Ko Oo wrote ,Here is central committee members of
Dr Naing Aung.Dr Naing Aung
Kyaw Kyaw(10cents) ကျော်ကျော်( ဆယ်ပြားမျက်နှာ )
Myo Win ( မျိုးဝင်း-လက်ရှိ AB )
Hla Htay
Aung Htoo
Dr Thaung Tun
Khin Maung Win
Dr Myint Cho
Win Naing
Kyaw Kyaw ( Kachin)
Tin Maung Swe ( Mi Chan)
Than Htut Swe
Shan Lay
Mi Swe Pwint
Ma Thet
Ko Aung Than
Tun Thein
Ko Mg Mg Take
Ko Min Aung
Nay Win Aung
Soe Lin
Ko Htay Aung
Richard Htay Yal
Ko Sonny
Mahn Htun
Ko Soe Khaing
Ko Maung Di
U Yu Nwe
Tun Oo (Zulu)
Kyaw Htin
Htun Myat Thu
သူ့ကြွေးရှိက ဆပ်ရမည်။ (၅)
by Soe Lynn on Monday, February 20, 2012 at 12:06am ·
ကျွန်တော် မကဒတ ရဲ့ တတိယအကြိမ်ညီလာခံတက်ဖို့အတွက်
၁၉၉၀ နှစ်ကုန်ပိုင်းလောက်မှာ ပါဂျောင် ဒေသကနေ စတင်ခရီးထွက်ခဲ့ပါတယ်။
၁၉၉၁ ဧပြီလဆန်းပိုင်းလောက်မှာ အေဘီ (ဗဟို) မာနယ်ပလောကို ရောက်ပါတယ်
။ ညီလာခံကျင်းပဖို့ လိုသေးတာမို့ မြောက်ပိုင်းပြန်ရောက်ရင် အသုံးဝင်အကျိုးရှိနိုင်မယ့်
ဗဟိုကစခန်းတွေ၊ တပ်ရင်းတွေ အတော်များများရဲ့
ရပ်တည်လည်ပါတ်နေရပုံတွေကို သွားရောက်လေ့လာဖြစ်ပါတယ်။
မင်းသမီး ၊ ဘုရားသုံးဆူ ၊ ၀ါးခ၊ ရေကျော် စခန်းတွေကို ရောက်ခဲ့ပါတယ်။
ဗဟိုမှာရှိတုန်းအဲ့ဒီအချိန်က ဗဟိုကော်မတီ တွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်။
အေဘီမှာ ကျွန်တော်အလေးစားခဲ့ရဆုံးသူက ဒေါက်တာမြင့်ချို ပါ။
ညီလာခံမကျင်းပမီ တစ်လျှောက်လုံး အများဆုံးနေထိုင်ဖြစ်တာက
သံလွင်စခန်း (တပ်ရင်း - ၂၀၉)ပါ။
အဲ့ဒီမှာ အာအိုင်တီက စိုင်းမြင့်သူ၊ ကျော်မိုး တို့လည်းရှိတယ်။
ကျွန်တော့်ဘ၀မှာ မြောက်ပိုင်းပြီးရင် ရင်ထဲကဖျောက်ပစ်လို့မရတဲ့ စခန်းပါ။
အားလုံးက တရင်းတနှီး နွေးနွေးထွေးထွေး မိသားစုလိုပါပဲ။
ဆရာတော် ဦးသံဝရ ကိုလည်းမှတ်မိဆဲပါ။
စခန်းကော်မတီဝင်တွေဖြစ်တဲ
့ မြင့်ဦး၊ သိန်းဆန်း၊ မောင်မောင်ဦး (ရင်းမှူး)၊ အောင်နိုင်၊အောင်သူ၊ ကိုဒီ တို့အပြင်
စားဖိုဆောင်က ကိုမင်းသိန်း၊ ကိုဥာဏ်ထွန်း၊
ပြီးတော့ ရဲဘော်တွေထဲက မနှဲ၊ မဲကြီး စသည် ဖြင့် လွမ်းစရာတွေပါ။
အိုးသားလေး ၊ ပလဲနေတာပဲ ဆိုတဲ့ ဒေသသုံးစကားတွေကလည်း
မှတ်သားစရာ အသစ် အဆန်းတွေပါ။
ကျွန်တော့်ကြောင့် ဒုက္ခ ရောက်ခဲ့ရတဲ့ ဆရာနေ၀င်းအောင်လည်း အဲ့ဒီစခန်းကပါပဲ။
ဒီလိုနဲ့ ၁၉၉၁ (သြဂုတ်လလို့ထင်ပါတယ်) မှာပဲ
တတိယအကြိမ်ညီလာခံကို သံလွင်စခန်းမှာ ကျင်းပခဲ့ပါတယ်။
ကိုမိုးသီးနဲ့ ကိုနိုင်အောင်တို့ အားပြိုင်မှုတွေ တဖြေးဖြေး တွေ့ လာရပါတယ်။
ညီလာခံကာလအတွင်းမှာပဲ မြောက်ပိုင်းကိစ္စဖြစ်လာပါတယ်။
ကိုမိုးသီးက ကြေနန်းဖတ်ပြပြီး ညီလာခံထဲမှာ ရန်သူ့လူတွေ ရောက်နေပြီလို့ စွပ်စွဲပါတယ်။
မြောက်ပိုင်းမှာ ထောက်လှမ်းရေး လူတစ်ရာကျော် ဖမ်းထားပြီတဲ့။
ကျွန်တော်ချက်ချင်းထပြီးကန့်ကွက်ပါတယ်။
“ကျွန်တော်မြောက်ပိုင်းက ရဲဘော်ပါ။
မဖြစ်နိုင်ပါဘူး။
တစ်ခုခုတော့မှားနေပြီ။” လို့ပြောပါတယ်။
ကိုလှဌေး (မြောက်ပိုင်း) က ကျွန်တော်ကို အတင်းဆွဲထိုင်ခိုင်းပြီး
“မြောက်ပိုင်းကိစ္စ မြောက်ပိုင်းကပဲ ရှင်းမယ်။
ညီလာခံထဲ မဆွေးနွေးပါနဲ့” လို့ ထပြောပါတယ်။
ညီလာခံမှာလည်း ဆက်လက်ငြင်းခုန်ကြရင်း
နောက်ဆုံးမှာ ညီလာခံကော်မရှင် ဥက္ကဌ ကိုကိုဦး ရဲ့စီစဉ်မှုနဲ့
မာနယ်ပလောကို အားလုံးပြောင်းရွှေ့ကျင်းပခဲ့ပါတယ်။
မာနယ်ပလောမှာလည်း ဘယ်လိုမှညှိနိုင်းလို့မရပဲ အေဘီ ကွဲဖို့ ပိုထင်ရှားလာပါတယ်။
ဗိုလ်ချုပ်မြကိုယ်တိုင် လာပြောတာတောင်မရခဲ့ပါဘူး။
မဟာမိတ်က စေ့စပ်မရတဲ့ အဆုံး ကေအင်ယူဗဟို မှာတော့
ကျောင်းသားကွဲတဲ့သမိုင်း အဖြစ်မခံနိုင်ဘူး ။
မင်းတို့ဖာသာ ကိုယ့်စခန်းကိုယ်ပြန်လုပ်ကြတော့ ပြောပြီး ပြောင်းခိုင်းပါတယ်။
အဲ့ဒီက အပြန်မှာပဲ
ကိုမိုးသီးတို့က ညီလာခံတစ်ခု (အောင်သူငြိမ်းတပ်ရင်း)၊
ကိုနိုင်အောင်ဖက်က ညီလာခံတစ်ခု (သံလွင်စခန်း) ဆက်ကျင်းပကြပြီး
ဗဟိုကော်မတီ အသီးသီးဖွဲ့လို့ အေဘီ နှစ်ခြမ်းကွဲခဲ့ရပါတယ်။
ကျွန်တော်တို့မြောက်ပိုင်းက ကိုနိုင်အောင်ဘက်မှာ ပါဝင်ပူးပေါင်းခဲ့ပါတယ်။
ဒီနေရာမှာ အသေအချာပြန်ပြောရရင်
မြောက်ပိုင်းပြသနာဟာ တတိယအကြိမ် ညီလာခံ အတွင်းမှာပဲ အဖမ်းအဆီးတွေဖြစ်နေပါပြီ။
ညီလာခံက အောက်တိုဘာလထဲမှာ အဆုံးသတ်ပြီး နှစ်ဖွဲ့ကွဲသွားတာဖြစ်လို့
နောက်ပိုင်းဆက်ဖြစ်တဲ့ မြောက်ပိုင်းကိစ္စတွေဟာ ကိုနိုင်အောင် ကော်မတီနဲ့သာဆိုင်ပါတယ်။
ကိုနိုင်အောင် အကြောင်းပြောရရင် မန်းလေး ဆေးက ကျောင်းပြီးတာဖြစ်လို့
အောင်နိုင်နဲ့က ရင်းနှီးပြီးသူဖြစ်ပါတယ်။
ကျွန်တော်နဲ့စတွေ့ချိန်မှာလည်း ညီတစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။
ကျွန်တော့်ဘ၀မှာတော့ ဘယ်လိုမှ မေ့ဖျောက်လို့မသင့်တဲ့ လူတစ်ယောက်ပါ။
ညီလာခံအပြီး မြောက်ပိုင်းပြန်ဖို့ ရက်စောင့်နေရင်းနဲ့
သံလွင်စခန်းမှာပဲ ကျွန်တော် ဆက်နေခဲ့ပါတယ်။
အောက်တိုဘာလကုန်ခါနီး ညတစ်ညမှာပဲ ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင် ကျ ခဲ့ရပါတယ်။
ကိုနိုင်အောင်ဦးဆောင်ပြီး သံလွင်စခန်းက ရဲဘော်တစ်စုနဲ့အတူ ကျွန်တော့်ကို လာဖမ်းကြပါတယ်
။ဆရာနေ၀င်းအောင်၊
ကျော်ကျော် (ကချင်) တို့လည်းပါပါတယ်။
“ ကျွန်တော့်မှာဘာအပြစ်ရှိလို့လည်းဗျာ “လို့ မေးတော့
ကိုနိုင်အောင်က ကြေးနန်းတစ်စောင်ထုတ်ပြပါတယ်။
ကျွန်တော့်ကိုဖမ်းဖို့ မြောက်ပိုင်းက အောင်နိုင်ရိုက်လိုက်တဲ့ ကြေးနန်းပါ။
ကျွန်တော်စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားပြီး
“ ဥက္ကဌ ကျွန်တော်တို့အဖွဲ့မှားတော့မယ်။
ခင်ဗျားမှာ တာဝန်အရှိဆုံး ။
ဒီပြသနာကို ခင်ဗျားသေချာဖြေရှင်းပါ။
“ ကျွန်တော့်ပခုံးကိုလက်နဲ့ပုတ်ရင်း “ စိတ်ချညီလေး အကိုမကြာခင်မြောက်ပိုင်းသွားမယ်။
ပြန်လာတာနဲ့ မင်းကိစ္စကို တရားမျှတအောင် ရှင်းပေးမယ် “ လို့ ကိုနိုင်အောင်က ပြောပါတယ်။
ဒီပြောစကားတွေနဲ့ပါတ်သက်ပြီး အဲ့ဒီအချိန်က ပါဝင်ခဲ့တဲ့
သံလွင်စခန်းက ရဲဘော်တွေကို သက်သေထူလို့ရပါတယ်။
အခုအချိန်မှာတော့ ကိုနိုင်အောင်မြောက်ပိုင်းသွားတာ ငြင်းစရာမလိုတော့ပါဘူး ။
ဖေဖော်ဝါရီ ၁၂ ရက် မတိုင်ခင်လား
၊ ပြီးမှလား ဆိုတာ ပဲ ကျန်နေတာပါ။
ကျွန်တော် မြောက်ပိုင်းပြန်ရဲဘော် (စွပ်စွဲခံရသူရော၊ မခံရသူရော)
အများစု ကို တွေ့ပြီးပါပြီ။
မျက်နှာအ၀တ်စည်းထားသူတိုင်း မမြင်ရဘူးထင်ရင် မှားပါလိမ့်မယ်။
မျက်နှာစည်းမထားတဲ့ ရဲဘော်တွေလည်း ရှိနေပါသေးတယ်။
ရိုက်နှက်သွားတဲ့ ကိုနိုင်အောင်က မေ့ချင်ပေမဲ့
အရိုက်ခံရတဲ့ တပ်ရင်း ၅၀၁ က ကိုသိန်းထွန်းကတော့ မမေ့သေးပါဘူးတဲ့။
ရဲဘော်တွေပြောတဲ့ Bossini အင်္ကျီလေးဝတ်ထားတဲ့ ကိုနိုင်အောင်
သူ့ကြွေးရှိက ဆပ်ရမည်။ (၆)
from Soe Lynn's Facebook Notes by Soe Lynn
ကျွန်တော့်ကိုဖမ်းပြီး သံလွင်စခန်းမှာ ချုပ်ထားရာက စစ်ရေးအခြေအနေကြောင့်
ထိုင်းဘက်ကမ်းကိုပြောင်းထားပါတယ်။
အောက်ဖက် မှာ အေဘီဗဟိုရုံးရှိပြီး
တောင်ဘက်မှာ တပ်ရင်း ၂၀၉ (သံလွင်စခန်း)ရှိပါတယ်။
ဘယ်သူနဲ့မှစကားမပြောရပေမယ့် ဗဟိုပြန်ကြားရေးက
အကျယ်ကြီးဖွင့်တဲ့ သတင်းတွေကိုတော့
ညတိုင်းကြားနေရပါတယ်။
တစ်ရက်မှာတော့ မြောက်ပိုင်းမှာ အစ်ကိုကြီးအပါအ၀င်
လူ ၁၅ ဦးကို သတ်လိုက်တဲ့အကြောင်း ဘီဘီစီနဲ့
ကိုအောင်ထူးရဲ့အင်တာဗျူးကိုနားထောင်လိုက်ရပါတယ်
။ကျွန်တော့်အထင်
နောက်တစ်လကျော်လောက် အကြာမှာပဲ တပ်ရင်း ၂၁၀ အ ပေါ်ကုန်းမှာရှိတဲ့
ကျောင်းသားစစ်ကြောရေးစခန်းကို ညဘက်ကြီးမှာ ပြောင်းရပါတယ်။
စားဖိုဆောင်နားက ခွေးအိမ်လေးမှာ ကျွန်တော့်ကိုထားပါတယ်။
အဲဒီစခန်းမှာ
ကိုလှဌေး၊ ကျော်ကျော်(ကချင်)၊ ခင်မောင်ဆွေ (တပ်ရင်း ၂၁၆)နဲ့
ကိုဖိုးထောင်ဦးဆောင်တဲ့ တပ်ရင်း ၃၀၃ က ရဲဘော်တွေရှိပါတယ်။
သူတို့က
ကိုနိုင်အောင်ပြန်ရောက် နေပြီ မင်းညာဖို့မကြိုးစားနဲ့တော့ဆိုပြီး
စစ်ကြောရေးစ၀င်ပါတယ်။
ကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းအတန်တန်ပြောပါတယ်။
စိတ်ရော ရုပ်ရောပင်ပန်းရပါတယ်။
ဒီကောင် well trainedကွ။
သေချာရအောင်စစ်ဆိုတဲ့ အသံတွေလည်းကြားနေရပါတယ်။
ကျွန်တော်မခံနိုင်တော့ပါဘူး။
သက်သာအောင်ဝန်ခံလိုက်ဖို့ဆိုတာလည်း
စစ်ထောက်လှမ်းရေးဖွဲ့စည်းပုံ၊ ကိုယ်ပိုင်နံပါတ်ဘယ်နှလုံးဆိုတာ
ကအစမသိတော့အတော်ဒုက္ခရောက်ပါတယ်။
နောက်ဆုံးတော့လည်း မခံနိုင်ပါဘူး။
အဲဒီလိုကြီး
မဟုတ်ဘဲနဲ့သေသွားမှာ ကျွန်တော်ကြောက်ပါတယ်။
ဝန်ခံပါ့မယ်။ ၂ ရက်လောက်
စဉ်းစားခွင့်တောင်းရပါ တယ်။
သူတို့လိုက်စုံစမ်းလို့မရနိုင်တဲ့(ကျွန်တော့်အတွေးပေါ့)စစ်တပ်ကအထူးလေ့ကျင့်ပေးထားတဲ့
ကျောင်းသားထောက်လှမ်းရေးလုပ်ဇာတ် တစ်ခု ခင်းရပါတယ်။
ကိုယ်ပိုင်နံပါတ်အတွက် ဗိုလ်ချုပ်အောင်ဆန်းစီးတဲ့ ကားနံပါတ်ကို
နည်းနည်းပြောင်းပေးလိုက်ပါတယ်။
RC-2874 ။ RCကိုစဉ်းစားရင် ဒေသကောလိပ်နဲ့
ရိုမန်ကတ်သလစ်ပဲ ထွက်နေလို့ pc (particular cell) လုပ်လိုက်ပါတယ်။
ဒုတိယနှစ် ရူပဗေဒသင် တုန်းက ကြားဖူးတဲ့ particular ပါ။
pc ၂၈၇၄ ပေါ့။
သင်တန်းအမှတ် ၂/၈၇ က သင်တန်းသားနံပါတ် ၄ စသည်ဖြင့်ပေါ့။
ကိုယ်ပြောထားတာတွေ မမေ့အောင် ပြန်ကျက်နေရတာလည်း တစ်ဒုက္ခပါပဲ။
(ကျွန်တော်ဝန်ခံပြီးသိပ်မကြာခင်ပဲ ကိုနိုင်အောင်ကို တစ်ခေါက်တွေ့လိုက်ရတယ်။
နောက်ပိုင်းမှာ
ကိုမျိုးဝင်း(မင်းသမီး)လည်း အဲဒီစခန်းကို ရောက်လာတတ်ပါတယ်)
ကြိုတွေးထားတာတွေ သူတို့မေးရင် အဆင်ပြေပေမယ့် မထင်တာတွေ
မေးရင်လည်းအိုးနင်းခွက်နင်းပါ။
အဲဒီကျရင် တော့ ခံလိုက်ဦးပေါ့။
စိတ်အဆင်းရဲရဆုံး မေးခွန်းက ဗဟိုမှာ မင်းတို့လူတွေ မရှိဘဲ
ဒီကိုမင်းလာမှာ မဟုတ်ဘူးတဲ့။
ကျွန်တော် ငိုရပါတယ်။ ဘယ်လိုမှ ရှောင်လို့မရတော့ပါဘူး။
ဆရာ နေ၀င်းအောင် နာမည် ပြောမိပါတယ်။
(ခွင့်လွှတ်ပါ ဆရာ၊သူတို့ လမ်းကြောင်းပေးတာလို့ ကိုယ်လွတ်မရုန်းချင်ဘူး)
မိုးသီးဘက်မှာလည်းမင်းတို့ လူရှိရမယ် ဆိုပြန်ရော။
အန္တာရယ်မဖြစ်လောက်ဘူး ထင်လို့ကိုဋ္ဌေးနိုင်ကို ပြောမိပါတယ်။
(ကျွန်တော် တောင်းပန်ပါတယ် ကိုဋ္ဌေးတင့်)
ဆရာ့ကို ဖမ်းပြီး စစ်မေးသံတွေ ကျွန်တော်ကြားလာရပါတယ်။
မင်း
ချန်ထားသေးတယ်။ ငါတို့အပေါ် မရိုးသားဘူး ဆိုပြီး ထပ်မေးလာပြန်ပါ တယ်။
တစ်ယောက်ပြော တစ်ယောက်ဖမ်းဆိုရင် မကောင်းတော့ဘူး တွေးပြီး
ဒုဥက္ကဋ္ဌကျော်ကျော်(မင်းသမီး) က စလို့
ကိုဒီ၊ အောင်သူ တို့အထိ လူ ၂၀ နီးပါး
ပြောလိုက်တယ်။
နောက်ပိုင်းမှာ ကိုဋ္ဌေးနိုင်၊ အောင်သူတို့တွေ အကြောင်း
ကြားရတော့ ကျွန်တော် နင့်နေအောင် ခံစားရပါတယ်။
အဲဒီ အမှန်တရား အတွက်ကျွန်တော် ဆက်လက်တိုက်ပွဲ ၀င်သွားမှာ ဖြစ်တယ်။
မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်လို့ မေးရင်တော့ အစပိုင်း ရမ်းပြောနေရတယ်။
တစ်ရက်တော့ တပ်ရင်း ၂၁၀ မှာ မြောက်ပိုင်းကိစ္စ ဗီဒီယိုခွေကို
အကျယ်ကြီးဖွင့်တာ ကျွန်တော် ကြားရပါတယ်။
အဲဒီအချိန်က ၂၁၀ ရဲဘော်တွေကိုပြန်မေးကြည့်နိုင်ပါတယ်။
အဲဒီနောက်ပိုင်းတော့ မြောက်ပိုင်းကိစ္စနဲ့
ပတ်သက်ပြီး ကျွန်တော် ပြောရလွယ်သွားပါတယ်။
နန်းအောင်ထွေးကြည် ပြောတဲ့
ရေလှိုင်းစစ်ဆင်ရေး ဆိုတဲ့စကားကိုလည်း ပြန်ပြီး ဖောက်သည်ချနိုင် ခဲ့ပါတယ်။
သူက ဒုဗိုလ်ဆိုတော့ ကျွန်တော် ဗိုလ်စိုးလင်း လုပ်လိုက်ရပါတယ်။
(ပြည်တွင်းပြန်ရောက်တော့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့နီးတဲ့ သူငယ်ချင်း ၀န်ထမ်းတစ်ဦးက
ပြောမှ ထောက်လှမ်းရေးမှာ ဒုဗိုလ်နဲ့ ဗိုလ် ရာထူးတွေ မရှိမှန်း သိရပါတယ်)
ကိုဖိုးထောင်ဦးဆောင်တဲ့ ၃၀၃ က ရဲဘော်တွေကိုလည်း ကျွန်တော် စိတ်မနာပါဘူး။
ရိုးရိုးသားသားနဲ့ အမိန့်အတိုင်း သူတို့လုပ်ခဲ့ကြတာပါ။
ဖိလစ်၊ ဖလမ်း၊အောင်ငှဲ၊ ကျူးကျူ၊ ရွှေဘ၊ ချယ်ရီ၊ ကျော်မင်း၊ မောင်မိုး၊ နတားလယ်
အားလုံးက ဖြူစင်တဲ့ တိုင်းရင်းသား ကျောင်းသားရဲဘော်လေးတွေပါ
တစ်ခါတစ်လေကျ နာမည်တွေကအစ မှတ်မိနေပေမယ့်
ကျွန်တော် မေ့ကျန်နေတဲ့
မစဉ်းစားမိတဲ့ ကိစ္စတွေလည်း ရှိဦးမှာပါ။
အတတ်နိုင်ဆုံး
တိတိကျကျဖြစ်အောင်တော့ ကျွန်တော် ကြိုးစားရေးသားသွားမှာပါ။
အခုဆိုရင်
ဖေဖော်ဝါရီ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း
ကျောင်းသားရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန် ကြေညာ ချက်ကို
အားလုံးဖတ်ပြီး ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့က သမိုင်းအမှန်တရား တစ်ခု
ဖော်ထုတ်ပေးဖို့ ရိုးရိုးသားသား တောင်းဆိုနေတာပါ။
မကဒတဟာ
ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိဆဲပါ။
မကဒတရဲ့
ရည်ရွယ်ချက်လေးခုကို ကျွန်တော်အခုထိ မမေ့သေးပါဘူး။
တိုင်းရင်းသားအဖွဲ့အစည်း တွေ အရေးနဲ့ပတ်သက်လို့လည်း တတ်နိုင်သလောက်
လုပ်နေတုန်းပါ။
မန္တလေးအိုးဘိုထောင်ထဲမှာ ရောက်နေတဲ့
ကယန်းပြည်သစ်ပါတီကကိုစောလွင် (ကိုဋ္ဌေးအောင် ယခင် အေဘီ) ပြန်မလွတ်လာခင်အထိ
ကျွန်တော်၊မြင်းခြံက အောင်မြင့်ဟန်(ယခင် သေဘောဘိုး)၊
ရန်ကုန်က နုနုအောင် (ယခင် လူ့ဘောင်သစ်) တို့ မန္တလေးက
ဒေါ်သွယ်သွယ်စန်းနဲ့အတူ အပြင်ကနေ တတ်နိုင်သလောက်
ကူညီခဲ့ကြပါတယ်။
၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း ( နိုဝင်ဘာ ၁၅မှာ ကျွန်တော့်အမေဆုံးသွားပါတယ်)
ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ကုန်က
နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊
မန္တလေးကဘ၀အလင်းပရဟိတအသင်းတွေနဲ့ လိုက်သွားရင်း
ဘ၀အလင်း အခမဲ့ဆေးပေးခန်းမှာ
တိုင်းရင်းသား ဒုက္ခသည်တွေကို ကျွန်တော်တို့ မိသားစု ဆေးကုသပေးခဲ့ကြပါတယ်။
ကျွန်တော်က အမှတ်စဉ်နဲ့ လူနာအမည်ခေါ်၊ အမျိုးသမီးနဲ့
အခြားဆရာဝန်နှစ်ဦးက ဆေးကုပေး၊
သားက ဆေးပုလင်းတွေ သူသိသလောက်
လိုက်ရှာပေးနဲ့ပေါ့။
(ကျွန်တော့် အမျိုးသမီးက ဒေါက်တာနီလာဝင်းပါ၊
ရွှေပြည်ဦးဘတင်ရဲ့ မြေး၊
ကလိ ဦးတင်ဝင်းရဲ့ သမီး
၊ ဦးဝင်းဖေ (ယခု VOA )
ရဲ့ တူမပါ)
ကျွန်တော့် အမျိုးသမီးရဲ့အစ်ကို ကိုစည်သူဆိုရင်
မြောက်ပိုင်းယူဂျီကိစ္စနဲ့ ထောင်ကျခဲ့ရပြီး အပြင်ပြန်ရောက်မှ
ကွယ်လွန်သွားခဲ့ရတာပါ။
ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို
ရည်ရွယ်တိုက်ခိုက်တာမျိုး မလုပ်ချင်ပါဘူး။
တာဝန်ရှိသူတွေက ၀န်မခံသေးလို့သမိုင်း အမှန်တရားအတွက်
မလွဲမရှောင်သာ အမည်တပ် ရေးသားနေရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၂ မတိုင်မီ ကိုနိုင်အောင် မြောက်ပိုင်း ရောက်နေတယ်ဆိုတာက
မြောက်ပိုင်းပြန် ရဲဘော်တစ်ချို့ အခိုင်အမာ ပြောလို့ ကျွန်တော်
ရေးခဲ့တာပါ။
ကိုနိုင်အောင်ဘက်ကတောင် ကျွန်တော့်ကို ထောက်လှမ်းရေးလို့ ယုံကြည်ပြီး
စစ်ကြောရေးဝင်ခိုင်းခဲ့တာ ကျွန်တော်က ကျွန်တော့်ကိုဖမ်းတုန်းက
ကိုနိုင်အောင်ပြောတဲ့ စကားနဲ့ ပြန်လာပြီး စစ်ကြောရေးဝင်တဲ့ ကာလကို
စဉ်းစားပြီး ကိုနိုင်အောင် မြောက်ပိုင်း ရောက်တယ် ရေးခဲ့တာ။
(ကျွန်တော့်မှာရော အဲလို ရေးခွင့် မရှိဘူးလား) မဟုတ်ဘူးဆိုရင်
ကိုနိုင်အောင် ရှင်းပြနိုင် ရမယ်။
ဖေဖော်ဝါရီ ၁၄ရက်RFA အင်တာဗျူးမှာ
ကိုနိုင်အောင် ပြောပါတယ်။
မြောက်ပိုင်းကို မပိုင်ပါဘူး။ အမိန့်ပေးလို့
မရပါဘူး။
အဲဒီစကားက ဖြစ် နိုင်ချေရှိပါတယ်။
အားလုံးစဉ်းစားကြည့်ဖို့
အချက်လေးတွေ ကျွန်တော် ပြောကြည့်ချင်တယ်။
ကျွန်တော့်ကို ဖမ်းပြီး
သုံးလကျော်အကြာမှာ မြောက်ပိုင်းလူသတ်ပွဲ ဖြစ်ပါတယ်။
၉၂ ဖေဖော်ဝါရီ ၁၂
လူသတ်ပွဲကို ၉၂ မတ်လ ၁ရက်မှာ ဗဟိုကော်မတီ အတွင်းရေးမှူး ၁ က စာထုတ်ပါတယ်။
ကြားထဲမှာ ၁၇ရက်ပဲ ခြားပါတယ်။
နောက် မေလ ၃၁ရက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်က
ရှင်းလင်းစာ ထုတ်ပါတယ်။
မြောက်ပိုင်းနဲ့ ဆက်သွယ်ရတာ ဘယ်လောက် ခက်ခဲတယ်ဆို
တာ ကျွန်တော် အသိဆုံးပါ။
၁၇ရက်လေး အတွင်းမှာ ဗဟိုကော်မတီက
စာထုတ်နိုင်လောက်အောင် မြောက်ပိုင်းကပဲ ဗဟိုကော်မတီကို ပိုင်သလား။
ဒါမှ
မဟုတ် အမိန့်ပေးလို့ရသလား။
စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်တောင် မြောက်ပိုင်းရဲ့
စစ်ကြောရေးပြင်းထန်တာ၊ ခေါင်းဖြတ်ပြီး
ရက်ရက်စက်စက် သတ်တာကို မသိခဲ့ပါဘူး။
အဲဒီအချိန်က ဗဟိုကော်မတီဝင်အများစုလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ။
ကိုအောင်ထူး ကိုယ်တိုင်တောင်သေသေချာချာ သိခဲ့ရဲ့လား။
သိခဲ့ရင်ကော အဲဒီလိုစာမျိုး လက်မှတ်ထိုးပြီးထုတ်မှာလား။
အမြန်ဆုံး စာထုတ်ရလောက်အောင် ဘယ်လိုအရာမျိုး ဘယ်လိုလူ မျိုးက
တွန်းအားပေးခဲ့တာလဲ။
ဒီအချိန်မှာတော့ အဖြေထွက်သင့်ပါပြီ။
ကျွန်တော်ဖတ်ဖူးတဲ့ လူထုဦးလှရဲ့ ထောင်စာအုပ်တွေထဲက
စာသားလေးတစ်ပိုဒ်ကိုမျှဝေပါဦးမယ်။
အပြစ်ရှိတဲ့ ရာဇ၀တ်သား ဆယ်ယောက် လွတ်ချင် လွတ်သွားပါစေ။
အပြစ်မဲ့တဲ့ လူတစ်ယောက် အပြစ်ဒဏ် မခံရစေနဲ့ တဲ့။
ကိုနိုင်အောင်မြောက်ပိုင်း သွား မသွားကို ခဏဘေးဖယ်ထားလိုက်ပါ။
RFAမှာ သူပြောသွားတဲ့
ဒီလောက်များတဲ့ လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတဲ့စကား။
ဒါက ခေါင်းဆောင်မပီသတဲ့ စကားပါ။
ကျွန်တော် အဲလိုမရိုးသားတာမျိုးကို အမုန်းဆုံးပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ သူဒီလို
အတွေးမျိုးရှိခဲ့ရင် အေဘီဗဟိုမှာ ရင်နာစရာတွေ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျွန်တော်ရော ဆရာနေ၀င်းအောင်ရော အိပ်မက်ဆိုးတွေ မက်ခဲ့ရမှာ မဟုတ်ပါဘူး။
ကိုဋ္ဌေးနိုင်ရော၊ အောင်သူရော ကြွေလွင့်ခဲ့ကြရမှာ မဟုတ်ပါဘူး။
မြောက်ပိုင်းမီးစ တောင်ပိုင်းကို ကျခဲ့မှာ မဟုတ်ပါဘူး။
(နောက် အပိုင်းမှာ
ကျွန်တော်တို့ကို ကျောင်းသားစစ်ကြောရေးစခန်း (ဒါးခွင်) ပြောင်းပြီး
ရုံးထုတ် ထောင်ချခဲ့တာတွေကို ရေးသွားပါဦးမယ်)
စိုးလွင်
from Soe Lynn's Facebook Notes by Soe Lynn
ကျွန်တော့်ကိုဖမ်းပြီး သံလွင်စခန်းမှာ ချုပ်ထားရာက စစ်ရေးအခြေအနေကြောင့်
ထိုင်းဘက်ကမ်းကိုပြောင်းထားပါတယ်။
အောက်ဖက် မှာ အေဘီဗဟိုရုံးရှိပြီး
တောင်ဘက်မှာ တပ်ရင်း ၂၀၉ (သံလွင်စခန်း)ရှိပါတယ်။
ဘယ်သူနဲ့မှစကားမပြောရပေမယ့် ဗဟိုပြန်ကြားရေးက
အကျယ်ကြီးဖွင့်တဲ့ သတင်းတွေကိုတော့
ညတိုင်းကြားနေရပါတယ်။
တစ်ရက်မှာတော့ မြောက်ပိုင်းမှာ အစ်ကိုကြီးအပါအ၀င်
လူ ၁၅ ဦးကို သတ်လိုက်တဲ့အကြောင်း ဘီဘီစီနဲ့
ကိုအောင်ထူးရဲ့အင်တာဗျူးကိုနားထောင်လိုက်ရပါတယ်
။ကျွန်တော့်အထင်
နောက်တစ်လကျော်လောက် အကြာမှာပဲ တပ်ရင်း ၂၁၀ အ ပေါ်ကုန်းမှာရှိတဲ့
ကျောင်းသားစစ်ကြောရေးစခန်းကို ညဘက်ကြီးမှာ ပြောင်းရပါတယ်။
စားဖိုဆောင်နားက ခွေးအိမ်လေးမှာ ကျွန်တော့်ကိုထားပါတယ်။
အဲဒီစခန်းမှာ
ကိုလှဌေး၊ ကျော်ကျော်(ကချင်)၊ ခင်မောင်ဆွေ (တပ်ရင်း ၂၁၆)နဲ့
ကိုဖိုးထောင်ဦးဆောင်တဲ့ တပ်ရင်း ၃၀၃ က ရဲဘော်တွေရှိပါတယ်။
သူတို့က
ကိုနိုင်အောင်ပြန်ရောက် နေပြီ မင်းညာဖို့မကြိုးစားနဲ့တော့ဆိုပြီး
စစ်ကြောရေးစ၀င်ပါတယ်။
ကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းအတန်တန်ပြောပါတယ်။
စိတ်ရော ရုပ်ရောပင်ပန်းရပါတယ်။
ဒီကောင် well trainedကွ။
သေချာရအောင်စစ်ဆိုတဲ့ အသံတွေလည်းကြားနေရပါတယ်။
ကျွန်တော်မခံနိုင်တော့ပါဘူး။
သက်သာအောင်ဝန်ခံလိုက်ဖို့ဆိုတာလည်း
စစ်ထောက်လှမ်းရေးဖွဲ့စည်းပုံ၊ ကိုယ်ပိုင်နံပါတ်ဘယ်နှလုံးဆိုတာ
ကအစမသိတော့အတော်ဒုက္ခရောက်ပါတယ်။
နောက်ဆုံးတော့လည်း မခံနိုင်ပါဘူး။
အဲဒီလိုကြီး
မဟုတ်ဘဲနဲ့သေသွားမှာ ကျွန်တော်ကြောက်ပါတယ်။
ဝန်ခံပါ့မယ်။ ၂ ရက်လောက်
စဉ်းစားခွင့်တောင်းရပါ တယ်။
သူတို့လိုက်စုံစမ်းလို့မရနိုင်တဲ့(ကျွန်တော့်အတွေးပေါ့)စစ်တပ်ကအထူးလေ့ကျင့်ပေးထားတဲ့
ကျောင်းသားထောက်လှမ်းရေးလုပ်ဇာတ် တစ်ခု ခင်းရပါတယ်။
ကိုယ်ပိုင်နံပါတ်အတွက် ဗိုလ်ချုပ်အောင်ဆန်းစီးတဲ့ ကားနံပါတ်ကို
နည်းနည်းပြောင်းပေးလိုက်ပါတယ်။
RC-2874 ။ RCကိုစဉ်းစားရင် ဒေသကောလိပ်နဲ့
ရိုမန်ကတ်သလစ်ပဲ ထွက်နေလို့ pc (particular cell) လုပ်လိုက်ပါတယ်။
ဒုတိယနှစ် ရူပဗေဒသင် တုန်းက ကြားဖူးတဲ့ particular ပါ။
pc ၂၈၇၄ ပေါ့။
သင်တန်းအမှတ် ၂/၈၇ က သင်တန်းသားနံပါတ် ၄ စသည်ဖြင့်ပေါ့။
ကိုယ်ပြောထားတာတွေ မမေ့အောင် ပြန်ကျက်နေရတာလည်း တစ်ဒုက္ခပါပဲ။
(ကျွန်တော်ဝန်ခံပြီးသိပ်မကြာခင်ပဲ ကိုနိုင်အောင်ကို တစ်ခေါက်တွေ့လိုက်ရတယ်။
နောက်ပိုင်းမှာ
ကိုမျိုးဝင်း(မင်းသမီး)လည်း အဲဒီစခန်းကို ရောက်လာတတ်ပါတယ်)
ကြိုတွေးထားတာတွေ သူတို့မေးရင် အဆင်ပြေပေမယ့် မထင်တာတွေ
မေးရင်လည်းအိုးနင်းခွက်နင်းပါ။
အဲဒီကျရင် တော့ ခံလိုက်ဦးပေါ့။
စိတ်အဆင်းရဲရဆုံး မေးခွန်းက ဗဟိုမှာ မင်းတို့လူတွေ မရှိဘဲ
ဒီကိုမင်းလာမှာ မဟုတ်ဘူးတဲ့။
ကျွန်တော် ငိုရပါတယ်။ ဘယ်လိုမှ ရှောင်လို့မရတော့ပါဘူး။
ဆရာ နေ၀င်းအောင် နာမည် ပြောမိပါတယ်။
(ခွင့်လွှတ်ပါ ဆရာ၊သူတို့ လမ်းကြောင်းပေးတာလို့ ကိုယ်လွတ်မရုန်းချင်ဘူး)
မိုးသီးဘက်မှာလည်းမင်းတို့ လူရှိရမယ် ဆိုပြန်ရော။
အန္တာရယ်မဖြစ်လောက်ဘူး ထင်လို့ကိုဋ္ဌေးနိုင်ကို ပြောမိပါတယ်။
(ကျွန်တော် တောင်းပန်ပါတယ် ကိုဋ္ဌေးတင့်)
ဆရာ့ကို ဖမ်းပြီး စစ်မေးသံတွေ ကျွန်တော်ကြားလာရပါတယ်။
မင်း
ချန်ထားသေးတယ်။ ငါတို့အပေါ် မရိုးသားဘူး ဆိုပြီး ထပ်မေးလာပြန်ပါ တယ်။
တစ်ယောက်ပြော တစ်ယောက်ဖမ်းဆိုရင် မကောင်းတော့ဘူး တွေးပြီး
ဒုဥက္ကဋ္ဌကျော်ကျော်(မင်းသမီး) က စလို့
ကိုဒီ၊ အောင်သူ တို့အထိ လူ ၂၀ နီးပါး
ပြောလိုက်တယ်။
နောက်ပိုင်းမှာ ကိုဋ္ဌေးနိုင်၊ အောင်သူတို့တွေ အကြောင်း
ကြားရတော့ ကျွန်တော် နင့်နေအောင် ခံစားရပါတယ်။
အဲဒီ အမှန်တရား အတွက်ကျွန်တော် ဆက်လက်တိုက်ပွဲ ၀င်သွားမှာ ဖြစ်တယ်။
မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်လို့ မေးရင်တော့ အစပိုင်း ရမ်းပြောနေရတယ်။
တစ်ရက်တော့ တပ်ရင်း ၂၁၀ မှာ မြောက်ပိုင်းကိစ္စ ဗီဒီယိုခွေကို
အကျယ်ကြီးဖွင့်တာ ကျွန်တော် ကြားရပါတယ်။
အဲဒီအချိန်က ၂၁၀ ရဲဘော်တွေကိုပြန်မေးကြည့်နိုင်ပါတယ်။
အဲဒီနောက်ပိုင်းတော့ မြောက်ပိုင်းကိစ္စနဲ့
ပတ်သက်ပြီး ကျွန်တော် ပြောရလွယ်သွားပါတယ်။
နန်းအောင်ထွေးကြည် ပြောတဲ့
ရေလှိုင်းစစ်ဆင်ရေး ဆိုတဲ့စကားကိုလည်း ပြန်ပြီး ဖောက်သည်ချနိုင် ခဲ့ပါတယ်။
သူက ဒုဗိုလ်ဆိုတော့ ကျွန်တော် ဗိုလ်စိုးလင်း လုပ်လိုက်ရပါတယ်။
(ပြည်တွင်းပြန်ရောက်တော့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့နီးတဲ့ သူငယ်ချင်း ၀န်ထမ်းတစ်ဦးက
ပြောမှ ထောက်လှမ်းရေးမှာ ဒုဗိုလ်နဲ့ ဗိုလ် ရာထူးတွေ မရှိမှန်း သိရပါတယ်)
ကိုဖိုးထောင်ဦးဆောင်တဲ့ ၃၀၃ က ရဲဘော်တွေကိုလည်း ကျွန်တော် စိတ်မနာပါဘူး။
ရိုးရိုးသားသားနဲ့ အမိန့်အတိုင်း သူတို့လုပ်ခဲ့ကြတာပါ။
ဖိလစ်၊ ဖလမ်း၊အောင်ငှဲ၊ ကျူးကျူ၊ ရွှေဘ၊ ချယ်ရီ၊ ကျော်မင်း၊ မောင်မိုး၊ နတားလယ်
အားလုံးက ဖြူစင်တဲ့ တိုင်းရင်းသား ကျောင်းသားရဲဘော်လေးတွေပါ
တစ်ခါတစ်လေကျ နာမည်တွေကအစ မှတ်မိနေပေမယ့်
ကျွန်တော် မေ့ကျန်နေတဲ့
မစဉ်းစားမိတဲ့ ကိစ္စတွေလည်း ရှိဦးမှာပါ။
အတတ်နိုင်ဆုံး
တိတိကျကျဖြစ်အောင်တော့ ကျွန်တော် ကြိုးစားရေးသားသွားမှာပါ။
အခုဆိုရင်
ဖေဖော်ဝါရီ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း
ကျောင်းသားရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန် ကြေညာ ချက်ကို
အားလုံးဖတ်ပြီး ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့က သမိုင်းအမှန်တရား တစ်ခု
ဖော်ထုတ်ပေးဖို့ ရိုးရိုးသားသား တောင်းဆိုနေတာပါ။
မကဒတဟာ
ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိဆဲပါ။
မကဒတရဲ့
ရည်ရွယ်ချက်လေးခုကို ကျွန်တော်အခုထိ မမေ့သေးပါဘူး။
တိုင်းရင်းသားအဖွဲ့အစည်း တွေ အရေးနဲ့ပတ်သက်လို့လည်း တတ်နိုင်သလောက်
လုပ်နေတုန်းပါ။
မန္တလေးအိုးဘိုထောင်ထဲမှာ ရောက်နေတဲ့
ကယန်းပြည်သစ်ပါတီကကိုစောလွင် (ကိုဋ္ဌေးအောင် ယခင် အေဘီ) ပြန်မလွတ်လာခင်အထိ
ကျွန်တော်၊မြင်းခြံက အောင်မြင့်ဟန်(ယခင် သေဘောဘိုး)၊
ရန်ကုန်က နုနုအောင် (ယခင် လူ့ဘောင်သစ်) တို့ မန္တလေးက
ဒေါ်သွယ်သွယ်စန်းနဲ့အတူ အပြင်ကနေ တတ်နိုင်သလောက်
ကူညီခဲ့ကြပါတယ်။
၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း ( နိုဝင်ဘာ ၁၅မှာ ကျွန်တော့်အမေဆုံးသွားပါတယ်)
ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ကုန်က
နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊
မန္တလေးကဘ၀အလင်းပရဟိတအသင်းတွေနဲ့ လိုက်သွားရင်း
ဘ၀အလင်း အခမဲ့ဆေးပေးခန်းမှာ
တိုင်းရင်းသား ဒုက္ခသည်တွေကို ကျွန်တော်တို့ မိသားစု ဆေးကုသပေးခဲ့ကြပါတယ်။
ကျွန်တော်က အမှတ်စဉ်နဲ့ လူနာအမည်ခေါ်၊ အမျိုးသမီးနဲ့
အခြားဆရာဝန်နှစ်ဦးက ဆေးကုပေး၊
သားက ဆေးပုလင်းတွေ သူသိသလောက်
လိုက်ရှာပေးနဲ့ပေါ့။
(ကျွန်တော့် အမျိုးသမီးက ဒေါက်တာနီလာဝင်းပါ၊
ရွှေပြည်ဦးဘတင်ရဲ့ မြေး၊
ကလိ ဦးတင်ဝင်းရဲ့ သမီး
၊ ဦးဝင်းဖေ (ယခု VOA )
ရဲ့ တူမပါ)
ကျွန်တော့် အမျိုးသမီးရဲ့အစ်ကို ကိုစည်သူဆိုရင်
မြောက်ပိုင်းယူဂျီကိစ္စနဲ့ ထောင်ကျခဲ့ရပြီး အပြင်ပြန်ရောက်မှ
ကွယ်လွန်သွားခဲ့ရတာပါ။
ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို
ရည်ရွယ်တိုက်ခိုက်တာမျိုး မလုပ်ချင်ပါဘူး။
တာဝန်ရှိသူတွေက ၀န်မခံသေးလို့သမိုင်း အမှန်တရားအတွက်
မလွဲမရှောင်သာ အမည်တပ် ရေးသားနေရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၂ မတိုင်မီ ကိုနိုင်အောင် မြောက်ပိုင်း ရောက်နေတယ်ဆိုတာက
မြောက်ပိုင်းပြန် ရဲဘော်တစ်ချို့ အခိုင်အမာ ပြောလို့ ကျွန်တော်
ရေးခဲ့တာပါ။
ကိုနိုင်အောင်ဘက်ကတောင် ကျွန်တော့်ကို ထောက်လှမ်းရေးလို့ ယုံကြည်ပြီး
စစ်ကြောရေးဝင်ခိုင်းခဲ့တာ ကျွန်တော်က ကျွန်တော့်ကိုဖမ်းတုန်းက
ကိုနိုင်အောင်ပြောတဲ့ စကားနဲ့ ပြန်လာပြီး စစ်ကြောရေးဝင်တဲ့ ကာလကို
စဉ်းစားပြီး ကိုနိုင်အောင် မြောက်ပိုင်း ရောက်တယ် ရေးခဲ့တာ။
(ကျွန်တော့်မှာရော အဲလို ရေးခွင့် မရှိဘူးလား) မဟုတ်ဘူးဆိုရင်
ကိုနိုင်အောင် ရှင်းပြနိုင် ရမယ်။
ဖေဖော်ဝါရီ ၁၄ရက်RFA အင်တာဗျူးမှာ
ကိုနိုင်အောင် ပြောပါတယ်။
မြောက်ပိုင်းကို မပိုင်ပါဘူး။ အမိန့်ပေးလို့
မရပါဘူး။
အဲဒီစကားက ဖြစ် နိုင်ချေရှိပါတယ်။
အားလုံးစဉ်းစားကြည့်ဖို့
အချက်လေးတွေ ကျွန်တော် ပြောကြည့်ချင်တယ်။
ကျွန်တော့်ကို ဖမ်းပြီး
သုံးလကျော်အကြာမှာ မြောက်ပိုင်းလူသတ်ပွဲ ဖြစ်ပါတယ်။
၉၂ ဖေဖော်ဝါရီ ၁၂
လူသတ်ပွဲကို ၉၂ မတ်လ ၁ရက်မှာ ဗဟိုကော်မတီ အတွင်းရေးမှူး ၁ က စာထုတ်ပါတယ်။
ကြားထဲမှာ ၁၇ရက်ပဲ ခြားပါတယ်။
နောက် မေလ ၃၁ရက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်က
ရှင်းလင်းစာ ထုတ်ပါတယ်။
မြောက်ပိုင်းနဲ့ ဆက်သွယ်ရတာ ဘယ်လောက် ခက်ခဲတယ်ဆို
တာ ကျွန်တော် အသိဆုံးပါ။
၁၇ရက်လေး အတွင်းမှာ ဗဟိုကော်မတီက
စာထုတ်နိုင်လောက်အောင် မြောက်ပိုင်းကပဲ ဗဟိုကော်မတီကို ပိုင်သလား။
ဒါမှ
မဟုတ် အမိန့်ပေးလို့ရသလား။
စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်တောင် မြောက်ပိုင်းရဲ့
စစ်ကြောရေးပြင်းထန်တာ၊ ခေါင်းဖြတ်ပြီး
ရက်ရက်စက်စက် သတ်တာကို မသိခဲ့ပါဘူး။
အဲဒီအချိန်က ဗဟိုကော်မတီဝင်အများစုလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ။
ကိုအောင်ထူး ကိုယ်တိုင်တောင်သေသေချာချာ သိခဲ့ရဲ့လား။
သိခဲ့ရင်ကော အဲဒီလိုစာမျိုး လက်မှတ်ထိုးပြီးထုတ်မှာလား။
အမြန်ဆုံး စာထုတ်ရလောက်အောင် ဘယ်လိုအရာမျိုး ဘယ်လိုလူ မျိုးက
တွန်းအားပေးခဲ့တာလဲ။
ဒီအချိန်မှာတော့ အဖြေထွက်သင့်ပါပြီ။
ကျွန်တော်ဖတ်ဖူးတဲ့ လူထုဦးလှရဲ့ ထောင်စာအုပ်တွေထဲက
စာသားလေးတစ်ပိုဒ်ကိုမျှဝေပါဦးမယ်။
အပြစ်ရှိတဲ့ ရာဇ၀တ်သား ဆယ်ယောက် လွတ်ချင် လွတ်သွားပါစေ။
အပြစ်မဲ့တဲ့ လူတစ်ယောက် အပြစ်ဒဏ် မခံရစေနဲ့ တဲ့။
ကိုနိုင်အောင်မြောက်ပိုင်း သွား မသွားကို ခဏဘေးဖယ်ထားလိုက်ပါ။
RFAမှာ သူပြောသွားတဲ့
ဒီလောက်များတဲ့ လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတဲ့စကား။
ဒါက ခေါင်းဆောင်မပီသတဲ့ စကားပါ။
ကျွန်တော် အဲလိုမရိုးသားတာမျိုးကို အမုန်းဆုံးပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ သူဒီလို
အတွေးမျိုးရှိခဲ့ရင် အေဘီဗဟိုမှာ ရင်နာစရာတွေ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျွန်တော်ရော ဆရာနေ၀င်းအောင်ရော အိပ်မက်ဆိုးတွေ မက်ခဲ့ရမှာ မဟုတ်ပါဘူး။
ကိုဋ္ဌေးနိုင်ရော၊ အောင်သူရော ကြွေလွင့်ခဲ့ကြရမှာ မဟုတ်ပါဘူး။
မြောက်ပိုင်းမီးစ တောင်ပိုင်းကို ကျခဲ့မှာ မဟုတ်ပါဘူး။
(နောက် အပိုင်းမှာ
ကျွန်တော်တို့ကို ကျောင်းသားစစ်ကြောရေးစခန်း (ဒါးခွင်) ပြောင်းပြီး
ရုံးထုတ် ထောင်ချခဲ့တာတွေကို ရေးသွားပါဦးမယ်)
စိုးလွင်
- 1 share
Aye Aye Soe Win မကြွေ သင့် သော ရဲ ဘော် ကျောင်း သား များ အ တွက် ခံ ပြင်း စိတ် များ စွာ စိတ် မ ကောင်း ခြင်း များ စွာ ဖြင့် ဒီ post ကို ဖတ် သွာ ပါ တယ်
Myo Than Htut=Moe Thee Zun from North Okkalarpa
မိုးသီးက နဂိုအတိုင်းပဲလို့ ထင်မြင်ပါသည်။ အသက်တာကြီးသွား၊အချိန်များသာ လျှင်မြန်စွာကုန်ဆုံးသွားသောလည်း အကျင့်စရိုက်မရင့်ကျက်သေးတာကို တွေ့ မြင်ရပါသည်။ အဓိကကတော့ဝမ်းတွင်းစိတ်က အရေးကြီးပါသည်။
၈၈ခုနှစ်၊ဇွန်လမှာ မိန်းပြန်ဖွင့်သဖြင့် တရားပွဲများလုပ်ရာမှာ မိုးသီး၏အပြောအဟောများအား ကျောင်းသားတွေမပြောနှင့်
၊ကျောင်းသူတွေကတောင် မကြိုက်နှစ်ကြတာကို ပြန်မြင်ယောင်မိပါသည်။
သြဂုတ်လ(၂၈)ရက်နေ့ မှာ ယူနီယံမြက်ခင်းပေါ်မှာ
သမဂ္ဂဖွဲ့  စည်းသည့် တရားဟောပြောပွဲမှာလည်း
အကိုကြီး၊အကိုလတ်၊အကိုငယ်တွေနှင့် သံလိုက်အိမ်မြောင်တလုံးဖြင့်တောခိုဖို့ ကြိုးစားပြီး
မော်လမြိုင်က လှည့်ပြန်ခဲ့တာကို ဗြောင်လိမ်ပြောသွားသော မိုးသီးဇွန်ဖြစ်ပါသည်။
အချိန်ဆွဲကာ ပေရှည်ဟောပြောနေသဖြင့် ရပ်ပါတော့အသိပေးနေသောလည်း
ပြောဟောနေ၍စိတ်မရှည်သောကျောင်းသားအချို့ 
စင်ပေါ်တက်ရိုက်မည်လုပ်တာကို တားဆီးခဲ့ရပါသည်။
ရန်ကုန်ဆေးရုံကြီး ၃၆နာရီအစာငတ်ခံဆန္ဒပြပွဲမှာလည်း
လုံခြုံရေးတာဝန်ယူထားသော ရွှေဂျိုးဖြူက သူတို့  အားဝိုင်းထားပါသည်ဆို၍
မြို့ ထဲမှ သပိတ်အဖွဲ့ တွေဆီမမှန်မကန်အကြောင်းကြားပြန်လို့  အချင်းချင်းဖြစ်သော ပြဿနာများကို ရှင်းလင်းခဲ့ရပါသည်။
ရှင်းကြချိန်မှာ မိုးသီးအား ရွှေဂျိုးဖြူအဖွဲ့ မှရဲဘော်များအား နားလည်မှုလွဲသွားသည့်အပေါ်ပြန်တောင်းပန်ပေးဖို့  ပြောသူကပြောသောလည်း
မိုးသီးဇွန်ဆိုသူက ကလေကချေများအား မတောင်းပန်နိုင်ဘူးဆိုပြီး လူအများရှေ့ မှာဖော်ထုတ်ပြောပြန်လို့ သက်ဦးဦးဆောင်သော
ရွှေဂျိုးဖြူအဖွဲ့ နားမှ ကျော်ဝင်းလေး ငှက်ကြီးတောင်မြောက်ပြီးခုတ်ဖို့ လုပ်ခဲ့တာ အလျှင်အမြန်ဝင်ဆွဲရသည့် ဖြစ်ရပ်ကိုမြင်ယောင်မိပါသေးသည်။
၈၉ခု၊မတ်လ တံတားနီနှစ်ပတ်လည်မှာ မိန်းထဲကိုရောက်လာပြီး
ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရဖို့ သူ့  ကိုယ်သူ အမြောက်ဆန်ကြီးပမာ တုန်ဟီးသွားအောင်ပစ်ဖောက်ချင်ကြောင်းဟောပြော၊
လူတွေကို ကျောင်းထဲကထွက်ပြီး အပြင်မှာ ချီတက်ဖို့ ကြွတက်ပြကာ၊ ပစ်ဖို့  ပြင်ဆင်ထားသော စစ်တပ်ဆီကို လှူံဆော်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။
မကသပပွဲကိုဖျက်ဆီးချင်တာပဲသိပြီး
လူများသေမည်ကို မစဉ်းစားမတွေးခေါ်သူဖြစ်ပါသည်။
မနည်းတားဆီးခဲ့ရသလို၊ မိုးသီးတို့  ကိုလည်း
အတူတူနှစ်ယောက်ချင်း လက်ချင်းချိတ်ကျောင်းပြင်ထွက်ချီတက်ကြမည်လို့  ချဲ့  လင့်လုပ်ယူမှ ငြိမ်သွားကြသည်။
အုတ်အော်သောင်းနင်းနှင့် အချင်းချင်းစစ်တပ်ရှေ့  မှာဖြစ်ခဲ့ရတာသည် ရှက်စရာဖြစ်ပါသည်။သမဂ္ဂမှခွဲကာပါတီထောင်ခဲ့သောလည်း
လမ်းကြောင်းကြီး၃သွယ်တို့  ဘာတို့ ဖြင့် ညာဖြီးပြောဆိုကြသည်။ ကိုယ်သန်ရာကိုယ်လုပ်ခြင်းတာဖြစ်သည်။
ဗကသမှာ လမ်းကြောင်း၃သွယ်မူမချမှတ်ခဲ့တာအမှန်ဖြစ်ပါသည်။
ပေါ်ဦးနှင့်ကေကြူ့ ကိုမေးနိုင်ပါသည်။
ကြိုးမဲ့လေတံခွန်စာတမ်းကို မိုးသီးအနေဖြင့် ဘယ်နှစ်စောင်လိုချင်ပါသလဲ ဆိုတာသိချင်ပါသည်။ ပို့ ပေးဖို့ အသင့်ရှိပါသည်။
တောဆင်းချိန်နှင့်တပြိုင်တည်း ငါတနေ့  ပြန်လာခဲ့မယ်
ကဗျာစာအုပ်ထုတ်သွားခဲ့သော မိုးသီးက
ဗီဇာတာထုတ်ပေးလိုက် ထောင်ကျမှာ၊
ပစ်သတ်မှာမကြောက်ဘူး
ပြန်မယ်ပြောဆိုတာကို အသံဖိုင်မှာကြားလိုက်ရသဖြင့် ကိုယ့်နားတောင်မှကိုယ်မယုံနိုင်ဖြစ်သွားရပါသည်။
လူ့ ဘောင်သစ် အကွဲအပြဲဇာတ်လမ်း၊
ဘုရားသုံးဆူအကွဲအပြဲဇာတ်လမ်း
၊အေဘီအကွဲအပြဲဇာတ်လမ်းအားလုံးများနှင့်ချိတ်ဆက်ထားတာမိုးသီးဖြစ်ပါသည်။
အေဘီကွဲတော့ ကျောင်းသားစိတ်နှင့် ဆလိုင်းကိုကိုဦး၊ကိုသန်းဝင်း၊ကိုဥာဏ်လင်းရွှေအစရှိသော
ကျောင်းသားများရပ်ပေးသောလည်း မိုးသီးဥာဉ်ကြောင့်ကိုယ့်တပ်ကိုယ်ပြန်နင်း၊ဖျက်ရပါသည်။
ကိုဝင်းမင်း၊ကိုအောင်သူငြိမ်း၊ကိုအောင်နိုင်ဦး(ဗဟု)များဖြင့် အားယူသော်လည်း လူပေါ်လူဇော်နည်းများဖြင့် မိုးသီးတပ်လန်ထွက်သွားတာလည်း အမှန်ဖြစ်ပါသည်။ တရားရုံးရင်ဆိုင်ရဲသော မိုးသီးက ပါတ်စပို့ အတုအမှုနှင့်ထိုင်း၊
လရောင်ထောင်ကလွတ်အောင် အာမခံပေးခဲ့သော ဖိုရမ်အေရှမှ မစ္စချာလီဒါကို ဘာမှမပြောဆိုပဲ အမေရိကားထွက်ပြေးသွားခြင်းသည် ရှက်တက်မည်ဆို ရှက်စရာဖြစ်နေပါသည်။
ကွဲစရာမရှိရင် မိုးသီးသည် သူဆရာကိုမြင့်လှိုင်နှင့်လည်းကွဲတာကို အမေရိကားမှရဲဘော်များအသိဆုံးဖြစ်မည်ဖြစ်ပါသည်။
နိုင်ငံတကာမြန်မာကျောင်းသားများပထမအကြိမ်ညီလာခံ(၂၀၀၁)မှာလည်း ဘာအစ်ရှုးမှတိတိကျကျတာဝန်မယူပဲ စင်အောက်ကနေ လိုက်နှောင့်ယှက်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။
အင်ဒီယားနား၊ဖို့ ဝန်းကရဲဘော်များအသိဆုံးဖြစ်ပါသည်။ ငါမိုးသီဇွန်ဆိုသော သွေးနထင်ရောက်နေသော ၀မ်းတွင်းရူးရောဂါသည် ကုရာဆေးမရှိဖြစ်နေပါသည်။
၈၈ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သော အဖြစ်မျိုးကို အထူးရှောင်ကျဉ်နေသောလည်း
မိုးသီးက အချိုးမပြောင်းကာ တောပြောင်းသားကောင်ရှာမည့်စကားမျိုးများအား ဂျပန်အသံဖိုင်မှာ ကြားရသဖြင့် ယခုလိုရေးသားလိုက်ခြင်းဖြစ်ပါသည်။
မိုးတိမ်တွေတောင်မှမတည်ငြိမ်တာ မိုးသီးလည်းတနေ့ ကြွေရမှာပါ။
စစ်အောင်
ကိုစိုးလွင် ပြောပြခဲ့သော ခံစားမှု အစအနများ ။
( သူရေးတဲ့ စာတွေကို လေ့လာသုံးသပ်တော့
သမိုင်းတွေဟာ မနေ့ ကလိုဖြစ်နေသေးတယ် ။
ခံစားမှုတွေဟာ ရင်ထဲမှာ ဝေဒနာ ဖြစ်ခဲ့တယ် ။
ဝေဒနာဟာ နာတာရှည်ရောဂါဖြစ်ခဲ့တယ် ။
ဆေးမီးတိုနဲ့  မရဖူး ။
အမှန်တရား အားဆေးကသာ သူ့ ကို ပျောက်ကင်းစေမှာဖြစ်တယ် ။
သူ့ကြေွးရှိက ဆပ်ရမည်လူတစ်ယောက်က လူ့အဖွဲ့အစည်းတစ်ခုမှာ အရေခြုံလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ရင်ဘတ်ထဲကလာတဲ့ ခံစားချက်ကိုတော့ အတုလုပ်လို့ မရနိုင်ပါဘူး။ကျွန်တော်မြောက်ပိုင်းမှာရှိစဉ်က မြောက်ပိုင်း သတင်း/ပြန်ကြားကထုတ်တဲ့ စာစောင်မှာ ကဗျာနှစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီအထဲက တစ်ပုဒ်ကို AB ဗဟိုပြန်ကြားရေးက ထုတ်တဲ့စာစောင်မှာ ဖော်ပြခဲ့ဖူးပါတယ်။အဲဒီကဗျာကတော့ . . .မြောက်ပိုင်းကံ့ကော်ဘယ့်အတွက်များဒေသခြားကိုရောက်သွားတာလဲ ကံ့ကော်ရယ်။တက္ကသီလာမြကျွန်းသာမှာမင်းဟာ စာတင်ဂန္တ၀င်ပန်းမြင်တိုင်း ရင်ကိုလန်းစေတယ်ရင်တိုင်းဝင်ခို လွမ်းဝေတယ်။တော်လှန်ရေးအတွက် မင်းပြေးထွက်လာမိမြန်မာပြည် သာယာကြည်ဖို့သည်လူ သည်မျိုး စည်ပင်တိုးဖို့ကိုယ်ကျိုးချန်လှပ် ခရီးဆက်တယ်အခက်ကိုဖွေ ဖြိုလေပြီတက္ကသိုလ်မြေ ငိုနေပြီ။နှင်းစက်တွေကြား မင်းပြေးလွှားတယ်မိုးကြားမငြိမ် ဆိတ်ချိန်မရွေးမင်းအတွေးမှာ ဆေးရေးချယ်သီတို့ပြည်သူဟာ ကမ္ဘာတည်။သားရဲထူပြော တောင်တစ်ကြောကိုအော်ပြောလိုက်စမ်း ပြောလိုက်စမ်းလေဒီမိုကရေစီ ဒို့မှန်းရည်လမ်းအောင်ပန်းဝေဖို့ ပြိုင်တူချီဆောင်မြန်းလေစို့ ပြည်သူဆီရောက်တိုင်းလေရာ ဖြတ်ကျော်နေမြောက်ပိုင်းမြေမှာ ကံ့ကော်ဝေ။ ။(1990 ၀န်းကျင်)ဒီနေရာမှာ အဖြစ်အပျက်လေးတစ်ခုကို အမှတ်ရမိလို့ ပြန်ပြောချင်ပါသေးတယ်။ ၈၈ စက်တင်ဘာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမလွန်ဆေးရိုးဝင်းထဲက အိမ်ကလေးတစ်အိမ်မှာ ကျွန်တော်တို့ ခေတ္တနားခိုခဲ့ကြတုန်းကပါ။ ကျွန်တော်တို့ဆိုတာ ဆရာတော် ဥူးက၀ိန္ဒ(သပိတ်တပ်ပေါင်းစု ဥက္ကဌ)၊ ဆရာကိုကျော်သီဟ(ပြင်ဦးလွင်)၊ ကိုမင်းလွင်(အနကလ)၊ နောက်တစ်ယောက်က ကျွန်တော်ပေါ့။ အဲဒီအိမ်ကလေးကနေ ကျောင်းသားအစည်းအဝေးတွေ လိုက်တက်ကြရင်း အနကလ(အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့) ဖွဲ့ဖို့ဖြစ်လာတယ်။ ရုံးဖွင့်ပွဲမှာဖတ်ဖို့သဘောထားကြေညာချက်ကိုအဲဒီအိမ်မှာကျွန်တော်ရေးခဲ့တယ်။(အဲဒီ သဘောထားကြေညာချက်ကို ဇော်လင်းဦး(အနကလ)က ဖတ်ခဲ့ပါတယ်)ကျောင်းသားလူငယ်ပါတီဖြစ်လို့ ကြေညာချက်က ပြတ်သားရမယ်၊ မာန်ပါရမယ်ဆိုတာ အခြေခံပြီးရေးခဲ့တယ်။အဲဒီအထဲကအချက်တစ်ချက်က ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီတော်လှန်ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိ နောက်မဆုတ်တမ်း.............ဆောင်ရွက်သွားမယ်လို့ အဓိဌာန်ပြုပါသည်ပေါ့။ အဲဒီကွက်လပ်စာသားကိုဖြည့်ဖို့ ပထမဆုံးခေါင်းထဲအလွယ်တကူဝင်လာတာက ``အရိုးကြေကြေအရေခန်းခန်း´´ အဲဒီစာသားကို ကျွန်တော်မသုံးချင်ပါဘူး။ အမျိုးမျိုးကျွန်တော်စဉ်းစားတယ်။ မနက်လင်းခါနီးမှပဲ ကျွန်တော်စာသားတစ်ခုရတယ်။``ဘ၀ပျက်ပျက် အသက်သေသေ´´ ကျွန်တော်ရင်နဲ့လွယ်ခဲ့ရတဲ့စကားလုံး၊ ခုပြန်စဉ်းစားမိတော့ ပညတ်သွားရာဓာတ်သတ်ပါခဲ့လေသလားလို့။ကျွန်တော်အိမ်ပြန်ရောက်ပြီးနောက်ပိုင်းမှာလည်း ခံစားချက်ပေါ်လာရင် ကဗျာတွေရေးဖြစ်ပါသေးတယ်။ (ဘယ်မှမပို့ဘဲနဲ့ကဗျာတွေ ရေးတဲ့အကျင့်ရှိတာ ကျောင်းသားဘ၀ထဲက ကျွန်တော်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတိုင်းသိပါတယ်)။ အဲဒီအထဲကတစ်ပုဒ်ကမုန်တိုင်းညဒါဟာဘယ်လိုမှမမေ့ရက်အိပ်မက်ဆိုးညတစ်ညပိုးထိုးရွရွ ထ ကြွပခုံးပေါ်ကငှက်တစ်ကောင်။သိမ်မွေ့တယ်နက်ရှိုင်းတယ်ပြင်းထန်တယ်ရက်စက်တယ်အရင်းအနှီးကြီးတယ်။တကယ်တော့ ဒါဟာကြယ်နီတွေပြသခဲ့ရိုးမရဲ့သမိုင်းခပ်ရိုင်းရိုင်းည။အဲဒီညမှာ ...ပုဇွန်ဆီခြယ်စက်ဝိုင်း(မြေခွေးလိုဝံပုလွေလို)လေရိုင်းသိုင်းကွက်နင်းဘုန်းကြီးကျောင်းခွေးချင်းကိုက်အသည်းနာလိုက်တာညရယ်။မျှော်လင့်တယ်အရမ်းမျှော်လင့်တယ်ကြေကွဲတယ်အရမ်းကြေကွဲရတယ်ဒါဟာ....မျက်ရည်တစ်လှေပန်းတွေအများကြီးအများကြီပဲ...ကြွေခဲ့တယ်။ကောင်းကင်မေမေရေသဘာဝရဲ့ ရင်သွေးငယ်တွေရေအနာဂတ်ရေလမ်းသစ်ရေကျွန်တော်ငိုနေပြီ။ဒါဟာ ဝေဒနာဒါဟာ သေရာပါဒါဟာ သင်ခန်းစာတစ်ပုဒ်ဒါဟာ သမိုင်းစာအုပ်တစ်အုပ်။အစိမ်းရောင်းအပြုံးနဲ့မနက်ဖြန်ဆိုတဲ့မျက်လုံးအောက်မှာရေသောက်ရင်းလမ်းလျှောက်ရင်းမြိုသိပ်ရင်းမျှော်လင့်ရင်းနဲ့ဒါဟာမိုးမခတောမှာကြေကွဲစွာ ဂန္တ၀င်ထိုက်တဲ့ဆူးစူးခဲ့တဲ့ ကဗျာတပိုဒ်ဖြစ်တယ်။ ။(22-5-96)ကျွန်တော်ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတွေကိုလည်း ဆက်ပြီးတင်သွားပါဦးမယ်။သူ့ကြွေးရှိက ဆပ်ရမည် (၂)လှိုင်းမူးခြင်းခါးသီးလိုက်တာအသံလှိုင်းတွေမှာမျက်နှာဖုံးတွေ စွပ်လို့ ....သကြားလုံးတွေသကြားလုံးတွေသကာရည်အပြည့်နဲ့သကြားလုံးတွေခါးသီးလိုက်တာ။ဒါဟာသဘာဝကျကျမှားယွင်းမှုတစ်ခုလက်မှတ်တန်းစီစရာမလိုနေရာဦးစရာမလိုမိတ်ကပ်ဆရာမလိုသဘာဝကျတတ်ဖို့ပဲလိုတယ်။ခါးနာတယ်ခေါင်းမူးတယ်ကိုယ်လက်ကိုက်ခဲတယ်အန်ချင်လာတယ်ကျွန်တော်ရဲ့ ညံ့ဖျင်းမှုအတွက်အားလုံးကို တောင်းပန်ပါတယ်။(၂၀.၁.၉၇)ကာလတစ်ခုကို ကျွန်တော့်အသိစိတ်က မေ့လို့မရဘူးဆိုတာတော့ အရိုးသားဆုံးဝန်ခံပါတယ်။ကျွန်တော့် ကဗျာတွေမှာ အဲဒီအရိပ်တွေ ထင်ဟပ်နေမှာလည်း သေချာပါတယ်။ကျွန်တော်တို့တတွေ ငယ်ရွယ်လွန်းလို့ မှားယွင်းခဲ့ကြတာ ထင်ပါတယ်။ဒါပေမယ့် ဒီအသက်အရွယ်မှာတော့ ထပ်မမှားသင့်ကြတော့ပါဘူး။မြန်မာနိုင်ငံသမိုင်းကြောင်းကို ကြည့်ရင် အနှစ် ၂၀ ဆိုတာ အပြောင်းအလဲတစ်ခု၊ဒီထက်မက အခြေအနေပေးရင်အမှန်တရားတစ်ခု ထွက်ပေါ်တတ်လေ့ရှိတာ အထင်အရှားပါပဲ။၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်ကာလ၊ ၁၉၆၂ ကနေ ၁၉၈၈ ကာလ၊၁၉၉၀ ကနေ ၂၀၁၀ ကာလတို့က သက်သေပါ။ဘယ်သူတွေ ဘာလုပ်ပါလို့လည်း မတိုက်တွန်းချင်ဘူး။လှိုင်းဆိုတာ သူ့အချိန် တန်ရင် အလိုလိုရိုက်ခတ်ဆဲပါ။သူ့ကြွေးရှိရင်တော့ ကျွန်တော်တို့ မလွဲမသွေဆပ်ကြရပါလိမ့်မယ်။စက်မှုတက္ကသိုလ်ကျောင်းသားဘ၀(ငယ်စဉ်က) မျိုးဝင်း(မြောက်ပိုင်း)နဲ့ ပတ်သက်ပြီးအဖြစ်အပျက်လေးတစ်ခုကို နည်းနည်းပြောစရာရှိလာတယ်။ အားလုံးစဉ်းစားသုံးသပ်စေချင်လို့ပါ။ကျွန်တော်နဲ့ မျိုးဝင်းက အာရ်အိုင်တီကို တစ်နှစ်ထဲရောက်လာကြတာပါ။တတိယနှစ်မှာလည်း တစ်ဆောင်တည်းပါ(ပုပ္ပါး)။အဲဒီနှစ်မှာပဲ အခုပြောမယ့်ကိစ္စဖြစ်ခဲ့တာ။အကြောင်းအရာက ၀င်းမော်(ရေဦး)ရဲ့အခန်းကိုရန်ကုန်မြို့ထဲက ဧည့်သည်တစ်ဦးရောက်လာတယ်။နာရီတစ်လုံးပျောက်သွားတယ်။အဲဒီလူကို မျိုးဝင်း အထပ်ထပ်ရှာတယ်။မတွေ့ဘူး။ကျွန်တော့်အခန်းကို မျိုးဝင်းရောက်လာတယ်။စိုးလင်းရေ ငါ့ကို ကူညီပါအုံးဆိုပြီး အဖြစ်အပျက်ကို ပြောပြတယ်။အဲဒီအချိန်က ကျွန်တော်အခန်းထဲမှာအခန်းဖော် ကျော်စွာမြင့်(မိုးကုတ်)နဲ့မန်းလေးသားအချို့ ရှိနေကြတယ်။ ကျွန်တော်တို့လိုက်သွားပြီး ဘသော်(မန်းလေး)ကနည်းနည်း ဖိန့်လုံးသုံး အစ်အောက်လိုက်ရင်ပဲအဲဒီလူ (ကျွန်တော်အမှတ်မမှားရင် နေ၀င်းစိုးဖြစ်လိမ့်မယ်)ကမျိုးဝင်းကို ထေ့ပြီး . . .ဟေ့ကောင် လူအ မင်းရှာမတွေ့တဲ့ နာရီက ဒီမှာကွဆိုပြီးဝေါ့ကင်းရှူးဇစ်ဖွင့်ပြီးပေးတယ်။ပစ္စည်းပြန်ရပြီမို့ ဘသော်က ညီလေး စိတ်မပူနဲ့ ၊အစ်ကို မင်းကို ကားဂိတ်ထိလိုက်ပို့ပေးမယ်ပြောပြီး အဆောင်ကနေသူ့ကို ခေါ်လာခဲ့တယ်။(သူခိုးနဲ့ပတ်သက်ပြီး ကျောင်းသားတွေလက်သံပြောင်တြတာ အာရ်အိုင်တီက လူတိုင်းသိတယ်)။ သမိုင်းဝင်း ကန်တင်းနောက်ဘက်ကွင်းပြင်အရောက်မှာပဲ အမှောင်ထဲကယူတီစီဝတ်စုံအပြည့်နဲ့ မျိုးဝင်းနဲ့ ကျောင်းသားတစ်ချို့ ပေါ်လာပြီးနေ၀င်းစိုးကို သေပါတော့တယ်။ဘသော်လည်း တားမရတာနဲ့ တဖြည်းဖြည်း လူအုပ်အပြင်ဘက်ကို ရောက်သွားတယ်။ ကျွန်တော်တို့ ခပ်လှမ်းလှမ်းကနေ အားလုံးမြင်နေရတယ်။အဲဒီအချိန်က သတင်းစာတွေကို ပြန်ရှာကြည့်ရင်နေ၀င်းစိုးရဲ့ နာရေးသတင်းကို တွေ့ပါလိမ့်မယ်။အမှတ်တမဲ့အဖြစ်အပျက်လေးပါပဲ။(1986)။ဒါပေမယ့် အခုတော့ . . . . . . . . . . .။သောင်ရင်းမြစ်အလွမ်းပြေရေးထားတဲ့ ကဗျာလေးတစ်ပုဒ်နဲ့ပဲ ခဏနားချင်ပါတယ် . . .မိုးမခ အလွမ်းထူးထူးခြားခြားတောင်ကနေ မြောက်ကိုသွားတဲ့မြန်မာပြည်ရဲ့ သမီးပျိုတစ်ပါးဟာသူမဖြစ်တယ်။သူမရဲ့ ရင်ခွင်မှာမိုးမခပင်တွေဟာအတောင်အလက်ကဗျာဝေဆာလိုက် ခြောက်သွေ့လိုက်နဲ့ရာသီစရိုက်ကို ဖွဲ့ခဲ့ကြတယ်။သူမရဲ့ ခြေရင်းမှာသဘာဝရဲ့ ရင်သွေးငယ်တွေဟာအိပ်မက်တွေ ထုဆစ်ပုံဖော်သံစဉ်တွေ ရေလောင်းပေါင်းသင်ဝေဟင်ကို ဆွဲဖွင့် ခုန်တက်ကောင်းကင်မေမေလည်း သာခဲ့တယ်။သူမရဲ့ ဘေးနှစ်ဖက်မှာမတူတဲ့ သမိုင်းနှစ်ရပ်ရှိတယ်ရေမကွဲပေမဲ့လေ ကွဲတယ်။သူမရဲ့ ဒိုင်ယာရီမှာရာသီလှိုင်းတွေပါတယ်မိုးမခကိုင်းတွေပါတယ်မြရွက်စိုတဲ့ဘ၀တက္ကသိုလ်ပါတယ်အနာဂတ်ရည်မှန်းပျံသန်းတဲ့ ငှက်တွေပါတယ်သူမဟာလရောင်ကို နမ်းဖူးတယ်မိုးမခကို ဖမ်းဖူးတယ်သူရာရည်ကို ယစ်ဖူးတယ်အင်္ကျီဖြူကို ချစ်ဖူးတယ်။သူမဟာအရုဏ်ဦးကို ဆုံဖူးတယ်ပဋိပက္ခကို ကြုံဖူးတယ်နောက်ဆုံး အိပ်မက်ကို မက်ဖူးတယ်ဟသာင်္ကိုးသောင်းဇာတ်ကို ဖတ်ဖူးတယ်။သေချာတယ်သူမကိုမိုးမခပင်ပျိုတွေကမိခင်အမှတ်ချစ်တယ်သူမဟာမိုးမခပင်ပျိုတွေရဲ့ကြည့်ချင်ဇာတ်ဖြစ်တယ်။(၆-၆-၉၆)သူ့ကြွေးရှိက ဆပ်ရမည်(၃)ကျွန်တော် အိမ်ပြန်လာချိန်မှာ မိသားစုစားဝတ်နေရေး အတော်ကျပ်တည်းပါတယ်။ လဘက်ရည်တစ်ခွက်ဖိုးတောင်မရှိတဲ့ ရက်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတယ်။ မြင့်ကျော်(မိုးညှင်း-ယခုကိုရီးယား) လာပြောလို့ ကျောင်းပြန်တက်လို့ရတာသိပြီး ပြန်တက်ခဲ့တယ်။ ကျောင်းတက်စဉ်မှာတော့ စင်္ကာပူနဲ့ပြည်တွင်းကကျောင်းနေဖက် သူငယ်ချင်းတွေရဲ့ ထောက်ပံ့မှုနဲ့ မျက်နှာမငယ်ခဲ့ရပါဘူး။ အဲဒီကာလက ကျောင်းသားအရေးကိစ္စတွေမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အောင်မိုးဝင်း(ယခု အမေရိက)ဟာ အာကာကျော်(ယခု ပြည်ပ)နဲ့ ကျွန်တော့်အခန်းတွေမှာ အများဆုံးနေသွားခဲ့တာပါ။ဘ၀မှာအခက်အခဲအပင်ပန်းဆုံးကတော့ မမျှော်လင့်တာတွေဖြစ်ပြီး နယ်စပ်မှာကျဆင်းခဲ့တဲ့စိတ်ဓာတ်ကိုပြန်လည်တည်ဆောက်ရတာပါပဲ။ အဖြစ်အပျက်တူ ပြန်လာကြသူချင်းတွေ့တော့လည်း ခံစားချက်တူသူချင်းတွေမို့နားလည်ခဲ့ကြပါတယ်။ AB အပေါ် စိတ်ဆိုးခြင်း၊ စိတ်နာခြင်း ဘယ်တုန်းကမှ ကျွန်တော်မဖြစ်ခဲ့ပါဘူး။ကျွန်တော့်ရည်ရွယ်ချက်မှာ AB သမိုင်းအတွက် အမှန်တရား တစ်ခုပေါ်ရေးဆိုတာ အဓိကပါပဲ။ ခံခဲ့ရသူတွေကများတော့ အားလုံးတစ်သဘောတည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သူတို့တစ်ဦးချင်းခံစားချက်ကိုလည်း ကျွန်တော်တို့နားလည်ပေးရပါလိမ့်မယ်။အခိုင်အမာတစ်ခုပြောချင်တာက မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စဟာ နေရာလုတာမဟုတ်ပါဘူး။ အကိုကြီး(ကိုထွန်းအောင်ကျော်)ဟာ နေရာသမားမဟုတ်ပါဘူး။ အဲဒီလိုပဲ တတိယအကြိမ်ညီလာခံမှာ AB နှစ်ခြမ်းကွဲတာလည်းမြောက်ပိုင်းကိစ္စကြောင့်မဟုတ်ပါဘူး။ မြောက်ပိုင်းကိစ္စမဖြစ်လည်း အုပ်စုနှစ်စုအားပြိုင်မှုကြောင့် ကွဲမှာပါ။ တကယ်တမ်း အဲဒီအချိန်က အဖွဲ့အစည်းရဲ့နိုင်ငံရေးပုံရိပ်အတွက် ကိုမိုးသီးဇွန် လိုအပ်ပါတယ်။ ကိုနိုင်အောင်လည်း အဖွဲ့အတွက် လိုပါတယ်။ စုစုစည်စည်း ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ လက်တွဲလုပ်ခဲ့ကြရမှာပါ။ ကိုနိုင်အောင်ဖက်မှာရပ်ခဲ့တဲ့ ကျွန်တော်လည်း မှားပါတယ်။အဲဒီအချိန်က AB မကွဲရေးအတွက် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသူတွေကို ကျွန်တော်တို့ လေးလေးစားစား ပြန်လည်မှတ်တမ်းတင်ကြရမှာပါ။အိပ်မက်ဆိုးနှင်းခါးတွေရိုက်တဲ့ညရထားမှောက်သွားတယ်။အမှောင်ထဲမှာမျက်လုံးတွေအော်နေလိုက်ကြတာ။ရင်ဘတ်တစ်ခုလုံးဟင်းလင်းပွင့်သွားခဲ့တာနောက်ဆုံးတစ်ချက် အသက်ရှူရင်းသိနေသလိုလိုသိလိုက်သလိုလိုနဲ့။ညကိုမုန်တိုင်းက စားလိုက်ပြီရထားကိုညက၀ါးမြိုသွားပြီကျွန်တော့်ကိုရထားကြိတ်သွားတယ်။(20-4-98)အနာဂတ်မှာ အိပ်မက်ဆိုးတွေ ဘယ်သူမှ မမက်စေချင်တော့ပါဘူး။ ။Bovenkant formulier၁၉၉၅ ကာလတွေကတော့ အခက်အခဲဆုံးနှစ်တွေပါပဲ ကိုစိုးလင်း။ လူတွေအားလုံးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့။ ဖမ်းဆီးနှိပ်စက်ခဲ့သူတွေနဲ့ နှိပ်စက် စစ်ကြောခံရသူတွေလည်း ထောင်ထဲမှာ၊ တက္ကသိုလ်တွေမှာ ပြန်ဆုံကြ၊ ကိုမြင့်ကျော်နဲ့ ကျနော်က တတန်းတည်းပြန်တက်ကြ၊ ကော်ရစ်တာမှာ ဂစ်တာ တီးနေတဲ့ မိုးညှင်းက ကိုတင်စိုးဦး ကို ကျနော်မေးကြည့်မိတယ်။ “ ခင်ဗျားနှိပ်စက်ခဲ့တဲ့ ကောင်မလေးက ခင်ဗျားကို မမေ့နိုင်အောင် မှတ်မိနေတယ် ” ဆိုတော့ - သူလည်း ဂစ်တာတီးနေရာက ရပ်သွားပြီး အပြင်ကိုငေးကြည့်နေတယ်။ ဘဝဆိုတာ အံ့သြဖို့တော့ အကောင်းသား။ တကယ်တော့ လရောင်အောက်မှာ ရထားဖြစ်သွားပုံက အထီးကျန် ဆန်လွန်းပါတယ်။ ကျနော်လည်း သွေ့ခြောက်ခြောက် ဘူတာရုံတွေအောက်မှာ ကိုစောငြိမ်းရဲ့ မိုးသက်လေနှင် သီချင်းနားထောင်ပြီး သစ်ရွက်ကြွေတခု လို အိမ်ပြန်ဖြစ်နေတယ်။ ဒါမျိုးဇာတ်လမ်းတွေ မကြုံပါရစေကြပါနဲ့တော့။Aung Moe Win အော်- အာကာကျော် တယောက်ကတော့ နယူးဇီလန် တက္ကသိုလ်မှာ ကျောင်းဆရာဖြစ်နေလေရဲ့။ သူ့ကို ခင်ဗျားဆီ ဖုံးဆက်ခိုင်းလိုက်ပါ့မယ်။Soe Naing အများစုကတော့ ကိုစိုးလင်း လိုပါပဲ။ AB အပေါ်မှာ စိတ်ဆိုးတာ၊ စိတ်နာတာ မရှိသလောက်ပါပဲ။သူကြွေးရှိက ဆပ်ရမည် (၄)ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၂) ရက်ပွဲမှာ ကျွန်တော်တို့ အားလုံးနီးပါး ပြန်ဆုံခဲ့ကြပါတယ်။ အဟောင်းတွေအသစ်ဖြစ် စကားတွေပြောလို့မကုန်ခဲ့ပါဘူး။အကိုကြီး (ကိုထွန်းအောင်ကျော်)အပါအ၀င် ကြွေလွင့်ခဲ့သူအားလုံး အတွက်ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားပေးခဲ့ကြပါတယ်။အောင်မိုးဝင်းရေးခဲ့သလိုထွန်းအောင်ကျော်၊ စိုးလင်း၊ အောင်နိုင်ဆိုတာ အတော်တွဲခဲ့ကြတာပါ။၁၉၈၉ မေ ၁၉-၂၀ မန္တလေးတက္ကသိုလ်အင်းဝခန်းမမှာကျင်းပတဲ့ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ (ဗကည) အပြီးမှာ ဒီသုံးဦးပိုရင်နှီးခဲ့ကြပါတယ်။သွားအတူ၊ စားအတူ၊ အိပ်အတူ ကာလတွေပေါ့ဒီလိုနဲ့ မြောက်ပိုင်းကိုသွားဖို့ ဖြစ်လာတဲ့ အခါ သူတို့နှစ်ဦးက အရင် သွားပြီး ကျွန်တော်က တစ်လလောက်နေမှ လိုက်သွားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့မှာမြောက်ပိုင်းပြန်တွေ မိတ်ဆက်ပွဲလုပ်ရင်း မိုးကြီး (မိုးဇော်ထွန်း) ပြောတဲ့ကျေးညီနောင်ပုံပြင်ဟာ အကိုကြီးတို့ကို ရည်ညွှန်းတာပါ။လာရာဒေသတူပေမဲ့ စရိုက်ချင်းကွဲသွားတဲ့ကျေးညီနောင် အကြောင်းကို အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။အကိုကြီးနဲ့ပါတ်သက်ရင်တော့ ရေးစရာတွေက အများကြီးပါ။တစ်ခုခု ရေးမယ်ထိုင်လိုက်တိုင်း ကျွန်တော်မရေးနိုင်ခဲ့တာအခုထိပါပဲ။ အဲ့ဒီအတွက်လည်းနားလည်ပေးကြပါ။အောင်နိုင်နဲ့ ပါတ်သက်ရင် တော့ ရေးစရာမရှိပါဘူး ။မြောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေရဲ့ရှေ့မှာ သူပြောခဲ့တဲ့စကား “မင်းတို့ထဲမှာ ကျောင်းသားအစစ်တစ်ယောက်ပါရင် ကြိုးစင်ကိုပျော်ပျော်ကြီးတက်သွားမယ်” တဲ့ ။အခုအနှစ် (၂၀) ကြာတဲ့အချိန်မှာအားလုံးက ရန်သူ့လူမဟုတ်ဘူးဆိုတာ ရှင်းနေပါပြီ။ကျွန်တော်လိုချင်တာက ကြိုးစင်တက်ဖို့မဟုတ်ပါဘူး။ရိုးသားဖို့ပါ။အောင်နိုင်မှ မဟုတ်ပါဘူး တာဝန်ရှိတဲ့သူအားလုံး ရိုးသားကြစေချင်ပါတယ်။ကိုမင်းကိုနိင်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားလိုကိုယ်ရေးဆွဲတဲ့ပန်းချီကားမှာပန်းချီဆရာကိုယ်တိုင် လက်မှတ်ရေးထိုးကြဖို့လိုပါတယ်။အမှန်အတိုင်းဝန်ခံရရင် ဒီအကြောင်းတွေကို ပြန်ပြော၊ပြန်ရေးနေရတာ ကျွန်တော်အရမ်းစိတ်ပင်ပန်းပါတယ်။မုန်တိုင်းည၊ လှိုင်းမူးခြင်း၊ အိပ်မက်ဆိုး ကဗျာတွေအကြောင်းတွေးတိုင်း မွန်းကျပ်မိပါတယ်။ကျွန်တော်မှမဟုတ်ပါဘူး။ခံခဲ့ရသူတွေအားလုံးမှာ စိတ်ဒဏ်ရာတွေနဲ့ပါ။အလားတူပဲ ဒီအဖြစ်အပျက်တွေကို ရှာဖတ်၊ စောင့်ဖတ်နေသူတွေလည်းခံစားမိကြမယ်ဆိုတာ ကျွန်တော်ယုံတယ်။ မွန်းကျပ်နေတဲ့ကျွန်တော်တို့ တစ်တွေအတွက် တစ်ခါတစ်လေမှာ ထွက်ပေါက်ကလေး ရှိသင့်ပါတယ်။အောက်မှာရေးပြမယ့် မိုးကြီး (မိုးဇော်ထွန်း) ရဲ့ ပုံပြင်လေးတစ်ပုဒ်ကအဲ့ဒီသဘောများဖြစ်နေမလား တွေးရင်း မျှဝေပေးလိုက်ပါတယ်။တစ်ခါတုန်းက ကျောင်းသားတပ်မတော်ဆိုတာ ရှိခဲ့ဖူးသတဲ့။မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် တောင်မှမြောက်အထိ သူတို့လေးတွေ ဖြန့်ကျက်တည်ရှိခဲ့ကြတယ်။ အော်ဟစ်ငြင်းခုန်လိုက်ကြ၊ ကြိုးစားအလုပ်လုပ်လိုက်ကြနဲ့ပေါ့။အေဘီ(ဗဟို) အောင်မြင်သလို အေဘီ(မြောက်ပိုင်း)လည်း ကျော်ကြားခဲ့ပါတယ်တစ်နေ့မှာတော့ အေဘီ(မြောက်ပိုင်း) ကိုထောက်လှမ်းရေးထုတ်လုပ်တဲ့ စက်ကြီးတစ်လုံးရောက်လာခဲ့ပါတယ်။ခေါင်းဆောင်တစ်ချို့လည်း ၀မ်းသာအားရနဲ့ စက်ကြီးကိုစမ်းသပ်မောင်းနှင်ပါတယ်။ စီမံကိန်းရာနှုန်းပြည့်အောင်မြင်ပါတယ်။မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေအများကြီးထုတ်လုပ်နိုင်ခဲ့ပါတယ်။အနီးဆုံးတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုတော်လှန်ရေး တောင်သူတို့လောက်မအောင်မြင်ခဲ့ပါဘူး။ဒါကိုကြားတော့ အေဘီ (ဗဟို) ကခေါင်းဆောင်ကြီးတွေလည်းမြောက်ပိုင်းကိုရောက်လာကြပါတယ်။စက်ကြီးရဲ့အလုပ်လုပ်ပုံတွေကို အသေအချာ အသေးစိတ် လေ့လာပြီးဗဟိုမှာလည်း အလားတူစက်မျိုးတည်ဆောက်ဖို့ ကြိုးစားကြပါတော့တယ်။ဒါပေမဲ့ ဒေသချင်းကွာခြားလို့လားမသိဘူးဗဟိုရဲ့ ထောက်လှမ်းရေးစက်ကြီးဟာ အနည်းငယ်သာထုတ်လုပ်နိုင်ခဲ့ပါတယ်။လျာထားချက်စီမံကိန်းလည်း မပြည့်မီခဲ့ပါဘူး ။ဒီလိုနဲ့ နှစ်ပေါင်းနှစ်ဆယ်ကြာလာတဲ့အချိန်မှာတော့ …………………………………..နောက်တစ်ပိုင်းမှာ ကိုနိုင်အောင်အကြောင်းကို ရေးသွားပါဦးမယ်မှားတတ်တာ လူ့သဘာဝအမှားနည်းတာ လူ့အရည်အချင်းအမှားကိုအမှားမှန်းသိပြီးဝန်ခံရဲတာ လူ့တန်ဖိုး(အပေါ်နှစ်ကြောင်းက စာရေးဆရာ တစ်ယောက်ရဲ့ စကား၊ နောက်ဆုံးတစ်ကြောင်းက ကျွန်တော်ထပ်ဖြည့်ထားတာပါ)Bovenkant formulierMoe Sal ကိုစိုးလင်း ဆက်ရေးမဲ့ စာတွေကို စောင့်ဖတ်နေပါတယ်..Aung Moe Win ကြိုးစင်တက်ဖို့လည်းလိုတယ်။ တရားစွဲဖို့လည်း လိုတယ်။ အဲ-- တယောက်တည်းသဘောထားပြောရရင်တော့ သောက်ခွက်ဖြတ်ရိုက်ဖို့လည်း လိုမယ်ဗျာ။ ရော်နယ်အောင်နိုင်နဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ၊ မိုးညှင်းသား တချို့ကို ကျွန်တော်ကတော့ လုံးဝပဲ။ ဒီကောင်တွေ သိသိချည်းနဲ့လုပ်တာ။ မန္တလေးညီလာခံကိုလည်း လာခဲ့ဘူးရဲ့သားနဲ့။Soe Naing ကိုစိုးလင်းရေ ခင်ဗျားရဲ့ ဥက္ကဋ္ဌ ဘုန်းတော်ဘွဲ့က တိုလွန်းသဗျာ---- အောင်နိုင်နဲ့ ပါတ်သက်ရင် တော့ ရေးစရာမရှိပါဘူး ။ မြောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေရဲ့ရှေ့မှာ သူပြောခဲ့တဲ့စကား “မင်းတို့ထဲမှာ ကျောင်းသားအစစ်တစ်ယောက်ပါရင် ကြိုးစင်ကိုပျော်ပျော်ကြီးတက်သွားမယ်” တဲ့ ။Soe Lynn စိုးနိုင်ရေ ဘုန်းတော်ဘွဲ့ ဆိုတဲ့ဝေါဟာရ ပြင်သင့်တယ်။Khin Nyein Thit ဒါဆိုရင် သေချာပြီ ရောနယ်အောင်နိုင်ကြိုးစင်တက်ရတော့မယ်။ ကျမ သက်သေခံနိုင်တယ် "မောင်မောင်ကြွယ်" ဟာကျောင်းသားစစ်စစ်လေSoe Naing ကိုစိုးလင်း ဒါဆိုလည်း ဥက္ကဋ္ဌ ဧယဉ်ကျူး လို့ ပြောင်းသုံးလိုက်ပြီ။
RFAမှာ သူပြောသွားတဲ့ဒီလောက်များတဲ
ကျွန်တော် အဲလိုမရိုးသားတာမျိုးကို အမုန်းဆုံးပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ သူဒီလို
အတွေးမျိုးရှိခဲ့ရင် အေဘီဗဟိုမှာ ရင်နာစရာတွေ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။"