ဆွေးနွေးမှုနဲ့  အဖြေရှာကြ

Monday, January 30, 2012

Witness for htay naing

မျက်မြင် သက်သေ
စစ်ရုံးတာဝန်ရှိနေသူ
တာဝန် ထမ်းဆောင်ခဲ့ဖူးသူ
ကိုစိုးလွင် ပြန်ပြောပြတာကတော့


 ယူကြုံးမရဖြစ်ခဲ့ရတဲ့

ကိုဌေးနိုင် အမေကတော့ အိပ်ပျော်နေတဲ့ သားကို
တောထဲမှာ အသတ်ခံရဖို့ နိုးမိလိုက်တယ် တဲ့








Friday, January 27, 2012

ပြန်စာ မလာတာ ၂ နှစ်ရှိနေပြီ ။

To: dawngwin@cslxoinfo.com
Subject:  နံပါတ် ၁၂၇ ပြန်လည်စစ်ဆေးစေလိုပါတယ်။
Date: Mon, 22 Feb 2010 09:41:38 +0100
သို့
စစ်ရေးချုပ် (စစ်ရုံးချုပ်)
(ကျောင်းသားတပ်မတော်) လေးစားစွာ အကြောင်းကြားပါသည်။
http://www.absdf888 8.org/wp- content/uploads/ 2008/09/death. pdf

နံပါတ် ၁၂၇ မှာရှိသော ကိုဌေးနိုင် ၂၁၄ သဲသာထ
ကိုယ်ကိုကိုယ် သတ်သေ ဟုဖေါ်ပြထားပါသည်။

ဖေါ်ပြပေးတာကိုကျေးဇူးတင်ပါတယ်။
သေခဲ့တဲ့ ရက်စွဲ လ ခုနှစ် မရှိပါ။
မျက်မြင်သက်သေများအရ ဆိုလျှင် မျက်မြင်သက်သေများ အမည် စာရင်းလိုချင်ပါသည်။
ကိုယ်ကိုကိုယ် သတ်သေ ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ အခြေအနေ တခုလုံးကိုသိချင်ပါတယ်။
ထိုတပ်ဖွဲ့ ဝင် စာရင်းများ လိုချင်ပါသည်။
ကျွန်တော် လူတယောက် သမိုင်းတခုရဲ့ ဖြစ်ရပ်မှန်ကို
နောက် လူငယ်များသိစေရန်ရည်ရွယ်ပါသည်။

ကျွန်တော် အဖွဲ့ အစည်းတွေ ထဲဝင်ရင်
ထောက်လှန်းရေးထင်ပြီး အသတ်ခံရတာဟု ကြားဘူးပါတယ်။
အခြေအနေဖြစ်ရပ်မှန်ကို မသိခဲ့ပါ။
၂၀၁၀ မှ ကိုသန်းဝင်းနဲ့ အခြားစာများ အရ သိရပါတယ်။
တပ်ဖွဲ့ တခု၏ ဖမ်းဆီးမှုအောက်တွင်ဖြစ်ပွားခဲ့ပါတယ်။

လူတယောက်ကို လုပ်ကြံပြီး နှိပ်စက်တာ တော့ မဖြစ်သင့်တဲ့ သမိုင်းပါ။
အစစ အရာရာ သက်သေများ ခိုင်လုံအောင် ရှာနေပါတယ်။
ပြည့်စုံရင် တရားစွဲမှာပါ။
ဒီကာလ တခုအတွင်း မှာ
နံပါတ် ၁၂၇ မှာရှိသော
ကိုဌေးနိုင် ၂၁၄ သဲသာထ ကိုယ်ကိုကိုယ် သတ်သေ
ဟုဖေါ်ပြထားချက်ကို တခုခု ဖြစ်စေချင်ပါသည်။

အရာရာကို ပေးဆပ်နေဆဲ တိုက်ပွဲ ဝင်နေဆဲ တပ်ဖွဲ့ ဝင်များကို မထိခိုက်စေချင်ပါဘူး ကျောင်းသားတပ်မတော် အနေဖြင့်
ကိုဌေးနိုင်နှင့် ပါတ်သက်ပြီး ပြန်လည်စစ်ဆေးစေလိုပါတယ်။

ဖြစ်နိုင် လျှင် အများသိ အောင် ဖြန့် ဝေပေးပါ။

ကျောင်းသားတပ်မတော် ကို
နိုင်ငံတကာ ပိုသိပြီး ယုံကြည်မှု တိုးတက်စေရန်ဖြစ်ပါတယ်။
သက်သေခံချက် အသံ
http://tayzathura.blogspot.com/2010/02/blog-post_8068.html 

  တရားတဲ့ တိုက်ပွဲတိုင်း နိုင်ရမယ် လေးစားစွာဖြင့် ဌေးတင့် ဌေးနိုင် အကို

Wednesday, January 18, 2012

မိုးသီး အမိန့် လား လိုင်စင်တောင် ပါဂျောင်စခန်း

ဒီစာနှင့်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိထားစေချင်ပါတယ်။
စာထဲမှာပါတဲ့စကားလုံးတိုင်းဟာ သန်းဝင်း ရဲ့စကားလုံးတွေ အားလုံးဖြစ်တယ်။
အောင်မိုးဝင်းက ကျနော်နဲ့ညီအကိုလိုရင်းနှီးတဲ့အတွက် သူ့ကိုအနိုင်ကျင့်ပြီးစာရိုက်ခိုင်းရတာဖြစ်တယ်။ ဒီစာနဲ့ပတ်သက်ပြီးသိချင်ရင် ကျနော့ကို တိုက်ရိုက်ဆက်မေးပါ။


သန်းဝင်း ( ၇၂၇- ၆၅၆- ၈၉၂၂) ဖေဖေါ်ဝါရီ (၁၂) ရက်၊ ၂၀၁၀ ပြည်သူများနှင့်ရဲဘော်မိတ်ဆွေများခင်ဗျား ကိုနိုင်အောင်မှ ကျနော့ထံသို့လျှို့ဝှက်အီးမေးတစောင်ပို့ခဲ့ပါတယ်။ ဒီအီးမေးအားပြည်သူ့ရဲ့ဘော်မိတ်ဆွေများကို တဆင့်တင်ပြလိုက်ပါတယ်။
ကိုနိုင်အောင်ကတော့ သူ့အီးမေးကို သူ့ခွင့်ပြုချက်မပါပဲ မတင်ပြဖို့တားဆီးထားပါတယ်။ ဖတ်ကြည့်ကြပြီးရင်သိပါလိမ့်မယ်။
ကျနော့အနေနှင့် ကိုနိုင်အောင်ခွှင့်ပြုချက်မရှိပဲ တင်ပြရခြင်းက အကြောင်းအရာတချက်ပဲရှိပါတယ်။ ကိုနိုင်အောင့်စာထဲမှာ မြောက်ပိုင်းကျောင်းသားတပ်မတော် ( ABSDF ကချင်နယ်မြေ) မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အဓိကအမိန့်ပေးခဲ့သူဟာ ကိုမိုးသီးဇွန် ဖြစ်တယ်လို့ဆိုပါတယ်။ 



ကိုမိုးသီးဇွန် ABSDF ကိုတာဝန်ယူစဉ်ကာလမှာ မြောက်ပိုင်းကိုရောက်လာတဲ့ မန္တလေးနဲ့ရန်ကုန်ကျောင်းသားတွေကိုသတ်မိန့်ပေးပြီးသားဖြစ်တယ်။ ကိုနိုင်အောင်က သူ့မှာအထောက်အထားအပြည့်အစုံရှိပါတယ် လို့ရေးထားတဲ့အချက်ပဲဖြစ်ပါတယ်။
ကျနော့အမြင်က ဒီကိစ္စ ကို လျို့ဝှက်ထားလို့မရတဲ့ကိစ္စလို့မြင်ပါတယ်။

ဒီကိစ္စဟာ ကျောင်းသားသမိုင်းတခုလုံးနှင့်သက်ဆိုင်တယ်ထင်လို့ အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။ ကိုနိုင်အောင်နှင့်ကိုမိုးသီးဇွန် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာက ကိုအများရှေ့မှာရှင်းပြသင့်တယ်ဆိုတယ်လို့ယူဆပါတယ်။
သူတို့မရှင်းပြရဲရင်လည်း သူတို့အပိုင်းပဲဖြစ်ပါတယ်။
ကျနော့ကိစ္စမဟုတ်ပါ။
ကျနော်ကတော့ အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက်အများကိုတင်ပြခြင်းပဲဖြစ်ပါတယ်။

ကိုနိုင်အောင် ကိုလည်း ကျနော်ပြောချင်တာ
နောက်နောင်ခင်ဗျားမှာရှင်းလင်းစရာရှိရင် လျှို့ဝှက်မလုပ်ပဲ အများရှေ့မှာဗြောင်ရှင်းသင့် တယ် လို့ အကြံပေးပါရစေ။
ကိုနိုင်အောင့် စာထဲမှာ ကျနော်နဲ့ပတ်သက်တဲ့အချက်အလက်များကိုဖြေရှင်းချင်ပါတယ်။
ကိုနိုင်အောင်က ကျနော့ကို ပုဂ္ဂိုလ်ရေးတိုက်တယ်လို့စွပ်စွဲထားပါတယ်။ ကျနော်ရေးတဲ့စာကိုအားလုံးဖတ်ပြီးပြီလို့ထင်ပါတယ်။

ကျနော်ရေးတာပုဂ္ဂိုလ်ရေးလုံးဝပါဝင်ခြင်းမရှိပါ။
တိုင်းပြည်အရေး၊ပြည်သူ့အရေး၊ ကျောင်းသားအရေးနှင့် သက်ဆိုင်တဲ့ကိစ္စများကိုသာ အဓိကရေးခြင်းဖြစ်တယ်။
နိုင်ငံရေးမှာ သမိုင်းဆိုတာကိုသုံးသပ်ရတယ်။
ဝေဖန်ရပါတယ်။

ဝေဖန်မှု ကို ကြောက်တဲ့မရိုးသားတဲ့လူတွေဟာ တိုက်ခိုက်မှု ဆိုတဲ့စကားလုံးကိုအမြဲသုံးလေ့ရှိပါတယ်။
လူပုဂ္ဂိုလ်ပြုလုပ်မှအဖြစ်အပျက်ဆိုတာ ဖြစ်လာရတာပါ။
ဒီအဖြစ်အပျက်ကိုဝေဖန်ပြောဆိုမယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့အမည်ကိုသုံးမှပြည့်စုံမှာ ဖြစ်တဲ့အတွက်
အမည်နာမ ကို ထည့်သုံးရခြင်းဖြစ်ပါတယ်။
ဒါပုဂ္ဂိုလ်ရေးတိုက်တယ်လို့ခေါ်လို့မရပါ။
နောက်တခုက- ကိုနိုင်အောင် က ကျနော့်ကိုရင့်ကျက်သင့်တဲ့အရွယ်ကိုရောက်နေပြီ၊ ရင့်ကျက်သင့်ပြီလို့ရေးထားပါတယ်။

အမှန်တရားကို အတွေ့အကြုံနှင့်ပေါင်းစပ်ပြီး ပွင့်လင်းရိုးသားစွာနှင့်ဝေဖန်တင်ပြတာကို မရင့်ကျက်သေးဘူးလို့ပြောရင် ကိုနိုင်အောင် အကြီးအကျယ်မှားပါလိမ့်မယ်။
တတိုင်းပြည်လုံးငတ်နေချိန်မှာ ဒီမိုကရေစီရေးလုပ်သူတွေက နိုင်ငံတကာကထောက်ပံ့လို့ရလာတဲ့ငွေတွေကို
နေ့စဉ်နေ့တိုင်းသောက်စားမူးယစ်စည်းစိမ်ခံနေကြတာကရော
ရင့်ကျက်တယ်လို့ခေါ်ပါသလားလို့မေးပါရစေ ။
သူများကိုလက်ညှိုးထိုးရင် ကိုယ့်ဘက်ကိုလက်ညှိုးတထောင်ထိုးမှာမကြောက်ဘူးလားလို့ အပျော့ဆွဲခြိမ်းခြောက်သလိုမေးပါတယ်။
ကျနော်ပြတ်သားစွာပြောမယ်ဆိုရင်
အမှန်တရားတိုင်းပြည်အရေး၊ပြည်သူ့အရေးနှင့်ပတ်သက်တယ်ဆိုရင် လက်ညှိုးတထောင်မပြောနှင့်ကျနော့ရဲ့အသက် ဘဝ ကို အချိန်မရွေးပေးဆပ်ဖို့အသင့်ရှိတယ်။ ပေးလည်းပေးဆပ်ခဲ့ပြီးဖြစ်တယ်။ ကျနော်ဘာကိုမှမကြောက်ခဲ့၊ ကြောက်မှာမဟုတ် ဆိုတာခင်ဗျားသိစေချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟာ ၁၉၈၈ မတ်လ (၁၃)ရက်စက်မှုတက္ကသိုလ်အရေးအခင်းဖြစ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများစုပြီး အင်အားဖြည့်ဖို့ချီတက်ကတည်းက ပါဝင်ခဲ့ပြီး မဆလ စစ်သားများက မရမ်းကုန်း အ.ထ.က (၂) ရှေ့မှာ အပိတ်ခံရလို့နောက်ဆုတ်ခဲ့ရတယ်။ ငါတို့ရန်ကုန်တက္ကသိုလ်မှာ ပြန်လုပ်ကြမယ်ကွ လို့ဆုံးဖြတ်ပြီး

ရန်ကုန်တက္ကသိုလ်မှာ မတ်လ(၁၅) ရက်နေ့မှာ စတင်လှုပ်ရှားကတည်းက ၈၈၈၈ နေ့မှာ ပြည်သူများလမ်းပေါ်ရောက်ဖို့အတွက် ကျနော်အပါအဝင်ကျောင်းသားများဟာ
အသက်သွေးချွေးပေါင်းများစွာရင်းနှီးခဲ့ရတယ်ဆိုတာ ခင်ဗျားသိဖို့လိုတယ်။
ရှစ်လေးလုံးအရေးအခင်းမှာ ပြည်သူရဟန်းလမ်းပေါ်ကိုရောက်ခဲ့ကြပြီး အသက်သေွး ချွေးပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ အခုလည်းပေးဆပ်နေကြရတဲ့သူရဲကောင်းတွေအများကြီးရှိနေသေးတယ်ဆိုတာ ခင်ဗျားသိဖို့လိုတယ်။ ကျနော်ဟာ ခွပ်ဒေါင်းအလံကိုကိုင်စွဲပြီး
ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီး ကျနော့ရဲ့ဘဝ ကျနော့ရဲ့အသက်ကိုစတေးခဲ့ပြီး သေဖို့အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတယ်။

ကံတရားကြောင့် အချိန်မကျသေးလို့ အသက်ရှင်နေတဲ့လူသားတယောက်အတွက်တော့
ခင်ဗျားပြောတဲ့လက်ညှိုးတထောင်ထိုးမှာ မကြောက်ဖူးလားလို့ပြောတဲ့စကားဟာ သိတ်ရယ်စရာကောင်းတယ်လို့ ကျနော်ထင်တယ်။ တခြားသူတွေက လက်ညှိုးတထောင်ထိုးမယ် ဆိုရင် ကျနော်အဆင်သင့်စောင့်ကြိုနေပါတယ်။
ကျနော့ ကို ဝေဖန်ထောက်ပြစရာအချက်အလက်ရှိ ရင် တင်ပြပါ။
ကြိုဆိုပါတယ်။
ခင်ဗျားတို့ထောက်ပြတဲ့ အချက်တွေဟာမှန်ကန်တယ်။

ကျနော်မှားခဲ့တယ်ဆိုရင် အများရှေ့မှာဝန်ခံတောင်းပန်ဖို့အချိန်မရွေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဖြတ်သန်းခဲ့တဲ့သမိုင်းကိုကျနော်လိပ်ပြာလုံလို့ပဲ။

ကိုနိုင်အောင် ကို တခုပြောချင်တယ်။ ခင်ဗျားနားလည်ပါ။ ရှစ်လေးလုံးအရေးတော်ပုံဟာ သိတ်ပြီးဂုဏ်သိက္ခာကြီးပါတယ်။

ဒါကို ခင်ဗျားက ခင်ဗျားမိန်းမမွေးနေ့စားပွဲပေါ်က အရက်ဝိုင်းတဝိုင်းလို သဘောမထားတာကိုခွှင့်မလွှတ်နိုင်တဲ့အမှားကြီးတခုအဖြစ် ကျနော်ယူဆတယ်။ ခင်ဗျားတို့မဖြတ်သန်းခဲ့လို့တန်ဘိုးကိုမသိဘူးဆိုရင်လည်း
ဘဝပေါင်းများစွာပေးဆပ်ခဲ့ရတဲ့သူတွေကိုတော့ ငံ့ညှာထောက်ရှုသင့်တယ်လို့ကျနော်ထင်တယ်။

စင်မြင့်ပေါ်ကိုခင်ဗျားတို့တက်ဖို့ ၈၈၈၈ ကိုအသုံးချပြီးစင်ထိုးတာကိုတော့ လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်တယ်။
တခြားကြိုက်တဲ့စင်ထိုးပြီး ခင်ဗျားတို့နိုင်ငံရေးအတွက်တက်ပါ။ ကျနော်နဲ့မဆိုင်ပါ။

၈၈၈၈ စင်ကိုအသုံးချတက်မယ်ဆိုရင်တော့ အသက်နဲ့လဲပြီးကာကွယ်ရပါလိမ့်မယ်။ ရှစ်လေးလုံးရဲ့ဂုဏ်သိက္ခာအတွက်ကျနော်တာဝန်ကျေချင်တယ်။

ပြည်သူကိုပြစားပြီး မိသားစုနဲ့ ကိုယ်ကျိုးရှာမှုကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားသိပါ။

တိုင်းပြည် နဲ့ ပြည်သူ့အမည်ကိုသုံးပြီး အိမ်ကြီးအိမ်ကောင်းမှာနေ၊ ကားအကောင်းကြီးတွေစီးဇိမ်ခံတဲ့အလုပ်ကိုလုပ်ရဲတာတော့ခင်ဗျားတို့ပဲလုပ်ရဲပါတယ်။
ကျနော်ကတော့ အဲ့ဒါနဲ့ပတ်သက်ပြီး မလုပ်ရဲတဲ့အပြင် သတ္တိလည်းမရှိပါ။
ဒီနေရာမှာတော့ ခင်ဗျားတို့ကကျနော့ထက်သတ္တိရှိတယ်ဆိုတာကိုဝန်ခံပါရစေ။

ပြည်သူ၊ ရဟန်း၊ ကျောင်းသားတွေရဲ့အရိုးတွေကိုဆက်ပြီး သွေးတွေဖြန်းထားတဲ့အရိုးတံတား ပေါ်မှာ ခင်ဗျားတို့ကဖြတ်လျောက်ပြီး သစ္စာမဲ့နိုင်ပေမဲ့ ကျနော်ကတော့ လုံးဝလုပ်ရဲတဲ့သတ္တိမရှိတာအမှန်ပါ။ ကျနော့ဘဝမှာ အကြောက်ဆုံးတခုပဲရှိပါတယ်။

တိုင်းပြည်အတွက်တန်ဘိုးမဖြတ်နိုင်စွာရင်းနှီးသွားကြတဲ့ အာဇာနည်တွေရဲ့အရိုးတွေတွန်မှာ သူတို့ရဲ့သစ္စာဆူးမှာကို ကျနော်အကြောက်ဆုံးပါ။

ကျနော်နောက်ဆုံးပြောချင်တာက ခင်ဗျာတို့နိုင်ငံရေးစင်မြင့်ပေါ်တက်လှမ်းဖို့အတွက် ကြိုက်တဲ့အဖွဲ့အစည်းထောင်ပြီးတက်ပါ။
ခင်ဗျားတို့ကြိုက်သလောက်ချမ်းသာ ကျနော်စိတ်မဝင်စားဘူး။
ခင်ဗျားတို့လုပ်ပိုင်ခွင့်ကိုလုပ်နိုင်တယ်။

ကျနော်ပြင်းပြင်းထန်ထန်တားဆီးချင်တာက ဒီနေ့ဒီရက်ကစပြီး ရှစ်လေးလုံးအမည်ကိုသုံးပြီး နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လှမ်းဖို့လုံးဝမလုပ်ပါနှင့်။

တကယ်လို့လုပ်ခဲ့မယ်ဆိုရင် ကျနော်စွမ်းသလောက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်
ကာကွယ်သွားမယ်ဆိုတာ ဒုတိယအကြိမ်ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။

ရှစ်လေးလုံးဆိုတာ ခင်ဗျားတို့နဲ့မတန်လို့ပဲ။ ရှစ်လေးလုံးအရေးတော်ပုံဂုဏ်သိက္ခာ ကို အမြဲဦးထိပ်ထားလျှက်

သန်းဝင်း ( လက်မှတ်ထိုးထားပါသည်)



by Maung Maung Wann on Wednesday, January 18, 2012 at 1:45am ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ )တွင် သူလျှိုအဖြစ် စွပ်ဆွဲခံရပြီး ညှင်းပမ်းနှိပ်စက်ခြင်းခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသော အစီရင်ခံစာဖြစ်ပါသည်။ ------------------------------------------------------------------------------------------------ ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၉ ခုနှစ်၊မေလ ၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်မွေးဖွားပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ ပညာအလယ်တန်းကျောင်း၊ အလက(၁)သထုံမြို့တွင်မူလတန်းပညာကိုသင်ကြားပါသည်။ ၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာသင်ကြားနေချိန် ဒီမိုကရေစီအရေးအခင်းဖြစ်ပွားပါသည်။ ကျနော်သည် ကျောင်းသားသမဂ္ပ၏ သတင်းနှင့်ဝါဒဖြန့်ချိရေးရုံးတွင် ၀င်ရောက်တာဝန်ထမ်း ဆောင်ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီးကျောင်းဝင်းအတွင်းတွင်ဖြစ်ပါ၏။

၁၉၈၈ ခုနှစ်၊စက်တင်ဘာ အာဏာသိမ်းပြီး ၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင်လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။ သပိတ်စခန်းခေါင်းဆောင်းများမှာ
၁။ တင်ဝင်း
၂။ သူရိန်ထွန်း
၃။ တင်အုံး
၎။ ကျော်ကျော်
၅။ ဆန်းအောင်
၆။ မြင့်သူ
၇။ အောင်အောင်
၈။ ကျော်မိုး
၉။ ကိုမျိုးတို့ဖြစ်ပါသည်။
၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက် နက်ကိုင်လမ်းစဉ်ပြုလုပ်ရန်အတွက် သထုံမြို့မှထွက်ခွါခဲ့ကြပါသည်။
သထုံမှ မြိုင်ကလေး၊ဘားအံ ထိုမှတဆင့် ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၂၇ ရက်နေ့တွင် ကေအင် ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ရောက်ပါသည်။
၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါ အ၀င် အင်အား ၁၀၀ ခန့် မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။ ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့် ထိုင်းနိုင်ငံ ရိုးကလိုး ဒုက္ခသည်စခန်းအနီးတွင် တပတ်ခန့်ခိုနေပြီး ရေကျော်စခန်းသို့သွားရောက်ခဲ့ပါသည်။

ရေကျော်စ ခန်းတွင် စစ်သင်တန်း နှစ်လတက်ရောက်သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့်အရ ကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။

ထိုစခန်းတွင် တပတ်မျှနေထိုင် နေစဉ် ဦးသုထစခန်းကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ သော်လဲထ ၄င်းမှ မဲလထ ၄င်းမှ လဲသာထ သို့ရောက်ရှိပြီး အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။

အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး နိုင်ငံရေးတာဝန်များကိုထမ်းဆောင်နေရင်း ပလောင် နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ်တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။

၂၀၉ တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊ နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကိုရွေးချယ်ပြီး ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ် ခွဲပို့ခဲ့ပါသည်။

ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။
တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။
ဒု-ရင်းမှူး သူရဇော် (၀မ်ခ) - မြင်းခြံ
ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) - ကျောင်းကုန်း
တပ်စုမှူး ထင်လင်းအောင်
တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) - ရန်ကုန်
တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) - တောင်စွန်း
ရဲဘော်များ
အငယ်လေး (၀မ်ခ) - မန္တလေး မောင်မောင် (နယ်မြေရုံး) - ရန်ကုန် ဒလ
သက်အောင် (နယ်မြေရုံး) - ရန်ကုန် ၈ မိုင်
အောင်ဝင်းတင့် (သေဘောဘိုး) - ရန်ကုန်
ဇော်မြင့် (သေဘောဘိုး) - ရန်ကုန်
လှဝေ - ကျိုက်ကော်
အောင်နိုင် - ပဲခူး မောင်ဦး - ပဲခူး
ဆန်းမြင့်ကိုကို - ပဲခူး
မောင်ဦး - ပဲခူး
မြင့်ဥင်္ီးလေး (မနှဲလေး) - သထုံ
ကျော်ကျော် - ကျိုက်ထို
ဂါမဏိ - ကျိုက်ထို
ထက်ခိုင် - ကျိုက်ထို
စန်းမြင့် - ရန်ကုန်
ဦးနိုင်ဦး - ပဲခူး
သန်းထိုက် - ရန်ကုန်
သန်းထွဋ် - ပဲခူး
အောင်ဆန်းဦး - သထုံ ပေါ်တော်မူ
ကျော်မျိုး - ကျိုက်ထို
နိုင်လင်း - သထုံ ဇင်းကျိုက်
သိန်းလွင် - ရန်ကုန်
စိုးဝင်း - ရန်ကုန်
အောင်ဇော်ဦး - သထုံ
အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊ ၄င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး အဲဒီမှာ စုပါသည်။

ကျနော် တို့သွားရမည့်အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိ ပါသည်။
PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ
စတင်ခရီး ထွက်ခဲ့ကြပါသည်။

မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ဧပြီလဆန်းတွင်ရောက်ရှိကြ ပါသည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့်ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊ ပ လောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့်ရှေ့တန်းတွင်လှုပ်ရှားရသည်။

တပ်ရင်း (၂၁၇) မှတပ် ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သောတပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့ လှည်လည် စည်းရုံးရေးဆောင်ရွက်ရပါသည်။ ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ဇွန်လတွင် ခရီးဆက်ခဲ့ရာ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။

၎င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ထွက်ခဲ့ရာ နည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော် ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင်တွေ့ရပါသည်။ တပ်ရင်း (၈) တွင်နေထိုင်စဉ်က တပ်ရင်းမှူ သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF မြောက်ပိုင်းသို့ ကြိုတင်သွားခဲ့ကြသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။

တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။
၎င်း စခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေးပြုလုပ်ရာ မအူပင်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွါး ခဲ့သဖြင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့် KIA တပ်မဟာ (၃)တွင် ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကိုချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ပါသည်။

ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး တို့လည်း ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန် ပင်အောင်မြင်ခဲ့ပါသည်။ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စု ဆောင်းခြင်း၊ရိက္ခာများများအချိန်မရွေးရရှိအောင် ပြင်ဆင်ခြင်း၊
စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင် စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။
၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ် ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ခရီးထွက်ခဲ့ရာ တပ်မဟာ (၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။

ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူ သိုက်ထွန်း ဦးနှင့်အတူ ရဲဘော် ၈ ဦး ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေးသွားနေကြောင်းသိခဲ့ရသည်။
ကျနော် လမ်း ကောင်းကောင်းမလျှောက်နိုင်သေးပါ။
တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။

ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှချမှတ်ထားသော စည်းမျဉ်းဥပဒေ များနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွားခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။

၁။ သစ္စာအဓိဌာန်
၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျမစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့်သတ်ခြင်း
၃။ အထက်နှင့်အောက် ညီမျှမှုမရှိခြင်း
၎။ မြို့နယ်စွဲများရှိခြင်း (အထူးသဖြင့် ကချင်ပြည်နယ်)
၅။ ရဲဘော်သစ်စုဆောင်းရာတွင် မတရားစုဆောင်းခြင်း၊ မတရားဖမ်းဆီးခိုင်းစေခြင်း
၆။ အဖွဲ့ပိုင်ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း စသည်တို့ကို ဆွေးနွေးရာ

သူတို့က ပါယ်ချပြီး အမှတ်(၁) တွင် အချက် တချက်တိုးပေးပါသည်။

ဗဟိုမှသတ်မှတ်ထားသော စာသားနှင့်မတူပါ။
ABSDF ကချင်နှင့် ၅၀၁ မှကျနော်တို့ နားလည်မှု ကွဲလွဲတာစတင်ပါတော့သည်။

ကချင်ရှိ စစ်ဗိုလ်ချုပ်သံချောင်းနှင့် ဥက္ကဌ မျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများ ဖြစ်စေချင်ကြသည်။
ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

လူကြီးများထံ ကြေးနန်းပို့ရန်တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့် တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။
ဗဟိုမှလူကြီးများဖြစ်သော ကို မောင်မောင်တိတ်၊ ယခင်ဘဏ္ဍာရေး ကိုသန်းဝင်း၊ DAB တွဲဘက်အတွင်းရေးမှူး၊ ကျော်ကျော် (ABSDF အတွင်းရေးမှူး)၊ မိုးသီးဇွန် (ဥက္ကဌ၊ မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့်တွေ့ပါသည်။
ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကိုတားပါသည်။

၎င်းက ထိုနယ်မြေသို့ မသွားသင့် အန္တရာယ်ရှိနိုင်သည် ဒုတိယအကြိမ် ညီလာခံတွင် ဒီအကြောင်းအရာကို သူတင်ပြ ပေးပါမည်ဟု ပြောပါသည်။

ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြ ပြီးတောင်ပိုင်းသို့ပြန်လာမည်ဟုပြောရာ ကျော်ကျော်က ပြန်မလာနှင့်ဟု တားပါသည်။ ကျနော် က တောင်ပိုင်းသို့မပြန်ရလျှင် ABSDF မှထွက်မည်ဟုပြောသဖြင့် ကျော်ကျော်က လက်နက် တွေတော့ပြန်အပ်လိုက်ပါ ပြန်ခွင့်မပြုဟု အမိန့်ချမှတ်လိုက်ပါသည်။ ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါ သည်။

ကျနော်တို့အလွန်ပင်ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထား သော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ရင်ထဲမှာဖော်မပြနိုင်လောက်တဲ့ ဝေဒနာ တွေကို ခံစားလိုက်ရပါတော့သည်။

ကျနော်တို့ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ကျ နော်တို့ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေ ချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်း ပြ\နာဖြစ်နေကြပါသည်။ အရည်အချင်းရှိတဲ့ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်း သွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။

ဒါကို ကချင်ကခေါင်းဆောင် တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းကလက်နက်သိမ်းထားပြီး တဲ့နောက်ပိုင်းမှာ ကျနော်တို့ကို မတရားစည်းကမ်းတင်းကြပ်တာတွေလုပ်ခဲ့ပါသည်။
ဒီအချိန်မှာ ဥက္ကဌထွန်းအောင်ကျော်က ထွက်ပေါက်တခုပေးပါသည်။
ကျနော်တို့တောင် ပိုင်းပြန်ရန်အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့်
ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်း ထွန်း (ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး) တို့ကိုဆက်သွယ်ပြီး ကျနော်တို့ကိုပြန်ခေါ်ဘို့ပြောတော့ အောင်နိုင်(ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုး မင်းအောင်က ၁၉၉၁ ရှစ်လေးလုံးနှစ်ပတ်လည်မတိုင်ခင် ABSDF ကနေထွက်ပြေးသွားပါသည်။
လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။ စိုးမင်းအောင်ကို န၀တထောက်လှန်းရေးဟုစွပ်စွဲပြီး စစ်ဆေးကြပါသည်။

မဟုတ်ပါဘူးလို့ငြင်းသ ဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့ ခွဲပါသည်။ မီးကင်ပါသည်။

စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။

သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကိုထိုးထဲ့ပါသည်။ ဒါးကိုမီးကင်ပြီး ကပ်ပါသည်။

စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့် နာကြင်လွန်းတော့ ထောက်လှန်းရေးပါ လို့ ၀န်ခံရှာပါသည်။

နှစ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလိုသက်သာညား သွေးရူး သွေးတန်းနဲ့ ပြောမိပြောရာ နံမည်ပေါင် ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာတယ်။

အဲဒီအချိန်ကစပြီး တယောက်ပြီးတယောက် အဖမ်းခံရပြီး အနှိပ်စက်ခံကြ၊ မခံနိုင်တော့ နံမည် တွေလျှောက်ပြောနဲ့ လူပေါင်း ၁၀၀ ကျော် ငရဲခံရပါတယ်။

ဒီလိုနဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့ တနေ့ပေါ့၊ ကျနော် ကချင်ကိုလာတာ တနှစ်တိတိကြာအောင်လာခဲ့ရတာပါ။

ကျနော်တို့ ထမ်း ဆောင်တဲ့တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကိုမကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ ထောက်လှန်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။

ကျနော်တို့က စိုးမင်းအောင်အဖြစ်ကိုသိ ထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။

ကျနော် န၀တထောက် လှန်းရေးမဟုတ်တာကို ကျနော်ကိုယ်တိုင်အသိဆုံးပါ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲ ပါ၏်။ ကိုယ့်အချင်းချင်းသတ်လို့သေမှာကိုတော့ ကြောက်တာအမှန်ပါ။

ဒါကြောင့်အခြေအနေ ကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။
ဝန်မခံရင်သေအောင်နှိပ်စက်ကြမှာပါ။
လွတ်မည့်ရက်ကိုစောင့် ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။
ညဘက်ရောက်ရင် မူမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။

တဖြည်းဖြည်း နဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။ သင်းသင်းညီဆိုရင် ဒါရိုက်တာရှင်လုံးရဲ့သမီးလေး ပါ သူ့အမေလာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။

စိုးမင်း (မန္တလေး ကိုတော့ ဖမ်းပြီး မစစ်ဆေးဘဲ ပြန်လွှတ်ပေးလိုက်ပါသည်။

မျိုးဇော်အောင်ကိုတော့ ဆက်သွယ်ရေးစက်ရှိတယ်ဆိုတဲ့စွပ်စွဲချက် နဲ့ နည်းမျိုးစုံစစ်ဆေးမေးမြန်းကြပါသည်။
ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ လျှပ်စစ်လွှတ်လိုက်တာ အူပုတ်ပြီးသေသွားပါတော့သည်။

ဒီသတင်းကိုကြားတော့ ဗန်းမော်ခ ရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ထွက်ပြေးပြီး အလင်းဝင်သွားပါတော့သည်။
ဒီအကြောင်းကိုသိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို
သူရဲ့ ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။
ဦးအောင်မိုး(ဗန်းမော်)ကိုထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံး သားတွေလှီးပစ်ပါသေးသညါ။
အဲဒီညမှာ သက်နိုင်ကိုခေါ်ထုတ်ပြီး မေးတာ မေးလို့မရတော့ သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထဲ့ပါသည်။ နောက်နေ့မှာကျော်ဌေးကိုခေါ်ထုတ်ပြီး
ထောက်လှမ်းရေးမဟုတ်လားလို့ စွပ်စွဲမေးတာကို ကျော်ဌေးက မဟုတ်ပါဘူးလို့ အတန်တန်ငြင်းတာကြောင့်
ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကို အပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ဘဲကျော်ဌေးသေပါတော့သည်။ နေ့စဉ် နေ၀င်ကမိုးချုပ်ထိ အော်ဟစ်တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ချားစရာ ကောင်းလှပါသည်။

ကျော်ဌေးသေခါနီးပြောစကားအရ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေး ကြပြန်ပါရော။
အဆိပ်တွေဘယ်မှာဝှက်ထားသလဲဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို တနေကုန်ရိုက်ပြီးမေးပါသည်။
နောက်ပြီးချောင်းထဲမှာရေနှစ်သည်။
နောက်ဆုံးအဆိပ်ထုတ် မပေးရကောင်းလားဆိုပြီး ကျော်ဝေရဲ့ခြေသန်းတဖက်ကိုဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏်။
အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာဆွဲခိုင်းထားပါသည်။
ငါးမိ နစ်တကြိမ် တယောက်ပြီးတယောက်ဝင်လာပြီး အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။
ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ
ခင်ချိုဦးက မသိတဲ့အကြောင်း မရှိတဲ့အကြောင်း ငိုပြီးတောင်းပန်ရှာသည်။
ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ရက်စက်စွာနှင့်
ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။
မတွေ့တော့ ခင်ချိုဦးကို မြေကြီးထဲမြှုပ်ထားပြီး ခေါင်းသာဖော်ထားပြန်ပါသည်။ ပါစပ်ထဲကိုဒါးထဲ့ပြီးမွှေပြန် ပြန်ပါသည်။
ဆံပင်ကိုလည်းဒါးနှင့်ဖြတ်ပစ်ပါသည်။
တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကိုဒရွတ် တိုက်ဆွဲတာကြောင့်
အ၀တ်မရှိဘဲပက်လက်ကြီးပါလာတဲ့ ခင်ချိုးဦးကိုမြင်ရတော့ မမြင်ရက် စရာပါ ကျနော်မျက်ရည်ကျမိပါတော့သည်။
ဘယ်လောက်ယုတ်မာသလဲဆိုလျှင် ခင်ချိုဦးရဲ့ မိန်းမအင်္ဂါကိုဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာမြင်ရတဲ့မြင်ကွင်းကတော့ ငရဲပြည်မှာတောင်မှ
ဒီ လောက်ရက်စက်ယုတ်မာတာ ရှိမယ်မထင်ပါဘူး။
ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့ မကြားဝံ့မနာသာ ဆဲနေကြတာ
ယောင်္ကျားကြီးတွေတန်မယ့် မိန်းမယုတ်တွေထက်တောင် အောက်တန်းကျပါတော့၏။ ဆဲရင်းပါးကိုဝိုင်းရိုက်နေလိုက်ကြတာ တိရိစ္ဆာန်တွေလိုပါပဲ။ အပိုင်း ( ၂ ) ဆက်ပါဦးမည်....။

Monday, January 16, 2012

ဦးခင်ညွန့်  ဆိုသော အာဏာရှင်ဟောင်းသို့ 

မြန်မာပြည်ကို အကြောက်တရားဖြင့် နေထိုင်အောင် ဇတ်သွင်းခဲ့သူ ဦးခင်ညွန့်  ခင်ဗျား မြန်မာပြည်နိုင်ငံရေး လောကထဲက နားလိုက်ပါတော့ ။
ခင်ဗျား အောင်မြင်ရေး အတွက်
သတ်ခဲ့တဲ့ လူတွေရဲ့  အရိုးတွေ မတွန်ခင်မှာ
အာဏာရရှိရေး
ထင်ပေါ်ကျော်ကြားရေး အတွက်
ခေါင်းဆောင်တွေ အမှားတွေ မှတ်တမ်းနဲ့ 
အကြပ်ကိုင်ရေး လုပ်ငန်းစဉ်တွေ
နားလိုက်ပါ ။
ဝန်ခံလိုက်ပါ ။
(လွတ်လပ်ရေး) ခေါင်းဆောင်သတ်ဖြတ်မှု တရားခံ ဂဠန်ဦးစော
( ဒီမိုကရေစီနှင့် တိုင်းရင်းသား) ခေါင်းဆောင်များ ဖမ်းဆီးသတ်ဖြတ်မှု တရားခံ ဦးနေဝင်း
(၁၉၈၈ အန်အယ်ဒီ နှင့်ကျောင်းသားများ) ခေါင်းဆောင်များ ဖမ်းဆီးသတ်မှု တရာခံ ခင်ညွန့် 

ဌေးတင့် ( နယ်သာလန် )

by Myint Mo Oo on Saturday, January 14, 2012 at 7:49am .
ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ
စစ်တပ်က သူတို့ ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ
စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ
စမ်းကြည့်တာလဲ ဖြစ်နိုင်တယ်။
သူလုပ်ခဲ့ တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။
 မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။
တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင်
တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့် ပဲ။
၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ်အစိုးရဖွဲ့ ဖို့  နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ
သပိတ် တန်ပြန်ရေး ဖော်ဆောင်သွားတာ သူ နဲ့ ထောက်လှမ်းရေးတွေပဲ။
၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက်ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။
အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရတယ်ဆိုတဲ့
ဗိုလ်ချုပ်ခင်ညွန့်  ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ..
ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာသူပါပဲ။ ရေကြည်အိုင် လိုမျိုး နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက
ငရဲခန်း နှိပ်စက်ခန်းတွေဟာ သူ့ စနက်တွေချည်းပါပဲ။
ဆိုင်ကယ် မောင်းခိုင်းတာ က အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး
 ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွားခဲ့တာသူပါပဲ။
ရေကြည်အိုင်ကို ၀င်သွားတဲ့ သူမှန်သမျှ
အကောင်းအတိုင်းပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။
လူမသိ သူမသိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ ။တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို
စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။
ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကိုတို့ နဲ့ ခဏလိုက်ခဲ့ပါ။
လို့  ဘယ်တော့ များ အခေါ်ခံရမလဲ ဆိုတဲ့ အကြောက်တရားမျိုးကို
လူတွေစိတ်ထဲ ရိုက်သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါ။
နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်းကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။
စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ ငါတကောကော အမှားတွေလုပ်
တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။
တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။
ဗိုလ်ချုပ်ခင်ညွန့် လို ပါးပါးနပ်နပ် နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့
ကလိမ်ကကျစ် သူကြောင့် သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။
အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။
ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်းခံခဲ့ရတာပါ။
ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေ လဲ ထည့်မရတဲ့ အဆုံးမှာ
ဗိုလ်ခင်ညွန့် ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။
အဲ့ဒိအချိန်မှာ ဗိုလ်ချုပ် စောမောင် ဆို တာရုပ်သေးပဲ။
နောက်က တကယ် လှုပ်ရှားခဲ့ တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့် တို့ ပဲ။
အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့် ပဲ။
ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။
နောက်မှ သူတို့ အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။
သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ
စစ်ကောင်းကောင်း မတိုက်တတ်၊
စစ်တပ်ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့် ဟာ
သူ့ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။
ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ 
စစ်ပြေငြိမ်းရေးလုပ်တာကို ဘန်းပြပြီး
ဘိန်းမှောင်ခိုအဖွဲ့ ၊
လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ ကို
 ငြိမ်း အဖွဲ့ တွေ အဖြစ်ဖန်တီးပြီး ကျောထောက် နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။
ဒါကြောင့် ကိုးကန့် တို့  ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ ပါတယ်။
သူ့ ကြောင့် ငြိမ်းအဖွဲ့ တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။
စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့ 
ဒီလို ရည်ရှည် သွားတာ ဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။
 စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့ 
အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။
ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။
အဲ့ဒီအချိန်မှာသာ သူ့ ကို ပေးကခဲ့ ရင်
အခုပုဆိုးဝတ်ကြီးတွေကိုဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ 
စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။
တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့် ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။
ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။
စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။
စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဥာဏ်နည်းနည်း နဲ့ ပဲ လုပ်တတ်ပါတယ်။
သူကတော့ ဥာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။
ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။
သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။
ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီအတွက်အချိန်မရှိလို့ ပဲ။
တခြား တိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။
ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင်တော့ သတိထားနေရမယ်။
သူလုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။
မောင်ညီ MMCP ဦးခင်ည့န့်ဘာတွေလုပ်ခဲ့ လဲ ဟုတ်လား
၁-စစ်အစိုးရတတ်ခါစမှာ သူတဦးတည်းမှာ ပါဝါအပြည့်ရှိတယ်လို့ ပြောလို့ ရလောက်အောင်ကို
ပါဝါရှိပါတယ်...
အဲ့အချိန်က သူဆန္ဒပြကျောင်းသားတေNLD နဲ့ လူ့ ဘောင်သစ်ပါတီဝင်တွေ ကိုဘယ်လို့ 
ဘ၀တွေရိုက်ချိုးခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ်မထင်ပါဘူး...
မန္ဓလေးသံဃာ့အရေးအခင်းကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်းအကျဉ်းချခဲ့ပါသလဲ...
.၂-အာဏာတည်ဆောက်ပုံ...ကြမ်းတဲ့နေရာမှာ သူ့ လောက်ဘယ်သူမှ မကြမ်းပါဘူး...
သူ့ အထက်က ဦးစောမောင် ၊
သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ဦးထွန်းကြည် တို့ အုပ်စု ၊
သူတွေကို ဘယ်လိုရှင်းသွားလဲ...
အဲ့အချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါသူအသာလေး စုနေရတဲ့အဆင့်ဘဲ ရှိသေးပါတယ်...
နောက် ဦးတင်ဦး ကေစ့်...
မသေမချင်း လုပ်ကြံခံရတာ သူ့ ကြောင့်မဟုတ်ဘူးဆိုရင်တောင်
သူအကာအကွယ် မပေးနိုင်ခဲ့တာဟာလည်း သူ့ ကိုယ်သူလုံလှပြီလို့ တော့ပြောလို့ မရနိုင်ပါဘူး...
နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ်သုတ်ခ အလုပ်မှာတချက်၊
သူ့ လူတွေ လည်လွန်းပြီး -ချီးနင်းမိနေချိန်မှာ
တချက်အခြေပျက်သွားလို့ သာ သူခံလိုက်ရတာပါ။
အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန်အရှိဆုံးလည်းဆိုတာပေါ်လောက်ပါပြီ။
ဦးသန်းရွှေက သူ့ လောက်မတော်ပါဘူး...
.ဦးသန်းရွှေ မဟုတ်တာလုပ်ရင် လူသိတာများတယ်...
သူမဟုတ်တာလုပ်တာ လူသိပ်မသိဘူး...
သူက ဆင်ဖြုမရှင်နဲ့ စုဘုရားလတ် ပုံစံ တဘက်ကပွဲခင်းပြီး တဘက်က လူသတ်တဲ့သူစားမို့ ပါ...သူလုပ်သွားတာ အားလုံးဟာ ဆန်းဆန်းပြားပြားမပါပါဘူး...
တကယ်တော့ သူသိပ်တော်ပါတယ်ပြောရင်
ဗလလို ငမြောက်ငခြောက်ကောင်ကလည်း
အဲ့လိုနေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ်၄၀လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော်ချင်ပါတယ်...
ဘာကြောင့်လဲ မေးရင်တော့ မြန်မာလူမျိုးတွေက မြန်မာလူမျိုးတွေမို့ ပါဘဲ....
အခုတောင် ဖေ့စ်ဘုတ်မှာ အရင်ထောက်လှမ်းရေးအတွက်
အသုံးတော်ခံခဲ့တဲ့ 7days voice eleven တို့ က တဖြည်းဖြည်းနဲ့ 
မင်းကိုနိုင် တပုံ သူ့ ပုံတပုံတင်ပြီး စည်းရုံးရေးဆင်းနေပါပြီ...
အားလုံးကလည်း ဘဘကြီးနေကောင်းလားတို့  အရမ်းဝမ်းသာတာဘဲတို့ ဖြစ်ကုန်ကြရော....
ကျုပ်တို့ လူမျိုးကလည်း မေ့တတ်တာကို....
၁၉၈၈ အရေးအခင်းဖြစ်တယ်...
အရေးအခင်းပြီးတာနဲ့  အရပ်ထဲ နတ်ပွဲတွေနဲ့  တခြိမ်းခြိမ်းပေါ့...မေ့ကုန်ပြီ...
မသေတဲ့မိသားစုတွေက..
၁၉၉၀ရွေးကောက်ပွဲလုပ်တယ်...
မနက်ဖြန်ဘဲပေးမလိုလိုလုပ်နေလိုက်တယ်...
ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော...
အမှတ်မမှားရင် လွတ်တော်ခေါ်မယ်ကို ၁၉၉၁-၂နှစ်လောက်မှကြေငြာတာရွေးကောက်ပွဲပြီးတယ်...
၁၉၉၃ ညီလာခံခေါ်တယ်...တနှစ်တကြိမ် တခါတလေ ၂-၃ကြိမ်ခေါ်တယ်...
လူတွေဆူပူမှာဆိုးလို့  မြို့ တော်ဝန် မာရသွန်.....ပြေးလိုက်ကြတာဘဲ...
တီကို ကားရအောင်လို့ ....နအဖ ဖလား လှေသဘင်၊မြင်းခင်းသဘင်၊
ဟောပြီးတော့ အမျိုးသားအားကစားပွဲတော်၊
နောက်တော့ကျောင်းသားအားကစားပွဲတော်လုပ်ပေးတယ်၊
ဒါတွေဟာ ပုံမှန်ပါဘဲ...တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတယောက်အတွက် တကယ့်ကို ပုံမှန်ပါဘဲ....
အခုအွန်လိုင်းမှာဟော့နေတဲ့ မြန်မာ့အင်တာနက်ဖောင်ဒါဆိုတဲ့ စကားလုံး....မှားတယ်...
 ပုဂံဆိုက်ဘာကို စလုပ်တဲ့ရည်ရွယ်ချက်ကိုက သူ့ အတွက်ပါ။
သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်းအတွက် ရည်ရွယ်ပြီးလုပ်ခဲ့တာပါ...
သူမလုပ်ရင် သူကျန်ခဲ့တော့မယ်...
အဲ့နောက်ကနေမှ လူတွေမသုံးနိုင်တဲ့ ဈေး၊ လူတွေမသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ 
လူတွေကြားထဲ ချထားပေးလိုက်တာပါ...
ဒါလည်း လေးစားလောက်စရာမရှိပါဘူး...
သူနိုင်ငံအုပ်ချုပ်နေတဲ့ သူတယောက်...
သူ့ အလုပ် သူလုပ်ရမှာပေါ့...
ဒါကျွန်တော်တို့ က ပိုပြီးချီးကျူးထောပနာပြုနေစရာ ဘာလိုလို့ လဲ....
ကောင်းတာကို ချီးကျူးခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ ...ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့...
နောက် လူတွေပြောတဲ့ မာလ်တီမီဒီယာ...
 ဟားတိုက်တာ ရယ်ချင်ရဲ့...စက်ရှိတယ်..
ရုပ်ပြ၊ အင်တာနတ်ကနေစာသင်မယ်တဲ့ မီးမလာဘဲ...
အဲ့တော့ အဲ့တာတွေဟာ အပိုဆိုတာ သဘောပေါက်ပေါ့...
ထမင်းကျွေးလို့ ထိုင်စားမယ့်လူကို ထမင်းသိုး ဟင်းသိုးကျွေးတာ ထုတ်ပြီး
ချီးကျူးလောက်တဲ့သူဟာ ထမင်းသိုးဟင်းသိုးကြိုက်တဲ့သူဘဲဖြစ်မှာပေါ့...
နောက်တခု မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း...
ဒါဟာ တပ်တွင်းအားပြိုင်ဖို့  လောက်နေရာတခုပါ...
အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင်တို့ က မတိုးဘူးလေ...
သူ့ မိန်းမက ဒေါက်တာဆိုတော့ ပိုပြီးလူဝင်ဆန့် တော့ ဒါကိုတည်ခဲ့တာဘဲ....
နောက် အတန်းပညာရေးကို ဘယ်လောက်ထိဖျက်ဆီးပစ်တယ်ဆိုတာ အားလုံးအသိပါ..
.မအောင်မနေရ အတန်းတင်ပညာရေးစနစ်ဟာ
သူ့ ကြောင့်ပေါ်ထွန်းလာတာပါ။
အဲ့ဒီပညာရေးစနစ်ကထွက်လာတဲ့သူတွေ
 အခုအချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ ခြင်းတူရင် ဒီပလိုမာခြင်းတူရင်
ဘယ်သူက ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ပါသလဲ...
ကိုယ့်ဘာသာကိုယ် မပြင်ထားရင် ဘာအဆင့်မှမရှိလောက်အောင် အနှိမ်ခံရပါမယ်...
အဲ့လောက်ဆိုရင် သူ့ ဘာလဲသိလောက်ပါပြီ...
သူဟာ ရုပ်ရှင်သရုပ်ဆောင် ကြက်သမားဝင်းမြင့် ( ဦးလူချော မှန်ပါတယ်နော် ) ရဲ့ညီလို့ မပြောရဘူး သရုပ်ဆောင်ကောင်းသူပါ...ဘုရားထီးတော်တင်ရင် ဆုတခုဘဲတောင်းတယ်...
နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီးအေးချမ်းပါစေ...တဲ့ ( နည်းနည်းတော့စကားလုံးကွဲနိုင်တယ် )အဲ့လိုဟန်ပါပါ မာန်ပါပါနဲ့ ဆုတောင်းလို့  လူကောင်းထင်နေရင်တော့ မှားမှာပေါ့...
ကျွန်တော် အိမ်ကနေ ရှေ့ တပြက ဘုရားသူထီးတင်ခဲ့ သလို
ကျွန်တော့်လမ်းထိပ်က ကကလှမ်းရုံးမှာလည်း သူ့ တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်....
အဲ့တော့ မိချောင်းမျက်ရည် လို့ သာပြောချင်တယ်...
သူ့ အကြောင်း ထဲကနေ ကောင်းတာလေးတခုနှစ်ခုလောက်တော့ ရှိတာပေါ့..
.သူ့ တပ်မတော်ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်းယူဖို့ အကြံနဲ့  ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ပုံစံချိုးယူတာမျိုး အာစီယံမှာ သူ့ တပည့်ဦးဝင်းအောင်ကို အလှည့်အပြောင်းလာတော့မယ် ဆိုတဲ့စကားထွက်စေတာမျိုး ကို ကြိတ်ပြီးချီးကျူးမယ်ဆိုရင်ပေါ့....
ဒါပေမယ့် ဒီလူဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေပြောသလိုပြောရရင် မှင်အနက်ဘဲ...
ဘယ်လိုမှင်နဲ့ မှ သူ့ ကိုအရောင်ပြောင်းလို့ မရနိုင်ဘူး...
သူဟာ လူမကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက်သမားပါ...
ကျေးဇူးဗလ (MMCP) ရွေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသားအရေးအခင်းဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျမသိဘဲ လို့ ဆိုရအောင် အဲဒီကျောင်းသားတွေ မသေသေးဘူးကွယ့်။
အဲဒီသူကြီးလဲ အပြင်ဘက်မှာ အရှင်လတ်လတ်ကြီး ညွှန်ကြားနေတာကွယ့်။
လှည်းတန်းမှာနံနက်လင်းအားကြီး ကတ်တ၇ာလမ်းပေါ် ထိုင် လက်ချင်းချိတ်တွဲထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ်အတင်းထိုးခွဲ ကားပေါ်ပစ်တင်ခိုင်းတာ
အခုေ၇ွှဘိုထောင်က လွှတ်တဲ့ထဲပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ်ခင်အောင် တဲ့။
အဲဒီတုန်းက ဗမခ မဟုတ်သေးဘူးထင်တယ်။
အမိန့်အရ အနီးကပ်ညွှန်ကြားသူပေါ့။
ထောက်လှန်းရေးတစ်စု ၇က်ရက်စက်စက် နှိမ်နင်းခဲ့တဲ့မန်းလေး သံဃာ့အရေးအခင်းဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။
ကျောင်းသားတစ်ယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်းကျောင်းသူ တောင် မချန်) ထောင်ထဲဖမ်းထည့်ပလိုက်တာကော သူ တော်တဲ့အချက်လို့ ပြောဦးမလား။
 မျှားခေါ်တတ်လိုက်တာ ပေါ့နော်
အဲဒီတ၀ိုက် စစ်ထောက်လှမ်းေ၇းတွေ သတင်းပေးတွေ စိုးမိုးချိန်က
လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့
ကိုယ့်နိုင်ငံအကြောင်း အကောင်းအဆိုး နည်းနည်းတောင် မဟ၀ံ့ ၊
ကချင်ပုဆိုးတောင် မ၀တ်ရဲ၊
အိမ်မှာ အန်တီစုပုံ တောင် မထားရဲတဲ့ သာမန်ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။
အဲဒါ ပုံပြင်တွေ ယုံတမ်းစကားတွေ မဟုတ်ဘူး။
အမှန်က ဒီလူကြီးအကြောင်း ပြောဖို့ ၀င်လာတာမဟုတ်ဘူး။ ဖတ်၇တော့ လဲ မနေနိုင်လို့။.................................................. .............................. .................... ............................. အလဲဗင်းမှာ ဇောတိက ဆိုတဲ့ တစ်ယောက်က ကိုမင်းကိုနိုင် ကို ကွန်မန့်ပေးထားတာ သဘောကျလို့ ပြုံးမိတယ်။
မိတ်ဆွေတွေေ၇ာ ဖတ်ချင်မလားလို့ ကူးလာတယ်ဗျာယုံတယ်ဗျာ.
ခင်ဗျားကိုတော့. တစ်ခုဘဲပြောချင်တယ် ဗမာပြည် နိုင်ငံရေး ကတော့
ခင်ဗျား သက်ဆုံးတိုင် ရိုးမြေကျ လုပ်ရ မှာဘဲ။
ဒီတော့ ဒါတွေ ဆက်မလုပ်ခင် မိန်းမ ယူဗျာ ခင်ဗျားလို လူမျိုးရဲ့သွေးမျိုးဆက် ဗမာပြည်လို လူကြောက်တွေ ပေါ တဲ့ တိုင်းပြည်မှာ လိုကို လိုတယ်။
ကျုပ်မှာ နှမတွေ မကျန်တော့တာ နာသဗျာ။
ဗိုလ်ချုပ်ကတော့ ဒဏ်ရာနဲ့ ဆေးရုံရောက်ခဲ့လို့ သူနာပြုဆရာမလေးနဲ့ တွေ့ခဲ့တယ်။
ကျွန်တော်တို့ အကိုကြီးမှာ ဖူးစာရှင်တောင် ရှာဖို့ အချိန်မရှိခဲ့ဘူး။
ကိုဋ္ဌေးကြွယ်ပုံ မြင်ရတော့လဲ စိတ်မကောင်းဘူး ။
အထဲမှာ ကျန်းမာေ၇းမကောင်းခဲ့တာကြောင့် ရော ထင်တယ်ကျ သွားလိုက်တာ။
ရွှေဝါရောင်တုန်းက အားလုံးအဖမ်းခံနေ၇ပြီး သူတစ်ယောက်ထဲ အပြင်မှာ
ကျန်ခဲ့တဲ့အချိန်ထိ အမျိုးမျိုး ရှောင်တိမ်းရင်း လှုပ်ရှားခဲ့တာ။
အဲဒီ အကိုကြီးဟာ အင်းယားမြိုင်ထဲမှာနေတဲ့ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလာတဲ့သူ လို့ဘယ်သူထင်မလဲမဆိုင်သလို မနေခဲ့ကြတဲ့ သူတို့မျိုးဆက်ကြောင့်သာ
 မြန်မာပြည်ဟာ သူရဲကောင်းတွေ နေတဲ့ တိုင်းပြည် လို့အခုထိ ဆက်လက် ဟစ်ကြွေးနိုင်ခဲ့တာ။
လေးစားဂုဏ်ယူ ကျေးဇူးတင်စွာဖြင့်သားလှဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော်ဘွဲ့တွေ ရွတ်နေကြပါစေ ကျနော်တော့ သူ့မျက်နှာမြင်တာနဲ့ ပထမဆုံး ပြေးမြင်မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။ အဘညွှန့်ဘာလုပ်ခဲ့သလဲတော့ မသိပါဘူး အဘညွှန့်ရဲ့ သားသမီး အမ်အိုင်တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ်တင်တင် ဖွင့်ရဲလာတာတော့ အတော်ထင်ထင်ရှားရှားပဲ။
တဖက်ကနေ လှည့်ပြီးကျေးဇူးတင်ရမယ်ဆိုရင် ကိုရင်ချက်ကြီးတို့ ပြည်တွင်းဖြစ်ကုန်ကြမ်းရစေဖို့ စတင်မိတ်ဆက် ကျေးဇူးပြုခဲ့တာ အဘညွှန့်ရဲ့ အမ်အိုင်တွေပဲ။
---------------- ဒါပေမဲ့ သူလွတ်ခြင်းမလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစားမိပါဘူး၊ အကျဉ်းကျနေသူ လွတ်မြောက်တဲ့အတွက် မုဒိတာပွားပါတယ်။
ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရားနွံထဲ ဆွဲချခဲ့တဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင်ခဲ့တဲ့ သူတစ်ယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး မခံခဲ့ရဘူးတဲ့သူတွေကတော့ ခံခဲ့ရတဲ့အမြင်ကိုဘယ်သိမလဲဗျ။
မိသားစုတွေ သားတကွဲ၊မယားတကွဲ..ဖြစ်ခဲ့တာတွေ၊
လူဘ၀သက်တမ်းတ၀က်လောက်ကို ထောင်ထဲမှာကုန်ဆုံးခဲ့ရတာတွေ၊
ကိုယ့်အိမ် ကိုယ်နေတာတောင် ကြီးလန့်စာစားနေခဲ့ရတာတွေ၊..
ပြောရရင်တော့ ကုန်မှာတောင်မဟုတ်ဘူး။
ဒီလို လူမျိုးကို အကာအကွယ်ပေးတဲ့သူတွေ facebook ပေါ်မှာလဲ အတော်များသားကလား။ဒီလူကြီးရဲ့လက်တံကတော်တော်ရှည်သေးတာတွေ့ရပါတယ်။
(သူတပည့် ဟောင်းတွေ တော်တော်များများလဲ facebook ပေါ်ရှိနေတာသေချာတယ်)ထောက်လှမ်းရေးဆိုတဲ့အတိုင်း ညဏ်နီညဏ်နက်၊ကလိမ်ကကျစ်ညဏ်ကတော့ တော်တော်ကြောက်ဖို့ကောင်းရိုးအမှန်ပဲ။
မြွေပွေးလိုလူမျိုးပါ။
ဒီလူကြီး အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့်မဟုတ်ပါ။
သွားလေသူကြီးက မြွေပွေးတစ်ကောင်ကိုပခြုပ်ထဲထည့်လိုက်တာပါ။
(သူတို့အာ ဏာ ထိပါးမှာမြင်လို့လားမသိ)ခုတော့ မြွေပွေးတစ်ကောင်ပြန်လွတ်လာပြီပေါ့။
xxMMCPxx သူတို့တွေက ရန် ငါ ပြတ်တယ်။
ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ်သားသား အသာစီးရ အပေါ်စီးကနေပြီး လုပ်ချင်သလို လုပ်ခဲ့ကြတယ်။
ကျတော်တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပစ်ခါတွေကို ကျင့်သုံးတယ်။
နည်းနည်း အသာစီးရလာရင် ဆက်ပြီး အနိုင်ယူဖို့၊
အမြစ်ပြတ် ခြေမှုန်းဖို့ ဆိုတာတွေကို စိတ်မ၀င်စားတော့ဘူး။
အားလုံး အတူတကွ လက်တွဲ့ နေထိုင်ရေးကို ပိုဦးစားပေးတယ်။
ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီးခံခဲ့ကြရတယ်။
တစ်ခါတစ်လေ တော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ခြင်လာတယ်။
ဒါပေမဲ့ ငါဟာလူ၊ တိရစ္ဆာန်မဟုတ်ဘူး လို့ ပြန်စဉ်းစားလိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ်သွားတယ်။ လူအဖြစ်ကို အဆုံးရှုံးခံပြီးမှ ရမဲ့ အနိုင် ထိုက်တန်ရဲ့လား တစ်ကယ်ကော လိုချင်ရဲ့လားလို့ ပြန်စဉ်းစား စရာတွေ ဖြစ်လာခဲ့တယ်။
အခုအချိန်မှာ အခုလို လွှတ်ပေးလိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို
ကျတော်လည်း ခံစားရတယ်။
ဇာတ်ရှိန်ကို မြှင့်သယ်သွားတယ်။
လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ်ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။
 လူတွေ အားလုံး ရင်သပ် ရှုမောစရာ ဖြစ်သွားတယ်။
 မြစ်ဆုံကိစ္စ အကျဉ်းသား လွတ်ပေးရေး ကိစ္စတွေမှာ
သေသေချာချာ ပလန်ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက်တွေလို
ကျတော်လည်း အစ်ကို တစ်ချို့နဲ့ အမြင်တူတယ်။
သတ္တာကြီးပေါ် ကျောက်တုံးတင်ပြီး ပြန်ချပေးတဲ့
အော်ပီကျယ် ကာတွန်း အဓိပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုးဆိုတာကိုလည်း လက်ခံတယ်။
ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တစ်ပြိုင်နက် ထွက်ပြီးမှ
ဆိုတာလေးကို ပိုပြီးသိချင်လာတယ်။
အစ်ကို သိထားတာတွေကို ရှယ်ပေးပါလား....
အခုတစ်လော မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းမှာ
 ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန်နေတယ်။
ခွင်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။
 ပြင်လို့ မရသင့်ဘူး။
သမိုင်း အဖျောက် မခံသင့်ဘူး။
အရေးယူတာ မယူတာ က နောက်တစ်ပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိကျန်ရစ်ဖို့ နောက်တစ်ပိုင်းပါ။ ထိုအတူ ဒီပဲယင်းဆိုတာလည်း လူအများအပြား လူမသိသူမသိ၊
လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။
ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ခြင်ချိန်ပြီး
ခွင့်လွှတ်အုန်းတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အပြည်အစုံ ရှိသင့်တယ်။
နောက်လူတွေလည်း သိသင့်တယ်။
အခုဘဲကြည့် ဘာမှ မကြာသေးတဲ့ နှစ်ကာလတွေတုန်းက လုပ်သွားတဲ့
ညောင်နှစ်ပင်တောင့် မသိသူတွေ ရှိနေပြီ။
မအအောင်လို့ သမိုင်းသင်တာပါ ဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန်အမှတ်ရကြပါ။
ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ
ကောင်းသလား ဆိုးသလား တော်သလားဆိုတာတွေ
ဆွေးနွေးခြင်ရင် နိုင်ငံရေး သရက်ထဲမှာ သူအမည်နဲ့ သီးခြား တစ်ခုရှိပါတယ်။
အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျော်လေးမလားလို့ အကြံပေးတာပါ။
ကျတော် ဂရုပြုမိသလောက် အမည်ကျော်တွေထဲမှာ
 ကိုယ်ကိုကိုယ် publicity ဖြစ်အောင် promotion ကို သေသေချာချာ စဉ်စားပြီး
စနစ်တစ်ကျနဲ့ အချိန်အကုန်ခံပြီး လုပ်ယူတဲ့လူ နှစ်ယောက်ကို တွေမိတယ်။
တစ်ယောက်က ကျော်ဟိန်းပါ။
သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ်အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တစ်ကျ လုပ်သွားတာပါ။ နောက်တစ်ယောက် အခု မြို့ မေတ်တာ ခံယူနေသူကြီးပါ။
လူတွေဟာ တစ်ခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ယဉ်ပါးနေတဲ့ ကြားဘူးတဲ့ အရာကိုဘဲ ရွေးတယ် ဆိုတာ စနစ်တကျ လေ့လာချက်များမှာ တွေ့ရှိရတဲ့ လူအကျင့်ပါ။
ဒါကြောင့် ကိုယ်ပစ်စည်းကို ကောင်းတဲ့ ကိစ်စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် ဆိုးတဲ့ကိစ်စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စီထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါတလည်းလည်း ၀င်အောင်လုပ်ပေးရမယ်။ အဲဒီလုပ်ထားနိုင်ရင် အဲသည်လူဟာ တစ်ခုခုကို ရွေးရတော့မယ်ဆိုရင် မသိစိတ်ကနေပြီး သူမကြာခဏ ကြားဘူးနေတဲ့ အမည်ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မာကက်တင်း နိယာမ တစ်ခုပါ။ ဒါကို တီဗီမင်းသားကြီးက ကောင်းကောင်း နားလည်ပုံ ရပါတယ်။လူမကြိုက်တဲ့ ပစ္စည်းကို လူကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုးနေတဲ့ မဆလ မာကက်တင်း နည်းစနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည်တွေနဲ့မှ စားပျော် အိပ်ဝင် ပြီး လူလုပ်ခဲ့သူတွေကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး လက်ခံသွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။ အောင်အောင်ဦး ဗိုလ်ချုပ်ကြီး ခင်ညွန့် နှင့် အမေးအဖြေ မှ ကောက်နှုတ်ချက်များ မိမိလွတ်မြောက်လာလို့ ၀မ်းသာပေမယ့် အပြည့်အ၀တော့ ၀မ်းမသာနိုင်သေးပါဘူး။ ကိုယ့်ကြောင့်ကျနေတဲ့ တပည့်သားမြေးတွေ ကျန်နေသေးတာရယ်၊ ကျန်တဲ့တခြားသူတွေ၊ ပြည်သူတွေအားလုံးကို လွတ်စေချင်ပါတယ်။ သူတို့တွေရဲ့ မိသားစုဝင်တွေကိုလည်း ၀မ်းသာစေချင်ပါတယ်။ အခွေထွက်လာတာလေးက အင်းစိန်ကိုသွားပြီးတရားရင်ဆိုင်ဖို့ပါ။ အဲဒီအချိန်က အနားပေးခံရပြီး ၈ လလောက်မှာပါ။ လွယ်သွားတ...ဲ့လွယ်အိတ်လေးက သီတဂူဆရာတော်ကြီး ချီးမြှင့်ထားတာလေးပါ။ ဒေါ်အောင်ဆန်းစုကြည် ကလူတော်ပါ။ ထက်မြက်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကလည်း အာဃာတ မရှိခဲ့ပါဘူး။ ညီမလေးလိုပါပဲ ။သူက တိုင်းပြည်အတွက် အကျိုးရှိသူပါ။ နိုင်ငံတကာကိုလည်း ၀င်ဆံ့တယ်။ ပြည်တွင်းကလည်း ထောက်ခံတယ်။ MrMaung KoThet By Nay Zaw Thorn Nay Soe ဦးခင်ညွှန့်နှင့် ပတ်သက်၍ ... ကျနော် ဦးခင်ညွှန့်ကို မဲမပေးနိုင်ဟု ပြောရုံလေးနှင့် တော်တော်ဆွေ့ဆွေ့ခုန်သွားကြပါသည်။ ထိုအတွက် အတော် အံ့သြမိ၏။ မဲမပေးဟု ပြောခြင်းသည် ပုတ်ခတ်ခြင်းလည်း မဟုတ် ဆဲရေးခြင်းလည်း မဟုတ်ပါ။ သူက နိုင်ငံရေးလောကထဲ ၀င်မလာဟုတော့ပြောပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးတွင် ဘယ်နည်းနှင့်မဆို သူ့သြဇာ လွှမ်းမိုးလာမည်ကို ကျနော်မလိုလားပါ။ ထို့အတွက်ကြောင့် သူ့သြဇာ လွှမ်းမလာအေင် ကျနော်တတ်နိုင်သလောက်လေး ကြိုကာလိုက်ခြင်းသာဖြစ်ပါသည်။ ယင်းမှာလည်း အောက်ပါအကြောင်းများရှိပါသည်။ ၁) သူတော်သည်ဟု ပြောကြပါသည်။ ဟုတ်ပါလိမ့်မည်။ သို့သော် သူ အထွတ်အထိပ်ရောက်တာ နှစ်အတော်ကြာခဲ့ပါသည်။ တိုင်းပြည် ဘယ်လောက်များ သူ့ကြောင့် တိုးတက်သွားပါသနည်း။ သူ့လို ခေါင်းဆောင်တစ်ယောက်အနေနှင့် နည်းနည်းကလေး စေတနာပြလိုက်ရုံနှင့် အများကြီးတာသွားနိုင်သော အခြေအနေဖြစ်ပါသည်။ သူကောင်းတာလုပ်တာတွေရှိလျှင်လည်း အမြင်ကောင်းရုံ၊ မျက်နှာပန်းလှရုံနှင့် သူ့အကျိုးရှိရုံ မဟုတ်ဘူးလား။ Illusion များကို ကျော်အောင် ကြည့်သင့်သည်ဟု ထင်ပါသည်။ သူတော်သည်ဆိုလျှင် ရုပ်ပြကောင်းသည့်နေရာ၊ စမတ်ကျ၍ အပြုံးချိုချိုထားသည့်နေရာတွင်သာ တော်ပါလိမ့်မည်။ ၂) အခုမှ ထောင်ကလွတ်သူအပေါ် သနားတာပါဆိုလျှင် သနားစရာ ၆၀၀ကျော်ရှိပါသည်။ ပြီးတော့ ထောင်ကလွတ်သည့် တခြားသူများများမှာ သူ့လို နန်းတော်တမျှ ခမ်းနားသော အိမ်ကြီးသို့ ပြန်လာနိုင်ကြသူများ မဟုတ်ပါ။ ပြီးတော့ သူက ထောင်က လွတ်ခြင်းမဟုတ်ပါ။ နေအိမ်အကျယ်ချုပ်မှ လွတ်ခြင်းသာဖြစ်ပါသည်။ ယခု ထောင်ကလွတ်သူများတွင် စားဝတ်နေရေးပင် ဘယ်လိုဖြေရှင်းရမလဲ မသိသူများ အမြောက်အများရှိပါသည်။ ၃) သူ့အပေါ် အာဃာတမရှိပါ။ သို့သော် ကျားသေကို အသက်မသွင်းတာကောင်းပါသည်။ ၄) ယခုအချိန်သည် စည်းလုံးညီညွတ်ရေး လုပ်ရတော့မည့်အချိန်ဆိုတာ နားလည်ပါသည်။ ဒါဆို လက်ရှိ အစိုးရအဖွဲ့နှင့် စည်းလုံးညီညွတ်ဖို့ ပို အရေးကြီးပါသည်။ လက်ရှိအစိုးရနှင့် လက်တွဲဖို့ လည်ပင်းဖက်ဖို့ ပိုအရေးကြီးပါသည်။ အပြစ်တွေ အများကြီးပြုခဲ့သူအပေါ် ဘာမဆိုင်ညာမဆိုင် အတင်းဂရုဏာသက်ပြနေစရာမလိုပါ။ သူ့ကို ဂရုဏာသက်ပြခြင်းသည် သူကြောင့် ဘ၀ပျက်ခဲ့သူများအပေါ် ကျူးလွန်စော်ကားခြင်း တစ်မျိုးဟု ယူဆမိပါသည်။ ဥပမာသေးသေးကလေးတစ်ခုပေးပါမည်။ ဂျပန်နှင့်တရုပ် ခဏခဏစကားများကြသော စစ်သင်္ချိုင်းအား အလေးပြုသည့်ကိစ္စကိုပင် ကြည့်ပါ။ ၅) သူ့အား ကျနော် လုံးဝ မပုတ်ခတ်ပါ။ သို့သော် သူ့မှာ အပြစ်တွေ ရှိသည်ကိုတော့ လူတိုင်း သိပြီးဖြစ်ပါသည်။ သူက ထိုအပြစ်များအတွက် ၀န်ချတောင်းပန်ခြင်းလုံးဝ မပြုလုပ်ပါ။ သို့အတွက် ခွင့်လွှတ်စရာလည်း မလိုပါ။ ၆) သူ့ကို အကောင်းမြင်လျှင် ဗိုလ်ချုပ်နေ၀င်းကိုလည်း အကောင်းမြင်ရပါမည်။ ဂဒါဖီကိုရော၊ ဆဒန်ဟူစိန်ရော၊ စတာလင်ရော၊ ဟစ်တလာရော၊ မူဆိုလီနီရော ... အကုန်ကောင်းသည်ဟု ပြောရပါတော့မည်။ ထိုအခါ ဒီကမ္ဘာမြေပြင်တွင် လူဆိုးဟူသည်မရှိ။ သို့သော် သူတို့ကြောင့် လူမဆန်စွာ သေဆုံးခဲ့ရသူများကတော့ဖြင့် အထင်အရှားရှိနေ၏။ ထို သေဆုံးခဲ့သူများအား နင်တို့မိုက်လို့ နင်တို့ သေတာ နည်းတောင် နည်းသေးတယ်ဟုပင် ပြောရမလို ဖြစ်ပါသည်။ ၇) ကျနော့်စိတ်ထဲရှိသည်ကတော့ သနားပါတယ်ဆိုရုံမျှနှင့် ဒီလောက်ချီးမြောက် ကျောသပ်ရင်သပ် ပြုနေစရာမလိုပါ။ ဗုဒ္ဓလက်ထက်တော်က အဂုင်္လိမာလသည် လူဆိုးကြီးဖြစ်ခဲ့ပါ၏။ ရဟန်းဝတ်နှင့်သော်မှ လူတွေက ရွံ့မုန်းစွာ ခဲနှင့်ပေါက်ခြင်းခံခဲ့ရပါသည်။ နောက်ပိုင်း သူ့အကျိုးပြုမူများကြောင့် လူတွေ ပြန်လက်ခံခဲ့ကြခြင်းဖြစ်ပါသည်။ ကျနော်ဆိုလိုသည်မှာ သူ့နေရာသူ ထားလိုက်ဖို့ဖြစ်ပါသည်။ သူ ကျူးလွန်သမျှကို အပြစ်ပေးဖို့ မတောင်းဆိုပါ။ သို့သော် သူ့ကိုသူ ငါလုပ်တာ တယ်ဟုတ် တကယ်ကောင်းပါလားဟု ထင်မှတ်သွားအောင် ၀ိုင်းလုပ်ပြစရာလည်း မလိုပါ။ ၈) သူ့အား ယခုသို့ ကျောသပ်ရင်သပ်လုပ်နေကြခြင်းသည် ဂရုဏာကို ပြသခြင်းမမည်တော့ပဲ ဒီနိုင်ငံမှာ ဘယ်လောက်ဆိုးတာတွေ လုပ်ခဲ့လုပ်ခဲ့ ရုပ်ပြကောင်းအောင်နေ၊ ဂရုဏာသက်အောင် နည်းနည်းကလေးလုပ်ပြလိုက်ရင် လူတွေက ချက်ချင်း ကြွေတော့တာပဲ။ ဒီတော့ ဒီလူတွေပေါ် လုပ်ချင်တာလုပ်လို့ရတယ်ဟူသော အစဉ်အလာများသာ ဖြစ်ပေါ်လာစေပါလိမ့်မည်။ ၉) ကျနော့်အမြင်အရ ဦးခင်ညွှန့်မှာ နိုင်ငံရေးသေလေပြီ။ ထို့ကြောင့် စင်ပေါ် ဆွဲတင်စရာမရှိတော့ဟု ယူဆပါသည်။ ဒီ Post သည်ပင် သူ့အကြောင်း နောက်ဆုံးPost ဖြစ်ပေမည်။