ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, September 7, 2010

Rich model from Burma



Her name is Shwe Sin . She use shopping cost is 90,000 to 100,000 US Dollor for one time .
No body don't know how become she rich.

“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ၀ယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ် ရွှေစင်က သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင် ဖြေဆိုထားသည်။

သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် The Crime ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း “ဒီကိုလာစတုန်းက မာ့ခ်တူး အလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။ နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့ ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖို့ ဝယ်လိုက်တယ်” ဟု ဖြေဆိုခဲ့သည်။

မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင် ၀င် ရောက် ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ၀င်ရောက်လာသူဖြစ်သည်။

http://guidingstarsofburma.blogspot.com/2012/04/blog-post_6932.html 


































မော်ဒယ်လောကမှာ စပွန်ဆာ ချစ်သူများလှတဲ့ မော်ဒယ်ရွှေစင်ဆိုတာ မြန်မာ အနုပညာလောကမှာ အလွန် နာမည်ကြီးလှပါ တယ်။

သူကိုင်တဲ့ တယ်လီဖုန်း ဟမ်းဆက်ကအစ စီးတဲ့ ဇိမ်ခံကား အဆုံး အမေရိကန် ဒေါ်လာ သိန်းချီ အကုန်အကျခံ ၀ယ်ထားတဲ့ အကြောင်း လူသိရှင်ကြား ပြောခဲ့သူပါ။

သူနဲ့ပတ်သက်ပြီး နာမည်ကျော် သူဌေးကြီးတဦးက အစစ အရာရာ နိုင်ငံခြားဈေးဝယ်ထွက်တိုင်း အမေရိကန် ဒေါ်လာတွေ တထပ်ကြီး ပေးလေ့ရှိတယ်လို့လည်း နံမည်ကြီးတယ်။

သူ့ကို Lucky လေး လို့ ချစ်စနိုးခေါ်ပါသတဲ့။

နောက်တခုက သူက တကယ်လဲ အဲဒီစပွန်ဆာချစ်သူအတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးခဲ့၊ မပေးခဲ့တော့ ကာယကံရှင်ပဲ သိမှာပါ။ သူ ကစားပွဲသွားတိုင်း ရွှေစင်က အမြဲလိုက်ရသူလေးပါ တဲ့။ ရွှေစင်ပါတဲ့အတွက် အမြဲပဲ အနိုင်တွေ ရခဲ့လို့လား မသိဘူး။

မနှစ်ကတော့ ရွှေစင်တယောက် ချစ်သူနဲ့ စကားများ ရန်ဖြစ်ရာကနေ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ ၁၉ ချက် ချုပ်လိုက်ရပါသတဲ့။

ဒီလောက် ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့ ပြည်သူ့ဆေးရုံဘာကြောင့် တက်ရသလဲ ဆိုပြီး ပရိတ်သတ်က စိတ်ဝင်စားကုန် တာပေါ့။ တကယ်တော့ မှုခင်းသဘော သက်ရောက်သွားလို့ အဲဒီတုန်းက ပုဂ္ဂလိက ဆေးရုံမတက်ခဲ့တာပါ တဲ့။



No comments:

Post a Comment