မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို နရင်းအုပ်ရင်း တည်ဆောက်ခဲ့ပါသည်။
ဆရာကြီး ဦးတင်မိုးက အလွန် ပုံပြောကောင်းပါတယ်။
မြန်မာစစ်ဗိုလ်ထွက်များအကြောက်လွန်ပုံများကိုရီစရာများနဲ့ ရှင်းပြ ပါတယ်။
ဆေးပေါလိပ်ကြီးခဲပြီး ဆရာကြီးနဲ့ နိုင်ငံခြားသားပညာရှင်များနှင့်ညနေစောင်းခါနီးပြောနေရင်း
ဆရာကြီး သမီးမမ ၀၀ရောက်လာပြီး ဒီညဘယ်လ်ဂျီယန်ပြန်အိပ်မှာအပါးဟုအသံကြားလို့  ဆရာကြီးကိုကြည့်လိုက်တော့ လက်ထဲက
မီးသေလိုက် ပြန်မီးတို့ လိုက်လုပ်နေတဲ့
မြန်မာဆေးပေါလိပ်ကြီးလဲတိုသွားပြီ၊
အပြင်ဥရောပကနေမင်းကြီးလဲ ညိုသွားပြီ
ငါ့ကိုဗမာပြည်က အိမ်ပြန်ပို့ လို့ ပြောရမှာ စစ်ဗိုလ်တွေ မတန်ရာ ပုလင်နေရာပေါ်တက်ပြီ်း
ညစ်ကျယ်ပုံ ဖမ်းဆီးနေတာတွေပြောရင်း မေ့သွားတယ်တဲ့။
ကျွန်တော့်အတွက်တော့တသက်စာသင်ခန်းစာတွေအများကြီးရသွားတယ်။
ဒေါ်စု တရားဟောရင် ခဏခဏ ပါဋ္ဌိ ထဲ့ပြောတယ်။လူတွေ စာရေးရင်လဲ ထဲ့တယ်။
ဒီလောက်ခက်တဲ့ စကားလူတိုင်းနားလည်လားတဲ့။ဘာသာပြန်ပြီးသားမရှိသေးလို လားတဲ့
နိုင်ငံရေးမဖြစ်ညစ်ကျယ်၊သုံးမရတဲ့မြန်မာပြည်ကဘွဲ့ နဲ့ အင်းဂလိလိုလေး လှည်းဒေါက်နဲ့ 
ကျွန်တော့် ခေါင်းကပုတ်လောက်ဖြစ်သွားတယ်။နောင်ဆိုရင်ဝေးဝေးက ဘဲ -----နောက်ပွဲမရှိခင်တုံးကစဉ်းစားနေတာ)
မြန်မာစစ်ဗိုလ်ထွက်များအကြောက်လွန်ပုံများကိုရီစရာများနဲ့ ရှင်းပြနေတာကို
အသာလေးနားထောင်ရာက အတွေးတိမ်လိပ်ဖြူဖြူကြီး ပေါ်စီးပြီး
ပထမဆုံး မြင်ဘူးခဲ့တဲ့ မြန်မာစစ်ဗိုလ် များအစည်းဝေးကို ရောက်သွားပါ။
မနက်အစောကြီးထဖြစ်တယ်။ဒီနေ့ စနေနေ့ လေ။
အရင်အပါတ်ကလက်ကျန် လောက်စာလုံးတွေကိုအရင်စစ်ကြည့်တယ်။
ရွံခူးရတာပညာပါတယ်၊ဂွေးတွယ်မျော့ကလဲကြောက်ရသေးတယ်မဟုတ်လား။
ဝက်စာရိပ်ရင်း တူးရတာမို့ အချိန်ကသိပ်မရ
သဲပါတဲ့ ရွံ့ ကိုယူလာမိရင် မောဘို့ သာပြင်တော့။ရွံ့ ကိုတွင်းထဲထဲ့ထောင်း
စေးပိုင်လာတော့မှ လောက်လေးခွသားရေနဲ့ အနေတော် အလုံးလေးတွေလုပ်ရပါတယ်။
ရွံ့ လုံးလေးတွေကို အရွယ်ညီအောင် လက်နှစ်ဖက်နဲ့ ပွတ်ပြီး မှန်ကွဲစနဲ့  ပြောင်လာအောင် လှိမ့်ပါတယ်။
ပြောင်လာတဲ့ အလုံးကိုမှ အမှိုက်ပုံကကောက်လာတဲ့ သွတ်ပြားစုတ် အပိုင်းပေါ်တင်ပြီး
အရိပ်အောက်မှာနေလှန်းပါတယ်။ကျောက်ဒိုးစပေါ်စလို့ ထင်တယ်။
“သီချင်းထဲမှာက သေးငယ်တဲ့အပ်ကလေးကပင် ဒုံးပျံနဲ့ ဂြိုလ်တုကြီးကိုပင် တဲ့
၁၉၇၀ လောက်ကစကြားဘူးတာ ၂၀၁၀ အထိသူများတိုင်းပြည် အမှိုက်ပုံကကောက်လာတဲ့
အဟောင်းတွေ ဈေးကြီးပေးနေရတုံးဘဲ။
တလောကဖတ်လိုက်ရတယ်။
ခောတ်မှီစက်မှုနိုင်ငံကြီးတည်ဆောက်တော့မယ်တဲ့
ရင်ထဲမှာဆို့ ပြီး ၀မ်းသာလိုက်တာ နှစ်ပေါင်း ၃၀ ပြင်ဆင်လာတာ
အခုတော့လမ်းစရပြီပေါ့။
သပ်ရပ်သော သေးငယ်သော မာကြောသော ပြည်တွင်းဖြစ် အပ်တွေနဲ့ 
အ၀တ်စုတ်တွေကို အသက်ကြီးမှ တ၀ကြီးချုပ်ဝတ်ပြစ်မယ်။အဲ နဖါးပေါက်ကကော ”
လောက်စာလုံးကို တပါတ်လောက်ထားကြည့်ပြီး လက်နဲ့ အသာခေါက်ကြည့်တယ်။
မကွဲတော့ဘူးဆိုရင် အိပ်ထဲကိုရွေးထဲ့တယ်။ကွဲရင်တော့ နှမြောစရာကြီးလေ၊လက်ဖြစ်ကိုး
လူကြီးတွေနားမလည်ပါဘူး နှစ်၃၀တောင် လက်ဖြစ်လုပ်ဖို့ မကြိုစားဘဲ။ရောင်းတုတ် ရက်တယ်။
အားလုံးသူတို့ ပိုင်တာတဲ့။ခဏခဏပြောနေကြတာဘဲ။
ကိုယ်နဲ့ မဆိုင်ဘူး။ဘောင်းဘီတိုကိုနှီးနဲ့ သေသေချာချည်ပြီး
လေးခွသားရည်ကို စစ်ပြီး အပြင်ကိုခြေလှမ်းလိုက်တယ်။
ဟဲ့ကောင်လေး အဝေးကြီးမသွားနဲ့ အမေကလှမ်းအော်တယ်။
နေထွက်စဆိုတော့ ငှက်သံတွေက ရွှေနတ်တာင် စမ်းချောင်း တဘက်တချက်မှာဆူညံနေသည်။
မဲမဲတူးတူးဗိုက်ပူ အိမ်ပေါက်ဝကိုသွားပြီး အဖေါ်ခေါ်လိုက်တယ်။
အသားညက်ညက် ညိုညို မျက်လုံးဝိုင်းဝိုင်နဲ့ ပူစူးမ ကိုပါဆက်ခေါ်လိုက်တယ်။ခဏဆိုပြီး
သူ့ အမေအလစ်မှာလိုက်လာတယ်။ ရွာထဲပါတ်လျှောက်လိုက်ရင် လူငယ်တပ်ဖွဲ့ တွေစုံပြီ။
လက်နက်တွေအသီးသီးစစ်ဆေး ကြပြီး ချောင်းလေး ဘေးက အူတူတူ အတတငှက်တွေကို
ရှာပစ်ကြတယ်။အဲဒီတုံးက အသက်က ၉နှစ် ၁၀နှစ်ဝန်းကျင်လေ
ရေကူးလိုက်ငှက်ပစ်လိုက်နဲ့  ဥရောပလိုရေကူးသင်တန်း အားကစားသင်တန်းမလိုပါဘူး
ချောင်းထဲဒိုင်ဗင်တင်လှဆိုပြီး ခုန်ချရင်းတတ်သွားတာဘဲ
နေလုံးကြီးက သစ်ပင်ဖျားကို ကျော်သွားတော့ ဗိုက်ကာလာတယ်။ငှက်မွှေးတွေနှတ်နဲ့ 
ငှက်ပစ် စစ်သူကြီးကျွန်တော်က လူစွာလုပ်ပြီးမီးကင်ဖို့ မီးခြစ်စခြစ်တယ်။
အဖွားဆီကခိုးလာတဲ့ ကြေးဝါမီးခြစ်က လက်ဖျားသွေးစ သာထွက်စေပြီး
မီးစမရတော့ အားလုံးကျောင်းထဲသွားမယ်။ဆရာတို့ အိမ်မှာ တခုခုတောင်းစားကြမယ်။
အလယ်တန်းကျောင်းဝ ရောက်တော့ စစ်တပ်ကဂျစ်ကားတွေရပ်ထားတွေ့ တယ်။
အသာလေးကပ်သွားတော့
“တောင်သူလယ်သမားဦးကြီးများအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ တဲ့
လူလူချင်းခေါင်ပုံဖြတ်ခြင်းမှ ကင်းဝေးတဲ့
မြန်မာ့နည်းမြန်မာ့ဟန် လူ့ ဘောင်သစ် တဲ့
မျက်နှာက ပူစူးမအိမ်ကသားပေါက်စ၀က်မမျက်နှာနဲ့ 
ကိုလ်လုံးက ဘုတ်အီးငှက်လို
အစိမ်းရောင်ပုတ်ပုတ် အ၀တ်တွေဝတ်ထားပြီး
အဖွားအင်းကျီ်ရင်ဘတ်မှာ တတ်တဲ့ ရွှေကြယ်သီးကို ပုခုံးမှာတတ်ပြီးပြောနေတာ။
အဖေ့ကိုလဲတွေ့ လိုက်ရတယ်၊ကျောင်းဆရာတွေလဲ တပည့်တွေလိုဘဲထိုင်နေကြတယ်။
ခေါင်းပုဝါအုပ်ပြီးကွမ်းငုံထားတဲ့ လယ်သမားတွေရော လက်ခုတ်တွေတီးလိုက်ကြတာ
ကလေးဖြစ်တဲ့ကျွန်တော်မှတ်မိပါသေးတယ်။ဦးတင့်ဆွေတဲ့၊
အရှေ့  တောင်တိုင်းကလေ။ဦးအောင်သောင်း(စက်မှု၁)အရင်ကပေါ့ ။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ တဲ့
နားမလည်ပါ၊ အခု ဥရောပ ရောက်တဲ့ အသက်၅၀ ထိပေါ့
အဖေတို့ စားပွဲရှည့်တွေမှာ ငှက်ပျောသီး။မုန့် ထုတ်တွေ။
အဖေ့နားအသာလေးကပ်သွားတယ်။
သူငယ်ချင်းတွေလဲသူတို့ အဖေတွေနားကပ်ကုန်ကြပြီ
စဉ်မြင့်ပေါ်က ၀က်လိုလို လိပ်လိုလို လူကြီးက အသံပိုမြင့်ပြီး
အမြုတေပါတီကတဆင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တည်ဆောက်ဖို့ 
ကျွန်တော်တသက်လုံးမှတ်မိသွားပါသည်။
ဖျောင်းကနဲ ဇက်ပိုးကိုအဖေကရိုက်လိုက်တယ်
လက်ကငှက်ပျောသီးကိုဆွဲမိလို့ 
ဗိုက်ဆာနေတဲ့ သားကိုတောင်အမှတ်မထားဘဲ
လူ့ အခွင့်အရေးဆိုတာ ဝေးဝေးပါနော်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လိမ်ညာပြီး နရင်းအုပ်ရင်း တည်ဆောက်ခဲ့ပါသည်။
အခုလဲ လုပ်ပြန်ပြီ ရေမြင်းးလိုလို တောကြောင်လိုလိုလူက
အစိမ်းရောင်ပုတ်ပုတ် အ၀တ်တွေဝတ်ထားပြီး
မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ နဲ့ 
ခောတ်မှီစက်မှုနိုင်ငံကြီးတည်ဆောက်တော့မယ်တဲ့
ထပ်ပြီး နားမလည်ပါ၊နားလည်ဘို့ကလဲ
ဒုတိယစစ်ကပြာကြခဲ့တဲ့ အိမ်တွေက
တခါးဖွင့် အနှိပ်ခံကုလားထိုင် ထမင်းချက် ဟင်းဘူးအဆင်သင့်
အိပ်ယာကို အနိမ့်အမြင် လိုသလို စက်တွေဘဲသုံး
အိမ်ထဲမှာနေပြီး သိချင်ပြောချင်တာသုံးတဲ့ကွန်ပြူတာနဲ့ 
ခလုပ်နှိပ်လောကထဲက
ဥရောပရောက်နေတော့လဲ
ဆရာကြီးက မောင်ရင်ဘယ်တော့လောက်မြန်မာပြည်ပြန်ဖြစ်မလဲတဲ့
ခင်ဗျားတို့ ကောဘယ်တော့လဲ ၂၀၁၀ ပြီးရင်ပြန်နိုင်မလား
ဆရာကြီးဦးတင်မိုး ရောက်တဲ့ဘ၀မှာ
လွတ်လပ်ပြီး တရားမျှတမှု ဦးဆောင်နိုင်ပါစေ။
သားတပည့်
ဌေးတင့်
ယာရီမှထာဝရနယ်သာလန်
Showing posts with label ၁၀ ဖေဖေါ်ဝါရီ ၂၀၁၀. Show all posts
Showing posts with label ၁၀ ဖေဖေါ်ဝါရီ ၂၀၁၀. Show all posts
Wednesday, April 14, 2010
ဦးတင်မိုးရဲ့ နယ်သာလန်

၂၀၀၄ လောက်ကပါ
အိမ်အောက်ကစာတိုက်ပုံး ထဲက ရောင်စုံ ဖိတ်စာလှလှ ကပ်ပြားလေး၊
ဖတ်ကြည့်လိုက်မိတော့ ဘာမှနားမလည်။
မျက်မှန်တတ်ပြီး တလုံးခြင်းစာလုံးပေါင်းပြီးအသံထွက်ဖတ်တယ်၊
ဘာမှနားမလည်။ ဖတ်လို့ နားလည်တဲ့စလုံးကိုအသဲအသန်၇ှာကြည့်တယ်
တွေ့ ပြီ U Tin Moe တဲ့
ဒီနာမည်ရင်းနှီးပါတယ်၊ဦးနှောက်ကိုအလုပ်ပေးလိုက်သည်၊
ကွန်ပြူတာဖိုင်ရှာသလိုပေါ့
ဥရောပ မှာနေတဲ့ ကာလကလား ၆နှစ် မဟုတ်
မနီလွိုင်စခန်းကာလ ကလား ၁၉၉၉၊၂၀၀၀၊၂၀၀၁
မဟာချိုင်းမှာလှုပ်ရှားကာလ ကလား မဟုတ်သေး။
ဒါဆို ဘန်ကောက် တုံးက မဟုတ်သေး။
တောထဲစခန်းနေတုံးကဘယ်သူလဲ
ဟွေစေတီစခန်းကလာ သီဘောဘိုးစခန်းတုံးကလဲမဟုတ်သေးဘူး
သေချာပါပြီ မြန်မာပြည်မှာနေစဉ်က
စဉ်းစားမရလို့  တီဗွီဖွင့် ဆေးမှုန်ကိုလိပ်ပြီး(ပွတ်ချွန်းကဈေးပေါတယ်)
မီးတို့ လိုက်တယ်။
၎ ခါ ၅ခါ ဖွာလိုက်တာနဲ့  မီးကအပူ လက်ကိုဟတ်တာဘဲ။
ကျွန်တော် ထခုန်လိုက်မိသည်။
ဆေးလိပ်လည်းတိုပြီ ငါ့ကိုအိမ်ပြန်ပို့ ကြပါတော့
(ဘယ်တော့ဒီမိုကရေစီရမလဲ)
ကျွန်တော့ရင်ထဲ အဆွေးခံစားမှုက ကျင်ကနဲဖြစ်ပြီး မှတ်မိသွားတယ်။
ကလေးတွေပြန်လာတော့ ဘာသာပြန်ခိုင်းပြီး
ဆုပေးပွဲကိုသွားဖို့ ခရီးစဉ်ကိုလမ်းကြောင်းရှာပြီးချီတက်ခဲ့တယ်။
(သိတ်တော်တဲ့ ကျွန်တော်တို့ စာသင်နေတာ ၂၀၁၀အထိ ဘာသာပြန်ရင်လွဲနေတုံးဘဲ။
နိုင်ငံရေးလုပ်ကြပါတဲ့။ အခုထိ စကားမြန်မြန်ပြောရင်နားမလည်သေးပါ။ပြန်ပြောဘိုဆိုတာခွေးအ လှည်းနင်းဆိုလားဘဲ၊သိပ်အထင်မကြီးကြနဲ့ မယုံရင်ဖတ်ကြည့်
http://www.princeclausfund.org/nl/what_we_do/exchange_events/newzerogroupmyanmar.shtml )
စွန့် စားပြီးအစောကြိး အိမ်ကထွက်တယ်။ကံကောင်းစွာဘဲ ၂ကြိမ်ကားမှားပြီး
ဆုပေးပွဲကိုရောက်သွားတယ်။ ဥရောပထုံးစံဘဲ၊နောက်ကျတော့ ခန်းမတခါးကပိတ်သွားပြီ။
နာရီဝက်ကျော်ကြာတော့အမျိုးသမီးတသိုက် အူရားဖားရားနဲ့ ပြေး ထွက်လာပြီး
အစားအသောက်တွေ ပြင်ကြတယ်။
ကျွန်တော်ပါပီ ငုတ်တုပ်ကမလှုပ်ရဲပါ။ခဏကြာတော့ ရိုးရာပုဆိုး တိုက်ပုံနဲ့ ဆံပင်ကြာဆန်
အသားက ရွှေဖြူနဲ့ ကိုလ်လုံးတောင့်တောင့် ဗိုက်အနဲငယ်ပူတဲ့
ဗမာကြီးဦးဆောင်ပြီး လူတွေအများကြီးကို
ဦးဆောင်ပြီးစားဆောက်ခန်ထဲကိုဝင်လာကြတယ်။
အသာကလေးထပြီး ဆံကြာဆန်လူကြီးနောက်က၀င်ရပ်လိုက်တယ်။
တယောက်ပြီးလာလာပြီှးတ်ဆက်ကြတယ်။
အားပါးပါး ငါလာတာမှားပြီထင်ပါရဲ့ ။
အပြည်ပြည်က ပညာတပ်ပါမောက်ခတွေ ပါလား။
အင်ဂ်လန်က မြန်မာစာပါမောက်ခ လည်းပါတယ်။
အားလုံးအရပ်ရှည်ကြီးနဲ့နှတ်ဆက်ပြီးရော နောက်လှည့်ပြီး
မောင်ရင်ကမြန်မာထင်တယ်။အကင်းပါးလိုက်တဲ့ ဆရာကြီး
ကျွန်တော်ကနောက်ဖေးကနေပုနေတာကိုး
ကိုယ့်ကိုကို မိတ်ဆက်အပြီးပြသာနာစတာဘဲ။
“မောင်ရင် ကျုပ်ကိုတခုလောက်ကူညီပါတဲ့ အစောကြီးကထဲက
ကျုပ်ကဒီအထဲရောက်နေတာ၊ ပြင်ပမှာအေးလွန်းတော့ပြုတင်းပေါက်တွေ အားလုံးပိတ်ထားတယ်။
အိမ်သာခန်းထဲသွားတော့လဲ ကြည်လင်ပြီး မွှေးနေတာဘဲ၊
ကျုပ်ဒုက်ခရောက်နေပြီ။ မောင်ရင်ကဒီနိုင်ငံမှာနေတော့မောင်ရင် ကူညီမှရမယ် ။
ကျုပ်ဆေးလိပ်သိပ်သောက်ချင်နေပြီ ခွင့်တောင်းပေးပါ“
ကျားသားမိုးကြိုး ဒတ်ချာ်လို သိတ်တော်တဲ့ ကျွန်တော် ကျားနှတ်ခန်းမွှေးဆွဲခိုင်းလိုက်တာ။
ချက်ခြင်းဘဲ စစ်မြေပြင်ပြန်ပြီး စစ်ပွဲတရာနွဲလိုက်လိုက်ချင်တယ်။
ဘာရမလဲ စဉ်းစားပြီး အရပ်မြင့်မြင့် အသံကောင်းကောင်း
ရွှေဆန်တိုဂုတ်ဝဲ ဥရောပသူကြီးကို
လက် ၂ချောင်းထောင်ပြလိုက်တယ်။
ပြီးတော့ဆရာကြီးကိုလက်ညှိုးထိုးပြလိုက်တယ်။
ဥရောပသူကြီးက ဘာလဲလို့ မေးကိုလှုပ်ပြီး ထပ်မေးတယ်။
ထပ်ပြီး လက် ၂ချောင်းထောင်ပြလိုက်ပြီးပါးစပ်နဲ့ ကပ်ပြလုက်တယ်။
အပြည်ပြည်ဆိုင်ရာစကားလား မာဂတိစကား ထိရောက်မှုကချက်ချင်းဘဲ။
ဥရောပသူကြီးက အနွေးထည်ချိတ်တဲ့အခန်းထဲ
သူ့ ရဲ့ မြင့်မားတဲ့ပေါင်ဖြူဖြူကြီးကို လှုပ်လိုက်ခါ ပြေးဝင်ပြီး
အပြန်ကြတော့လက်ထဲမှာ စီးကရက်ဘူးပါလာတယ်။
တခန်းလုံးကြားအောင် တယောသံအက်အက်ကလေးနဲ့ တခုခုပြောပြီး
ဆရာကြီးကို စီးကရက်တလိပ် ပါးစပ်မှာတတ်ပေးလိုက်ပြီးတော့
ရိုရိုသေသေဘဲမီးညှိပေးတယ်။
ကျွန်တော့မျက်လုံး လက်ကွင်းလောက်ကြီး ဖြစ်သွားတယ်။
သွယ်သောင်းပြီး ပျားဖရောင်းလို လက်နှစ်ဘက်ကို ဒူးကလေးကွေးပြီး
မီးခြစ်ခြစ်ပေးတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ 
ရွှေဆန်တိုဂုတ်ဝဲ ဥရောပသူကြီးနဲ့  ရိုးရာပုဆိုး တိုက်ပုံနဲ့ ဆရာကြီးရဲ့ ပုံ
အခုထိမျက်စိထဲမှာမြင်နေတုံး
သြော် ပညာရှင်များကို တယ်ရိုသေကြတယ်နော်တဲ့
ဒါကြောင့်တိုးတက်တာပေါ့
မောင်ရင်မြင်လား မြန်မာပြည်ကစာပေစီစစ်ရေးရုံးကလူတွေနဲ့ သိပ်ကွာတာဘဲတဲ့
ကျုပ်ကိုထောင်ထဲတန်းပို့ တာဘဲ။
အဲဒီနေ့ က အင်မတန်အားနာတတ်သော ဆရာကြီး တောင်းဆိုမှုကြောင့်
တခန်းလုံး လွတ်လပ်စွာ ဆေးလိပ်သောက်ခွင့်ရကြပါသည်။
စီးကရက်တ၀က်လောက်ရောက်တော့ ချောင်းစဆိုးပါသည်။
သားမက်က ဆေးပေါလိပ်လာပေးပါသည်။
ကျွန်တော်ကလည်းအလိုက်သိသိဝိုင်အနီတခွက်ယူပေးလိုက်ပါသည်။
မြန်မာစာသမိုင်းနှင့်ကလေးများအတွက်မြန်မာစာအစ ကဗျာကဆိုတာကို
ခံယူရေးသားခဲ့ပုံများပြောပြပါတယ်။
ဆရာကြီး ဦးတင်မိုးက အလွန် ပုံပြောကောင်းပါတယ်။
မြန်မာစစ်ဗိုလ်ထွက်များအကြောက်လွန်ပုံများကိုရီစရာများနဲ့ ရှင်းပြ ပါတယ်။
ဆေးပေါလိပ်ကြီးခဲပြီး ဆရာကြီးနဲ့ နိုင်ငံခြားသားပညာရှင်များနှင့်ညနေစောင်းခါနီးပြောနေရင်း
ဆရာကြီး သမီးမမ ၀၀ရောက်လာပြီး ဒီညဘယ်လ်ဂျီယန်ပြန်အိပ်မှာအပါးဟုအသံကြားလို့ 
ဆရာကြီးကိုကြည့်လိုက်တော့ လက်ထဲက
မီးသေလိုက် ပြန်မီးတို့ လိုက်လုပ်နေတဲ့
မြန်မာဆေးပေါလိပ်ကြီးလဲတိုသွားပြီ၊
အပြင်ဥရောပကနေမင်းကြီးလဲ ညိုသွားပြီ
ငါ့ကိုဗမာပြည်က အိမ်ပြန်ပို့ 
လို့ ပြောရမှာ စစ်ဗိုလ်တွေ မတန်ရာ ပုလင်နေရာပေါ်တက်ပြီ်း
ညစ်ကျယ်ပုံ ဖမ်းဆီးနေတာတွေပြောရင်း မေ့သွားတယ်တဲ့။
ကျွန်တော့်အတွက်တော့တသက်စာသင်ခန်းစာတွေအများကြီးရသွားတယ်။
ဆရာကြီးဦးတင်မိုး ရောက်တဲ့ဘ၀မှာ
လွတ်လပ်ပြီး တရားမျှတမှု ဦးဆောင်နိုင်ပါစေ။
သားတပည့်
ဌေးတင့်
ယာရီမှထာဝရနယ်သာလန်
Labels:
၁၀ ဖေဖေါ်ဝါရီ ၂၀၁၀
Subscribe to:
Posts (Atom)