ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, July 12, 2012

Response to the coalition of 31 international NGOs

                                                                                                12 July 2012


                                                     
 Response to the coalition of 31 international NGOs calling for the immigration law reform in Burma

As the Burmese political activists residing in overseas for more than two decades, we take the minority issue seriously. First of all, we would like to clarify that the recent crisis in Arakan state was not based on the race or religion but the crimes committed by both parties. The lack of rule of law and corruptions employed by the military rule for decades were to be blamed for it.

The question here for the coalition of 31 international NGOs that suggests what the lawmakers in Burma should do with regard to the immigration law reform is that  does it really think that more than 80% MPs made up of the cronies and goons of the military will listen to what they ask for? Of course not, it already knows it. If the coalition of 31 international NGOs thinks it might work to push the opposition MPs, including Daw Aung San Suu Kyi, made up of less than 20% in the whole parliament, in this case, there is something wrong with these NGOs.

Let’s say if Burma is a well established democracy, should the lawmakers in Burma listen to their constituents or a bunch of NGOs from overseas? Representative, in its own definition, is to represent the will of the constituents. Don’t the NGOs think? Also, is it so premature to suggest the lawmakers what should/ should not be inserted in the reform law that has not yet been set in the agenda to discuss in the parliament? Remember, no minority’s rights is still guaranteed under 2008 constitution in Burma.

If the coalition of 31 international NGOs thinks it has moral responsibility to craft the other nation’s laws, our question here is that how many of these NGOs members have involved in the law making process in their own country?

The fallacy of these NGOs begins with quoting the UN institutions that always have left the loopholes for the superpower nations and their cohorts to do whatever they want in the end. Let’s have a look at the most dangerous institution called R2P. Why did the superpowers use R2P against Libya? And, why don’t they use it against Syria, and why not? Does the coalition of 31 international NGOs think it should write a draft resolution or suggestion - “one size fit it all”, a universal approach - in this regard and send it to the UNSC? Anyway, the point we would like make here is that no law is perfect in this world. And, all of the laws must at least reflect the will of the majority people in the nations of their own.

Here is another example. The most powerful nation on earth called the US has signed the NDAA law during the Christmas Eve of last year, and maintained the Guantanamo prison for years. One violates the 4th amendment of the US constitution and the other violates the international law. Does the coalition of 31 international NGOs think it should write a draft and send it to the US lawmakers and others? And, may we ask them why/why not? Still, we are in serious doubt that the lawmakers in the US will pay attention to it.

If the coalition of 31 international NGOs thinks it can issue whatever statement it wants to Burma, one of worst trouble-spot nations on earth, without learning the opinion of the majority of the people in Burma in this regard, there will be a tremendous backlash and setback on these NGOs’ effort for democratization of Burma sooner rather than later.

Central Working Committee                                              
Working Committee

Contect person
U Htay Tint (The Netherlands)         +31206403687        +31 6 8151 9399
Daw Ohnmar Oo (UK)                         +447727236419




NGOs  ၃၁ ဖွဲ့၏ မြန်မာ ..က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုသည်ကို တုန့်ပြန်ချက်။
နိုင်ငံရပ်ခြားမှာ ဆယ်စုနှစ် စုကျော်ကျော် နေထိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများအနေဖြင့် လူနည်းစု ပြဿနာကို အလေးအနက်ထားရှိပါသည်။ ပထမဆုံး ပြောလိုသည်မှာ မကြာခင်က ဖြစ်ပွားခဲ့သည့် ရခိုင်အရေး အခင်းကိစ္စသည် ဦး ဖက်မှ ရာဇ၀တ်မှု့ ကျူးလွန်ခဲ့ကြသည်သာဖြစ်ပြီး လူမျိုးရေး ဘာသာရေးအပေါ်မှာ အခြေမခံပါ။ ဥပဒေမဲ့မှု့၊ လာဒ်စားမှု့တို့ကို ကျင့်သုံးခဲ့သည့် နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် စစ်အုပ်ချုပ်ရေးအပေါ်မှာသာ တာဝန်ရှိပါသည်။
(၃၁) ဖွဲ့သော နိုင်ငံခြား NGOs အုပ်စုအတွက် မေးခွန်းကတော့ ၈၀ ရာခိုင်နှုန်း နေရာယူထားသည့် စစ်တပ်နှင့် ၄င်း၏မိတ်ဆွေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက NGOs များ၏ အဆိုပြုချက်ကို နားထောင်လက်ခံ ပါ့မလား?? နားထောင်မှာ မဟုတ်သာသေချာသည်။ အဲ့ဒါကိုလည်း NGOs အသိပင်။ ဒီ (၃၁) ဖွဲ့သော NGO အုပ်စုက လွှတ်တော်ထဲမှာ ၂၀ ရာခိုင်နှုန်းသာရှိသည့် အတိုက်အခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဒီကိစ္စနှင့်ပတ်သက်ပြီး တွန်းအားပေးနိုင်မည်လို့ယူဆလျှင် ဒီ NGOs တွေမှာ တစ်ခုခုတော့ မှားနေပြီဆိုတာကို ထောက်ပြချင်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံတွင် ကောင်းမွန်စွာဒီမိုကရေစီ ဖွံ့ဖြိုးသော နိုင်ငံဖြစ်နေပြီဆိုကြပါစို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဥပဒေပြုသူများသည် ၄င်းတို့ မဲဆန္ဒရှင်များ၏စကားကို နားထောင်ရမည်လော သို့မဟုတ် တိုင်းတပါးက NGOs အုပ်စု၏စကားကို နားထောင်ရမည်လော ဆိုသည်မှာ စဉ်းစားရန်ရှိသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ သူရဲ့မူလအဓိပ္ပာယ်အရ ပြည်သူလူထု၏ ဆန္ဒကို ပြည်သူလူထု ကိုယ်စား အကောင်အထည်ဖော်ရန် တာဝန်ရှိသူများသည်ဖြစ်သည်။ ဤအချက်ကို NGOs များအနေဖြင့် သိရှိပြီးသားဖြစ်ပါလိမ့်မည်။ နောက်တချက်ကတော့ ပါလီမာန်အနေဖြင့် လ.၀.က ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဥပဒေကိစ္စကို ဆွေးနွေးမည် မဆွေးနွေးမည်ကို မသိရသေးဘဲ ဒီဥပဒေဟာ ဘာတွေထည့်ဆွေးနွေးမည်ဆို တာကို အကြံပေးတာ ပညာရှိမဆန်ပါ။ လက်တွေ့မှာတော့ မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေသည် မည်သည့်လူနည်းစု၊ လူမျိုးစု ဤအခွင့်အရေးများကိုမှ အာမ မခံပါ။
အကယ်၍ ဤ NGOs များအနေဖြင့် သူတပါးတိုင်းပြည်များ၏ ဥပဒေပြုလုပ်ငန်းစဉ်များတွင် ပါဝင်စွက်ဖက်ရန် တာဝန်ရှိသည်ဟု ယူဆပါက၊ ၎င်းတို့အနေဖြင့် မိမိတို့နေထိုင်သော တိုင်းပြည်အသီးသီးတွင် ဥပဒေပြုလုပ်ငန်းစဉ်များ၌ မည်မျှပါဝင်ပတ်သက်ခဲ့ဖူးပါသလည်း။ မိမိကိုယ် မိမိ မေးခွန်းထုတ်ရန်ရှိသည်။ ပိုမိုဆိုးရွားသည်မှာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း လ.၀.က ဥပဒေကို ပြုပြင်ပြောင်းလဲရမည့်အချက်ဖြစ်သည်။ မည်သည့်အစိုးရနိုင်ငံများမှ ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ခြင်းမရှိသည်ကို သတိပြုသင့်သည်။ ဥပမာအားဖြင့် ကုလသမဂ္ဂအင်အားကြီး နိုင်ငံများသည် R2P (Responsible 2 Protect) ဟု ခေါ်သော စစ်ရေးအရ ၀င်ရောက်ဖြေရှင်းခွင့် ဥပဒေကို အသုံးချပြီး Libya နိုင်ငံကို ကျူးကြော်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိ Syria နိုင်ငံ၏ ပြဿနာတွင် ဤဥပဒေ အကြောင်းကို ထည့်တွင်း စဉ်းစားခြင်းမရှိပါ။ အကယ်၍ ဥပဒေ တစ်ရပ်သည် နိုင်ငံတကားအဆင့်ဖြင့် သက်ရောက်ရှိရမည်ဟု ယူဆပါက ဤ NGOs များအနေဖြင့် ကုလသမဂ္ဂကို မေးခွန်းထုတ်သင့်ပါသည်။ ထုတ်ကော ထုတ်ဖူးပါသလား?? ဤနေရာမှာ ကျွန်ုပ်တို့ ပြောလိုသည့်အချက်မှာ ကမ္ဘာမှာ ပြီးပြည့်စုံသည့် ဥပဒေမရှိပါ။ သို့သော်လည်း ဥပဒေတိုင်းသည် မိမိနိုင်ငံ၏ နိုင်ငံသား အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရမည်သာဖြစ်သည်။
နောက်ထပ်ဥပမာ တစ်ခုကတော့ ကမ္ဘာ့အင်းအားအကြီးဆုံး၊ ဒီမိုကရေစီ အထွန်းကားဆုံး အမေရီကန်နိုင်ငံမှ ယနေ့ထုတ်ပြန်ထားသော အမျိုးသားကာကွယ်စောင့်ရှောက်ရေး ဥပဒေ (NDAA, National Defense Authorization Acts) နှင့် တိုင်းတပါးသား မွတ်စလင်များကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသော Guatanamo အကျဉ်းထောင် ကိစ္စတို့ဖြစ်ပြီး။ အမျိုးသားကာကွယ်စောင့်ရှောက်ရေးဥပဒေသည် အမေရီကန်နိုင်ငံ၏ အဖွဲ့အစည်း အုပ်ချုပ်ရေးဥပဒေကို ဆန့်ကျင်ပြီး၊ Guatanamo အကျဉ်းထောင်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ကို ဤ NGOs များအနေဖြင့် သိပါသလား။ သိသည်ဆိုပါက NGOs များအနေဖြင့် ဥပဒေမူကြမ်းများ အကြံပြုချက်များ အမေရီကန်အစိုးရကို ပေးပို့ခဲ့ဖူးပါသလား။ အမေရီကန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားထက် တိုင်းတပါး NGOs များ၏ အကြံဥာဏ်ကို လက်ခံလိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် မယူဆပါ။
နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံသားများ၏ ဆန္ဒကို မလေ့လာပဲ ဤ NGOs များအနေဖြင့် မိမိတို့ ထင်ရာ မြင်ရာများကို မြန်မာနိုင်ငံ၏ သဘာဝ အခြေအနေကို မလေ့လာဘဲ ၀င်ရောက်စွက်ဖက်နေပါက မိမိတို့၏၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကူညီဆောင်ရွက်မှုများသည် အလဟဿ ဖြစ်နေမည်သာ ဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် သတိပေးလိုက်သည်။

အလုပ်အမှုဆောင်ဗဟိုကော်မတီ                             
အလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဝင်များ



Monday, July 9, 2012

လူ့ကပ်ပါး သံကောင်


လူ့ကပ်ပါး သံကောင်

      လူ့ကပ်ပါး သံကောင်

   
ယခုအချိန်ကာလသည် တိုင်းပြည်တွင်း၌ အပြောင်းအလဲများ ဆက်တိုက် ဆိုသလို ပေါ်ပေါက်နေချိန်တွင် တော်လှန်ရေး သန့်စင်မှု လုပ်ငန်းတခု အနေဖြင့် စတင်ဖေါ်ဆောင်ရန် လိုအပ်သည်နှင့်အညီ မိမိ၏ အတွေ့အ ကြုံနှင့် ရရှိထားသည့် အချက်အလက်များအား တော်လှန်ရေး အသိုင်းအ ၀ိုင်းနှင့် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်ကြီးများအား အသိပေး သတိ ပေးခြင်း ပြုလိုက်ပါသည်။
နှစ်ပေါင်း (၂၀) ကျော်တွင် မြန်မာ့နိုင်ငံရေးကို အတိုက်အခံအုပ်စုများနှင့် စစ်တပ်လိုလားသည့် အုပ်စုများ ဖြတ်သန်းကြရာတွင် စစ်ဖက်လိုလား သည့် အုပ်စုသည် အချင်းချင်းစည်းလုံးညီညွတ်ပြီး အကျိုးတူစီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်ကို တွေ့ရသည်။
ဥပမာပြရရလျင် စစ်တပ်အရာရှိကြီးများက စီးပွားရေးသမားများကို အခွင့် အရေးများပေး၍ စီးပွားရေးသမားများကလည်း စစ်တပ်အရာရှိကြီးများ အား ပြန်လည်၍ အမြတ်အစွန်းများခွဲဝေကာ အတူတကွစားသုံးကြသဖြင့် ယနေ့ထိ အင်အား တောင့်တင်းခိုင်မာလျှက် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် များကို ဆက်လက် အကောင်အထည်ဖော်နိုင်ခဲ့သည်။
အခြားတဖက်တွင်ရှိသော အတိုက်အခံအုပ်စုများတွင်မူကား ၎င်းတို့နှင့် ဆန့်ကျင်လျှက် ရှိနေသည်။ ဒီမိုကရေစီအတိုက် အခံ အခြေခံအင်အားစုများကြောင့် အနှစ် (၂၀) အတွင်းတွင် ရရှိလာခဲ့သည့် ဒီမိုကရေစီရရှိရေးအတွက် ပံ့ပိုးမှုများဖြစ် သည့် အမေရိကန်ဒေါ်လာငွေ သန်းနှင့်ချီသည့် ငွေကြေးများ၊ ပညာတော် သင်အခွင့်အရေးများကို လူလည်ကျသော ခေါင်းဆောင်တန်းတွင် နေရာယူထားသည့် နိုင်ငံရေးအဖွဲ့ အစည်းခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟု ကိုယ့် ကိုကိုယ် တံဆိပ်တံထားသူများသာ ရယူခဲ့ကြသည်၊ ခံစားလျှက်ရှိကြသည်။ ဤကဲ့သို့ အခြေခံအခွင့်အရေးများ ညီညွတ်မျှ တမှု မရှိသောကြောင့် အတိုက်အခံအုပ်စုများတွင် အုပ်စုများ အမျိုးမျိုးကွဲကာ မည်သို့မျှ စည်းရုံးညီညွတ်မှု မရဘဲ ပြိုကွဲ လျှက် ညီညွတ်မှုမရှိဘဲ ဖြတ်သန်းနေကြသည်။
ယခုအခါ ထိုအချောင်သမားတို့သည် ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှ အခွင့်အရေးများကို အစွမ်းကုန် သုံးစားပြီး နောက် စစ်အုပ်စုနှင့်ပေါင်းကာ တိုင်းပြည်နှင့်လူမျိုးအပေါ် နိုင်ငံရေးဗန်းပြပြီး ဆက်လက်ကိုယ်ကျိုးရှာဖို့ အားထုတ်နေကြ သည်။
ထို့ကြောင့် စာရေးသူအနေဖြင့် ပြည်တွင်းပြည်ပမှ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်နေသူများ သကဲ့သို့ နိုင်ငံရေးအကျင့်ပျက်ချစားနေသူများထဲမှ အလွန်အန္တရယ်ကြီးသည်။ လောက်ကောင် တ ကောင်အား ဥပမာ ပေး၍ တင်ပြလိုပါသည်။ ထိုသို့ တင်ပြရခြင်းမှာလည်း တိုင်းပြည်၏ နောင်အနာဂတ်အရေးအတွက် ကျရောက်လာမည့် အန္တရာယ်ဆိုးများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တင်ပြရခြင်းဖြစ်ပါသည်။
အရင်ဦးဆုံး တင်ပြမယ့် ပုဂ္ဂိုလ်ကတော့ စီးပွားရေးပညာရှင် ဇော်ဦး ပဲ ဖြစ်ပါတယ်။
တကယ်တော့ ဇော်ဦးဟာ ဥပမာနဲ့ ပြာရလျင် တော်လှန်ရေး အစကနဦးကတည်းက ယနေ့ထက်တိုင်အောင် အခွင့်အ ရေးများကို အဆင့်ဆင့်စားသုံး အသက်ရှင်သန်ကြီးထွားလျှက်ရှိနေသည့် လူ၏မစင်နှင့် တိရိစ္ဆာန် မစင်များကြားတွင် သံ သရာလည်ကျက်စားသော ကပ်ပါးသံကောင်များကဲ့သို့ နိုင်ငံရေးအကျင့်ပျက် သံကောင်များထဲမှ သံကောင်တကောင်ဖြစ် သည့် ဇော်ဦး အကြောင်းနှင့် ထိုသူ၏ ကိုယ်ကျိုးရှာလုပ်ရပ်သည် မြန်မာနိုင်ငံ၏ အနာဂတ်အန္တရာယ် ဖြစ်လာနိုင်သည့် အကြောင်းကို ဦးစွာပထမ ဖော်ပြလိုက်ပါသည်။
ကျောင်းသားတပ်မတော် (ABSDF) ဘုရားသုံးဆူစခန်း ပြိုကွဲရခြင်း
၁၉၈၈ ခုနှစ်ကာလ ဇော်ဦးသည် ဘုရားသုံးဆူစခန်း ဥက္ကဋ္ဌ အနေဖြင့်ခံယူကာ အပြည်ပြည်ဆိုင်ရာမှ အထောက်အပံ့အား လုံးကို တဦးတည်းချုပ်ကိုင်ကာ ငွေစာရင်းရှင်းလင်းခြင်း၊ ရရှိသည့် ငွေကြေးပမာဏများအား ရှင်းလင်းစွာ အသိပေးခြင်း တို့ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ တာဝန်ခံတဦးအနေဖြင့် ချုပ်ကိုင်ထားကာ စခန်းမှ ရဲဘော်များအား တပည့်မွေး ဆရာမွေး စနစ်ကို ကျင့်သုံးခဲ့ပါသည်။ စခန်းရှိ ရဲဘော်များ ငှက်ဖျားရောဂါ ခံစားနေရမှုများ၊ ငတ်မွတ်ခေါင်းပါးမှုများ ရာသီဥတုဒဏ် များကြောင့် အသေအပျောက်များခြင်း စသည့် ဆင်းရဲဒုက္ခများခံစားနေရချိန်တွင် စခန်းတွင် တပတ်ထက်မကျော်သော ရက်များဖြင့် နေ့လာ ညပျောက် စခန်းဥက္ကဋ္ဌ လုပ်ခဲ့ပါသည်။
စခန်းသို့ လာရောက်စဉ်တွင်လည်း သူ၏အကောင်းစားအ၀တ်အစား အသုံးအဆောင်များအား အ၀တ်အစားအဟောင်း များနှင့် လဲလှယ်ဝတ်ဆင်ပြီး တကယ် ပင်ပင်ပန်းပန်း ပေပေရေရေဖြင့် အများအကျိုး လုပ်နေဟန်ဆောင်ထားသော ရုပ် ဖြင့် စခန်းသို့ ဝင်လာခဲ့ပါသည်။
ဤကာလတွင် ညီညွတ်မျှတမှုမရှိသည့် ဖြစ်ရပ်များမှာ စခန်းရှိ ရဲဘော်များ စားရမဲ့သောက်ရမဲ့ဘဝ ဖြစ်နေချိန်တွင် ၎င်းမှ စခန်းတွင်နေထိုင်မှုမရှိဘဲ စံခရဘူရီမြို့တွင် သူ၏နောက်လိုက်နောက်ပါများဖြင့် ၀ါးဖောင်တည်း ခိုခန်းတွင် ပြည်တန်ဆာ များနှင့် ပျော်ပါးခြင်း၊ ဘန်ကောက်မြို့တည်းခိုခန်းများတွင်လည်း အတိုင်းအဆမရှိ သုံးဖြုန်းစားသောက်နေထိုင်ခဲ့သည်။
မိမိလုပ်ငန်းစစ်ဆေးရေး တာဝန်ယူစဉ်အခါက ABSDF ရုံးခန်းရှိသော်လည်း ဗဟိုနှင့် အဆက်အသွယ်မလုပ်ဘဲ ဘန် ကောက်မြို့ ပါတနာကန် ရပ်ကွက်တွင် အခန်းတခန်းငှားထားကြောင်းကို သိရှိခ့ရဲသည်။ ထိုစဉ်အခါက ဘတ်ငွေ တ သောင်းတထောင် အိမ်လခပေးရန်လိုကြောင်း မိမိအား တင်ပြလာသည်။ ထိုအခန်းသည် ရဲဘော်များ ဘန်ကောက် ရောက်လျင် တည်းခိုရန်အတွက် ဖွင့်ထားသည့်အခန်းဟု သိရှိရသည်။ ထို့ကြောင့် ၎င်းအခန်း ခပေးရန်လိုသည့်အတွက် မိမိအား စိုက်ထုတ်ပေးရန် ပြောသဖြင့် မိမိမှပေးခဲ့ပါသည်။ မယုံကြည်သော်လည်း အုပ်စုကွဲပြီး စခန်းမတည်ငြိမ်မှုများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုငွေအား ပေးခဲ့ခြင်းဖြစ်သည်။နောင်မှ ထိုအခန်းကို အခြားတနေရာမှ ထောက်ပံ့မှုဖြင့် ငှားထား ကြောင်း သိရှိခဲ့ရ ပြန်ပါသည်။ ၎င်းသည် ထိုအခန်းတွင်နေထိုင်ရုံမျှမက ဦးတင်မောင်ဝင်း၏ နေအိမ်တွင်လည်း တခါတရံ သွားရောက်နေထိုင်ခဲ့ပြီး တယ်လီဖုန်းများကို မြန်မာပြည်သို့ ခိုးဆက်ခဲ့ရာ ဖုန်းဘေလ်ဆောင်သည့် အခါမှ ဘတ် ထောင် သောင်းချီကျနေပြီး ဇော်ဦး ခိုးဆက်ထားမှန်း ဦးတင်မောင်ဝင်း က သိရှိခဲ့သည်ဟု ပြောပြသဖြင့် ABSDF ရဲဘော် တဦး အနေဖြင့် သူ့အစား ရှက်ခဲ့မိပါသည်။
၎င်းမှ စခန်းရှိ ရဲမေများအား ဘန်ကောကသို့ ဆေးကုပေးရန် အကြောင်းပြ၍လည်းကောင်း၊ ဒုက္ခသည် အဖြစ်လည်း ကောင်း လျှောက်ပေးရန် ခေါ်ဆောင်သွားပြီး စခန်းသို့ ပြန်ရောက်လာသည့်အခါ မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြသည် ကို မြင်တွေ့ခဲ့ရသည်။ ထို့အတူ အချို့ မစို့တစို ယောင်္ကျားလေးများပင် အခြောက်ဘ၀သို့ သက်ဆင်းခဲ့ရသည်။ နဂါချိဆန် (ရွှေဝါရောင် တော်လှန်ရေးတွင် ကျဆုံးသွားသော ဂျပန်သတင်းထောက်)နှင့် အဖွဲ့ ဘုရားသုံးဆူစခန်းသို့ လာစဉ် အမဲ သားဝယ်ကျွေးသဖြင့် ရဲဘော်များ တယောက်တတုံး ရကြသည်၊ ထွန်းနိုင် တို့ ညီအကိုက တတုံးပဲ မျှစားကြပြီး ကျန်တ တုံးကို သိမ်းထားရာတွင်၊ ဘောကြီးဆိုသူက ခိုးစားသည်ကိုသိပြီး ထိုးမည်လိုက်သည့်အခါ ကြောက်လန့်စွာထွက် ပြေး သဖြင့် ရန်သူဖမ်းမိကာ အသတ်ခံလိုက်ရသည့် ဖြစ်ရပ်မှာ ရင်နာစရာကောင်းသည်။
စိတ်မကောင်းစရာ ဒီအကြောင်းကို ပြန်ပြောရတာက အဲဒီအချိန်က စခန်းရှိကျောင်းသားတွေရဲ့ ဆင်းရဲခေါင်းပါးလှတဲ့ အချိန်မှာ လူလည်လူလိမ် ဇော်ဦး တယောက်ကတော့ ဘယ်သူတွေ ဘာဖြစ်နေနေ ကိုယ်သက်သာရာ သက်သာကြောင်း
ကောင်းကောင်းနေ ကောင်းကောင်းစားရဖို့ အရှက်မရှိ အဲဒီလို လုပ်ခဲ့တယ်ဆိုတာကို သိစေချင်လို့ တင်ပြရခြင်းဖြစ်ပါ သည်။
ထိုကဲ့သို ရဲဘော်များ ငတ်လွန်မက ငတ်နေသည်၊ ဆားများလွန်သဖြင့် ယင်ကောင်ပင်မနားသည့် “ယင်မနားငပိ” ကို စားခဲ့ရသည့် ဘဝ၊ ဘုရားသုံးဆူတဝိုက် ပေါက်နေသော စိမ်းစိမ်းအပင်မှန်သမျှကို စားနေရသောဘဝ၊ ဝတ်စရာမရှိသဖြင့် မဲနှိုက်၍ ထမီပေါက်လျင် ရသောထမီကိုသာ ဝတ်ရသောဘဝနှင့် ဖြစ်သလိုနေခြဲ့ကသော ရဲဘော်များဘဝကို ဇော်ဦး တို့ က ဂရုမစိုက် အရေးပင်မလုပ်ခဲ့ချေ။
ထိုကဲ့သို့ ABSDF ရဲဘော်များအပေါ် ခုတုံးလုပ်ကိုယ်ကျိုးရှာ အမြတ်ထုတ်သွားသည့် ဇော်ဦးသည် မြန်မာနိုင်ငံသို့ပြန်ပြီး သတင်းမီဒီယာကို အသုံးချ၍ သူသည် ABSDF ခေါင်းဆောင်ဟု ပြောသည်ကို ကြားရသည့်အခါ ကျနော်အပါအဝင် ရဲ ဘော်များ အလွန်ခံပြင်းဒေါသ ထွက်ခဲ့ကြရပါသည်။ ထိုကဲ့သို့ ရဲဘော် ရဲမေများ အားနည်းချက်၊ ငွေကြေး ချို့တဲ့မှုများကို အခွင့်ကောင်းယူခဲ့သည့် တကိုယ်ကောင်းသမား၊ တော်လှန်ရေးရဲဘော်၊ ရဲမေများများအပေါ် စည်းမထားဘဲ လူမှုရေးအရ
အကျင့်ပျက်ဖေါက်ပြန်နေသော ဇော်ဦးအကြောင်းကို၊ ကိုအောင်သူငြိမ်း တို့ (ယခု ဗဟုအဖွဲ့ဝင်များ) မှ သိရှိပြီး စခန်းတွင် စတင်ဆန့်ကျင်လာပြီး ပြဿနာများ တက်လာခဲ့သည်။
ဇော်ဦးနှင့် သူပေးကျွေးထားသော အခွင့်ထူးခံအဖွဲ့နှင့် အခြေအတင်ဖြစ်ပြီးနောက် စခန်းမတည်မငြိမ် စဖြစ်လာခဲ့သည်။
ထို့နောက် ဇော်ဦးအား စခန်းဥက္ကဋ္ဌအဖြစ်မှ ဖြုတ်ချကာ အောင်သူငြိမ်းအား ဥက္ကဋ္ဌအဖြစ် တင်ခဲ့သည်။
ဤအချိန်တွင် အလှူရှင်တချို့မှ စစ်သင်တန်းဆင်းပွဲအတွက် အချိန်မီလှူထားသည့် ယူနီဖောင်းများကို ဇော်ဦးမှ လက်ခံ ထားရှိပြီးဖြစ်သော်လည်း ၎င်းဥက္ကဋ္ဌမဟုတ်တော့သည့်အတွက် စခန်းသို့ နောက်ကျမှ ပေးပို့ခဲ့သည်။ ထို့ကြောင့် ရဲဘော် များ ပုဆိုးများနှင့် ခါးတောင်းကျိုက်၍ သင်တန်းဆင်းခဲ့ကြရသည်။ သင်တန်းဆင်းပွဲ ဓါတ်ပုံဖလင်များကိုလဲ မတော်တဆ ဟုဆိုကာ သမိုင်းဝင် ဖလင်မှတ်တမ်းများကို ယုတ်မာစွာ ဖျက်ဆီးပစ်ခဲ့သည်။
ထိုမှစ၍ အောင်သူငြိမ်း တို့သည် ဇော်ဦး၏ ဆန့်ကျင်ဘက် အုပ်စုတစုအနေဖြင့် ရပ်တည်သွားတော့သည်။ ဤပြသနာများ ကြောင့် စခန်းတွင်းရှိ ရဲဘော်အချင်းချင်း အာပီဂျေနှင့် ပစ်ခတ်သည့်အဆင့်သို့ ရောက်ရှိပြီး ဗုံးသီးမပေါက်ကွဲခဲ့သဖြင့်သာ ရဲဘော်များ အသေအပျောက် မဖြစ်ခဲ့သော်လည်း ကြီးမားသည့် စိတ်ဝမ်းကွဲသည့် ပြဿနာဖြစ်ပေါ်ခဲ့ပါသည်။
ထိုကြောင့် …
ဗဟိုမှ တာဝန်ရှိသည့် ဒေါက်တာ သောင်းထွန်းမှ လာရောက်စစ်ဆေးရာ ဒညတမှ ပိုက်ဆံများယူပြီး လူတွင်ကျယ် လာ လုပ်သည့် ဇော်ဦး ကြောင့် ထိုပြဿနာများဖြစ်သည်ကို သိရှိသွားသည်။ ထို့အတူ စခန်းမှ လူများသည်လည်း ဖရိုဖရဲဖြစ် ကာ ဒုက္ခသည်လျှောက်သူများ၊ ပြည်တွင်းပြန်ဝင်သူများ၊ အခြားစခန်းသို့ ပြောင်းရွှေ့ သူများ၊ စခန်းမှ ထွက်၍ ထိုင်းနိုင်ငံ
တွင်းသို့ ၀င်ရောက်အလုပ်လုပ်ကိုင်သူများ အများအပြားဖြစ်လာပြီး စခန်တွင် မိုးဗြဲဒယ်အိုး (၆) အိုးချက်ကနေရာမှ (၂) အိုးသာ ချက်ရတော့သည့် အဖြစ်သို့ ရောက်ခဲ့ရသည်။
ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) ပြိုကွဲသွားခြင်း
နောက်ပိုင်းတွင် ငွေကြေးတောင့်တင်းသည့် ဒညတအဖွဲ့တွင် လျှို့ဝှက်အဖွဲ့ဝင်ဘဝမှ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဗြောင် လုပ်ကိုင်လာသည်ကို တွေ့ခဲ့ရသည်။ 
 ဇော်ဦး ဒညတ တွင် နေထိုင်စဉ် ကာလတွင်လည်း အောက်ခြေရဲဘော်များအား ထိုင်းရဲမှ မကြာခဏဖမ်းခံရချိန်တွင် ဇော်ဦးမှ မြန်မာနိုင်ငံကူး လက်မှတ်အတု (Passport) ကို သူကိုယ်တိုင် အတုလုပ် ကိုင်ပြီး (Passport) အတုများကို ထည်လဲကိုင်ဆောင်နေသဖြင့် ရဲဖမ်းခြင်းမှ လွတ်အောင်နေခဲ့သည်။ ထိုသို့ ဇော်ဦး ဒညတ ၀င်ရောက်သွားသည်နှင့် ဒညတတွင်လည်း ငွေကြေးချစားမှုများ၊ မညီညွတ်မမျှတမှုများ ဖြစ်ပေါ်တိုးတက်လာ ကာ အောက်ခြေရဲဘော်များဖြင့် ညီညွတ်ရေး ပြိုကွဲခဲ့ကြရသည်။
နိုင်ငံရေးကျောင်းသားများ၏ အညွန့်ကို ခူးစားခြင်း
၁၉၉၃ ခုနှစ်ကာလများအတွင်း ကျောင်းသားများသည် တောတွင်းတိုက်ပွဲအပြင် ဘန်ကောက်၌ နိုင်ငံရေးတိုက်ပွဲများကို စတင်ဖေါ်ဆောင်လာခဲ့ပေသည်။ ၎င်းကာလများ၌ ထိုင်းနိုင်ငံတွင် နိုင်ငံရေးတိုက်ပွဲများ ဖြစ်သည့် သံရုံးရှေ့ဆန္ဒပြခြင်းများ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများ၊ ထောင်တွင်းအစာငတ်ခံဆန္ဒပြတိုက်ပွဲများကို ဖေါ်ဆောင်ခဲ့ကြသည်။
ထိုအချိန်ကာလတွင် ၎င်းမှ တော်လှန်ရေးနိုင်ငံရေး အသိုင်းအ၀ိုင်းမှ မဟုတ်သောသူများအား ဒုက္ခသည်အဖြစ် လိမ်လည် ၍ ကူညီလျှောက်ထားပေးခြင်းများဖြင့် အဂတိ လိုက်စားခဲ့သည်။ ထိုသို့လျှောက်ထားပေးရာတွင် အမျိုးသမီငယ်များလည်း ပန်းကောင်းအညွန့်ချိုး ခံခဲ့ရသည်။
မြန်မာကျောင်းသားများ၏ ထိုင်းနိုင်ငံတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် Open Society အဖွဲ့ မှ သိရှိလာကာ မြန်မာ ကျောင်းသားများအတွက် ပညာတော်သင် (Scholarship) စကောလားရှစ် အစီအစဉ်များ ပေါ်ပေါက်လာခဲ့သည်။ ထို အစီစဉ်ပေါ်လာခဲ့ရာတွင်လည်း ဇော်ဦးမှ အညွန့်ခူးသွားခဲ့ပြန်သည်။ သူတဦးတည်းမဟုတ် တော်လှန်ရေးကျောင်းသား များအတွက် ပညာသင်ဆုကိုဖြတ်ယူ၍ ပြင်ပအသိုင်းအ၀ိုင်းမှ သူခြေတော်တင်ထားသည့်  မိန်းခလေးငယ်များအပါအ၀င် သူနှင့် လက်သင့်ရာများကို ထည့်သွင်းလျှောက်ထားရယူစေခြင်းဖြင့် အညွန့်ခူးစေသည်။
ကပ်ပါးသံသရာလည်ခြင်း
ထို့နောက် ဇော်ဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီး အလုပ်အကိုင်မရ ဖြစ်နေချိန်တွင် အင်န်စီဂျီယူဘ်ီထံတွင် အလုပ်သွားလျှောက်ရာ ဒေါက်တာသောင်းထွန်း (ဒညတအား အလွန်မုန်းတီးခဲ့သူ) ဦးစီးသည့် ၎င်းအဖွဲ့မှ ဒညတ ခေါင်း ဆောင်တဦးဖြစ်ခဲ့သည့် ဇော်ဦးအား အလုပ်ခန့်လိုက်သည်။ ထိုမှတဆင့် မြန်မာ့ငွေကြေးရန်ပုံငွေအဖွဲ့  (Burma Fund) ဘာမားဖန်တွင် ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်ပြန်သည်။ ဤအချိန်တွင် အိမ်ယာမြေဈေး အကြီးဆုံးဖြစ် သည့် ၀ါရှင်တန်ဒီစီ နေရာတွင် မည်သို့ကြံဖန်လိုက်သည်မသိ ဇော်ဦး အိမ်တလုံး ပိုင်ဆိုင်သွားတော့သည်။ (ထိုအချိန်က ဒေါက်တာစိန်ဝင်း အိမ်ဌား၍ နေထိုင်နေရဆဲဖြစ်သည်)။
ထိုကာလမှာပဲ ကျနော့် မိတ်ဆွေတဦးဖြစ်သူ အမေရိကန်လူမျိုး မစ္စတာစကော်ဒီ (မြန်မာဗုဒ္ဓဘာသာလေ့လာနေသူ University of Pennsylvania) သည် ဇော်ဦး အိမ်၌ ဇော်ဦး မရှိခိုက်တွင် ဇော်ဦး၏ အဒေါ်ဆိုသူနှင့် အမှတ်မထင်တွေ့ခဲ့ ပြီး ထိုအဒေါ်ဆိုသူမှ သူသည် နအဖအစိုးရမှ ပညာရေးအစီအစဉ်ဖြင့် လွတ်လိုက်သည့် ကိုယ်စားလှယ်ဖြစ်ကြောင်းနှင့် US State Department နှင့် တွေ့ရန် လာသည်ဖြစ်ကြောင်းကို ပြောပြခဲ့သဖြင့် ဇော်ဦးဟာ ထိုစဉ်ကပင် နအဖအသိုင်း အ၀ိုင်းနှင့် အဆက်အသွယ် ရှိကြောင်း သိရှိခ့ရဲသည်။ ထိုကိစ္စကို ကျနော်မှ အင်စီဂျီယူဘီနှင့် ကိုမောင်မောင် တို့ကို သ တင်းပေးပို့ခဲ့သော်လည်း မည်သည့်အရေးယူဆောင်ရွက်ကိုမျှ မပြုလုပ်ခဲ့ကြပါ။
နောက်ပိုင်းတွင် ဘာမားဖန် ဒါရိုက်တာ မြန်မာ့ရံပုံငွေအဖွဲ့ ဦးဆောင်ညွန်ကြားရေးမှူး ရာထူးနှင့်အတူ ဇော်ဦး မည်သို့ လုပ် လိုက်သည်မသိ တိုတောင်းသော အချိန်ကာအတွင်း နောက်ထပ် အိမ် (၁) လုံးနှင့် ကား (၁) စီးကို ပိုင်ဆိုင်ခဲ့တော့သည်။
Burma Fund ဒါရိုက်တာအဖြစ် လုပ်ကိုင်နေစဉ် နှစ် ၂၀ တိုင်တိုင် ငွေစာရင်းရှင်းတမ်းကို သူပြည်သူသို မချပြသည့် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ညွန့်ပေါင်းအစိုးရ ဝန်ကြီးများအဖွဲ့အရှိန်ဖြင့် ပေးလာသော ထောက်ပံ့ငွေများ၊ အဆက်အသွယ်များ၊ ဒိုနာများနှင့် ချိတ်ဆက်မိပြီးသည့်နောက် ဟန်ညောင်ရွှေက အင်န်စီဂျီယူဘီမှ ခွဲထွက်ပြီး Euro-Burma Office ဆိုကာ တစင်ထောင်သလို၊ ဇော်ဦးကလည်း အင်န်စီဂျီယူဘီကို ခြေစုံကန်ပြီး ဘားမားဖန်မှ နှုတ်ထွက်သွားကာ ဟားဗတ်အုပ်စု အားငွေပေးဝယ်ယူခါ ဗဟုအဖွဲ့ကို ဖွဲ့စည်းပြီး တစင်ထောင်လိုက်ပြန်သည်။
ယခင်က ဇော်ဦး ရဲ့ အကျင့်ပျက်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ကိုအောင်သူငြိမ်း၊ ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦး တို့သည် ယနေ့ တွင် ဇော်ဦး ကို အလုပ်အကျွေး ပြုနေကြသည့် လခစားများ ဖြစ်နေကြသည်မှာ နားမလည်နိုင်စရာ သံဝေဂတရားလို့ပဲ မှတ်ရပါတော့သည်။
ဤနောက်ပိုင်းတွင် …
ဘားမားဖန်မှ ဇော်ဦးနှင့် ဥရောပ ဟန်ညောင်ဝေတို့ ချိတ်ဆက်ကာ ဘဏ္ဍာရေးသော့ တချောင်းစီ ဖလှယ်လိုက်ကြသည်။ ယခုအချိန်တွင် ဘာမားဖန် ဒါရိုက်တာနေရာတွင် ဇော်ဦး အစား ဒေါက်တာသောင်းထွန်းမှ လုပ်ကိုင်စားသောက်နေသည်။ ဤအချက်များကို ကြည့်လျင် လူ့ဝမ်းထဲမှ မစင်နှင့် ရော၍ကျလာသော ကပ်ပါးကောင် တုတ်ကောင် သန်ကောင် (Paras ites) များကို ကြက်၊ ၀က် ဘဲ ငါး သတ္တ၀ါများမှ စား၍ ထိုသတ္တ၀ါများအား လူများမှပြန်စားကြကာ မစင်နှင့်အတူ သံသရာ လည်နေသော သံကောင်တုတ်ကောင် ကပ်ပါးကောင်များ သကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။
၎င်း မစင်သံသရာလည် ကပ်ပါးကောင်များဖြစ်ကြသည့် ဇော်ဦးနှင့် ဗဟုအဖွဲ့ဝင်တို့သည် ဟန်ညောင်ဝေတို့နှင့် ပေါင်းစည်း မိကာ မြန်မာ့နိုင်ငံရေးတွင် အရေးကြီးလှသော Vote No, No Vote ကိစ္စတွင် ပညာရှင်များအဖြစ် တစခန်းထ ၀င်ရောက် စွက်ဖက်ကာ ဂန်ဘာရီထံ ၀င်ရောက်ဆက်နွယ်၍ ဂန်ဘာရီ မစင်ပါချရာမှတဆင့် ကြပ်ပြေးအိမ်သာထဲသို့၎င်း ကပ်ပါး ကောင်များ ရောက်သွားတော့သည်။
ထိုမှတဆင့် အီလစ်အဖွဲ့ ကို ၀င်ရောက်ကာ အသက်သွင်း၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ထောက်ခံရန် ကမ္ဘာပတ်၍ စည်းရုံးခဲ့သည်။ ထိုအချိန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာနေသည့်အတွက်ကြောင့် တွေ့ဆုံဆွေးနွေးရေးက ခက်နေတာဟု ဇော်ဦးမှ ကျနော့်အား လော့စ်အိမ်ဂျယ်လီမြို့တွင် ပြောခဲ့ပါသည်။ ဗဟုအဖွဲ့ဝင် အောင်နိုင်ဦး ကလည်း ဆရာ့လေသံနင်းပြီး ဒေါ်စု ခေါင်းမာနေတာကြောင့်ဟု ဆောင်းပါးများရေးခါ ဒေါ်စုကို ဆရာဇော်ဦး အလိုကျ ပုတ်ခတ် တိုက်ခိုက်ခဲ့သည်။
မစင် ကပ်ပါးသံကောင် ဇော်ဦးသည် သူ၏ မိဘ (၂) နှစ်ပါး စစ်တပ်အရာရှိကြီးများ၊ ဦးလေးတော်သူ ဦးလင်းမြိုင် (နအဖ၊ န၀တ သံအမတ်ဟောင်း USA) တို့၏ အရှိန်အ၀ါ အဆက်အသွယ်များနှင့် ဆွေမျိုး မိသင်္ဂဟများမှတဆင့် နိုင်ငံတော် အ ကြံပေးအဖွဲ့၊ အခြားနိုင်ငံရေး ပါတီအဖွဲ့ အစည်းများ၏ အတွင်းသို့ ၀င်ရောက်ကာ တိုင်းပြည်တွင်း၌ ဒုက္ခပေးရန်အတွက် စတင်နေသည်။

ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ) ရိုဟင်ဂျာ ဥက္ကဋ္ဌ နရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး
ပထမဆုံး ခြေလှမ်းအဖြစ် ကြပ်ပြေးနေပြည်တော်၌လုပ်သည့် အမျိုးသားစီးပွားရေး အလုပ်ရုံအစည်းဝေးတွင် အာဆီယံ စီးပွားရေး ကွန်မြူနတီ (Asian Economic Community)မှ ရေးထားသည့် “အခွင့်အလမ်းနှင့် စိန်ခေါ်မှု” (Opportunity and Challenging) ဆိုသည့်စာတမ်းကို သူရေးထားသယောင်နှင့် ခတ်တည်တည်တက်၍ ဖတ်ခဲ့ပါသည်။
ထိုကဲ့သို့ ပညာခိုးမှု (Plagiarism) လုပ်ဆောင်ခြင်းကို ဘာမှမသိသောနိုင်ငံ ရေးအကြံပေးအဖွဲ့ ဆိုသူများမှ အထင်တကြီး နှင့် ခွင့်ပေးခဲ့သည်ကိုလည်း သတိထားသင့်ပါသည်။
ထို့အတူ သတင်းမီဒီယာများနှင့် ပူးပေါင်းလုပ်ကြံ၍ ဇော်ဦးသည် ABSDF ကျောင်းသားခေါင်းဆောင်ဟု သုံးစွဲထုတ်လွှင့် အင်တာဗျူးနေခြင်းများသည်လည်း လွန်စွာမှ စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ အတွင်း၌ ယခုကဲ့သို့ ပညာရှင်များဟု အရေခြုံကာ မစင်ကပ်ပါး သံကောင်များမှ ၀င်ရောက်လာခြင်းကို ကြီးစွာသတိထားရှိရန် အသိပေးလိုသည်မှာ ၎င်းတို့သည် မည်သည့်လုပ်ငန်း သက်တမ်း အတွေ့အကြုံများ စိုးစဉ်းမျှမရှိခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြားနေခြင်း၊ ရဲဘော်ရဲဘက် မောင်နှမသားချင်း စာ နာစိတ်မရှိခြင်း၊ ငွေကြေးချစားခြင်း စသည့်အချက်များနှင့် ပြည့်စုံနေသူများဖြစ်ကြောင်းကို သတိပေးအပ်ပါသည်။
ထို့အတူ ပညာရှင်ဟုဆိုရာတွင်လည်း ဘွဲ့ရကျောင်းပြီးသူများအားလုံးကို ပညာရှင်ဟု မသတ်မှတ်နိုင်သလို ဘွဲ့မရဘဲ ပညာရှင်ဖြစ်သူများလည်း ရှိကြပေသည်။ ဥပမာ အမေရိကန်နိုင်ငံ ကွန်ပြူတာပညာရှင် Steve Job စတီ့ဗ်ဂျော့ ဆိုလျင် တက္ကသိုလ်ဘွဲ့ ကောင်းကောင်း မရရှိခဲ့ဘဲ ကမ္ဘာကျော် ကွန်ပြူတာပညာရှင်တဦး ဖြစ်ခဲ့သည်မှာ သူ၏ကျိုးစားစိတ်၊ ရိုး သားစိတ်နှင့် လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့် ဖြစ်ပေသည်။ ထို့အတူ ကွန်ပြူတာပညာရှင် Microsoft တီထွင်သူ Bill Gate ဘေးလ်ဂိတ် သည်လည်း အပါအ၀င်ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင် (Phil Maung) (အမေရိကန်နိုင်ငံတွင် ဘွဲ့မရသူ) ကို အမေရိကန်နိုင်ငံ စီးပွား ရေးကျနေချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများ တိုးတက်၍ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်လာသည့် အတွက်ကြောင့် အမေရိ ကန်သမတ အိုဘားမားနှင့် လွတ်တော်အဖွဲ့တို့မှ ခေါ်ယူတွေ့ဆုံ ဂုဏ်ပြု၍ စီးပွားရေးပညာရှင်ဟု သတ်မှတ် လိုက်ပါသည်။
 ထို့ကြောင့် ကျနော်တို့ တိုင်းပြည်တွင် ခေတ်နောက်ကျနေသည့် အတွေးအခေါ် တချို့ကို ယနေ့အချိန်ကာလမှာ ပြင်သင့်သည်ကို ပြင်ရမည် ဖြစ်ပါသည်။
နိဂုံးအားဖြင့် ဇော်ဦး တို့လို မစင်စား သံကောင်များရှိသည့် အစာကို စားမိလျင် စားမိသည့် သူများအားလုံး ဒုက္ခဘေးနဲ့ သာ ကြုံတွေ့ရမည်ကို အထက်ဖေါ်ပြပါ အချက်များအရ ဆင်ခြင်သုံးသတ် သတိထားပြီး ဤအန္တရာယ်ကို ကာကွယ်ရန်မှာ တာဝန်သိသူများတွင် တာဝန်ရှိကြောင်းနှင့် နောင်အနာဂတ် တိုင်းပြည်အန္တရာယ်များအတွက် ကြိုတင်ကာကွယ်နိုင်ရန် အသိပေး တင်ပြအပ်ပါသည်။
မူးသာ
၁၀၁ ဘုရားသုံးဆူစခန်း
အောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်။
မှတ်ချက်။
နောင်အနာဂတ်တိုင်းပြည် ဒီမိုကရေစီပြန်လည်ထွန်းကားချိန်တွင် သန့်ရှင်းစင်ကြယ်စွာဖြင့် လုပ်ဆောင်နိုင်ရန် ဖေါ်ပြပါ မစင်စားသံကောင်များကဲ့သို့ နိုင်ငံရေးအကြောင်းပြု အကျင့်ပျက်ချစားနေသူများအား မိမိအနေဖြင့် ဆက်လက်ဖေါ်ထုတ် တင်ပြသွားမည်ဖြစ်ပါသည်။

Sunday, July 1, 2012

Zayar Thaw speech in Paris




ဟစ်ပေါ့ အဆိုတော် ဇေယျာကျော်
နိုင်ငံအရေးမှာ သူထင်ပေါ်
အတွေးအရေး သူပြောသွား

မူလက သူ့ ကို အဆိုတော်ချာတိတ်
 နိုင်ငံရေးထောင်ထွက်လို့ 
အထင်မကြီးသော်လည်း
ပြင်သစ်က ကျွမ်းကျင်ပညာရှင် အုပ်စုကို
ရှိထားတဲ့ အင်္ဂလိပ်စာလုံးနဲ့  အားလုံးလက်ခံနိုင်အောင် တင်ပြနိုင်တယ် ။
ပြည်သူလူထု အတွက် ဦးဆောင်နိုင်မည့်သူလို့ 
ယုံကြည်လို့  ဗီဒီယိုလုပ်ပြီး ဖြန့် ပေးလိုက်တယ် ။









DASSK in France




ပါရီမြို့ ကြီးသူဆု လက်ခံတဲ့ အခန်းအနား



ပါရီမြို့ စားကြီး Bertrand delanoë ဆုမွန်လွှာ

by Htay Tint on Saturday, June 30, 2012 at 11:42am ·
      ပါရီမြို့ ကြီးသူဖြစ်လာမဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေရာကို ကြွရောက်လာခြင်းသည်
အသင်တို့ အားလုံးနှင့် တွေ့ ဆုံရန်ဖြစ်ပါတယ် ။ အသင်တဦးတည်းအတွက် လာရောက်ခြင်းမဟုတ်ပါ ။
ကျေးဇူးပြုပြီး လာရောက်ဂါဝရပြုသူအားလုံး မြင်တွေ့ စေရန် အတွက်
သင်တို့ မေတ္တာကို အခြားသူများကို ဝေမျှ ပြသရန် အချိန်ဖြစ်ပါတယ် ။
အထူးသဖြင့် အခြားသူတဦးကိုလည်း ဂါဝရပြုလေးစားဖို့ လိုအပ်နေပါတယ် ။
ကျေးဇူးပြုပြီး ကင်မရာများ အောက်သို့  နှိမ့်ပေးကြပါ ။
သူမကို အားလုံးက ဂါဝရပြုရန် မြင်တွေ့ ချင်ပါတယ် ။

ချစ်ခင်လေးစားရပါသော မဒမ် (ဂုဏ်သိက္ခာမြင့်မားသော အမျိုးသမီး) ခင်ဗျား
အသင်မြင်နေရတဲံ အတိုင်းပါဘဲ ။ လူဆိုတာ ခံစားချက်တွေ အများကြီးနဲ့ ပါ ။
အခုပြုလုပ်နေတဲ့ ဂုဏ်ပြု အခန်းအနားပွဲဟာ
သမရိုးကျ လုပ်ရိုးလုပ်စဉ်ကျင်းပခဲ့ဖူးတဲ့ အခန်းအနားထက် အင်မတန်မှ လူသားဆန်ပြီး
အနက်အဓိပါယ်များစွာ နက်ရှိုင်းစွာပါဝင်တဲ့တွေ့ ဆုံမှုပွဲလေးပါ ။
ကမ္ဘာကြီးပေါ်မှာ ကျွန်ုပ်တို့  မမြင်ဖူးခဲ့သော တကယ်မိတ်ဆွေရင်းချာလို
စိတ်ထဲကရင်းနှီးနေသော သူတွေရှိနေပါတယ် ။
အချို့ သောသူများအတွက် ရင်ဆိုနေရသော တိုက်ပွဲများဟာ တကယ့်ကိုခက်ခဲကြမ်းတမ်းလှပါတယ် ။

အဲဒီလို လူသားတွေအတွက် ဆိုးဝါးလှတဲ့ အခြေအနေတရပ်ကို
ဖယ်ရှားခြင်းဟာ အင်မတန်မြင့်မြတ်လှပါတယ် ။
အဲဒီလို ကြီးမားမြင့်မြတ်တဲ့ လူမျိုးတွေဟာ ကျွန်ုတို့ လူသားမျိုးနွယ်စု
ဆက်လက် ရှင်သန်ရေးအတွက် တိုက်ရိုက် ဆက်နွယ်နေပါတယ် ။

၂၀၀၄ ခုနှစ်ကာလများမှာ ကြက်ပျံမကျ စည်းကားတိုးတက်နေသော ပါရီမြို့ ကြီးရဲ့
အတိုင်အပင်ခံ အရာရှိကသူ့ ကိုယ်သူလည်း ဂုဏ်ပြုရာဖြစ်သော ပါရီမြို့ ကြီးသူဆု ကို
သင့်အား ဂုဏ်ပြု ပေးအပ်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။
အဲဒီကာလများမှာ သင့်ကို အပ်နှင်းနိုင်တဲ့ အခြေအနေ မရှိခဲ့ပါဖူး ။

လက်ထောက်အမျိုးသမီး Anni Daco က ၂၀၀၄ ခုနှစ်ထဲမှာဘဲ သင်ရဲ့ မိတ်ဆွေ
NCGUB ဝန်ကြီးချုပ်ကို ကိုယ်စားအပ်နှင်းခဲ့ပါတယ် ။
သင်ရဲ့ ကြိုးစားနေမှုတိုက်ပွဲကို အရှိန်မပျက် ဆက်လက်လုပ်သွားဖို့ လည်း သတင်းပါးခဲ့ပါတယ် ။

ပါရီမြို့ တော်က လူထုရင်ပြင် ကွင်းကြီးမှာ
သင့်ရဲ့ လှပမြင့်မြတ်တဲ့ ဓါတ်ပုံကြီးကို ချိတ်ဆွဲထားစေခဲ့ပါတယ် ။

အဓိပါယ်ကတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက
ပါရီမြို့ သား မြို့ သူတွေရဲ့  အသည်းနှလုံးတနေရာမှာ
သင်ဟာဝင်ရောက် နေရာယူထားပြီးဖြစ်ပါတယ် ။

ငါတို့ တတွေဟာ သင့်ရဲ့ မိဘ ၂ ပါးကိုလည်း သိနေပါတယ် ။
သင့်ဖခင်နဲ့  မိခင်တို့ ရဲ့  တိုင်းပြည်နဲ့ လူမျိုးအပေါ်
သစ္စာရှိနေမှုတွေကပါ မြန်မာပြည်က လူထုတွေရွေးချယ်တင်မြောက်လိုက်သော
လွှတ်တော်အမတ်ဖြစ်လာသူမြန်မာ
 အမျိုးသမီးကို ဂုဏ်ပြုဆုပေးအပ်ရန် အထောက်အကူပြု အခြေအနေဖြစ်ခဲ့ပါတယ် ။

သင်ဟာ အလွန်ခက်ခဲသော အခြေအနေမျိုးစုံကို ရင်ဆိုင်ခဲ့ရတယ် ။
လူသားတဦး သိက္ခာရှိစွာအသက်ရှင်ရပ်တည်ဖို့  လူ့ အသိုင်းအဝိုင်း အဆောက်အအုံတခုကို
တည်ဆောက်နေတဲ့ကာလတွေမှာ ပြည်သူလုထုကို ကာကွယ်ဖို့  လူအများကို
ကိုယ်စားပြု အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းမှုလူတဦးခြင်းစီ ရသင့်ရထိုက်သော လွတ်လပ်ခွင့်ကို ကာကွယ်ရင်း
အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ခဲ့ပါတယ် ။

ဒီလို စိတ်ဓါတ်တွေဟာ အင်အားတွေဖြစ်လာပြီး ကမ္ဘာလူထုအားလုံးရဲ့ 
လူသားတဦး ဂုဏ်သိက္ခာ လူသားဖြစ်တည်မှု
လူအများပါဝင်တဲ့ အုပ်ချုပ်မှု တို့ အတွက် စွမ်းဆောင်မှုတွေ ဖြစ်လာပြီး
ပါရီမြို့ ကြီးသူဆု ကို ပေးအပ်ရန် အတွက်ဖြစ်ပေါ်စေခဲ့သော အကြောင်းတရားတွေပါ ။
ကျွန်ုပ်တို့ ပါရီကလူထုလည်း တကယ်ကို ခံစားစေခဲ့ရပါတယ် ။

သင်ကြိုးပန်းဖြတ်သန်းခဲ့သော လမ်းခရီးဟာ သိပ်ခက်ခဲပြီး အင်မတန်မှ ချီးမွမ်းဂုဏ်ပြုထိုက်စေသာ
အကြောင်းအရာဟာနူးညံ့ခြင်းနဲ့ ပြည့်စုံပြီး တပါးသူ တယောက်ကို အလွယ်တကူ နားလည်ခံစား
သိရှိစေသည့်နည်းလမ်းဖြစ်ပြီးသင်၏ အကြမ်းမဖက် အနု နည်းလမ်းဖြင့်
အမျိုးသားများအားလုံးကို ပြန်လည်ရင်ကြားစေ့ ရေး လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေခဲ့ပါတယ် ။

သင်ဟာ စေ့စပ်ဆွေးနွေးရေးကို လိုလားသူဖြစ်တယ် ။
စစ်ကို လိုလားသူမဟုတ်ပါ ။
ငြိမ်းချမ်းရေးကို လိုလားသော အမျိုးသမီးဖြစ်ပြီး
သူတပါးကို မထိခိုက်စေဘဲ ခုခံကာကွယ်ခဲ့သူဖြစ်တယ် ။
အထက်ပါအချက်အလက်တွေကို ပါရီမြို့ ကြီး သင့်ကိုချစ်တာဖြစ်ပါတယ် ။

သင်ချစ်ခင်လေးစားသော Victor Hugo (http://en.wikiquote.org/wiki/Victor_Hugo ) သည်လည်း
တကမ္ဘာလုံးက ချစ်ခင်လေးစား အမှတ်ရစေသလို ငါတို့ ကိုလည်း အမှတ်တရရှိနေဆဲပါ ။
အဲဒီ အမျိုးသားအတွက် ကျွန်ုတို့  အမြဲတန်းဂုဏ်ယူသွားမှာပါ ။
နိုင်ငံတကာက တန်ဖိုးထားတဲ့ Victor Hugo စာရေးဆရာဟာ ယနေ့  ၂၁ ရာစုမှာ ကြုံတွေ့ လာရမဲ့
အခက်အခဲတွေကို ရင်ဆိုင်ရမဲ့ အနာဂါတ်လူသားမျိုးနွယ်တွေအတွက်
ဆန်းသစ်ပြီး လာမည့် လက်ရှိအခြေအနေများနဲ့ ကိုက်ညီမည့် အချက်များကို စဉ်းစား ရှာဖွေပြီး ရေးသားခဲ့ပါတယ် ။
Victor Hugo ဟာ သေဒဏ်ပေးတဲ့ အပြစ်ပေးနည်းကို ဆန့် ကျင်ကန့် ကွက်ခဲ့တယ် ။
အရွယ်မရောက်သေးတဲ့ ကလေးလူငယ်တွေ အလုပ်ခွင်မှာ အသုံးပြုမှုကို ဆန့် ကျင်ခဲ့ပြီးဒီမိုကရေစီနှင်
ပညာရေးကို ဦးစားပေးစေခဲ့တယ် ။
Victor Hugo အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သကဲ့သို့ 
လူထုအများစုကိုယ်စား အုပ်ချုပ်မှုစနစ် ။ လူသားတဦးလွတ်လပ်ခွင့်တွေကို အနောက် ကမ္ဘာ နယ်ပယ်ဒေသတွေမှာ
ဆက်လက်ရှင်သန်နေစေရေးအတွက် ရပ်တန့် မသွားအောင် ပြုလုပ်နိုင်ခဲ့တယ် ။
ဒေါ်အောင်ဆန်းစုကြည် - သင်ရေးသားခဲ့တဲ့ အတိုင်းပါဘဲ
ကျွန်ုပ်တို့ မိတ်ဆွေကြီး Victor Hugo ရေးသားထားခဲ့တဲ့ အတိုင်းပါဘဲ ။

စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တွေနဲ့ ကမ္ဘာကြီးရဲ့  အမွေအနှစ်တွေကို
အနာဂါတ်အတွက် ထိမ်းသိမ်းဖို့ လိုနေပါတယ် ။

ချစ်လှစွာသော မဒမ် ခင်ဗျား
ယ္ခုအချိန်မှာ ပါရီမြို့ ရဲ့  အသိသက်သေဖြစ်သော ဒီလို ဂုဏ်ပြုနေခြင်းဟာ ပြီးဆုံးအောင်မြင်မှု မှတ်တမ်းမဟုတ်ပါဖူုး ။
အောင်မြင်မှု ခရီးဆုံးထိသွားနိုင်ဖို့  တာထွက်တဲ့ အထိမ်းအမှတ်ဖြစ်ပါတယ် ။
သင်ဟာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ကြိုးပန်းခဲ့တယ် ။
မြန်မာပြည်သူလုထု ဝမ်းမြောက်ဝမ်းသာ နေထိုင်စေနိုင်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် နှင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြန်လည်ရင်ကြားစေ့ရေး တို့ အတွက် ကြိုးပန်းခဲ့တယ် ။လုပ်နေဆဲဖြစ်တယ် ။
သင်ဟာ ကမ္ဘာကြီးနဲ့  လူ့ အခွင့်အရေးတွေ ထွန်းကားရေး အတွက် ချီနှောင်ပေးခဲ့သူဖြစ်တယ် ။

သင့်ကို ကျွန်ုပ်တို့ ပါရီမြို့ ကိုယ်စား တင်ပြချင်တာကတော့
ပါရီမြို့ ရဲ့  ဂုဏ်ထူးဆောင် မြို့ ကြီးသူ ချီးမြင့်ပေးနိုင်ခြင်းဟာ
ကျွန်ုပ်တို့ အနေဖြင့် သင့်အတွက် အရမ်းဂုဏ်ယူနေပါတယ် ။
သင်နှင့် ပါရီမြို့ ကြီးတို့  အကြားက ပေါင်းကူးတံတားတခုလည်း ဖြစ်ပါတယ် ။
ဒီလို ဆက်သွယ်မှုဟာ နောင်လာမည့် အနာဂါတ်ကာလများမှာ
လူသားဆန်သော အရင်းအမြစ်များ တည်ဆောက်မှုတွေ အတွက်
ထောက်ပံ့ပေးခြင်းလည်းဖြစ်ပါတယ် ။

 





(ပြင်သစ်နိုင်ငံမှ ကိုမောင်မောင်ထွေး၏ ဇနီး မမို့ မို့ မြင့်အောင်(လှိုင်မြို့ ) တိုက်ရိုက်ဘာသာပြန်ဆိုပြီး
နယ်သာလန်နိုင်ငံမှ ကိုဌေးတင့်က ပြန်လည်တည်းဖြတ်ပြီး ကွန်ပြူတာ ဖြင့် မှတ်တမ်းတင်ပါသည် ။)
· · · Share · Delete


အမေစု နှင့် မြန်မာတွေ ရင်းရင်းနှီးနှီးဆွေးနွေးကြတယ် ။




 အမေစု လန်ဒန် ပြင်သစ် ရေအောက်ရထားပေါ်က ရောက်လာပြီ ။