ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, August 5, 2010

Ye Min ရဲမင်း

၁၄ သြဂုတ်လ ၂၀၁၀
ဖင်လန်ဆေးရုံမှ အကြောင်းကြားပါသည် ။
ကိုရဲမင်း အဆုတ်သည် ကူးစက်ရောဂါကြောင့် ပျက်စီးခဲ့ရပါသည် ။ ပိုးအမျိုးအစားကို ရှာဖွေနေဆဲဖြစ်ပါသည် ။
အသဲနှင့် ဦးနှောက် ရပ်ဆိုင်းမှုအတွက် နမူနာတစ်ရှုးစများ ထုတ်ယူပြီး ခောတ်မှီသော ဥရောပ ဓါတ်ခွဲခန်းသို့  ပို့ ထားပါသည် ။
ဖင်လန်နိုင်ငံသားခံယူထားသော ကိုရဲမင်း၏ အရိုးပြာများကို မြစ်တွင်းမျှောရန်နှင့် နေရာဝယ်ပြီး မြှုတ်နှံရန် မေးလာပါသည် ။
ကျန်ရစ်သော သားပိုတေး အမြဲတန်း ဖခင်ကို အမှတ်တရဖြစ်စေရန် မြေဝယ်ပြီး အုပ်ဂူလုပ်ရန် အကြံပြုလိုက်ပါသည် ။
လူတယောက်စာမြေကွက် အတွက် ဖင်လန်နိုင်ငံ ဟန်းစကီးမြို့ ပေါက်ဈေးမှာ တနှစ်လျှင် ၁၀ ယူရိုဖြစ်ပါသည် ။


ကိုရဲမင်းကို အခိုးအငွေ့ အဖြစ်ပြောင်းလဲပြီး သွေးမုန်တိုင်းနဲ့ အတူ စစ်အာဏာကို ဆက်လက်တိုက်ပွဲဝင်စေဖို့  မီးသဂြိုလ်စက်

7/08/2010




ဘဝရပ်တည်ရေး အလုပ်တွေများခဲ့လို့ 
နောက်ဆုံးကြမှ မှာစရာတွေ ပြောစရာတွေ အပြည့်နဲ့ ပေါ့

7/08/2010

သေသေသပ်သပ်နေတပ်တဲ့ ရဲမင်းကို ရဲဘော်ရဲဖက်များက
နောက်ဆုံးအကြိမ် ပြင်ပေးကြတယ် ။

7/08/2010


ကိုရဲမင်းရုပ်အလောင်းကို နောက်ဆုံးအကြိမ် ဂါဝရပြုခြင်း



ကိုသန့် စင်ထွန်းက တိုက်ပွဲဝင် ကိုရဲမင်းအကြောင်းရှင်းပြပါတယ် ။



ကိုရဲမင်းတယောက် ရောက်ရာ ဘုံဘဝကနေ လူနတ်သာဓုခေါ်စေနိုင်တဲ့
အလုပ်တွေ ဆက်လုပ်နိုင်ဖို့  အမျှအတမ်းဝေကြတယ် ။



သေဆုံးချိန်အထိ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ
ကိုရဲမင်းကို တိုက်ပွဲဝင်ခွပ်ဒေါင်းအလံဖြင့် ဂုဏ်ပြုကြခဲ့ကြတယ်

7/08/2010

ကိုရဲမင်း ဇနီးသည်နှင့်သားက စစ်အဏာရှင်ကို တော်လှန်နေသူများနဲ့ အတူ



ကိုရဲမင်း ရုပ်အလောင်းအတွက် နောက်ဆုံးအဆင့် ပြင်ဆင်နေကြပုံ


ဘုန်းကြီးကျောင်း ဖြစ်မြောင်ရေးအစည်းအဝေး မှာလည်း တက်ကြွခဲ့တယ်

၂၉ ဒီဇင်ဘာ ၂၀၀၇ ညနေ ၅ နာရီ

ဖင်လန်နိုင်ငံ မြန်မာဘုန်းကြီးကျောင်းဖြစ်မြောက်ရေးအတွက်
နေရာရှာစဉ်က ( ကိုရဲမင်း ကိုခင်ကျော် )

(၁၂ မေလ ၂၀၀၇)


Life of Ye Min , ( english vision is page 4,5,6 )





ကိုရဲမင်းကို ၁၂ ဖေဖေါ်ဝါရီလ ၁၉၆၄တွင်မွေးဖွားခဲ့ပါသည်။
၁၉၈၈ တွင်၇န်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒုတိယနှစ်တွင်ပညာသင်ကြားနေပါသည်။
တက္ကသိုလ်ကျောင်းသားများ အမှန်တရားဖေါ်ထုတ်ရေးနှင့်
ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးတို့ တွင်အဖွဲ့ ဝင်အဖြစ်ပါဝင်ခဲ့ပါသည် ။
ပြည်လုံးကျွတ် ဒီမိုကရေစီတာင်းဆိုပွဲများတွင် လှိုင်မြို့ နယ်ကျောင်းသားများသမဂ္ဂတွင်ပါဝင်ပူးပေါင်းခဲ့သည်။
၁၉၈၈ စက်တင်ဘာလ ၁၈ရက်နေ့ တပ်မတော်မှ
အာဏာသိမ်းပြီး လှိုင်မြို့နယ်သို့ ပစ်ခတ်ပြီး ဝင်လာသည့်အခါ
အသေခံကျောင်းသားအဖွဲ့ ဝင်ကာ လှိုင်မြို့ နယ်ထဲ
သွေးမကျရေးတွက် စစ်တပ်ပစ်ခတ်မှုကို အသက်ပေးမယ်ဆိုကာ
သမိုင်းချည်စက်ဝင်းအပြင်ကားလမ်းကြီးမှာ လက်ချင်းချိတ် ကာကွယ်ခဲ့ပါသည်။
(မှတ်မိသမျှ ဌေးတင့် ဌေးနိုင် ငြိမ်းချမ်း ရောင်နီ ဝင်းဦး ရဲမင်း သားသား အေးသိန်းထွေး သက်ကြည်
အဲဒီနေ့ ၁၈သြဂုတ်လ ၁၉၈၈ မှာ စစ်တပ်ကတာဝန်ယူယူခဲ့သူက
၁၉၇၄ကျောင်းသားဟောင်း ဗိုလ်မှုးမြင့်သိန်းက ပစ်မိန့် မပေးလို့  သေဘေးကလွတ်ခဲ့တယ်
၁၉ သြဂုတ်လ ၁၉၈၈ နေ့ တွင် တပ်မ ၂၂ လက်အောက်ခံတပ်များ ဝင်လာပြီး
သမိုင်းလမ်းဆုံမှ လှည်းတန်းမီးပွိုင့် အထိ ပစ်ခတ်ပြီး
လမ်းမတလျှောက် ချီတက်သွားရာ လမ်းမတလျှောက်
အလောင်းတွေ သွေးတွေနဲ့  ပုံ ထပ်နေပါသည် )

၁၉၈၈ ကျောင်းသားများ ရပိုင်ခွင့်တောင်းဆိုတိုက်ပွဲများကို အနှစ် ၂၀ ကျော်
စစ်တပ်အာဏာရှင်များကို လက်မမြောက် ဒူးမထောက် အရှုံးမပေးဘဲ
နယ်စပ်ဒေသ ဘန်ကောက်ဒေသ မနီလွိုင်စခန်း ထိုင်းနိုင်ငံ ဖင်လန်နိုင်ငံ အထိ အဆင့်ဆင့်ပြောင်းပြီး
နောက်ဆုံး ဆေးရုံပေါ်တွင် နေရသည့် အချိန်အထိ
မြန်မာပြည်မှ အခြေအနေဆိုးများကို
ဆေးရုံဝန်ထမ်းများကို အေးဆေးစွာရှင်းပြခဲ့ပြီး
အသက်ရှင်ရန် ကူညီနေသည့် စက်ကရိယာများ
အကူ ဆေးဝါးများကိုလည်း ငြင်းဆန်ကာ
၁၉၈၈ စိတ်ဓါတ်ဖြင့်
သေမင်းကိုလည်း နာကျင်မှုများစွာဖြင့်
၂၈ ဇွန်လိုင် ၂၀၁၀ နံနက် ၅ နာရီအထိ
ရင်ဆိုင်ခဲ့သည် ။


He was die in Helsinki in Finland on 5 o’clock 28 July 2010/

He told them who working in hospital why he left from Burma and what he want to see Burma
.








ကိုရဲမင်း၏သက်ပျောက်ဆွမ်းကပ်စဉ်က

၃၀ ဇွန်လိုင် ၂၀၁၀





ကိုရဲမင်း၏ ရရက်မြောက် ရက်လည်ဆွမ်းကို ဖင်လန်နိုင်ငံ မြန်မာဘုန်းကြီးကျောင်းတွင် ကပ်စဉ်က
Where are you go after you death with out friend?

၃ သြဂုတ် ၂၀၁၀

What is the effective you don't want to joint other people??

၃ သြဂုတ် ၂၀၁၀

Donate for Ye Min and Order to Ye Min finish Duty form Free Burma

၃ သြဂုတ် ၂၀၁၀

( အနှစ် ၂၀ ကျော် ကာလအတွင်း ၁၉၈၈ ကျောင်းသားအမည်ခံပြီး လမ်းလွဲနေသူများ ဖေါက်ပြန်နေသူများကို မြင်တွေ့ ခဲ့ရပြီး ရင်နာလို့  ၁၉၈၈ ကျောင်းသားခံယူချက်နဲ့ ရပ်တည်ခဲ့တဲ့ ကိုရဲမင်းကို ဂုဏ်ပြုသောအားဖြင့် အားလပ်သည့် အချိန်များတွင် တဆင့်ခြင်းရေးပါမည် ။

ကျွန်တော်နှင့် ကိုရဲမင်း
၁၉၈၈ သြဂုတ်လ မတိုင်မှီ လှိုင်မြို့ နယ်ကျောင်းသားများသမဂ္ဂ ကို ၁၂ ရပ်ကွက် သမဝါယမဆေးခန်း အတွင်းရှိ လူနာစောင့်သည့အခန်းတွင် ဖွဲ့ စည်းကြပါသည် ။ မှတ်မှတ်ရရ အများဆုံးဦးဆောင်ဆွေးနွေးသူက သားသား ခေါ် မျိုးဇော် ပါ ။
ကျောင်းသားများ ပြောက်ကြားချီတက် ဆန္ဒပြရန် ခွပ်ဒေါင်းအလံ လိုအပ်လာပါသည် ။
မှောင်ရိပ်ထဲက လက်ကနဲ အလင်းနဲ့ အတူ ကျွန်တော် ခွပ်ဒေါင်းအလံ တာဝန်ယူတယ်ဟု အသံထွက်လာပါသည် ။
အဲဒီတုံးက ကျွန်တော်တို့ ခွပ်ဒေါင်းပုံ ကိုအားလုံးမမြင်ဘူးသေးပါ ။ ကဒေါင်းပုံက ဗလာစာအုပ်တချို့ မှာ ပုံနှိပ်စဉ်က ပါလို့ မြင်ဖူးပါသည် ။
ကျောင်းသားငယ်တွေ ပွစိ ပွစိ ဖြစ်သွားပါသည် ။
သူ့ အတွေးအခေါ်နဲ့ အသိဥာဏ်က သူများရှေ့ မှာပါ ။
ကျွန်တော် ရကသ နဲ့ မကသ ကစည်းရုံးရေးကျောင်းသားတဦးပါ ။
ကျွန်တော့် အဖေက ပုံဆွဲ ပန်းချီဆရာပါဟု တဆက်တည်း အားတက်သရောရှင်းပြပါသည် ။
မှောင်ရိပ်ထဲက အသားညိုညို ပါဝါမျက်မှန် တဝင်းဝင်းနဲ့  ကျောင်းသားတယောက် ထွက်လာပါသည် ။
ကျွန်တော့ နာမည်အရင်းက ရဲမင်း ပါ ။
အော် သူ့ နာမည် ရဲမင်း
နောက်ထဲမှာနေပြီး လိုအပ်လျှင် တာဝန်ယူလိုသည့် စိတ်ဓါတ် အပြည့်နဲ့  ၁၉၈၈ကျောင်းသား ။
အသံက မာမာ မျက်နှာပေးက တင်းတင်း ယုံကြည်ချက်ကို
တည့်တည့်ပြော တည့်တည့်ရှောက်မည့် ပြတ်သားသည့် ၁၉၈၈ ကျောင်းသား
ပြည်လုံးကျွတ် ဆန္ဒတွေပြကြသောအခါ လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး တာဝန်ယူခဲ့သည် ။
လုပ်သား ပြည်သူများကို အဆိပ်ဘဲဥ အဆိပ်များလုပ်ကြံသူများကို
လူထုကဖမ်းပြီး ဒေါသတကြီးနဲ့  ထုကြရိုက်ကြသောအခါ
ဒုတ်ဒါးများကြားမှာ ဝင်ရောက်ပြီး ဖြေရှင်းခဲ့သည့် သတ္တိခဲ ကျောင်းသားတဦး ။
အချင်းချင်း စကားများခဲ့လျှင် ဘေးမှာထွက်နေပြီး လွတ်အောင်နေတတ်သူတဦး ။
သူ့ ကိုရန်လုပ်လျှင် တော်လှန်ရေးသမား ဘက်တူသူတွေမို့  တုံ့ ပြန်ရန်ဘယ်တော့မှ မစဉ်းစားသူ တဦး ။

ဘန်ကောက်က ဘဝရပ်တည်မှုများ

၁၉၉၀ မေလ လောက်မှာ ထင်တယ် ။ ဘန်ကောက်ရောက်ခါစပေါ့ တက္ကသိုလ်ဆရာတဦး အမျိုးမင်္ဂလာဆောင်

(အမည်မမှတ်မိ
ချမ်းအေး..............အဆိုတော် သရုပ်ဆောင်ပေါက်စ ၁၉၈၈ အရေးအခင်းအပြီးဘန်ကောက်ကိုရောက်နေပြီး ဂျင်းဘောင်းဘီစက်ရုံမှာ ယာယီလုပ်ပြီး အမေရိကန်ကို ကျွန်တော်တို့ မသိခင်မှာ ထွက်ခွာခဲ့သူ ။ ယ္ခု ဗီအိုအေမှာ လုပ်နေတယ်လို့ သိရတယ် ။ဘန်ကောက် လပ်စီမှာ အခန်းငှားနေစဉ်က ကူညီခဲ့တာကျေးဇူးတင်ပါတယ်လို့ မမ်အဖေကြီးပြဿနာကြောင့် ပြောင်းသွားတာလို့ ရဲမင်းကမှာဘူးတယ် ။
ထွန်းထွန်းဦး..........သူငယ်ချင်းများငတ်နေတာကို ကြက်ခိုးပြီးရှာကျွေးလို့  ကြက်သခိုးလို့ စပြီးခေါ်ကြတယ် ။ ကနေဒါမှာပေါ့
ရဲမင်းနဲ့  ဖုန်းပြောရင် လက်ဖါးအိုမှာနေစဉ်က မကြာခဏကူညီခဲ့တဲ့ ထွန်းထွန်းဦးတို့ စုံတွဲကို ကျေးဇူးတင်နေတုံးဘဲ
ဌေးတင့် ..............ယ္ခုတော့ နယ်သာလန်မှာ အခြေချလိုက်ပြီပေါ့
ရဲမင်း ..................နောက်ဆုံးထွက်သက်အထိ တိုင်ပွဲဝင်ခဲ့သူ

ရိုးသားစွာရှာဖွေစားသောက်ပြီး တော်လှန်နေသူ တောထဲက သူငယ်ချင်းများကို ငွေပို့ ရန် စက်ချုပ်ကြသည် ။


ငှက်ဖျားစားထားတဲ့ရုပ်ဆိုတာ အဲဒီပုံပေါ့ ၁၉၉၁ မတ်လကုန်လောက်ကထင်ပါတယ် ။ ရဲမင်းသေတဲ့အထိသိမ်းထားပေးတာလေ။


ဘန်ကောက်လူဝင်မှုကြီးကြပ်ရေးက မြန်မာပြည်ကရိုတီရောင်းသတင်းပေးတွေအကူအညီနဲ့ လိုက်ဖမ်းလို့ လေယာဉ်ကွင်းနောက်က
ချောင်းဘေးမှာ ပုန်နေရင်း ဘဝကို ရဲမင်းနဲ့ ပြန်လည်တည်ဆောက်စဉ်က
(၁၉၉၂ နှစ်ဦးပိုင်းက ကြက်ရိုးကင် ၂ ချောင်းကို တဝက်စီစားပြီး ခွဲတန်း ငံပြာရည် ၁ ဇွန်းနဲ့  ထမင်းတပုဂံစီ စားခဲ့စဉ်ကပေါ့ဗျာ )








No comments:

Post a Comment