ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, December 21, 2010

မရေးရဲတဲ့ တရားခံ




အကြွေရှားပါးမူကို ခုတုံးလုပ်လျှက် ကိုယ်ကျိုးရှာနေသော လူထုနှင့်
နိုင်ငံတော်အစိုးရကို ရန်တိုက်ပေးနေသော
ဈေးသည်များ၊ဈေးဆိုင်များ လက်မှတ်ရောင်းများ၊စပါယ်ယာများကို
လိုအပ်သလိုကြပ်မတ်အရေးယူသင့်ပြီဖြစ်ကြောင်း တင်ပြချင်ပါသည်။


ငွေအကြွေတွေ တကယ်ပဲ ရှားနေသလား ဆိုပြီး ဆောင်းပါးရှင်က
သူ့ မှာ ဖြစ်နေတဲ့ ပြဿနာကို မှန်ဘီလူး တတ်ပြီး ရှင်းပြကာ
အငှား တရားခံရှာလိုက်ပါသည် ။
ကျွန်တော်စီးပွားရေးဘောကဗေဒ မဟုတ်သော်လည်း
နိုင်ငံတကာမှာ မြင်တွေ့ ရတာတွေနဲ့  ယှဉ်ကြည့်မိပါတယ် ။
ပြည်တွင်းမှာ လည်ပတ်နေသော ငွေကြေးပမာဏ များကို
စီးပွားရေး ပညာရှင်များက တွက်ချက်ပေးရပါသည် ။
လိုအပ်သော ငွေစက္ကူများကို နိုင်ငံတကာ ကအသိအမှတ်ပြုသော ဘဏ်များတွင်
ရွေပေါင်တင်ပြီး ငွေစက္ကူတန်ဖိုးကို အာမခံရပါသည် ။
တချိန်က မြန်မာပြည်ရှိ ငွေစက္ကူများမှာ ပြည်ပရောက်လျှင်
ရောက်သည့် နိုင်ငံတိုင်းတွင် ပေါက်ဈေးဖြင့်လဲလှယ်ခွင့်ရှိပါသည် ။
မဆလ ခေတ်စတင်ပြီး မှ ငွေစက္ကူများကို ၁၉၉၆ အထိ
http://www.burmalibrary.org/reg.burma/archives/199602/msg00122.html
နယ်သာလန်သူဌေးကြီး H.J.Stevens စက်ရုံမှ တဆင့် စက္ကူများဝယ်ယူခါ
မြန်မာပြည် ဝါဇီစက်ရုံ များမှ တဆင့် အစိုးရ လိုအပ်သလောက် ရိုက်ထုတ်ပြီး
သုံးစွဲစေခဲ့ပါသည် ။
တနေ့ တခြားမြင့်တက်လာသော ဥရောပ ကုန်ထုတ်စရိပ်များ အရ
၁၉၉၆ မှ ၂၀၁၀ တွင် ထုတ်လုပ်မှုတန်ဖိုးသည် အဆ ၁၀၀ တက်သွားပါသည် ။
မြင့်တက်လာသော ငွေစက္ကူကုန်ကြမ်းများကို ဆက်လက်ဝယ်ယူ သုံးစွဲ နိုင်ရန်
မြည်းကဲ့သို့ မိုက်မဲသော ဗိုလ်ချုပ်တစု တသောင်းတန် ငွေစက္ကူ ထုတ်ရန်စဉ်းစားတာ မဆန်းပါဘူး။
ပျက်စီးပြီး လက်နက်ပြီးရင် ငွေသာအဓိက လို့  စစ်ဗိုလ်တွေရဲ့ အုပ်ချုပ်မှု အောက်မှာ
အကြွေစေ့ ထုတ်လုပ်မှုတန်ဖိုး မြင့်လာပါတယ် ။
သထ္တုဈေးတွေလည်း ပြည်ပ သထ္တုတွင်းရှာဖွေ မှုတွေကြောင့်
မြင့်တက်လာပါတယ် ။
စစ်အစိုးရထုတ်လုပ်လိုက်တဲ့  သထ္တု အကြွေစေ့များကို အရည်ကြိုပြီး
ကုန်ချောပြန်ထုတ်ရင် အဆ တရာ မြတ်ပါတယ် ။
အကြွေစေ့များကို မှန်တကယ် ကိုယ်ကျိုးရှာပြီး သုံးစွဲနေသူများမှာ
စစ်အစိုးရ၏ လက်အောက်ခံ စက်ရုံများဖြစ်ပါသည် ။
မြန်မာပြည်တွင် ဒီမိုကရေစီ အခြေပြု လူထုအစိုးရ သာဖြစ်ခဲ့လျှင်
လုပ်သားပြည်သူများ၏ နေ့ စဉ်စားဝတ်နေရေး ပြဿနာကို
လူထုကိုယ်စားလှယ်များမှတဆင့်
ကျွမ်းကျင်သော အသိပညာရှင် အတတ်ပညာရှင်များ နှင့် ပူးပေါင်းဖြေရှင်းကြမှာပါ ။
စစ်အစိုးရဆိုတော့လည်း
တတ်သည့်စစ်ပညာ မနေသာဆိုသလို
ဝါးရင်းတုတ်များ သေနပ်များ သုံးပြီး
အကြွေရှာပွဲကြီး မကြာမှီပြုလုပ်မည်ဖြစ်ပါသည် ။

ဌေးတင့်
နယ်သာလန် ။

ငွေအကြွေတွေ တကယ်ပဲ ရှားနေသလား http://www.snapshot-news.com/index.php?option=com_content&view=article&id=
7040:2010-12-19-16-03-07&catid=471:vol3-no15&Itemid=120
ရန်ကုန်မြို့နေ လူထု တစ်ဝက်ခန့်မှာ ဘတ်စ်ကားစီး ခရီးသည်များ ဖြစ်ကြသည်။
နံနက် မိုးမလင်းမီ အရုဏ်အချိန်မှ စကာ ညသန်းခေါင် အချိန်အထိ ဘတ်စ်ကား၏ ကဏ္ဍက ကျယ်ပြန့်လှသည်။
ကိုယ်နေ သည့်အရပ်က ဒဂုံ(အရှေ့) ရေမနီး ကုန်း ဝေးအရပ်မှာမို့အလုပ်ရှိရာဗိုလ်တထောင် သို့လာရာတွင်
ခြေလျင်ဖြင့် လမ်းထိပ်သို့ မိနစ်(၂ဝ)လျှောက်၊ ဘက်စ်ကား(၅ဝ) ကျပ်တန်စီး၊
တိုးကြောင်ကလေးဘူတာ မှာဆင်းပြီး အပြန်ကျပြန်တော့ အလုပ် ဆင်းချိန်က
ရထားချိန်နှင့်တွက်မရ၍ စိန်ပေါလ်မှတ်တိုင်ထိ လမ်းလျှောက်ပြီး
(၂၁ဝ)အထူး (၂ဝဝ)ကျပ်တန်ကားကို စီးရပြန်သည်။
နေ့စဉ်နှင့် အမျှ ရုံးသွားရုံးပြန် ကားခ၊ ရထားခပေးရာတွင်ငွေအကြွေပြဿနာက
အမြဲပင်ကြုံတွေ့နေရ သည်။ (၅ဝ)တန် (၁ဝဝ)တန်ဆိုသည်များကလည်း
ကိုယ့်အိမ်တွင်းထဲက နှိုက်တိုင်း မထွက်သည့်အရာများမို့ စပယ်ယာ များနှင့်အမြဲအခြေအတင်ဖြစ်ရသည်။
သည်အကြွေကကိစ္စက နေ့စဉ်ပင်ဖိစီးသည်၊
ဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက်သည့် အခြေအနေတစ်ခုထက်
ကျော်လွန်လာသောအခါ ထိုအခြေအနေတစ်ရပ်ကို တမင်ဖန်တီးနေသည့်
တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက စနစ်တကျများစီစဉ်လုပ်ကိုင်နေသလားဟု သုံးသပ်မိသည်။
နိုင်ငံတော်ဘဏ်မှလည်း လစဉ် သိန်းရာချီလဲပေးနေပါလျှက်၊
ခရီးသည်အများစုလည်း အတတ်နိုင်ဆုံး ငွေအကြွေများပေးနေပါလျှက်
ထိုငွေအြွေကွ များသည် နေရာတစ်ခု၊ အဖွဲ့ အစည်းတစ်ခုသို့စီးမျောသွားပြီး ပြန်လည်ပတ်ခြင်းမရှိသောအခါ
အခြေခံလူတန်းစားများ အတွင်း၊
အခြေခံလူတန်းစားအချင်း၊
ဤအကြွေနှင့်ပတ်သက်၍ မကျေလည်ကြ၊ အချင်းများကြရသည်။
မလိုအပ်ဘဲနှင့် အကြွေပြဿနာကို အကြောင်းပြကာ ဈေးသည်များက သူတို့ကုန်ပစ္စည်းများကို ထိုးပေးကြသည်။
ထို့ကြောင့်လည်း တစ်သျှူးမသုံးတတ်ပါဘဲနှင့် တစ်သျှူးယူခဲ့ရသည်။
သကြား လုံးမငုံတတ်ဘဲ သကြားလုံးများယူခဲ့ရသည်။
တစ်ချိန်တုန်းက လှည့်မကြည့်၊ လှည့်မကိုင်ခဲ့သည့် ပင်လယ်ငါးများပင် သုံးဆယ်သား(၁ဝဝဝ)ကျပ်ဖြစ်နေ သည်။
လက်လီရောင်းလျှင် အကြွေကိစ္စ ဇယားရှုပ်သောကြောင့်ဟုဆိုသည်။
အဆင်မပြေမူ အထစ်အငေါ့တစ်ခုဖြစ်လာတိုင်း
ထိုအခြေအနေပေါ်တွင် အခွင့် ကောင်းယူကာ
ကိုယ်ကျိုးစီးပွားရှာသည့် လောဘသမားများက ခေတ်တိုင်းစနစ်တိုင်းမှာရှိခဲ့သည်။
ဘူတာရုံ လက်မှတ်ရောင်းများက ငွေအကြွေများရှိပါလျှက်
(၃ဝ)ကျပ်လမ်းခရီးကို (၁ဝဝ)ကျပ်တန်ပေးလျှင် (၅ဝ)ကျပ်ဘဲပြန် အမ်းသည်။
ဘယ်သောအခါမှအတိအကျပြန်မအမ်း၊
လက်မှတ်ဝယ်သူများ နေ့လျှင်၊ ရထားဆိုက်ချိန်ဆိုလျှင်ပိုဆိုးသည်။
သူတို့က တိုအကြွေတန်များကို အရွက်ကြီးများနှင့်အမြတ်ယူပြီး ပြန်လဲစားသည်။
(၂ဝဝ)ကျပ်တန်အထူး စပါယ်ယာ များလည်းမသမာသူကများသည်၊
ခရီးသည်ထံမှရသည့်အကြွေများကို အရွက်ကြီးများကြားတွင်လည်းကောင်း၊ အိတ် ကပ်၊ ဘောင်းဘီများထဲတွင်လည်းကောင်းဝှက်ထားကြသည်။
(၂ဝဝ)လမ်း(၅ဝဝ)တန်ပေးလိုက်လျှင် အကြွေ(၁ဝဝ)ပါလား ဟု အမြဲမေးသည်။
ခရီးသည်က မပါလျှင် (၂ဝဝ)တန်ဘဲ အမ်းပြီး(၁ဝဝ)ခဏစောင့်ဟုပြောသည်။
ဆင်းခါနီးမှတ်တိုင် ရောက်လျှင် ဟိုရှာဒီနှိုက် ကျန်အဖော်ကိုလှမ်းမေးနှင့်အလုပ်ရှုပ်ပြသည်။
ဒီလိုနှင့်မှတ်တိုင်ရောက်တော့ ခရီးသည်က ဆင်းသွားရသည်။
ဤဖြစ်စဉ်များက တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊ နေ့စဉ်အမြဲကြုံတွေ့နေရသည်။
ထို့ကြောင့် လက်လုပ်လက်စား၊ လစာနည်းဝန်ထမ်းများအပေါ်
အကြွေရှားပါးမူကို ခုတုံးလုပ်လျှက် ကိုယ်ကျိုးရှာနေသော လူထုနှင့်
နိုင်ငံတော်အစိုးရကို ရန်တိုက်ပေးနေသော
ဈေးသည်များ၊ဈေးဆိုင်များ လက်မှတ်ရောင်းများ၊စပါယ်ယာများကို
လိုအပ်သလိုကြပ်မတ်အရေးယူသင့်ပြီဖြစ်ကြောင်း တင်ပြချင်ပါသည်။
KAMO

No comments:

Post a Comment