ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။
Showing posts with label value. Show all posts
Showing posts with label value. Show all posts

Sunday, July 18, 2010

တန်ဖိုး ရှိစေဖို့ 




တတိုင်းပြည်လုံး လမ်းမပေါ်ထွက်ပြီး အာဏာရှင်ကို
တချိန်ထဲ တပြိုင်ထဲ ဆန္ဒပြ ကျွေးကျော်ဖို့ အချိန်ယူရပြီး
အရင်းအနှီးများပါတယ် ။
အဲဒီ အဆင့်ကို ရောက်ဖို့ 
တချိန်ကြရင် သေချာပါတယ် ။
၁၉၆၂ ခုနှစ်နောက်ပိုင်းကစပြီး
မြန်မာပြည်မှာ ဆန္ဒပြမှုတွေ
အကြိမ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပါတယ် ။
မိမိကိုယ်ကို တိုင်းပြည်ကယ်တင်ရှင် အမည်တွေခံယူပြီး
ပြဿနာကို ပြေလည်အောင် လေ့လာမှု မလုပ်ခဲ့ပါဘူး
ကပ်ဖါး ရပ်ဖါး တင်သန်းဦးတို့ လို
အရပ်ပျက် ငါးစိမ်းသည် အဆင့်သာသာ
သတင်းပို့ တဲ့ စကားတွေကို နားထောင်ပြီး
ကျည်ဆံတွေနဲ့  အကြိမ်ပေါင်းများစွာ ဖြေရှင်းခဲ့ကြတယ် ။
ယနေ့ အချိန်အထိ ပြဿနာနဲ့ အဖြစ်မှန်နဲ့ 
ငြိမ်းချမ်းရေး အဖြေအတွက် ပြင်ဆင်မှုကို မတွေ့ သေးပါဘူး ။
ပြည်ပက ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေ ပေးတဲ့
လက်ပူတိုက်နည်းတွေ ဟာ အဖြေမဟုတ်ပါဘူး ။
၁၀နှစ်သား သမီးတွေ တည်ဆောက်တာက ပိုပြီးခိုင်သေးတယ် ။
၁၉၇၄ တုံးက ရပ်ကွက်မြို့ နယ်တွေ က လေးစားသူ
ကျောင်းဆရာ တွေနဲ့ သူကြီးတွေ စီးပွားရေးသမားတွေ ကို
အာဏာနဲနဲပေးပြီး ဆိုရှယ်လစ်စနစ်တည်ဆောက်တာ
အောင်မြင်ခဲ့လို့ လား
အခုလည်း ၂၀၁၀ မှာ ဒီလမ်းဟောင်းကိုပြန်သွားဘို့  ကြံစည်ပြန်ပြီ။

လိမ်ချင်ရင် ဒီလိုပိပိရိရိ လိမ်ပြလိုက်ပါ ။

ပြည်ပတွေမှာ လမ်းဘေးက လုပ်ငန်းတွေတောင် ပိရိပြီး လူတိုင်းလက်ခံမှ ထမင်းဝတယ် ။
ဒီတခါတော့ ပြည်ပကို လိမ်လို့ မရတော့ဘူး
ညူကလီးယား ခေါင်းစဉ်အောက်မှာ
လှိုင်ခေါင်းတူး စီမံချက်တွေနဲ့ 
တိုင်းမှုး တပ်မမှုးတွေ
သူဌေးဖြစ် ဒမြဆန်ဆန်လုပ်ကြပြန်ပြီ ။
ငြိမ်းချမ်းရေး အတုပေးထားလို့ 
စစ်ဆင်ရေး စရိပ်က မသေချာတော့ဘူးလေ ။
မသေချာတဲ့ လေကို အသုံးချတတ်ရင် ဒီပုံကိုကြည့်


သေချာတာကတော့
ကျွန်တော်တို့အားလုံးဟာ လက်ရှိ စစ်အစိုးရကို အလိုမရှိကြပါဘူး။
ဒီမိုကရေစီကိုလိုချင်ကြပါတယ်။
ဒါပေမဲ့ စစ်အစိုးလက်အောက်က
လွတ်မြောက်ရာလွတ်မြောက်ကြောင်းကျိုးစားအားထုတ်မှုနည်းကြပါတယ်။
လူတိုင်းပါဝင်နိုင်ဖို့  အခြေအနေမပေးသေးပါဘူး ။
ကျွန်တော်တို့ အားလုံးဟာ သတင်းလေးနားထောင် လ္ဘက်ရည်ဆိုင်မှာ
စုလေပေါရင်း အတင်းချနိုင်ငံရေးအဆင့်က မတက်နိုင်သေးပါဘူး

လေများပြီး လေထဲအကျဉ်းကျ ကုန်ပြီ


အစိုးရမကောင်းကြောင်း လေထုဖြစ်နေတာကများပါတယ်။
နှစ်ပေါင်းများစွာ လုပ်လာတော့ အလေ့အကျင့်ဖြစ်လာပြီး
ပြည်ပကိုတောင် ယဉ်ကျေးမှု အဖြစ်ဝင်လာပါပြီ။

ကျွန်တော်တို့အားလုံးလဲပါဝင်နိုင်မယ့် အနိမ့်ဆုံးလူတိုင်းလုပ်နိုင်မဲ့
ဘုံလုပ်ရှားမှုလေးတွေကို ဝိုင်းဝန်းစဉ်းစားပြီး
လူတိုင်းကို မျှဝေသင့်တယ်လို့ထင်ပါတယ်။

ကျွန်တော်စလုပ်ဖို့ ရည်ရွယ်ထားတာကတော့
အစိုးရထုတ် သတင်းစာနဲ့ The Voice တို့လို
လက်ကိုင်တုတ် ဂျာနယ်တွေကို မဖတ်ကြဖို့ မဝယ်တော့ဖို့
စစ်တပ်ဒေါက်တိုင်တွေကို မလိုအပ်ရင်
စကားပြောခြင်းမပြုကြဖို့ 
ကျွန်တော်နဲ့ နီးစပ်တဲ့လူတွေကို စပြီးစည်းရုံးဖို့ပါပဲ။
ရပ်ကွက်တွေထဲမှာ
မွေးနေ့ ပွဲတွေ ဘုရားကိုးဆူပွဲတွေ
x x x x x x
စတဲ့ လူအနည်းငယ် စုစည်းနိုင်သော
အခြေအနေဖန်တီးနိုင်ရန်
ပြည်ပမှ ငွေစအနဲငယ် ကူညီကြပါ ။

အခြား အကြံဉာဏ်လေးတွေရှိရင်ဝိုင်းဝန်းမျှဝေကြပါခင်ဗျား။

အားလုံးဝိုင်းဝန်းတွေးပြီး
အတင်းတုတ် အပုတ်ချနိုင်ငံရေးမှ
လက်တွေ့ အလုပ်လုပ်ကြ ရင်
မြန်မြန်အောင်မြင်မှာမလွဲပါဘူးခင်ဗျား။

တဦးခြင်းတန်ဖိုးတွေ တက်လာကြပြီး နောက်ဆုံတနေ့ 
စစ်တပ် အသိုင်းအဝိုင်းက တန်ဖိုးမဲ့ သွားမှာပါ ။

( save-Burma ပေးပို့ လာသောစာကို ပြင်ဆင် ဖြည့်စွက်တာပါ )

ဌေးတင့်
နယ်သာလန်



၂၀၀၆

၂၀၁၀




Shakira


ကြည့်တော့ကြည့် လိုက်ပါတယ် ။
ကြည့်လိုက်တဲ့ နေရာ
မှတ်မိတဲ့ လှုပ်ရှားမှုနေရာ တွေက မတူပါဘူး ။
မျက်လုံးဖြင့် အတုခိုးပြီး ထွက်ပေါ်လာသောအက