ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Sunday, January 2, 2011

စစ်အပျက်များက ပျော်စရာဖြစ်လာတယ် ။

ရင်ထဲ အသဲထဲမှာ ဒဏ်ရာတွေ ပြည့်သွားအောင် စစ်တပ်တွေက လုပ်ခဲ့လေတော့
့နာကျည်းမှု မြင်ကွင်းတွေကို ပြည်သူတွေအတွက် ဟာသမြင်ကွင်းကို ဖန်တီးပြီး မှတ်တမ်းတင်ခဲ့ကြတယ် ။




မြန်မာ့ဇာတ်သဘင် အနုပညာရှင်တွေ ၂၀၁၀ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ၂၀၁၁ ခုနှစ် အတွက် မျှော်မှန်းချက်တွေအကြောင်း မန္တလေးမြို့က နှုတ်ခမ်းမွှေးညီနောင် လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော်နဲ့ မြပုဏ္ဏမာ အငြိမ့်အဖွဲ့က လူရွှင်တော် ကိုဂေါ်ဇီလာတို့ရဲ့ ပြောပြချက်တွေကို ရင်နင့်စွာ နားဆင်ရမှာပါ။
Pa pa lay by Htay Tint

ဘယ်သောအခါမှာ မြန်မာပြည်မှာ နေထိုင်ကြသူတွေ အားလုံး
စိတ်ချ လက်ချ အိပ်ရေး ဝဝ အိပ်ပြီး
ချင်ချင်းတတ်တာလေးတွေစားပြီး
ပျော်ရွင်စရာ ဟာသ များ နားဆင်ရပါ့မလဲ ။


zarganar-windoor.blogspot.com/

မြပုဏ္ဏမာ အဖွဲ့ ရယ်လို့ အောင်မြင် ကျော်ကြားလာပြီးနောက် ၁၉၈၈ ခု ဇန်န၀ါရီလ ပုသိမ်မြို့မှာ ပြည်ထောင်စု အလံတော် ကြိုဆိုပွဲ စင်ပေါ်ကနေ လူရွှင်တော် အရိုင်းက ရာဇ၀တ်အိုးကို တုတ်နဲ့ ထိုးချလိုက်သဗျ။ သိကြတဲ့အတိုင်း အဲဒီခေတ်က “ပြည်ထောင်စုနေ့” ဆိုတာကြီးက ကျိုက္ကဆံကွင်းထဲမှာ ၀န်ကြီးဌာန ပြခန်းတွေ၊ ပြည်နယ်နဲ့ ပြခန်းတွေနဲ့ အကြီးအကျယ် လုပ်ပြီး ဗိုလ်နေ၀င်းက နိုင်ငံရေး မျက်လှည့်ပြပွဲကြီး လုပ်တာကိုး။ ဇန်န၀ါရီလလောက်ကတည်းက စပြီး အဲဒီ ပြည်ထောင်စုအလံ ဆိုတဲ့ဟာက အိုလံပစ် မီးရှူးတိုင် လှည့်သလို ပြည်နယ်နဲ့တိုင်းတွေကို လှည့်တာကိုး။ အလံ ညအိပ်တဲ့ မြို့ကြီးတွေမှာလည်း ပွဲကြီးတွေခံပြီး နေ့စဉ် သတင်းစာ မျက်နှာဖုံးတွေမှာက ဒါပဲ ပုံကြီးတွေချဲ့ပြီး ဖေါ်ပြနေတာ။
အဲဒီလို အချိန်မျိုးမှာမှ ခုလိုလုပ်ချလိုက်တော့ ပွဲက မဆူခံနိုင်ရိုးလား။ ပြဿနာ မတက်ခံနိုင်ရိုးလား။
အချိန်က ၁၉၈၈ ဇန်န၀ါရီလ။ နေရာက ပုသိမ်မြို့။

No comments:

Post a Comment