ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, February 26, 2013

Outside Inside Burma 0f 27-feb-2013













သန့် ရှင်းသော ကောင်းမွန်သော အစိုးရ ဖြစ်ဖို့ 
ဖေါက်ပြန်နေသူတွေ ရှိနေသမျှ
ရောက်တဲ့ နေရာမှာ
ပြောပြရမှာ
ရတဲ့နည်းနဲ့  ဖေါ်ပြရမှာ
မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ။

အစိုးရကောင်းဆိုတာ
သမိုင်းအမှားတွေကို
တာဝန်ယူဖြေရှင်း
အပြစ်ပေးနိုင်ရမယ် ။

မင်းမကောင်း
နောက်တယောက်ဆိုတာ
အလှည့်ကျ နေရာယူ
လာပ်ပေးလာပ်ယူခြင်းဖြစ်တယ် ။ 

(ဌေးတင့်)



 
 မြန်မာပြည်တွင်းမှာ
သေနပ်တွေ
တုတ်တွေ
ကူလီကူမာ နည်းဥပဒေတွေ
ကျင့်သုံးနေသမျှ


Nay Wai
မအူပင် အဓိရုန်း ရဲ ၂၅ ဦးဒဏ်ရာရ လယ်သမား ၆ ဦးသေ
ကိုမင်းဇော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွှတ်တော် ကိုယ်စား လှယ်ရုံး အဖွဲ့ဝင် )
တယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုချက်
နေ့လည် ၁၂ နာရီခန့်မှာ ကျနော့်ကိုဖုန်းဆက်ခေါ်တယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာကိုသွားတယ် ။ အဲဒီမှာ ပုဒ်မ ၁၄၄ ထုတ်ထားတယ် ကျနော်ရောက်တဲ့အချိန်က ၂ နာရီလောက်ရှိပြီ ။ ရဲချုပ်နဲ့ စစ်တိုင်းမှူးကို ၁၄၄ ရပ်ထားပေးဖို့မေတ္တာရပ်ခံတယ် ။ ကျနော်ကြားဝင်ပြီးပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ။ တောင်သူတွေက လက်ခံပါတယ် ။ ပြည်သူတွေထဲက လေးယောက် ကျနော်အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူး တိုင်းဒေသ ၀န်ကြီး ရာယ်ဆွေးနွေးကြတဲ့အခါ ပြေလည်တယ် ။ တောင်သူတွေက သိမ်းဆည်းခံလယ်ယာတွေကိ လယ်ပြန်စိုက်ချင်တယ် ။ တောင်းဆိုတာကို စာနဲ့တောင်းဆိုပါ ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ။ အဲဒါနဲ့ပြေလည် သွား တယ် ။ ကျနော်က ရဲတွေတားထားတဲ့ခြံစည်းရိုးထဲကနေ သွားပြီး ပြည်သူ တွေကြားထဲမှာငြိတယ် ။ ဥပဒေဘောင်အတွင်းကနေ ပြန်တောင်း ဆိုမယ် စာတင်မယ် ။ လို့ပြောတဲ့ အခါ တောင်သူအများစုကလက်ခံတယ် ။ အဲဒီအချိန်မျာ ကိုမောင်စိုးဆိုသူက ((( နောက်ကြောင်းပြန်လှည့်ရင် ဘယ်လို လုပ် မလဲ ပြည်သူတွေအာဏာပိုင် ကိုမယုံနဲ့ ))) လို့ထပြောတယ် ။ ကျနော် ဥပဒေအတိုင်းမှမဆောင်ရွက်ရင် အသက်ဆုံးရှုံးမယ် ကိုယ်လိုချင်တာ ကိုမရ ဘူး ဖြစ်မယ် အဲလိုပြောတော့ မောင်စိုးက ((( အခုချက်ခြင်း မရရင် ကျနော်တို့က မယုံဘူး )))လို့ပြောတယ် ။ အဲဒါနဲ့ ငြိနှိုင်းပေးလို့မှမရရင် ကျနော်ပြန်မယ် ။ ကျနော်လည်းပြန်လို့ ရဲတွေသတ်မှတ်ထားတဲ့ ခြံစည်းရိုး အတား အဆီးအပြင်ကို ကျနော်ရောက်တာနဲ့ ( ၅း ၄၄ ) နာရီ အတိ စပြီး - ရဲတွေက ဒိုင်းတွေ သူတို့မှာပါလာတဲ့ တုတ်တွေနဲ့ ညာသံပေးပြီးရိုက်တယ် ။ အဲဒီအချိန်မှာ ရဲတွေကို ရွာသားတွေက ၀င်ရိုက်တယ် ။ တုတ်တွေကော ဓါးတွေကောတွေ့တယ် ။ ရွာသားအင်အား ၂၀၀ ခန့်လောက်ရှိလိမ့်မယ် ။ ရဲအင်အားကတော့ ၂၀၀ ကျော်လောက်ရှိတယ် ။ ရိုက်နှက်တဲ့ အချိန် ၁၅ မိနစ်လောက်ဝန်းကျင်လောက်ဖြစ်နေပါတယ် ။ ပထမ ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး ၅ မိနစ်လောက်မှာ သေနတ်သံတွေကြား ရပါတယ် ။ သေနတ်သံ ဆယ့်လေးငါးချက်လောက်တော့ကြားတယ် ။ကျနော် တို့လည်း အခင်းဖြစ်တဲ့ချောင်းရဲ့ တစ်ဘက်ကမ်းကို ထွက်ပြေး ခဲ့တယ် ။ NLD လူငယ် ကျနော်အပါအ၀င် လေးငါးဆယ်ဦး လောက်ရှိတယ် ။ ကျနော်တို့ ဟိုဘက်ကမ်းရောက်တဲ့အချိန်မှာဘဲ ရဲလူနာတွေသယ်ထုတ်လာတာတွေ့ရတယ် - ကျနော်ပြန်တဲ့အချိန်အထိကို ၂၅ ဦးဒဏ်ရာရနေပြီ ။ ပထမဆုံးတွေ့လိုက်တဲ့ရဲက စောင်ပုခက်နဲ့သယ်လာ တာ မျက်နှာမှာသွေးသံရဲရဲတွေ့တယ် ။
အခုဆို လယ်သမား ၆ ဦးသေတယ်လို့သတင်းရနေပါပြီ ။

ဤသတင်းယခုအချိန်ထိမှန်ကန်ကြောင်းတာဝန်ယူသည်
မကြာမီ နာ/သေ ဦးရေတိုးလာမည် ။

နေမျိုးဝေ ကိုယ်တိုင် ရွှေပြည်သာလိန်ကုန်းတန်ဆောင်းမှ တယ်လီဖုန်းဆက်မေးပြီးကိုယ်တိုင်စာရိုက်တင်ပါသည် ။
( ၂၇-ဖေဖေဝါရီ-၂၀၁၃ ဖေ့ဘုတ်သတင်း ) 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ပြည်ပရောက်တွေကလည်း
ဒီလို ဆန္ဒပြမှုတွေကို
ဆက်လုပ်သွားဖို့ ဘဲရှိတယ် ။
သိန်းစိန် လူလိမ်တဲ့
 အော်စလို မြို့ မှာဒီလိုကြိုဆိုကြတယ်
သမ္မတတွေလာရင် ပန်းခင်းတာကြိုဆိုကြပါတယ် ။
(၁၈ ဖေဖေါ်ဝါရီ ၂၀၁၃ အော်စလို)


လူသတ်ထားတဲ့ အညှီနံ့ ရထားတော့ 
ခွပ်ဒေါင်းသွေးတွေက ထတွန်ကြတာ 
တရားတဲ့စစ်ပွဲကို ညွှန်ပြနေတာပါ ။
 အရောင်ပြောင်းထားတဲ့သူတွေဆိုတော့
 ကြိုဆိုတာ ဒါမျိုးက  
တရားတဲ့ ကြိုဆိုနည်းတစ်ခုပါ
(ထွန်းဝေ - ဂျပန် )
























သက်သေ

ဒို့အရေး ဒို့အရေး
မကြားရတာ အတော်တောင်ကြာပြီ၊

ဒီအခွေ မေ့ထားတဲ့သူတွေရှိတယ်
ဒီအခွေ ရောင်းစားခဲ့သူတွေရှိတယ်
ဒီအခွေ တို့အတွက်အသုံးမဝင်တော့ဘူးဆိုသူတွေရှိတယ်၊

ဒါပေမဲ့ ဒီအခွေဟာ
သုံးကားပေါင်း မိုးအလင်းနဲ့ ရောမသွားဖူး
ပျံတော်မူ ဇာတ်လမ်းနဲ့ ပျက်မသွားဖူး
ဒီအခွေကို အမှန်တကယ်
ရင်ခုန်ခဲ့သူတွေ ရှိနေသေးတယ်၊









ဒီအခွေသံ ပျောက်ချင်းမလှ
ပျောက်ချိန်မတန် ပျောက်ပြယ်ခဲ့လို့
ဒါပေမဲ့ ဒါကို ဒို့တတွေရဲ့
ပြည်တွင်းကဆရာတွေလည်း မပြောရဲဖူး
ပြည်ပကဆရာတွေလည်း မပြောဝံ့ဖူး
အဲဒီလောက်တောင်မှ
၂၀၀၈ ၂၀၁၀ မှာ ဒီကောင်တွေ
ယတြာအချေကောင်းခဲ့တာ၊

ဒီကနေ့မှ ဘွားဘွားကြီးပေါ်
နော်ဝေးကဆရာများကောင်းမှု၊

ပြည်တွင်းရောက်ဆရာကြီးများ
ပြည်တွင်းကဆရာကြီးများ
ပြည်ပနေဝေဝေဝါးဝါးများ၊

အားလုံးကြားကြသမျှ
သာဓုခေါ်နိုင်ကြပါစေဗျား ။ ။။။။။


နိုင်ဦးညို(ဖိုးဇီးရိုး)၂၆၀၂၂၀၁၃