ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, April 26, 2012

ဆရာတော်အရှင်ဝီရသူ၏မှတ်တမ်းဓါတ်ပုံနှင့်သတင်းများ

ဧရာဝတီတိုင်း

ကြံခင်းမြို့န၀င်းဂုဏ်ကျောင်းတိုက် 

(၁၃)ကြိမ်မြောက်ဓမ္မာစရိယစာချတန်းသင်တန်း

ဖွင့်ပွဲတွင်ဆရာတော်အရှင်ဝီရသူ၏မှတ်တမ်းဓါတ်ပုံနှင့်သတင်းများ


ဧရာဝတီးတိုင်း ကြံခင်းမြို့ န၀င်းဂုဏ်းကျောင်းတိုက်
တေရသမအကြိမ်မြောက်
 နွေရာသီဓမ္မာစရိယစာချသင်တန်းဖွင့်ပွဲ အထိန်းအမှတ်အဖြစ်
ပထမည(23.4.2012) ရက်နေ့ ကျင်းပအပ်သော ထေရ၀ါဒဓမ္မသဘင်ပွဲ
ဆရာတော်အရှင်ဝီရသူက
ဗုဒ္ဓအလိုကျ ဥပုသ်စောင့်နည်းတရားဟောကြားတော်မူခဲ့ကြောင်းသိရပါသည်။
                24.4.2012 ရက်နေ့မနက် 8း00 တွင် ကြံခင်းမြို့
န၀င်းဂုဏ်းကျောင်းတိုက် ဓမ္မာစရိယသင်တန်း ဖြစ်မြောက်ရေးကော်မတီများ
အဘိဓမ္မာသင်တန်းသူ/သားများ ပညာဒါနပို့ချသူ ဆရာ/ဆရာမများ ပညာသင်ဆု
ထောက်ပံ့ရေးကော်မတီများ ကြံခင်းမြို့ ကျောင်းသစ်ကျောင်း မြတ်ဗုဒ္ဓ
မြတ်ဓမ္မစာကြည့်တိုက်အဖွဲ့များ ဗြဟ္မစိုရ်သာရေးနာရေး လူမှူကူညီရေး
အသင်းအဖွဲများနှင့် တွေ့ဆုံ    သြ၀ါဒကထာမြွတ်ကြွားခဲ့ပါသည်။
                မနက် 10း00 တွင် ကြံခင်းမြို့ NLD
ပါတီဝင်များနှင့်တွေ့ဆုံပြီး နိုင်ငံရေးသမားတစ်ယောက်၏ ခံယူချက်
နိုင်ငံရေးသမားတစ်ယောက်၏ ယုံကြည်ချက်နှင် နိုင်ငံရေးသမားတစ်ယောက်၏
အရည်အချင်းတို့ပြည့်ဝအောင် ကြိုးစားသင့်ကြောင်း ပြည်သူချစ်သောပါတီမှ
ပြည်သူချဉ်သောပါတီသို့ မရောက်စေလိုကြောင်း
ပါတီဝင်တိုင်းအရည်အချင်းရှိစေလိုကြောင်း ပြောကြားခဲ့ကာ
နာယကမတင်ထိုက်သောပုဂ္ဂိုလ်(၆)ယောက်ကို နာယကမတင်မိဖို့ တင်မိလျှင်
ပါတီပျက်စီးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဂဏန်းပုတ်သင်၊ ကိုင်းပင်နွားသိုး၊
လိပ်မျိုး ခွေးအ၊ ထိုခြောက်ဝ၊
နာယကမတင်ထိုက်။

                

          မွန်းလဲ 1း00 နာရီတွင် ကြံခင်းမြို့
မွတ်စလင်မ်အဖွဲနှင့် တွေ့ဆုံကာ ၀ီရသူသဘောထား ၁/၇၄ ကိုရှင်းပြခဲ့ကြောင်း
လက်ရှိကြံခင်းအခြေအနေက အားရစရာကောင်းကြောင်း
ကြံခင်းမွတ်စလင်မ်များကဒေသခံမြန်မာများနှင့်
သဟဇာတဖြစ်အောင်နေတတ်ကြကြောင်း မြန်မာများက ရန်လိုခြင်း
ရန်စခြင်းများမရှိသလို မွတ်စလင်မ်များကလည်း စော်ကားမော်ကားပြုခြင်းများ
 မောက်မာမူများမရှိကြကြောင်း ဒီလိုပဲဆက်သွားစေလိုကြောင်း
မြန်မာဘက်ကရန်လိုခြင်းရန်စခြင်း အမူအရာများပြလာပါက
အချိန်မရွေးအကြာင်းကြားနိုင်ကြောင်းမိန့်ကြားခဲ့ပါသည်။
                 မွတ်စလင်မ်များကလည်း ၀ီရသူသဘောထား  ၁/၇၄
ကိုထောက်ခံကြောင်း အမှန်တွေသာဖြစ်ကြောင်း
အခုလိုဖိတ်ကြားသည့်အတွက်ဝမ်းမြောက်ကြောင်းညီရင်အစ်ကို
မောင်ရင်းနှမလိုနေထိုင်သွား
မည်ဖြစ်ကြောင်းပြောကြားကာမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြပါသည်။
                 ဆရာတော် အရှင်ဝီရသူနှင့် လာရောက်တွေ့ဆုံသူများမှာ
မော်လ၀ီဆရာဦးဂျမား၊ဦးအီဆာ(ခ)ဦးလှအေး NLD ဦးစိုးနိုင်၊ ဦးအိသူ
(ဗလီဥက္ကဠ)နှင့် အပါအ၀င် မွတ်စလင်မ် (၈)
ဦးလာရောက်တွေ့ဆုံကြောင်းသိရပါသည်။
                 24.4.2012 ည 8း00 နာရီတွင် ဒုတိယညထေရ၀ါဒ ဓမ္မသဘင်၌“
ပြည်ထောင်စု”နှင့်ငြိမ်းချမ်းရေး တရားကို ဟောကြားခဲ့ပါသည်။
ညီညွတ်ရေးငြိမ်းချမ်းရေးအတွက် သံဝရဇာတ်တော်၊ဖန္ဒနဇာတ်တော်တို့ကို
ဟောကြားကာအောက်ပါသံပေါက်များဖြစ် နိဂုံးချုပ်ခဲ့ပါသည်။


     ခိုက်ရန်ပြိုးခဲ့၊ ရန်ညှိုးဖွဲ့၊ ကျိုးမယ့်ပျက်စီးမည်။

     ကြို့ပင်လည်းတုံ့း၊၀ံလည်းဆုံး၊အရှုံးတွေကိုယ်စီ။

     သံဝရထုံး ကိုယ်စီသုံး အပြုံးဝေကြမည်။

     မေတ္တာဝေမျှ ညီညွတ်က မုချငြိမ်းချမ်းမည်။

     ဓမ္မပူဇာ  တရားပွဲအလှူငွေ
     ဆယ်သိန်းငါးသောင်းကျပ်   (၁၀၅၀၀၀၀) ကို
ကြံခင်းမြို့၊
န၀င်းဂုဏ်းကျောင်းတိုက်၊
ယဉ်ကျေးလိမ္မာ၊ရင်သွေးကမ္ဘာသင်တန်းဆုပေးပွဲနှင့်
ပညာရေးထောက်ပံ့ကြေး (ပညဒါနဖောင်ဒေးရှင်း) အဖွဲ့အား

ဆရာတော်အရှင်ဝီရသူကလှူဒါန်းခဲ့ကြောင်းသိရပါသည်။
























No comments:

Post a Comment