ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, March 24, 2015

bamboo clapper(ဝါးလက်ခုတ်)

ဝါးလက်ခုတ် 
Clapping Bamboo Musical Instrument 

မြန်မာပြည်သားတွေရဲ့  ရှေးရိုး တေးဂီတ တွေထဲက 
ပစ္စည်းတွေထဲမှာ ဝါးလက်ခုတ် က လူတိုင်း သုံးကြတဲ့ တူရိယာ တမျိုးပါ ။ 
၂၄ မတ်လ ၂၀၁၅ နေ့ မှာ ဂိုဂယ် ကနေပြီး 
ဝါးလက်ခုတ် လုပ်နည်း ရှာဖွေကြည့်တဲ့ အခါ 
အမည်နာမ တောင် မရှိတာ ဝမ်းနည်းစွာ တွေ့ ရပါတယ် ။   

ဒါကြောင့် အရေးပေါ် တင်လိုက်ပါတယ် ။ 

ဝါးလက်ခုတ် လုပ်မဲ့ ဝါးက 
အခေါင်းပါပြီး အဆစ်ကြား အရှည်တဲ့ အမျိုးအစား ဖြစ်ဖို့ လိုပါတယ် ။ 


    

ဝါးအစိမ်းကို အသုံးပြုရန် ခွဲစိပ်ဖို့  လွယ်ကူပေမဲ့ 
ခြောက်သွားတဲ့ ဝါးကို ခွဲဖို့ ကြတော့ 
အခက်အခဲ အနည်းငယ်ရှိတတ်ပါတယ် ။ 

ပထမ ဝါးလုံးကို ယ္ခု ပုံပါ အတိုင်း 
၂ ဖက်စ ချန်ကာ  ဖြတ်ပါ ။ 
ရေ တည  စိမ်ထားပါ ။   










ဝါးလက်ခုတ် လုပ်ဖို့  
လက်ကိုင်ကို အရင်း နဲ့  အဖျား 
ဘယ်ဖက်က ဖေါက်ကြလဲ .

အဖျားအဆစ်ကိုချန်ပြီး 

လက်ကိုင်လုပ်ပါခင်ဗျာ..

ဝါးကိုခွဲရင်အရင်းကစနေခွဲရပါတယ်

အဆစ်တွေကြရင်ကွဲလွယ်လို့ပါ...

ဝါးအရင်းသစ်အဖျား လို့ဆိုရိုးရှိပါတယ် 
Ko Naing ·
အလယ်အဆစ်လည်းချန်ရပါမယ်..
ဝါးကရေစိမ်နိုင်လေကောင်းလေပါခင်ဗျ

ဉရောပကို လေယာဉ်စီးပြီး

ရေခဲ ခြောက်သွေ့  ရာသီကို ဖြတ်တော့


ဝါးက ခြောက်ပြီး ကွဲအက်စပြုနေပြီ. 


လွန်ဆူးနဲ့  အပေါက်ဖေါက်

သံကြိုး ထဲ့ပြီး အတွင်းက ချည်လိုက်ပါ



လက်ကိုင်အောက်ကို သံကြိုး နဲ့  ပတ်ချည် .
အဖျားကို ရိုက်ရင်း မကွဲအောင်
အသံ မပျက်အောင်
ဆင်ကော် နဲ့ အပေါက်တွေကို လုံအောင် ကပ်ပါ ။ 

ထိပ်ဖျားက တီးနေရင်း မကွဲဖို့  
အတန်း ၂ တန်းကို

လက်တလုံးခြားဖေါက်ပြီး

သံကြိုး နဲ့ ချည်ထားပါ ။