“ငါသည်သာလျှင် ငါ့ဘဝ၏ ပဲ့ကိုင်ရှင်”(သို့) ဆရာတော်ဦးဝီရသူ၏ ခံယူချက်
++++++++++++++++++++++++++++++
++++
ဦးပဉ္စင်း ဝီရသူသည် ၁၉၉၉-(၁၃၆၁)-ခုနှစ်တွင်ထေရဝါဒတိုက်ပွဲ (ထေရဝါဒ
ဒို့တိုင်းပြည်) စာအုပ်ကို ရေးခဲ့ပါသည်။ ကမ္ဘာအေး
သာသနာရေးဌာနမှခွင့်ပြုမိန့်ကို ချမပေးခဲ့ပါ။ သို့သော် ခွင့်ပြုချက်မရဘဲ
ထုတ်ဝေ ခဲ့ပါသည်။ ထိုစာအုပ်ရေးဖို့တစ်စုံတရာ၏ တွန်းအားမပါသလို၊
ထိုစာအုပ်မထုတ်ဝေဖို့ တားမြစ်မှုများကိုလည်းမလိုက်နာခဲ့ပါ။
ဤသို့ဖြင့် ၂၀၀၀-ခုနှစ်တွင် ဦးဝိစိတ္တဟူသောရဟန်းဘွဲ့အမည်မှ ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည် ထင်ရှားလာခဲ့ခြင်း ဖြစ်ပါသည်။
၂၀၀၀-ခုနှစ်တွင် “ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ရေးသားပြီး၊ ၂၀၀၁-ခုနှစ်တွင် စာမူတင်ပါသည်။တစ်နှစ် ကျော်ကြာ သည်အထိ စာမူချမပေးသည့်အခါ ၂၀၀၂-ခုနှစ်တွင် “ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ကို ခွင့်ပြုချက်မပါဘဲ ထပ်မံထုတ်ဝေ လိုက်ပြန်ပါသည်။
ဤသို့ဖြင့် ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည်ပိုမို ထင်ရှားလာခဲ့ပါသည်။
နှစ်အုပ်စလုံး တန့်ကြည့်တောင်ဝိပဿနာ အမှားတော်ပုံအကြောင်းသာ ဖြစ်ပါသည်။
၂၀၀၁-ခုနှစ်တွင် အမျိုးသားရေးတရားတော်များစတင်ဟောကြားပါသည်။ ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ နဝင်းဂုဏ်းကျောင်းတိုက်၊ ဓမ္မာစရိယသင်တန်းကျောင်းဆောင်မှာစတင်ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။
ကြံခင်းမြို့တွင် မွတ်ဆလင်မ် ဦးစူလ်တန်နှင့်အိမ်ထောင်ကျသူ
မြန်မာအမျိုးသမီး ဒေါ်သန်းသန်းချစ် သည် သူ၏ဖခင် ကျောင်းဒကာကြီး၏
အသုဘသို့လိုက်ပို့ခွင့် မရခဲ့ပါ။ သုဿာန်ရောက်လျှင် သရဏဂုံတင် အခမ်းအနားမှာ
သူများနည်းတူ သရဏဂုံယူ-သီလဆောက်တည်လျှင်အီမန်ပျက်သွားမည်
စိုးသောကြောင့် ဖြစ်ပါသည်။ “မွတ်ဆလင်မ်နှင့်ညားလျှင် ကိုယ့်အဖေ၏
အသုဘကိုပင် ကိုယ်ချခွင့် မရတော့ပါလား”-ဟူသော အတွေးဖြင့် အမျိုးဘာသာသာသနာ
ကာကွယ်ထိန်းသိမ်းချင်သောကြောင့် စတင်ဟောကြားမိသွားခြင်း ဖြစ်ပါ သည်။
ဤသို့ ဟောကြားသည်ကို စိုးရိမ်၍ သတိပေး တားမြစ်သူများသာများပြီး၊ဆက်လက်ဟောကြားဖို့ တိုက်တွန်းနှိုးဆော်သူ တစ်ယောက်မျှ မရှိပါ။
ဤသည်ကို မသိသူ သတင်းဌာနများနှင့် နိုင်ငံရေးသမားများကထောက်လှမ်းရေး ခိုင်းစေမှုနှင့် ဟောကြားနေသယောင် ထုတ်လွှင့်ကာ အစိုးရနှင့် ပေးစားကြသည်ကိုပင်ခံယူခဲ့ရ ဖူးပါသည်။
၂၀၀၃-ခုနှစ်တွင် ဦးပဉ္စင်း ဝီရသူ- ထောင်ကျပါသည်။ထောက်လှမ်းရေး ဖမ်းဆီးစဉ်က
ကျောက်ဆည် အဓိကရုဏ်း မသင်္ကာသောကြောင့်ဟု ဆိုပါသည်။ အဆိုပါအဓိကရုဏ်းတွင်
ပါဝင်ပတ်သက်မှု မရှိသောအခါ “ထေရဝါဒတိုက်ပွဲ”၊“ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ထုတ်ဝေခြင်း၊ “ဘဝအလင်းရောင် စာကြည့်တိုက်” တည်ထောင်ခြင်း၊ “ပါရမီပျိုးခင်း သွေးလှူအသင်း”တည်ထောင်ခြင်း၊အမျိုးသားရေး တရားဟောခြင်း၊ အမျိုးသားရေး တရား တိပ်ခွေများ ဖြန့်ချီခြင်းတို့ဖြင့်ပြစ်ဒဏ်(၂၅)နှစ် အပေးခံခဲ့ရပါသည်။
ပုဒ်မနှင့် ပြစ်ဒဏ်များမှာ ၅(ည)-(၇)နှစ်၊၁၇/၂ဝ-(၁၄)နှစ်၊ ၂၉၅(က)-(၂)နှစ်၊ ၈(၁)-(၂)နှစ်တို့ ဖြစ်သည်။
ထောင်ထဲတွင်နေရစဉ် နိုင်ငံရေးသမားတို့၏ ခွဲခြားဆက်ဆံမှုကိုခံရခြင်း၊
သတင်းဌာနတို့၏ လျစ်လျူရှုမှုကို ခံရခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ
အင်အားစုများ၏ထောက်ပံ့မှုကို မခံရခြင်း၊ ထောင်ဝန်ထမ်းတို့၏
ရိုင်းစိုင်းယုတ်မာမှုကို ခံခဲ့ရခြင်းတို့ကြောင့်ဘုန်းတန်ခိုး ညှိုးမှိန်စွာ နေခဲ့ရပါသည်။
၂၀၁၁-ခုနှုစ်တွင် အကျဉ်းကျနေသော စစ်ထောက်လှမ်းရေးများကအပြစ်မဲ့ကြိုးသမားလေး (၃)ယောက် ကို အုပ်စုဖွဲ့၍ အနိုင်ကျင့်မှု ပေါ်ပေါက်လာရာ ထောင်အာဏာပိုင်များပါပါဝင်နေသဖြင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့သောကြောင့်မြစ်ကြီးနားသို့ အပို့ခံခဲ့ရပါသည်။
ဤသည်မှာလည်း တစ်စုံတရာ၏ ဖိအားကြောင့် လုပ်ခဲ့ရခြင်းမဟုတ်ပါ။ အနိုင်ကျင့်ဝါဒကို စက်ဆုပ် ရွံမုန်းသောကြောင့် ဖြစ်ပါသည်။
၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ၊ (၁၃)ရက်နေ့တွင်ထောင်မှလွတ်ပါသည်။ ထောင်ထဲတွင် ရှစ်နှစ်ကျော် နေခဲ့ရပြီ ဖြစ်သောကြောင့် အမျိုးသားရေးတရားဟောပြောခြင်းတာဝန် ကျေပွန်ခဲ့ပြီဟု ယူဆခဲ့ပါသည်။ အမျိုး ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက်လက်တွေ့ကျသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်တော့ မည်ဟု ယူဆခဲ့ပါသည်။ ထိုယူဆချက်ကြောင့်ယဉ်ကျေးမှုသင်တန်းများ ဦးစီးဆောင်ရွက်ခြင်း၊ မွတ်ဆလင်မ် မြန်မာ ပြဿနာများကို ဥပဒေဘောင်အတွင်းမှဖြေရှင်းခြင်းများသာ ပြုလုပ်ခဲ့ပါသည်။
၂၀၁၂-ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးမြို့၊အစ္စလင်မ်ဘာသာရေး
ခေါင်းဆောင်များ အပါအဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး
ဆုတောင်းပွဲများကျင်းပဖို့ စီစဉ်ပါသည်။ မန္တလေး၊ ဈေးချိုဟိုတယ်တွင်
ကျင်းပဖို့ ခွင့်ပြုမိန့် ချပြီးမှမြို့တော်ဝန် ဖုန်းဇော်ဟန်၏
ဖုန်းဆက်တားမြစ်မှုကြောင့် ပျက်ခဲ့ရပါသည်။ သို့သော် ဟိုတယ်အခမ်းအနားသာ
အပျက်ခံပြီး၊ ပွဲအပျက်မခံနိုင်သောကြောင့် ဈေးချိုဟိုတယ်ရှေ့-
ညဈေးတန်းလမ်းမကြီးပေါ် တွင် ဖြစ်မြောက်အောင် ကျင်းပနိုင်ခဲ့ပါသည်။
ထိုသို့ မွတ်ဆလင်မ်များနှင့် ငြိမ်းချမ်းရေးယူသည်ကိုသံဃာအများစုက မကြည်ဖြူကြပါ။ အွန်လိုင်း ပေါ်မှာ ကီးဘုတ်သူရဲကောင်းများ၏ လှောင်ပြောင်ရှုပ်ချမှုကိုပင်ခံခဲ့ရပါသည်။ သို့သော် ယုံကြည်ချက်နှင့် အသက်ရှင်သန်နေသူ ဖြစ်ရကား အမျိုးသားအကျိုးစီးပွားအတွက်ဆိုလျှင်မွတ်ဆလင်များနှင့်လည်း လက်တွဲ မည် ဟူသော အမျိုးသားသန္နိဋ္ဌာန်ကို အပျက်မခံနိုင်ခဲ့ပါ။
၂၀၁၂-ခုနှစ်၊ မတ်လတွင် နိုင်/ကျဉ်း လွတ်မြောက်ရေးဆုတောင်းပွဲကျင်းပဖို့ စီစဉ်ပါသည်။ တိုင်းသာသနာရေးက ချမပေးပါ။ မဟာမုနိ သြဝါဒါစရိယဆရာတော်ကြီးများကခွင့်မပြုပါ။ သံဃနာယကမှ လည်း တားမြစ်ပါသည်။ သို့သော် ထိုပွဲလည်း အပျက်မခံပါ။ ထိုပွဲတွင်မွတ်ဆလင်မ်အကျဉ်းသားများ၏ မိသားစုများလည်း တက်ရောက်ခဲ့ပါသည်။
၂၀၁၂-ခုနှစ်၊ ဇွန်လတွင် ရခိုင်ပြည်သူများအကြမ်းဖက်ခံရပါသည်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်း ဖက်သမားများ၏ လူအုပ်အင်အားဖြင့် အနိုင်ကျင့်မှုကြောင့်အပြစ်မဲ့ရခိုင်ပြည်သူများ အတုံးအရုံး သေဆုံး ခဲ့ရပါသည်။ အပြစ်မဲ့ရဟန်းတော်များ အသတ်ခံခဲ့ရပါသည်။ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ဘုန်းတော်ကြီးကျောင်းများမီးရှို့ခံရခြင်း၊ဘုရားရုပ်ပွားတော်များ ခေါင်းဖြတ်၊ ဓားခုတ်ခံရခြင်းများကို မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ရပါသည်။
ထိုအခါကျမှသာ လုံးဝမဟောတော့ဘူး-ဟု ဆုံးဖြတ်ထားခဲ့သောအမျိုးသားရေး
တရားတော်များ ပြန်လည်ဟောကြားမိခြင်း ဖြစ်ပါသည်။
အမျိုးသားလုံခြုံရေးအတွက်ခေတ်အဆက်ဆက်သော အစိုးရများက မကာကွယ် ခဲ့သောကြောင့် ရခိုင်ပြည်မလုံခြုံခြင်း ဖြစ်ရကားအဆိုပါအကြမ်းဖက်ဗိုင်းရပ်စ် ပြည်မကြီးသို့ မကူးစက်စေလို သောကြောင့် ဖြစ်ပါသည်။
၂၀၁၂-ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံတော်သမ္မတထောက်ခံပွဲကျင်းပခဲ့ပါသည်။ ရခိုင်ပြည်အရေးတွင် ဒေါ်စုနှာစေးနေခြင်း၊ (၈၈)အဖွဲ့ အားမကိုးရခြင်းတို့ကြောင့်သံဃာ့ဆန္ဒနှင့် ပြည်သူ့အင်အားတို့ပေါင်းကာ “ရိုဟင်ဂျာသည်တိုင်းရင်းသားမဟုတ်”
“တတိယနိုင်ငံများက ယူလိုက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို ပို့ပေးမည်”
“ယူမည့်သူမရှိလျှင် UN-အထောက်အပံ့ဖြင့် ဒုက္ခသည်စခန်းမှာ ထားပေးမည်”ဟူသော
သမ္မတဦးသိန်းစိန်၏စကားကြီးသုံးခွန်းကို အပြည့်အဝ ထောက်ခံသည့်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့ပါသည်။
ထိုအခါ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုကျင့်သုံးနေကျဖြစ်သောနိုင်ငံရေးလောကသားတို့၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြန်ပါသည်။
၂၀၁၂-ခုနှစ်၊ စက်တင်ဘာလတွင် ပုသိမ်ကြီးမြို့နယ်၊ကံကြီးကုန်း၊ ဇီးအုပ်ရွာအရေးအခင်း ပေါ်ပေါက် လာသည့်အခါ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများလက်ရှောင်နေကြပြန်ပါသည်။ ပြည်သူမှား သောကြောင့်-ဟု အကြောင်းပြပါသည်။ ဦးပဉ္စင်းဝင်ရောက်ကိုင်တွယ်ခဲ့ပါသည်။ယခု အချိန်ထိ ကံကြီးကုန်း၊ ဇီးအုပ်ပြည်သူများ အိုးနှင့် အိမ်နှင့် အတူနေထိုင်ခွင့်ရနေပါသေးသည်။
၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းများ ဖြိုခွင်းခံရပါသည်။ အပြစ်မဲ့သံဃာလေးများ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ရွာသူရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အစိုးရအပေါ် မကြေနပ်ပါ။ ပြန်တောင်းပန်ရေးနှင့်တရားခံဖော်ထုတ်အရေးယူရေးတို့ကို တောင်းဆိုခဲ့ပါသည်။
သို့သော် လက်ပံတောင်းတောင် သံဃာလေးများကိုအသုံးချကာ (၁၂-၁၂-၁၂)-ဟု
တိုင်ပင်လုပ်ပြီး ရဟန်းရှင်လူ ပြည်သူများကို
လမ်းပေါ်ဆွဲခေါ်နေသောနိုင်ငံရေးသမားအချို့ကြောင့်
တိုင်းပြည်ခြောက်ထဲ ပြန်ကျတော့မည့်အရေးကို ထင်ရှားစွာမြင်လာရပါသည်။ ထိုအခါ
သံဃာ့ဆန္ဒနှင့် ပြည့်သူ့သောကတို့ ထိပ်တိုက်တွေ့မည်ကို
မလိုလားသောကြောင့်‘ရပ်တန်းမှ ရပ်ဖို့’ အမုန်းခံ
အမိုက်စကားပြောကြားခဲ့ပါသည်။
၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလတွင်
လက်ပံတောင်းတောင်အစီရင်ခံစာ ပေါ်ထွက်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို
ကန့်ကွက်၊ ရှုတ်ချ ဆန္ဒပြပြန်ပါသည်။အစီရင်ခံစာမျှတပါလျက်၊ လူထုခေါင်းဆောင်က အားကိုးရပါလျက် ဝမ်ပေါင်အပြုတ်တိုက်ရေးမူတစ်ခုတည်းနှင့်ဒေါ်အောင်ဆန်းစုကြည်ကို
ကြမ်းတမ်းရိုင်းပျစွာ စော်ကားကြသူများအား မောင်းနှင်နေ
သူများကိုသဘောမကျနိုင်တော့ပါ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်
အစီရင်ခံစာကို အပြည့်အဝ ထောက်ခံလိုက်ပါသည်။
၂၀၁၃-ခုနှစ်၊ မတ်လတွင် Oriental House-မှာကျင်းပသည့်ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲ တက်ရောက်ခဲ့ပါသည်။ မတက်စေလိုသူက များပါသည်။ တက်လာသူများတွင်လည်းသံသယသမားက များပါသည်။
မိမိသည် အစ္စလာမ်သာသနာကို ဆန့်ကျင်နေသူ မဟုတ်သလို၊မွတ်ဆလင်မ်တွေကို
မလိုလားသူလည်း မဟုတ်ပါ။ စိတ်ချမ်းသာစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုကျင့်သုံးပြီးငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသူများအတွက် အနှောင့်အယှက်ဖြစ်ရသော မွတ်ဆလင်မ်တစ်စု၏စရိုက်ဆိုး၊ အကျင့်ဆိုး၊ ညဉ်ဆိုများကိုသာ မလိုလားသူ ဖြစ်ပါသည်။
မိမိသည် အမျိုးသားရေးတရားနှင့် နိုင်ငံရေးတရားတွင်နိုင်ငံရေးတရားကိုသာ
ဟောကြားလိုပြီး မြန်မာ့နိုင်ငံရေးတွင် မိမိ၏အခန်းကဏ္ဍတစ်ခု
ဖွင့်လှစ်ချင်သည့်ဆန္ဒသာ ရှိခဲ့ပါသည်။ သို့သော် ရခိုင်ပြည်
နှစ်ကြိမ်အကြမ်းဖက်ခံရမှု ဖြစ်ရပ်များက မိမိအားအမျိုးသားရေးတရားဘက်သာ
ဦးလှည့်စေခဲ့ပါသည်။ သွေးက စကားပြောသည်ဆိုလျှင် မှန်မည်ထင်ပါသည်။
မိမိသည် နိုင်ငံရေးလောကသားတို့လို တစ်ယူမသန်ပါ။နိုင်ငံရေးလောကသားတို့လို အကျိုးအမြတ် မတွက်တတ်ပါ။ နိုင်ငံရေးလောကသားတို့လို သူရဲဘောမကြောင်ပါ။
မိမိတွင် ချစ်သူ၏ ပျော့ကွက်ကို ထောက်ပြရဲသည့်သတ္တိရှိသလို၊
မုန်းသူ၏သာကွက်ကို ထောက်ခံရဲသည့် သတ္တိရှိပါသည်။ ငါနှင့်မတူ ငါ့ရန်သူ
မူဝါဒကိုရွံမုန်းပါသည်။ အမျိုးသားအကျိုးစီးပွား အတွက်ဆိုလျှင်
မွတ်ဆလင်မ်များ နှင့်လည်း လက်တွဲနိုင်သူဖြစ်ပြီးအမျိုးသားအကျိုးစီးပွားထိခိုက်စေမည့် မည်သူ့ကိုမဆို ရင်ဆိုင်ရဲသူ ဖြစ်ပါသည်။
အစိုးရနှင့်တွဲသည်ဖြစ်စေ၊ ပြည်ခိုင်ဖြိုးနှင့်တွဲသည်ဖြစ်စေ၊မွတ်ဆလင်မ်နှင့်တွဲသည်ဖြစ်စေ
ပြည်သူအပေါ် သစ္စာဖောက်သော “အမျိုးသားသစ္စာဖောက်” အဖြစ်မခံနိုင်ပါ။
အစိုးရပေးသော ဘွဲ့တံဆိပ်နှင့် ပြည်သူကပေးသောလက်ထိပ်တို့တွင် ပြည်သူကပေးသော
လက်ထိပ်ကိုသာ ရွေးချယ်လိုသူဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးနှင့်မွတ်ဆလင်မ်တို့က ပေးသော ငွေကြေးလဘ်လာဘထက် ပြည်သူကပေးသော မရဏလက်ဆောင်ကိုသာ မက်မောသူတစ်ယောက်ဖြစ်ပါသည်။
မိမိကို မောင်းနှင်နေသူများသည် မိမိ၏ယုံကြည်ချက်၊ခံယူချက်၊ ရပ်တည်ချက်၊
ရည်မှန်းချက်တို့သာ ဖြစ်ပါသည်။ ရဲမင်းဦးမဟုတ်ပါ။
ရခိုင်တွေမဟုတ်ပါ။ဦးသိန်းစိန်မဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါ။ အခြား မည်သူတစ်ဦး တစ်ယောက်မျှ
မဟုတ်ပါ။အဖွဲ့အစည်းများလည်း မဟုတ်ပါ။ အမှန်အားဖြင့် “ငါသည်သာလျှင်ငါ့ဘဝ၏
ပဲ့ကိုင်ရှင်”အစစ် ဖြစ်ပါသတည်း။
ဤသည်ကို ရဲမင်းဦးအား စစ်ဆေးမေးမြန်းသော အဖွဲ့အစည်းများကို အထူးသိစေချင်ပါသည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
5.4.2013pm 3:05
________________________________________
ဆရာတော်ဦးဝီရသူ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment