Clapping Bamboo Musical Instrument
မြန်မာပြည်သားတွေရဲ့  ရှေးရိုး တေးဂီတ တွေထဲက
ပစ္စည်းတွေထဲမှာ ဝါးလက်ခုတ် က လူတိုင်း သုံးကြတဲ့ တူရိယာ တမျိုးပါ ။
၂၄ မတ်လ ၂၀၁၅ နေ့ မှာ ဂိုဂယ် ကနေပြီး
ဝါးလက်ခုတ် လုပ်နည်း ရှာဖွေကြည့်တဲ့ အခါ
အမည်နာမ တောင် မရှိတာ ဝမ်းနည်းစွာ တွေ့ ရပါတယ် ။
ဒါကြောင့် အရေးပေါ် တင်လိုက်ပါတယ် ။
ဝါးလက်ခုတ် လုပ်မဲ့ ဝါးက
အခေါင်းပါပြီး အဆစ်ကြား အရှည်တဲ့ အမျိုးအစား ဖြစ်ဖို့ လိုပါတယ် ။
ဝါးအစိမ်းကို အသုံးပြုရန် ခွဲစိပ်ဖို့  လွယ်ကူပေမဲ့
ခြောက်သွားတဲ့ ဝါးကို ခွဲဖို့ ကြတော့
အခက်အခဲ အနည်းငယ်ရှိတတ်ပါတယ် ။
ပထမ ဝါးလုံးကို ယ္ခု ပုံပါ အတိုင်း
၂ ဖက်စ ချန်ကာ ဖြတ်ပါ ။
ရေ တည စိမ်ထားပါ ။
ဝါးလက်ခုတ် လုပ်ဖို့ 
လက်ကိုင်ကို အရင်း နဲ့  အဖျား
ဘယ်ဖက်က ဖေါက်ကြလဲ .
အဖျားအဆစ်ကိုချန်ပြီး
လက်ကိုင်လုပ်ပါခင်ဗျာ..
ဝါးကိုခွဲရင်အရင်းကစနေခွဲရပါတယ်
အဆစ်တွေကြရင်ကွဲလွယ်လို့ပါ...
ဝါးအရင်းသစ်အဖျား လို့ဆိုရိုးရှိပါတယ်
Ko Naing ·
အလယ်အဆစ်လည်းချန်ရပါမယ်..
ဝါးကရေစိမ်နိုင်လေကောင်းလေပါခင်ဗျ
ဉရောပကို လေယာဉ်စီးပြီး
ရေခဲ ခြောက်သွေ့  ရာသီကို ဖြတ်တော့
ဝါးက ခြောက်ပြီး ကွဲအက်စပြုနေပြီ.
လွန်ဆူးနဲ့  အပေါက်ဖေါက်
သံကြိုး ထဲ့ပြီး အတွင်းက ချည်လိုက်ပါ
လက်ကိုင်အောက်ကို သံကြိုး နဲ့  ပတ်ချည် .
အဖျားကို ရိုက်ရင်း မကွဲအောင်
အသံ မပျက်အောင်
ဆင်ကော် နဲ့  အပေါက်တွေကို လုံအောင် ကပ်ပါ ။
ထိပ်ဖျားက တီးနေရင်း မကွဲဖို့ 
အတန်း ၂ တန်းကို
လက်တလုံးခြားဖေါက်ပြီး
သံကြိုး နဲ့ ချည်ထားပါ ။
No comments:
Post a Comment