ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။
Showing posts with label ၁၈ ဖေဖေါ်ဝါရီ ၂၀၁၀. Show all posts
Showing posts with label ၁၈ ဖေဖေါ်ဝါရီ ၂၀၁၀. Show all posts

Wednesday, April 21, 2010

ဗဟိုကော်မတီ ချဉ်ဖတ်





၁၉၈၉ ကာလ



ပထမ ဗဟိုကော်မတီရဲ့ အစည်းအဝေးတခုက

ကိုဌေးနိုင်ကို စည်းကမ်းထိမ်းသိမ်းရေး တာဝန်ပေးလိုက်ပါတယ်။



ကိုကြီး ငါ့ကိုလူမိုက်လုပ်ခိုင်းပြီ ဘယ်သူမှ ဒီတာဝန်မယူကြဘူးတဲ့

တော်လှန်ရေးတာဝန်ဆိုတော့ လုပ်ရမှာပေါ့ ကိုကြီး

တခြား ဌာနများကသတင်းပို့ ချက်များ ကိုယ်ပိုင်တွေ့ ရှိချက်များကို

အစည်းအဝေးသို့ တင်ပြရမယ်တဲ့



ကိုဌေးနိုင်က တာဝန်ကို အောင်မြင်စွာထမ်းဆောင်ခဲ့ပါသည်။



ကိုထွန်းအောင်ကျော် ဒေါက်တာမင်းညို နယ်သာလန်ရောက်လာပါသည်။

ကိုဌေးတင့် နေကောင်းကြလား။ ခင်ဗျားဝမ်ခ စစ်စခန်းမှာ ရဲရဲရင့်ရင့်တိုက်ခဲ့တာ အမြဲပြောတယ်ဗျ။



ခင်ဗျားညီဌေးနိုင်ကတော့ ကျုပ်ကိုအမြဲချတယ်။တခြားကော်မတီဝင်ကိုလည်းချတယ်။

ကိုထွန်းအောင်ကျော် နဲ့  ပထမအကြိမ် ဗဟိုကော်မတီ အားလုံး

မှတ်မိနေဆဲလို့ ထင်ပါတယ်။



ကိုထွန်းအောင်ကျော်ကို ကျွန်တော် တောင်းပန်ပါတယ်။



ကိုဌေးနိုင်က ကျောင်းသားတော်လှန်ရေး အတွက် ကျရာနေရာကတာဝန်ကျေခဲ့တာပါ။လူမုန်းခံခဲ့တာပါ။

ခင်ဗျားတို့ ကိုမမုန်းခဲ့ပါဘူး။



ခင်ဗျားတို့ အားလုံး အမှားအနဲဆုံးနဲ့ ၈၈ ကျောင်းသားတော်လှန်ရေးကို



ဦးဆောင်နိုင်ဖို့  ပထမအကြိမ် ဗဟိုကော်မတီ ချည်ဖတ်အဖြစ် တာဝန်ကျေခဲ့ပါတယ်။



သွေးတွေဖေါက်ပြီးတော်လှန်ရေးသစ္စာတွေ ဆိုခဲ့ကြတယ် လို့  နယ်သာလန်မှာပြောပြတဲ့ကိုခင်မောင်ဝင်း၊ဒီဗီဘီတို့ ရေ



ကောက်ကျစ်ဥာဏ်ပြည့်ဝတဲ့ နိုင်အောင်က ဆင်ခြင်တုံတရားကင်းမဲ့စွာ ပေးလာတဲ့သတင်းကို

တတ်ရောင်ကား မိုးသီးကဖမ်းပြီး ရက်ရက်စက်စက် အားရအောင်နှိပ်စက်လို့  အသက်ဆုံးခဲ့ပါပြီ။



ဌေးနိုင်ကို သတ်တဲ့ တရားခံတွေအားလုံး ဖေါ်ထုတ်ပြီးအရေးယူဖို့ 

ကျောင်းသားတော်လှန်ရေး ဗဟိုကော်မတီ ဟောင်းများသာမက

ကျောင်းသားတော်လှန်ရေး အဖွဲ့ ဝင်တိုင်းမှာတာဝန်ရှိပါတယ်။



ကိုဌေးနိုင်က ကျောင်းသားတော်လှန်ရေး အတွက် ကျေခဲ့ပါတယ်။



ကျောင်းသားတော်လှန်ရေးအဖွဲ့ ဝင်တိုင်းကော ကိုဌေးနိုင်အတွက် တာဝန်ကျေကြမှာလား



သိပ်ကြီးမားတဲ့ မြန်မာပြည်အတွက်ရော



Met vriendelijke groet


Dhr Htay Tint