ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။
Wednesday, August 1, 2012
University Act 2012 ( Draft )
ဒေါ်အောင်ဆန်းစုကြည် က ပြင်ဆင်ရန် ဆွေးနွေးသော ရေးဆွဲပြီးသား ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်း ကို ဆွေးနွေးခြင်း ရွှေ့ဆိုင်း ပြီး လွှတ်တော်မှ ပြန် လည်ရေးဆွဲရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြော ကြားလိုက်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်
းစုကြည်က ”ဒီဥပဒေကြမ်းကို ကျွန်မ အင်မတန် မှ စိတ်ဝင်စား ခဲ့တာကြောင့် လွှတ်တော်ကို စတက်ကတည်းက ဥက္ကဋ္ဌကြီးကို ပြည်သူ့လွှတ်တော် ဥပဒေ ၁ဝ(ခ)အရရော၊ ပြည်သူ့ လွှတ်တော်နည်း ဥပဒေ ၁၅၈ (င)အရ ရော တင်သွင်းခဲ့ပါတယ်။ 
ဥပဒေ ကြမ်းတစ်ခုကို မည်သည့်အဆင့် ရောက်စေ ကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ အဆိုတင် သွင်းဖို့ ပြောခဲ့ပါတယ်။ 
ဒါပေမဲ့ ပြင်ဆင် ချက်ဇယားအရပဲ ပြင်ဆင်လို့ ပြောကြားခဲ့ပါတယ်။ 
 ဒါကြောင့် တတ်နိုင်သလောက် ထည့်သွင်း ပြင်ဆင်ခဲ့ပါတယ်။
 ဒါပေမဲ့ ဒါဟာ မလုံလောက်ပါဘူး။ 
တက္ကသိုလ် ပညာရေး နဲ့ပတ်သက်လို့ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။
 ပြည်သူ့လွှတ်တော်ရုံး က နောက် ကျ သွားပြီဆိုတဲ့အတွက် ဆွေးနွေးခွင့် မရခဲ့ပါဘူး။
 ဒီဥပဒေ တစ်ခု လုံးကို ပြန်လည်သုံးသပ်ဆွေး နွေးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
 ဒါကြောင့် ဥက္ကဋ္ဌကြီးနဲ့တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ
 ဒီလို ပြည်သူ့ လွှတ် တော်ဥပဒေအရ၊ နည်းဥပဒေအရ ဖြစ်နိုင်ရင် 
ဥပဒေ တစ်ခုလုံးကို ပြန် လည်ဆွေးနွေးပြီးတော့ 
ဒီနိုင်ငံ၊ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ ပိုပြီး သင့်တော်တဲ့ ဥပဒေကြမ်း တစ်ခု ဖြစ်ပေါ် လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒေါ်အောင် ဆန်းစုကြည်၏ တင်ပြချက်ကို လွှတ်တော်မှ အကောင်အထည် ဖော်ပေးမည်ဆိုပါက နည်းဥပဒေ ၁၅၈ အရ ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေ ကို ရွှေ့ဆိုင်းပေး ရန် ကြားဖြတ် အဆိုတင်သွင်းသည်။
 ထို့ပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်တင်နွယ်ဦးက လက်ရှိဆွေးနွေး ပြီးသော အဆိုပါ ဥပဒေကို ကန့် ကွက်ကြောင်းနှင့် သူရဦးအောင်ကို ကလည်း ပညာရေးဝန်ကြီးဌာန၏ တင်သွင်းလာသော ယင်းဥပဒေ သည် ယနေ့ခေတ်နှင့် ဆီလျော်မှု မရှိသော ကြောင့် ပယ်ဖျက် သင့်ကြောင်း ပြော ကြားဆွေးနွေးခဲ့သည်။
 ”မြန်မာနိုင်ငံ တက္ကသိုလ်များ ကို အစိုးရထိန်း ချုပ် သော ဗျူရို ကရေစီယန္တရားပုံစံ သွင်းခဲ့တာ ကြောင့် တစ်ချိန်က အာရှမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ့ ပညာရေးဟာ
 အဆင့်အနိမ့်ဆုံး အခြေအနေ ရောက်နေသည်မှာ နှစ်ပေါင်း ၅ဝ ခန့် ကြာမြင့်ပြီဖြစ်ပါ တယ်။ 
ဒါကြောင့် ပယ်ဖျက် သင့်ကြောင်း အလေးအနက်တင်ပြရ ခြင်း ဖြစ်ပါတယ်” ဟု သူရဦးအောင် ကိုက ဆိုသည်။
 ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးက 
ယင်းဥပဒေ အား ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးစေချင်ကြောင်းနှင့် 
 ကြိုးစားသွား မည် ဖြစ်ကြောင်း ပြောသည်။
 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းဥပဒေကို ပြည်သူ့ လွှတ်တော်မှ ပြန်လည်ရေး ဆွဲမည် ဖြစ်ကြောင်း၊
 ပြန်လည်ရေး ဆွဲသည့် အခါ လွှတ်တော်တွင် ဖွဲ့စည်းထားသော 
ဥပဒေရေးရာနှင့် အထူးလေ့လာ သုံးသပ်ရေး ကော်မ ရှင်ရှိကြောင်း ပြောကြားသည်။ 
ယခု တင်သွင်းဆွေးနွေးနေ သော ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည်
 ၁၉၄၇ ခုနှစ် ဆိုရှယ်လစ် စနစ်ကို အထောက် အကူပြုခဲ့သောဥပဒေကို
 အနည်းငယ် ပြင်ဆင် ထားသော ဥပဒေကြမ်း ဖြစ်ကြောင်း သူရဦးအောင်ကိုက လွှတ်တော်တွင် အတိအလင်းပြော ကြားခဲ့သည်။
၃၁-၇-၂၀၁၂ ရက်နေ့၌ ပြည်သူ့လွှတ်တော်တွင် ပညာရေး နှင့်ပတ်သက်၍ ဒေါ်တင်နွယ်ဦး က-
““ကျွန်မ မပြောသင့်ဘူးလို့ ထင်ပေမယ့် ဥက္ကဋ္ဌကြီးမေးလို့ ပြောပါရစေ။ ဥပဒေကြမ်းကို ပညာရေးဝန်ကြီးကနေပြီး ဥပဒေ ကြမ်းလို ကျွန်မတို့ကို ချပြပြီး တော့မှ ပြန်တမ်းထဲ ပါရမှာပါ။ ပြည်သူတွေအားလုံးက ကြည့်ပြီး တဲ့အခါကျမှ ကျွန်မတို့ ပြည်သူ့ လွှတ်တော်ကို ပြန်လာရမှာပါ။ အစကတည်းက ပရိုစီဂျာ နည်း နည်းမှားတယ်လို့ ကျွန်မ ယူဆ ပါတယ်။ အခု ကျွန်မကို ထောက် တဲ့အတွက် ကျွန်မကလည်း ပုဒ်မ ၁၅၂(ဂ)အရ ဥပဒေကြမ်းကော် မတီက ကျွန်မတို့ကို တင်ပြတဲ့ အတွက်ကြောင့် ကျွန်မကလည်း ပုဒ် ၁၅၂(ဂ)ကိုညွှန်းပြီး ပြန်ပြီး ခုခံချေပဖို့ လုပ်ပါတယ်။ ဒါက နံပါတ်(၁)အချက်၊ နံပါတ်(၂) အချက်က ကျွန်မပြောတဲ့ တက် ရောက်သင်ကြားနိုင်တဲ့ လူဦးရေနဲ့ ပတ်သက်တဲ့ စာသင်နှစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတကာ တက္ကသိုလ်များနှင့် သင်ကြားရေး ကိစ္စ စသည်တို့ အစီအစဉ်ပြုလုပ် ခြင်းကိစ္စ စသည်ဆိုပြီးတော့ ပါပါ တယ်။ အဲဒါကြောင့် ထပ်ပြီး အလေးဂရုပြုပြီး ပြောတာပါ”” ဟု ပြောကြားသွားခဲ့သည်။
ဆက်လက်၍ ဦးသိန်းညွန့် မှလည်း အဆိုတင်သွင်းခဲ့ပါသည်။
““လေးစားရသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ အင်မတန်မှ ကျွန်တော် တို့နိုင်ငံရဲ့ အနာဂတ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီး တဲ့ တက္ကသိုလ်ပညာရေး ဥပဒေ ကြမ်းကို အခုရောက်ရှိနေတဲ့ အရှေ့မှာ ကျွန်တော်တို့ ၁၅၈(င) မှာပါတဲ့အတိုင်း ဒီဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပေးဖို့ ကျွန်တော်တို့နိုင်ငံရဲ့အကျိုးငှာ ကျွန်တော် အဆိုတင်သွင်းအပ် ပါတယ်””
ထို့နောက် ဒေါ်အောင် ဆန်းစုကြည်ကလည်း အောက်ပါ အတိုင်း ပြောကြားခဲ့ပါတယ်။
““အဓိကက ခုနက ကိုယ်စား လှယ်နှစ်ဦး ပြောသွားတဲ့အချက် တွေနဲ့ ကျွန်မမြင်ထားတဲ့ အချက် တွေဟာ အခု မြန်မာနိုင်ငံက တက္ကသိုလ်တွေက နိုင်ငံခြား တက္ကသိုလ်နဲ့ ဆက်သွယ်ရေးကို အဓိကထားပြီးပြောတာ မဟုတ် ပါဘူး။ တက္ကသိုလ်များရဲ့ လွတ် လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနရဲ့ သြဇာ အာဏာ လျော့ချရေးကို အဓိက ထားပြီးပြောတာလို့ ကျွန်မ နား လည်ပါတယ်။ ခုနက ကိုယ်စား လှယ်နှစ်ယောက် ပြောသွားတာ လည်း အတူတူပါပဲ။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ဆက် သွယ်နေဆက်သွယ်၊ ဒီဆက်သွယ် မှုအားလုံးကို ပညာရေးဝန်ကြီး ဌာနကနေပြီး အုပ်စီးထားမယ်ဆို ရင် ခေတ်နဲ့ဆီလျော်တဲ့ လွတ် လပ်တဲ့ တက္ကသိုလ်တွေ မပေါ် လာနိုင်ဘူးလို့ ကျွန်မထင်တဲ့ အကြောင်းကို လေးစားစွာ တင်ပြအပ်ပါတယ်””
ပညာရေး ၀န်ကြီးဌာန ပြည် ထောင်စု ၀န်ကြီး ဒေါက်တာ မြအေး၏ယနေ့လုပ်ဆောင်ချက် နဲ့ သဘောထားကို လွှတ်တော်ကို ပြန်လည်ရှင်းပြခဲ့ရာတွင်-
““လေးစားအပ်ပါသော ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးများနဲ့ ကိုယ်စားလှယ်ကြီးများ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပဏာမအနေနဲ့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေ ကြမ်းကော်မတီလည်း ရှိနေပါ တယ်။ ပညာရေးမြှင့်တင်ရေး ကော်မတီလည်း ရှိနေပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ တာ တောင်းဆိုစရာ ထွေထွေ ထူးထူး မရှိပါဘူး။ ကျွန်တော်တို့ တင်ပြခွင့် ပြုပေးပါခင်ဗျာ။ Private School နဲ့ပတ်သက်ပြီး ကိုယ်ပိုင်ကျောင်းဥပဒေလည်း ထွက်ပြီး နည်းဥပဒေလည်းရလို့ ဒီနေ့ပဲ ကျွန်တော်တို့က သင့် တော်တဲ့ကျောင်းတွေကို ရွေးချယ် ပြီးပါပြီ။ Private School အနေနဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ အကောင်အထည်ဖော်ပြီးပြောလို့ ရပါတယ်။ အဲဒီတော့ နောက် တစ်ခါ မကြာသေးမီ တစ်ပတ် လောက်က အဲဒီ ရှေ့နေချုပ်ရုံးကို ကိုယ်ပိုင်တက္ကသိုလ် ကောလိပ် များရဲ့ ဥပဒေမူကြမ်းDraft ကို ပို့ထားပြီး ဖြစ်ပါတယ်။ အဲဒီ အတွက်လည်း ကျွန်တော်တို့ဟာ မကြာခင်မှာပဲ ရှေ့နေချုပ်ရုံးရဲ့ ခွင့်ပြုချက်ရလို့ရှိရင် ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်မှာ Private University အဖြစ် အစပျိုးဖို့ Planဆွဲပြီး ဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားအရဆိုရင် တက္ကသိုလ်တွေကလည်း ၀န်ကြီး ဌာန(၁၂)ခုအောက်မှာ တက္ကသိုလ်ပေါင်း(၁၆၅)ခု ရှိပါ တယ်။ ကျွန်တော်တို့ဝန်ကြီး ဌာနမှာ တက္ကသိုလ်ဒီဂရီ ကော လိပ်ပေါင်း (၆၄)ခုရှိနေပါတယ်။ အဲဒါတွေအနေအထားကလည်း တခြားနဲ့မတူတဲ့ အနေအထား ရှိပါတယ်””ဟု ပညာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။
ဒေါ်တင်နွယ်ဦးနှင့် ဦးသိန်း ညွန့်တို့က ၎င်းကိစ္စနှင့်စပ်လျဉ်း၍ အဆိုတင်ရန် “မိုက်ခွက်” တောင်း ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက-
““နည်းဥပဒေ ၁၅၈ ပုဒ်မခွဲ (ဃ)မှာ ဥပဒေကြမ်းကို အတည် ပြုရန်အဆိုနှင့် စပ်လျဉ်း၍ ဆွေး နွေးချက်မှ ဥပဒေကြမ်းကို ထောက်ခံသောအကြောင်းပြချက် (သို့) ဥပဒေကြမ်းကိုပယ်ရန် အကြောင်းပြချက်များသာဖြစ်ရ မည်။ ယင်းအကြောင်းပြချက်များ ကို ရှင်းလင်းစေရန်မှတစ်ပါး ဥပဒေကြမ်း၏အသေးစိတ်ကို ထည့်သွင်းပြောဆိုခြင်းမပြုရဆိုတဲ့ နေရာမှာ ဒေါ်တင်နွယ်ဦး တင်ပြ ကန့်ကွက်ခြင်းသည် ဆက်ပြီး တင်ပြမယ်ဆိုရင် နည်းဥပဒေ ၁၅၈ (က)နှင့် သုံးသပ်ညှိနှိုင်း ဆောင်ရွက်လို့ ရပါတယ်။ ၁၅၈ ပုဒ်မခွဲ(င)မှာတော့ လွှတ်တော် တွင် ဆွေးနွေးသော ဥပဒေကြမ်း တစ်ရပ်သည် မည်သည့်အဆင့် သို့ ရောက်ရှိနေစေကာမူ ဥက္ကဋ္ဌ သဘောတူညီချက်ဖြင့် ဆွေးနွေး ခြင်းကို ရွှေ့ဆိုင်းရန် အဆိုတင် သွင်းနိုင်တယ်။ ဒီစာသားကို သေချာဖတ်မယ်လို့ ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် ဥပဒေ ကြမ်းဆွေးနွေးခြင်းကို ရွှေ့ဆိုင်း ရန် ထည့်သွင်းနိုင်တယ်။ တကယ် လို့ ဥက္ကဋ္ဌက သဘောမတူဘူးဆို ရင် အဆိုတင်သွင်းလို့ မရဘူးဆို တဲ့ အဓိပ္ပာယ်ကိုလည်း အားလုံး သိရှိနားလည်ဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာတော့ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အမှန်တကယ်ဖြစ်ထွန်းစေမှာ ဖြစ် တဲ့အတွက် ဥက္ကဋ္ဌက သဘောတူ ပါတယ်””ဟု မိန့်ကြားသည်။
ထို့နောက် ပြည်သူ့လွှတ် တော် ဦးသိန်းညွန့်က အဆိုပါ ဥပဒေကြမ်းကို ကျယ်ကျယ်ပြန့် ပြန့် ပြန်လည်ဆွေးနွေးနိုင်ရန် အတွက် ယခုဆွေးနွေးမှုကို ရပ် ဆိုင်းပေးပါရန် လွှတ်တော်သို့ အဆိုတင်သည်။ ၎င်းက
““ကျွန်တော်တို့ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေကြမ်း သည် ကျွန်တော်တို့နိုင်ငံသူ နိုင်ငံ သားများအတွက် အင်မတန် အရေးကြီးတဲ့ ဥပဒေကြမ်းဖြစ်ပါ တယ်။ ဒီဥပဒေကြမ်းကို ဒီနေ့ ပညာရေးဝန်ကြီး ဆွေးနွေးတင်ပြ ချက်နဲ့ မလုံလောက်ပါဘူး။ နောက်တစ်ခါ ပညာရေးနဲ့ ပတ် သက်ပြီးတော့ လွန်စွာမှ လေ့လာ ပြီး စိတ်ဝင်စားတဲ့ ကော့မှူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောဆန္ဒကို ကျွန် တော်တို့ ကျယ်ကျယ်ပြန့်ပြန့် လေ့ လာဖို့ လိုအပ်ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ပို၍ ပြည့်စုံသော၊ ပို၍ နိုင်ငံအကျိုး သက်ရောက်သော၊ အထူးသဖြင့် ကျောင်းသားလူငယ်တွေရဲ့ အသံ ကိုပါ ကိုယ်စားပြုနိုင်သော တက္ကသိုလ်ပညာရေး မူကြမ်း တစ်ခုကို ကျွန်တော်တို့လွှတ် တော်က ထပ်မံဆွေးနွေးနိုင်ရေး အတွက် ပြည်သူ့လွှတ်တော် နည်းဥပဒေပုဒ်မ ၁၅၈ (င)အရ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုတဲ့ အတွက် ဒီနေ့ဆွေးနွေးနေတဲ့ တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်းကို ရွှေ့ဆိုင်းပေးဖို့ ကျွန် တော် လေးလေးနက်နက် လွှတ် တော်ကြီးကို တင်ပြအဆိုပြုပါ တယ်””ဟု ပြောကြားလိုက်သည်။
လွှတ်တော်ဥက္ကဋ္ဌက ထို အဆိုကို လက်ခံကြောင်း၊ ယခု ဆွေးနွေးမှုကို ရပ်ဆိုင်းလိုက် ကြောင်း၊ နောက်မှ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း မိန့် ကြားလိုက်ပါသည်။
No comments:
Post a Comment