Sunday, June 6, 2010
1989 PhaLu last date .
နေရာက ဖလူးစခန်း တဖက်ကမ်းက မက်ကိုကင်းရွာအစွန်က
ကရင့်တပ်မတော် လက်အောက်ခံ မူဆလင်တပ်ဖွဲ ့ဝင်တဦးရဲ ့တဲငယ် ။
အချိန်ကာလက ၁၉၈၉ အေးချမ်းလှတဲ့ ဒီဇင်ဘာ ၂၆ နံနက် ဝေလီဝေလင်းစ
အခြေအနေကတော့ အာဏာရှင်စစ်တပ်သည်
၁၉၈၈ကျောင်းသားများ လက်နက်ကိုင်တော်လှန်ရေး မလုပ်နိုင်ရန် နှင့်
အမြစ်ပြတ် ခြေမှုံးရန် လူမျိုးစုနယ်မြေ အားလုံးကို နည်းမျိုးစုံဖြင့် ထိမ်းချုပ်ရေး စီမံချက်ကာလ
ချောင်းရေသည် ကြည်လင်နေပြီး အောက်ခြေကို ရှင်းရှင်းကြီးမြင်နေရသည် ။
နံနက်လင်းခါစ နေစထွက်သည်ဆိုသော်လည်း အလင်းရောင်ပြပြသာမြင်ရသည် ။
နေလုံးသည် တောင် ၂ လုံးကြားက ချောင်းကိုတိုက်ရိုက် အလင်းရောင်မကျနိုင်သေးပါ ။
ခပ်လှမ်းလှမ်းမှာ ဆိုလျှင် ရေငွေ ့ဖြူဖြူ မြူမူန်များ တွေ ့နေရသေးသည် ။
ရှုလိုက်သောလေထဲမှာလဲ သစ်ပင် သစ်ရွတ် အနံ ့နှင့်အတူ တချက်တချက် ပန်းရနံ ့များရပါသည် ။
စစ်ရေဘူးထဲကရေကို လက်ခုတ်နဲ ့ရေခပ်ပြီး အာလုပ်ကျင်းလိုက်ပါသည် ။
ပြောပြမတတ်သော လေးပင်သည်လား ဆိမ့်နေတာလား မသိသော
ရေ၏အရသာသည် နှတ်ခမ်းဖျားကို စိုစွပ်ပြီး အာခေါင်အဖျားအထိ ရောက်သွားသည် ။
အော် မြန်မာပြည်က ထွက်ကုန်တွေထဲက ရေတောင် အရသာရှိပါလားလို ့
တခြားနိူင်ငံတွေ ရောက်မှ တန်ဖိုးကိုနားလည်မိသည် ။
သောင်ရင်းမြစ်ကို တချက်ကြည့်ပြီး မိမိတို ့ရုံးရှိရာဖုက်ကို မျှော်ကြည့် လိုက်သည် ။
မီးခိုးမှုတွေကြားမှာ သဲသဲကွဲကွဲ မမြင်ရသေးပါ ။
အခုလောက်ဆို စားဖိုဖုတ် က ချက်ပြုတ်ပြီးလောက်ရောပေါ့
ကျောင်းသားရဲဘော်တွေလည်း တညလုံးတာဝန်ယူထားတာဆိုတော့ ဆာကြပြီပေါ့ ။
(အမြောက်ကျည်ဆံ ဒဏ်ခံရန် သစ်လုံးများအောက်တွင် ၁၀ပေ ပတ်လည် အနက် ၅ ပေ ကျင်းတူးပြီး အိပ်သည့်
ကျည်ကွယ်မျက်ကွယ်ကို ခေါ်ပါသည် ။တချို ့က ဘန်ကာ ဟုလည်းခေါ်ပါသည် )
နောက်မှ ချွတ်ချွတ် အသံ ခြုံကြားမှ လှည့်ကြည့်လိုက်တော့ ကိုသန်းနိုုင် ။
စစ်ဘောင်းဘီရှည် ဇစ်ကို ဆွဲရင်း ကားရား ကားရား တောထိုင်ရာက ကမန်းကတန်းပြန်လာပုံရပါသည် ။
အားလုံး နိူးကုန်ကြပြီလား ။ စခန်းပြန်မယ် ။ ကျွန်တော့ ရဲဘော်တွေကို စိတ်ပူနေပြီ ။
ယိုင်နဲ ့နဲ ့ဝါးတဲ ထဲမှ ကိုဇော်ဇော် (ကနေဒါ) ကိုကျော်မင်းဦး ( သတင်းပျောက်) ကိုမောင်လှ (မဲဆောက်)
ကိုနေမျိုး ကိုအေးဝင်းတို ့တသိုက် အိပ်ချင်မူးတူးနှင့် ထလာကြပါသည် ။
မရှိလို ့ထွက်ဝယ်တာ အေးအေးဆေးဆေးပေါ့လို ့ ကိုနေမျိုးက လည်ချောင်းကွဲသံဖြင့်ပြောလိုက်သည် ။
ကိုသန်းနိူင်မျက်နှာညိုညိုက ရဲကနဲ မဲသွားပါသည် ။
ငါတို ့ဒီဘက်ကမ်းကို အပျော်လာတာမဟုတ်ဘူး ။
တိုက်ပွဲဖြစ်နေတဲ့ စခန်းထဲမှာ ကျောင်းသားရဲဘော်တွေ ထမင်းဆာပြီ ။
ရိက္ခာ တာဝန်ခံ ကိုဇော်ဇော် အထုတ်တွေ အဆင်သင့်လုပ် ပြီးရင် ထွက်မယ် ။
ကိုသန်းနိူင်က ကျွန်တော့နားကပ်လာပြီး တိုးတိုးလေးပြောပါတယ်
“ကိုဌေးတင့် ကျွန်တော်က အရမ်း စိတ်ပူတတ်တယ် ။
သပိတ်မှာကထဲက အတူတူ သေဖေါ်သေဖက်လုပ်လာကြတာ ဘာရယ်လို ့မဟုတ်ပါဘူး
သူတို ့အားလုံးအတွက် စိတ်ပူလို ့ပါ ။
ကိုသန်းနိူူင် စိတ်ပူလွန်ပြီး အမေရိက ရောက်တော့ နှလုံးကို ဖြုတ်လိုက်ပြီး စက်နဲ ့အစားထိုးရတယ်နော်”
ကျွန်တော်လည်း ညကအရှိန်နဲ့ ့အော်ဟုတ်လားဟု မူးကြောင်ကြောင် အဖြေပေးတတ်တာ အခုထိထင်ပါတယ် ။
ကိုဇော်ဇော်ကတော့ လူငယ်ပြီပြီ သွက်လက်ချက်ချာပါတယ် ။အခုထိပါဘဲ ။
နေမျိုးတယောက် အခုထိမူးနေတုံးဘဲလား မသိဘူးနော် ။
မောင်လှကတော့ စကားနည်းတယ် ။ အမြဲတန်းတခုခုက်ို ငြီမ်ပြီးစဉ်းစားနေတတ်တယ် ။
အခုများတော့လဲ တကမ္ဘာစီမဟုတ်သော်လည်း
တနိူင်ငံစီ ဝေးကုန်ကြပြီနော် ။
ကျောပိုးအိတ် တလုံးစီနဲ ့ရိက္ခာတွေထမ်းပြီး သောင်ရင်းမြစ်ဆီသို ့ချီတက်ကြပါတယ် ။
မြစ်နားနီးလာတော့ စစ်ယူနီဖေါင်း အချို ့ကို လမ်းဘေးတွေမှ ပစ်ထားတာ မသဲမကွဲ မြင်ရပါတယ် ။
ရေတွေလဲ လမ်းမှာစိုနေပါတယ် ။ မကောင်းတဲ့ အတိတ်နမိတ်ပါဘဲ ။
ကိုသန်းနိူင်နဲ ့ကျွန်တော်က ရေစိုဝတ်တွေကို ကိုင်ကြည့်ရင်း စခန်းထဲမှာ တခုခုဖြစ်နေပြီ။
ဒီဇင်ဘာလ ၂၅ ရက်နေ ့ည မှာ စခန်းတာဝန်ခံ ကရင်ခေါင်းဆောင်တွေ
ဝါလေ ဌါနချူပ်မှာ ပြန်စုပြီး ယေရှုခရစ်တော်မွေးနေ ့ကျင်းပနေကြတယ် ။
မြန်မာအာဏာရှင် စစ်တပ်ကတော့ အစွမ်းကုန်ယုတ်မာပြီ ထင်တယ် ။
ကျွန်တော်တို ့အခြေအနေကို သုံးသပ်ပြီး ခေါင်းနပန်း ကြီးသွားပါသည် ။
စခန်းကို စွန် ့ခွာကြပြီလား ။ စခန်းကျပြီ လား ။ ငါတို ့ဘာလုပ်ကြမလဲ ။
တိုင်ပင်စရာမလိုဘဲ ရ ယောက် ခေါင်းခြင်းဆိုင်လိုက်ပါသည် ။
ကိုသန်းနိူင်က ကျွန်တော်ရသလောက် စခန်းထဲကို ခိုးဝင်မယ်
၄၅ဘို ့ပစ္စတိုချိတ်ထားသော ခါးဘက်ကို လက်ထောက်ပြီး ပြောလိုက်ပါသည် ။
ကျောင်းသား ရဲဘော်တွေရဲ ့အခြေအနေကြည့်ဘို နဲ ့ကူညီဘို ့အသက်ပေးသင့်ရင် ပေးရမယ် ။
ဘယ်သူလိုက်မလဲ ဟုမေးပါသည် ။
ကျွန်တော်လိုက်မယ် ဆိုတဲ့အသံက ၆ ယောက်စလုံး စက္ကန် ့မခြားဘဲ
တပြိုင်ထဲ ထွက်လာပါသည် ။
ကျွန်တော်အပါအဝင် စခန်းမှာနေစဉ်က တာဝန်ခွဲတဲ ့ရွေးကောက်ပွဲတွေမှာ
နောက်က ပုန်းနေတတ်သူတွေပါ ညနေ ထမင်းစားပြီး လေပေါကြရင် နားထောင်တတ်သူတွေပါ ။
စကားကို အပိုမပြောဘဲ အလိုပြောတတ်ကြသူတွေပါ ။
အခုကာလမှာလို ပြည်ပမှာ ခေါင်းဆောင်နေရာလုသူတွေ ရေဒီယိုမှ ဖိုးပြောချင်တွေကို
ခေါ်သွားချင်ပါသည် ။
သူငယ်ချင်း ကျောင်းသားတပ်ဖွဲ ့ဝင်တွေအတွက် အသက်စွန် ့ကူညီရန် အဆင်သင့်ဖြစ်ကြပါဘီ ။
ကျွန်တော်တို ့အားလုံး အပ်ိုပစ္စည်းများ သစ်ပင်ကြီး တပင်အောက်တွင် သစ်ခက်များနှင့် ဖုံးပြီးဖွက်လိုက်ပါသည် ။
အေကေ ၄၇ တလက်စီ ကျည်ထိုး ။ လက်ပစ်ဗုံးများကို အလွယ်ပစ်ရန် ရင်ပတ်မှာ တွယ်လိုက်ပါသည် ။
အသက်တွေကို ဝဝရှုလိုက်ကြသည် ။
ကျည်ဆံ သေမင်းတမံဟာ အချိန်မရွေး ရင်ဘတ်ထဲကို ဝင်မည့်
စခန်းထဲသို ့ ဝင်ကြတော့မယ် ။
အမှန်တရားနဲ ့ ဘုရားသ္ခင်ဟာ ငါတို ့ဘက်မှာရှိနေတယ့် စိတ်နဲ ့
လမ်း လက်ဝဲ လက်ျာကို ကပ်ပြီး အသင့်အနေအထားဖြင့် သောင်းရင်းမြစ်ဆီသို ့ချီတက်ကြပါတယ် ။
တောငယ်လေးတခုလုံး တိ်တ်ဆိပ်နေမှုဟာ စစ်ဖိနပ်နင်းလိုက်ရင် ပြန်ကြားနေရပါတယ် ။
ပူပင်နေသော နှလုံးသားရဲ ့သွေးခုန်နူံးသံကို နားထင်သွေးကြောများမှတဆင့်
တဒုံးဒုံနဲ ့စစ်ဖိနပ်သံနဲ ့အညီ စည်းချက်ညီညီ ကြားနေရပါသည် ။
ဌေးတင့်
၆ မေလ ၂၀၁၀
ဒုတိယပိုင်း
အေးစက်နေတဲ့ သေနပ် ဖိုင်ဘာအစိတ်အပိုင်းကို ပူပန်နေစိတ်နဲ ့ တင်းတင်းဖိကိုင်ရင်း ပူနွေးလာပါတယ် ။
၁၉၈၈ စက်တင်ဘာလက စစ်အာဏာသိမ်းပြီး စစ်ရူးတွေအမိန် ့ကို အောက်ခြေကရဲဘော်လေးတွေက သေနပ်တွေနဲ ့ ကျောင်းသားပြည်သူတွေကို ပစ်သတ်ခဲ့ပါတယ် ။ ကျောင်းသားတွေ အုပ်စုလိုက် လူမျိုးစုတွေဆီမှာ လက်နက်တောင်းဖို ့သွားခဲ့ကြပါတယ်
သေနပ်ဆိုတာ လူသတ်လက်နက်ပါ ။ ထက်နေတဲ့ ဒါးတောင် မကိုင်တတ်ရင် မိ်မိလက်ကို လှီးမိပါတယ် ။ သေနပ်မကိုင်တတ်ရင် အန္တရာယ်ရှိပါတယ် ။
ထိုအတူ သေနပ်ကိုင်ထားသူရဲ ့ ဦးနှောက်ထဲမှာ အများစုအတွက် ပြည်သူ ့လုံခြံုရေးအတွက် ခံယူချက်မရှိရင်လဲ
သူခိုးထက်နဲနဲသာသူ ဒါးပြ အဆင့်ပါဘဲ ။ ဒီကနေ ့မြန်မာပြည်ထဲက နေပြည်တော်လက်အောက်ခံ လက်နက်ကိုင်သူတွေ အားလုံးဟာ
၉၆၂ ခုနှစ်က စပြီး ပြည်သူ ့အာဏာ လုယူခဲ့လို ့ သူခိုး ဒါးမြ အဆင့်ပါ။ ဆိုရှယ်လစ်ကို နားမလည်ဘဲ ဖုတ်ပူမီးတိုက် သင်တန်းတွေနဲ ့ ရိုက်ထဲ့ပေမဲ့ လဲ ၁၉၈၇ မှာ မြန်မာပြည်ဟာ အဆင်းရဲဆုံး အဆင့်ကိုရောက်သွားပါတယ် ။
သူခိုး ဒါးပြ ပီပီ ဖြစ်လာတဲ့ပြသနာတွေကိုလည်း သူခိုးနည်းနဲ ့ဖုံးဖိ လိမ်ညာခဲ့ ကြတဲ့အဆုံး ၁၉၈၈ က အမှန်တရားဘက်တော်သား ကျောင်းသားက စပြီးတော်လှန်လို ့နာမည်ခံ မဆလကြီး ပြုတ်ခဲ့ပါတယ် ။
သူခိုး ဂျပိုး လူသတ်သမား ဒါးမြ ဇာတိရုပ်က ဆိုရှယ်လစ်နဲ ့အုပ်ထားတာ ဘွားကနဲ
၁၉၈၈ က ၁၈ စက်တင်ဘာလမှာ ပေါ်သွားပါတယ် ။
အခုတော့ တော်လှန်ရေးနယ်မြေထဲမှာ သင်တန်းပြီးတဲ့ ကျောင်းသားတွေ လက်နက်ကိုယ်စီနဲ ့ တိုက်ပွဲဝင်ကြပြီ ။
အေကေ ၄၇ သေနပ်မှတဆင့် ဥက္ကဌကြီး စောမော်ရယ်(၁၉၈၈ ၁၉၈၉ NDF) ၏အသံများ နားထဲ စီး ဝင်လာ ပါသည် ။
အဲဒီ၁၉၈၈ အောက်တိုဘာလမှာတုံးက ကျွန်တော်က ဟွေစေတီ စခန်းကော်မတီ
လုပ်ငန်း စစ်ဆေးရေး အတွင်းရေးမှုး တာဝန်ယူနေတဲ့အချိန်ပါ ။
၁၉၈၈ လူထုအုံကြွတောင်းဆိုမှုကနေ ကြားဖြတ်အစိုးရဖွဲ ့စည်းနေတုံး စစ်တပ်ကအာဏာသိမ်းလို ့
လက်နက်ကိုင် တော်လှန်ရေးနဲ ့အပြီးတိုက်ပွဲဝင်နေတာ နှေးနေတယ် သုံးသပ်မိပါတယ် ။
ီ ဦးစောမော်ရယ် လှေနဲ ရောက်လာကာ ကျွန်တော့ ဝါးတဲကို လာပြီးကျောင်းသားတွေ ရှာစားတာ ကင်းလိပ်ချောနဲ ့ပုတ်သင်ညိုတွေကုန်ပြီကြားတယ် ။ လိုက်ခဲ့ကြ ငှက်ပစ်ထွက်မယ် ။
ကိုဂဏန်း ကိုတင်ဝင်းအောင် ကိုသိန်းနိူင် ကိုဇော်လင်း(မကသ) ကိုဂါမဏိ(လက်ဝှေ ့) ကို မန္တလေးတို ့ကမျက်စိမှိတ်ပြပါတယ် လိုက်သွားတဲ့ ။
ကိုဆန်နီ (အထွေထွေအတွင်းရေးမှုး) ရစ်ချပ်ဌေးရယ်(ဥက္ကဌကျောင်းသားစခန်း) တို ့လည်းနောက်က ပါလာသည်
အန်ဒီအက်ဖ် ဥက္ကဌ လှေကိုစုန်စီးပြီး ငှက်ပေါသည့် တောထဲရောက်တော့
လူနဲတာနဲ ့ ရင်ထဲက အောင့်ထားတာတွေ မေးမိပါတယ် ။
စခန်းမှာနေတုံးက ဦးပြည်မရှိရင် တကျီကျီနဲ ့ ကျောင်းသားတွေ ပြောနေကြတဲ့
အဘတို ့လူမျိုးစုတပ်ပေါင်းစုက ရေဒီယိုကနေပြီး ကျေညာခဲ့တယ် ။
ပြည်တွင်းက ကျောင်းသားတွေကို လိုအပ်တာတွေအကူအညီပေးဖို ့ဆုံးဖြတ်ထားတယ်ဆို ။
အခု လက်တွေ ့မှာ ငပိတောင် နပ်မမှန်ဖြစ်နေပြီ ။ လက်နက်ဆိုတာ အဝေးကြီးလဲ ။
ကျွန်တော် လူထုလွတ်မြောက်ရေး ဒီမိုကရေစီတော်လှန်ရေးအတွက် အားမနာတော့ပါ ။
စခန်းထဲမှာ နားပူနဆာ အမြဲလုပ်ခံေနေရတဲ့ ကိစ္စမေးပါတော့တယ် ။
ဦးစောမော်ရယ်က ခပ်ပြံုပြံုး ရင့်ကျက် လေသံအေးအေးနဲ ့
ခင်ဗျားတို ့ကျောင်းသားတွေ လက်နက်လိုချင်တာ နားလည်ပါတယ် ။
ခင်ဗျားတို ့ကျောင်းသား တော်လှန်ရေးကို အခုမှ စတင်ပြင်ဆင်နေတာပါ ။
ကျွန်တော် စိတ်ထဲက မရိုးမရွဖြစ်သွားပါတယ် ။
နယ်စပ်မှာ စခန်းတွေ အခိုင်အမာဆောက် ကားတွေ လက်နက်တွေ အများကြီးနဲ ့
ငါတို ့က ငပိတောင် နပ်မမှန်တဲ့ ဘဝ မို ့
အဂ်လိပ် လက်အောက်လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က စလာတဲ့ သမိုင်းကို ချန်ထားပြီး
ဒါဆိုရင် အဘတို ့ဘယ်လို စိတ်ဓါတ်နဲ ့တည်ဆောက်လာတာလဲဟု ငတ်ငတ်နဲ ့ ရွ ဲ ့ပြီးမေးလိုက်ပါသည် ။
မောင်ရင်လေးတို ့ ကျောင်းသားတွေကို ရှင်းပြဖို ့စောင့်နေတာကြာပါပြီ ။
ဘယ်သူမှ ဒီမေးခွန်းမမေးလို ့စောင့်နေတာပါ ။
ဦးစောမောရယ်က သစ်ပင်ဖျားကို မော့ကြည့်လိုက်ပါတယ် ။
အသက်ကို ပြင်းပြင်းရှုရင်းက သူ ့မျက်လုံးတွေဟာ တစတစနဲ ့ ရီဝေလာပါတယ် ။
ကျုပ်တို ့ပိုင်တဲ့ မြေကို ကျုပ်တို ့လူမျိုးတွေ စည်းလုံးညီညွတ်စွာ အုပ်ချုပ်ခဲ့ဖို ့ကြိုးစားခဲ့တယ် ။
ပင်လုံစာချုပ်ထဲမှာ ကရင်နီ လက်မှတ်မထိုးပါဘူး ။
ရလာတဲ့ အကျိုးဆက်က ပြည်မကြီးက စစ်တပ်တွေ
၁၉၄၈က စပြီး အကြိမ်ကြိမ် စစ်ဆင်ခဲ့ တာပါ ။
On August 9th 1948 at 04:00, the AFPFL military police attacked the headquarters of
the Karenni National Organization in Myaleh Daw.
On August 17, 1948 the United Karenni States Independent Army (UKSIA) was formed.
On August 19, 1948 the Karen National Defense Organization occupied Mawchi.
On December 29, 1948 the Kalaw-based Burmese troops attacked Loikaw.
On February 9, 1949 Saw Maw Reh,
a guard commander of Sawpja Saw Shwe was arrested by Burmese troops.
ဘတပြန် ကျားတပြန် ကရင်နီလွတ်လပ်ရေး တိုက်ပွဲတွေနဲ ့အတူ
ကြိုးပန်းနေတုံး
၁၉၆၂မှာ ဗိုလ်နေဝင်း အာဏာသိမ်းလိုက်တယ် ။
ကျွန်တော်တို ့ မျှော်လင့်ချက် ကုန်သွားပါတယ် ။
တိုင်းရင်းသားတွေ တိုးတက်မှု အတွက် ကိုယ်ပိုင်လုပ်ပိုင်ခွင့်လေးရှိဘို ့ပါ ။
On July 5, 1963 the KNPP sent a letter, signed by Saw Maw Reh,
responding to the Burmese peace announcement.
On August 28, 1963 the Karen National Union,
New Mon State Party and KNPP jointly sent a letter to the Burmese regime
as a three-coalition party asking for a joint meeting to negotiate peace.
On October 4, 1963 leaders of the three parties arrived in Rangoon for
peace negotiation with the Burmese regime. However,
negotiation was collapsed and
the Burmese troops pushed three parties’ leaders back into the jungle.
In December 1964 Saw Maw Reh was elected to be the seventh KNPP chairman.
In 1976 the PNDF was renamed the National Democratic Front.
KNPP was a member of it and later withdrew from the NDF in 1996.
သေချာတာက အဲဒီတုံးက ကရင်နီသမိုင်းကို တိတိကျကျမလေ့လာခဲ့ဘူးပါဘူး။
ကရင်နီမှာ နေခဲ့စဉ်က ကြားခဲ့သည်များကို ပြန်ရေးတာပါ ။ မှားခဲ့ရင် နားလည်မှုပေးပါ။
သမိုင်းအမှန် အစစ်အမှန်က
http://www.karennihomeland.com/ArticleArticle.php?ContentID=55 မှာရေးထားပါတယ်
ကျေးဇူးတင်ပါတယ် ကိုဇော်လေး ၊ သမိုင်းမှန်ကို လမ်းညွန်ပေးလို ့
အေးချမ်းပြီး ဖေါ်ရွေရိုးသားတဲ့ ကရင်နီပြည်ကို
မသေခင်လောက်တော့ ပြန်လည်ချင်ပါသေးတယ် ။
ဆရာရေမင်ထူး ဆရာဖုန်းနိုင် မိသားစုတို ့ပြောခဲ့ဘူးပါတယ်
ကျောင်းသားလေးတွေ ကရင်နီကို ပြန်လာလည်ပါအုံးတဲ့ ။
ကျွန်တော်တို့ ့ကတောင်ပေါ်မှာနေကြတာ ။
တောင်ပေါ်ရဲ ့သဘာဝ ရေမြေတော တောင်တွေကို နားမလည်ဘဲ
မြေပြန် ့ကလူတွေက အာဏာရူးတွေ ဘယ်လိုအုပ်ချုပ်မလဲ ။
ကျွန်တော်တို ့ ဘိုးဘွားပိုင် သယံဇာတတွေ ပျက်စီးတော့မှာလို ့မြင်မိတယ် ။
မြန်မာပြည်မက နိူင်ငံရေးသမားတွေနဲ ့ နေဝင်း စစ်တပ်ဟာ တနေ ့ကြရင်
ကယားပြည်နယ်(ကရင်နီနိူင်ငံ) ကို ကျူးကျော်ပြီး လူထုကို နှိပ်စက်လာနိုင်တယ် ။
ကရင်နီလူထုကို ပြည်မနဲ ့ဝေးရာမှာ နေပြီး အင်အားစုပြည့်စုံတဲ့ တချိန်မှာ သီးခြားလွတ်လပ်သော
ကရင်နီနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ် တခုထဲနဲ ့နယ်စပ်ဘက်က တောထဲကိုထွက်လာခဲ့တာပါ ။
ကျောင်းသားတွေ တောထဲရောက်တော့ နေစရာ စားစာတွေနဲ ့ပါ ။
တော်လှန်ရေးနယ်မြေဆိုတာ တည်းခိုခန်း မှာနေသလိုတော့ ဘယ်ပြည့်စုံပါ မလဲ ။
ကျွန်တော့ လူတချို ့ တောထဲကို စပြောင်းတော့ ၂ ပေလောက်ရှိတဲ့ ဓါးမကြီးတချောင်းဘဲ ပါလာပါတယ် ။
စစ်တပ်ကတော့ ကျွန်တော့ကို တောခိုတယ်လို ့ နောက်ကလိုက်ပြီး သမုတ်တာ နောက်မှသိပါတယ် ။
ဓါးမကြီးတချောင်းနဲ ့ တော်လှန်ရေး စလုပ်ဖို ့တိုက်တွန်းခဲ့သူ ဦးစောမော်ရယ် က
၁၉၈၈မှာ လူ လက်နက်ကိုင် ၃သောင်းကျော်ပါဝင်တဲ့
NDF ကိုဦးဆောင်နေတဲ့ ဥက္ကဌ နေရာမှာ တာဝန်ယူနေ တုံးလေ ။
ကျွန်တော်စိတ်ဝင်စားသလို စာဖတ်သူများနဲ ့နောက်လူငယ်တွေလည်း စိတ်ဝင်စားမယ်ထင်ပါသည် ။
ကရင်နီ တွေချောင်းဘေးမှာ တဲဆောက် တဝမ်းစာ တောင်ယာခုတ်ပြီး ရိက္ခာစပြီးစုပါတယ် ။
အချိန်ရရင် ရွာတွေဝင်ပြီး မြန်မာ ရဲ စစ်တပ်နဲ ့ပြတ်ဿနာဖြစ်ပြီး ရွာမှာနေလို ့မရသူတွေကို ခေါ်လာပြီးလူစုကြတယ် ။
သိုင်းသင်ကြတယ် ။ နောက်တော့ ရဲကင်းစခန်း ငယ်ငယ်လေးတွေကို ဓါးမတွေနဲ ့တက်ခုတ်ပြီး သေနပ်လုကြပါတယ်တဲ့ ။
ကရင်နီက လွတ်လပ်ရေးလိုချင်သူတွေ ကြိးစားခဲ့သူတွေသမိုင်း
တိုင်တရာကို ချိန်သားကိုက်ရင် ယင်ကောင်တောင် မလွဲတဲ့ ရိုင်ဖယ်ခေတ်ကပါတဲ့ ။
ဒီလိုနဲ ့တစတစနဲ ့ လွတ်လပ်ရေးတိုက်ပွဲ သက်တမ်းရှည်လာပါတယ်ဟုပြောပါသည် ။
ကျောင်းသားတွေ ဦးဆောင်မှုနောက်မှာ လူထုရှိရင် တော်လှန်ရေးဟာ ခဏပါဘဲလို ့ပြောခဲ့ပါတယ် ။
ကျောင်းသားတွေကတော့ အဆင်သင့်ပါဘဲ ။
လူမျိုးစု ကျောပေါ်ကနင်းပြီး အောင်မြင်အောင် လုပ်ကြ ဟုပြောပါသည် ။
ကျောင်းသားနဲ ့ပြည်သူ အစေးမကပ်အောင် ထောက်လှန်းရေးကလဲ နည်းမျိုးစုံ သုံးခဲ့တာ အခုထိဘဲ ။
(တချို ့ကျောင်းသားတွေ တကယ်ယုတ်မာပြီး လုပ်ခဲ့ပါသည် ။
၁၉၈၈ကို ဝေလေလေ အဖွဲ ့ထဲမှာပါလာပြီး ဇွဲမရှိဘဲ
ကြိုဆိုရေးစခန်းမှ ပြန်ကာ မြက်ခင်းသစ် စာစောင်ထုတ်ပြီး
အဝီစိမှာ ဂျိုးကပ်အောင် စော်ကားပြီးရေးကြပါတယ်
အခုလည်း အီးမေးအုပ်စုတွေထဲဝင်လာပြီး သတ်သျှိုစာတွေ ရေးနေတုံးပါ ။ )
ကျွန်တော် နားလည်သဘောပေါက်သွားပါသည် ။
တခါတည်း ရစ်ချက်နဲ ့ဆန်နီကို ခေါ်ပြီး ကျောင်းသားများ စစ်သင်တန်းကိစ္စများ
လက်နက်ဝယ်ယူဖို ့သစ်ရောင်းရန် စသည်တို ့ကို ဆွေးနွေးခွင့်တောင်းဖြစ်ပါသည် ။
တော်လှန်ရေးနယ်မြေ တည်တန် ့ခိုင်မာနေသမျှ
ကျောင်းသားတော်လှန်ရေးကြီးထွားလာရေး မူဖြစ်ပါတယ်။
(၃၀၃ တပ်နာမည် မရခင်ကပင် ကရင်နီက ကျောင်းသားတွေ
စစ်သင်တန်းများပြီးကာ နယ်မြေ လုံခြံုရေး တွဲပြီးယူခဲ့ပါသည် ။
သံလွင်မြစ်ကမ်းပါးတွေမှာ ခံစစ်စခန်းတွေ နေရာချခဲ့ပါသည် ။
တောင်ပေါ်က လက်ထောင်းဆန်ကြမ်းနီနီစေးစေး နဲ ့
လက်ကြိတ်မြေပဲဆီကတော့ ပေါင်မုန် ့ထောပတ်နဲ ့မလဲနိူင်ပါ ။
ပဲပုတ် လတ်လတ်ဆတ်ဆတ် အခြောက်က မီးဖုတ်ရင်
KFC ကြက်ကျော်တောင် နောက်ဆုတ်ရမယ်နော့်
၁၉၈၈ နိူဝင်ဘာ မှာ ပြည်တွင်းကို ယူဂျီတွေ စဝင်ကြပါပြီ။
ကယားပြည်နယ်ထဲမှာ ကျောင်းသားပါတဲ့ တိုက်ပွဲငယ်တွေ စနေပြီဖြစ်ပါသည်၊
ရေကျော်မှာခေါင်းဆောင်တွေ စကားနိုင်လု စကားများလို ့ကောင်းနေ ပါသေးသည် ။
(အသေးစိတ်ရေးပါမယ်)
ကျွန်တော် မယ်နပလော လူမျိုးစု စစ်ဆင်ရေးရုံးတွင်
ဦးခိုင်စိုးနီုင်အောင် ဗိုလ်ချုပ်မောင်မောင် (ကေအန်ယူ)နဲ ့လက်နက် ကိစ္စများ ညှိနှုင်းပြီး
ကရင်နီပြည် ကျောင်းသား စခန်းသို ့ပြန်ခဲ့ပါသည် ။
ဒီဇင်ဘာလ ရှေ ့တန်းက အပြန် မယ်နပလောမှာ သင်တန်းတက်ပြီး
ပြည်တွင်း လှုပ်ရှားမှုနဲ ့နယ်စပ် စစ်ဆင်ရေး အတွက်
ကျောင်းသားတပ်မတော် ဌါနချုပ်စစ်ရေးကော်မီတီကို ဝင်ရောက်တာဝန်ယူရပါသည် ။
စစ်အာဏာရှင် စစ်တပ်တွေ ကရင်နယ်မြေကို စစ်ဆင်သောအခါ
ကရင်ပြည်နယ် ကာကွယ်ရေးမလုပ်နိုင်ဟု တချို ့ကအော်ကာ
အနေအစား ချောင်သည့် ဘုရားသုံးဆူ မဲဆောက် မဲအောင်ဆောင် တက်ပြေးသူများရှိ ဘူးပါတယ် ။
တပ်ရင်း ၂၀၆ မှ ကိုသန်းနိုင်တပ်ခွဲ (၁) နဲ ့ ကိုမျိုးချစ် တပ်ခွဲ (၄) က
ကရင်နယ်မြေ ခုခံစစ်အတွက် ဖလူးတွင်တာဝန်တွဲယူမည်ဟု အကြောင်းကြားပါသည် ။
ထိုအချိန်တွင် ဝမ်ခစစ်မြေပြင်မှာလည်း ကျောင်းသားတပ်ရင်း ၂၁၁ ( မူလဖွဲ ့စည်းပုံက၂၀၁ ဟုသတ်မှတ်ပါသည် )
က တာဝန်ယူပြီး ကရင့်တပ်မတော်နှင့် အတူတိုက်ပွဲ ဝင်နေပါသည်။
ဘုရားသုံးဆူမှ ကျောင်းသားတပ်ကလဲ တပ်ခွဲမှုး ကိုကျော်သက်တို ့ဦးဆောင်ပြီး စစ်ကူလိုက်လာပါတယ် ။
ပြန်စဉ်းစားမိလျှင် ပါဝင်ခဲ့သူများကိုယ်စား ကြက်သီးများ ထအောင် ဂုဏ်ယူမိပါသည် ။
လက်နက်ကိုင်တော်လှန်ရေး လုပ်ရန် တောထဲဝင်ခဲ့သူ ကျောင်းသားခေါင်ဆောင်တချို ့
ငလျှင်လှုပ်သလို ဖြစ်နေသော ခံစစ်စစ်မြေပြင်ကို ကြောက်ကြပါပြီ။
အဆိုတော် ကို မွန်းအောင်ကတော့ ဗုံးသံတွေ ပွိုင် ့ဖိုက်သံ တွေ
နားထောင်ရင်း သီချင်း အသစ်တွေရေးသွားပါသည် ။
အတွေးလွန်သွားပြီး ခလုပ်တိုက်ကာ လဲမလို ဖြစ်သွားပါသည် ။
သေသေချာချာ မမြင်လို ့ သဲသဲကွဲကွဲ မြင်အောင် ငုံ ့ကြည့်လိုက်တော့
သဲရောထားတဲ့ မြေပြင်ဟာ သွေးတွေ ပက်ထားသလိုပါဘဲ ။
တိုက်မိတဲ့ ခလုပ်ကြီးက စစ်ဘောင်းဘီနဲ ့စစ်ဖိနပ်ကြီးပါလား ။
ခြေထောက်နဲ ့ကန်လိုက်တော့ စစ်ဖိနပ်စီးထားတဲ့ ခြေပြတ်ကြီးပါလား ။
ဖလူးက ဆုတ်ခွာပြေးရင်း ပြတ်ကျန်ခဲ့တဲ့ ပိုင်ရှင်မဲ့ ခြေထောက်ပြတ်ကြီးပါလား ။
သွေးတွေ အလုံးလုံးနဲ ့ပိုင်ရှင်က စွန် ့ခဲ့ပြီနော် ။
ပိုင်ရှင်က ကရင်တပ်က ရဲဘော်လား ကျောင်းသားတပ်က ကျောင်းသားလား
လျှောက်နေတဲ့ ခြေလှမ်းတွေ
သူငယ်ချင်းကျောင်းသားတွေ အတွက်
ရင်နှစ်ခြမ်း ဗျန်းဗျန်း ကွဲပါစေ
ဘယ်ကလာ မှန်းမသိတဲ့ သေမင်းကို
မင်းလားကွသေမင်း
ဒူးမထောက်နဲ ့ လက်မမြောက်နဲ ့သူငယ်ချင်း
ထိတ်တိုက်လဲရင်ဆိုင်ဘူးတယ်
လှံစွပ်ချင်းလဲထိုးဘူးတယ်
သူသေ ကိုယ်ရှင်လဲ ပစ်ဘူးတယ်
မကြောက်တတ်တဲ့ အင်အားကို
ပြည်သူ ့ဆီကရထားတာ
ဌေးတင့်
နယ်သာလန်
တတိယပိုင်း
ရင်ခုံသံဟာ ကျောက်မီးသွေး ရထားခေါင်းတွဲကဲ့သို ့ခန္တာကိုယ်ကို မောင်းစေခဲ့ပါတယ် ။
သောင်ရင်းမြစ်ကမ်းပါး ၁၀မီတာကျော် ကို သူငယ်ချင်း ကျောင်းသားများအတွက်
နှလုံးသားလေးထဲက ပူပင်နေသော စိတ်တွေက တွန်းပို ့ပေးလိုက်ပါသည် ။
ဘယ်လို ရောက်သွားမှန်းမသိဘူး ။
ခပ်ဝေးဝေးတုံးက မြူနှင်းတွေလို ့ မြင်နေရခဲ့တဲ့ လေငွေ ့ထုကြီးဟာ
အနီးရောက်မှ မြင်ရတာက ဖုန်မှုံ ့ တပ်ပေါင်းစုကြီးဖြစ်နေပါတယ် ။
မြေပြင်က ပျံတက်လာတဲ့ ပြည်သူ ့သစ္စာ သွေးမှုံတွေရယ်
နအဖက တညလုံး ပစ်လိုက်ခဲ့တဲ့ ၁၂၀ မမ ကျည်ငွေ ့တွေရယ်
တရားတဲ့ ခံစစ်ပွဲကို ဆင်နွဲနေတဲ့ မြေပြင်က မြေမှုံတွေရယ်
သောင်ရင်းမြစ်က အပြစ်မဲ့တဲ့ ရေမှုံတွေရယ် ဟာ
နံနက်ခင်း မိန်းမပျိုရဲ ့အလှသစ္စာ တရားကို ငြိမ်သက်စွာ ပကတိဖေါ်ကျူးနေပြတယ် ။
ရေစပ်ကို စစ်ဖိနပ်စီးထားတဲ့ ခြေထောက်ကို လှမ်းတော့မယ် ဆိုလိုက်တာနဲ ့
အားလုံးရဲ ့ခေါင်းတွေဟာ တဦးကို တဦး ကြည့်လိုက်ကြပြီး
မေးခွန်းပေါင်းများစွာကို အသံတိတ်မေးလိုက်ကြတယ် ။
နောက်ဆုံးနှတ်ဆက် တဲ့အနေနဲ ့ စစ်ဦးထုတ်ရှေ ့ကအပြားလေး တွေ ညိမ့်ပြကြတယ် ။
အေးမြနေတဲ့ ရေထဲကို ဆင်းလိုက်ခြင်းဟာ မြန်မာပြည်ထဲကို စတင်ဝင်ရောက်တဲ့ သကေ်တပါ ။
တနည်းအားဖြင့် နအဖ စစ်အာဏာရူးတွေ သိမ်းပိုက်လိုက်တဲ့ နယ်မြေ ။
ကျွန်တော်တို ့အတွက်ကတော့ ရန်သူ ့က အားလုံးအသက်ကို ချွေတော့မဲ့
သတ်ကွင်းတခုအဖြစ် တညအတွင်း ပြောင်းသွားခဲ့ပါသည် ။
မနေ ့ညကအထိတော့ လွတ်မြောက်ရာနယ်မြေ ။
အခုမနက်မှာတော့ ရန်သူ ့နယ်မြေပါ ။
ခဲတပစ်စာအဝေး ကျဉ်းနေတဲ့ သိမ်လှီနေတဲ့ မြစ်နေရာက စကူးပါပြီ ။
ဆောင်းတွင်းဆိုတော့ ရေကအေးမြပြီး တိမ်နေပါသည်
ဒူးဆစ် အထိ အေးပြီး ကျင်တက်သွားပါသည် ။
တခါတရံ ကျွန်တော်တို ့က ငယ်ပါချောင်းလို ့စနောက်ခေါ်ကြပါသည် ။
ခါးအောက်အထိ ရေအောက်ရောက်ရင်
အေးလွန်းလို ့ ငယ်ပါလေးကကျံု ့ပြီး အထဲကို ပြေးဝင်လို ့အတွဲလေးကို ကြိုးချည်ပြီးမှ ဆင်းရပါတယ်။
ရှမ်းပြည် ဆောင်းတွင်းမှာ ရေဆင်းချိုးသူတွေ နားလည်ပါတယ်။
မိုးတွင်းတုံးက တဝေါဝေါနဲ ့ သစ်လုံးတွေ ဆင်တွေကို ဆွဲချဘူးတာ
သူနဲ ့မဆိုင်တော့တဲ့ နာဂစ်သင်တန်းက
အပျိုမလေးတွေလိုဘဲ ငြိမ်သက်စွာ အသံတိတ်နေတယ် ။
ရင်ထဲကအပူတွေဟာ အေးမြတဲ့ရေ မွန်းကြပ်နေတဲ့ ယမ်းငွေ ့တွေကြောင် တောင့်တောင့်ကြီးဖြစ်စေခဲ့တယ်။
ရေထဲကို စနစ်တကျ တဦးကိုတဦး ကာပစ် အနေအထားနဲ ့ ဖြတ်ကူးကြပါတယ် ။
မြစ်ကိုကျော်ပြီး ကမ်းပါးကိုရောက်ပါပြီ ။
တဦးခြင်း သတိကြီးစွာနဲ ့သဲမြေကတဆင့် ကမ်းပါးပေါ်ကို တဆင့်တက် လိုက်ပါတယ် ။
မြေပြင်တခုလုံးဟာ ယမ်းငွေ ့တွေကြားမှာ ထိတ်လန် ့ တုံလှုပ်ဖွယ်ကောင်းအောင် ငြိမ်သက်နေပါတယ် ။
ညင်သာတဲ့ လှုပ်ရှားသံလေး နားထဲကို ရိပ်ကနဲ ဝင်လာပါတယ် ။
အသံကြားရာကို သေနပ်ပြောင်းနဲ ့ထိုးချိန်လိုက်ပါတယ် ။
ဆေးတပိုင်းသုတ်ထားတဲ့ လှေဖက်ကပါ ။
လေးငါးလှမ်း လျှေက်ပြီး လှေအောက်ကို ငုံ ့ကြည်လိုက်တော့ ကရင်တပ်က ရဲဘော် လူငယ် ။
ဘာလုပ်နေတာလဲ မေးလိုက်တော့ မနက်ထမင်းချက် တာဝန်ကျလို ့ ရေဆင်းခတ်တာ
လက်နက်ကြီးတွေ မိုးရွာသလိုကျတာနဲ ့ဝင်ပုံးနေရင်း အိပ်ပျော်သွားတာပါတဲ့ ။
လူကြီး(ဖထီး)ကို ပြန်မပြောနဲ ့နော်တဲ့ ။
ပြည်သူပြည်သားတွေရဲ ့ကောက်ပဲသီးနှံတွေနဲ ့
တရုပ်ပြည်က အပေါစား ဒုံးကျည် အမြောက်တွေကို လဲလှည်ပြီး မိုးမွန်အောင် ပစ်ခတ်လို ့အားလုံးဆုတ်သွားလို ့
သူ ့လူကြီး(ဖထီး)လဲမရှိတော့ဘူးလို ့ရှင်းပြလိုက်ပါတယ်
ကရင်ရဲဘော်လေးက ချက်ခြင်းဘဲ အမိုးနဲ ့အပါးကို သတ်ထားတဲ့ မြန်မာစစ်တပ်ကို
ဒီနေရာက မသတ်ရရင် တခြားနေရာက သွားသတ်မယ်ဟု ပြောပြီး မြစ်ကမ်းစပ်ကို ပြေးဆင်းသွားပါတယ် ။
( ၁၂၀ မမ ကျည်ဆံထိပ်ဖူးတလုံးသည် ၄၀၀၀ဘတ် (၁၅၀ ဒေါ်လာ)မှ ၆၀၀၀ ဘတ် (၂၀၀ ဒေါ်လာ)အထိရှိပါသည် ။
နအဖစစ်တပ်က တမိနစ်လျှင် အလုံး ၃၀ ပစ်ပါသည် ။
တမိနစ်လျှင် ဒေါ်လာ ၆၀၀၀ ကို လေထဲမှာ ခွဲလိုက်တာပါ ။
တနာရီ ဆိုလျှင် ၃၆၀၀၀ ဒေါ်လာ ပြည်သူ ့ငွေနဲ ့လုပ်အားကို ဖြုန်းတီးနေတာပါ၊
သေနပ်ပြောင်းဝက အာဏာနဲ ့ပြည်သူ ့လုပ်အားတွေနဲ ့ပြည်သူ ့အာဏာတွေ သိမ်းတဲ့ ပွဲ)
ကမ်းနဖူးပေါ်က နောက်ကာ ကတုတ်ကျင်းတွေ ဆက်သွယ်ရေးမြောင်းတွေ ကို အရေးပေါ် ဇော်ဂျီတွေလို
သေနပ်ကိုကိုင်ပြီး အပြေးတက်ကြပါတယ် ။
မတိုင်ပင်ထားတဲ့ ပြေးနေတဲ့ ပစ်မှတ်နေရာက ကျောင်းသားတပ်မတော် ရုံးတည်ရာ ကတုတ်ကျင်းဆီသို ့ ။
တာဝန်ကျ ကျောင်းသား ၂ဦးက အနီးအနားမှာ ဗုံးမှန်လို ့သေနေတဲ့ ကြက်သေတွေကို
တယောက်က အမွေးနှတ်ပြီး တယောက်က ထမင်းချက်နေပါသည် ။
ကိုသန်းနိုင်က ဟေ့ကောင်တွေ နင့်မေကလွား ညကဘယ်မှာအိပ်နေတာလဲ ဟု မောမောပန်းပန်းနဲ ့မေးလိုက်ပါတယ် ။
တပ်ရင်းမှုး ကျွန်တော်တို ့ကမိုးလင်းချိန်ကင်း ဆိုတော့ တညလုံး ဆူနေတာနဲ ့
ခေါင်းအုံးကို အပေါက်ဖေါက် ခေါင်းကိုစွပ်ပြီး ဆန်အိပ်တွေကြားမှာ ဝင်အိပ်နေတာဟု မှို ့တွေ ဖွေးဖွေးနဲ ့ စပ်ဖြီးဖြီး ပြောပါတယ် ။
ကျွန်တော်တို ့တာဝန်တွေပြီးခါနီးပြီး ခဏနေရင် ထမင်းရော ဟင်းရော ရပြီဟု သတင်းဆက်ပို ့ပါသည် ။
ကိုသန်းနိူင် စိတ်ဆိုးပြီး တယောက်တည်း တပြစ်တောက်တောက်နဲ ့ဆဲပါတော့သည်။
ပြီးမှ ချက်ပြီးသားထမင်းဟင်းတွေ မင်းအဘတွေ ကျွေးမလို ့လားမေးရာ
ကျောင်းသား၂ ယောက်က တယောက်မျက်နှာ တယောက်ကြည့်ပြီ
ကျွန်တော်တို ့ဖက် မေးစေ့ငေါ့ပြီးမေးပါသည် ။
ကျွန်တော်တို ့လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားပါတယ် ။
သူတို ့၂ ယောက်ရဲ ့အူကြောင်ကြောင် အမူအရာကို ကြည့်ပြိး
ရီရမှာလား
ဒေါသထွက်ရမှာလား
စိတ်ဆိုးရမလား ။
ဒီလောက် အရေးကြီးတဲ့ အချိန်မှာ ရှိစုမဲ့စု ခေါင်းအုံးကို ဖေါက်ပြီး
ကမ္ဘာပျက်သွားတာ မသိလိုက်ဘဲ အိပ်နေတဲ့ သူ ၂ ယောက်
သင်လဲကျွန်တော်တို ့နေရာမှာဆိုရင်ကော
( ၂၀၁၀ အထိ မြန်မာပြည်ထဲမှာ ကမ္ဘာပျက်လောက်တဲ့ အဖြစ်အပျက်တွေ
အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ် ။
ဘီယာအိုး အရက်အိုး အတင်းအိုး အာဏာအိုးတွေထဲမှာ စိမ်ပြီး
အိပ်မောကျနေတဲ့ ကျောင်းသားတွေ ကျောင်းသူတွေ နိူင်ငံရေးသမားတွေ
အများကြီးဘဲလေ အစည်းပြေနေကြတာ )
၂ဖွဲ ့ခွဲမယ် ။ ကျန်တဲ့ကျောင်းသားတွေ လိုက်ရှာကြမယ် ။
ရန်သူနဲ ့အရင်တွေ ့သူက သေနပ်ဖေါက်အချက်ပေးပြီး စပြေးတော့ လို ့
ကိုသန်းနိူင်က အမိန် ့စပေးပါတယ် ကျွန်တော်နားလည်ပါသည်
ထိုစဉ်က ကိုသန်းနိူင်က စစ်မြေပြင်တာဝန်ခံပါ ဗဟိုကလူလည်း သူ ့အမိန် ့နာခံရပါသည် ။
အဓိက တာဝန်က ကျန်နေသော ရဲဘော်ရဲဘက် ကျောင်းသားရှာရန်သာဖြစ်ပါသည် ။
ထို ့အတွက် အသက်ပေးသင့်ရင် ပေးရပါမည် ။
ရန်သူနဲ ့ထိပ်တိုက်ရင်ဆိုင်ရာနေရာက ပွိုင် ့ဖိုက်သံကမှန်မှန်ထွက်နေသေးပါတယ် ။
ကရင့်တပ်မတော်က ကွန်မန်ဒိုု တချို ့ရှိနေသေးတဲ့သကေ်တပါ ။
နေုာက်ဆုံးအချိန်ထိ တာဝန်ယူပြီး ဖလူးထိပ်တိုက်ကနေ သေဆုံးသည်အထိ
စစ်အာဏာရှင်စစ်တပ်ကို ကာပစ်ပြီး တာဝန်ယူသွာခဲ့သော
ကရင့်တပ်မတော်မှ ကွန်မန်ဒို ကရင်ရဲဘော်များကို ဒီနေရာက ဂုဏ်ပြုပါတယ်
ရန်သူနှင့်ပေါင်းသွားသော ကရင်များကို ပြင်းထန်စွာနာကျည်းပါသည် ။
ကျွန်တော်တို ့ စစ်မြေပြင်ကို နောက်ဆုံး အကြိမ် စစ်ဆေးရမယ့် တာဝန်ဖြစ်လာပါသည် ။
ကတုတ်ကျင်းတွေထဲမှာတော့ မည်သူမျှမရှိတော့ပါ ။
နောက်မှသိရတာက ရန်သူ ့တပ်ခွဲ တခွဲ ဟာ ထိုင်းနိူင်ငံကို ည၁၂နာရီလောက်မှာ ခိုးဝင်ကာ
အနောက်ဖက်က ဝင်တိုက်တာပါ ။ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေမှာ လုပ်ခွင့်မရှိပါဘူး ။
ခုခံရေးတာဝန်ကျသူတွေကလဲ သဝခ လို ့ခေါ်တဲ ့ ကရင်အရံတပ်ခွဲကဆိုတော့ ခံစစ်ပေါက်ခဲ့တာပါ ။
သဝခမှာက အရံတပ်တွေဖြစ်ပြီး စစ်မြေပြင် အတွေ ့အကြံုနည်းကြပါတယ် ။
မကြာခဏဖြစ်ပွားခဲ့လို ့ထိုင်းစစ်တပ်ကရှောင်ခဲ့ရပါတယ်ကလိမ်ကကျစ်မြန်မာ့တပ်မတော်အစစ်ပါ ။
နောက်က ရန်သူဝင်ပြီး ပေါက်တာဆိုတော့ ပြန်ပြီး ပိတ်ဆို ့ရှင်းလင်းရေးလုပ်ဖို ့ကလဲ
ကရင်အရာရှိတွေက ဝလေက ခရစ်စမတ် ဘာသာရေးပွဲ မှာရောက်နေကြပါတယ် ။
ကျောင်းသားတပ်ခွဲမှုးတွေကလဲ ကျွန်တော်တို ့နဲ ့ စခန်းအပြင်မှာပါ ။
အောက်ခြေကဆိုတော့ အဆက်အသွယ်ပြတ်ပြီး
ဆုတ်ရန်တခုထဲ နားလည်ပြီး ဆုတ်ခွာကြပါတယ် ။
မြန်မာ့အသံကတော့ အကြီးအကျယ်ကြွားလုံးထုတ်ပါတော့တယ် ။
ဖလူးတိုက်ပွဲကြီးကို ဘယ်လိုတိုက်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်ပေါ့ ။
ကရင့်လက်နက်တွေ အစုလိုက် အပုံလိုက်ရတာကိုမြန်မာ့ ရုပ်မြင်သံကြားမှာ ပြတော့
ကျွန်တော်အံကြိတ်မျက်ရည်ကျပြီး ကြည့်ရပါတယ် ။
အဲဒီတုံးက ပြောပြချင်ပေမဲ့ အခြေအနေက မပေးခဲ့ပါဘူး။
ရန်ကုန် စစ်ရုံးချုပ်က လူကြီးနဲ ့နီးသူတွေရာထူးတွေ တက်ကုန်ပါတယ် ။
မိုးရွာသလို လက်နက်ကြီး ပစ်ခတ်မှုအောက်မှာ ဆက်သွယ်မှုမှားပြီးကရင့်တပ်က ဆုတ်ပေးလိုက်တာပါ ။
မြန်မာစစ်အာဏာရှင်ဖက်က တပ်စုမှုး တပ်ခွဲမှုး တပ်ရင်မှုး တချို ့ သီဟတွေ သူရတွေ အချောင်ရသွားတာပါ ။
ပေါ်တာစရိပ်တွေ ဖြတ်ခုတ်ဝေစားပြီး ဗျုဟာမှုးတွေ အုပ်လိုက်ချမ်းသာပါတော့တယ် ။
မြန်မာပြည်တွင်းမှာ ပြဿနာ ဖြစ်နေသမျှ စစ်ဆင်ရေးစားရိတ်ကို ဝေစားမျှစားတာ
အကျင့်ဖြစ်နေပါပြီ ။
ကိုသန်းနိုင်၊ ကိူဇော်ဖော် ကိုကျော်မင်းဦး ကိုနေမျိုး ကိုအေးဝင်းတို ့က
မြစ်ကမ်းပါးတလျှောက် ကတုတ်တွေကို လိုက်စစ်ပါတော့တယ် ။
ကျွန်တော်နှင့် ကိုမောင်လှက အလယ်ကဖြတ်ပြီး ကရင့် ဆေးရုံဖက်သို ့သွားကြပါသည် ။
အချိန်က နံနက် ၆ နာရီကျော်ကျော်မှာပါ ။
ရန်သူမြန်မာစစ်တပ်ကလည်း စစ်ကြောင်း များဖြန် ့ပြီး
ဖလူးစခန်းရှင်းလင်းရေး အတွက်ဝင်လာပါသည် ။
ဆင်နဲ ့ကျား လယ်ပြင်မှာတကယ်တွေ ့ခဲ့တဲ ့ပွဲပါ။
ရန်ငါ စည်းဆိုတာ အဲဒါပါဘဲ ။
ထိပ်တိုက်ရင်ဆိုင်ခြင်း အစစ်ပါ ။
သူသေ ကိုယ်ရှင် လုတဲ့ပွဲ အစစ်ပါ ။
စားပွဲပေါ်က လက်နက်ကိုင်တော်လှန်ရေး သမားများ
ပိုက်ဆံ ကောက်လို ့ကောင်းအောင် ရေးကြ ပြောကြနေပါတယ် ။
ပြည်ပနေ အာကြီး အာလေးများကို မှတ်ထားပါသည် ။
မကြာမှီ လာတော့မည့် စစ်ပွဲတွေကို ဖိတ်ခေါ်ပါသည် ။
မိုးလင်းကာစဆိုတော့ လူတရက်ကျော် မြက်ပင်တွေက နှင်းတွေ စိုနေပါသည် ။
စစ်ဘောင်းဘီကလည်း နှင်းတွေကြောင့် စိုရွဲနေပါသည် ။
တလှမ်းခြင်း ရှောက်လာရင်း မောင်လှက သတိထား ရှေ ့မှာ အသံကြားရတယ် ။
ရိပ်ကနဲ ရှေ ့ခပ်လှမ်းလှမ်း စစ်ယူနီဖေါင်းနဲ ့လူတစုကို ဘွားကနဲ တွေ ့လိုက်သည် ။
ပုခုံးတံဆိပ်ကို အမြန်ကြည့်လိုက်တော့ မဟာဗန္ဒုလ တံဆိပ်ကိုတွေ ့လိုက်တယ် ။
အနီးဆုံးမှ လူတရပခန် ့ သစ်ပင်ငယ်နဲ ့ကျွန်တော်ပုခုံးက ဓါးနဲ ့လှံ တံဆိပ်ကို ကွယ်လိုက်တယ် ။
ဒီနေရာမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဟာ အသက်ရဲ ့ထွက်ပေါက်ဆိုတာ တွေ ့လိုက်ရတယ် ။
ဘယ်ထွက်ပေါက်ကို ရွေးမှာလဲ
မြန်မာတပ်ကြပ်ကြီးက စပြီး ကျွန်တော့်ကို ပစ်ပါတယ် ။
မောင်လှက ကျွန်တော်နောက်မှာရပ်နေတာပါ ။
ဂျီသရီး ကျည်ဆံတွေ ကာဘိုင်ကျည်တွေ ဘေးကသစ်ပင်တွေကို ဖြတ်ချလိုက်ပါတယ် ။
ကျွန်တော် တက္ကသိုလ် အရံတပ်ရင်းမှာ တပ်ကြပ်အထိ မြန်မာစစ်ပညာ သင်ခဲ့ဖူးပါတယ် ။
တောတွင်းမှာလည်း နိူင်ငံတကာ သင်တန်းတွေ တက်ဖူးပါတယ် ။
ဘယ်မအေပေးတပ်စုလဲ မြေပုံညွန်းမှားလာတာ ၊ စကားဝှက်ပြောဟု ကျွန်တော်အော်ပြီးမေးလိုက်ပါသည် ။
ပုခုံးပေါ်က အနက်တစ်ပွင့်နဲ ့ မျောက်တကောင် ခုန်ထွက်လာပါသည် ။
မောင်လှ တာဝန်သိပ်သိပါတယ်
ကျွန်တော့နောက်ကနေ အေကေ ၄၇ ကိုင်ပြီး ရှေ ့တက်ခါ ပစ်ပါတော့တယ် ။
အဲဒီတအုပ်လုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားပါသည် ။
ပြည်သူ ့ကျောင်းသားနဲ ့လခစားစစ်သား အရည်အချင်းကွာပါတယ် ။
သတ္တိခြင်းလည်းကွာပါတယ် ။ ခံယူချက်ခြင်းလည်းကွာပါတယ် ။
လခစားနဲ ့ ပုတ်သင်ညိုစား တာလဲကွာပါတယ် ။
၁၀ ယောက်တယောက် ပေးတိုက်ချင်တယ် ။
ကိုဌေးပြေးတော့ဆိုပြီး မောင်လှက အချက်ပေးပါတယ် ။
လမ်းကျွမ်းကျင်သော မောင်လှက လွှားကနဲ လွားကနဲ ရိပ်ကနဲ ရိပ်ကနဲ
သစ်ပင်များက နောက်မှာကျန်ခဲ့ပါသည် ။
ထိုစဉ်မှာဘဲ ကိုသန်းနိူင်တို ့ဖက်က သေနတ်သံမှာ ကြားပါတော့တယ် ။
ပြေးရမဲ ့လမ်းကြောင်းဟာ သေနပ်သံ ထွက်ခဲ့တဲ့ ၂ နေရာရဲ ့ဆန် ့ကျင်ဖက်ကနေ
ထိုင်းနိူင်ငံကမ်းဖက်ဆီ ဆိုတာ ကွန်ပြူတာမေးရင် နောက်ကျနေအုံးမယ် ။
အသက် ၁၃ နှစ်သားကထဲက နည်းမျိုးစုံပြေးခဲ့ဘူးပါတယ် ။
ပေါ့ပါးခြင်း သွက်လက်ခြင်းဟာ ငှက်အသွင်ပါဘဲ ။
နောက်က ပြေးလိုက်လာတဲ့ ကာဘိုင် ဂျီသရီး ကျည်ဆံတွေက
ဘေးကမြက်ပင်တွေ သစ်ပင်ငယ်တွေကို ဒါးတွေနဲ ့လိုက်ရှင်းနေသလိုဘဲ ။
သေချာတာက ဖြောင့်ဖြောင့်မပြေးဘဲ အခုတ်ခံရတဲ့ သစ်ပင်ငယ်တွေကို ဖြတ်ပြေးတာပါ ။
အရှိန်နဲ ့လှည့်ပစ်နေတဲ့သေနပ်ပြောင်းဝဟာ ရုပ်တရက် ပြန်လှည့်ရန် ဘယ်လိုမှ မဖြစ်နိူင်ပါ ။
ဒီအတွက်သေဘေးကို တထွာကျော်က ၁၀မိနစ်အတွင်းမှာ လွတ်သွားပါတယ် ။
ကိုသန်းနိူင်တို ့ ကိုဇော်ဇော်တို ့အုပ်များပြီး ရန်သူနဲ ့တွေ ့တော့ တိုင်ပင်စရာမလိုဘဲ
အေကေ ၂လက်ကို နောက်ပြန်ထမ်းပြီး ပစ်ခတ်ရင်း ရင်ဘောင်တန်းပြေးကြပါတယ် ။
သူတို ့အဖွဲ ့က ငှက်ပျောတောကို ဖြတ်ပြေးပြီး သောင်ရင်းမြစ်ကို ဖြတ်ကူးကြတာပါ ။
နှလုံးအားနဲနေတဲ့ ကိုသန်းနိူင်ကတော့ အမောဆို ့နေလို ့ ၂ ခါလောက်နားပြီး
နောက်ဆုံး တော့ ကိုဇော်ဇော် ကဘဲ တွဲ တဝက် ထမ်းတဝက်နဲ ့ပြေးခဲ့ရပါတယ် ။
သစ္စာတရားနည်းသွားတဲ ့
မေတ္တာတရားကျဲနေတဲ့
မှားခဲ့သူကိုခေါင်းဆောင်ကိုးကွယ်တဲ့
မှန်တဲ့သူတွေကိုအပြစ်ရှာ တဲ့
၂၀၁၀ မှာ ဖြစ်နေတဲ့ အပုတ်ချ အစည်းပြေ တော်လှန်ရေးကာလ ဆိုရင်တော့
ကိုသန်းနိူင်ဆုံးတာ အဲဒီကထဲက တောထဲမှာ ကျန်ခဲ့ဘို ့ပါဘဲ ။
၂နေရာခွဲပြေးနေပေမဲ့ တူတာတွေရှိနေခဲ့တယ် ။
မောလွန်းလို ့ အံဖတ်လားမသိပါဘူး ဆို ့တို ့တို ့ကြီး၊ ရေငတ်ပြီး အာတွေခြောက်လာပြီး
ချွဲတွေ သလိပ်တွေပြန်ထွက်လာတယ် ။
မျက်လှည့်ဆရာတွေ အတုယူနိုင်တဲ ့သင်ခန်းစာ တခုလဲပြီးသွားတယ် ။
သေနတ်ကိုင်ပြီး ဒုံးကျည်လိုပြေးနေရာကနေ စစ်ဝတ်စုံနဲ ့စစ်ဖိနပ်ကို အရှိန်မလျှော့ဘဲ ချွတ်တဲ ့နည်းပါ ။
မြန်မာစစ်တပ်က ဝတ်စုံပြည့် လက်နက်အပြည့်နဲ ့ ထိုင်းနိူင်ငံကို ဝင်ရောက်ဖြတ်သန်းခဲ့ပါတယ် ။
ကျွန်တော်တို ့ကတော့ ထိုင်းနိူင်ငံကို ဖြတ်ဖို ့ သေရေးလား ရှင်ရေးလားမသိခင်မှာ
အပြေးမပျက် စစ်ယူနီဖေါင်းကို အပြီးချွတ်နိူင်ခဲ့ပါတယ် ။
မောနေတဲ့ကြားက အချစ်ဆုံး သေနပ်ကိုလည်း သစ်ပင်ကြီး ၂ ပင်က
ဆွဲလာတဲ့ ကောက်ကြောင်းဆုံမှတ် ဖြတ်ရာမှာ သဲတူးပြီး အနားပေးလိုက်ပါတယ် ။
ပြီးတာနဲ ့ ချောင်းထဲကို ဒိုင်ဗင် အတင်းထိုးရပါတယ် ။
ခေါင်းနဲ ့သဲဝင်ဆောင့်တဲ့အထိ ရေငုတ်လိုက်ပါတယ် ။
နောက်လိုက်ပစ်နေတဲ့ ကျည်ဆံတွေက ချောင်းထဲကို ခဲနဲ ့ပစ်နေသလိုပါဘဲ ။
မောင်လှကြီးပြောသလို ဘုရားသခင်က ကျွန်တော်တို ့ကို မခေါ်သေးလို ့ဆိုတာ မှန်သလို
သေနေ ့မစေ့သေးဘူးဆိုတာ သိပ်မှန်တာပါဘဲ ။
ဟောဟဲခတ်နေတဲ့ ကျွန်တော် ချောင်းတဝက်ကျော် ကူးမိတော့ အင်ဂျင်စက်သံကြီးတွေ စကြားပါတယ် ။
ထိုင်းနိူင်ငံ ကမ်းစပ်ရောက်တော့ ထိုင်းမြေပြင် လက်နက်ကြီး တပ်ရင်းက
ထိုင်းနယ်မြေကို စစ်ဆေးချိန်နဲ ့တိုးပါတော့တယ် ။
လက်နက်ကြီး သံချပ်ကာကားတပ်ဖွဲ ့ ထိုင်း ရဲဘော်တွေက လံကွတ်တီ နဲ ့ကျွန်တော်တို ့ကို
ဖမ်းဆီးပြီး အထက်အရာရှိထံပို ့ပါတော့တယ် ။
ထိုင်းနိုင်ငံ စစ်မြေပြင် သတင်း ထောက် လည်းရောက်လာပါတယ် ။
ကျွန်တော့မိတ်ဆွေဟောင်းပါ ။
((လေယာဉ်ပျံ ကိုပြန်ပေးဆွဲရာမှာ ဘယ်လိုထင်လဲမေးတော့
ကျွန်တော်က သူရဲကောင်းတို ့လုပ်ရပ်ဖြစ်တယ်ဆိုတာ သဘောတူပြီး
ဘန်ကောက်ပို ့က ရေးပေးသူဖြစ်ပါတယ် ။
(ခင်ဗျားပြောတဲ့ လေယာဉ်က ရဲရင့် (အခု အမေရိက)၊ စန်းနိုင် (ရဲသီဟ)တို့ မြန်မာလေကြောင်းပိုင် ဖော်ကာကို ဆွဲပြီး
ထိုင်းစစ်တပ်လေယဉ်ကွင်းမှာ ဆင်းခိုင်းတဲ့ကိတ်စ။ ဘန်ကောက်ပို့စ် မျက်နှာဖုံးမှာပါခဲ့တယ်။
လေယဉ်ကြီးကို သိပ်မနီးမဝေးကနေညဘက်မှာ ရိုက်ထားတာ။ မီးတွေထိန်လို့။
ခင်ဗျားက ဌေးတင့် အေဘီ စစ်ရေး ဌာနလုပ်လို့ ဒေါက်တာသောင်းထွန်း မြွေကိုက်သွားတယ်။
အေဘီစစ်ရေးဌာနရှိတယ်ဆိုလို့နိုင်ငံခြားအဖွဲ ့အစည်းတွေကို ဒိုင်ခံရှင်းလိုက်ရတယ်။မိတ်ဆွေတဦး)
အဲဒီ အစ ၈၈ကာလတုံးကထဲက
မြန်မာပြည်ကို လက်နက်ကိုင်တိုက်ပွဲနဲ ့ ပြောင်းလဲဖို ့ဆိုရင်
အကူအညီမရဘူးဆိုတဲ့မူနဲ ့သွားနေတာ အခုထိဘဲ ။
မဖေါက်နိုင်သေးဘူး ။
နာဂစ်မှာ စစ်သဘေ်ာကြီးတွေ ရိက္ခာအပြည့်နဲ ့အကူညီဝင်မပေးရဲကြဘူး။
တချို ့နိူင်ငံတွေတော့ လက်နက်တိုက်ပွဲကနေ
လွတ်လပ်ရေးရကုန်ပြီ။ ကြောက်တတ်ရင် လွဲဆိုတာမှန်သလားမသိ ။
ကျွန်တော်က ၁၉၈၈က ကျောင်းသားဆိုရင် လုပ်ဖေါ်ကိုင်ဖက် အမြဲတန်းသဘောထားပါတယ်)
လံကွတ်တီနဲ ့ကျွန်တော်တို ့ကို ဖါးခပ်မတ် လို ့ခေါ်တဲ ့ ထိုင်းပုဆိုးလာပေးပါတယ် ။
မြန်မာပုဆိုးက ကွင်းဖြစ်အောင်ချုပ်ထားသော်လည်း ထိုင်းရေလဲပုဆိုးက အစအရှည်ကြီးပါ ။
ထိုင်းစစ်တပ်က တပ်ရင်းမှုးနဲ ့တွေ ့ကာ စစ်ဆေးခံပြီး အခြေအနေအရ ထိုင်းနိုင်ငံကိုဝင်လာခဲ့ပြီး
ကျောက်ခက်မှာ စခန်းချနေသော ကိုမျိုးချစ် တပ်ရှိရာသို ့ ပြန်မည် ဖြစ် ကြောင်း တင်ပြသောအခါ
ယာယီဖြတ်သန်းခွင် လက်မှတ်ထုတ်ပေးလိုက်ပါသည်။
ကိုသန်းနိုင် အပါအဝင် ကိုဇော်ဇော်တို ့နှင့်ပြန်တွေ ့ကြပါသည် ။
တယောက်မျက်နှာ တယောက် အားပါးတရ ကြည့်ကြပါသည် ။
ပြန်မတွေ ့တော့ဘူးလို ့မနက်ကတင် ဆုံးဖြတ်ခဲ့ကြတာ ။
တော်လှန်ရေး သံယောဇဉ် ခံစားမှုနဲ ့အသက်ပေးပြီး
ကျန်ခဲ့ သူတွေကို စွန် ့စွန် ့စားစား ဝင်ကယ်နိုင်ခဲ့ပါတယ်
တယောက်မှ မှန်ကန်သော သစ္စာတွေကြောင့် ဒဏ်ရာမရခဲ့ပါဘူး ။
ကျွန်တော်တို ့အသက်ပေးပြီး ချစ်ခဲ့ဘူးကြပါသည် ။
ဒေါက်တာဆင်သီယာ ဆေးခန်းဖွင့်စမှာ အလှုှရှင်က စောင်တွေပေးလို ့သွားယူခဲ့ပါသည် ။
ပိုသည့်စောင်များကို လိုအပ်နေသည့် ငှက်ဖျားပျောက်ဆေးဝယ်ရန် အတွက်ရောင်းလိုက်ပါသည်
ကိုသန်းနိူင်စောင်ရောင်းသည်ဆိုတဲ ့တဖက်သတ် အပုတ်ချသံဟာ
မဲဆောက်မြို ့နေ ကျောင်းသားစု ကထွက်လာပါသည် ။
အဲဒီတုံးက စတင်မွေးဖွားလိုက်တဲ့ အပုတ်ချစိတ်ဓါတ် ၊ အတင်းပြောစိတ်ဓါတ်တွေဟာ
အနှစ်၂၀ လုံးလုံး ကျွန်တော်တို ့အုပ်စုတွေ ဆီမှာ ကြီးထွားခဲ့ပါတယ် ။
ကိုသန်းနိူင်က ဒေါပွပြီး ရဲဘော်ကျောင်းသားတွေ
တောထဲမှာ စစ်တိုက်ရင်းငတ်နေတာ ဘယ်သူကမှ မမြင်ကြဘူး ။
လိုအပ်ရင် ဒမြတိုက်ပြီး တိုက်ပွဲဆက်ဝင်မည်ဟု ကြွေးကြော်လိုက်ပါသည် ။
ကြားဖူးနားဝနဲ အများက ဒမြသန်းနိုင်ဟု သေဆုံးသည်အထိ ခေါ်ကြပါသည် ။
တကယ် ဒမြတိုက်ခဲ့သူမှာ သူ ့လက်အောက်က
နာမည်ခံမည်ဆိုပြီးမှ ခွဲထွက်ခဲ့သူ အခြားတဦးဖြစ်ပါတယ် ။
၂၀၁၀ မှာ ကိုသန်းနိူင် ဆုံးတော့ ဘာမှသေသေချာချာ မမေးတော့ဘဲ ဒမြသန်းနိူင်ဆုံးပြီတဲ ့
ကိုသန်းနိူင်မိဘတွေက ကြေးရည်တတ်တွေဖြစ်ပါတယ် ။
ဒီမိုကရေစီ တိုက်ပွဲအတွက် စည်းစိမ်နဲ ့နေရတဲ ့ဘဝကို စွန် ့လွတ်ခဲ့သူတဦးပါ ။
တော်လှန်ရေးကို တခြားသူတွေလာသလို ့သွားနဲ ့ဟိုပစ္စည်း ၂ ခုတည်း လာခဲ့သူမဟုတ်ပါ ။
ရွေထုတ်နဲ ့လာခဲ့ပြီး သေနတ် စဝယ်ကိုင်ခဲ့သူပါ ။
၁၉၈၈ တောထဲရောက်ခါစက စိတ်ဓါတ်တွေ ဘယ်ရောက်ကုန်တာလဲ ရဲဘော်ရဲဘက်တွေ ဘယ်မှာလဲ ။
ဘယ်နတ်ဆိုးက ခိုးပြေးကုန်ပြီလဲ ။
သတင်းတွေ အတင်းတွေကြားရတာ ရင်ထဲမှာ တင်းကြပ်အောင်နာမိတယ် မျက်ရည်ကျမိတယ် ။
အရေးတော်ပုံမှာ အပစ်ခံကျောင်းသားတွေ
တိုက်ပွဲကျခဲ့တဲ့သူတွေ
ထောင်ထဲမှာ လက်နက်မချသေးတဲ့သူတွေ ကို
မေ့လိုက်ကြပြီ ။
အချင်းချင်းတွေလဲ အပုတ်သံတွေဘဲ ထွက်ထွက်နေတယ် ။
တရားခံကတော့ ၁၉၉၃မှာ အာဏာရူးတစုကြောင့် ကျောင်းသားတွေ ၂ ခြမ်းကွဲပြီး
ကျောင်းသားသွေးတွေ စွန်းရာက မြစ်ဖျားခံတာဘဲ ။
အခုတော့ ၁၈၈၄ တုံးကလို ဒို ့မြန်မာတွေ အစည်းပြေသွားပြီး
အဲဒီတုံးက နယ်ချဲ ့က ဝင်အုပ်ချုပ်တာ နှစ် ၁၀၀ လောက် ကြာသွားတယ် ။
အခုရော ၁၉၈၈ လူငယ် လူလတ်တွေ တိုက်ပွဲဝင်နေတာ ၂၀ နှစ်ရှိပြီ ။
အသက် ၄၀ နဲ ့၅၀ အရွယ်ကောင်းတွေ နောက်ဘယ်လောက်ကြာမှာလဲ ၂၀ လား ၄၀ လား
၂၀၁၀ မှာ စုစည်းရေးမူ မချနိူင်သေးရင် အာဏာရှင်ကတော့ နောက် နှစ် ၁၀၀ ကျော်ဘဲလေ ။
ဌေးတင့်
၂၈ မေလ ၂၀၁၀
(ကိုသန်းနိူင်ကို ဂုဏ်ပြုပြီး ပြန်လည်ညီညွတ်ရေးအတွက် အမှန်တွေကို ရေးပြတာပါ )
(ကိုဇော်ဇော် (ကနေဒါ) ကိုကျော်မင်းဦး ( သတင်းပျောက်) ကိုမောင်လှ (မဲဆောက်)
ကိုနေမျိုး ကိုအေးဝင်းတို ့တသိုက်ကို
သန်းနိုင်သေဖို ့ဆိုတာတွေ .
စခန်းထဲက ရဲဘော်တွေ ၂ ယောက်ကို
ကယ်ထုတ်နိုင် ခဲ ့တာတွေ ။
ငှက်ပြောတောထဲ မှာ အံဖတ်ဆို ့လုနည်းပါး
ချွဲ တွဲကျ နေတာတောင် မရပ်ရဲပဲ ပြေးခဲ ့ကြတာတွေ ၊
သတင်း ထောက် ၊ လာတာတွေ ကို ရေး ပါ..
ဖလူးစခန်းကို ထိုင်းဖက်ကမ်း တောင်ပေါ်က ပြန်ကြည် ့ပြီး မျက်ရည် ကျဖြစ်ကြတာတွေ
အဲဒီ ဒုတိယပိုင်း က ပိုပြီး အသက်ဝင်တဲ့ ကျုပ်တို ့ကျောင်းသားတွေ ရဲ ့အနစ်နာခံမူ ့တွေ စိတ်ဓါတ်
တွေကို မီမောင်းထိုးပြမဲ ့အပိုင်း ဖြစ်လိမ် ့မယ်..
နောက်မှ ၀က်ဆိုက်ပေါ်မှာဖြေးဖြေးခြင်း ပြန်ပြင်လို ့ရတယ်
ပထမပိုင်းနှင် ့ဒုတိယပိုင်း အရမ်းကြာသွားရင် မဖြစ်ပါ..
ခင်ဗျား စာရေး အား ကောင်းတာအရင်က မသိခဲ ့ပါ ့လား ..အမှန်တိုင်း
ပြောရ ရင် ဘယ်မှာမှ ခင်ဗျား ခုလိုရေးတာတွေမတွေ ့ခဲ ့ဘူးပါဘူး..
ကျပ်က မှ ကဗျာလေးကာတွန်းလေး အေဘီ ခွပ်
ဒေါင်း ဂျာနယ်မှာပါဘူးသေးတ.ယ်..
ဘာပဲ ဖြစ်ဖြစ် မျိုသိပ်ထားတာတွေ မအောင် ့အီးနိုင်တော့လို ့
နှစ်တရာ ကို တခါ
အားပြင်းစွာပေါက်ကွဲတပ်တဲ ့
ဥရောပ က မီတောင် ကြီးလို ့ပဲ ခင်ဗျားကို တင်စားလိုက်ပါတယ်...)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment