသိခဲ့ဘူးဆိုတဲ့သူ





စစ်အစိုးရ၏ ၀ါဒဖြန့်ကားရိုက်သူပါဝင်သည့် စတိတ်ရှိုး ဆန်ဖရန်စစ္စကိုက ကန့်ကွက်ဆန္ဒပြ
မိုးမခအထောက်တော် ၀၀၂၊ ဓာတ်ပုံသတင်း
စက်တင်ဘာ ၅၊ ၂၀၁၀

ယမန်နေ့ညနေက အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်၊ ဆန်ဖရန်ဘေးဧရိယာမှာ မြန်မာစတိတ်ရှိုးပွဲတခု ကျင်းပရာမှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများရဲ့ ကန့်ကွက်ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။



မြန်မာစစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးက အဲဒီစတိတ်ရှိုးမှာ တက်ရောက်ဖြော်ဖြေမှာဖြစ်လို့ ကန့်ကွက်ဆန္ဒပြတာ ဖြစ်တဲ့အပြင် မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးမှာ
ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးဒုက္ခသည်အချို့ ကိုယ်တိုင်က အဲသည်သရုပ်ဆောင်ပါဝင်တဲ့ စတိတ်ရှိုးကို
ဖြစ်မြောက်အောင် ၀ိုင်းဝန်းစီစဉ်ခဲ့တာကြောင့်လည်း အဓိကပါဝင်နေပါတယ်။



မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေးစိတ်ဝင်စားသူ မြန်မာမဟုတ်သူတွေနဲ့ ဆန္ဒပြသူ ၅၀ ဦးလောက် ရှိပြီး စတိတ်ရှိုးပွဲကို လူ ၄၀၀ ကျော် ၊ ၅၀၀ လောက် လာကြည့်ကြတယ်လို့ ခန့်မှန်းလို့ ရပါတယ်။ ဈေးရောင်းပွဲမှာ မြန်မာနိုင်ငံရေးဒုက္ခသည်များ တိုင်းရင်းသားများ အခြေချ နေထိုင်ရာ ဥက္ကလန်မြို့က မြန်မာတွေက အစားအသောက်တွေ ရောင်းချနေကြတယ်လို့ ဆန္ဒပြကန့်ကွက်ရန် ပွဲခင်းထဲရောက်ခဲ့တဲ့ တိုင်းရင်းသူအမျိုးသမီးက ပြောပြပါတယ်။ သူက လက်မှတ်မပါဘဲ ၀င်လာလို့ ပွဲစီစဉ်သူတွေထဲက တဦးက အပြင်ကို ပြန်ထွက်ခိုင်းလိုက်ပါတယ်။

ဆန္ဒပြပွဲ ရှိတယ်လို့ ကြိုတင်ပြီး ရဲကို အကြောင်းကြားထားတာကြောင့် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိ ၀န်ထမ်းတွေကို ရှင်းပြအပြီးမှာ ကန့်ကွက်ဆန္̔ဒပြသူတွေက ငြိမ်းချမ်းစွာနဲ့ လမ်းတဖက်ကနေ ဆိုင်းဘုတ်တွေ ပိုစတာတွေ ကိုင်စွဲပြီး ဆန္ဒပြကြပါတယ်။

ပွဲလာသူအချို့ကတော့ ကန့်ကွက်မယ့်သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်နေတာကြောင့် နှုတ်ဆက်စကား ပြောကြတာ ရှိသလို၊ မြန်မာပြည်အရေး သတင်းပြတ်နေသူတွေကတော့ အံ့သြသွားတာကို တွေ့ရပါတယ်။ ကန့်ကွက်ခံရမှာ သိထားသူတွေထဲက အချို့ကတော့ ဆန္ဒပြသူတွေကို ပြန်လည်ပြီး ပြက်ရယ်ပြုတာမျိုးတွေ ရှိပါတယ်။ တော်တော်များများကတော့ အဲဒီကိစ္စကို အရေးစိုက်တဲ့ပုံ မရှိပါဘူး။ အဲသည်ပွဲကြည့်ပရိသတ်များ မြင်ကွင်းကို အင်တာနက်အယ်လဘန်တခုမှာ အခုလို တင်ထားတာ တွေ့နိုင်ပါတယ်။
 http://picasaweb.google.com/102663657999858151468/ThanShweSFriendsAttendingWyneSueKhaiTheinPwe#





ရှေ့တပတ်မှာ အယ်လ်အေမှာ အဆိုပါ စတိတ်ရှိုး ကျင်းပဦးမှာ ဖြစ်ရာ အယ်လ်အေက မြန်မာ့အရေး လှုပ်ရှားသူများ၊ မြန်မာ့ဒီမိုကရေစီဘက်တော်သားများက ထိုပွဲမှာ သွားရောက် ကန့်ကွက်ဆန္ဒပြကြရန် စီစဉ်နေပြီ လို့ ပြောပါတယ်။ဒါအပြင် တပတ်အချိန်ကြိုတင် ရရှိထားတဲ့ အယ်လ်အေက မြန်မာ့အရေးလှုပ်ရှားသူတွေက ပွဲကြည့်ပရိသတ်တွေကိုယ်တိုင် နားလည်သဘောပေါက်ပြီး သပိတ်မှောက်လာကြဖို့အတွက်လည်း လိုက်လံရှင်းလင်း ပြောပြမယ်လို့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။


မိုးမခစာနယ်ဇင်းအဖွဲ့က ကားပေါ်မှာ မိုးမခစာနယ်ဇင်း ဆိုင်းဘုတ်အပြင် ကန့်ကွက်ဆန္ဒပြတဲ့ ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ တင်ပြီး ရပ်ထားတာကို တွေ့နိုင်ပါတယ်။



Thursday, September 2, 2010

နိုင်ငံခြားက နောက်ဆုံးပေါ် ကိုသုံးပါ ။

နိုင်ငံခြား ကိုဆေးကုသွားမယ် ။
နိုင်ငံခြား ကိုဆေးပစ္စည်းမှာတယ် ။
နိုင်ငံခြား ကိုလက်နက်မှာတယ် ။
နိုင်ငံခြား ကိုဆောက်လုပ်ရေးပစ္စည်းမှာတယ် ။
နိုင်ငံခြား ကိုပညာတော်သင်သွားတယ် ။
နိုင်ငံခြား ကိုအဝတ်အစားမှာတယ် ။
နိုင်ငံခြား အလုပ်သွားလုပ်မယ် ။
နိုင်ငံခြား မှာသီချင်းဆိုပြီး ဒေါ်လာရှာမယ် ။

နိုင်ငံခြား နောက်ဆုံးပေါ်နည်းစနစ် အတိုင်း
မြန်မာပြည်ကို တည်ဆောက်ကြဖို့ မမေ့ကြနဲ့ 



မြန်မာတနိုင်ငံလုံး နိုင်ငံခြား ဆိုတဲ့ ဝေါဟာရသည်
မြန်မာပြည်၏ နောက်ဆုံး ရည်မှန်းချက်ကြီး ဖြစ်နေပါသည် ။
ကလေးဘဝကစပြီး တက္ကသိုလ်ပြီးသည်အထိ
ကျောင်းမှာ စာကြိုးစားပြီး ပညာတော်အောင်သင်ကြားကြပြီး
စစ်ထဲဝင်သူတွေက ရုရှားနိုင်ငံ မြောက်ကိုရီးယား ပညာတော်သင်
အရပ်ဖက်တက္ကသိုလ်တွေက စက်ာပူ သြစတေးသျှ အဂ်လန်
စသည် စသည် နိုင်ငံခြားကို ဆက်ထွက်ဖို့ လူရွယ်တိုင်း၏ မဟာရည်မှန်းချက်ကြီးဖြစ်နေသည် ။
မြန်ာပြည်ကလွဲလျှင် တိုင်းပြည်တိုင်းဟာ နေချင်စရာဖြစ်နေလို့ လား
မြန်မာတွေ ကမ္ဘာအနှံ့ အပြားမှာ သွားရောက် အလုပ်လုပ် နေထိုင်ကြတဲ့ သတင်းတွေ ဖတ်နေရသည် ။

ဈေးထဲက အမှိုက်ကောက်တဲ့ အဖွားကြီး သမီးလဲ ထိုင်းက အထည်ချုပ်စက်ရုံမှာတဲ့
နေပြည်တော်က အဖွားကြိုင် သမီးလဲ တရုပ်မှာ ပညာသင်ခဲ့တယ် ။
လယ်ကူလီ မောင်ပွ သားက မလေးရှားမှာ ကူလီထမ်းရင်း မြန်မာပစ္စည်းတွေ ရောင်းတယ် ။
ဗိုလ်ချုပ်သား ဗိုလ်ကြီးမောင်ရွက ရုရှားမှာ ကျွန်ပညာသင်ရင်း ဘီယာအမြည်း မြန်မာအမဲခြောက်ရောင်းသည် ။

မြန်မာပြည်မှာ ဘာတွေဖြစ်ကုန်တာလဲ ။
အရှေ့ တောင်အာရှ စပါးကျီ
စပါးတောင်လိုပုံ စားဆီကို ရေချိုးနိုင်တဲ့  တိုင်းပြည် ။
သယံဇာတတွေက အခုထိ ရောင်းစားလို့ မကုန်သေးဖူး ။
ပေါများလွန်းလို့  ကုဋ္ဌေရှစ်ဆယ် သူဌေးသားအနွယ်တွေ ဖြစ်ပြီး
စကားများ တာက လွဲရင် လက်တွေ့ ကျကျ မတွေးတတ် ဘာမှမလုပ်တတ်လို့ 
လူဆိုး ဒမြတွေ စစ်တပ်ထဲဝင်ပြီး တိုင်းပြည်ကို သိမ်းသွားတာလား ။

နိုင်ငံခြားတိုင်းပြည်၏ လူ့ အဖွဲ့ အစည်း တည်ဆောက်ထားပုံကိုလည်း လေ့လာပြီး
မြန်မာပြည်ကိုလည်း ပြန်လည် ပြင်ဆင် တည်ဆောက် စေလိုပါသည် ။

နိုင်ငံခြားက တိုင်းပြည်တွေကို မြန်မာတွေ ဘာကြောင့်အထင်ကြီးရ တာလဲ ။
နိုင်ငံခြားတိုင်းပြည်တွေကို ဘယ်လိုတည်ဆောက်ထားတာလဲ
နိုင်ငံခြားတိုင်းပြည်တွေရဲ့  လူထု စုစည်းမှု ခေါင်းဆောင်မှုတွေကို
ဘယ်လို စစ်ဆေးပြီး အကောင်အထည်ဖေါ်ကြတာလဲ
လူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေထိုင်နိုင်တဲ့ ဒေသ ရပ်ဝန်းတခု ဖြစ်ပေါ်လာရေးအတွက်
လူသားတိုင်း တာဝန်ရှိသလို
မြန်မာပြည်၏ စစ်သားတိုင်းမှာလည်း တာဝန်ရှိနေသည် ။

. . . . . မိတ်ဆွေ သင့်ကြောင့် တိုင်းပြည်မှာ အာဏာရှင် မဖြစ်ပါစေနဲ့ . . .

အောက်ပါစာအုပ်မှာ တိုးတက်နေပြီဟု မြန်မာနိုင်ငံသားတွေ အထင်ကြီးနေသော
နိုင်ငံများ ကျင့်သုံးသော အခြေခံ ဥပဒေများဖြစ်သည် ။