မြန်မာစကားနားလည်သူများအတွက် အချိန်မကုန်စေရန်
ပြင်သစ် စကားပြောခန်းများကို ဖြတ်တောက်ထားပါသည်.။
ငြိမ်းချမ်းရေး အတွက်
မြန်မာပြည် ရန်ကုန်မြို့ တော်
ဆူးလေဘုရားက ဆွဲလဲသံ ။
ဧဝံဂေလိဘုရားကျောင်းက ခေါင်းလောင်းသံ ။
ပလီဝတ်ပြု ဖိတ်ခေါ်သံ ။
တပြိုင်ထဲမှာ ကြားနိုင်တဲ့ တိုင်းပြည်ကို
မြန်မာပြည်ဟုခေါ်သည် ။
နိုင်ငံတကာ အကူအညီများသည်
တိုင်းပြည်ငြိမ်းချမ်းရေး အတွက်ဖြစ်စေပါ ။
တိုင်းပြည်ငြိမ်းချမ်းရေး အတွက်ဖြစ်စေပါ ။
မြန်မာပြည်ရဲ့  ရှည်လျားတဲ့ သမိုင်းတလျှောက်မှာ
မကြုံခဲ့ဖူးတဲ့ ပြဿနာတွေထဲက တခု ။
Race ( ယဉ်ကျေးမှု သမိုင်း ဘာသာစကားတို့ အရ
အခြေခံခြင်းမတူသော လူအစု။ လူမျိုး ပြဿနာနဲ့ 
religious (ဘာသာရေး ) ကို
အတွေးအခေါ်ထဲမှာ မရောလိုက်ပါနဲ့ 
နောက်ဆက်ဆွဲ ဖြစ်လာမဲ့ အကျိုးသက်ရောက်မှုတွေက
နှစ်ပေါင်းများစွာ ဖြေရှင်းလို့ မရပါဖူး ။
ပွင့်လင်း လူ့ အဖွဲ့ အစည်း ဆိုတာ ကိုယ်ပိုင် အယူအဆပါ
အကြောက်တရာကင်းစင်ပြီး ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း
နည်းလမ်းမှန်မှန်နဲ့  တင်ပြတတ်အောင်
လေ့ကျင့်ပေးနေပါတယ် ။ ကူညီနေပါတယ် ။
၈၈မျိုးဆက်ကျောင်းသားများ လက်ရှိ အခြေအနေနဲ့ 
အနာဂါတ်တိုင်းပြည်အတွက် ပြင်ဆင်ခြင်း
ဂျာမဏီ မှ ( BDC ) အဖွဲ့ ဝင်တဦးမှ မေးမြန်းချက်ကို
ကိုကိုကြီးမှ ဖြေကြားထားပါတယ် ။
မြန်မာပြည် ဖွံ့ ဖြိုးတိုးတက်ဖို့ 
လွတ်လပ်ရေး ရပြီးနောက်ပိုင်း
အာဏာခွဲဝေမှု ။ တာဝန်မျှဝေမှု
ပြဿနာဖြစ်လာပါတယ် ။
လူထုနဲ့ အတူ အလျှားလိုက်သွားမလား
လူတစုရဲ့ စီမံမှုနဲ့ ကန့် လန့် တည်ဆောက်မလား ။
သေချာတာက ရင်ထဲက လာတဲ့ ယုံကြည်မှုတွေနဲ့ 
တရားဝင် တိုင်းရင်းလူမျိုးစုတွေကို လက်တွဲနိုင်ဖို့ ပါ ။
တရားဝင် တိုင်းရင်းလူမျိုးစုတွေကို လက်တွဲနိုင်ဖို့ ပါ ။
ခရိုနီ ခရိုနက်တွေ ။ လယ်မရှိတဲ့ လယ်သမားတွေ ကို
ပြည်တွင်း မြေယာပိုင်ဆိုင်မှုဥပဒေတွေ
ပွင့်လင်းမြင်သာပြီး လူထုကို အကျိုးပြုတဲ့
ပြည်ပ ရင်းနှီးမြုတ်နှံမှုတွေနဲ့ 
ဆင်းရဲ ချမ်းသာ ကွာဟမှု ပြဿနာကို ဖြေရှင်းရမယ် ။
အပြောင်းအလဲကို အားပေးနေသလို စိန်ခေါ်မှုကို ထောက်ပြနိုင်ရမယ် ။
ငြိမ်းချမ်းရေးခရီးစဉ်တိုင်းဟာ ပန်းနဲ့ ကြိုမှာ မဟုတ်ပါဖူး ။
ပြည်ပဦးဆောင်နေသူ တဦးနဲ့  ပြည်တွင်းက ခေါင်းဆောင်တဦး
သဘောတူညီချက်ကတော့ ငြိမ်းချမ်းရေး လုပ်ရမယ် ။
ပြည်တွင်း ပြည်ပ နေထိုင်ကြသော
ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေး
သူငယ်ချင်းများအတွက်သီချင်းလက်ဆောင်
ကိုကိုကြီးပြောတဲ့
အနာဂါတ် မြန်မာပြည်
No comments:
Post a Comment