မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)
Posted by admin on March 27, 2012
(၁)
မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ
မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော
ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …
ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုးမလာကြတဲ့ ‘မ’
တထောင်သားတွေကြောင့် မိအေးနှစ်ခါမက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု
ဖြိုခွဲခံခဲ့ရတယ်ဆိုတာ ကျောင်းသားတပ်မတော်အနေနဲ့ရော တော်လှန်ရေးအတွက်ပါ
ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေအတွက်တော့
သားသမီးရတနာများအား တူညီသော ဆုံးရှုံး မှု၊ ဒီအဖြစ်အပျက်တွေမှာ
အတွင်းကျကျအနေအထားမျိုးနဲ့ သိရှိပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ
စစ်ဆေးမေး မြန်းခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့
အရိုးရှင်းဆုံးအနေအထားကနေ အစအဆုံး ကြုံတွေ့ ခဲ့ရတဲ့ သာမန် ရဲမေတယောက်အနေနဲ့
ကျမရဲ့အမြင်ကို ပြောပြခွင့်ရှိမယ်ထင်ပါတယ်၊ မပြောခင်မှာ ကျမရဲ့ နောက်ခံ သ
မိုင်းကြောင်းကို သိချင်တဲ့သူတွေ ရှိနေနိုင်ပါတယ်။
အမေပေးထားတဲ့ ကျမရဲ့နာမည်က ခင်ရွှေလှိုင်၊ ဖြတ်သန်းခဲ့တဲ့တလျှောက်
အခုချိန်ထိ ဒီနာမည်နဲ့ပဲနေပါတယ်။ မမွေးခင် ကတည်းက “လူထု” ဆိုတဲ့ စကားလုံးက
ကျမနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီ စကားလုံးလေးကို ကျမအဖေ မြတ်နိုးလွန်းလို့
လူထု ဦးလှနဲ့ဒေါ်အမာတို့ဆီက ခွင့်ပြုချက်တောင်းပြီး မိသားစုနာမည်အဖြစ်
အသုံးပြုခဲ့တာမို့ မန္တလေး၊ နန်းရှေ့၊ လူထုမိ သားစုကလို့ သိလိုရင်
မေးကြည့်နိုင်ပါတယ်။
၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ မန္တလေးတက္ကသိုလ်
(ပင်မ) မှာ ပူးပေါင်းပါဝင်ချီတက် ဆန္ဒပြခဲ့ တယ်၊ အာဏာသိမ်းပြီးတဲ့နောက်
“အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်းပုဒ်အောက်မှာ
အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊ ဒီမိုကရက်တစ်
ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါစတာ) တို့နဲ့ လက်တွဲပြီး
အဖွဲ့ရဲ့လှုပ်ရှားမှု။ ဗကသ လှုပ်ရှားမှု။ ယူဂျီလုပ်ငန်းတချို့မှာ
ပါဝင်ဆောင်ရွက်ခဲ့တယ်။ တောထဲမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့
ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းက ရဲဘော်တွေ။ မြောက်ပိုင်းကချင်
ကျောင်း သားတပ်မတော်က ရဲဘော် ရဲမေတွေကို မေးကြည့်နိုင်ပါတယ်။
ကေအိုင်အေ အပစ်အခတ်ရပ်ဆဲပြီးနောက် (၁၉၉၆ ၉၇) မှာ ကျမ အမေရဲ့
နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်ကလာ ခေါ်တဲ့အတွက် မြောက်ပိုင်းမှာ
လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက်အရ
အမှောင်ပြန်ဝင်ခဲ့ တယ်။ အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့
ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့တွေ့ခဲ့တယ်၊ “မင်းမှာလည်း တာဝန်ရှိတယ်
ဘာလို့မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင်လာနေကြည့်မှပဲ
သိနိုင်မယ်” လို့ ဖြေခဲ့တယ်။
“မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့အပေါ်
“အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေးမပေးနိုင်ဘူး” လို့ဖြေခဲ့တယ်၊ သိချင်လို့
မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့
ဖြေခဲ့တယ်။
၁၉၉၈ မှာ အိန္ဒိယ (မဏီပူကန့်) ကို ရောက်တယ် (လူလိမ္မာ အခါခါမိုက်)၊ အေဘီ
(အနောက်ပိုင်း) တာဝန်ရှိသူက ရဲမေ လုပ်မလား အိမ်ထောင်သည်လုပ်မလား
မေးခဲ့တဲ့အပေါ် အထဲကိုပြန်ဝင်ခဲ့တဲ့သူတယောက်အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ
မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်၊ နောက်ပိုင်းမှာ
ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ။ ထိုင်းနယ်စပ်
လက်ရှိကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ နိုင်ငံတကာမှာ
ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ ဒုက္ခသည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့
ကလေးတွေကို မေးနိုင်ပါတယ်။
၂၀၁၀ လက်ရှိမှာ ကျမသမီးရဲ့ ပညာရေးနဲ့အနာဂတ်အတွက် သြစတေးရီးယားကို
ရောက်တယ်၊ ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI မန္တလေး၊ အသတ်ခံရ)
ကိုအောင်နိုင်(MC မန္တလေး၊ လက်ရှိချင်းမိုင်) ကိုစိုးလင်း (RIT မန္တလေး၊
တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ
လက်တွဲလုပ်လာခဲ့သူတယောက်ဖြစ်သလို သူတို့ (၃) ယောက်
ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကိုသွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ်
ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အကို
ကိုမောင်မောင် (ရွှေကရ၀ိတ်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ
ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေးခဲ့ကြတာပါ။ တောထဲကိုလာခဲ့တုန်းက
တယောက်တည်းပါ။ ဘယ်အ ဖော်မှ မပါပါဘူး။ တောထဲရောက်မှ ကိုသံချောင်း
(မြစ်ကြီးနားတက္ကသိုလ် မိုးညှင်း မိုဟန်)။ ကိုမျိုးဝင်း(RIT
မိုးညှင်း၊နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ စုံတွေ့ခဲ့တယ်။
ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ။
လုပ်တဲ့သူတွေဘက်ကလည်း ဒီလူတွေအားလုံးဟာ ရန်သူ့သူလျိုတွေပါလို့
စွပ်စွဲခဲ့သလို သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေရှိတယ်။
တချိန်ချိန်မှာ ဒီအတွက် ကြိုးစင်တက်ရမယ်ဆိုရင်လည်း ကြိုးစင်တက်မယ်လို့
ပြောခဲ့ကြတယ်။
ခံရသူတွေဘက်ကလည်း ငါ့တို့အားလုံးဟာ တယောက်မှ ရန်သူ့သူလျှိုမဟုတ်ဘူး
မတရားလုပ်တာခံခဲ့ကြရတဲ့ ကျောင်း သား အစစ်အမှန်တွေပါလို့ ပြောခဲ့ကြတယ်။
ကျမကတော့ နှစ်ခုစလုံးကို လက်မခံချင်တဲ့သူ။ ၅၀၀
လောက်ရှိတဲ့တပ်ကိုဖြိုဖို့ ရန်သူ့သူလျှို ၅ ယောက်တောင်မလိုသလို ရန်သူ့လူ
အမှန်တကယ် မပါခဲ့ရင် ဒါတွေလည်းဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျမ ယူဆတယ်။
ရန်သူ့သူလျှို တ ယောက်မှမပါဘဲ သူတို့အချင်းချင်း တောထဲမှာ
အာဏာလုခဲ့ကြတာပါဆိုတဲ့ ပုံပြင်က ရိုးစင်းလွန်းအားကြီးပါတယ်။ အာ
ဏာလုတာမှန်ရင် အမျိုးသမီးရဲမေတွေနဲ့ အောက်ခြေက ရဲဘော်တွေအများကြီးကို
ဖမ်းစရာအကြောင်း မရှိပါဘူး။
သေချာတာကတော့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့
ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ
ကိုယ့်လူကိုယ်ပြန်စားနည်း (ရန်သူ့သူလျှိုကို ထွက်ပေါက်အသင့်ပေးထားပြီးသား
ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး
ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ ဆင်ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို
ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ။
အစီစဉ်ရှိရှိလုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့
ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ ရှိနေရမဲ့
ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊
ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျှို
ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့
အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့
“သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွှန်ပြနေပါ တယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
28 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)”
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၂)
Posted by admin on March 28, 2012
မြောက်ပိုင်းရဲ့ နိဒါန်းအစ
မြောက်ပိုင်းဟာ ရှစ်လေးလုံးနောက်ပိုင်း တက်လာခဲ့တဲ့ ဗန်းမော်အုပ်စု၊
မြစ်ကြီးနားအုပ်စု၊ မိုးကောင်းအုပ်စု၊ မိုးညှင်းအုပ်စု ကော်လင်းဝန်သို၊
စစ်ကိုင်းအုပ်စု စတဲ့ ဒေသခံကျောင်းသားတွေစုဆုံရင်း ဖြစ်တည်လာတဲ့
အဖွဲ့အစည်းတခုပါ။ အုပ်စု တွေကို ဦးဆောင်လာခဲ့ကြသူတွေကတော့ ထုံးစံအတိုင်း
ကျောင်းသားအရွယ်ကို ကျော်လွန်နေပြီဖြစ်တဲ့ လုပ်ငန်းခွင်ပိုင်း က
လူကြီးတွေပါပဲ။ အုပ်စုတစုစီမှာကို ဦးဆောင်လာတဲ့လူကြီးတွေကြား
ပုံသ္ဂန်ချင်းလည်းမတူ အမြင်ချင်းလည်းမတူ ကွဲ ပြာခြားနားမှုတွေ
ရှိခဲ့ကြတဲ့အတွက် အုပ်စုတစုစီအတွင်းမှာရော အုပ်စုလိုက်အနေနဲ့ရော
နေရာလုပွဲတွေ ရှိခဲ့ကြတယ်။ ယူဂျီလမ်းကြောင်း ပွင့်ပြီးတဲ့နောက် ရန်ကုန်၊
ပဲခူး၊ မန္တလေး၊ မုံရွာ၊ ရေကျပ်ဘို ကျောင်းသားတွေ တဖြေးဖြေး ၀င်ရောက်
လာခဲ့ကြတယ်။
ဒေသခံကျောင်းသားဦးရေ တော်တော်များများပါဝင်တဲ့ စစ်သင်တန်းအပတ်စဉ် (၄)
အထိ ပြဿနာအကြီးကြီးမားမား မ ရှိခဲ့ပေမဲ့ နန်းအောင်ထွေးကြည်နဲ့
အတူတူလာခဲ့တဲ့ တိုက်ပိတ် (ဒေါ်အောင်ဆန်းဆုကြည် ခြံထဲမှာ အမြဲလာရှုပ်ပြီး၊
ဖွဖွနေ လို့ ခြံလုံခြုံရေးတာဝန်ကျသူတွေက မသင်္ကာဖြစ်ပြီး ခြံထဲက
တိုက်ပျက်ထဲကို ခေါ်စစ်ရာက တွင်ခဲ့တဲ့နာမည်) နာမည်အ ရင်းက သန်းထွန်းစိုး
(မြောက်ပိုင်းမှာ သူတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဒေါ်အောင်ဆန်းဆုကြည်ထံ
သွားပေးခဲ့လို့ ဒေါ် အောင်ဆန်းဆုကြည် တောတွင်းဆက်သွယ်မှုနဲ့
ပထမဆုံးစွပ်စွဲခံခဲ့ရသလို၊ မြောက်ပိုင်းရဲ့ တောတွင်းဓါတ်ပုံတွေကို မျက်
ခင်းသစ်မှာ ဖော်ပြနိုင်အောင် ပထမဆုံး ဖန်တီးပေးခဲ့သူ။ ကိုသံချောင်းနဲ့
ရဲဘော်တွေ တိုက်ပွဲဝင်ရင်း အဖမ်းခံရစဉ်က အ စိုးရဘက်တော်သားလုပ်ခဲ့သူ) နဲ့
သူခေါ်လာခဲ့တဲ့ ရန်ကုန်၊ ပဲခူး၊ မြို့ပြကျောင်းသားတွေ
အတော်များများပါဝင်ခဲ့တဲ့ စစ် သင်တန်းအပတ်စဉ် (၅) မှာမှ သင်တန်းသားတွေကြား
အုပ်ချုပ်သူတွေအပေါ် ဆူပူမှုတွေ မကျေနပ်မှုတွေ စတင်ဖြစ်ပွား လာခဲ့တယ်။
ရဲဘော်ရဲမေတွေ အားလုံးကို ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။
ရွေးကောက်ပွဲတွေ ပြန်လုပ်ခဲ့ ကြတယ်။
အဲဒီရွေးကောက်ပွဲကနေ ရန်ကုန် မန္တလေးက ကျောင်းသားတွေ အတော်များများ
နေရာရလာကြတယ်။ ရွေးကောက်ပွဲပြီး မှ ကိုထွန်းအောင်ကျော်။ ကိုအောင်နိုင်။
ကိုစိုးလင်းတို့ နောင်ရာပါမှာ စစ်သင်တန်း အပတ်စဉ် (၆) ကို တက်ခဲ့ကြတယ်၊ ကျမ
ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းကနေ မြောက်ပိုင်းကချင်ကို
ရောက်လာချိန်မှာ အပတ်စဉ် (၆) သင်တန်းပြီး ခါနီးချိန်ဖြစ်လို့
နောင်ရာပါမှာလုပ်တဲ့ ကိုထွန်းအောင်ကျော်တို့ရဲ့ သင်တန်းဆင်းပွဲကို
တက်ရောက်ခဲ့တယ်။ စစ်သင်တန်း ဆင်းပြီးချိန်၊ ရှေ့တန်းစခန်းအသီးသီးက
ရဲဘော်ရဲမေတွေ တဖွဲဖွဲပြန်ရောက်လာကြပြီးနောက် ရွေးကောက်ခံရသူ ဗဟို
ကော်မတီဝင်အချင်းချင်း ပြန်လည်ရွေးချယ် နေရာချထားခြင်းအားဖြင့် (၁၉၉၀ ၁၉၉၁)
ကျောင်းသားတပ်မတော် (မြန်မာ ပြည်မြောက်ပိုင်း) ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။
ဒါကို စစ်ရုံးမှာ မှတ်တမ်းလိုက်ယူခဲ့ရတဲ့ထဲမှာ ကျမ ကိုယ်တိုင်ပါခဲ့တဲ့အ
တွက် အဲဒီအချိန်ထိ သူတို့ကြားမှာ ပြဿနာတစုံတရာမရှိ
အားလုံးပျော်ပျော်ရွင်ရွင် တက်တက်ကြွကြွ ကျေကျေနပ်နပ်ပဲ ပြောဆို
ဆွေးနွေးခဲ့ကြတာကို ကျမ တွေ့မြင်ခဲ့ရသလို၊ အဲဒီအချိန်တုန်းကပါဝင်ခဲ့တဲ့
ဗဟိုကော်မတီတွေ ကိုယ်တိုင်လည်း သိပါလိမ့်မယ်။
ရဲဘော်ရဲမေတွေ အနေအထား
“တော်လှန်ရေး” ဆိုတဲ့ စကားလုံးလေးက သုံးလုံးလေးပဲရှိပါတယ်။ ဒါပေမဲ့
တဆင့်ပြီးတဆင့် စာမေးပွဲစစ်သလို အမျိုးမျိုး သော
စစ်ဆေးစမ်းသပ်စိန်ခေါ်ဆွဲဆောင်မှုတွေကို မကျော်ဖြတ်နိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကို
တော်လှန်ရေးသမားပါလို့ ဘယ် သူမှ မပြောရဲအောင် သူ့ပင်ကိုယ်သဘာဝအရကို
အစွမ်းသတ္တိရှိနေပြီးသား စကားလုံးလေးပါ။
“တောခိုတယ်” ဆိုတဲ့ စကားလုံးလေးကလည်း သုံးလုံးပဲရှိသလို
တောင်တက်တယ်ဆိုတဲ့ စကားလုံးလေးကလည်း သုံး လုံးလေး ပါပဲ၊ ဒါပေမဲ့
မြို့ပြကလာခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဒီစကားလေးသုံးလုံး နောက်ကွယ်က
စစ်ဆေး စမ်းသပ်စိန်ခေါ်မှု အမျိုးမျိုး အခက်အခဲအမျိုးမျိုးကို
ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရတာပါ။
မြောက်ပိုင်းမှာ မြို့ပြကလာတဲ့ ရဲဘော်ရဲမေအများစုဟာ
ကိုယ့်ရဲ့ခံနိုင်ရည်နဲ့ ပါလာတဲ့အရည်အချင်းလေးတွေအရ စစ်ရုံး။ ကော်မတီရုံး၊
ဆေးတပ်၊ စက်တပ်နဲ့ နောက်ပိုင်းထောက်ပံ့ရေး၊ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေ၊
စခန်းရုံး၊ ဂိတ်စောင့် ကင်း စောင့်၊ အဆောက်အဦဆောက်လုပ်ငန်းတွေမှာ
ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ အနည်းစုလောက်သာ ရှေ့တန်းတိုက်ပွဲတွေမှာ
ပါဝင်ခဲ့ကြတယ်။
ဒေသခံကျောင်းသား အများစုကတော့ သူတို့ရဲ့ ခံနိုင်ရည်နဲ့
နယ်မြေကျွမ်းကျင်မှု၊ တောတောင်တွေနဲ့ရင်းနှီးပြီး လုပ်တတ် ကိုင်တတ်
ရှာဖွေစားသောက်တတ်ပြီးသားအပေါ် မူတည်ပြီး ရှေ့တန်းထွက်တိုက်ခိုက်တဲ့
ရဲဘော်တွေ ဖြစ်လာတယ်။ အဲဒီ ရဲဘော်တွေကြားမှာမှ တိုက်ရဲခိုက်ရဲရှိပြီး
အမြဲလျှင်မြန်ဖြတ်လတ်တက်ကြွနေတဲ့ ရဲဘော်တွေက ကွန်မန်ဒိုရဲဘော်တွေ ဖြစ်
လာတယ်။
ကျမဟာ နောက်တန်းရုံးတွေမှာ လုပ်ကိုင်နေတဲ့ရဲဘော်တွေကြားမှာ
ကျင်လည်နေထိုင်ခဲ့သူတဦးဖြစ်သလို ဒီ ရဲဘော်တွေ နဲ့အတူ ရှေ့တန်းလည်း
ထွက်ခဲ့ဖူးသူတဦးဖြစ်လို့ ရှေ့တန်းမှာ သူတို့အောက်က ရဲဘော်ရဲမေ အငယ်တွေကို
ရန်သူကို တိုက်နေရင်း တဘက်နဲ့ သူတို့ဘယ်လို
ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတယ်ဆိုတာကိုလည်း ကိုယ်တိုင် ခံစားဖူးခဲ့ပါ တယ်။
ဒေသခံ ကျောင်းသားတွေက ရန်ကုန်၊ မန္တလေးကျောင်းသားတွေကို ငပျင်းတွေလို့
မြင်တယ်။ ရန်ကုန်၊ မန္တလေးကျောင်း သားတွေကလည်း သေရင်တောင်
လေတော့မလျော့ထဲကဆိုတော့ “မင်းတို့ ၀ါးအလုံးတရာကို တနာရီ ခုတ်နိုင်ရင်
ငါတို့ နှစ်နာရီ သုံးနာရီ ခုတ်လို့ရပေမဲ့ ငါတို့ရေးတဲ့ စာတကြောင်းကို
မင်းတို့ တနှစ်လည်းမရေးနိုင်ဘူး၊ နှစ်နှစ်လည်း မရေးနိုင် ဘူးလို့
ဆိုတတ်တယ်။ အဲဒီလို စကားလေးတွေ အောက်ခြေကရဲဘော်တွေကြား တခါတလေ
အငြင်းအခုန်ရှိကြတာက လွဲလို့ သူအလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်
ရှိနေကြတာမို့ ရဲဘော်ရဲမေတွေ ကြားမှာလည်း ပြဿနာရယ်လို့ ကြီးကြီး ကျယ်ကျယ်
လက်ညှိုးထိုးပြစရာ မရှိခဲ့သလို တွေ့လည်းမတွေ့မိခဲ့ဘူး။
ဦးဆောင်သူများနဲ့ ရဲဘော်ရဲမေတွေ အခြေအနေ
သေချာတာကတော့ မြောက်ပိုင်းက ရဲဘော်ရဲမေတွေကို အပြန်အလှန်နားလည်မှုနဲ့
အထက်အောက် အမိန့်နာခံတတ်သူ တွေ ဖြစ်လာအောင် စည်းကမ်းချက်တွေ
တမျိုးပြီးတမျိုး ပြဋ္ဌာန်းပြီး ပုံသွင်းယူနိုင်ခဲ့ကြတယ်။ ရှေ့တန်းမှာလည်း
ရှေ့တန်း အလျှောက် နောက်တန်းမှာလည်း နောက်တန်းအလျှောက် စနေ၊ တနင်္ဂနွေကလွဲရင်
မနက် (၆) နာရီ အလံတင်ချိန် က စပြီး ညနေ (၄) နာရီ အလံချချိန်ထိ အားလုံးဟာ
ယူနီဖောင်းကိုယ်စီ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီ (အနည်းဆုံး မြေ ပေါက် မြေညှိ၊
ဝါးခုတ်၊ တိုင်ခုတ်၊ ထင်းဖြတ်၊ ထမ်းကြသယ်ကြ၊ အဆောက်အဦတွေဆောက်၊ ရိက္ခာရှာ)
တွေနဲ့ပါ။
ဦးဆောင်တဲ့သူတွေဟာ အပြောသမားသက်သက် အခွင့်အရေးခံစားနေသူတွေသက်သက်
အာဏာရူးနေတဲ့လူတွေသက် သက် ဖြစ်နေလို့ကတော့ ဘယ်လိုနည်းနဲ့မှ ဒီလိုပုံစံတကျ
ဖြစ်အောင် မဖော်နိုင်ပါဘူး။ သူတို့ပြောတဲ့အတိုင်း သူတို့ကိုယ် တိုင်လည်း
လုပ်ခဲ့တဲ့သူတွေဖြစ်လို့ ရဲဘော်ရဲမေတွေ အားလုံးကလည်း သူတို့နဲ့အတူ
လိုက်ပါခဲ့ကြတာပါ။ ဒီခေါင်းဆောင် တွေ သူတို့ရဲ့ ရဲဘော်ရဲမေတွေအပေါ်
ဘယ်လိုသဘောထားခဲ့ ဆက်ဆံခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်သိမြင် ခံစားခဲ့ဖူး သလို
ဗဟိုကော်မတီ ၀င်တွေဖြစ်တဲ့ ကိုညီညီကျော်၊ ကိုရဲလင်းတို့ကအစ
အဖမ်းခံရတဲ့ထဲမှာပါဝင်ခဲ့တဲ့ အောက်ခြေ ရဲ ဘော် ရဲမေတွေအဆုံး
ဒီအဖြစ်အပျက်တွေ မဖြစ်သေးခင်ထိ ဒီခေါင်းဆောင်တွေ
သူတို့ရဲ့ရဲဘော်ရဲမေတွေဖြစ်တဲ့ သူတို့ တွေအပေါ် ဘယ်လိုသဘောထားခဲ့ကြတယ်၊
ဘယ်လိုတွေ ဆက်ဆံခဲ့ကြတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း သိနား
လည်နေကြလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဘိုဘို၊ ကျော်ခိုင်ဝင်း၊ ၀ဏ္ဏဇော်၊
နန်းစော၊ အီးတီ၊ ထက်ထက်၊ အန်း၊ သင်း သင်း တို့ဆိုတာ လူကြီးတွေအားလုံးက သာမက
ရဲဘော်ရဲမေတွေအားလုံးကပါ ၀ိုင်းချစ်တာကို ခံခဲ့ရတဲ့ ရဲဘော်ရဲမေ အ
ငယ်တွေပါ။
၁၃ နှစ်ကျော်အရွယ်နဲ့ တောထဲရောက်လာခဲ့တဲ့ သင်းသင်းကို
ရွှေလီနယ်စပ်မှာကတည်းက သေချာစဉ်းစားအုံး ဒီနေရာ ကနေ လှည့်ပြန်လို့ရသေးတယ်။
တောထဲရောက်မှ ပြန်လို့မရတော့ဘူးလို့ အတန်တန် သတိပေးခဲ့တဲ့ကြားက
ဆုံးဖြတ်ပြီး ပြီ သွားမယ်ဆိုလို့ နောက်တန်းဗဟိုကို ရောက်လာခဲ့တဲ့ သင်းသင်း။
ရေခဲတဲ့အထိ ခိုက်ခိုက်တုန်အောင် ချမ်းအေးတဲ့ ရာ သီဥတုအောက်မှာ
အနွေးထည်ဖားဖားကြီးကြီးကို လက်ဖျားတွေဖုံးအောင် အတင်းစွဲဝတ်ထားရင်း
နှာရည်တွေတရှုပ်ရှုပ် တငိုငိုတရီရီနဲ့ ပြန်ချင်တယ်ပြောလာတာကိုကြည့်ပြီး
ဒီလိုအရွယ်ကလေးတွေ ဒီလိုတောထဲ ရောက်လာခဲ့ရတာကို သူ တော်တော်
စိတ်မကောင်းဖြစ်ရတဲ့အကြောင်း မြောက်ပိုင်းကို ကျမ စရောက်လာတဲ့အချိန်က
ပြောပြခဲ့သူက ကိုမျိုးဝင်းပါ။
လုပ်တဲ့သူနဲ့ ခံရသူ နာကျည်းချက်တွေနဲ့ “ကိုတောင်
တတ်မခေါ်နိုင်ကြတော့တဲ့အဖြစ်၊ စိတ်မကောင်းပါဘူး၊ ဒါတွေကို အ ကြားနဲ့
နားထောင်ရသူတွေအတွက်တော့ ကျမတို့ငယ်ငယ်က သတင်းစာတွေထဲမှာ လူတွေကို
ရက်ရက်စက်စက် ဘက် နက်နဲ့ ထိုးသတ်နေတဲ့ ဗိုလ်မြဆိုပြီး ပုံနဲ့တကွ သူပုန်တွေ
ရွာတွေကိုမီးရှို့တာတွေ၊ လူသတ်တာတွေ၊ မုဒိန်းကျင့်တာတွေ သတင်းစာတွေထဲမှာ
လူကြီးတွေပြောတာ တွေ့ရကြားရတာနဲ့ “သူပုန်ဆိုတာ မမြင်ဖူးပဲနဲ့တောင်
ကျမတို့အတွေးနဲ့ ကြောက်နေခဲ့ကြသလို ဖြစ်နေကြမှာပါ။
ကိုယ့်ကိုအုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က လူတွေကိုအစုလိုက်အပုံလိုက်
သေနတ်နဲ့ပစ်သတ်။ အသက်ရှူကြပ်ပြီး မွန်း သေကြတဲ့အထိ အချုပ်ကားတွေထဲ
အတင်းတွန်းသိပ်ထည့်။ မသေမရှင်ကော သေပြီးသားတွေရော စစ်ကားကြီးတွေပေါ်
အကုန်ကောက်တင်၊ ထောင်မရောက် တောမရောက် သဂြုင်္ိစက်မရောက်
ပျောက်တဲ့သူတွေကပျောက်၊ မီးသဂြုင်္ိလ်စက် ကနေ မီးခိုးတွေ တလူလူ
အဆက်မပြတ်ထွက်လာခဲ့ချိန်က ကျမတို့တတွေ “သူပုန်” ဆိုတာကိုတောင်
ကြောက်ရကောင်း မှန်း မသိကြတော့ဘဲ ကိုယ်တိုင် “သူပုန်” တွေ ဖြစ်ခဲ့ရတယ်။
လောကကြီးကပဲ ဆန်းကြယ်နေသလား။ လူတွေကပဲ ဖန် တီးယူခဲ့ကြသလား
မစဉ်းစားနိုင်သေးပါဘူး။
ရက်စက်ကြမ်းကြုပ်တဲ့ လူသတ်သမားလို့ အစိုးရက၀ါဒဖြန့်နေတဲ့
ဗိုလ်ချုပ်ကြီးစောဗိုလ်မြကို တောထဲမှာလည်းတွေ့ရော ကလိမ်ကကျစ်မရှိ
ရိုးရိုးနဲ့ရှင်းရှင်း ဗြောင်ပြောတတ်လုပ်တတ်သလို ကျောင်းသားတွေအပေါ်မှာ
သားသမီးနဲ့မခြား သ ဘောထားဆက်ဆံတာတွေ တွေ့ရတော့ ကျောင်းသားတွေကပဲ
နာမည်ပြန်မှည့် ပေးခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ အ ချစ်တော် အောင်ထွန်းလေး
(ကလေးသရုပ်ဆောင်) တဲ့၊ ဖြစ်တတ်တဲ့သဘောလေးကို သတိရမိလို့ပါ။
ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ဦးဆောင်သူတွေနဲ့
ရဲဘော်ရဲမေတွေအားလုံး စည်းစည်းရုံးရုံးပျော်ပျော်ရွင်ရွင်နဲ့ အရာအားလုံးဟာ
တက်ကြွပြီး အားမာန်အပြည့်ဖြစ်နေကြတဲ့ အချိန်ပါ။ ဥက္ကဋ္ဌ ထွန်းအောင်ကျော်က
နောက်တန်းဗဟိုနဲ့ မဟာမိတ်ဆက်ဆံရေးကို တာဝန်ယူထားတယ်။ ရဲဘော်သံချောင်း၊
ရဲဘော်အောင်နိုင် ဦးဆောင်ပြီး စည်းရုံးရေးစစ် ကြောင်းအနေနဲ့
ဗန်းမော်ရင်းတ၀ိုက်က ရွာတွေမှာ တရွာပြီးတရွာ လယ်ကွင်းတွေ တကွင်းပြီးတကွင်း
ရွာသားတွေကို စပါးတွေကူရိတ်ပေးတဲ့ ရဲဘော် ရဲမေတွေက ရိတ်ပေးကြ၊ ဆေးကုပေးတဲ့
သူတွေက ကုပေး၊ ၀ါဒဖြန့်ချိရေးအဖွဲ့က ရဲဘော် ရဲမေတွေကလည်း
ကျောင်းသားတပ်မတော်သီချင်းတွေ သီကုံးရေးသားစပ်ဆိုရင်း တခွေပြီးတခွေ
တရုတ်ပြည် ‘ရင်ကြမ်း’ မှာ ထုတ်နိုင်ခဲ့ကြသလို ကျောင်းသားတပ်မတော်သီချင်းတွေ
တပုဒ်ပြီးတပုဒ် သီဆိုဖျော်ဖြေပေးကြနဲ့ ရွာသားတွေကော ကလေးတွေပါ ပါဝင်ခဲ့တဲ့
ရဲဘော်ရဲမေတွေနဲ့အတူ ကျေနပ်ပျော်ရွင်နေကြတဲ့ အချိန်ကာလလေးပါ။
ခရိုင်မှူးတွေနဲ့ ရဲဘော် ရဲမေတချို့ ရွာသားတွေရဲ့ လယ်အလုပ်ကို တဘက်ကကူရင်း
ရွာသားတွေကြားမှာ မြှုပ်နှံနေထိုင်ရင်းနဲ့ စည်းရုံးရေး လုပ် ငန်းတွေ
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တဲ့အတွက်
ဗန်းမော်ခရိုင်ရဲ့တချို့ရွာတွေမှာ ပြည်သူ့စစ်တောင် ဖွဲ့ နိုင်ခဲ့ကြပါတယ်။
ဒုစစ်ဦးစီးချုပ် (VCS) ရဲဘော်မျိုးဝင်း ဦးဆောင်ပြီး မိုးညှင်း ရင်း (၅)
ဘက်မှာ ရဲဘော်တွေနဲ့ စစ်ကြောင်းတကြောင်း၊ စစ်ဦး စီးချုပ် (CS)
ရဲဘော်သံချောင်း ဦးဆောင်ပြီး ဗန်းမော်ရင်းဘက်မှာ ရဲဘော်ရဲမေတွေနဲ့အတူ
စစ်ကြောင်းတကြောင်း၊ စစ် ကြောင်းနှစ်ကြောင်း အပြိုင်ထွက်ပြီး “မင်းတို့
သေနတ် ဘယ်နှစ်လက်ရပြီလဲ ငါတို့ဘယ် နှစ်လက်ရပြီ” နဲ့ စကားပြောစက် ကတဆင့်
တဘက်ကိုတဘက် မခံချင်အောင်ပြောရင်း အပြိုင်အဆိုင် တိုက်နေကြတဲ့အချိန်။
ရန်သူ့ဘက်က စစ်ဗိုလ် တ ယောက်ကျဆုံးပြီး (ကျန်ရစ်ခဲ့တဲ့ အဲဒီစစ်ဗိုလ်ရဲ့
ကျောပိုးအိတ်ထဲက ရွှေတိဂုံဘုရားပုံ၊ မိဘနှစ်ပါးပုံ၊ ချစ်သူပုံနဲ့ သိမ်းထား
တဲ့ စာလေးတွေ ကျမတို့ ရဲမေတစု ဖတ်ကြည့်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။
စစ်ရဲ့ခါးသီးမှုနဲ့ စစ်အစိုးရကို ပိုပြီး အော့နှလုံးနာမိ ပါသေးတယ်)
ရန်သူ့တပ်သားတွေအများအပြား ဒဏ်ရာရခဲ့ လက်နက်တွေရခဲ့သလို ကျမတို့ဘက်မှာ လည်း
ရဲဘော်သံချောင်း ဟာ မိုးညှင်းတိုက်ပွဲမှာ မျက်လုံးတဘက်။ မြစ်ကြီးနားဘက်မှာ
ရွာထဲ ရန်သူတွေရောက်နေမှန်း မသိ ကိုယ့်လူတွေမှတ်လို့ အိမ်ထဲဇွတ်ဝင်သွားတာ
ကံကောင်းလို့မသေနဲ့ ဒီဗန်းမော်တိုက်ပွဲမှာ လက်တဘက်ပေးခဲ့ရပြီး
လက်ရှိမှာလည်း တိုက်ပွဲဝင်ရင်း ရဲဘော်တွေနဲ့အတူ အဖမ်းခံခဲ့ရလို့
သေဒဏ်အထပ်ထပ်ကျခံနေရဆဲနဲ့ ရဲဘော်တချို့ ဒဏ်ရာရခဲ့ကြတယ်။
အရှင်ဖမ်းမိတဲ့ ရန်သူ့တပ်သားတယောက်ကိုတော့ ဗန်းမော်ရင်းမှာပဲခေါ်ယူ
စစ်ဆေးမေးမြန်းပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွတ်ပေးခဲ့တယ်။
“သောင်းကျန်းသူတွေ လက်ထဲရောက်လို့ကတော့ ခေါင်းဖြတ်ခံရမယ်၊ သူပုန်တွေဆိုတာ
လူသား တောင် စားတယ်” လို့ ၀ါဒဖြန့်ခံထားရတဲ့ အဲဒီတပ်သားဟာ တောထဲမှာ
သူနဲ့ရွယ်တူ ကျောင်းသား ရဲဘော်ရဲမေတွေကို တွေ့လိုက်တော့
အတော်လေးအံ့သြသွားခဲ့တယ်။ သူ့ကို နားလည်မှုနဲ့ နွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့
ကျောင်းသား ရဲ ဘော်ရဲမေတွေအတွက် သူပြန်ခါနီးမှာ ကဗျာလေးတပုဒ်
ရေးသွားပေးခဲ့တယ်။
ရှေ့တန်းစခန်းအသီးသီးက ရဲဘော်တွေရဲမေတွေတဖွဲဖွဲ နောက်တန်းဗဟိုကို ပြန်ရောက်လာချိန်
ရှေ့တန်းပြန်ကြိုဆိုပွဲတွေ၊ ရဲဘော်ရဲမေတွေအချင်းချင်း
ပြန်လည်တွေ့ကြစုံကြ၊ အလွမ်းတွေသယ်ကြ၊ အားလုံးစုံစုံညီညီ တက်တက်ကြွကြွနဲ့
ပျော်ရွင်ခဲ့ကြပြီး ရှစ်လေးလုံးအခမ်းအနားကို အကြီးအကျယ်
ကျင်းပပြီးကြတဲ့နောက်မှာပဲ။
(အဲဒီလို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပြီး ၁၉၉၁ ရှစ်လေးလုံးအခမ်းအနားပြီး
နောက်ပိုင်းမှာတော့ စည်းရုံးညီညွတ်မှု ပြိုကွဲပြီး သံသယကိုယ်စီဖြစ်နေကြတဲ့
အချိန်မှာပဲ ဗန်းမော်ရင်းဟာ အကြီးအကျယ် ထိုးစစ်ဆင်တာခံခဲ့ရတဲ့အတွက် အ
ဖမ်းခံထားရသူတွေထဲက မလိုက်နိုင်တဲ့ ရဲဘော်ဝင်းနောင် (ရန်ကုန်၊ သင်တန်းဆရာ)
ကို သတ်ခဲ့ရပြီး ကျန်လူတွေကို အ ခက်အခဲအမျိုးမျိုးကြားကနေ ဗဟိုအရောက်
ခေါ်လာခဲ့ကြရတယ်။ ဗန်းမော်ရင်းကတော့ ရန်သူ့လက်ထဲကျ ရောက်သွား ခဲ့ရတယ်။
တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ)
(၂)
ဦးဆောင်သူ အချင်းချင်းကြားက ပါဝါ
ဥက္ကဋ္ဌ ရဲဘော်ထွန်းအောင်ကျော်၊ အတွင်းရေးမှူး ရဲဘော်အောင်နိုင်တို့က
အစကတည်းက တိုက်ရေးခိုက်ရေးထက် နိုင်ငံ ရေး၊ စည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေး၊
ယူဂျီလုပ်ငန်းတွေဘက်ကို ပိုအားသာတဲ့သူတွေဖြစ်လို့ သူတို့လုပ်ချင်တာကို သူ
တို့ လုပ်ကိုင်ခွင့်ရရှိနေတဲ့ အနေအထားမျိုးမှာ တိုက်ခိုက်ရေးကို
ဦးဆောင်နေတဲ့ ရဲဘော်သံချောင်း၊ ရဲဘော်မျိုးဝင်းတို့ အ ပေါ် ပြဿနာတစုံတရာ
မရှိနိုင်သလို၊ စစ်ဦးစီးချုပ် ရဲဘော်သံချောင်းနဲ့ ဒုစစ်ဦးစီးချုပ်
ရဲဘော်မျိုးဝင်းတို့ကလည်း အစက တည်းက နိုင်ငံရေး၊ စည်းရုံးရေးတွေ
သိပ်စိတ်ဝင်စားသူတွေမဟုတ် တိုက်ဖို့ခိုက်ဖို့လောက်ပဲ စိတ်ဝင်စားသူတွေ။
သူတို့ လုပ်ချင်တဲ့အလုပ်ကို သူတို့လုပ်နေရတဲ့အပြင် လက်နက်ကိုင်တပ်ကို
အဓိကထားတဲ့အဖွဲ့ဖြစ်တာကြောင့် စစ်ရေးနဲ့ပတ် သက်တဲ့ အမြင့်ဆုံးအာဏာတွေကို
ရရှိထားပြီး ရဲဘော်တွေကို လက်တွေ့ဦးဆောင်မှုပေးနေရတဲ့ အနေအထားမျိုးမှာ
ရဲဘော်တွေကြား သြဇာအာဏာ ရှိနေပြီးသားဖြစ်တဲ့အတွက် ရဲဘော်ထွန်းအောင်ကျော်၊
ရဲဘော်အောင်နိုင်တို့ ဥက္ကဋ္ဌ၊ အ တွင်းရေးမှူးလုပ်နေတဲ့အပေါ် တစုံတရာ
ပြဿနာရှိနေစရာ အကြောင်းမရှိသလို (၁၉၉၀ – ၁၉၉၁) ကျောင်းသားတပ်မ တော်
(မြန်မာပြည်မြောက်ပိုင်း) ဗဟိုကော်မတီ ဖွဲ့စည်းပုံအရလည်း
ပြဿနာမရှိခဲ့ပါဘူး။
ဒီအနေအထားအထိတော့ ဘာအရောင်အသွေးမှ မစွန်းထင်းခဲ့သေးတဲ့
ကျောင်းသားတပ်မတော်ပါပဲ။ ဒါပေမဲ့ အဲဒီခေါင်း ဆောင်တွေရဲ့
နောက်ကွယ်မှာရှိနေတဲ့ လူတစုက တစုံတခုသောရည်ရွယ်ချက်အတွက်
ABSDF(မြန်မာပြည်မြောက်ပိုင်း) ကို ABSDF (အထက်ဗမာပြည်) အဖြစ်
ပြောင်းလဲနိုင်ဖို့ မြောက်ပိုင်းဗဟိုကို ထိန်းချုပ်နိုင်ဖို့
ကြိုးစားခဲ့ကြမယ် ဆိုရင်တော့ အဲဒီအရာသာလျှင် ပြဿနာရဲ့အရင်းခံ ဖြစ်လာမှာတော့
မုချမလွဲပါပဲ၊ ဒီအရိပ်အခြေတွေကို သိရှိနားလည်နေတဲ့ ယူဂျီ လမ်းကြောင်းကို
စီးထားနိုင်တဲ့ ရန်သူ့သူလျှိုတစုကလည်း ဒီဟနေတဲ့အရာကိုအသုံးချပြီး လက်ဦးမှုယူ
ဖြိုခွဲဖို့အတွက် ကြို တင်ပြင်ဆင်မှုတွေ ရှိနေပြီးသား ဖြစ်နိုင်ပါတယ်။
ဘာကြောင့် ကျမ ဒီလိုယူဆခဲ့ရတာလဲ။ ဘယ်သူမှ မငြင်းနိုင်တာက
ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ခေါင်း ဆောင်တွေနဲ့
ရဲဘော်ရဲမေတွေအားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ်နဲ့
အားမာန်အပြည့်ဖြစ်နေကြတဲ့အချိန် မိုး ညှင်း၊ မြစ်ကြီးနား၊
ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊ လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊
ဝါဒဖြန့်ချီရေးအနေနဲ့လည်း အအောင်မြင်ဆုံး အချိန်၊ စစ်ချီတဲ့
အခမ်းအနားတွေမှာတောင် ဘင်ခရာအဖွဲ့တွေ ဖွဲ့ထားနိုင် ရဲဘော်ရဲမေတွေကို တက်ကြွ
မှုတွေ မြှင့်ပေးနိုင်တဲ့ အချိန်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
34 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၂)”
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃)
Posted by admin on March 30, 2012
မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ) လမ်းကြောင်းက တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး
စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ
အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန်
ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့
တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချိုကြီး (မန္တလေး အသတ်ခံရ)၊ ကိုအောင်မင်း
(မန္တလေး၊ အသတ်ခံရ) တို့ဆိုတာ မြို့မှာယူဂျီလိုင်းတွေကို အဓိက
ကိုင်ထားသူတွေ။
ဖြစ်သွားတဲ့ အဖြစ်အပျက်က တောနဲ့မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းကို
အပြီးအပိုင် ဖြတ်တောက်ခံလိုက်ရခြင်း၊ (ဒီ နေရာမှာ ကျမတခု ပြောချင်တာက
မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ
တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက်
အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို
မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား
ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ ကျမကိုယ်တိုင်
ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို
သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ
တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ
မြင်ဖူးတွေ့ဖူးခဲ့တာပါ)
သေချာတာကတော့ ရန်သူ့လူတွေ ရှိနေတယ်ဆိုတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်
အပါအ၀င် ကိုညီညီကျော်တို့ကအစ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးက
လက်ခံခဲ့ကြတယ်။
သတင်းပေါက်ကြားမှုတွေကြောင့် စစ်ကြောင်းထွက်ချိန်
မမျှော်လင့်တဲ့နေရာတွေကနေ ဖြတ်တိုက်ခံခဲ့ရတဲ့အတွက် ရဲ ဘော်တချို့
မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာတွေ။ ရင်ဘတ်တည့်တည့်ကို မှန်ရမှာဖြစ်ပေမဲ့
အီကွေးမန့်မှာချိတ်ထားတဲ့ ဓါး မြှောင်ဓါးရိုးခံနေလို့။ ကျောတည့်တည့်ကို
မှန်ရမှာ ဖြစ်ပေမဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ဟန်းကောခံနေလို့။ ဦးခေါင်း
ဘေးနားရွက်အထက်မှာပဲ ရှပ်ထိသွားလို့ သေကံမရောက်အသက်မပျောက်ခဲ့တဲ့
ရဲဘော်တွေလည်း ရှိခဲ့တယ်။ ရှေ့တန်း ထွက်ချင်လို့ ပူဆာခဲ့တဲ့
ကျမတို့ရဲမေတွေတောင် ရှေ့တန်းမရောက်ခင်၊ ရှေ့တန်းအလယ်လောက် ဖျားနာကုန်လို့
လှည့် ပြန်ခဲ့ကြသူတွေရှိသလို နှစ်လနီးပါး တောထဲတောင်ထဲမှာ ရေငတ်
ထမင်းငတ်နဲ့ ညတိုင်းဓါတ်မီးမပါ ဘာမပါနဲ့ ချီတက်ရ၊
ရောက်တဲ့နေရာထိုးအိပ်လို့မရ၊ ကင်းစောင့်ရနဲ့ တိုက်ပွဲတွေကြားမှာ
တချို့ရဲမေတွေ စစ်ဆင်ရေးအစအဆုံး ပါဝင်ခွင့်ရခဲ့ ပေမဲ့ တကြိမ်ဆို တကြိမ်ပါပဲ
နောက်တကြိမ် ရှေ့တန်းထွက်ချင်တယ်ပြောဖို့ အတော်လေး အားပြန်ယူရအုံးမယ်။ ဒါ
တောင် ရှေ့တန်းထွက်တဲ့ ရဲဘော်တွေအပေါ် နောက်တန်းက ရဲမေတွေ
ကိုယ်ချင်းစာနားလည်တတ်အောင် လုပ်ပေးတဲ့ အစမ်းသဘောပဲ ရှိပါသေးတယ်။
ရန်သူနဲ့ လက်တကမ်း (လူ့အခွင့်အရေးတွေ ခံစားခွင့်ရနေတဲ့ နိုင်ငံခြားမှာ
နေကြရသူများမဟုတ်) အသက်ကိုဖက်နဲ့ ထုပ် ထားရသလို ကိုယ်မချရင် သူချတာခံရမဲ့
အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအတွက်ကတော့ ဆိုဖွယ်မရှိပါဘူး။
ကျမတို့ရဲဘော်တွေဟာ နောက်တန်းမှာ မူးရူးပြီး အချင်းချင်း အော်ဟစ်ဆဲဆို
ထိုးကြကြိတ်ကြလိမ့်မယ်။ ရှေ့တန်းရောက် ရင် အဲဒါတွေ သတိမရတော့ဘူး။
တက်ညီလက်ညီနဲ့ တယောက်ကိုတယောက် ကာကွယ်စောင့်ရှောက်ကြလိမ့်မယ်။
ရဲဘော်အချင်းချင်းကြားမှာရှိတဲ့ သံယောဇဉ်ကြိုးဟာ အိမ်ကမိန်းမတွေထက်တောင်
ခိုင်မြဲပါသေးတယ်။ ဒါကို တကယ်အ သက်ပေးပြီး အမှန်တကယ်
တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူတွေသာ ခံစားနိုင် နားလည်နိုင်တယ်။ ဒီခံစားမှုမျိုးကို
ပိုက်ဆံဘယ် လောက်ရှိရှိ ယူထားတဲ့နေရာ ဘယ်လောက်ကြီးကြီး အချောင်သမားတွေ
ခံစားနိုင် နားလည်နိုင်မှာ မဟုတ်ဘူး။
ရွာတွေနဲ့မနီး နက်ရှိုင်းတဲ့တောတောင်တွေ တတောင်ပြီးတတောင် မြစ်တွေ၊
ချောင်းတွေ၊ ချောက်ကမ်းပါးတွေ တခုပြီး တခု ကျော်လွှားဖြတ်သန်းရင်း
ရှေ့တန်းထွက်ခဲ့ရတဲ့ ရဲဘော်တွေရဲ့အသက်ဟာ “ဆန်နဲ့ ကျည်ဆံ” ဖြစ်သလို
ရဲဘော်တွေ အတွက် အလေးဆုံး သယ်ပိုးရတဲ့အရာဟာလည်း ဆန်နဲ့ကျည်ဆံ ပါပဲ။
ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊
ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင်
ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက်
တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။
ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ
အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ
အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ
ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။
နအဖ ထိုးစစ်ဆင်တဲ့အချိန်ဟာ မိုးတွင်းအချိန်ပါ။ တောတောင်နယ်မြေအနေအထားက
ဆိုးဝါး၊ ရာသီဥတုက ကြမ်းတမ်း၊ ရွှံ့တွေ ဗွက်တွေ ကျွတ်တွေ ဒက်တွေ
မျှော့တွေနဲ့ အင်းဆက်ပိုးတွေမျိုးစုံကြား ငှက်ဖျား၊ တုပ်ကွေး၊
ဝမ်းရောဂါတွေက ပြင်းထန် ကိုယ်ခံအားကောင်းနေမှသာ တွန်းလှန်နိုင်တဲ့
အနေအထားမျိုးပါ။ အဲဒီလိုအချိန် အဲဒီလိုအခါမျိုးမှာမှ ခရီးစဉ်တ လျှောက်
ဆန်တွေသိုလှောင်ထားရာနေရာတွေ (တနေရာတည်းမှာမဟုတ်) ကို ရန်သူက
သိရှိရရှိသိမ်းပိုက်သွားနိုင်ခဲ့ဟာ မတော်တဆ တိုက်ဆိုင်မှုလို့
ယူဆနိုင်ပါသလား။ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင်
မရှိတော့ တဲ့ ရဲဘော်တွေဟာ တောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ
အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက် ထွက် ကျော်ဖြတ်ခဲ့ကြရတယ်၊
အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီး လမ်းခရီးမှာ
သေ ဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ ရဲဘော်တွေ၊
ဒါတွေကို ဒီရဲဘော်တွေနဲ့အတူ ဖြတ်သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ
ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့
သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်(ရန်သူနဲ့ပတ်သက်တဲ့
သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူလျှိုတွေက ကြိုတွက်ထားပြီးသား ဖြစ်ပါလိမ့်မယ်)
သူ့ရဲဘော်တွေကိုတော့ သူချစ်ခဲ့တယ်၊ ကာကွယ်စောင့်ရှောက်ခဲ့တယ်။
(ဘယ်သူပြောပြခဲ့တာလည်း မ မှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ
ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာ လူကြီးဖြစ်တဲ့သူ့အတွက် ဟန်ကောချိုင့်လေးနဲ့
ထမင်းချက်ထားပေးခဲ့တယ်။ အဲဒီ ဟန်ကောချိုင့်ထဲကထမင်းကို
ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ
တိုက်ပွဲဝင်သွားခဲ့တဲ့သူ။
ကျောင်းသားတပ်မတော်ရဲ့ အဓိကလိုအပ်ချက်က ကိုယ်ပိုင်သီးသန့်နယ်မြေဖြစ်သလို
ရေမဲ့ငါးလို မဖြစ်ရအောင် ၀ိုင်းရံ ထောက်ပံ့ပေးမဲ့ မိဘပြည်သူတွေလည်း
လိုပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ကော်လင်း၊ ၀န်သို၊ ကသာ၊
စစ်ကိုင်း တိုင်းဘက်က ကျောင်းသားရဲဘော်တွေ အများဆုံးပါဝင်တဲ့ ပထမအကြိမ်
“စစ်ကိုင်းတိုင်းထိုးဖောက်ရေးစစ်ကြောင်း” ဆို ပြီး ထွက်ခဲ့ကြတာရှိပါတယ်။
သတင်းပေါက်ကြားမှုကြောင့် လမ်းမှာတင် ဖြတ်တိုက်ခံခဲ့ရပြီး
စစ်ကြောင်းပျက်သွားခဲ့ရ တယ်။ ရဲဘော်တွေ ကစင့်ကလျားနဲ့ ဆုတ်ခွာခဲ့ရတဲ့အတွက်
နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပြီး ရဲဘော်အနည်းစု လောက်ပဲ
ဗဟိုကိုပြန် ရောက်လာခဲ့ကြတယ်။ (ဒီအဖြစ်အပျက်ကိုတော့ ကိုရဲလင်း
(ဗဟိုကော်မတီ) ပိုသိပါလိမ့်မယ်)
ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ထိုးဖောက်ရေးစစ်ကြောင်းကို
ရင်းမှူးအောင်ဆွေဦး ဦးဆောင်ပြီး ရဲဘော်မင်းဌေး (မိုး ကောင်း၊
ရမ်ဘိုကားရိုက်ခဲ့သူ) အပါအ၀င် ရဲဘော်တွေ ထပ်ပြီးကြိုးစားကြည့်ခဲ့ကြတယ်။
နယ်မြေအနေအထား ကြမ်း တမ်းခက်ခဲမှု၊ ရိက္ခာမလုံလောက်မှု၊
ငတ်ပြတ်ဆင်းရဲနေမှုတွေနဲ့အတူ ရှေ့ဆက်ရင် အားလုံးသေတွင်းထဲဝင်သွားသလို
ဖြစ်နိုင်တဲ့ အခက်အခဲအမျိုးမျိုးတွေကြောင့် ပြန်ဆုတ်လာကြရတယ်။
ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ်
“စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း” ပါ၊ ရှမ်း ပြည်တောင်ပိုင်းကနေ
စထွက်တဲ့စစ်ကြောင်းဟာ ပင်းပန်းဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့ ရဲဘော်တချို့
လမ်းခရီးမှာ ထွက်ပြေး ခဲ့တဲ့အတွက် သတင်းပေါက်သွားပြီး တပ်ရင်း (၂၀)
လောက်နဲ့ ဖြတ်လေးဖြတ်ကိုသုံးပြီး လမ်းကြောင်းတလျှောက် ပိတ် ဖမ်းခဲ့တဲ့အတွက်
အားအင်ကုန်ခမ်းငတ်ပြတ်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တဲ့
ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက
ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။
သေဒဏ်ကျခံနေရတဲ့ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်က
စာရင်းဖျက်ပေးပါလို့ တောင်းဆိုနေတဲ့သူတွေ။ ကိုယ့်ခွင်ထဲက
ကိုယ့်ဖီးတွေအကြောင်းပဲ ပြောမနေပါနဲ့ ဆိုတဲ့လူတွေကို
“တောင်မတက်ခိုင်းပါဘူး။ အဲဒီလိုလူမျိုးတွေကို
ပြေးပြီးတက်ခိုင်းကြည့်ချင်တာက ဒုက္ခသည်က တောင်ကုန်းလေး တကုန်းလောက်ပါပဲ။
လိုအပ်တဲ့အစာလည်း အ၀ကျွေး ပါ့မယ်၊ စိန်ခေါ်ရဲရင်ပေါ့၊
မြောက်ပိုင်းရဲ့တောတောင်တွေထဲမှာ ကျဆုံးသေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေပေါင်း
(၇၀) ကျော်ရှိတယ်။ အများစုက ဒေသခံ ကျောင်းသားရဲဘော်ရဲမေတွေ။ အဲဒီ
ရဲဘော်ရဲမေတွေမှာလည်း သူ့သားလိုချင်တဲ့ ဒီမိုကရေစီမရမချင်း
ဆွမ်းသွပ်အမျှမဝေ ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြက်ကလေးချီတစ် (ခ) ရဲဘော်
မျိုးကိုကို (မိုးညှင်း၊ ရန်သူဖမ်းမိပြီး ညဉ်းပမ်းနှိပ်စက်အသတ်ခံ
ခဲ့ရတဲ့အပြင် အလောင်းကို ရွာလည်ခေါင်ကအပင်မှာ ကြိုးနဲ့ချိတ်ဆွဲ
အပြခံခဲ့ရသူ) ရဲ့ အမေလို အမေမျိုးတွေလည်း ရှိကြ တယ်။ အခု
အသတ်ခံခဲ့ရတဲ့သူတွေနဲ့ပေါင်းရင် မြောက်ပိုင်းတခုတည်းမှာပဲ အနည်းဆုံး
အမေတရာလောက် ငိုကြပေအုံး တော့။
ကိုယ့်ကိုယ်ကို တော်လှန်ရေးဘက်တော်သားပါလို့ ခံယူထားတာမှန်ရင်
ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို
မစော်ကားပါနဲ့။ အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး
မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း ငါအချောင်သမားဟုတ်မဟုတ်
ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။
နက်ရှိုင်းတဲ့ တောတောင်တွေထဲမှာ တွေ့ကြုံလာသမျှ အခက်အခဲ
ဆင်းရဲဒုက္ခတွေကို လက်သီးဆုပ်တွေထဲမှာထည့် အ မှုန့်ခြေရင်း
အသက်ပေးသွားခဲ့ကြရတဲ့ (တောထဲက ရဲဘော်တွေ ပိုင်ဆိုင်တဲ့အရာဆိုလို့
အမေတွေပေးခဲ့တဲ့ အဲဒီအသက် လေးတွေပဲ ရှိပါတယ်) မြောက်ပိုင်းက ရဲဘော်တွေ၊
ကေအိုင်အေ အပစ်အခတ်ရပ်ပြီးတဲ့နောက် ဘ၀ကို သုံညကနေ ဆင်း ဆင်းရဲရဲ
အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်းရှာဖွေရင်း ရပ်တည်ခဲ့ကြရတဲ့
လက်ရှိတရုတ်နယ်စပ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲ ၀င်နေဆဲ ရဲဘော်ရဲမေတွေကိုယ်စား
အချောင်သမားတွေ အချောင်နာမည်ရဖို့ ပြောနေတာမျိုးဆိုရင် ရင်နာလွန်းလို့ပါ။
မြောက်ပိုင်းမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း
(မြစ်ကြီးနား၊ဂုဏ်ထူးတန်းကျောင်းသား) ဆိုတာ ရဲဘော်ရဲမေများရဲ့ (ကျမ က
အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊
သင်တန်းမှူးတဦးဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊
ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်းဆိုဖော်ဆိုဖက်
ဂစ်တာတီးဖော်တီး ဘက် ရဲဘော်တဦးဖြစ်ပြီး ရဲဘော်ရဲမေတွေကြားမှာ
ဟာသလေးတပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေ တတ်တဲ့ အားလုံးရဲ့
အချစ်တော်ထဲမှာပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့
အဖမ်းခံခဲ့ကြရတဲ့သူတွေ လောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့
ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။
အပြောသက်သက် အချောင်သမားတွေမဟုတ်ဘဲ (အနုနည်းဖြစ်စေ၊ အကြမ်းနည်းဖြစ်စေ
ကြိုက်တဲ့နည်းကိုသုံး) တိုက်ရဲ တယ်ဆိုရင်တော့ ဒီအဖြစ်အပျက်မျိုးတွေ
တော်လှန်ရေးအင်အားစုကြားမှာ တကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါဖြစ် အောင်
ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။
စိတ်ဝင်စားစရာကောင်းတာက တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက
သားကောင်တွေချည်း ဖြစ်နေတာကိုပါ။
ပြောတော့ကျောင်းသား လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့
နောက်ကွယ်မှာရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ
ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲဆိုပြီး ဖြစ်ပျက်နေသမျှ
တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။
“တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလို ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို
နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက
အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံရေးသား
တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက
ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ
ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။
ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ
စစ်အစိုးရစကား ဌားသုံးပြောရရင် ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့
ဝင့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို
ပေါ်ပေါက်လာခဲ့ရတယ်။ သမိုင်းအဆက် ဆက် တိုက်ပွဲဝင်ခဲ့တဲ့
ကျောင်းသားတို့ရဲ့သင်္ကေတ ခွပ်ဒေါင်းဘက်တံဆိပ်တပ်ထားတဲ့ “ABSDF ဆိုတာ
တစုတဖွဲ့တည်း က ပိုင်တဲ့နာမည် မဟုတ်ဘူး၊ သမိုင်းက ပေးခဲ့တဲ့နာမည် သမိုင်းက
ပိုင်တဲ့နာမည်၊ တောထဲမှာ လက်ရှိရှိနေကြတဲ့ ရဲဘော် တွေ တင်မက
ပါဝင်ပတ်သက်ဖူးခဲ့တဲ့ ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ
ကျောင်းသားအားလုံးရဲ့ ရင်ထဲနှလုံး သားထဲက နာမည်၊ ထပ်တူပြုလို့လည်းမရ
ရူပကအလင်္ကာလည်းမမြောက်တဲ့ “ကျောင်းသားတပ်မတော်” ဆိုတဲ့ ဒီနာ မည်ကို နောင်လာ
နောက်သားတွေ သမိုင်းစာမျက်နှာတွေမှာ တွေ့နေရတိုင်း။ ကြားနေရတိုင်း
စစ်အစိုးရဟာ မိဘပြည် သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ တိုင်းပြည်ရဲ့အရင်းအမြစ်
ကျောင်းသားလူငယ်တွေအပေါ် သူတို့လုပ်ခဲ့သမျှတွေအတွက် အမေပေါင်းများစွာ
ငိုကျွေးခဲ့ကြရတာတွေအတွက် အမြဲတမ်း အရှက်ရနေစေရပါမယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
မခင်ရွှေလှိုင် ပြောတဲ့ ကိုမျိုးဝင်း၊ကိုသံချောင်း
တို့ရဲ့ တော်လှန်ရေးရဲ့ အနစ်နာခံမှုတွေကို မြင်နိုင်ပေမဲ့ လည်း၊ လူလောကနဲ့
အယုတ်စွအဆုံး တိရိစ္ဆာန်လောက မှာတောင် မတွေ့နိုင်တဲ့ မြန်မာ့သမိုင်း၊
ကမ္ဘာသမိုင်းနဲ့ အဆုံးစွန် လူ့သမိုင်းမှာတောင် မကြားဘူးခဲ့တဲ့ ရဲဘော်ရဲဘက်
အချင်းချင်းကို ခေါင်းဖြတ်၊ အမေနှစ်မ ကိုယ်ချင်း မစာနာစွာနဲ့ ရဲမေတွေကို
အ၀တ်ချွတ်၊ မိန်းမအင်္ဂါထဲ ရှာဖွေတာကိုလုပ်ခဲ့တာ၊ electric shock ပေးတာ၊
သေသည် အထိ (နံချုပ်ကုနဲ့) ရိုက်နှက် ခဲ့တာနဲ့ စာရင်၊ အပေါ်မှာပြောခဲ့တဲ့
ဆန်ပြုတ်စားပြီး တော်လှန်ရေးအတွက် အနှစ်နာခံတာတွေဟာ ဘာမှမဟုတ်ပါ။
အကယ်၍ အထက်ပါခေါင်းဆောင်များက ရဲဘော် ရဲဘက်အချင်းချင်း မနှိပ်စက်ခဲ့ပဲ၊
ရဲဘော်တွေနဲ့အတူ စားအတူတူ၊ ငတ်အတူတူ၊ သေအတူတူ ဆိုပြီး တော်လှန်ရေးကို
ဦးဆောင်ခဲ့တယ် ဆိုပါက၊ (အများက မသတ်မှတ်တောင်) ကျွန်တော်အနေနဲ့ သူတို့ကို
သေသည်အထိ လေးစားသွားမှာပါ။ ဒါပေမဲ့ အေဘီမြောက်ပိုင်းရဲ့ ခေါင်းဆောင်တွေက
အဲဒီလိုမဟုတ်တဲ့ အတွက် ရွံရှာတယ်။
= = = = = = = = = -= = = = = = = = = = = = = = = = = = = = = = = = = = = = = =
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၄)
Posted by admin on April 1, 2012
(၃)
စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဆန်တွေသိုလှောင်ထားတာတွေနဲ့ ပတ်သက်ပြီး
သင်္ကာမကင်းဖြစ်ခဲ့တဲ့ လူတချို့ကို စောင့် ကြည့်ခဲ့ကြတယ်။
ထွက်ပြေးခဲ့တဲ့
စိုးမင်းအောင် (မန္တလေး) ဟာ အဲဒီလိုစောင့်ကြည့်ခံခဲ့ရသူတွေထဲက
တယောက်ဖြစ်ခဲ့
သလို စိုးမင်းအောင် တယောက်ထဲကပဲ
လူအယောက်ငါးဆယ်လောက်ကို
ထွက်ဆိုသွားခဲ့တယ်။
စိုးမင်းအောင် (မန္တလေး) ဆိုတာ ရင်းမှူးသိုက်ထွန်းဦးရဲ့ (၅၀၁)
တပ်ရင်းက
ရင်းမှူးရဲ့ကိုယ်ရံတော်ဆိုပေမဲ့ တောင်ပိုင်းက မဟုတ်ဘူး။
မြောက်ပိုင်းကိုရောက်လာတဲ့ ရင်းမှူးသိုက်ထွန်းဦးနဲ့
ဥက္ကဋ္ဌ
ကိုထွန်းအောင်ကျော်တို့အတွက် ကိုယ်ရံတော် တွေအဖြစ်
စိုးမင်းအောင် (မန္တလေး)
နဲ့
ရဲဘော်ခင်မောင်စိုး (ခ) ကိုစိုးကြီး (အင်းတော်) တို့ နှစ်ယောက်ကို
ဗန်းမော်ရင်း ကနေ ထည့်ပေးလိုက်တဲ့သူက
ခွဲမှူး စောသက်ထွန်း၊ သူဟာ
သန်းထွန်းစိုး(ခ)တိုက်ပိတ်နဲ့အတူ
ရှေ့တန်းနယ်မြေမှာ အ ဖမ်းခံခဲ့ရသလို
မြစ်ကြီးနားထောင်မှာ
အတူကျပြီး ပြန်လွတ်ခဲ့သူတဦး ဖြစ်တယ်။
အများကတော့ သန်းထွန်းစိုး (ခ) တိုက်ပိတ်ကို
ကိုယ်တိုင်သွားရောက်
အဖမ်းခံခဲ့တယ်လို့ပဲ ယူဆခဲ့တယ်။
(သန်းထွန်းစိုး (ခ) တိုက်ပိတ်အနေနဲ့
ရန်သူ့သူလျှိုမဟုတ်ကြောင်း
သက်သေပြနိုင်ဖို့ ထောင်ကျဖို့လည်း လိုအပ်ပါတယ်။
ဒါမျိုးတွေကို တော့ လူမှန်တွေမို့ နှစ်ရှည်ထောင်ဒဏ်တွေကျခံခဲ့ရဖူးတဲ့
ဝါရင့်နိုင်ငံရေးသမားကြီးတွေက ထောင်ထဲမှာ
သူတို့ကြား “ကိုယ့်လူ သူ့ဘက်သား”
လုပ်သွားခဲ့တဲ့
ထောင်ကျ (ရန်သူ့လူတွေ) နဲ့ ပတ်သက်တဲ့ ပုံပြင်တွေအများကြီး
ရှိခဲ့တယ်ဆိုတာ ကို
ပြောပြနိုင်ပါလိမ့်မယ်။
ရန်သူ့သူလျှိုတွေကို ဖော်ထုတ်ဖို့ နောက်တန်းမှာရှိနေတဲ့
ဗဟိုကော်မတီအားလုံး သဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်
ကို ထွန်းအောင်ကျော်၊
ကိုညီညီကျော် တို့ကိုယ်တိုင်
အစပိုင်း စစ်ဆေးမေးမြန်းမှုတွေမှာ
ပါဝင်ခဲ့ကြတယ်။
ဘာဖြစ်လို့ ကျမ အဲဒီလိုပြောရတာလဲဆိုတော့
ကျမကိုယ်တွေ့ ဥပမာလေးနှစ်ခုပဲ
ပေးပါ့မယ်၊
အသတ်ခံရတဲ့အထဲမှာပါတဲ့ မန္တလေးက ရဲဘော် ရန်အောင် ကိုတော့
မန္တလေးကျောင်းသားတွေ ကောင်းကောင်း သိကြပါတယ်။
အထူးသဖြင့် ဘွဲ့ရ
ကျောင်းသားများအဖွဲ့က လူတွေပေါ့။
မြို့မှာကတည်းက ကိုထွန်းအောင်ကျော်၊
ကိုညီညီကျော်တို့ ကိုညီညီ (ဆမား) တို့
ခိုင်းခဲ့တဲ့အလုပ်တွေကို
လုပ်ပေးခဲ့တဲ့ ရဲဘော် လူငယ်တယောက်။
ကျမနဲ့က မြို့မှာတုန်းက မြင်ဖူးပေမဲ့
စကားမပြောဖူး ဘူး။
တောထဲရောက်မှ တမြို့တည်းသားချင်းမို့ စကားပြောမိရာက
သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ဓါတ်ကိုသဘောကျပြီး ခင်မင် သွားခဲ့တဲ့ ရဲဘော်တယောက်။
ဒီအဖြစ်အပျက်တွေ စဖြစ်ချိန်က သင်းသင်း၊ နန်းစော၊ ရန်အောင်နဲ့ ကျမတို့က
ကေအိုင် အေ ဆေးသင်တန်းကျောင်း တက်နေကြတဲ့အချိန်၊
သင်တန်းသားတွေကို
တရားဝင်သွားလာခွင့် ပိတ်ထားတယ်။
ဒါပေမဲ့ မိုင်းထောင်ထားတဲ့
လမ်းကြားတွေကနေတဆင့်
(ကိုအိုက်လျှံ အဲဒီလိုခိုးပြန်တုန်းက
မိုင်းထိဖူးတဲ့လမ်း) ကနေ တပ်ကို ခိုးပြန်လို့ ရတယ်။
ရန်အောင်ကို ဆေးသင်တန်းမှာ လာဖမ်းတဲ့အချိန်တုန်းက
ကျမ
အဲဒီလိုခိုးပြန်ပြီး လက်ရှိအာဏာရှိနေဆဲ
ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော်ကို
သွားတွေ့ခဲ့တယ်။
အဲဒီမှာ ဗန်းမော်ခရိုင်မှူး ကိုညီညီကျော်လည်း ရှိတယ်။
အတွင်းရေးမှူး ကိုအောင်နိုင် က အခန်းထဲမှာ လှဲနေတယ်။
ကျမက ရန်အောင်
ဒီလောက်ရိုးသားဖြူစင်တာ မဖြစ်နိုင်ဘူးလို့ပြောတော့
ဥက္ကဋ္ဌ ကိုထွန်း
အောင်ကျော် ရော ခရိုင်မှူး ကိုညီညီကျော်ကပါ
ရန်အောင်က ဟုတ်တယ်။
သေချာတယ်။
မြို့ထဲမှာတုန်းက ငါတို့နောက် လိုက်ရင် သူဘယ်လောက် ဘယ်လောက်ရတယ်လို့
နှစ်ယောက်စလုံး ကျမကိုပြန်ဖြေခဲ့ကြတယ်။
အဲဒီအချိန်မှာ အခန်း ထဲမှာလှဲနေတဲ့
ကိုအောင်နိုင်က ၀င်ပြီး “ဟုတ်လား
ကျနော့်နောက်လိုက်ရင်ကော သူ
ဘယ်လောက်ရသလဲဗျာ” လို့ ၀င် မေးခဲ့တယ်။
ကိုယ်ခိုင်းခဲ့တဲ့ ရဲဘော်တယောက်ကို
ကိုယ်အာဏာ လက်ရှိရှိနေဆဲအချိန်မှာ
ကာကွယ်မပေးခဲ့ဘဲ
ဘာဖြစ်လို့ သူတို့ကိုယ် တိုင် ရိုက်စစ်တာမခံရသေးဘဲနဲ့
“ဟုတ်တယ်” လို့ အဲဒီအချိန်က ဖြေခဲ့သလဲဆိုတာကို
မန္တလေးမှာ လက်ရှိရှိနေတဲ့
ဗန်း မော်ခရိုင်မှူးလုပ်ခဲ့တဲ့
ကိုညီညီကျော်ကို ကျေးဇူးပြုပြီး
အချက်အလက်အမှန်တွေ ဖြည့်ရေးနိုင်ဖို့ မေးကြည့်ပေးပါ။
ရန် အောင်ဟာ
ကိုညီညီကျော်တို့ပြောခဲ့သလို “ဟုတ်တယ်” ဆိုရင်လည်း
ကိုထွန်းအောင်ကျော်တို့
ကိုညီညီကျော် တို့ကို ဆွဲ ထည့်သွားဖို့ မေ့နေမယ် မထင်ပါဘူး။
နောက်တယောက်က နန်းစော၊ နန်းစောနဲ့ ကျမနဲ့က
ရဲဘော်တွေကြားမှာပဲ
အမြဲနေထိုင်သွားလာနေတဲ့သူနှစ်ယောက်။
လူကြီးတွေထက် ကျမတို့ရဲ့ ရဲဘော်တွေကို
ကျမတို့က ပိုချစ်တယ်။
အဲဒီအချိန်က တော်လှန်ရေးအတွက်ဆို အသက်ကို တောင်
ပေးဖို့ဝင်မလေးအောင်
တက်ကြွနေတဲ့ ရဲမေတွေ။
ကျမတို့ လူကြီးတွေကို
ကျမတို့ယုံကြည်သလို
သူတို့ကလည်း ကျမတို့ကို ယုံကြည်တယ်။
ဒါကြောင့် ဥက္ကဋ္ဌ
ကိုထွန်းအောင်ကျော် ကိုယ်တိုင် တောင်ထိပ်က သူနေတဲ့တဲမှာပဲ
ကျမနဲ့
နန်းစောကို ပစ်မှတ်ကို မှန်အောင်နဲ့ မြန်အောင်
အချိန်မှတ်ပြီး အနီးကပ်
ပစ္စတိုပစ် လေ့ကျင့်ပေးခဲ့တယ်။
ဒီအလုပ်မျိုး လုပ်တဲ့သူတွေဆိုတာ
အသက်ရှင်လျှက်
ပြန်လာစရာအကြောင်းလည်း မရှိတာမို့ မှတ်တမ်းဝင်ဓါတ်ပုံတွေပါ
လေ့ကျင့်ချိန် မှာ ကိုယ်တိုင်ရိုက် ပေးခဲ့သေးတယ်။
ကိုမင်းဌေး
ဖေ့ဘုတ်ခ်မှာရှိတဲ့ ပစ္စတိုနဲ့ ကျမပုံဟာ
ကိုထွန်းအောင်ကျော် ကိုယ်တိုင်
မှတ်တမ်းတင်ဖို့ ရိုက်ပေးခဲ့တာပါ။
ကျမတို့နှစ်ယောက် အဓိက လုပ်ရမဲ့အလုပ်က
ပြည်တွင်းကိုပြန်ဝင်ပြီး ရန်သူကြားမှာလုပ်ရမဲ့ အထူးလုပ်ငန်းတခု။
အဲဒီအချိန်က ကျမတို့ ဘာလုပ်မလဲဆိုတာ နည်းနည်းပါးပါး
အရိပ်အခြေနားလည်နေတဲ့
(၄၀၁) တပ်ရင်းက
ရဲဘော်ကျော်စွာဝင်းမောင်က ကျမတို့အတွက် စိတ်ပူပြီး
သတိလာပေးတာလည်း ရှိတယ်။
ကျမ အဓိ က ပြောချင်တာက
ကျမတို့ရဲ့ခေါင်းဆောင်တွေကို
ကျမတို့ရဲဘော်ရဲမေတွေ အသက်ပေးရဲတဲ့အထိ
သူတို့ခိုင်းတာလုပ်ဖို့
ဘယ်လောက်တောင် ယုံကြည်မှုရှိခဲ့ကြသလဲ ဆိုတာကိုပါ။
နန်းစောနဲ့ သင်းသင်းကို ဆေးသင်တန်းမှာ
လာဖမ်းသွားတဲ့အချိန်တုန်းက
အဲဒီခိုးလမ်းအတိုင်းဖြတ်ပြီး
ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် နေတဲ့တဲကို
နောက်တကြိမ်တက်ခဲ့တယ်။
ကျမ တက်လာတာကို လှမ်းမြင်တဲ့ ကိုညီညီကျော်က “ဥက္ကဋ္ဌ
ပြောနေတယ်
မယုံရင်ကြည့်နေ ခင်ရွှေလှိုင် တက်လာအုံးမယ်လို့ အဟုတ်ပဲ”။
အဲဒီအချိန်က အဲဒီတဲမှာ ကျောင်းသား ထောက်လှမ်းရေးထဲမှာပါတဲ့
မန္တလေးက
ကိုသန်းဇော် (လက်ရှိ စစ်အစိုးရရဲ့အဖမ်းခံရပြီး ပြန်လွတ်မြောက်လာသူ)လည်း
ရှိနေတယ်။ နန်းစောက ထောက်လှမ်းရေးဟုတ်တဲ့အကြောင်း
သူ့ထွက်ဆိုချက်တွေ
လက်မှတ်ထိုးထားတွေရှိတယ် ဖတ် ကြည့်မလားလို့ မေးတယ်။
ကျမက လူတယောက်ကို
ရိုက်စစ်ပြီး မေးထားတာတွေအပေါ် မယုံကြည်ဘူး။
နှစ်ယောက် တည်း
ပေးတွေ့ပါလို့ပြောတော့
ကိုသန်းဇော်က “ဟုတ်ရင် မင်းသူ့ကို ပါးရိုက်မလား”
လို့ ဖြတ်မေးတယ်။
နှစ်ယောက်ထဲ ပေးတွေ့လို့ သူ့ပါးစပ်က ဟုတ်ပါတယ်လို့
ကျမကိုပြောခဲ့ရင်
ကျမကိုယ်တိုင် သတ်ပစ်မယ်လို့ ပြန်ပြောခဲ့ပေမဲ့
တွေ့ခွင့်မရခဲ့ ဘူး။
အဲဒီလောက်ထိ ကျမ ယုံကြည်ချစ်ခဲ့တဲ့ ရဲမေကို
ကျမယုံကြည်လေးစားခဲ့တဲ့ လက်ရှိအာဏာရှိနေဆဲ
ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော်
ကိုယ်တိုင်က ရိုက်စစ်နေစရာမလိုပဲနဲ့
“အဟုတ်ပဲ” လို့ အဖြေပေးနေတယ်။
ဘာကြောင့်လဲ။
ကိုထွန်းအောင် ကျော်ကို မေးခွင့်မရတော့တဲ့အတွက်
အဲဒီအချိန်က
ကိုထွန်းအောင်ကျော်နဲ့ အတူရှိနေခဲ့တဲ့
ကိုညီညီကျော် ပဲ ကျေးဇူးပြု ပြီး
ဖြေပေးပါ။
ရဲဘော် ရန်အောင် (မန္တလေး၊ အသတ်ခံခဲ့ရ) ကို
ဆးသင်တန်းမှာ
လာဖမ်းတဲ့အချိန်တုန်းက
ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်လို့ ကျမစိတ်ထဲ
သံသယ၀င်လာခဲ့ဖူးတယ်။
ဘာကြောင့်လဲဆိုတော့ စတင်အဖမ်းခံရသူတွေက
မန္တ လေး၊
ရန်ကုန်ကလူတွေ ဖြစ်နေလို့ပါပဲ။
အဲဒါကို နန်းစော အဖမ်းမခံရခင်မှာ ကျမ
ပြောပြခဲ့ဖူးတယ်။
သူသာ အဲဒါတွေကို ပြန်ပြောခဲ့ရင် ဒေါ်လှိုင်လည်း
အဖမ်းခံရမှာ
သေချာတယ်လို့ နောက်ပိုင်းမှာ နန်းစော ကျမကို ပြန်ပြောဖူးတယ်။
ဒါပေမဲ့
ကိုသန်းဇော် (ကျောင်းသားထောက်လှမ်းရေး၊ မန္တလေး၊ အစိုးရထောင်ကျပြန်လွတ်)
နောက်တခေါက် ဆေးသင်တန်းကို ရောက်လာတဲ့ အချိန်မှာ
“ဥက္ကဋ္ဌ
(ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင်
ကျမကို
မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” လို့ ပြောခဲ့တယ်။
ရဲဘော်ထွန်းအောင်ကျော် အဖမ်းခံထားရတာကို
ကျမတို့ တော်တော်ကြာတဲ့အထိ
မသိခဲ့ဘူး။
ဆေးသင်တန်းရဲ့ စားဖို ဆောင်ထဲမှာ သင်တန်းသားတွေအားလုံး
မနက်စာစားနေချိန်မှာ ကေအိုင်အေ လူကြီးတချို့နဲ့
ထိစပ်မှုရှိတဲ့ ကေအိုင်အေ
ရဲမေတယောက်က ကျမနားလာထိုင်ပြီး
“နင်တို့ ဥက္ကဋ္ဌကို ဖမ်းလိုက်ပြီ
နင်တို့သိလား” လို့ တိုးတိုးလေး လာမေးတယ်။
ကျမ ထမင်းဆက်စားလို့ မရတော့ဘူး။
မျက်ရည်တွေပဲ ကျလာတာနဲ့ အဆောင်ပေါ် ပြန်တက်လာခဲ့တယ်။
အဲဒီနေ့က အ
လုပ်လုပ်တဲ့ရက်ဖြစ်လို့ ရဲမေအငယ်တွေ
တောထဲကို ထင်းခုတ် ၀ါးခုတ်သွားကြတဲ့အခါ
ငိုနေတဲ့ကျမကို ချန်ထားခဲ့ကြ တယ်။
ဆေးသင်တန်းကိုလည်း ကျမ
စိတ်မ၀င်စားတော့ဘူး။
သူတို့သွားတာနဲ့ ထုံးစံအတိုင်း အဆောင်နောက်က
တော
လမ်းအတိုင်း ဆင်းခဲ့ပြီး ဖြတ်လမ်းကနေ ကျောင်းသားတပ်ကို လာခဲ့တယ်။
“ထောက်လှမ်းရေးရုံး” ကိုသွားဖို့ စခန်းရုံးမှာ အကြောင်းကြားခဲ့တယ်။
အဲဒီအချိန် စခန်းမှူးက ရဲဘော် ဆရာထိန် (ဗန်း မော်၊ လက်ရှိ ချင်းမိုင်)
သူက
ငိုထားတဲ့ကျမ မျက်နှာကို ကြည့်ပြီး ဘာမှမမေးဘူး။
ရဲဘော် မြင့်ဇော်ဦး
(တိုက်ပွဲကျ) ကို လိုက်ပို့ခိုင်းခဲ့တယ်။
ကျမတို့နှစ်ယောက် လက်ချာဟောကို
ဖြတ်တဲ့အချိန်မှာ
အဲဒီမှာ အစောင့်ကျနေတဲ့ ဒူဝါး လှဆိုင်း (မြစ်ကြီးနား၊
နောက်တန်းမှူး) ထွက်လာပြီး “ဘယ်သွားမလို့လဲ” မေးတယ်၊ “ထောက်လှမ်းရေးရုံးကို
သွားမလို့” ဆိုတော့ “
အဲဒီမှာ အခု အလုပ်လုပ်နေတယ် သွားလို့မရဘူး၊
သွားချင်ရင် ဆေးခန်းမှာ CS (ရဲဘော်သံချောင်း) နဲ့
GS (ရဲဘော် အောင်နိုင်)
ရှိတယ်” လို့ ပြောရင်း
တလက်စတည်း “CS နဲ့ GS ဒီမှာ ခင်ရွှေလှိုင် လာနေတယ်”
လို့ အော်ပြောပေးခဲ့တယ်၊ လက်ချာဟော နောက်ဘက်မှာရှိတဲ့ ဆေးခန်းကို
ဆင်းလာခဲ့တယ်။
ဆေးခန်းထဲကို ၀င်လိုက်တာနဲ့ ကျမ ဘာမှမပြောရသေးခင် ငိုထားတဲ့ကျမ
မျက်နှာကိုကြည့်ပြီး
CS သံချောင်းက “ခင်ရွှေ လှိုင် ဥက္ကဋ္ဌ
တယောက်ကိုဖမ်းဖို့ဆိုတာ
၉၀% မသေချာပဲနဲ့ ငါတို့မလုပ်ရဲဘူး။
မင်းတို့
ဥက္ကဋ္ဌကတောင် ဒီလိုလားဆိုပြီး မဟာမိတ်ယုံကြည်မှု အပျက်ခံပြီးလုပ်ရတာ။
ခင်မောင်ဇော် (မန္တလေး၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်
လွတ်) ဆိုကြည့်စမ်း
ငါဘယ်လောက် ယုံကြည်ခဲ့သလဲ စစ်ရုံးကိုကိုင်ခိုင်းထားတာ
ဒီကောင်က“ဒလမ” ဖြစ်နေတယ်။
ကြောင် (ကျော်နိုင်ဦး) သာယာဝတီ၊
အရာရှိရိပ်သာမှာ
အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်) ဆိုလည်း
GS က ယုံကြည် လို့
သူ့နားမှာတောင် ခေါ်ထားခဲ့တာပဲ”
ပြောရင်းနဲ့ သူ့မျက်လုံးတွေကို
စိုက်ကြည့်နေတဲ့
ကျမ မျက်လုံးကို သူသတိထား မိပြီး “မင်းက ငါပြောရင်
ယုံမှာမဟုတ်ဘူး၊
GS ခင်ဗျာ့ပဲ ရှင်းပြလိုက်ပါ” လို့ ပြောပြီး ဆေးခန်းထဲက
ထွက်သွားတယ်။
ကိုအောင်နိုင် က “လောလောဆယ်တော့
မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ
ပြီးအောင်လုပ်ပါ။
ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။
ဟုတ်တယ်လို့
ဖြေမှာပဲ။
မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ
ဘယ်လိုရင်ဆိုင်မလဲ
အသင့်ပြင်ထားပါတဲ့”
ကျမ ဘာဆက်ပြောစရာ ကျန်ပါသေးလဲ။
အဲဒီအချိန်မှာ ကျမ နားလည်လိုက်တာက
ရန်သူ့သူလျှိုတွေဟာ
ယူဂျီလမ်းကြောင်းကတဆင့် ၀င်လာခဲ့သူတွေ ဖြစ်တဲ့အ တွက်
ယူဂျီလမ်းကြောင်းမှာရှိနေကြတဲ့ ကျမ အပါအ၀င် အားလုံးကို
မယုံသင်္ကာဖြစ်နေတယ်ဆိုတာလောက် ပါပဲ။
ဒီလိုနဲ့ တရက်၊ ဆေးသင်တန်း လက်ချာဟောမှာ
စာသင်နေတုန်း
ဧည့်သည်လာတယ်ဆိုပြီး သင်တန်းကြီးကြပ်က လာခေါ်ခဲ့ တယ်။
ဆေးသင်တန်းမှာ လာဖမ်းရင်လည်း ဒီပုံစံမျိုးနဲ့ပဲ ခေါ်ထုတ်သွားတတ်တာမို့
ကျန်ခဲ့တဲ့လူတွေက ကျမကိုဖမ်းသွား တယ်လို့ပဲ ထင်ခဲ့ကြတယ်။
ကျမတို့နေတဲ့အဆောင်ရှေ့မှာတော့ ကျမတက်လာတာကို
စောင့်ကြည့်နေတဲ့
ကိုသန်းဇော်နဲ့ ဒူဝါလှဆိုင်း။
ကျမရောက်တာနဲ့ “ဘာမှမဟုတ်ပါဘူး၊
ဆေးသင်တန်းမှာ စိတ်ဝင်စားမှုလည်းမရှိ
အမှတ်တွေလည်း ကျလာ တယ်
ပြောလို့လာတွေ့တာ၊
သင်တန်းသားတွေ (ကျောင်းသားတပ်မှ
ရဲဘော်တပ်စိပ်နှစ်စိပ်၊
ရဲမေတပ်စိပ်နှစ်စိပ်) အတွက် လည်း
တခြားလိုအပ်တာတွေ ဘာတွေရှိရင်လည်း
ပြောဖို့” တဲ့။
ဒါဟာ ကျမကို အကဲစမ်းနေတာ ဆိုတာလောက်တော့ ကျမနားလည်ပါတယ်။
ကျမ ဆေးသင်တန်းမှာရှိနေတဲ့အချိန်
ရဲဘော်မြဇော် (ခ) ၀သုန် (ပုလိပ်မြို့၊
လက်ရှိအမေရိက၊ တောနဲ့မြို့ဆက်သွယ်ရတဲ့ ရဲဘော်တပိုင်း ယူဂျီတပိုင်း)
အရက်မှူးပြီး ရောက်လာတယ်၊
“ကျနော် ကိုကြီး (ကိုထွန်းအောင်ကျော်) ကို
ထိုးခဲ့ရိုက်ခဲ့ တယ်” လို့ပြောပြီးငိုတယ်။
ပြီးတော့ “ကိုကြီးက ဟုတ်တယ်၊
ကျနော် သူလွတ်လိုက်လို့
သူ့အိမ်ကိုသွားတဲ့အချိန်မှာ ကျနော်
အ၀ိုင်းခံခဲ့ရတယ်။
မနည်းအသက်လွတ်အောင် ပြေးခဲ့ရတာ၊ မန္တလေး တီတီစီကျောင်းထဲက
မြက်ရိုင်းတွေကြား မှာ မြက်ရိတ်သမားအယောင်ဆောင်ပြီး
နှစ်ရက်သုံးရက်လောက်
အောင်းနေခဲ့ရသေးတယ်” လို့ ဆက်ပြောတယ်။
ကျမ က “သူ ဟုတ်တယ်ဆိုရင်လည်း သူ့ဘာသာ
သူခံလိမ့်မယ်။
မင်းကြားထဲက ဘာမှ သွားထိုးစရာ အကြောင်းမရှိဘူး” လို့
ပြောခဲ့တယ်။
တခါတလေ သူက ကျောင်းသား ထောက်လှမ်းရေးရုံးကလိုလို ဘာလိုလိုနဲ့
ကျမကိုစကားတွေ လာအစ်အောက်နေတာ ရှိတယ်။
ရင်းနှီးနေတဲ့ သူတွေဖြစ်လို့
မင်းငါ့ကို စကားတွေ လာအစ်အောက်နေတာ ငါမသိဘူးများ မှတ်နေလား” ဆိုပြီး
ဗြောင်ပြောလွတ်တော့ ရယ်နေတယ်။
ကျမ ဆေးခန်းမှာ တာဝန်ကျနေတုန်းက
သူ
တကိုယ်လုံးတုန်ပြီး ငှက်ဖျားထနေလို့ ဆေးခန်းလာပြတယ်။
ဆေးထိုးပေးရင်း
အဲဒီကိစ္စနဲ့ စကားထများတယ်၊
“ဟုတ်လို့ မှန်လို့လုပ်တာ၊ မဟုတ်ရင် ကြိုးစင်
တက်မယ်” ပြောပြီး ဆေးတောင်မယူတော့ဘူး၊ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတယ်။
ကျမကလည်း “အေး မင်းတို့ ကြိုး စင်တက်မယ့်အချိန်ထိ စောင့်ကြည့်နေမယ်လို့”
ပြောခဲ့တယ်၊ အိန္ဒိယဘက်မှာပြန်တွေ့တော့ အဲဒီလိုမလုပ်ရင် ကျနော် လည်း
ပါနိုင်လို့တဲ့။
ကဲ ကြိုးစင်တက်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သူရဲကောင်းများ
ထွက်လာပြီး ရှင်းကြပါ။
ဆေးသင်တန်းတက်နေချိန်မှာပဲ နောင်ရာပါရွာလေးကို ခွပြီးစီးနေတဲ့
တောင်ကျချောင်းနှစ်ချောင်းက တချောင်းတည်း ပေါင်းပြီး တိုက်စားသွားလို့
လူတွေအများကြီး သေကြေပျက်စီးခဲ့ရတယ်။
အဲဒီထဲမှာ ကျမတို့ ကျောင်းသားရဲဘော်
(၈) ယောက်လည်း ပါသွားခဲ့တဲ့အတွက်
သူတို့အတွက် အမှတ်တရမှတ်တိုင်လေး
အဲဒီနေရာမှာ စိုက်ထူခဲ့ကြတယ်။
တယောက်ကတော့ သဲတွေနုန်းတွေထဲမှာ
ကိုယ်တပိုင်းနစ်ပြီး သတိလစ်နေတာပြန်တွေ့ခဲ့တယ်၊
အသက်ရှင်ခဲ့ပေမဲ့ ခြေ
ထောက်တဘက် မသန်တော့ဘူး။
ရဲဘော်တယောက်ကတော့ ဆန်ထမ်းရင်း ကြိုးတံတားပေါ်က
ပြုတ်ကျသေဆုံးခဲ့ရ တယ်။
ရွာသားတွေကို လွိုင်ဆာဘက်မှာ
ပြောင်းရွှေ့နေရာချထားတာကို
ဆေးသင်တန်းသားတွေသွားကူပြီး ဒူးလောက် နစ်တဲ့
ရွံ့တွေနွံတွေထဲမှာ နာရီဝက်လောက်သွားရတဲ့ တောထဲက ၀ါးတွေ၊ တိုင်တွေကို
ထမ်းသယ်ရင်း အဆောက်အဦ တွေ ပြန်ဆောက်ပေးကြရတယ်။
အဲဒီ လွိုင်ဆာဆိုတဲ့
ရွာလေးဟာ နအဖဂိတ်တွေနဲ့ တနာရီတောင် မဝေးတော့ပါဘူး။ ထွက်ပြေးချင်ရင်
ပြေးနိုင်ပါတယ်။
ဒါပေမဲ့ ကျမ မစဉ်းစားခဲ့ဘူး ရင်ဆိုင်ဖို့သာ ပြင်ထားခဲ့တယ်။
ကျမဆေးသင်တန်းပြီးလို့ တပ်ကိုပြန်လာတဲ့အချိန်မှာ
အရင်က ကျမကို ခင်ခဲ့တဲ့
မဘေဘီ (မိုးညှင်း)၊
မနှင်းမေ (မိုးညှင်း) တို့ဟာ ကျမကို
မခေါ်မပြောနိုင်တော့အောင်
ရန်သူတယောက်လို သဘောထားဆက်ဆံလာတယ်။
အစကတည်းက
သိပ်အတွဲ မဖြစ်ခဲ့တဲ့ တခြားရဲမေအကြီးတချို့ကတော့ သူတို့ပါအဆစ်ပါသွားမှာ
ကြောက်တယ်ထင်ပါရဲ့
ကျမနဲ့ စကားမ ပြောဖြစ်အောင် ရှောင်ကွင်းနေကြတယ်။
ကျမအနားမှာတော့ နဂိုကတည်းက ကျမကို ခင်မင်နေတဲ့ ရဲမေအငယ်တွေပါပဲ။
တခါကတော့ ထောက်လှန်းရေးရုံးက လာခေါ်လို့ လိုက်သွားရတယ်။
အထဲကိုရောက်တော့
ကိုသန်းဇော်က
“ဘာမှ မ ဟုတ်ပါဘူး ငါတို့စစ်တာကို မင်းကြည့်ချင်ရင်
ကြည့်ရအောင်” တဲ့။
မျက်လွှာလေးတွေချပြီး ငုတ်တုတ်လေးတွေ ထိုင်နေ သူ
သုံးယောက်က
ရဲဘော်ရန်အောင်၊ မခင်ချိုဦး၊ သင်းသင်း၊
မျက်လုံးချင်းစုံကြည့်မိရင်
ကျမအတွက် အန္တရာယ်ရှိနိုင်တာ ကို သူတို့သိနေလို့
ထင်ပါတယ်။
တချက်မှ ကျမကို မကြည့်ကြဘူး။
ကျမရှေ့မှာမို့ ဘာမှထူးထူးခြားခြား
မေးမြန်းနေတာ မျိုး မရှိပါဘူး။
ဒါလည်း ကျမကို အကဲစမ်းနေတယ်ဆိုတာ သိနေတဲ့
ကျမက
“အဲဒီအထဲမှာ ကျမကော မပါဘူးလားလို့” တမင်ဘုတောပြီး ၀င်မေးခဲ့တယ်၊
သုံးယောက်စလုံး “မပါပါဘူး” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။
ပြန်ခါနီးမှာ
ကိုသန်းဇော်က
“မင်း သတ္တိရှိတယ်ဆိုတာကိုတော့
ဇော်ဦး (တိုက်ပွဲကျဆုံး၊
ရှေ့တန်းထွက်စဉ်က ကျမရဲ့တပ်စိပ်မှူး) ပြောဖူးတယ်” တဲ့။
ဘယ်တုန်းကမှ ကျမကို အဖမ်းခံထားရတဲ့ဘက်မှာ တာဝန်မချပေးခဲ့ဘူး။
အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အ စောင့်ချထားတယ်ဆိုတာလည်း
ကျမ မသိဘူး။
ဆေးနဲ့ပတ်သက်တဲ့တာဝန်ကိုတော့
ဆေးတာဝန်ခံ ရဲမေ အန်ရမ်တီး (မိုးကောင်း) နဲ့
ဆေးဆရာမ တင်စန်းဦး (မိုးညှင်း) ပဲ တာဝန်ယူခဲ့တယ်။
အမျိုးသမီးတွေရဲ့
မအင်္ဂါကို စစ်ဆေးခဲ့သူက
ဆေးတာဝန်ခံ ဆရာမ အန်ရမ်တီး ပါ။
စစ်ခဲ့တာကိုပဲပြောပြီး
ဘယ်သူစစ်တာလဲ ထည့်မပြောတော့ လုပ်ခဲ့သူတွေကပဲ
တဏှာရူးလို့ လုပ်ခဲ့သလို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။
တခါတော့ ကျမကို
ကျောင်းသားထောက်လှမ်းရေးထဲက
ကျော်ထင်ဦး (အထဲပြန်ဝင်သေဆုံး) လာခေါ်လို့
လိုက်သွားရတယ်။
အဖမ်းခံထားရတဲ့ လူတွေကိုထားတဲ့ ဟောကြီးရဲ့
ဘေးအပြင်ဘက်
ထိုင်ခုံတွေလုပ်ထားတဲ့နေရာမှာ
ရဲဘော်ထွန်းအောင်ကျော်နဲ့
အဖမ်းခံထားရတဲ့ရဲဘော်တစု
နေပူဆာလုံ ရင်း စကားပြောနေကြတာကို တွေ့ရတယ်။
ကျမကိုကြည့်လိုက်တဲ့ မျက်လုံးရဲ့ အဓိပ္ပါယ်၊ ပြုံးလိုက်တဲ့ နှုတ်ခမ်းကို
မမေ့ပါ ဘူး။
ကျမ ဘယ်လိုရဲမေလဲဆိုတာ သိတဲ့လူထဲမှာ ကိုထွန်းအောင်ကျော်လည်း
ပါပါတယ်။
အထဲမှာ ဖျားနာနေတဲ့ ရဲဘော် တချို့ကို ဆေးထိုး၊ ဆေးပေးခဲ့တယ်။
မဖျားနာတဲ့ လူတွေအတွက် ကျမလက်ထဲမှာပေးစရာက
ငါးကြီးဆီပဲရှိတာမို့ သူတို့
တောင်းတောင်း မတောင်းတောင်း
အားလုံးရဲ့ လက်ထဲထည့်ပေးခဲ့တယ်။ ဒါလည်း
အကဲစမ်းချက် တခုပါပဲ။
ကျောင်းသားထောက်လှမ်းရေးထဲမှာပါတဲ့ ရဲဘော်အောင်စိုးမြင့်က
ကျမကို
ယူဂျီလမ်းကြောင်းမှာ သုံးခဲ့တဲ့
တကျပ်တန် ငွေစက္ကူတွေနဲ့ပတ်သက်ပြီး
မေးခဲ့တာရှိတယ်။
“သိချင်ရင် ဥက္ကဋ္ဌ ကိုအောင်နိုင်ကိုမေးကြည့်၊
သူ
ခိုင်းခဲ့တာ” လို့ဖြေတော့ “မင်းကလည်း အလာကြီးပါလား” တဲ့။
အမှန်က
ကိုအောင်နိုင်နဲ့ ကျမနဲ့ တိုက်ရိုက်မပါတ်သက်ပါဘူး။
ကျမ တမင်ဘုတော ပြီး
ဖြေခဲ့တာ။
ရင်းမှူး သိုက်ထွန်းဦးဆိုရင်လည်း ကျမလိုပဲ သံသယနဲ့
အကြည့်ခံရတဲ့ထဲမှာ ပါပါတယ်၊
“ငါ့ကို ဒီလိုမဆက် ဆံနဲ့ ဖမ်းချင်ရင်
တခါတည်းဖမ်းလိုက်” လို့
အရက်မူးပြီး ပေါက်ကွဲအော်ခဲ့တဲ့အထိ။
မယုံကြည်တာကို ကျမခံစားရကတည်းက
ကောင်းကောင်းမွန်မွန်လုပ်ရင်
ယုံကြည်အောင်လုပ်ပြသလို ဖြစ်နေမှာစိုးလို့
မကောင်းတာတွေ ဘဲ့တိုက်
လုပ်ခဲ့တာရှိတယ်။
(ဒါကိုတော့ မရေးတော့ဘူး မိသားစုဝင်တွေ
စိတ်မကောင်းမှာစိုးလို့)
မယုံ ကြည်ပဲနဲ့ ဆေးလာထိုးခိုင်းတဲ့
လူကြီးတွေရှိရင်
ဆေးထိုးသတ်မယ်လို့ ပြောခဲ့တာတွေရှိတယ်။
လူကြီးရော
ရဲဘော်တွေ ရော တယောက်မကျန်
ငါးကန်တူးရမယ်ဆိုရင်လည်း မသွားလို့ CS
သံချောင်းက
ရဲဘော်သက်လင်း (ကျောင်းသား ထောက်လှမ်းရေး၊ ဗန်းမော်) ကို
လာခေါ်ခိုင်းတယ်။
“ဒေါ်လှိုင် မပါရင် ကျနော့်ကို ပြန်မလာနဲ့လို့ ပြောလိုက်တယ်
လာပါ” လို့
အတင်းခေါ်ခဲ့ပေမဲ့ “မလိုက်ဘူးကြိုက်တာလုပ်” ဆိုပြီး
ဇွတ်ပေနေတာမျိုးတွေလည်း ရှိတယ်။
ဒါတွေဖြစ်ပြီးနောက်ပိုင်း ရှေ့တန်းကပြန်ရောက်လာတဲ့
ခရိုင်မှူး
ကိုစိန်အေးကလည်း (မိုးညှင်း၊ ကိုသန်းဇော်နဲ့အတူ စစ်အ စိုးရ အဖမ်းခံ၊
ထောင်ကျ ပြန်လွတ်) က ကိုမျိုးဝင်းတို့ ရှေ့တန်းထွက်ဖို့ ပြင်နေချိန်
ကျောင်းသားထောက်လှမ်းရေးရုံးထဲမှာ ကျမကို ပြောခဲ့တာရှိတယ်။
“မင်းက
အကုန်လုံးပြောစရာမရှိဘူး။
ကောင်းတယ်။
တခုလေးပဲ မှားနေတယ်” တဲ့၊
“အဲဒီ မှား
နေတဲ့တခု က ဘာလဲ” လို့ ကျမ ချက်ချင်း ပြန်မေးတော့ ပြန်မဖြေခဲ့ဘူး။
လေ့ကျင့်မွမ်းမံ သင်တန်းတွေ ပြန်လုပ်နေတဲ့အချိန်
သင်တန်းတက်နေရင်း
တညနေမှာ ဖျားနာခြင်း လုံးဝမရှိဘဲ
အ ကောင်းကြီးကနေ တကိုယ်လုံး
ညောင်းကိုက်ပြီး အန်တာနဲ့
ဝမ်းလျောတာနဲ့ တပြိုင်တည်းဖြစ်ပြီး
သတိလစ်သွားတယ်။
သတိရလာတော့ ခြေထောက်နှစ်ဘက် လက်နှစ်ဘက်စလုံးမှာ
ပုလင်းကြီးတွေ ချိတ်ထားတယ်။
ခြေသည်းတွေ လက် သည်းတွေ အားလုံး ပုတ်ကုန်တယ်။
လူကအရိုးပေါ်အရည်တင်ပဲ ကျန်တယ်။
ဆေးရုံကဆရာဝန်တွေလည်း ဒါမျိုးလက္ခ ဏာ
တခါမှမတွေ့ဖူးဘူးတဲ့။
အဲဒီအချိန်မှာ ရင်းမှူးသိုက်ထွန်းဦးနဲ့ ရဲဘော်မြဇော်
ရောက်လာပြီး သတင်းမေးတယ်။ “ဆေးသောက်တယ်ဆို” တဲ့၊ “ဆေးရုံတက်နေပါတယ် ဆိုမှ
ဆေးသောက်တာပေါ့” လို့ အူကြောင်ကြောင်နဲ့ ဖြေမိတော့၊
“အဲဒီဆေးကို
ပြောတာမဟုတ်ဘူး။
ဆေးဖြုတ်ချတယ် ကြားလို့” တဲ့၊
ကဲ ကာယကံရှင်က
အခုမှသတိရလာခါစ
ကျောင်းသားတပ်မှာတော့ “ဖမ်းတော့မယ်မှန်း သိလို့
ဆေးဖြုတ်ချတယ်” ဆိုတဲ့
သတင်းက ပြန့်နေပြီ။
ဘယ်သူတွေက ဒါတွေကို
ဖြန့်နေကြတာလဲ။
ဘယ်သူ့ကို သွားရှင်းပြ ရမှာလဲ။
ဒါတွေအားလုံးဖြစ်ပျက်ပြီး တပ်ထဲမှာ နေချင်စိတ်ကုန်သွားလို့ (၁၉၉၂ ၉၃)
ဗဟိုနဲ့ (၁၇) ရက်လောက် မေခ မေလိခ၊ ချီ ဖွေလောခေါင်ကားလမ်းကို
ဖြတ်ပြီးသွားရတဲ့
တပ်မဟာ(၁)နယ်မြေ အင်ဂွန်းလရွာကလေးမှာ
ကျောင်းဆရာမသွားလုပ်ဖို့ ကျမနဲ့ အန်တီအေး (မန္တလေးမှာ အဖမ်းခံခဲ့ရတဲ့
တောထဲကနေ ကိုမျိုးဝင်း ပြန်လွတ်တဲ့ ယူဂျီ မမူရဲ့ညီမ ရဲမေ မခင်မာ အေး)
ကိုသံချောင်းဆီ သွားခွင့်တောင်းတုန်းက
သူက ကျမသွားမှာကို
စိတ်မကောင်းဖြစ်ပြီး
“ငါ မင်းကိုယုံတာပဲ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။
ကိုသံချောင်းဆိုတဲ့လူက အဲဒီလိုလူမျိုး။
ကြောင် (ခ) ကိုကျော်နိုင်ဦးကို ဖမ်းတဲ့အချိန်တုန်းကလည်း ကိုသံချောင်းက
ကျောင်းသားထောက်လှမ်းရေးတွေကို
“ငါ့ ကြောင်လေးတော့ ဟုတ်မယ် မထင်ပါဘူးကွာ
မင်းတို့ကြည့်လည်း လုပ်ပါအုံး” လို့ ပြောခဲ့တယ်။
အဖမ်းခံထားရတဲ့
ကြောင်ကိုလည်း
“မင်း ငါတို့ကို ထမင်းချက်ကျွေးခဲ့တာပဲ
ဘာလို့
အဆိပ်ခပ်မသတ်ခဲ့တာလဲလို့ သွားမေးသေးတယ်”
အဲဒီတော့ ကြောင်က ပြန်ဖြေခဲ့တယ်
“ကျနော် CS ကို ချစ်လို့” တဲ့။
အကျယ်ချုပ်ကနေ လွတ်လာတဲ့
ကြောင် (ခ) ကိုကျော်နိုင်ဦး (သာယာဝတီ၊
လက်ရှိထောင်ကျနေတဲ့ ကိုသံချောင်းကို ကူ ညီပေးနေသူ) အဆောင်ရှေ့မှာ ကျမကို
လာပြောခဲ့တာ ရှိတယ်။
“မင်းကို မျက်မြင်သက်သေအဖြစ် ချန်ထားနိုင်ဖို့ အား
လုံးက ၀ိုင်းကာထားကြတယ်။
(နောက်ပိုင်းမှာ ကိုသန်းဇော်ပြောပြတာက
မင်း အဲလို
ဗြောင်ပြော ဗြောင်ဖိုက် နေတာတွေ က မင်းကို ကယ်သွားတာတဲ့)
ကိုအောင်နိုင်ကလည်း မသေချာဘူး။
သူ့ရဲ့ပစ္စတို အသိမ်းခံထားရတယ်။
ငါ သူ့ကို
စိတ်မချ လို့ ထွက်မပြေးသေးတာ” တဲ့၊
သူပြေးခါနီးအချိန် ကေအိုင်အေ
အပစ်အခတ်ရပ်ပြီး
(၁၉၉၄ ၉၅) မှာ “ငါ မနက်ဖြန်ဆို ဒိုး ပြီ” လို့ ကျမ
လိုက်ချင်လည်းလိုက်လို့ရအောင်
ယုံယုံကြည်ကြည်နဲ့ အသိလာပေးခဲ့တယ်။
အခုနေပြန်စဉ်းစားရင်
အဲဒီအချိန်က သတိလစ်ပြီးဆေးရုံရောက်သွားတာ
အဆိပ်များမိခဲ့သလားလို့တောင် သံသယဖြစ် လာတယ်။
အဲဒီလိုဖြစ်ခဲ့တာဟာ
ကျမအတွက်အကောင်းလား အဆိုးလား ကျမ မသိဘူး။
(၁၉၉၂) ခုနှစ် ဖေဖော်ဝါရီလ (၁၂)
ရက်၊
လေ့ကျင့်မွန်းမံသင်တန်းက ရဲဘော် ရဲမေတွေကို ဘွန်လွန်းဘက်
တရက်ခရီးလွတ်လိုက်တယ်။
နောက်တန်း မှာ ယုံကြည်စိတ်ချရတဲ့ ရဲဘော်တချို့ပဲ
ကျန်ခဲ့တယ်။
ရဲမေဆောင်မှာ နေမကောင်းလို့ သင်တန်းကထွက်ခဲ့တဲ့
ကျမနဲ့ ကျမကို
စောင့်ကြည့်နေတဲ့ ရဲမေ ဂျူးဂျူး (ခ) မာမာထွန်း (မိုးကောင်း၊ နောင်မှာ
ကိုသံချောင်းဇနီးဖြစ်လာသူ) နှစ်ယောက် ပဲ ရှိတယ်။
အဲဒီအချိန်မှာ
အတွင်းရေးမှူး ကိုအောင်နိုင်နဲ့ ကိုယ်ရံတော် ကျားလေး (ခ) ရဲဘော်အောင်စိုး
ရှေ့တန်းသွားသ လို ၀တ်စုံအပြည့်နဲ့ ရောက်လာပြီး
“ခရာမှုတ်သံ မကြားဖူးလား”
လို့မေးတော့ နှစ်ယောက်စလုံးက
“မကြားဖူး ဘာဖြစ်လို့ လဲ” ပြန်မေးတော့ မဖြေဘဲ
ပြန်ထွက်သွားတယ်။
ခဏနေတော့ အာဆန်ကုန်းဘက် တက်သွားတဲ့
လူတန်းရှည်ကြီးကို ကျမတို့နေတဲ့
ရဲမေဆောင်ကနေ လှမ်းမြင်လိုက် တော့
“မဂျူး အဲဒါ ဘာလုပ်တာလဲ” လို့
ကျမမေးကြည့်တော့
“သတ်လိမ့်မယ်ထင်တယ်” တဲ့၊
ကျမက သူ့ကို “သွားကြည့် မယ်
လိုက်မလား” လို့ မေးတော့ “မလိုက်ချင်ဘူး” တဲ့၊
“ဘာပဲဖြစ်ဖြစ် ငါသိကို
သိနေရမယ်” ဆိုတဲ့စိတ်က
ကျမကို အမြဲ တွန်းအား ပေးနေခဲ့တယ်။
ကျမ သူတို့ရှိတဲ့နေရာ ကုန်းပေါ်ကိုရောက်တော့
ကိုသံချောင်းက “ဟာ
မင်းကြည့်ရဲမှာ မဟုတ်ဘူး။
ပြန်ပြန်လို့ပြောတယ်။
ကျမက ရပါတယ်လို့ ပြောရင်း
သူတို့နားမှာ ၀င်ထိုင်လိုက်တယ်။
တန်းစီလျက်ရှိနေတဲ့ အသတ်ခံရမဲ့လူ (၁၅)
ယောက်ရဲ့
မျက်နှာတွေကို ကျမကြည့်ခွင့်ရခဲ့တယ်။
တူးထားပြီးသားတွင်းတွေရဲ့
ရှေ့မှာ အားလုံးကတည်တည်ငြိမ်ငြိမ်နဲ့။
တယောက် စီကို ဟုတ်သလား ထပ်မေးတော့
ခွဲမှူးသာဓု (မိုးကောင်း) တယောက်ပဲ
သူဟာ ငယ်ငယ်ကတည်းက မိဘမဲ့မို့ ရဲရိပ်သာ က
ခေါ်ယူမွေးစားခဲ့တယ်။
ဒီကိုတာဝန်နဲ့ လွတ်လိုက်တာ ဟုတ်ပေမဲ့
ဒီရောက်တော့
ကျောင်းသားရဲဘော်တွေကို
သံယောဇဉ်တွယ်သွားလို့ သူ့ကိုခိုင်းခဲ့တာတွေ
ဘာတခုမှ မလုပ်ခဲ့ပါဖူးလို့
ရှည်ရှည်ဝေးဝေး ရှင်းပြတာကလွဲရင်
အားလုံးက
“ဟုတ်ပါတယ်” လို့ပဲ ၀န်ခံခဲ့ကြတယ်။
အသတ်ခံရတဲ့ အထဲမှာပါတဲ့
မခင်ချိုဦး (ရန်ကုန်) ဟာ နန်းအောင်ထွေးကြည်၊
တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့ သူတဦး ဖြစ်သလို၊
တောထဲလာခဲ့တဲ့လမ်းမှာပဲ တိုက်ပိတ်နဲ့အိမ်ထောင်ကျခဲ့တဲ့
တိုက်ပိတ်ရဲ့အမျိုးသမီးလည်းဖြစ်ပါတယ်။
ကျမ မြောက်ပိုင်းရောက်စက
ကျမနဲ့စားအတူ အိပ်အတူဖြစ်အောင်
ခင်မင်သွားတဲ့သူတဦး ဖြစ်သလို သူ့မှာရှိနေတဲ့
ပဲပုတ် ခြောက်လေးတွေ
မီးကင်ပြီး ကျမကို သုတ်ကျွေးတတ်တယ်။
ပြန်စဉ်းစားမိတော့
မခင်ချိုဦးဟာ နန်းအောင်ထွေးကြည်နဲ့ အတူလာခဲ့ပေမဲ့
သူတို့နှစ်ယောက် အတူတွဲပြီး နေထိုင်စားသောက် သွားလာဆက်ဆံတာမျိုးတွေ
ကျမ
တခါမှ မမြင်ခဲ့ဖူး တာကို သတိထားမိလာတယ်။
မခင်ချိုဦးက ရန်ကုန်တက္ကသိုလ်
မြန်မာစာကျောင်းသူလို့ ပြောခဲ့ပေမဲ့
ရန်ကုန်တက္ကသိုလ် ရဲ့အနေအထားကို
မေးကြည့်တော့
သူဘာမှမသိဘူး ဖြစ်နေတဲ့အပြင် သူရဲ့နေပုံထိုင်ပုံတွေအရ
ကျောင်းသားထောက် လှမ်းရေးဘက်က
သူ့ကို မကောင်းတဲ့မိန်းမသဘော ယူဆထားတာကို
ကြားခဲ့ရတယ်။
ဒါနဲ့ပတ်သက်ပြီး နန်းအောင်ထွေးကြည်ကို ကျမမေးကြည့်တော့
“သူ
တက္ကသိုလ်ကျောင်းသူ ဟုတ်မဟုတ် ငါမသိဘူး။
ငါ ကတော့ စိတ်ပညာနဲ့ စာပေးစာယူ
ယူထားတာပဲ၊
သူနဲ့ငါက NLD မှာ လုပ်ရင်းတွေ့ကြတာ။
သူ အရမ်းဆင်းရဲတယ် ဆို
တာတော့ ငါသိတယ်။
အခု ကျူးကျော်ရပ်ကွက်တွေ ဖျက်လိုက်တော့
သူတို့မိသားစုတောင်
ဘယ်ရောက်နေလဲ မသိ တော့ဘူး။
(တိုက်ပိတ် (ခ) သန်းထွန်းစိုးတော့
သိနိုင်မယ်လို့ ကျမထင်တယ်)၊
ပြီးတော့ မိချို ထွက်ဆိုတာတွေမှန်သမျှ
ငါ
ကနောက်ကနေ ဒိုင်ခံလိုက်ဖြေနေရတာ။
ငါကတော့ အားလုံးကို သန်းထွန်းစိုး (ခ)
တိုက်ပိတ်ကိုချည်းပဲ လွဲချဖြေခဲ့တာ” လို့ ပြောခဲ့တယ်။
သေချာတာကတော့
မခင်ချိုဦးဟာ လည်မလိုလိုနဲ့
အူတူတူအတတထဲက၊
အသုံးချခံလိုက်ရတာ ဖြစ်ဖို့
များပါတယ်။
တန်းစီနေရာကနေ
တယောက်စီ နေရာတွေချပေးဖို့ ခေါ်ထုတ်တဲ့အချိန်မှာ
ကိုထွန်းအောင်ကျော်က “VCS,CS တို့ မှား မယ်နော်” လို့ စကားတခွန်း
ပြောသွားခဲ့တယ်”
ကျည်ဆံကို အသုံးမပြုဘ၊ဲ
ဓါးကိုအသုံးပြုဖို့ ရည်ရွယ်ချက်နဲ့
သတ်မယ့်သူ (၁၅) ယောက်လုံးရဲ့
အ၀တ်အစားတွေကို ပခုံးအောက်ကျောလယ်လောက်ထိ
ချွတ်ချခဲ့ကြတယ်။
(နန်းအောင်ထွေး ကြည် ပြောခဲ့သလို
မခင်ချိုဦးကို
တကိုယ်လုံးချွတ်ချပြီး ရဲဘော်တွေကို
မုဒိမ်းကျင့်ခိုင်းတယ်ဆိုတဲ့အချက်က
မမှန်ကန်ပါ။
မြောက်ပိုင်းက ရဲဘော်တွေအားလုံးကို သိမ်းကြုံးစော်ကားသလို
ဖြစ်နေပါတယ်။
မလုပ်ရတာကြာပြီ
လုပ်ချင်လုပ်လို့ ပြော ရအောင်လည်း
အဲဒီအချိန်မှာ ရဲဘော်တွေအားလုံးက လူပျိုတွေချည်းပါ။
ကျော်ခိုင်ဝင်း အပါအ၀င်
တခြားရဲဘော်တွေ လည်း အများကြီးရှိပါတယ်)
၁၅ ယောက်ကို သူလျှိုတွေအဖြစ်
သေဒဏ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို
ဗဟိုကော်မတီထဲက ဘယ်သူတွေ
ပါဝင်ဆုံးဖြတ်ခဲ့တာ ကျမ မသိခဲ့ပေမယ့်
အမိန့်ပြဋ္ဌာန်းကိုတော့ အားလုံးကိုယ်စား
ကိုမျိုးဝင်းတယောက်ပဲ
တာဝန်ခံလက်မှတ်ထိုးပြီး ထုတ်ပြန်ချက်ကို
ရဲဘော်တွေကြားအောင်
ဖတ်ပြခဲ့တာကိုတော့ ကြားခဲ့ရတယ်။
တကယ်လုပ် တော့မယ့် အချိန်မှာတော့
ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက
ကျမကိုပြန်ခိုင်းခဲ့သလို
ကျမကိုယ်တိုင်လည်း လက် တွေ့ကျ
ကြည့်နိုင်တဲ့အားမရှိတာမို့ ပြန်ဆင်းလာခဲ့ပေမယ့် ကျမခေါင်းထဲမှာတော့
မေးခွန်းတွေ တခုပြီးတခု ရောက်လာခဲ့ တယ်။
ဒါတွေ စဖြစ်ကတည်းက
“ဘာတွေဖြစ်နေတာလဲဆိုပြီး
အဖြစ်အပျက်အမှန်ကို အသိချင်ဆုံး လူထဲမှာ ကျမရှေ့
ဆုံးက ပါခဲ့တယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)
Posted by admin on April 3, 2012
(၄)
ထူးဆန်းနေတာက နှိပ်စက်တာမခံနိုင်လို့ ပါးစပ်ထဲရှိတဲ့ နာမည်တွေ
လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ် ပြော တယ်။ အဲဒီလို
လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့
တယောက်မှကို မ ငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ
ဝန်ခံခဲ့ကြတယ်။ သတ်တော့မယ်ဆိုတာကို သေချာပေါက်သိနေတဲ့ အချိန်မှာတောင်
“ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။ ဘာကြောင့် “ငါတို့ သူလျှိုမဟုတ်ဘူးကွ” လို့
ကျန်နေတဲ့ ရဲဘော် တွေကြားမှာ သံသယလေးတစွန်းတစ ချန်ထားနိုင်အောင်
မအော်သွားခဲ့ကြတာလဲ။
တယောက်မကျန် ဟုတ်ပါတယ်။ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။
ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော
တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲကပဲဖြစ်ဖြစ် အဖမ်းခံရပြီး
သူတွေထဲကပဲဖြစ်ဖြစ် မင်းတို့ ငြင်းမနေနဲ့ ငြင်းနေရင် အသားအနာခံရဖို့နဲ့
သေဖို့ပဲရှိတယ်။ ဟုတ်တယ်လို့ ဒီလိုဒီလို ဖြေ လိုက်လို့ဆိုပြီး
လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။ ဘယ်သူတွေလဲ။ မဟုတ်ဘဲနဲ့ အဖမ်းခံခဲ့ရတယ်။
တယောက်စီ ခေါ် ထုတ်ခွဲစစ်ခဲ့တယ်။ ပုံမှန်ဆို ထွက်ဆိုချက်တွေက
တယောက်တပေါက်စီ ဖြစ်ကိုဖြစ်နေရမယ်။ ရန်သူ့ သူလျှိုတွေ မဖြစ်နိုင်ဘူးဆိုတဲ့
အနေအထားတွေကို ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်။ ကိုညီညီကျော်တို့ အဖမ်းမခံရခင် အစ
ပိုင်းမှာကတည်းက ညွှန်ပြနေရမယ်။
လက်တွေ့မှာ အရာရှိအဆင့်နဲ့အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက
အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အ ပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့
သူတို့ချင်းဆက်သွယ်တဲ့ ကုပ်တွေပါ တူနေကြတာက ယုံကြည်လက်ခံနိုင်လောက်တဲ့
အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေယူ၊ ဗွီဒီယိုတွေ
ရိုက်ခဲ့ကြတဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ
သက်သေပြဖို့ “ယင်ဒီးလို” သတင်းထောက်မျိုးကိုတောင် တောထဲခေါ်
ပြလိုက်ကြသေးတယ်။
အဖမ်းခံခဲ့ရတဲ့ထဲက ကြောင် (ခ) ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊
ကိုညီညီအပါအ၀င် ဒါတွေနဲ့ပတ်သက်ပြီး မေး မြန်းလာကြတာတွေရှိခဲ့ရင်
သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတွေကို မိဘတွေကိုယ်တိုင်လာခေါ်ရင်
လွတ်ပေးမယ်ပြောပြီး မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ်လာခေါ်ကြတော့
ပြန်မထည့်ပေးဘဲ လူကြီးတွေ ဂတိပျက်ခဲ့တာ လည်းရှိတယ်။ တောထဲလိုက်လာတဲ့
မိဘတွေကို ခင်ဗျာ့တို့ သားသမီးတွေက ဒီလိုဒီလိုတွေပါလို့
ရှင်းပြခဲ့ကြသေးတယ်။
အဲဒီအချိန်က ဗဟိုဥက္ကဋ္ဌ ကိုနိုင်အောင်လည်း ရောက်နေတဲ့အချိန်ဖြစ်လို့
အကျယ်ချုပ်နဲ့ပြန်လွတ်ထားတဲ့သူတွေနဲ့ တော ထဲကို လိုက်လာခဲ့တဲ့ မိဘတွေအတွက်
ဖျော်ဖြေပွဲလေးတခု လုပ်ခဲ့ကြတယ်။ အဖမ်းခံရပြီး သူ့မိခင်လာတွေ့ပြီးနောက် အ
ကျယ်ချုပ်နဲ့ အဆောင်မှာပြန်လာနေတဲ့ နန်းအောင်ထွေးကြည် (ခ) မငယ်က သူအဖေဟာ
တချိန်က အမှတ်(၂)ထောက် လှမ်းမှူး ဦးခင်မောင်ကြည် ဖြစ်ပြီး
လောဆစ်ဟန်တို့အမှုနဲ့ ပတ်သက်ပြီး ပြုတ်သွားတဲ့သူတဦးဖြစ်ကြောင်း၊ ကေအိုင်အေ က
ဗိုလ်ချုပ်ဇော်မိုင်နဲ့ သူတို့မိသားစုက ဘယ်လိုပတ်သက်ဆက်နွယ်မှု
ရှိခဲ့တယ်ဆိုတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မိုင်က သူ့ အိမ်က သူ့ကိုခေါ်တာ
“မိငယ်” မဟုတ်ဘူး “မီးငယ်” လို့ ခေါ်တာတောင် သိနေတဲ့အကြောင်းနဲ့
လက်ရှိအဖြစ်အပျက် တွေကိုပါ ကျမကို ပြောပြခဲ့ဖူးတယ်။
ပထမတော့ နဲနဲအံ့သြမိတယ်။ ဘာကြောင့်လဲဆို သူအဲဒီလို
ယုံယုံကြည်ကြည်ပြောပြဖို့ထိ ကျမနဲ့ သူနဲ့က သိပ်အတွဲမဖြစ် ခဲ့ဘူး။ ဒါပေမဲ့
ကျမကိုယ်တိုင်က အဲဒီအချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အဖြစ်မှန်ကို
သိချင်လွန်းလို့ ကျောင်းသား ထောက်လှမ်းရေးထဲကပဲ ဖြစ်ဖြစ်
အဖမ်းခံထားရတဲ့သူထဲကဖြစ်ဖြစ် လာပြောတဲ့သူတွေစကားကို အကုန်လိုက်နားထောင်
နေခဲ့တယ်။
နန်းအောင်ထွေးကြည်ရဲ့ အကိုဝမ်းကွဲ ဦးစိုင်းထွန်း
သူ့ကိုလာတွေ့ပြီးတဲ့နောက် ကေအိုင်အေဘက်သွားခါနီးမှာ လက် မောင်း
သွေးဖောက်ပြီး သစ္စာဆိုချင်တယ်ဆိုလို့ ရင်းမှူးသိုက်ထွန်းဦးဆီက ဓါးမြှောင်
ကျမ သွားငှားခဲ့တယ်။ အဆောင် နားက ကျောက်တုံးကြီး ဘေးမှာ ကျမကအရင်
ဓါးမြှောင်နဲ့ လက်မောင်းကို စိုက်လိုက်တယ်၊ ရာသီဥတုကပဲ အေးလို့ လား၊
စိုက်တာက သိပ်မနက်လို့ပဲလား မသိဘူး၊ ကျမတို့ထင်ထားသလို သွေးက စီးကျမလာဘူး။
အဲဒါနဲ့ ဆေးဆရာ နိုင်ဝင်း အကူအညီနဲ့ ဆေးထိုးအပ်နဲ့ စုပ်ထုတ်ယူပြီး
ရောလိုက်တယ်။ သူမေးတယ် ကဲ ဘာသစ္စာဆိုချင်လဲဆိုတော့ ကျမ က “မှန်တာကို
ပြောရမယ်၊ မှန်တာကို လုပ်ရမယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်” လို့ (၃)
ချက်ကို ပြောတယ်။
သူက အောက်က နှစ်ချက်ကိုတော့ ငါလုပ်လို့ရတယ် အပေါ်ဆုံးက “မှန်တာကိုပဲ
ပြောရမယ်” ဆိုတာ မင်းငါ့ကိုနားလည် ပေးပါ၊ ငါက အခြေအနေအရ လိမ်ပြောရတာတွေ
ရှိတယ်လို့ပြောတော့ ကျမ သဘောတူလိုက်တယ်။ “မင်း ဒီနေရာက ထွက်သွားတာနဲ့
ဒီကိစ္စတွေကို ငါတို့လိုချင်တာ မရသေးတဲ့အချိန်မှာ မဖော်ထုတ်ရဘူး။
အချိန်ကျလို့ ဖော်ထုတ်မယ်ဆိုရင် မဟုတ်ဘဲနဲ့ သေသွားတဲ့သူတွေအတွက်
ငါလည်းမှန်တဲ့အတိုင်း ရပ်တည်မယ်။ အချိန်မကျဘဲ ဖော်ထုတ်ခဲ့မယ်ဆိုရင်
ရန်သူသဘောကျအောင် လုပ်တာနဲ့ အတူတူပဲမို့ မင်းကိုလည်း ငါ ရန်သူ့လူလို့ပဲ
သတ်မှတ်မယ်” လို့ ကျမ သူ့ကို ပြောခဲ့ တယ်။
တချိန်မှာ ဒါတွေအတွက် အမှန်တရားဖော်ထုတ်ပေးဖို့
ရဲဘော်ထွန်းအောင်ကျော်နဲ့အတူ အားလုံးက ဆန္ဒကိုယ်စီ ရှိနေခဲ့ ကြတယ်ဆိုတာ
အမှန်ပါ။ ဒါပေမဲ့ တော်လှန်ရေးမှာ နောက်ထပ်နစ်နာဆုံးရှုံးမှုတွေဖြစ်အောင်
ဒါတွေကို ရည်ရွယ်ချက်ရှိရှိ ပြန်အသုံးချနေတာမျိုးကိုတော့
ရဲဘော်ထွန်းအောင်ကျော် လိုလားနှစ်သက်လိမ့်မယ်လို့ ကျမ မယုံပါဘူး။ ဒါကို
ရဲဘော် ထွန်းအောင်ကျော်ရဲ့ လုပ်ဖော်ကိုင်ဘက်ပါလို့ ကြွေးကြော်နေတဲ့
ကိုအောင်မိုးဝင်း မသိကျိုးကျွန်လုပ်ပြီး အသုံးချနေတာ တော့ ကျမအတွက်
နည်းနည်း ထူးဆန်းနေပါတယ်။ (ဖြစ်ရပ်မှန်ကို ရိုးသားစွာ ဖော်ထုတ်တင်ပြနေတာကို
မဆိုလိုပါ)
အထက်ဗမာပြည် ဗကသ ညီလာခံဆိုတာ ကျမတို့ မန္တလေးကျောင်းသူကျောင်းသားတွေ
နဖူးကချွေး ခြေမ ကျအောင် နေပူပူထဲမှာ တဆိုင်ဝင်တဆိုင်ထွက်
တအိမ်ဝင်တအိမ်ထွက် မျက်နှာအောက်ချပြီး အလှူခံ၊ ထမင်းဟင်းတွေ ချက်ပြုတ်၊
ကိုယ်စားလှယ်တော်တွေအတွက် ကျမတို့ကိုယ်တိုင် ထမင်းထုပ်တွေ ပို့ပေးခဲ့တာပါ။
ကိုစိုးလင်း (အာအိုင်တီ၊ မန္တလေး) ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ညှိပြီး
အခက်အခဲအမျိုးမျိုးကြားက ကျင်းပခဲ့ရတဲ့ ညီ လာခံပါ။ ကိုထွန်းအောင်ကျော်၊
ကိုအောင်နိုင်တို့နဲ့အတူ စင်မြင့်တနေရာကနေ ပွဲကြည့်ပရိတ်သတ်အဖြစ်နဲ့လည်း
ကျမ ပါဝင်ခဲ့ပါသေးတယ်။ ထောက်လှမ်းရေးက ဗိုလ်ကြီးမြင့်ဦး ကိုယ်တိုင်
သူ့ကားကို ညီလာခံအတွက် သုံးစွဲခွင့်ပေးတဲ့အပြင် ထောက်လှမ်းရေးတွေကို
ဗွီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ခွင့်ပေးခဲ့တဲ့အတွက်
အဲဒီညီလာခံလဲ ပြီးရော နောက် ထပ် လူဖမ်းပွဲကြီး စခဲ့တာကိုလည်း မမေ့ပါဘူး။
မန္တလေးကျောင်းသားတွေ သပိတ်မှောက်ထားတဲ့ကြားက ကျမနဲ့ ကျမသူငယ်ချင်း
ပါစင်နယ်အနေနဲ့ ကိုထွန်းအောင် ကျော် (မန္တလေး၊ ဗကသ) ရဲ့ညီ ကိုလတ် (မန္တလေး၊
မကသ) တို့ ရတနာဘုမ္မိနယ်မြေမှာ ရုံးစိုက်လုပ်ခဲ့တဲ့ မကသညီလာ ခံကိုလည်း
တက်ရောက်ခဲ့လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရပါသေးတယ်။ ကျမ သူငယ်ချင်းက
ကိုထွန်းအောင်ကျော် ရဲ့ညီ ကိုလတ်နဲ့ ကျောင်းနေဘက် သူငယ်ချင်းပါ။
လက်ဘက်ရည်ဆိုင်မှာ စုံမိလို့ သူတို့ညီလာခံမှာ ထောက်လှမ်းရေးတွေ ကို
လုံးဝအ၀င်မခံတဲ့အပြင် အောက်လိုင်းတွေ ကြိုချထားတာမျိုးလည်း မလုပ်ဘူးဆိုလို့
စိတ်ဝင်စားပြီး သွားတက်ကြည့် တာပါ။
ဗကသဆိုတာ ကျောင်းသားအားလုံးပိုင်တဲ့ အားလုံးက တန်ဖိုးထားတဲ့
သမိုင်းဝင်နာမည် တခုပါ။ ဗကသကိုယ်စား ပြော နေသလိုနဲ့ ဘယ်သူကမှ ဒီကိစ္စအတွက်
တာဝန်ပေးထားတာမရှိဘဲ ကာဗာလုပ်ပြီး အသုံးမချပါနဲ့။ ကိုယ့်ကိုယ်ကိုယုံရင်
ကိုယ့်အရည်အချင်းကိုပဲ ကိုယ်သုံးစေချင်ပါတယ်။ အချိန်တန်ရင် ဗကသ
ကိုယ်စားပြောဖို့ အမှန်တကယ်တာဝန် အပေးခံ ရသူ ထွက်လာပါလိမ့်မယ်။ ဒီအတွက်တော့
စိတ်ပူစရာမရှိဘူးလို့ပဲ ကျမပြောချင်ပါတယ်။
မန္တလေး ကျောင်းသားလှုပ်ရှားမှုအကြောင်း ကောင်းကောင်းနားမလည်တဲ့
“စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ ဒီ လောက်တုံးရသလား” ဆိုတဲ့
နန်းအောင်ထွေးကြည်ရဲ့ မှတ်ချက်ကို မန္တလေးကျောင်းသားလှုပ်ရှားမှုထဲမှာ
ကိုယ်တိုင်ပါ ၀င်ခဲ့ဖူးတဲ့ ကျမ အပြည့်အ၀ထောက်ခံပါတယ်။
ကေအိုင်အေက မငယ် (ခ) နန်းအောင်ထွေးကြည်ကို ခေါ်ထားတဲ့အချိန်မှာ
သူနေတဲ့အဆောင်ကို ကျမသွားတွေ့ခဲ့တယ်။ အဲဒီလိုသွားတာမျိုးက ကျမအတွက်
အန္တရာယ်ရှိမှန်း ကျမသိတယ်။ ဒါပေမဲ့ အဲဒီအချိန်က ကြိုက်တဲ့အချိန် ဖမ်းဆိုတဲ့
စိတ် နဲ့ ကျမ သိပ်ဂရုမစိုက်ခဲ့ဘူး။ အဲဒီကတည်းက
သူရေးထားတဲ့မှတ်တမ်းစာအုပ်လေး ကျမကို ပေးဖတ်ခဲ့တယ်။ သူဟာ ထောက်လှမ်းရေး
မဟုတ်တဲ့အကြောင်း ပထမဆုံးအနေနဲ့ ကျမကို သူထုတ်ပြောခဲ့တယ်။ ကျမ နားမလည်တာတွေ
သူ့ကို ပြန်မေးခဲ့တာတွေရှိတယ်။
“ဥပမာ ငါသာ အဖမ်းခံရလို့ မေးလာခဲ့ရင် ထောက်လှန်းရေးနံပါတ်
ဘယ်နှစ်လုံးရှိလဲ ငါမသိဘူး။ ‘၀၀’ သုည သုညနဲ့ စသ လား။ ‘၀၁၁’ သုညတစ်တစ်နဲ့
စသလား ဘာနဲ့စမှန်းငါမသိပဲ ဘယ်လိုဖြေမလဲ” မေးကြည့်တော့ …
“အဲဒါ ဘယ်အချိန်မေးမေး ငါတို့အမြဲမှတ်မိနေတဲ့ ရက်စွဲတွေခုနှစ်တွေကို
ငါတို့ဖြေထားကြတာ၊ ဥပမာ ငါဆို က ၁၇၅၀ (၁၇) က ငါ့ရဲ့ ကျောင်းသားရဲမေ
ကိုယ်ပိုင်နံပါတ် (၅၀) က တရာရဲ့တ၀က် ဘယ်အချိန်မေးမေး ငါမှတ်မိတယ်။
“ဒါဆို ဘာတွေလုပ်ကြသလဲ မေးရင် ကိုယ်မလုပ်ပဲနဲ့ ဘယ်လိုလုပ်ဖြေမလဲ ထပ်မေးမိတော့ …
“အဲဒါက တယောက်နဲ့တယောက် မတူဘူး။ ငါတို့ လိုင်းတွေ ခွဲထားကြတယ်။
ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာ။ ရဲဘော်တွေနဲ့ လူကြီးတွေကြား မကျေနပ်မှု
ဆူပူမှုတွေ ဖန်တီးပေးတာက တလိုင်း။ ခေါင်းဆောင်နေရာတွေ ရအောင်ယူ ပြီး
ကိုယ်လိုချင်တဲ့လိုင်းရောက်အောင် ခေါ်သွားမှာက တလိုင်း။ အဲဒီလိုမှ မရရင်
လက်နက်နဲ့ အာဏာသိမ်းမယ်။ ဒါမှ မရ ရင် နောက်ဆုံး လူကြီးတွေကို
အဆိပ်ခပ်သတ်မယ် အဲဒီလိုမျိုးတွေ”
အဲဒီအချိန်ကတော့ ဘာမှန်းမသိပဲနဲ့ နားထောင်ခဲ့ရတာမို့ ဘာမှဆက်
မမေးဖြစ်ခဲ့ဘူး။ အခုတချို့လူတွေ ပြန်ရေးထားတာ ကို ဖတ်ကြည့်မိတော့ မရှိဘဲနဲ့
သူတို့ဖြေထားခဲ့တဲ့ လက်နက်တွေ၊ အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း
နည်းအမျိုးနဲ့ နှိပ်စက်ညဉ်းပမ်းမေးနေတဲ့သဘောကိုတွေ့ရတော့ ကျမအတွက်
မေးခွန်းတခု တိုးလာတယ်။
ဘယ်သူတွေက ဒီလိုင်းတွေကို ချပေးပြီး ဖြေခိုင်းခဲ့ကြတာလဲ၊
ဖမ်းတဲ့သူတွေထဲကလား၊
အဖမ်းခံရတဲ့ လူတွေထဲကလား၊
ဒါဟာ အစီအစဉ်ရှိရှိ လုပ်ခဲ့ကြတယ်ဆိုတာကို ပြနေပါတယ်။
အဲဒီအချိန်က ကိုယ့်သူမယုံ သူ့ကိုယ်မယုံ ဖြစ်နေတဲ့အချိန်ပါ။
ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊
ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို
ထပ်ဖမ်းအုံးမယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ ကိုမျိုးဝင်း
တိုက်ပွဲကျတာ ကြားရတော့ ကျမ မျက်ရည်ကျခဲ့တယ်။ ဒါကို နောက်ပိုင်း နန်းစော က
“ဒေါ်လှိုင်ကလည်း ပြန်လာရင် ကိုယ့်ကိုဖမ်းမယ့်သူပါဆို ဘာကိစ္စ ငိုရတာလဲ” တဲ့။
ဒါက ကိုမျိုးဝင်းရဲ့အပိုင်းပါ။ ကျမအနေနဲ့တော့ ကျမတို့အားလုံးဟာ
မိဘပြည်သူတွေနဲ့ ကျမတို့တိုင်းပြည်ကို ကောင်းစေ ချင်တဲ့ ဆန္ဒတွေကိုယ်စီနဲ့
ကျောင်းသားလူငယ်ဘ၀ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်၊ သီချင်းလေးတွေနားထောင်၊ အချစ်အ
ကြောင်းတွေ ဆွေးနွေးရင်း ဟိုငေးဒီငေးနဲ့ အပူပင်မဲ့ ချိုမြိန်တဲ့အရသာတွေကို
ဘေးဖယ် တော်လှန်ရေးရဲ့ သေနတ်သံ၊ လက်နက်ကြီးသံ၊ မိုင်းကွဲသံတွေကြားမှာ
သူ့အလှည့်လား ငါ့အလှည့်လား ၀မ်းနည်းကြေကွဲဖွယ် သတင်းတွေနားထောင်
ခါးသီးတဲ့ဆင်းရဲဒုက္ခတွေကို ရင်ဆီးခံရင်း ပေးဆပ်ခဲ့ရတဲ့ ဘ၀တူ ရဲဘော်တွေပဲ
ဆိုတဲ့ခံစားမှု။
ဒီလိုသတင်းတွေကို ဘယ်သူတွေဖြန့်နေကြတာလဲ မသိပေမယ့်၊ ဒါက ကိုသံချောင်းနဲ့
ကိုမျိုးဝင်းကို တိုက်ပေးလိုက်တဲ့ သဘော။ ဒါကြောင့်
ကိုမျိုးဝင်းတိုက်ပွဲမှာ ကျတာတောင် ရှေ့ကျည်လား နောက်ကျည်လား လုပ်နေကြတာပါ။
ကိုခင်မောင်ဇော် (မြို့မှာတုန်းက ကောင်စီရုံးက လက်နှိပ်စက်စာရေး။
ဒါပေမဲ့ ကြည့်လိုက်တိုင်း ယူနီဖောင်းနဲ့ အသားကျ နေတဲ့ သူ၊ ယူနီဖောင်းရဲ့
လျှို့ဝှက်ချက်က အသားမကျတဲ့သူဆို မီးပူတိုက်ဝတ်တောင်မရဘူး။ အသားကျပြီးသား
ဆိုရင် လည်း အသားမကျအောင် ၀တ်လို့ကို မရတော့တာ။ မြောက်ပိုင်းကို
စရောက်ကတည်းက သူ့ရုပ်ကိုမြင်တိုင်း ရဲနဲ့တူသလို နန်းရှေ့ရဲစခန်းဘက်မှာ
မြင်ဖူးသလို စိတ်မှာခံစားခဲ့ဖူးတယ်။ မေးကြည့်တော့ မန္တလေးကလို့ မပြောဘူး၊
ပုသိမ်ကြီးကတဲ့၊ ပြန်ဝင်ခဲ့တဲ့အချိန် ပြန်တွေ့တော့
သူပြောတဲ့ပုသိမ်ကြီးဆိုတာ အဟုတ်။ မန္တလေးအရှေ့ဘက်ထွက်ပေါက် ကပ်ရက်က ပု
သိမ်ကြီး ဖြစ်နေတယ်။ အဖမ်းခံရချိန် သူဖြေထားတာက ဒလမ) အရာရှိရိပ်သာက
အကျယ်ချုပ်ကနေလွတ်ပြီးတဲ့ နောက် မှာတောင် စစ်ရုံးမှာ
ပြန်လုပ်ခွင့်ရခဲ့သေးတယ်။
တနေ့ ကျမ စစ်ရုံးဘက်ကို တက်အသွားမှာ ကိုခင်မောင်ဇော်က
ကိုမျိုးဝင်းပစ္စည်းတွေ ရှင်းနေတာလား မီးရှို့နေတာလား မမှတ်မိ။ မှတ်မိနေတာက
ကိုမျိုးဝင်း ကျဆုံးချိန်က ၀တ်ခဲ့တဲ့ စစ်ပျောက်ကျား ၀စ်စကုတ်လေးကိုင်ပြီး
ထွက်လာတယ်။ “ကျည်ဆံက ရှေ့ပေါက်လား နောက်ပေါက်လား” လို့ပြောရင်းနဲ့
ကျမရှေ့တင် မြေပေါ်မှာ ဖြန့်ချကြည့်နေတယ်။ သူလည်း ကျမကို မျက်မြင်သက်သေအဖြစ်
ချန်ထားတာ သိနေပုံရတယ်။ ကျည်ဆံရှေ့ပေါက်လား နောက်ပေါက်လား အသေအ
ချာထပ်သိချင်တဲ့ သူများရှိနေသေးခဲ့ရင် အရာရှိရိပ်သာ အကျယ်ချုပ်ကနေ
ထွက်ပြေးသွားခဲ့တဲ့ ရဲဘော်တွေအခေါ် ခို (ခ) ကိုခင်မောင်ဇော် (မန္တလေး၊
စစ်ရုံးအုပ်) ကို မေးကြည့်နိုင်ပါတယ်။
ကျမ မသိတဲ့ အမေးပုစ္ဆာ
ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအချိန်မှာ ကျမ ကေအိုင်အေဆေးသင်တန်းမှာ
ရှိနေတဲ့အချိန်မို့ မြို့မှာကတည်းက ကျမသိခဲ့ တဲ့ ကိုချိုကြီး (မန္တလေး၊
ယူဂျီ)၊ ကိုအောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ)တို့
ဘယ်အချိန်က ဗဟိုကို ရောက်နေကြမှန်းတောင် ကျမ မသိခဲ့ဘူး။ ဒီအဖြစ်အပျက်တွေ
ဖြစ်ခါနီးအလိုမှာပဲ မြို့ကနေ အုပ်လိုက်ရောက်လာခဲ့တဲ့ လူသစ်တွေလည်း ရှိတယ်။
အဖမ်းခံခဲ့ရတဲ့ တောထဲက ရဲဘော် ရဲမေတွေဖြစ်တဲ့ နန်းစော၊ နန်းအောင်ထွေးကြည်
တို့ ကိုယ်တိုင်တောင် ကိုချိုကြီး (မန္တလေး၊ ယူဂျီ၊ အသတ်ခံရ)၊ ကိုအောင်မင်း
(မန္တလေး၊ယူဂျီ၊ ထောင်ထဲမှာ အရိုက်ခံရသေ ဆုံး)၊ ကိုကျော်ဝေ (မန္တလေး၊
စစ်ကြောရေးမှာသေဆုံး)၊ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေးမှာ သေဆုံး)၊
အောင်ဖိုး (ရန်ကုန်၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊
သူတယောက်သာ ကေအိုင်အေ အကာအကွယ်အောက် ကနေ ပြန်လွတ်) တို့တွေကို
အဖမ်းခံရခါနီးနဲ့ ခံရတဲ့အချိန်ကျမှသာ မြင်တွေ့ဖူးခဲ့ကြရတာပါ။
နောက်ထပ် ရိုးရိုးသားသားလူသစ်နှစ်ယောက် (အမျိုးသမီးတယောက်၊
အမျိုးသားတယောက်) ကို ဒါတွေနဲ့ မသက်ဆိုင် ဘူးလို့ ယူဆကြလို့
ဒါတွေဖြစ်နေတဲ့အချိန် ကေအိုင်ဘက်မှာ ခဏထားပြီး ပြန်လွှတ်လိုက်ပါတယ်။ ကျမ
နားမလည်နိုင် တာက ဒါတွေဖြစ်ပျက်နေတဲ့အချိန် ကွက်တိကြီးမှာမှ ဒီ
ယူဂျီလုပ်ခဲ့သူတွေအားလုံး ဘာကြောင့် ဗဟိုမှာ ရောက်နေကြ ရတာလဲ။
တနည်းအားဖြင့် သူတို့ရောက်လာကြတဲ့အချိန် ကွက်တိကြီးမှာမှ ဘာကြောင့်
ဒါတွေဖြစ်ပျက်သွားခဲ့ရတာလဲ။ အဖမ်းခံရ ပြီး၊ အကျယ်ချုပ်ကနေ လွတ်လာတဲ့
ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ပြန်လွတ်) က လက်ချာဟောဘေးမှာ ကျမကို လာတွေ့ပြီး
ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က ရန်သူ့လူတွေ မဖြစ်နိုင်ဘူးလားလို့
လိုင်းတင်မေးလာတာတွေရှိတယ်။ ကျမက “အဲဒါ တော့ မဖြစ်နိုင်ဘူး။
ကိုသံချောင်းဆို ဒီလောက်ရိုးတာ သူကျောင်းသားဆိုတာ ကျမယုံတယ်” လို့
ပြန်ဖြေခဲ့တယ်။
ဒါကိုမေးခဲ့တဲ့ ကိုညီညီဆိုတာ မြို့မှာတုန်းက ဂေါ်စတာရုံးမှာ
မြင်ဖူးနေတာကလွဲလို့ စကားတောင်မပြောခဲ့ဖူးဘူး။ ဒါတွေ ဖြစ်ခါနီးအလိုမှာမှ
တောထဲကို ကိုချိုကြီး၊ ကိုအောင်မင်းတို့နဲ့အတူ ယူဂျီအနေနဲ့ လာခဲ့တာ။
အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ အခုလို စကားပြောခွင့်ရခဲ့တာ။
ကိုညီညီ (မန္တလေး၊ ယူဂျီ) ဆိုတာ တောထဲမှာ ရဲဘော် ရဲမေ ဘ၀မျိုး နဲ့
မနေခဲ့ဖူးသလို၊ အဖမ်းခံရတဲ့ ရဲဘော် ရဲမေတွေအားလုံး အကြောင်းမပြောနဲ့
သူလာမေးနေတဲ့ မန္တလေးသူ ကျမ အ ကြောင်းတောင် ကောင်းကောင်းသိမှာ မဟုတ်ပါဘူး။
အဲဒီလိုလူရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) က ဒါတွေနဲ့ပတ်သက်ပြီး
စာအုပ်ထုပ်ဖို့ အဆင်သင့်ပဲဆိုတော့ အံ့သြ စရာပဲ။ တောထဲမှာ ရဲဘော်ရဲမေတွေနဲ့
အတူတူနေခဲ့ပြီး ကိုယ်တိုင်အဖမ်းခံခဲ့ရတဲ့ ဒီဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး
တစိတ် တပိုင်းအားဖြင့် တာဝန်ရှိခဲ့တဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့လို
ဗဟိုကော်မတီဝင်တွေတောင် ထောင့်စုံအောင် မစဉ်းစား နိုင်ခဲ့တဲ့ ကိစ္စ။
အေဘီရဲ့အပြင်ဘက်ကလူပါဆိုတဲ့သူက ဘာတွေပိုသိနေလို့ ဘာတွေကိုရေးမှာလဲ
စိတ်ဝင်စားစရာပဲ။
အဲဒီ ကိုမောင်မောင် (ရွှေကရ၀ိတ်) ဆိုတာ ကျမ တောထဲသွားတဲ့အချိန်က
ကိုချိုကြီးနဲ့အတူ စီစဉ်ပေးခဲ့သူ။ ကျမ (၁၉၉၆ ၉၇) အထဲကို ပြန်ဝင်တုန်းက
သူနဲ့ပတ်သက်တာတွေ ဘာမှမပြောဖို့ လှမ်းအကြောင်းကြားခဲ့တယ်။ ကျမ ကိုယ်တိုင်က
လည်း ကျမအကြောင်းကလွဲရင် ဘယ်သူ့အကြောင်းမှ ထည့်ပြောဖို့ ရည်ရွယ်မထားဘူး။
အဲဒီတုန်းက ကိုမောင်မောင် ဆီ မှာ ကျောင်းသားတပ်ကသီချင်းတွေ
ပြန်နားထောင်ချင်လို့ သီချင်းခွေ သွားယူခဲ့သေးတယ်။ နန်းစော ခေါ်သွားလို့
ကိုညီ ညီကျော် တို့ အိုကေတို့နဲ့လည်း လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်သေးတယ်။
ဘာကြောင့်လည်းတော့ မသိဘူး၊ ကိုညီညီနဲ့တော့ တခါမှကို မဆုံဖြစ်ခဲ့ဘူး။
(ကိုညီညီကတော့ တရုတ်တန်းဈေးက သူ့ မိန်းမဈေးဆိုင်ရှေ့မှာ ကျမကို
ဆဲတောင်လွတ်လိုက်တယ်ဆိုပါလား။ သူများကို သမိုင်းမှာ နာမည်ဆိုးတွင်ရစ်မယ်လေး
ဘာလေးနဲ့ ခြိမ်းခြောက်နေတဲ့သူက ယောက်ျားရင့်မကြီးဖြစ်ပြီး မဟုတ်ဘဲ
လုပ်ကြံပြောဆိုရေးနေတဲ့အပေါ် အနည်းဆုံး တော့ ကိုယ့်ကိုယ်ကို
ပြန်ရှက်ရကောင်းမှန်းတောင် မသိသေးတာ သနားစရာပဲ။ သမိုင်းဆိုတာ
အမှန်တကယ်အများအ တွက် ဘယ်သူ ဘာလုပ်ခဲ့တယ်ဆိုတဲ့ လုပ်ရပ်တွေကို
မှတ်တမ်းတင်တာပါ။ အပြောသမားတွေအတွက် နေရာမရှိပါဘူး။
ကျမအနေနဲ့တော့ ဘယ်သူ့ကိုမှ ရှောင်နေစရာ အကြောင်းမရှိတာတော့ သေချာပါတယ်။
တော်လှန်ရေးထဲက လူချင်း မျက်လုံးချင်းစုံပြီး ကျမ မကြည့်ရဲတဲ့သူ အခုချိန်ထိ
တယောက်မှ မရှိသေးဘူး။ ကျမအဖေ ကျမကိုပေးခဲ့တဲ့အမွေက ပစ္စည်းဥစ္စာ မဟုတ်ဘူး။
လိပ်ပြာသန့်အောင် နေထိုင်တတ်နည်းပဲ။
ကိုညီညီရဲ့အကို ကိုမောင်မောင်သာ ဒီလိုင်းပေါ်ကို တက်မလာခဲ့ရင်
သူ့နာမည်ကို ကျမ ထည့်ရေးစရာ မရှိဘူး။ ဒါပေမဲ့ လိုင်းပေါ်ကို တက်လာတဲ့အပြင်
အဖွဲ့ကိုပါတိုက်ခိုက်လိုတဲ့ သဘောတွေ့ရလို့ သူဘာလဲဆိုတာ
စဉ်းစားစရာဖြစ်လာတယ်။
တောနဲ့ ယူဂျီလိုင်းချိတ်ပြီး ပြန်ဝင်သွားခဲ့တဲ့ တောထဲကလူတချို့
မန္တလေးမှာ အဖမ်းခံခဲ့ရတယ်။ မန္တလေးမှာ လုပ်နေတဲ့ လူတချို့လည်း
အဖမ်းခံခဲ့ရပြီး ထောင်ထဲရောက်သွားတယ်။ ရန်ကုန် မန္တလေးနဲ့
ချိတ်ပြီးလုပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း က ရှမ်းလူငယ်တချို့
နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့တယ်။ စစ်ကြောရေးမှာ ညဉ်းပမ်းနှိပ်စက်မေးမြန်းဒဏ်
တော်တော် လေးခံ လိုက်ကြရတယ်။ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ လူတချို့ ထောင်ထဲမှာ
ရှိနေတုန်းပဲ။ ထဲထဲဝင်ဝင် လုပ်ခဲ့တာမျိုးမရှိတဲ့ ကျမတောင် တောထဲရောက်တာ
စောသွားလို့နဲ့ ကျမနဲ့ ကျမ သူငယ်ချင်း
(မာလာသိန်း၊အထဲပြန်ရာက်စဉ်သူပြောပြခဲ့လို့) ကို လူမှားပြီးလိုက်နေလို့
အဖမ်းမခံခဲ့ရတာ။ ထောက်လှန်းရေးက စလေ၊ ရွေဘိုမှာရှိတဲ့ အကိုအမအိမ်တွေပါမကျန်
လိုက် ရှာခဲ့ကြတာ။
ကိုချိုကြီးရဲ့ လူယုံအနေနဲ့ ယူဂျီလုပ်ငန်းအတော်များများမှာတွဲလုပ်ခဲ့တဲ့
(ကေအိုင်အေအတွက်တောင် လုပ်ပေးခဲ့တာတွေ ရှိတဲ့) ကိုမောင်မောင်ကတော့
တခါမှအဖမ်းမခံခဲ့ရဖူးဘူး။ ဒါတွေကြောင့် ကေအိုင်အေက ဗိုလ်မှူးပန်းအောင်က
သူ့ရဲ့ညီ ကိုညီညီကို ခေါ်ထားပေးခဲ့ ကာကွယ်ပေးခဲ့တယ်။ ထဲထဲဝင်ဝင်
ယူဂျီလုပ်နေတဲ့ထဲမှာ ကိုချိုကြီးရဲ့ လူယုံတယောက်အဖြစ်
နေရာတိုင်းမှာပါခဲ့ပေမဲ့ အခုချိန်ထိ အဖမ်းမခံခဲ့ရသေးတာ
ကိုချိုကြီးတို့နဲ့အတူ တောထဲထွက်ပြေးဖို့လည်း မလိုသေးတာ ဘာကြောင့်လဲ။
ဒါတွေ ဖြစ်ခါနီးအလိုမှာ တောထဲကိုရောက်လာကြတဲ့ ကိုချိုကြီး (မန္တလေး၊
ယူဂျီ) အောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုကျော် ဌေး (မန္တလေး)၊ ကိုကျော်ဝေ
(မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) အားလုံးအသတ်ခံခဲ့ရပေမဲ့ ကိုမောင်မောင်
(ကရ၀ိတ်) ရဲ့ ညီဖြစ်တဲ့ ကိုညီညီ (ယူဂျီ၊ မန္တလေး) တယောက်တည်း
ပြန်လွတ်လာခဲ့တာ ကံကောင်းသွားတယ်လို့ ပြောရမလို ဖြစ်နေ တယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီး အလိုလောက်မှာမှ မြို့မှာနေလို့မရတော့တဲ့
အဖြစ်မျိုး ဖန်တီးပြီး ကိုချိုကြီး၊ ကိုအောင်မင်း တို့ကို
တောထဲကိုမောင်းပို့ခဲ့တာ ထိုးကျွေးဖို့ ရည်ရွယ်ချက်နဲ့လား။ မတော်တဆ
တိုက်ဆိုင်မှုပါလို့ ဘယ်လိုယူဆနိုင်ပါ သ လဲ။
ကိုချိုကြီးကို နိုင်ငံရေးဌာနမှာ ကိုညီညီကို နိုင်ငံခြားရေးမှာ
တာဝန်တွေပေးခဲ့တယ်တဲ့။ တခြားသူတွေတော့ မသိဘူး ကျမ တော့ တခါမှကို
မကြားခဲ့ဖူးဘူး။ ဒါတွေဖြစ်နေချိန်ကြီးမှာ ဘယ်သူမှ ဒီရာထူးတွေပေးဖို့
စဉ်းစားနိုင်မယ်လည်း မထင်ပါ ဘူး။ မဟုတ်ဘဲ ဘာကြောင့် ဇာတ်လမ်းတွေ
ဆင်နေရတာလဲ။
ကိုအောင်မင်း (မန္တလေး၊ ယူဂျီ) ကို ကျမ သိပေမဲ့ အဲဒီ ယူဂျီလိုင်းကနေ
ဒါတွေဖြစ်ခါနီးမှ တောထဲကိုလွတ်ပေးခဲ့တဲ့ ကို ကျော်ဌေး (မန္တလေး)၊ ကိုကျော်ဝေ
(မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) တို့ရဲ့ သမိုင်းကြောင်းလေးတွေလည်း ချန်မထား
သင့်ပါဘူး။ သူတို့တွေ အဖမ်းခံရပြီးနောက်မှ အဖမ်းခံခဲ့ရတဲ့
ရဲဘော်ထွန်းအောင်ကျော် အတွက် ပါဝင်ခဲ့သူတွေအားလုံး
ထည့်သွင်းတွက်ချက်နိုင်အောင် ထည့်ရေးသင့်တယ်ထင်ပါတယ်။
ဒီယူဂျီအုပ်စုတွေ တောထဲရောက်လာတာနဲ့ အချိန်ကိုက် စိုးမင်းအောင် (မန္တလေး) ကို ထွက်ပြေးဖို့ ဘယ်သူ လွတ်ပေးခဲ့ တာလဲ။
စိုးမင်းအောင်ကရော သူ့ကိုသံသယနဲ့ စောင့်ကြည့်နေတဲ့အကြောင်း
သူနဲ့နီးစပ်တဲ့ ဗဟိုကော်မတီဝင်တွေထဲက တဦးဦး မပြောပြဘဲနဲ့ ဘယ်လိုသိနိုင်သလဲ။
ကိုမောင်မောင် (ရွေကရိတ်ဝိတ်) က အဖမ်းလည်းမခံရ အဲဒီအချိန်က
ကိုချိုကြီးတို့နဲ့အတူ တောထဲပြေးဖို့လည်းမလိုခဲ့ တာ အရမ်းကို သေသေသပ်သပ်နဲ့
ပိပိရိရိလုပ်ခဲ့ပါတယ် ဆိုတဲ့သဘောလား။
ဒါဆို ယူဂျီနေရာကနေ ထုတ်စရာ စာအုပ်အဆင့်သင့်နဲ့ အခုမှ ဘာကြောင့်
အချိန်ကိုက် အပေါ်ကို တက်လာရတာလဲ။ ချိတ်စရာတော မရှိတော့လို့လား။ ဒါမှမဟုတ်
ကိုသံချောင်းတို့အဖမ်းခံရချိန် (၂၀၀၆) သတင်းစာရှင်းလင်းပွဲလုပ်တုန်းက
“လူငယ်တွေ ကျနော်တို့လိုအဖြစ်မျိုးနဲ့ ထပ်မကြုံရအောင် သမိုင်းအဖြစ်နဲ့
ဒီအဖြစ်အပျက်တွေကို နိုင်ငံတော်အနေနဲ့ စာ အုပ်ထုပ်သင့်ပါတယ်။
လိုအပ်တာတွေအတွက် အချိန်မရွေး ကျနော် ကူညီပေးဖို့အသင့်ပါပဲ” ဆိုတဲ့
တိုက်ပိတ် (ခ) သန်း ထွန်းစိုးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့လား။ ဒါမှမဟုတ်
မထင်မှတ်ဘဲ ရည်ရွယ်ချက်ချင်း တူနေကြတာလား။ ကိုယ် တိုင်ပါဝင်ခဲ့တဲ့
ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ လက်ပြန်ကြိုးတုပ်ထားတဲ့ကြားက
အရာရှိတွေအားလုံးထဲမှ အ စောဆုံးနဲ့ ပထမဆုံးထွက်ပြေးနိုင်သူ) ကရော
ဒီအကြောင်းတွေကို ဘာကြောင့် ကိုယ်တိုင်မရေးဘဲ ကိုမောင်မောင်ကို
ရေးစေခဲ့တာလဲ။ ကိုမောင်မောင် စာရေးဆရာမဟုတ်တာတော့ သေချာပါတယ်။
ဒီအကြောင်းတွေရေးနေတဲ့ ကိုမောင်မောင်ရဲ့ညီ ကိုညီညီကိုယ်တိုင်ကရော
သူရေးတဲ့ထဲမှာပါတဲ့ ရဲဘော်ရဲမေတွေ အား လုံးကို စကားရော ပြောဖူးခဲ့ရဲ့လား၊
အသာထားအုံး၊ သူ အကုန်လုံး မြင်ဖူးခဲ့ရဲ့လား။ နာမည်နဲ့လူနဲ့ရောတွဲမိရဲ့လား။
စဉ်း စားစရာပဲ။ တောထဲမှာ အကျယ်ချုပ်နဲ့လွှတ်ထားစဉ်က လက်ချာဟောနားမှာ
တခါလေးပဲ သူလာမေးလို့ ပြောခဲ့တဲ့ ကျမ ကိုတောင် အချက်အလက်တွေကို
ရှောင်ရေးတဲ့ သူ့ရဲ့မော်ဒန်ရေးနည်းနဲ့ ကျမ မပြောခဲ့တဲ့စကားတခွန်း မရရအောင် အ
ဆစ်ထည့်လိုက် သေးတယ်။ “ကိုသံချောင်း မမှားဘူးတဲ့”
ခဲဖျက်စကိုင်ကတည်းက လူတိုင်းမှားတတ်တာကို သိနေတဲ့လူတိုင်း ဒီလို
နလိန်ပတုန်း အပြောမျိုးပြောနေစရာကို အ ကြောင်း မရှိဘူး။ လူတိုင်း
ကိုယ့်အမှားကို ကိုယ့်ဘာသာ တာဝန်ယူရမှာပဲ။ ကျမမှားရင်လည်း ကျမတာဝန်ယူမယ်။
ဒီလို မရမက ဆွဲထည့်ရေးနေရတဲ့ဟာကလည်း (ကုသိုလ်ကံများ ဆိုးချင်တော့) ကျမက
လက်ရှိမှာ ကိုသံခဲရဲ့ အမျိုးသမီး ဖြစ် နေပြန်တယ်။ မဟုတ်လို့ကတော့
ထည့်ရေးစရာ အကြောင်းကို ရှိမှာမဟုတ်ဘူး။
ဒါကြောင့် ကျမနာမည်ကို အသုံးချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကိုပါ
ထိုးနှက်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ရှင်းဆိုတာ ဖြူ သလား မဲသလားးမသိ။
ဖားကန့်ဆိုတာလည်း တခါမှမရောက်ဖူး။ ဒါတွေဖြစ်ပြီးချိန်မှ မြဇော် (ခ) ၀သုန်
(တောနဲ့မြို့ ဆက် သွယ်တဲ့ယူဂျီ၊ လက်ရှိအမေရိက) ခေါ်လာလို့ အိန္ဒိယဘက်ကနေ
တယောက်တည်းတောင် မဟုတ်ဘူး ရဲဘော်တွေ အုပ် စုလိုက်နဲ့လာခဲ့တဲ့ ကိုသံခဲ
(လက်ရှိ အေဘီ ဥက္ကဋ္ဌ) ကို ကျောင်းတော်က ရန်ညှိုးရန်စလည်း မရှိ။ စကားတောင်
တခါမှ မပြောခဲ့ဖူးဘဲနဲ့ အသားလွတ်ကြီး ရန်ရှင်းကို ဖားကန့်မှာသတ်တာကို
“လက်ပိုက်ကြည့်နေလို့ လွတ်မယ်ထင်သလား” တဲ့။ “ကိုသံခဲက အဲဒီအချိန်မှာ
မအားဘူး၊ ကျမကို ပိုးနေရလို့” တဲ့။ ကိုသံခဲတို့ မြောက်ပိုင်းကို
ရောက်တဲ့အချိန် (၁၉၉၃) မှာ ကျမက ကျောင်းဆရာမသွားလုပ်နေတဲ့ တပ်မဟာ (၁)
နယ်မြေမှာ။ ကိုသံခဲနဲ့ ကျမနဲ့ တွေ့တာက ကျောင်းဆရာမသွား လုပ်ပြီး ကေအိုင်အေ
အပစ်အခတ်ရပ်ဆဲရေးကြောင့် ပြန်လာခဲ့ရတဲ့ (၁၉၉၄) မှာ၊ ပြန်ပြင်ချင်ရင်
ပြင်လိုက်အုံး။
ကျောင်းသားမှန်ရင် ဖြစ်ခဲ့တာကို အမှန်အတိုင်းပြောချင် ပြောမယ်
မဟုတ်ဘဲနဲ့တော့ လုပ်ကြံဖန်တီးပြီး မပြောဘူး။ မ ဟုတ်ဘဲနဲ့ လုပ်ကြံဖန်တီးပြီး
ပြောနေပြီဆိုရင် အဲဒါ ကျောင်သား မဟုတ်ဘူး။
အေဘီကို တိုက်ဖို့ရည်ရွယ်ချက်မရှိတာမှန်ရင် အမှန်တရားကို
တကယ်ဖော်ထုတ်ချင်တာမှန်ရင် တိုက်ရိုက်မသက်ဆိုင်တဲ့ သူတွေကို ပတ်ရမ်းပြီး
အဝေးကြီးမှာ ရှာနေစရာမလိုပါဘူး။ တိုက်ပွဲမှာကျဆုံးသွားတဲ့
ကိုမျိုးဝင်းပြီးရင် ဒုတိယအဆင့် အ နေအထားကနေ အဖမ်းခံရသူတွေ အားလုံးကို
ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့တဲ့ ကျောင်းသားထောက်လှမ်းရေးတာဝန်ခံ
ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ မြို့မှာကတည်းက ကိုညီညီ၊ ကိုညီညီကျော်တို့နဲ့
လုပ်ဖော်ကိုင်ဘက်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း၊ ကိုမျိုးဝင်းရဲ့လူယုံ၊
တခါတလေ မန္တလေးမှာရှိနေတတ်) တို့နှစ်ယောက်လုံး ကိုညီညီနဲ့ တမြို့တည်း
အနီးလေး မှာ ရှိနေတာပဲ။ ဒီလောက် အမှန်တရားလိုလားနေတဲ့လူက ကိုယ်ကလူမှန်ဆို
ဘာကြောင့် ကိုသန်းဇော်နဲ့ ဇော်ဇော်မင်း တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး
သွားမေးမကြည့်ခဲ့တာလဲ။
ကျမအမြင်ကတော့ ရှင်းပါတယ်။ အမှန်တရားကို တကယ်ဖော်ထုတ်ချင်တာ မဟုတ်ဘူး။
လက်ရှိနိုင်ငံရေးနဲ့အချိန်ကိုက် ဒါတွေကို လူထုကြား ဖွချပြီး
လက်ရှိရပ်တည်နေတဲ့ အေဘီကို တိုက်ချပစ်လို့ ရလိုရဌား အားစမ်းကြည့်တဲ့သဘောပါ။
ဒီ အဖြစ်အပျက်တွေကို (၁၉၉၂) အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက်အုပ်စု ထွက်ပြေးစဉ်က
တခါ။ (၂၀၀၆) ကိုသံချောင်းနဲ့ ရဲ ဘော်တစု အဖမ်းခံရစဉ်ကတခါ
နအဖကသတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းစာတွေကနေ တီဗွီတွေကနေ ပြည်သူလူ ထုကို
ချပြခဲ့တာ နှစ်ခါတောင်ရှိပါပြီ။ အထဲမှာရှိနေတဲ့ ဒီမိုကရေစီဘက်တော်သား
နိုင်ငံရေးခေါင်းဆောင်တွေ ကျောင်း သားခေါင်းဆောင်တွေလည်း မသိစရာမရှိပါဘူး။
တတိုင်းပြည်လုံးအတွက် ကိုယ်အဓိကသွားနေတဲ့လမ်းကြောင်း မ ပျောက်အောင်
ဒါတွေကို လုပ်ချိန် မတိုင်သေးဘူးလို့ သဘောထားခဲ့ကြလို့ မလုပ်ကြသေးတာပါ။
ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံမှာ ဒါမျိုးတွေကို ဖော်ထုတ်ကြေးဆိုရင်
မြောက်ပိုင်းတခုတည်းမှာတင်မကဘူး၊ တနိုင်ငံလုံး နေရာအနှံ့အပြား
ဘက်နှစ်လက်ကြားမှာ မြေဇာပင်ဖြစ်ခဲ့တဲ့ မိဘပြည်သူရဲ့
နစ်နာဆုံးရှုံးခဲ့ရမှုတွေက ပိုကြီးပါတယ်။
“အမှန်တရားအတွက် အမှန်အတိုင်း ရေးသားတင်ပြထားတာတဲ့ စိတ်ဝင်စားစရာပဲ
စောင့်ဖတ်ရအုံးမှာပေါ့။ ကျမ ထင်တာ မမှားဘူးဆိုရင် ဒီလိုလူမျိုးတွေပဲ
ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ ဦးစိန်တို့ကို ထိုးကျွေးပြီး
မြောက်ပိုင်းမှာ လှုပ်ရှား သွားခဲ့ကြတာ။ တောနက်နက်ထဲမှာနေခဲ့တဲ့
ကိုမျိုးဝင်း၊ကိုသံချောင်းတို့က ဒီအဖြစ်အပျက်တွေမဖြစ်ခင် အစပိုင်းကတည်း က
တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့တဲ့ နန်းအောင်ထွေးကြည်တို့
အုပ်စုအပေါ်၊ ကိုအောင်ကျော် တို့လို လူတွေ အပေါ် မသင်္ကာစရာသတင်းတွေ
ဘယ်ကရခဲ့ကြသလဲ၊ ယူဂျီလမ်းကြောင်းက။
မမူ ခေါ်လာခဲ့တဲ့ ကိုမြတ်ကို တောထဲကို ခေါ်ရှင်းဖို့ ဘယ်သူတွေ
လွတ်ပေးခဲ့တာလဲ ယူဂျီလမ်းကြောင်းက လူတွေ။ တော ထဲကနေ ဘာမသိညာမသိ
ရှင်းဆိုလို့ ရှင်းပေးခဲ့ရတာက လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့
ကိုမျိုဝင်းနဲ့ ကိုသံ ချောင်း။ အရပ်သားစကားနဲ့ပြောရရင်
ရန်သူဆိုတိုက်ဖို့လောက်သာသိတဲ့ တောထဲက ဒေသခံရဲဘော်တွေကြားမှာ မီးပွား လာချ၊
ဓါတ်ဆီလောင်းပေးခဲ့တာ မြို့ကကျောင်းသားနာမည်ခံ လူလည်တစု။
(၅)
ကျမလို အောက်ခြေမှာနေတဲ့ သာမန်ရဲမေတယောက်တောင် ရန်အောင်ကို စဖမ်းကတည်းက
ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်လို့ သံသယဖြစ်ခဲ့သေးရင်
လူအယောက်နှစ်ဆယ်ကျော်လောက်ကို ဖမ်း စစ်မေးမြန်းပြီးတဲ့နောက်မှ
အဖမ်းခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုညီညီ၊ ကိုညီညီကျော်၊
တို့ အနေနဲ့ရော နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါကို ကိုညီညီရဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ မှတ်တမ်းထဲမှာ “ဟာ ဥက္ကဋ္ဌ
မီးစိမ်းပြလိုက်ပြန်ပြီလားဗျာ။ ဒီလိုလုပ်လို့ တော့ မဖြစ်ဘူး၊ တခုခု
လုပ်ကြမှဖြစ်မယ်” လို့ ကိုထွန်းအောင်ကျော် ကို တွန်းပို့နေတာ တွေ့ရတယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
အပိုင်း (၁) ၊
အပိုင်း (၂) ၊
အပိုင်း (၃) ၊
အပိုင်း (၄)
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၆)
Posted by admin on April 5, 2012
အဲဒီ “တခုခု လုပ်မှဖြစ်မယ်” ဆိုတာ ဘာကိုဆိုလိုတာလဲ။ တောထဲကို
အခုမှခြေချခါစ ယူဂျီလိုင်းက လူတွေအနေနဲ့ မြောက်ပိုင်းရဲ့ နိဒါန်းအစမှာ
ဖြစ်ခဲ့သလို ဥက္ကဋ္ဌလုပ်တဲ့ ကိုထွန်းအောင်ကျော်က တင်ပြလာမယ့်
စစ်ဆေးတွေ့ရှိချက်တွေ အပေါ် ဗီတိုအာဏာနဲ့ “ဒါတွေကို လက်မခံနိုင်ဘူး
အားလုံးကိုပြန်လွတ်ပေးဖို့” အမိန့်ပေးခဲ့ရင် မြို့ပြကလာခဲ့တဲ့ ရဲဘော် တွေ
ဦးဆောင်ပြီး ရဲဘော်ရဲမေတွေကလည်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို ထောက်ခံပြီး
မကျေနပ်မှုတွေ၊ ဆူပူမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်လာမယ်။ အဲဒီအခါ
ခေါင်းဆောင်လုပ်နေတဲ့ လူကြီးတွေအနေနဲ့လည်း ရဲဘော်ရဲမေတွေအားလုံးကို
ခေါ်ယူပြီး တွေ့စုံရှင်းလင်းပွဲတွေ လုပ်ရမယ်။ နောက်တခါ ရွေးကောက်ပွဲတွေ
ပြန်လုပ်ကြပြီး ဒေသခံခေါင်းဆောင်တွေကို အပြီးတိုင် ဖယ်ရှားပစ်နိုင်တယ်လို့
လျှော့တွက်မိကောင်း လျှော့တွက်မိနိုင်ပါတယ်။
ဒါပေမဲ့ ရဲဘော်တွေနဲ့အတူ လက်တွေ့အတူနေနေတဲ့ ရဲဘော်ထွန်းအောင်ကျော်
အနေနဲ့ ဒေသခံခေါင်းဆောင်တွေ ရှိနေ သမျှ မြောက်ပိုင်းကျောင်းသားတပ်ကို
ဘယ်သူမှ ကွန်ထရိုလုပ်ချင်လည်း လုပ်လို့မရဘူးဆိုတာသိနေသလို ဖယ်ရှားပစ်ဖို့
မဖြစ်နိုင်ဘူး ဆိုတာလည်း နားလည်နေပါလိမ့်မယ်။ ဖယ်ရှားလို့ရတယ်ပဲ
ထားပါအုံးတော့ သူ့ရဲ့နယ်မြေမှာ ဗမာပြည် အ လယ်ပိုင်းက ဗမာကျောင်းသားတစု
လာပြီးမင်းမူနေတာကို မဟာမိတ်တွေက ယုံကြည်စိတ်ချစွာ လက်ပိုက်ကြည့်နေမယ်
ထင်ပါသလား။ ဒေသခံကျောင်းသားရဲဘော်တွေအနေနဲ့ရော။
ရန်ကုန်၊ မန္တလေးက အောက်ခြေမှာရှိနေတဲ့ရဲဘော်တွေ အပါအ၀င်
လူအယောက်နှစ်ဆယ်ကျော် ဖမ်းသွားပြီးတဲ့နောက် စစ်ချက်တိုင်းလိုလိုမှာ
ပါနေတဲ့ ကိုထွန်းအောင်ကျော်ကို ဖမ်းတဲ့အချိန် သူမဟုတ်ပါဘူးလို့
အဲဒီအချိန်မှ ငြင်းခဲ့ရင် ဒါမှမ ဟုတ် ဒါတွေဒါတွေကတော့ လက်မခံနိုင်
မဖြစ်နိုင်တော့ဘူးလို့ ကေအိုင်အေခေါင်းဆောင်တွေကို ပြောပြအကူအညီ တောင်းပြီး
ဖြေရှင်းခဲ့ရင်ကော ဘာတွေဖြစ်လာနိုင်လဲ။ (ဗိုလ်မှူးပန်းအောင်နဲ့
ကေအိုင်အေအရာရှိတချို့ တခါတလေ အ ရေးပါတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ
စောင့်ကြည့် နားထောင်ခဲ့တာတွေ၊ အဖမ်းခံရသူတွေကို လာတွေ့တာတွေ ရှိခဲ့တယ်။)
ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌတယောက်က ငြင်းလိုက်တာနဲ့ မြို့ပြကလာခဲ့တဲ့
ကျောင်းသားရဲဘော်တွေနဲ့ ဒေသခံရဲဘော်တွေ နှစ်ဖွဲ့ကွဲပြီး
ဖိုက်ကြဖို့ပဲရှိတယ်။ ဒီထက်မကအသက်တွေ သေကြေဆုံးရှုံးသွားနိုင်သလို
မြောက်ပိုင်းကျောင်းသားတပ်မ တော်လည်း သက်တမ်းနုနုလေးအတွင်းမှာ
ပြိုကွဲပျက်စီးသွားနိုင်တယ်။ ဒီအဖြစ်မျိုးကို ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့
ကိုထွန်း အောင်ကျော် ကိုယ်တိုင်လိုလားခဲ့မယ် မထင်ပါဘူး။ ဒါတွေကြောင့်
မငြင်းဘဲဝန်ခံခဲ့တာ သူ့အသက်ကို အနှစ်နာခံ ပေး ဆပ်ခဲ့တာ (သူ့အနေအထားက
ဝန်ခံလိုက်တာနဲ့ သေဒဏ်ဆိုတာ သူနားလည်ထားပြီးသားပါ) ဖြစ်နိုင်သလို၊ သူလို
ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ သူတယောက်ကို မေးမြန်းစစ်ဆေးနေတာ ကေအိုင်အေ
ထောက်လှမ်းရေးဘက်က အရာရှိတချို့ အစပိုင်းမှာ လာရောက်နားထောင်
စောင့်ကြည့်နေတာမျိုးတွေ သူ့ရဲ့ထွက်ဆိုချက်တွေ ဖတ်ကြည့်တာမျိုးတွေ
ရှိကိုရှိရပါလိမ့်မယ်။ ဖမ်းတဲ့သူတွေထဲကဖြစ်ဖြစ်
အဖမ်းခံခဲ့ရသူတွေထဲကဖြစ်ဖြစ် သူ့အပေါ်မှာပဲ အားလုံးပုံချပြီး
ငြင်းမရရုန်းမရအောင် ခိုင်လုံ တဲ့ အနေအထားတခုကနေ တွန်းပို့ထိုးကျွေးတာ
ခံခဲ့ရလို့သာ အဲဒီအချိန်က စောင့်ကြည့်နားထောင်နေတဲ့ မဟာမိတ်က အရာရှိတချို့
လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးမှာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကိုတော့
သူ့ကို ဆွဲထည့်ပြီး ဖြေခဲ့ရတဲ့ အဖမ်းခံရတဲ့ထဲက လူတွေနဲ့
ဒီစစ်ဆေးချက်တွေကို အချောပြန်ရေးပြီး ကိုမျိုးဝင်းကို အစီစဉ်ခံခဲ့တဲ့
ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ) သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကို “ထောက်လှမ်းရေးလား” လို့ ခေါင်းစဉ်တပ်ပြီး မေးခဲ့သူက ဘယ်သူလဲ။
ကိုမျိုးဝင် (မိုးညှင်း) ကိုယ်တိုင်မေးခဲ့တာလား။
ကိုသန်းဇော် (မန္တလေး) မေးခဲ့တာလား။
ဇော်ဇော်မင်း (မိုးညှင်း) မေးခဲ့တာလား။
“ဟုတ်တယ်” လို့ ၀န်မခံမချင်း ညဉ်းပမ်းနှိပ်စက် မေးနေတဲ့အပေါ်
မခံနိုင်တဲ့အဆုံး ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ဖြေ သွားခဲ့ရတဲ့
အဖမ်းခံရသူတွေထဲက ဘယ်သူတွေလဲ။ စစ်ချက်တိုင်းမှာ ကိုထွန်းအောင်ကျော်ရဲ့နာမည်
ပါနေတယ်ဆိုက တည်းက ရည်ရွယ်ချက်ရှိရှိ အစီစဉ်ရှိရှိကို ထိုးကျွေးတာ
ခံခဲ့ရတဲ့အနေအထား ညွှန်ပြနေတယ်။
ဒါတွေဖြစ်ခါနီးမှ ရောက်လာခဲ့တဲ့ ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊
ကိုကျော်ဌေး တို့ကို မြို့မှာကတည်းက လုပ်ဖော် ကိုင်ဖက်တွေဖြစ်တဲ့ ကိုညီညီ၊
ကိုညီညီကျော်၊ ရန်အောင်တို့သာ သိနေတဲ့သူတွေ တခြား ရဲဘော်ရဲမေတွေ သိတောင်မ
သိကြဘူး။ သူတို့ကိုရော ဘယ်သူကမေးပြီး ဘယ်သူက ဆွဲထည့်သွားတာလဲ။
အံ့သြဖို့ကောင်းတာက ကျမတောင်မှ မေးမြန်းစစ်ဆေးခဲ့တဲ့ နာမည်ထဲမှာ
ပါခဲ့သေးတာ။ အစီစဉ်ရှိရှိလုပ်ခဲ့ကြတာ မဟုတ် ဘူးဆိုရင် ကိုအောင်နိုင်
(မန္တလေး၊ အဲဒီအချိန်က အတွင်းရေးမှူး၊ နောက်ပိုင်းဥက္ကဋ္ဌ၊ လက်ရှိချင်းမိုင်)
ကရော ဘာဖြစ်လို့ မပါနိုင်ရမှာလဲ။ ကိုအောင်နိုင် နာမည်တပ်ပြီး ဘာကြောင့်
“ဟုတ်တယ်” လို့ မဖြေမချင်း ရိုက်စစ်မမေးခဲ့ကြတာလဲ။ ဘာ ကြောင့် ဘယ်သူမှ
ဆွဲထည့်ဖြေမသွားခဲ့ကြတာလဲ။ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊
ကျောင်းသားထောက်လှမ်းရေး၊ ထောင်ကျပြန်လွတ်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း၊
ကျောင်းသားထောက်လှန်းရေး၊ ယခု စစ်ထောက်လှမ်းရေးက စောင့် ရှောက်ထား) တို့
ကျမကို ပြောခဲ့သလို “ကြည့်လေ ထွန်းအောင်ကျော်က ဟုတ်လို့ အဖမ်းခံခဲ့ရတာ
ကိုအောင်နိုင်က မ ဟုတ်လို့ ကျန်နေရစ်တာ” တဲ့၊ ဘယ်လောက်လှတဲ့ အကွက်လေးလဲ။
ကျမအတွက် ကံကောင်းသွားတာက တကယ်လို့များ ကိုအောင်နိုင်သာ ထိုးကျွေးခံရမဲ့
စာရင်းမှာပါခဲ့ရင် အခုအချိန်မှာ မန္တလေးကျောင်းသားတွေ ပြောနေတဲ့တရားခံက
မန္တလေးသူအဖြစ် မြို့မှာကတည်း ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊
ကိုစိုးလင်းတို့နဲ့ လက်တွဲလုပ်ခဲ့ပြီး တယောက်တည်း ကျန်ခဲ့တဲ့ ကျမ
ဖြစ်ဖို့များတယ်။ မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အ မျိုးသမီးတွေကို
ထည့်သွင်းမစဉ်းစားတဲ့ မဟာယောင်္ကျားကြီးဝါဒက ကျမကို ကယ်သွားတာပဲ။
ကိုထွန်းအောင်ကျော်ရဲ့ ကိုယ်ရံတော် အင်မတန်ရိုးသားတဲ့ ရဲဘော် စိုးလွင်
(မန္တလေး) နဲ့ ကျမကို “ဂေါလီ” လို့ ခေါ်ခဲ့တဲ့ အင်မတန်ရိုးသားပြီး ရန် သူကို
ဖိုက်ဖို့လောက်ပဲ စဉ်းစားနေတဲ့ မန္တလေးက ဖိုက်တာတယောက်တော့ ကျန်ပါသေးတယ်။
ကျမတို့အားလုံး ခေါ်ခဲ့ တဲ့နာမည်က ကြယ်နီ ပါ။ သူလည်း (ဂေါစတာ) ကပဲ။
နောက်တခု ထူးဆန်းတာက စစ်ဆေးမေးမြန်းမှုထဲမှာ ကိုယ်တိုင်မပါဘဲ
စစ်ချက်တွေကိုသာ ဖတ်ခဲ့ရတဲ့ ကိုအောင်နိုင် ထက် ကိုမျိုးဝင်း ပြီးရင်
ဒုတိယအဆင့်က အဖမ်းခံရသူ အားလုံးနီးပါးကို ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့တဲ့
စစ်ဆေးတွေ့ရှိ ချက်တွေကို ကိုယ်တိုင်ရေးသားခဲ့တဲ့ ကိုညီညီကျော်နဲ့
အတွဲဖြစ်ခဲ့တဲ့ မန္တလေးသား ကိုသန်းဇော် (ဂေါစတာ) ကိုတော့ မန္တလေးသားတွေ
တိုက်ခိုက်ပြောဆိုခဲ့တာမျိုး သိပ်မတွေ့ရတာကိုပါ။ ဒါကလည်း မြောက်ပိုင်းမှာ
အဖမ်းခံရပြီး ပြန်လွတ် သွားတဲ့ ကိုညီညီကျော်၊ ကိုညီညီတို့တွေ
မန္တလေးကျောင်းသားတွေကို ချပြခဲ့တဲ့ (အောင်နိုင်က အာဏာရူးပြီး ဥက္ကဋ္ဌ နေ
ရာလိုချင်လို့ ကိုထွန်းအောင်ကျော်ကို သတ်တာ လက်ပိုက်ကြည့်နေခဲ့တာ) ဆိုတဲ့
ဝါဒဖြန့်ထားတဲ့ စကားတွေအပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။
လှလည်းလှပါတယ်။ အတူလက်တွဲလုပ်လာခဲ့သူနှစ်ယောက် တယောက်က အသတ်ခံရတယ်။
တယောက်က လုပ်ဖို့လူ မရှိတော့တဲ့အပေါ်မှာ ဥက္ကဋ္ဌ ဖြစ်လာတယ်။
ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကိုအောင်နိုင်ကို ချန်ထားပေးခဲ့ကြတာလား။ ဒါမှမ ဟုတ်
တယောက်တည်းကျန်နေတဲ့ ကိုအောင်နိုင်ကကော ဘာလဲ။ စဉ်းစားကြည့်စရာပါ။
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအ၀င် ကိုအောင်နိုင် တင်မက အဖမ်းခံခဲ့ရတဲ့
ကိုညီညီကျော်၊ကိုရဲလင်းတို့အဆုံး မြောက် ပိုင်း ဗဟိုကော်မတီဝင်အားလုံးမှာ
တာဝန်ရှိတယ်ဆိုတာကို မြောက်ပိုင်း ရဲဘော်ရဲမေမှန်ရင် အားလုံးက
နားလည်ထားပြီး သားပါ။ ဒါလောက် အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့ ကြီးကြီးမားမား
နစ်နာဆုံးရှုံးခဲ့ရတဲ့ကိစ္စကြီးကို ကိုအောင်နိုင် တာဝန်ရှိတာမှန်ပေ မဲ့
တယောက်တည်းမှာပဲ ဖြေရှင်းပေးဖို့ တာဝန်ရှိသလို အတင်းကြီးလိုင်းတင်နေတာ
သိပ်တော့သဘာဝမကျဘူးလို့ ကျမ ထင်ပါတယ်။ ဒါဟာ ပါဝင်ခဲ့ကြသူတွေအားလုံး
စုစုံရှင်းမှ ဖြစ်နိုင်မဲ့ကိစ္စကြီးဆိုတာ တောင်းဆိုနေတဲ့ လူတွေကိုယ်တိုင်
နား မလည်စရာအကြောင်းတော့ မရှိနိုင်ပါဘူး။ ဒါကို “ဒီလောက်လူတွေ အများကြီး
သူတို့ကိုယ်တိုင်တောင် မရှင်းနိုင်တော့ ဘူး” လို့ ဖြေရှင်းပေးဖို့
တာဝန်ရှိတဲ့သူတွေထဲမှာ တယောက်အပါအ၀င်ဖြစ်တဲ့ ကိုညီညီကျော် (မန္တလေး၊
ဗဟိုကော်မတီ) က သူ့မှာ လုံးဝတာဝန်မရှိသလို ဘာမှမသိနားမလည်ဘဲ ခံလိုက်ရသလို
ပြောနေရေးနေတာတွေက သက်သေပြနေပါ တယ်။
ကျမ ကျောင်းဆရာမလုပ်ပြီး ပြန်လာချိန်မှာ မြောက်ပိုင်းမှာ
ကိုအောင်နိုင်ကို ကျမ ထပ်မေးခဲ့တာရှိတယ်။ ကိုထွန်းအောင် ကျော် က
သေချာရဲ့လား။ ဆိုတော့။ “သူ ဆယ်တန်းအောင်ပြီး ဆယ်နှစ်လောက်
ပျောက်နေတာတွေရှိတယ်။ စစ်ချက် တိုင်းလိုလိုမှာ သူ့နာမည်က ပါနေတာ။
စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ်။ ထွက်ဆိုချက်တွေ က
ခိုင်မာနေပြီး အချိတ်အဆက်တွေလည်း ရှိနေကြတယ်။ သူတို့သုံးတဲ့ကုပ်တွေ
ချရေးခိုင်းတော့ တူနေကြတယ်။” ပြီး တော့ ဆက်ပြောသေးတယ် “မြို့ထဲမှာ
ကျန်နေတဲ့ မင်းသူငယ်ချင်းတွေက ထောက်လှမ်းရေးတွေချည်းပဲ” တဲ့။
“ဘယ်သူတွေလဲ” ကျမ မေးတော့ မဖြေဘူး။ နာမည်တွေ တယောက်ပြီးတယောက်
တပ်မေးပေမဲ့ ပြန်မဖြေတော့ဘူး။ အဲဒီအချိန်တုန်းက သူကိုယ်တိုင်လည်း
သူ့ကိုယ်သူကလွဲလို့ ကျမကိုတောင် သိပ်ယုံပုံ မရတာတော့ သေချာပါတယ်။
ဒါတွေတက်လာချိန်မှာ သူ့ကို ကျမ ထပ်မေးခဲ့တယ်။ “အဲဒီအချိန်က ခင်ဗျာ့ကိုယ်
ခင်ဗျာ့ ယုံကြည်မှုရှိနေတာ သေချာရဲ့ လား၊ ခင်ဗျာ့ကို ဘယ်သူမှ
ဆွဲထည့်ဖြေမသွားဘူးလား”
“အဲဒါတော့ ကျနော်လည်းမသိဘူး။ ကျနော့်နာမည်ပါနေရင်လည်း အဲဒီဖိုင်က ကျနော့်ဆီဘယ်ရောက်မလဲ” တဲ့၊
“ဒါဆို ခင်ဗျာ့က စစ်ဆေးမေးမြန်းခဲ့တဲ့ အထဲမှာ မပါခဲ့ဘူးလား” မေးတော့
“မပါဘူး။ တခါတလေ သွားနားထောင်တာ တော့ ရှိတယ်။ ကျနော်က ထွက်ဆိုချက်တွေကိုပဲ
ဖတ်ခဲ့ရတာ”
“ဒါဆို သူတို့လိုင်းတင်ပြီး မဖြေမချင်း နှိပ်စက်မေးခဲ့ရင်ရော ဘယ်လိုလုပ်မလဲ” ထပ်မေးတော့။
“အဲဒီလိုတော့ လုပ်မယ် မထင်ပါဘူး” တဲ့၊
“ဒါတော့ မဖြစ်နိုင်ဘူး ရန်သူက နှစ်ဘက်စလုံးမှာ ရှိနေနိုင်တာပဲ” ကျမပြောတော့ ဆက်မပြောတော့ဘူး။
ကျမလို သာမန်ရဲမေတယောက်တောင် ထိုးကျွေးတာခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊
ကိုချိုကြီး၊ ဦးစိန်တို့ဟာ ဘယ်နည်းနဲ့ မှ မဆလ မဖြစ်နိုင်ဘူး။
ဖြစ်မဲ့ဖြစ်ရင် ဗကပ ကပဲ။ ဒါတွေဖြစ်အောင် နှစ်ဘက်စလုံးမှာ
ဒုတိယအဆင့်အနေအထားတွေနဲ့ နောက်ကွယ်ကနေ တွန်းပို့ဖန်တီးခဲ့တဲ့ (လူတစု) ကတော့
ရန်သူ့သူလျှို မဆလတွေပဲလို့ ခန့်မှန်းနိုင်ခဲ့ရင် တာဝန်ယူခဲ့ရတဲ့
အနေအထားမှာရှိနေတဲ့ ကိုအောင်နိုင်ရော အခုချိန်ထိ အဲဒီလို နည်းနည်းလေးမှ
မတွေးထင်ခဲ့မိဘူးဆိုတာ သေချာရဲ့ လား။
ရန်သူ့သူလျှိုမပါဘဲ ဖြစ်ခဲ့တာသေချာရင် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊
ဦးစိန်တို့ကို ထိုးကျွေးစရာအကြောင်း လုံးဝမရှိ သလို တောနဲ့
မြို့ပြဆက်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်သွားစရာ အကြောင်းလုံးဝမရှိဘူး၊
အစီစဉ်ရှိရှိလုပ်ခဲ့ လို့သာ ထောက်လှမ်းရေးက တယောက်နှစ်ယောက်လောက်
ဖြစ်နေတာမျိုး မဟုတ်ဘဲ လူမှန်ရဲဘော်တွေအများကြီး ဆွဲ ထဲ့ခံခဲ့ရတဲ့အတွက်
ရန်ကုန်၊ မန္တလေး၊ ဗန်းမော်၊ ကသာ၊ မုံရွာ၊ ရွေဘို ဒေသအရ အချိုးကျတွေနဲ့
ဖြစ်နေတဲ့အပြင် အား ဖြည့်ခဲ့တဲ့ (၅၀၁) (၄၀၁) တပ်ရင်းတောင် အချိုးကျ ထဲမှာ
ပါသွားသေးတယ်။
ကိုမျိုးဝင်းကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊
ကိုအောင်မင်း၊ ဦးစိန်တို့ကိုခေါင်းစဉ်တပ်ပြီး ဟုတ်တယ်လို့ မဖြေ မချင်း
ရိုက်မမေးခဲ့တာ သေချာရင်၊ အဖမ်းခံရသူတွေထဲကနေ ရိုက်မေးစရာမလိုဘဲ
အစီစဉ်ရှိရှိ ဆွဲထည့်ဖြေသွားကြတာ မဟုတ်ဘူးဆိုရင် မျက်စိထဲမှာတော့
ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော်တို့ သုံးဦးရဲ့ ရင်းနှီးတဲ့
ဆက်ဆံရေး တွေကို ပြန်မြင်ယောင်လာမိတယ်။
ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ ထောက်လှမ်းရေးတာဝန်ခံ၊ မြို့မှာကတည်းက
ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်၊ ကိုညီညီတို့နဲ့ ဂေါစတာမှာအတူ
လက်တွဲလုပ်ခဲ့သူ။ ကိုထွန်းအောင်ကျော်ရဲ့လူလိုလိုနဲ့
ကိုမျိုးဝင်းရဲ့လူယုံဖြစ်နေ၊ စစ်ဆေး မှုတိုင်းကို ဦးဆောင်တာဝန်ယူရသလို
စစ်ချက်အားလုံး အစီရင်ခံရေးသားတင်ပြရသူ)၊ လက်ကို နောက်ပြန်ကြိုး တုပ်
ထားတဲ့ ကြားထဲက အရာရှိရိပ်သာမှ ပထမဦးဆုံးနဲ့အစောဆုံး
ကိုယ်လွတ်ရုန်းပြေးနိုင်သူ ကိုညီညီကျော် (မန္တလေး၊ ဗဟို ကော်မတီ၊
ကိုထွန်းအောင်ကျော် လူယုံ၊ မန္တလေးကျောင်းသားတွေကို ပြန်ချပြတဲ့အခါ
ယုံကြည်မှုရဖို့ အဖမ်းခံရတဲ့သူထဲ မှာ မပါလို့မဖြစ်သလို လွတ်မြောက်ဖို့လည်း
အစီအစဉ်ရှိထားရမယ်) လက်ပြန်ကြိုးတုပ်ထားတဲ့သူ့ကို အစောင့်တယောက် မှ
ချထားခြင်းမရှိဘဲ ထွက်ပြေးချိန်ရအောင် စီစဉ်ပေးနိုင်တဲ့သူက
ဖမ်းတဲ့သူထဲမှာပဲ ရှိနေရမယ်။ မယုံရင် လက်ပြန်ကြိုး တုပ်ပြီး ပြေးကြည့်ပါ
ဘယ်လောက်အကွာအဝေးရောက်တဲ့အထိ ပြေးနိုင်မှာလဲ၊ ဘာကြောင့်လိုက်ဖမ်းဖို့
အချိန်မမီနိုင်ရ မှာလဲ။ လက်ပြန်ကြိုးတုတ်မထားတဲ့ စိုးမင်းအောင် (မန္တလေး)
ကိုတောင် မိအောင်ပြန်လိုက်ဖမ်းခဲ့ကြသေးတာပဲ။
ကိုညီညီကျော်ကို ဝှက်ပေးခဲ့တဲ့ ဆမားမှာနေတဲ့ တရုတ်အမျိုသမီးလေး
လီးမေဆိုတာ ဗန်းမော်ရင်းမှာနေရတဲ့ ကိုညီညီ ကျော် ထက် လိုင်စင်ဗဟိုမှာနေတဲ့
ကိုသန်းဇော်နဲ့တောင် ပိုပြီးရင်းနှီးပါသေးတယ်။ အသက်လုပြေးနေချိန် တရုတ်မလေး
လီးမေကို သတိရသွားတာ မဖြစ်နိုင်သလို လမ်းမှာကြုံကြိုက်သွားတာလည်း
ဖြစ်နိုင်ခဲပါတယ်။ လမ်းကြောင်းအတိုင်းပဲ လိုက်ဖမ်းမှာကို သိနေတဲ့အတွက်
နဂိုကတည်းက လီးမေအိမ်မှာ ခဏအောင်းနေဖို့ ကြိုတင် အစီအစဉ်ရှိထားပြီးသား
ဖြစ်နိုင်ပါတယ်။
ထွက်မပြေးခဲ့တဲ့ ကျမမှာ မြောက်ပိုင်းဓါတ်ပုံ တပုံလေးတောင်မရှိပေမဲ့
အသက်လုပြေးခဲ့ရတဲ့ ကိုညီညီကျော်ကတော့ တ ယောက်တည်းရိုက်ထားတဲ့
ကိုယ်ရဲ့ကိုယ်ပိုင် မှတ်တမ်းဓါတ်ပုံလေးတွေတောင် ရှိနေတာ တမျိုးတော့
စိတ်ဝင်စားစရာပဲ။ ရန်သူ့သူလျှိုလို့ သတ်မှတ်ထားခံရတဲ့လူတွေရဲ့
တယောက်တည်းပုံတွေ အာဆန်ကုန်းမှာ လူသတ်မှတ်တမ်းဓါတ်ပုံတွေ ကိုတော့
ဖေ့ဘုတ်မှာ ကိုမင်းဌေး (မိုးကောင်း၊ လက်ရှိချင်းမိုင်) တင်ထားမယ်တော့
မထင်ပါဘူး။
ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး၊ လွတ်မြောက်၊ ကိုမျိုးဝင်းနဲ့
ကိုသံချောင်း လူယုံ၊ ကိုမျိုးဝင်း ယုံကြည်လို့ ထည့်ထားသူ ဖြစ်နိုင်၊
အဖမ်းခံရသူတွေထဲက ဘယ်သူတွေ ဘယ်သူတွေက သေချာတယ်၊ ဘာဖြစ်နိုင်တယ်လို့
ကိုမျိုးဝင်းကို သတင်း ပြန်ပေးရ သူဖြစ်နိုင်) ကျမ မြောက်ပိုင်းရောက်စက
စစ်ရုံးမှာလုပ်တဲ့အချိန် စစ်ရုံးထဲက ကျောင်းသားတပ်တည်ရှိရာတွေကို ယေဘူယျ
ပြထားတဲ့ မြေပုံလေးကို ကျမ မှတ်တမ်းစာအုပ်ထဲ ကူးဆွဲဖူးတယ်။ အဲဒီအချိန်
ကိုခင်မောင်ဇော် ရောက်လာပြီး ဒီရုံးထဲမှာရှိတာတွေကို သူ့ခွင့်ပြုချက်မရပဲ
ကူးဆွဲခွင့်မရှိဘူးပြောလို့ သူ့ရှေ့တင် ဆွဲစုတ်ပြီး အမှိုက်ပုံးထဲ
ပစ်ထည့်ခဲ့တယ်။ အတော်လေးကြာသွားတဲ့အချိန် ကိုသီဟ (ခ) ကိုဖေ၀င်း (အာအိုင်တီ
ပဉ္စမနှစ်၊ မိုးညင်း၊ ကျောင်းသားထောက်လှမ်းရေး၊ တိုက်ပွဲမှာ ကျဆုံး)
ဒါတွေမဖြစ်ခင် ရှေ့တန်းထွက်ခါနီး ကျမကို “မြေပုံဆွဲတတ်သလား” လို့အမှတ်တမဲ့
မေးခဲ့တယ်။ ကျမ က အဲဒီအဖြစ်ကို သတိမရပဲ “အတိအကျတော့ မဆွဲတတ်ဘူး၊
ကြည့်ဆွဲရင်တော့ တူအောင်ဆွဲတတ်တယ် အတန်းထဲမှာ ပုံဆွဲတိုင်း အေပလပ်ရတယ်”
လို့ပြောရင်း မြို့မှာတုန်းက ကျမ တော်တော်တုံးခဲ့ပုံလေးကို ပြောပြမိတယ်။
မန္တလေး အရှေ့ဘက်ခြမ်းမြေပုံ လိုချင်တယ်ဆိုတော့ တနေ့တနေ့ နေပူထဲမှာ
စက်ဘီးတစီးနဲ့ လျှောက်ပတ်ကြည့်ပြီး ကျမ ဘာသာ ကျမ ဆွဲပေးလိုက်တယ်။ နောက်
ပထ၀ီဌာနက ဆရာတယောက်ဆီမှာ သွားယူပြီး မိတ္တူကူးဖို့ ကိုကြီး (ကိုထွန်း
အောင်ကျော်) ကို ပေးခဲ့တယ်။ အဲဒီအထိလည်း ကျမ သဘောမပေါက်သေးဘူး။ စစ်ရုံးမှာ
လုပ်တော့မှ ကိုစိုးလင်း (မိုး ညှင်း၊ ရှေ့တန်းမှာ ဖျားနာပြီးသေဆုံး) နဲ့
ကိုမင်းဇော် (မိုးညှင်း၊ ရှေ့တန်းမှာ ရေနစ်သေဆုံး) တို့ တောင်အနိမ့်အမြင့် အ
ကွာအဝေး အတိုင်းအတာ အတိအကျနဲ့ မြေပုံလေးတွေ တကုပ်ကုပ်ဆွဲနေတာကို
သွားကြည့်ရင်း ကိုယ့်ဆွဲခဲ့တာကို ကိုယ့် ဘာသာ ပြန်တွေးမိပြီး
ရယ်ချင်လိုက်တာ မပြောနဲ့တော့ဆိုတော့ သူပါလိုက်ရယ်ပြီး “ကျနော် ပြန်လာရင်
မဆွေကို မြေပုံ ဆွဲခိုင်းအုံးမယ်” လို့ပြောခဲ့တယ်။
နောက်မှ ပြန်တွေးကြည့်တော့ ကိုခင်မောင်ဇော် ကျမ မြေပုံကူးဆွဲတဲ့ကိစ္စ
ထောက်လှမ်းရေးရုံးကို ပြန်ပြောပြခဲ့လို့တာ ကို သီဟ ကျမကို ဒီလို
အမှတ်မထင်မေးခဲ့တာဖြစ်မယ်လို့ စဉ်းစားမိတယ်။ ကိုခင်မောင်ဇော်ဟာ
အကျယ်ချုပ်ကလွတ်ပြီးတဲ့ နောက်မှာတောင် စစ်ရုံးမှာ ပြန်လုပ်ခွင့်ရခဲ့တယ်။
တိုက်ပွဲမှာကျသွားခဲ့တဲ့ ကိုမျိုးဝင်းဝတ်ထားတဲ့ အင်္ကျီလေးတောင် ကျည် ဆန်က
ရှေ့ပေါက်လား နောက်ပေါက်လားပြောရင်း သူ့လက်ထဲမှာ ရှိခဲ့တယ်။
နန်းအောင်ထွေးကြည်ရဲ့ မှတ်တမ်းအရ လည်း ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး)
ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး)၊ သင်းသင်းတို့ကို အကျယ်ချုပ်နဲ့
ပြန်လွတ် ပေးတဲ့သူက ကိုမျိုးဝင်း ကိုယ်တိုင် ဖြစ်နေတယ်။
ဒီအနေအထားအရ ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော်
ဒီသုံးယောက်နဲ့တင် တော်တော်လေး အလုပ်ဖြစ်ပါ တယ်။ သုံးယောက်လုံးကလည်း
မန္တလေးသားတွေချည်းဖြစ်နေတာ အံ့သြစရာ မကောင်းဘူးလား။ ထွက်ပြေးခိုင်းတာ
ခံခဲ့ရတယ်လို့ ယူဆရတဲ့ စိုးမင်းအောင်ကလည်း မန္တလေးသား၊ ထိုးကျွေးခံခဲ့ရတဲ့
ဥက္ကဋ္ဌကို ထွန်းအောင်ကျော်၊ ကိုချိုကြီး (ယူဂျီ)၊ ကိုအောင်မင်း(ယူဂျီ)
တို့ကလည်း မန္တလေးသား၊ အဆင်သင့်စာအုပ်ထုတ်မဲ့ ကိုမောင်မောင် (ယူဂျီ၊
ရွှေကရ၀ိတ်) နဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) တို့ကလည်း မန္တလေးသား၊
စိတ်ဝင်စားစရာပါ။
နောက် ကျမ စဉ်းစားမိတဲ့အချက်က အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့
(အနကလ) ရဲ့ ဆိုင်းပုဒ်အောက်မှာ ဗကသ၊ အခသ၊ အစည်းအဝေးတွေလုပ်ခဲ့ကြသလို
အထက်ဗမာပြည်အနေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အတော် လေး
ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဌာရမ်းခဲ့တဲ့ အိမ်ရှင်တွေကို ချိတ်ပိတ်ပစ်မယ်ထိ
ခြိမ်းခြောက်တာတွေ ခံခဲ့ရပါတယ်။ နေရာတွေ ထပ်ထပ်ရှာရ
ပြောင်းရတာတွေရှိခဲ့တယ်။ အဲဒီလို နေရာရှာတဲ့အချိန်မှာပဲ (အနကလ)
ဆိုင်းပုဒ်ကို ကျုံးထောင့် မှာရှိတဲ့ ဒီမိုကရေစီတစ်
ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါစတာ) ရုံးမှာထားရင်း
အတူတွဲလှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှု တွေ အကြီးအကျယ်ကို ရှိခဲ့တယ်။ ဒါပေမဲ့
ဂေါစတာရုံးကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာမျိုး တခါမှ ကျမ မကြား
ခဲ့ဖူးဘူး။
အဲဒီရုံးကို ဘယ်သူပိုင်တာလဲ။ ပိုင်ရှင်က သေသွားလို့ ခြိမ်းခြောက်တာတွေ
ဘာတွေ မခံခဲ့ရတာလား။ ဘာကြောင့်လဲဆို တော့ ဒီအဖြစ်အပျက်ထဲမှာပါဝင်ခဲ့တဲ့
ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး၊ အရာရှိရိပ်သာမှလွတ်မြောက်) နဲ့
ကိုစိုးလင်း (မန္တလေး၊ အာအိုင်တီ၊ တောင်ပိုင်းမှလွတ်မြောက်၊ အနကလ) ကလွဲရင်
ကျောင်းသားထောက်လှမ်းရေး တာဝန်ခံ စစ် ဆေးမေးမြန်းခဲ့တဲ့ ကိုသန်းဇော်ကအစ
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (အသတ်ခံရ)၊ ကိုညီညီ (လွတ်မြောက်)၊ ကိုညီညီ ကျော်
(လွတ်မြောက်)၊ ကိုအောင်မင်း (ထောင်ထဲအရိုက်ခံရသေဆုံး)၊ ကိုကျော်ဝေ
(အသတ်ခံရ)၊ ကိုကျော်ဌေး (အသတ် ခံရ)၊ ရဲဘော်ရန်အောင် (အသတ်ခံရ)၊ အေးကျော်
(အဖမ်းခံရစဉ်သေဆုံး)၊ ရဲဘော်အိုကေ(ခ) အုံးကြိုင် (၅၆ ဦးနဲ့အတူ ရိုးရှင်းစွာ
ပြန်လွတ်) မန္တလေးသားတွေအားလုံးနီးပါး (ဂေါစတာ) ကလူတွေပဲ ဖြစ်နေပြန်တယ်။
(တချို့လူတွေက မန္တ လေးမှာ လှုပ်ရှားခဲ့လို့ မန္တလေးသားလို့ ယူဆပေမဲ့ ဇာတိက
မန္တလေးမဟုတ်ပါ။)
အဲဒီအထဲက ကိုအေးကျော် (မန္တလေး၊ ဂေါစတာ) ဟာ ဗန်းမော်ရင်းမှာ
အဖမ်းခံထားရချိန် အချုပ်ထဲမှာပဲ သေဆုံးသွားခဲ့ တဲ့အတွက်
အဆိပ်မိလို့များလားလို့ ဖမ်းခဲ့တဲ့သူတွေဘက်က သံသယဖြစ်ခဲ့ပါတယ်။
ဆေးတာဝန်ယူထားတဲ့ ဆရာမ ဘောက်မိုင်ကို ခေါ်မေးခဲ့တဲ့အတွက်
စစ်ဆေးမေးမြန်းခဲ့တဲ့ လူတွေ (ဘယ်သူတွေလည်းတော့ ကျမ မသိ) နဲ့အတူ ဆရာမ
ဘောက်မိုင်ကိုယ်တိုင် သင်္ဂြိုင်းမှာအလောင်းကို ပြန်သွားဖော်ပြီး
ဗိုက်ခွဲပြခဲ့တယ်။ အူတွေကလီဆာတွေ ပြတ်နေတာမျိုး တော့ မရှိဘူးလို့ ဆရာမ
ဘောက်မိုင်ကိုယ်တိုင် ကျမကို ပြောပြခဲ့ဖူးတယ်။
ဒီလူတွေဟာ မြို့မှာတုန်းက ကျမနဲ့အတူ လက်တွဲလုပ်ခဲ့တဲ့ (ဂေါစတာ) က
မကျော့၊ မစန္ဒာ၊ ဝေေ၀ထွန်းတို့ရဲ့ အကိုတွေ ဆိုလည်း မမှားပါဘူး။
ကျမတောထဲသွားမယ်ဆိုတာကို ဝေေ၀ထွန်း တယောက်ပဲ အသိပေးခဲ့တဲ့အတွက် လိုအပ်တာတွေ
ကို အစစအရာရာ ကူညီပေးခဲ့တယ်။ ကျမအထဲကို ပြန်ဝင်ချိန်မှာ မကျော့၊
မစန္ဒာတို့က အဆက်အဆံမပျက်ခဲ့ပေမဲ့ ဝေေ၀ ထွန်းကို သွားတွေ့တဲ့အခါ စကားတောင်
ဟဟမပြောနိုင်အောင် နာကျည်းနေခဲ့တာ တွေ့ရတော့ စိတ်မကောင်းဖြစ်ရုံမှ တပါး ကျမ
တတ်နိုင်ခဲ့တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျမအပါအ၀င် တောထဲရောက်လာသူတိုင်း
ကိုယ့်အသက်ကို တော်လှန် ရေးအတွက် စပေါ် (စရန်) အဖြစ် တင်ထားကြပြီးသားပါ။
“သက်သေသာဓက အထောက်အထားခိုင်ခိုင်လုံလုံ မရှိဘဲ သူများကို
မစွပ်စွဲသင့်ဘူး” ဆိုတဲ့စကားလေးဟာ အင်မတန် လှပပြီး သဘာဝကျသလိုလည်း
ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေကို ဘယ်ဘက်ကမှ စလုပ်ခဲ့တဲ့အစဉ်အလာမျိုး
ကျမတို့နိုင်ငံ မှာ မရှိခဲ့ကြဘူး ဆိုရင်ပေါ့လေ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ
လုပ်ကြံခံခဲ့ရတုန်းကလည်း သက်သေအထောက် အထား ခိုင်လုံတဲ့အတွက် ဂဠုန်ဦးစောကို
ကြိုးပေးသတ်စေဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်။ နောက်ကွယ်ကနေ ဂလုန်ဦးစော ကို
ဒါတွေလုပ်ဖြစ်အောင် ပံ့ပိုးပေးခဲ့ စေခိုင်းခဲ့တဲ့ ပညာရှိ လူမိုက်
တရားခံအစစ်ကို ရိပ်မိသိရှိနိုင်ပေမဲ့ သက်သေမပြနိုင်လို့ လွတ်စေပေါ့၊
တရားရုံးက တရားမျှတမှုဆိုတာ လူမိုက်တွေအတွက်ပဲလေ။
လောကမှာ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ ထုနဲ့ထေးပါ။ ဒါကို ဒီပဲရင်းမှာ
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့၊ ရွေဝါရောင် တော် လှန်ရေးမှာ
ဘုန်းကြီးတွေကိုတောင် ရိုက်နှက်သတ်ဖြတ်ဖို့ ၀န်မလေးခဲ့ကြတဲ့ အဖြစ်အပျက်တွေက
သက်သေပြ နေပြီး သားပါ။ ပြဿနာက သူတို့မဟုတ်ဘူး။ သူတို့လို လူမိုက်တွေကို
နေရာတကျ အသုံးချနေကြတဲ့ ဥာဏ်အမျှော် အမြင်ကြီး မားတဲ့ ပညာရှိလူမိုက်တွေပါ၊
ဝမ်းနည်းကြေကွဲစရာတွေ စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို မိဘပြည်သူတွေထံ လက်ဆောင်
အဖြစ် မပျက်မကွက် ပေးပို့နေတတ်တဲ့ နေမြဲအတိုင်း နေမြဲရှိနေတတ်တဲ့
လူမျိုးတွေလေ။
ကျမအတွက်တော့ လက်ညှိုးထိုးပြခံနေရတဲ့ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ
ကြိုးစင်တက်ရလည်း အဆန်းမဟုတ်ပါဘူး။ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊
ကိုအောင်မင်းတို့ကို ထိုးကျွေးခဲ့တဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ
လှုပ်ရှားသွားခဲ့တဲ့ သူလျှိုတစုကပဲ ကျမကို အဆန်းတကြယ်ဖြစ်စေတယ်။
ဒါဟာ တောထဲမှာ စိတ်ဓါတ်ကျ လက်မှိုင်ချနေတဲ့ လူတစုကို အထဲကို
ပြန်ဝင်ကြဖို့ ဦးဆောင်ခေါ်သွားခဲ့တာမျိုး မဟုတ် ဘူး။ ညီညီညွတ်ညွတ်
အားမာန်အပြည့် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်ကို
ခါးကနေပိုင်းဖြတ်ပစ်ခဲ့ကြတာ။ မြောက် ပိုင်းကျောင်းသားတပ်ကို တောနဲ့မြို့ပြ
ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းအားဖြင့် ရေမဲ့ငါးလို ဖြစ်
အောင်လုပ်ခဲ့တယ်။ အခုလည်း ရိုးသားတဲ့လူမှန် ရဲဘော်ရဲမေတွေကို
ရှေ့ထုတ်ကာဗာယူပြီး နောက်ကွယ်ကနေ ကျောင်း သားတပ်ကို
မိဘပြည်သူတွေထောက်ခံမှုမဲ့တဲ့ ရေမဲ့ငါးလိုဖြစ်အောင် ဆက်လက်တွန်းပို့
အကောင်အထည် ဖော်နေဆဲ လှုပ်ရှားနေဆဲ။ တော်လှန်ရေး သတိ။
ခိုင်လုံတဲ့သက်သေနဲ့တကွ “ဂလုန်ဦးစောကို ကြိုးစင်တက်စေသတည်း”
ဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ရင်တော့ နောက်နောင် လည်း
တော်လှန်ရေးမျိုးဆက်အင်အားစုတွေကြား ဒေါင်းယောင်ဆောင်တဲ့ကျီးတွေရဲ့
လှည့်ကွက် အာကွက်ထဲမှာ ဒီလို ဆင်တူရိုးမှား အဖြစ်ဆိုးတွေနဲ့ ကြုံကြ ဆုံကြ
ဖြိုခွဲခံကြရအုံးမှာ ဖြစ်သလို မိဘပြည်သူတွေလည်း သူတို့ရဲ့ သားသမီးတွေ ကို
ထပ်ခါတလဲလဲ ဆုံးရှုံးနေကြရအုံးမှာ မလွဲပါဘူး။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
အပိုင်း (၁) ၊
အပိုင်း (၂) ၊
အပိုင်း (၃) ၊
အပိုင်း (၄) ၊
အပိုင်း (၅)
32 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၆)”
= = = = = = = = = = = = = = = == = = = = = = = = = = = = = = = = = = = = = =
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၇)
Posted by admin on April 8, 2012
(၆)
လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သူတို့မှားခဲ့ရင် အဲဒီအမှားအတွက်
ကြိုးစင်တက်မယ်ဆိုတာ လုပ်ကတည်းက ပြောထားကြ ပြီးသား။ အဲဒီအတွက်တော့
စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။
ပြန်လွတ်မပေးသင့်ဘူးလို့ ကျောင်းသားထောက်လှမ်းရေးက ယူဆထားတဲ့ (၁၅) ယောက်ကို
ကျန်ရှိနေတဲ့ ဗဟိုကော်မတီတွေ ဆုံးဖြတ်ချက်နဲ့ အား လုံးကိုယ်စား
ကိုမျိုးဝင်း တယောက်ထဲက တာဝန်ခံလက်မှတ်ထိုးပြီး သေဒဏ်ချမှတ်ခဲ့တယ်။
(ကျန်တဲ့သူတွေကို နိုင်ငံတ ကာ ကြက်ခြေနီအသင်းကို လွဲအပ်ဖို့
ကြိုးစားခဲ့ကြတယ်။ တရုတ်ပြည်ထဲ ဖြတ်ပြီးလာခွင့်မရလို့ အစီအစဉ်ပျက်သွားခဲ့
တယ်လို့ ကြားရတယ်။)
စစ်ထောက်လှန်းရေးတွေရဲ့ လုပ်နည်းလုပ်ဟန်တွေအရဆိုရင် တော်လှန်ရေးအင်အားစု
ဖရိုဖရဲဖြစ်အောင် လုပ်သွားတဲ့ တရားခံ အစစ်အမှန်ဆိုတာ နာမည်မပေါ်တာများတယ်။
ထောင်ထဲမှာနှစ်ရှည်လများရှိမနေဘူး။ အသက်အသေခံ လုပ်ဖို့ ထက် လုပ်ပြီးတာနဲ့
ကိုယ်လွတ်ရုန်းထွက်ဖို့ အစီအစဉ်တွေရှိထားပြီးသား။ အခြေအနေအချိန်အခါကို
စောင့်မယ်။ အသုံးချ ခံရတဲ့ ရဲဘော်အမှန်တချို့ကို
အမှားတွေဆက်တိုက်လုပ်မိအောင် ဖန်တီးပေးပြီး တရားခံအဖြစ် လက်ညှိုးထိုးဖို့
ပြင်ထား မယ်။
နန်းစော၊ သင်းသင်း၊ ဘိုဘို၊ ကျော်ခိုင်ဝင်း တို့လို ရိုးသားတဲ့
ရဲဘော်ရဲမေတချို့ကို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေတွေ အဖြစ် ကာဗာယူပြီး
ဆက်အသုံးချမယ် ထိုးကျွေးခဲ့တဲ့ သမိုင်းအထင်အရှားရှိခဲ့တဲ့ ရဲဘော်
ထွန်းအောင်ကျော် တို့လိုလူမျိုး တွေကို ရှေ့တန်းပြန်တင် ကာဗာယူလှုပ်ရှားပြီး
သမိုင်းစင်မြင့်ပေါ်မှာ နောက်ထပ်အကွက်တခု ထပ်ဆင်ခွင့်ရဖို့ အရေးပါ တဲ့
နေရာတခုအတွက် ခြေလှမ်းပြင်နေလိမ့်အုံးမယ်။
ရန်သူက သူ့အလုပ် သူလုပ်သွားတာ ရှင်းတယ်၊ ဒါကိုပြန်အသုံးချပြီး
ကျောင်းသားတပ်ကို ရေမဲ့ငါးဖြစ်ရေး သူတို့ရဲ့ စီမံ ချက်
ဆက်လက်အကောင်အထည်ဖော် လှုပ်ရှားနေဆဲ။
မရှင်းတာက ဘာလဲ။ မရှင်းတာက “ကျနော် ထောက်လှမ်းရေးကပါ” လို့ ဘယ်သူမှ
လည်ပင်းမှာစာတမ်းချိတ်ပြီး မလာ ကြတော့ တရားခံအစစ်တွေက ကိုယ်ပျောက်နေတယ်၊
အဲဒီအတွက် အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါ တယ်ဆိုသူများ
ငွေကုန်လည်းခံနိုင်တယ်။ အချိန်ကုန်လည်းခံနိုင်တယ်ဆိုရင်တော့
နောက်ခံဘက်ကရောင်းတွေကို တူး ဆွကြည့်ချင်ရင် တာဝန်ရှိခဲ့တဲ့သူတွေက …
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအ၀င် နောက်တန်းမှာရှိနေတဲ့
မြောက်ပိုင်းဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့ ပြီး ကျန်ရှိနေတဲ့
ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ခဲ့တဲ့အတွက် မြောက်ပိုင်း
ဗဟိုကော်မတီဝင်တွေ အားလုံးမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိတယ်။ ရှင်းအောင်လို့
အဓိက တာဝန်ရှိတယ် ထင်ရသူများကိုသာ ဖော်ပြထား ပါတယ်။
၁၊ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဂျီတီအိုင်၊ အသတ်ခံရ)
၂၊ ဒုဥက္ကဋ္ဌ (၁) စစ်ရေးတာဝန်ခံ ကိုသံချောင်း (မိုးညှင်း(မိုဟန်)မြစ်ကြီးနားတက္ကသိုလ်၊သေဒဏ်အထပ်ထပ်နဲ့ထောင်ကျ)
၃၊ အထွေထွေအတွင်းရေးမှူး ကိုအောင်နိုင် (မန္တလေး၊ ဆေး၊ လက်ရှိချင်းမိုင်)
၎၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုမျိုးဝင်း (မိုးညှင်း-နမ္မား) အာအိုင်တီ ပဉ္စမနှစ်၊ ကျဆုံး)
၅၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား၊ လက်ရှိ မြောက်ပိုင်း)
၆၊ သတင်းနှင့်ပြန်ကြားရေးဌာန ကိုတင်မောင်အေး (ခ) ကိုအားဆိုက် (ကသာ၊ စစ်ကြောရေးမှာ သေဆုံး)
ရ၊ ရန်ကုန်ဒေသတာဝန်ခံ (ရွှေကူခရိုင်မှူး) ကိုရဲလင်း (ရန်ကုန်၊ အဖမ်းခံရပြီးနောက်ပြန်လွတ်)
၈၊ မန္တလေးဒေသတာဝန်ခံ (ဗန်းမော်ခရိုင်မှူး) ကိုညီညီကျော် (မန္တလေး၊
အဖမ်းခံရပြီးနောက် လက်ပြန်ကြိုး တုပ်ထားတဲ့ ကြားက ပထမဆုံး
ထွက်ပြေးလွတ်မြောက်ခဲ့သူ)
၉၊ (မပ) ကိုယ်စားလှယ်အဖြစ် တောင်ပိုင်းရှိနေ ကိုလှဌေး (ဗန်းမော်၊ လက်ရှိ အိန္ဒိယ)
၁၀၊ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း၊ လက်ရှိ အက်စ်အက်စ်အေ)
၁၁၊ စီးပွားရေးတာဝန်ခံ ကိုနေထွန်း (မြစ်ကြီးနား၊ လက်ရှိအမေရိက၊ ရှေ့တန်းမှာ သူ့ရဲ့ပစ္စတိုလည်း အသိမ်းခံခဲ့ရတယ် ကြားတယ်)
၁၂၊ မိုးညှင်းဒေသတာဝန်ခံ ကိုစိန်အေး ( မိုးညှင်း၊ တရုတ်နယ်စပ်မှာ အဖမ်းခံရပြီး ပြန်လွတ်)
၁၃၊ (မပ)ကိုယ်စားလှယ်အဖြစ်တောင်ပိုင်းရှိနေ ကိုကျော်ကျော် (မြစ်ကြီးနား၊ လက်ရှိမြောက်ပိုင်း)
လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကိုမျိုးဝင်း ဦးဆောင်တဲ့
ကျောင်းသားထောက်လှန်းရေးအဖွဲ့ကို အာဏာကုန်လွဲအပ် ပေးခဲ့တဲ့အတွက်
ကျောင်းသားထောက်လှန်းရေးအဖွဲ့မှာ ပါဝင်ခဲ့သူတွေ စစ်ကြောရေးမှာ
ပါဝင်ခဲ့တဲ့သူတွေအားလုံး ဒုတိ ယ အဆင့်အနေနဲ့ တာဝန်ရှိတယ်။
တိုက်ရိုက်ကွက်ကဲသူ ဒုစစ်ရေးတာဝန်ခံ ကိုမျိုးဝင်း (မိုးညှင်း၊ တိုက်ပွဲကျဆုံး)
ထောက်လှမ်းရေးတပ်ဖွဲ့
၁၊ တပ်ကြပ်ကြီး သန်းဇော် တာဝန်ခံ (မန္တလေး၊ တရုတ်နယ်စပ်မှာ ကိုစိန်အေးနဲ့အဖမ်းခံရပြီးပြန်လွတ်)
၂၊ ဒုတပ်ကြပ် ဇော်ဇော်မင်း (မိုးညှင်း၊ စစ်ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထား)
၃၊ ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း၊ အထဲပြန်ဝင်)
၎၊ ဒုတပ်ကြပ် ကျော်ထင်ဦး (မိုးညှင်း၊ အထဲပြန်ဝင် သေဆုံး)
၅၊ ရဲဘော် သက်လင်း (ဗန်းမော်၊ အထဲပြန်ဝင်)
၆၊ ရဲဘော်ဖိုးနှောင်း (ဗန်းမော်၊ အထဲပြန်ဝင် ရထားပေါ်ကကျသေ)
၇၊ ရဲဘော်ကိုထွေး (ဗန်းမော်၊ အထဲပြန်ဝင်)
ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့တဲ့
မြောက်ပိုင်းဗဟိုနဲ့ ပတ်သက်ပြီးတာဝန်ခံခဲ့တဲ့ အဲဒီ အချိန်က အေဘီတခုလုံးရဲ့
ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင်တွေမှာလည်း
တတိယအဆင့်အနေနဲ့ တာဝန်ရှိတယ်။
ဒါဆို အဖမ်းခံခဲ့ရသူတွေ အားလုံးကတော့ ခံခဲ့ရသူတွေဖြစ်လို့
လူမှန်တွေချည်းပဲပေါ့။ သူတို့မှာတော့ ဘာတာဝန်မှ မရှိဘူး လို့
ယူဆရနိုင်သလား။
(ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျမနဲ့ နန်းစော အကြီးအကျယ်
အငြင်းပွားခဲ့ရသလို။ ကျမအတွက် ဘူးခံပေးလို့ အသားအ နာခံ
အရိုက်အနှက်ခံခဲ့ရတဲ့ (၄၀၁) တပ်ရင်းက ကျမရဲ့ရဲဘော်တွေက ကျမကို လူကြုံနဲ့
လှန်းဆဲလိုက်တာလည်း ခံရဖူး တယ်။ မန္တလေးကျောင်းသားတွေ အမြင်မကြည်ဖြစ်တာလည်း
ကြုံရဖူးတယ်။ ဒါပေမဲ့ ကျမလိုချင်တာက အမှန်တရားကို ပဲ) အဖမ်းခံရတဲ့ အုပ်စု
(၃) မျိုး (၃) စားရှိတယ်။
၁၊ ကိုထွန်းအောင်ကျော် တို့လို ကိုချိုကြီး တို့လို ဦးစိန် တို့လို
လူတကာယိုတဲ့ချီး ပုဇွန်ထုပ်ခေါင်းမှာ စုဆိုသလို ငြင်းလို့မရ
ရုန်းလို့မရအောင် ခေါင်တည်ထားကြလို့ (ဖမ်းတဲ့သူတွေထဲကလား၊
အဖမ်းခံရသူတွေထဲကပဲလား၊ နှစ်ခုစလုံးဖြစ်နိုင် တယ်) ထိုးကျွေးတာခံလိုက်ရတဲ့
အုပ်စုနဲ့ အစီစဉ်တကျ မဖြေတတ်ခဲ့လို့ အသားပိုနာ ပိုသံသယအဖြစ်ခံရတဲ့ ရဲဘော်အ
မှန်တွေ ပါနိုင်တယ်။
၂၊ အဖမ်းမခံရသေးတဲ့ အချိန်တုန်းကလည်း ဒီအုပ်စုဝင်တွေဟာ
ခေါင်ဆောင်အသီးသီးရဲ့ ယုံကြည်မှုခံခဲ့ရတဲ့အဖွဲ့ရဲ့ ဒုတိ ယအဆင့်နေရာတွေမှာ
ရှိကြတယ်။ အဖမ်းခံရပြီးနောက် ရန်သူ့ရာထူးစာရင်းဆိုတာမှာလည်း ဒုတိယအဆင့်
နေရာတွေ မှာပဲ အခု ကျမရေးနေတဲ့ အချိန်မှာတောင် ဒုတိယအုပ်စုပဲ
ဖြစ်နေတဲ့အတွက် ဒီဒုတိယအုပ်စုကိုတော့ ကျမ အရမ်းစိတ် ၀င်စားတယ်။
ကော်မတီရုံး၊ စစ်ရုံးတွေမှာ အဖွဲ့ရဲ့မှတ်တမ်းမှတ်ရာတွေ ကိုင်ထားပြီး
လူဦးရေ၊ လက်နက်စာရင်း၊ ငွေရေးကြေးရေးကအစ ခေါင်းဆောင်တွေရဲ့စိတ်အနေအထား၊
ရဲဘော်ရဲမေတွေရဲ့အခြေအနေ တော်လှန်ရေးအခြေအနေ၊ မဟာမိတ်တွေနဲ့ နယ် မြေအနေအထား
အားလုံးကို အတွင်းကျကျ သိနေသလို အလွယ်တကူ တွက်ချက်နိုင်ပြီး ဘယ်လိုဖြစ်ရင်
ဘယ်လိုလုပ်ဖို့ အသင့်ဖြစ်နေတတ်တဲ့ ကိုယ့်အသက်ကိုကိုယ်
ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာဦးနှောက်ပိုင်ရှင်တွေ
မြောက်ပိုင်း ကျောင်းသားတပ်မတော်ထဲမှာ အပါးနပ်ဆုံး လူရည်အလည်ဆုံးလူတွေ
ဒီအုပ်စုမှာရှိတယ်။
ပြီးတော့ ဒီအုပ်စုဝင်တွေဟာ သိပ်ပြီး နှိပ်စက်မေးမြန်းနေစရာမလိုဘဲ
အစီစဉ်တကျဖြေဆိုခဲ့ကြတဲ့အတွက် ဒါတွေနဲ့ ပတ် သက်ပြီး မေးမြန်းလာခဲ့တာတွေ
ရှိလာခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားခဲ့တယ်။ ထောင်သားတွေလို မနေခဲ့ရဘဲ
အရာရှိ ရိပ်သာမှာ သီးသန့် အကျယ်ချုပ် နေခဲ့ကြတယ်။ လွတ်လာပြီး လုပ်ငန်းခွင်
ပြန်ဝင်ကြသူတွေလည်း ရှိတယ်။ မဟာမိတ်ရဲ့ အကာအကွယ်အောက်မှာ
နေခဲ့တာလည်းရှိတယ်။ နောက်မှ အသီးသီး ကိုယ်စီကိုယ်စီ နည်းလမ်းအမျိုးမျိုးနဲ့
လွတ် မြောက်သွားခဲ့ကြတယ်။
၃၊ တတိယအုပ်စုကတော့ ကျောင်းသားထောက်လှမ်းရေးထဲကပဲ အစီအစဉ်ရှိရှိ
နာမည်တပ်ပြီး ရိုက်စစ်မေးခဲ့လို့ပဲလား။ အဖမ်းခံရသူတွေထဲကပဲ အစီစဉ်ရှိရှိ
တမင်ဆွဲထည့်သွားကြတာလား (တခုမဟုတ်ရင် တခုဖြစ်နိုင်တဲ့) ဘာတွေဖြစ်နေလို့
ဘာတွေဖြစ်နေမှန်းတောင် အတွင်းကျကျ သိနိုင်တဲ့အနေအထားမျိုးမှာမရှိတဲ့ ရဲဘော်
ရဲမေ အဖြူထည်တွေ တော်တော် များများ အရိုးခံအုပ်စု၊ ဒီအုပ်စုကတော့
ထောင်ပုံစံနဲ့ ထောင်သမားလို နေခဲ့လုပ်ခဲ့ရပြီး ထွက်ပြေးတဲ့အချိန်မှာတောင်
လက်ထိပ်ခြေထိပ်တွေ တန်းလှန်းတွေနဲ့ အတူပြေးခဲ့ရတဲ့ အောက်ခြေရဲဘော်ရဲမေတွေ
အများဆုံးပါဝင်တဲ့ ရိုးရိုးအင်ဖော် မာ အဆင့်လောက်ပဲ သဘောထားခဲ့ကြတဲ့ (၅၆)
ယောက် (တယောက်က မလိုက်နိုင်လို့ လမ်းမှာ သတ်ပစ်ခဲ့ရ) အုပ်စု။
အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါတယ်ဆိုရင် အဖမ်းမခံခင်ကရော
အဖမ်းခံရပြီးနောက်ရော ဒုတိယအဆင့် အနေအထားတွေမှာရှိတဲ့ အရာရှိရိပ်သာမှာ
အကျယ်ချုပ်နဲ့အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ ကိုညီ
ညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊
ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်၊ ကိုမျိုးဝင်း၊
ကိုသံချောင်းရဲ့လူယုံ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊
ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ နန်းအောင်ထွေးကြည် (ရန်ကုန်၊ ၀ါဒ
ဖြန့်ချိရေး၊ အဖမ်းမခံရစဉ်က ဒုတိယအဆင့်အနေအထားမှာ မရှိပေမဲ့
သူ့ရဲ့ထွက်ဆိုချက်တွေက လူကြီးပိုင်းက လူတွေနဲ့ပဲ ဆက်စပ်နေတယ်။
နန်းအောင်ထွေးကြည် ဖြေတဲ့ထဲမှာ ကိုထွန်းအောင်ကျော် ပါမပါတော့မသိဘူး။
တောင်ပိုင်းမှာ ရှိနေတဲ့ ကိုစိုးလင်း ပါနေ တယ်။ ဦးစီး လှဌေးနဲ့
အိန္ဒိယဘက်မှာ ပြန်တွေ့တော့ ဟုတ်သလားလို့ ကျမ မေးကြည့်ဖူးတယ်။
ငါကိုယ်တိုင်စစ်တာ မြောက်ပိုင်းက အချက်တွေနဲ့တူနေတယ်လို့ ပြန်ပြောတယ်။
ဒါကို နန်းစောကို ကျမ ပြန်ပြောတော့ ကာယကံရှင်ကို ပြန် မေးနေစရာမလိုဘဲ
သူ့ကကြိုသိပြီးသား ဖြစ်နေပြန်တယ်။ တူမှာပေါ့တဲ့ ကိုစိုးလင်း ကြားအောင်
အောက်ကနေ အခွေဖွင့် ပြထားတာကိုးတဲ့။ အဲဒီအချိန်က ဗဟိုမှာ မြောက်ပိုင်းနဲ့
ပတ်သက်တဲ့စစ်ချက်တွေ၊ ဘာအခွေတွေမှ မရောက်သေးပါဘူး၊)
ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး၊ ကိုမျိုးဝင်းရဲ့ လူယုံ) ကိုရဲလင်း
(ရန်ကုန်၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့ လူ ယုံ)၊
ကိုစိုးလင်း(မန္တလေး၊ အာအိုင်တီ၊ နိုင်ငံရေးမှူး၊ ဗဟိုကော်မတီ၊ တိုက်ပိတ်ကို
အကျယ်ချုပ်မှထုတ် နိုင်ငံရေးဌာနမှာ အလုပ်စေခိုင်းခဲ့သူ၊ အရာအားလုံးကို
တွက်ချက်ခန့်မှန်းနိုင်သူ) ကိုကျော်နိုင်ဦး (သာယာဝတီ၊ ကိုအောင်နိုင်ရဲ့
ကိုယ်ရံ တော်)၊ တို့အနေနဲ့ သူများတွေကို ဘယ်လိုဘယ်လိုတွေ
လုပ်ခဲ့ပါတယ်ဆိုတာကို လက်ညှိုးထိုးပြနေကြတာထက် ကိုယ် က လူမှန်ဆို
ကိုယ်ပါဝင်ခဲ့တဲ့ ကဏ္ဍကိုယ်စီကနေ ကိုယ့်ရဲ့သမိုင်းကြောင်းနဲ့တကွ ဘယ်သူတွေက
ဒီလိုဒီလို မေးခဲ့ရိုက်ခဲ့ တဲ့အတွက် ဒီလူဒီလူတွေကိုဆွဲထည့်ပြီး
ဒီလိုဒီလိုတွေ ဖြေခဲ့ရပါတယ်ဆိုတဲ့ဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတဲ့
အကြောင်းအကျိုးနဲ့တကွ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအားလုံး ဘက်ပေါင်းစုံ
ထောင့်စုံကနေ စဉ်းစားနိုင်အောင်။ နောက်ကွယ်က လှုပ်ရှားသွားတဲ့ တရားခံအစစ်ကို
ရှာနိုင်အောင်နဲ့ ယုံကြည်ချက်အတွက် မြောက်ပိုင်းကျောင်းသားတပ်မ တော်မှာ
ကျဆုံးသေဆုံးရတဲ့ ရဲဘော်ရဲမေတွေရဲ့ ၀ိဥာဉ်နဲ့ လက်ရှိတိုက်ပွဲဝင်နေတဲ့
ရဲဘော်ရဲမေတွေအားလုံးအတွက် ချပြ သင့်တယ် ထင်ပါတယ်။
ဒါမှမဟုတ် တိုက်ပွဲမှာကျဆုံးသွားတဲ့ ကိုမျိုးဝင်း (အာအိုင်တီ၊ ပဉ္စမနှစ်၊
မိုးညှင်း)၊ နဲ့ ကိုသီဟ (ခ) ကိုဖေ၀င်း(အာအိုင်တီ၊ ပဉ္စမနှစ်၊ မိုးညှင်း)၊
အထဲပြန်ဝင်ပြီးနောက် သေဆုံးသွားတဲ့ ကျော်ထင်ဦး(မိုးညှင်း)၊
အထဲပြန်ဝင်ပြီးနောက် ရထားပေါ်က ပြုတ်ကျသေဆုံးသွားတဲ့ ရဲဘော်ဖိုးနှောင်း
(ဗန်းမော်) တို့ကလွဲရင် ကျောင်းသားထောက်လှမ်းရေးမှာ ကိုမျိုးဝင်း ပြီးရင်
ဒု တာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ နယ်စပ်မှာ ကိုစိန်အေးနဲ့အတူ အဖမ်းခံရပြီး
ထောင်ကျပြန်လွတ်)၊ ကိုမျိုးဝင်း လူယုံလို့ လူသိများပြီး
အဖမ်းခံခဲ့ရတဲ့လူတွေကို ရက်ရက်စက်စက်နှိပ်စက် မေးမြန်းခဲ့တဲ့သူ။
ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံရ စဉ်က အစိုးရဘက်တော်သားလုပ်ခဲ့သူ၊
ထောက်လှမ်းရေးက “မင်းတို့ ထိရဲရင်ထိကြည့်လို့” အကာအကွယ်ပေးထားလို့ ဘယ်သူမှ
ထိတောင်မထိရဲခဲ့တဲ့ ဇော်ဇော်မင်း(မိုးညှင်း)နဲ့ အောင်စိုးမြင့်
(မိုးညှင်း)၊ ရဲဘော်အငယ်တွေထဲက သက်လင်း (ဗန်းမော်)၊ ကိုထွေး(ဗန်းမော်)
လက်တွေ့စစ်ဆေးမေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှမ်းရေးတဖွဲ့လုံးနဲ့
နန်းအောင် ထွေးကြည်၊ နန်းစော၊ ထင်လင်းအောင် တို့ကလွဲရင် အဖမ်းခံခဲ့ရသူတွေ
အားလုံးအထဲမှာ ရှိနေတာပဲ နှစ်ဘက်စလုံးက ယုံကြည်စိတ်ချရတဲ့ ဗကသ
ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် စုံရှင်းကြပါလား။ ဘယ်သူမှ
ဂျိုမပါကြပေမဲ့ လူကဲ ခတ်တတ်ရင် အဲဒီလူတွေရဲ့ Background နဲ့
ပြောဆိုဆွေးနွေးတဲ့နေရာတွေမှာ ရိုးသားမှုရှိမရှိ မျက်လုံးတွေနဲ့ မျက်နှာ
တွေကိုတော့ ဘယ်သူမှ ဖုံးကာထားလို့ မရနိုင်ပါဘူး၊ ကျမတယောက်တည်းအနေနဲ့
ပြောရရင် ရဲဘော်ထွန်းအောင်ကျော် သမိုင်းထက် ဒီလူတွေရဲ့သမိုင်းကို
ပိုစိတ်ဝင်စားတယ်။
တချိန်တည်းမှာပဲ အဲဒီကာလ မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့
ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို
ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ
အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ
ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး
တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။
မြောက်ပိုင်းကျောင်းသားတပ်မတော်ဖြိုခွဲခံခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ
သမိုင်းအမှန်ဖြစ်ခဲ့ပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ ကိုင်တွယ်ဖြေ ရှင်းပုံ
ဖြေရှင်းနည်းတွေ အကြီးအကျယ် မှားယွင်းခဲ့ကြတာကတော့ ထင်သာမြင်သာရှိနေပါတယ်။
အဲဒီအတွက် သားသ မီးတွေကို နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကို
တောင်းပန်သင့်ရင်လည်း ကျမတို့တောင်းပန်ကြရမှာပါပဲ။ မဟုတ်ပဲနဲ့ သေဆုံးခဲ့
ရတဲ့ ရဲဘော်တွေအတွက်တင်မကပါဘူး ယုံကြည်ချက်အတွက်
မြောက်ပိုင်းတောတောင်တွေကြားမှာ မြုပ်နှံခဲ့ရတဲ့ ရဲဘော် ရဲမေတွေရဲ့
ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပါတယ်။ ကျမတို့အားလုံး အဖမ်းခံရမှာမကြောက်လို့
သေမှာမကြောက်လို့ လည်း တော်လှန်ရေးလုပ်နိုင်ခဲ့ကြတာပါ။ နောက်ထပ် ကျမတို့
ဘာကို ထပ်ကြောက် နေကြရအုံးမှာလဲ။ ဖြတ်သန်းခဲ့တဲ့ ကျမရဲ့ အတွေ့အကြုံအရတော့
ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာတွေအတွက် မှန်ရင်စံဖို့မရှိပေမဲ့ မှားရင်တော့
ခံလိုက်ကြ ရုံပါပဲ။
…………………………………………………
အသိပေးချက်… တော်လှန်ရေးတလျှောက်လုံး ရိုးသားစွာနဲ့
ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ကျမ ချစ်ခင်လေးစားတဲ့ မြောက်ပိုင်း က ရဲဘော်ရဲမေ
အားလုံးအတွက် ကျမပါဝင်ခဲ့ရတဲ့ အခန်းကဏ္ဍကနေ ကျမရဲ့ ထင်မြင်ယူဆချက်တွေကို
အပွင့်လင်းဆုံး ချပြခဲ့တာပါ။
ဘယ်တုန်းကမှ ဘယ်သူက ကျနော်သူလျှိုပါလို့ ဖွင့်ပြောပြခဲ့တာမျိုး
ထုံးစံမရှိတဲ့အပေါ် အမှန်တရားကို ဖော်ထုတ်ပေးဖို့
တောင်းဆိုနေသူတွေကိုယ်တိုင် တရားခံအစစ်ကို မဖော်ထုတ်ဘဲ သူလျှိုတွေကို
ထွက်ပေါက်အသင့်ပေးထားတဲ့ အစက တည်းက ဖန်တီးထားခဲ့ပြီးသား ကျောင်းသားက
ကျောင်းသားကိုသတ်တယ်ဆိုတဲ့ လိုင်းပေါ်မှာပဲ တစိုက်မတ်မတ်သွား နေတာကိုက
ရိုးသားမှုမရှိဘူးလို့ ကျမ ယူဆတယ်။
အစီစဉ်ရှိရှိကို ထိုးကျွေးတာခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊
ကိုချိုကြီး၊ ဦးစိန်တို့အတွက် ကျမအနေနဲ့ ရန်သူ့သူလျှို လုံးဝမပါဘူးဆိုတာ
လက်မခံနိုင်ပါ။ ရန်သူ့သူလျှို မပါတာသေချာခဲ့ရင် ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊
ကိုချိုကြီး၊ ဦးစိန် တို့ နာမည်တွေလည်း ထောက်လှမ်းရေးစာရင်းမှာ
ပါနေစရာအကြောင်းမရှိပါ။
ဒါကြောင့် ပါဝင်ခဲ့တဲ့ လူမှန်ရဲဘော်တွေအားလုံး ကိုယ်ပါဝင်ခဲ့ရတဲ့
အနေအထားတွေကနေ ပြန်လည်စဉ်းစားသုံးသပ်နိုင် အောင် ဖြစ်နိုင်ချေရှိတဲ့
လူတချို့ကို မချပြရင် မမြင်နိုင်တဲ့ အနေအထားတွေမှာ ရှိနေကြလို့ နာမည်နဲ့တကွ
ချပြခဲ့တာပါ။ အဲဒီအတွက် တချိန်ချိန်မှာ စုံရှင်းရရင်လည်း ကျမ ရှင်းမယ်။
ပြန်တောင်းပန်သင့်တဲ့ အနေအထားမျိုးမှာ အမှန်တကယ်ရှိ နေရင်လည်း အဲဒီလူတွေကို
လူကိုယ်တိုင်သွားပြီး ကျမပြန်တောင်းပန်မယ်။
လက်ရှိအနေအထားမှာတော့ ဖြစ်ပျက်ခဲ့ပုံတွေကို ပြန်စဉ်းစားပြီး
ဖြစ်နိုင်ချေရှိတဲ့ ကျမရဲ့အမြင် ကျမရဲ့ထင်မြင်ယူဆချက် ကို ကျမရေးတာဖြစ်လို့
အဲဒီအပေါ်မှာ ပြန်ပြီးဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လိုအကြောင်းအချက်မျိုးကိုမှ
ကျမ အနေနဲ့ တုန့်ပြန်ဖြေရှင်းနေတာမျိုးတွေ လုံးဝပြုလုပ်မှာမဟုတ်ဘူး
ဆိုတာကိုတော့ ဖတ်ရှုသူတွေကို အသိပေးချင်ပါတယ်။
ရဲဘော် ထွန်းအောင်ကျော်နဲ့တကွ မဟုတ်ဘဲနဲ့ အဖမ်းအဆီးခံခဲ့ရတဲ့
ရဲဘော်များနဲ့ အမှန်တရားအတွက် ကျမ တာဝန်ရှိ တယ်ထင်တဲ့ ကျမအပိုင်းကနေ ကျမ
ချပြခဲ့ပြီးဖြစ်လို့ ကျန်အပိုင်းကိုတော့ ကိုယ့်ကိုယ်ပိုင်ဦးနှောက်တွေကိုသာ
အသုံးပြု ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ဆက်ပြီး ဆင်ခြင်သုံးသပ်ကြပါကုန်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
= = = = = = = = = = = = == ==
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၈)
Posted by admin on April 11, 2012
ရဲဘော်ထွန်းအောင်ကျော် (မပ)အထဲကို ပြန်ဝင်ခဲ့ချိန် မန္တလေးလှုပ်ရှားမှု ခေါင်းဆောင်တဦး
ကျမရဲ့အမြင်ကို တောင်းခံလာခဲ့စဉ်က
“အခုအချိန်မှာ ဘယ် သူ့ကိုမှ ဘာမှ
ရေးမပေးနိုင်ဘူးလို့” ဖြေခဲ့ပေမဲ့
တချိန်ချိန်မှာတော့ ကျမနေရာ
ကျမရဲ့ထောင့်ကနေ ကျမရဲ့အမြင်ကို ရေး ကို ရေးပေးရမဲ့တာဝန်
ကျမမှာ ရှိပါတယ်။
ကျမထောင့်ကနေ ကျမ အမှန်တကယ် မြင်ရ ကြားရ သိခဲ့ရတာတွေကိုသာ
ရေးရတာဖြစ်လို့
အားလုံးက ဖြစ်စေချင်နေတဲ့ဆန္ဒတွေ ပြည့်ဝမှာမဟုတ်တာ
သေချာသလို
ဝတ္ထုဇာတ်လမ်းရေးနေတာလည်းမဟုတ်လို့
အချိတ်အဆက် မိချင်မှ မိပါလိမ့်မယ်။
ကျမ မသိလို့ အချိတ်အဆက်မမိဘဲ ကျန်နေရစ်တဲ့ ကွက်လပ်လေးတွေကို
အမှန်တရား
တကယ်လိုလားတဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေထဲက သိရှိနေသူတွေရှိခဲ့ရင်
တာဝန်ကိုယ်စီယူပြီး ၀ိုင်းဝန်း ဖြည့်စွပ်ပေးနိုင်ခဲ့ရင်တော့
ပြီးပြည့်စုံတဲ့ ဇာတ် လမ်းတပုဒ် ပုံပေါ်လာမှာပါ သေချာပါတယ်။
အမှန်တကယ်ပါဝင်
ပတ်သက်ခဲ့တဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေအားလုံး ပြန်လည်စဉ်းစား
သုံးသပ်ကြည့်နိုင်ကြတယ်ဆိုရင် ကျမ ကျေနပ်ပါပြီ။
အစကတည်းက အတွင်းကျကျ အနေအထားမှာ ပါဝင်ခဲ့ရသူတဦး မဟုတ်သလို
ဘယ်လိုတွေ
စစ်ဆေးမေးမြန်း ခဲ့ကြ တယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ဘူးလို့
ရေးခဲ့ပြီးသားပါ၊
ကျည်ဆံကို အသုံးမပြုပဲ ဘာကြောင့်ဓါးကို
အသုံးပြုခဲ့ကြတာလဲ။
ဘာကြောင့် အဲဒီလောက်တောင် ရက်ရက်စက်စက်
စစ်ဆေးမေးမြန်းခဲ့ကြတာလဲ ဆိုတာကတော့ တာဝန်ရှိတဲ့
လုပ်ခဲ့ကြတဲ့သူတွေကိုယ်တိုင် တာဝန်ခံဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ
မြင်ပါတယ်။
ဒီလောက်ရက်ရက်စက်စက် လုပ်ခဲ့ကြတာမှန်ရင် ဒီလိုလုပ်ရပ်မျိုးတွေကိုတော့
ကျမတဦးတည်းအနေနဲ့ လက်မခံနိုင်ပါ၊ ရက်ရက်စက်စက်လုပ်ခဲ့တာတွေကို
ကိုယ်တိုင်မမြင်တွေ့ခဲ့ရတဲ့အတွက် ချရေးထားခြင်းမရှိသလို လုပ်ခဲ့တဲ့သူတွေကို
အဲဒီ လိုလုပ်ခဲ့ကြတဲ့အပေါ် ကာရေးထားခြင်းမျိုးလည်း လုံးဝမရှိပါ။
ဒါပေမဲ့
ဒီလူတွေဟာ လူသတ်တာတခုတည်း လုပ်ခဲ့ကြသူ တွေမဟုတ်ပဲ
ဒါတွေ ဒါတွေကိုလည်း
လုပ်ခဲ့တဲ့သူတွေ ဆိုတာလည်း သိဖို့တော့ လိုပါတယ်။
တရားခံတွေနဲ့ ပတ်သက်ပြီး ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို
လက်ချာဟောမှာ
ရဲဘော်ရဲမေတွေကို ပြသခဲ့ပေမဲ့ ရိုက်နှက်စစ် ဆေးမေးမြန်းထားတဲ့
စစ်ဆေးချက်တွေအပေါ် အယုံအကြည်မရှိခဲ့တဲ့အတွက် ကျမသွားမကြည့်ပါဘူး၊
ဒါပေမဲ့
ကျမအနေ နဲ့ ဒါတွေကို အစီစဉ်ရှိရှိလုပ်သွားခဲ့ကြတယ်လို့ပဲ ယုံကြည်ထားပါတယ်၊
ကျမ သံသယဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင်
ကိုထွန်း အောင်ကျော်၊ ကိုချိုကြီး၊
ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊
ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊
ကိုမြင့်သိန်း ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေ့ကအစ
အောက်ခြေက
ရဲဘော်ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ ရန်သူ့သူလျှိုတွေလို့
ဘယ် တုန်းကမှ ကျမ
မသတ်မှတ်ခဲ့ လက်မခံခဲ့ပါဘူး။
နောက်ပိုင်းမှာ ထောင်ဘက်ကို
သွားလာခွင့်တွေရတော့
ကျမ မကြာခဏ ရောက်တတ်တာလည်း ရန်သူ့သူလျှိုတွေလို့
ကျမ
ဘယ်လိုမှ လက်မခံခဲ့လို့ပါ၊
ကိုမြင့်သိန်းက အန္တရာယ်ရှိတယ် မလာ
ခိုင်းနဲ့တော့လို့
နန်းစောကို ပြောခိုင်းခဲ့တာလည်း ကျမ မမေ့ပါဘူး။
ကျမအနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ပျက်သွားခဲ့ရတာလဲဆိုတဲ့
အကြောင်းအရင်းအမှန်နဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ လူတွေအား လုံးရဲ့
အမြင်တွေကို
အမှန်တကယ် သိချင်ပါတယ်။
ပြောရမယ်ဆို ကိုထွန်းအောင်ကျော်၊
ကိုအောင်နိုင်တို့ထက် မြောက် ပိုင်းမှာ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းတို့က
ရဲဘော်တွေကြားမှာ သြဇာအာဏာ ရှိပြီးသားပါ
လုစရာနောက်ထပ် ဘာအာဏာ ရှိနေလဲ၊
ကိုမျိုးဝင်းက ဒေသစွဲကြီးလွန်းလို့ အညှိုးကြီးလို့ လုပ်တယ်ဆိုလည်း
ကိုမျိုးဝင်းတယောက်တည်း လုပ်ချင်တိုင်း လုပ်လို့ ရနေသလား။
တခြားဗဟိုကော်မတီတွေကရော။ ကိုမျိုးဝင်း ဒေသစွဲကြီးကြောင်းပြဖို့ မိုးညှင်း။
မိုးကောင်းက လူ တွေကို တမင်ချန်ထားပေးခဲ့တာရော မဖြစ်နိုင်ဘူးလား။
ဒီလောက်လူတွေ အများကြီး ရန်သူ့သူလျှိုတွေ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ
တာဝန်ရှိခဲ့သူတွေက ဘာကြောင့် အခုမှပဲ စဉ်း စားမိခဲ့ကြတာလဲ။
ဖြစ်ပျက်ခဲ့စဉ်တုန်းက အဲဒီလို မစဉ်းစားမိခဲ့အောင် ခိုင်လုံပါတယ်ဆိုတဲ့
ဘယ်အကြောင်းတွေက သူတို့ ကို တွန်းပို့ပေးခဲ့တာလဲ။
ဒါကို ကျမ သိချင်ခဲ့တာပါ။
ကိုထွန်းအောင်ကျော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) ကို
အဲဒီညမှာပဲ ကေအိုင်အေက လာခေါ်ထုတ်သွား ပြီး
ဧည့်ခမ်းဆောင်မှာ ထားခဲ့တယ်လို့
ကိုညီညီရဲ့ ကျမအပေါ်တုံ့ပြန်ချက်မှာ ရေးထည့်ထားတာကို တွေ့ရတယ်။
မဟာ
မိတ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ဟာ
ဘာတွေဘာတွေကို
ဘယ်လို ဘယ်လိုတွေ အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့
ဂုဏ်ယူပြောကြားခဲ့တဲ့ ကိုညီညီရဲ့အကို ကိုမောင်မောင် (ရွှေကရဝိတ်) ပြောခဲ့တဲ့
စကားတွေအရဆို ကေအိုင်အေက ခေါ်ထုတ်သွားရမှာ
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို
မဟုတ်လား၊
ဘာကြောင့် သူရဲ့ညီ ကိုညီညီ ဖြစ်နေရတာလဲ။
ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း
ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက်
အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက
ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။
- ဘာကြောင့် သူတို့ညီအကို နှစ်ယောက်ကိုတော့ ခေါ်ထုတ်မပေးခဲ့ကြတာလဲ။
- ကေအိုင်အေရဲ့ ဧည့်ခမ်းဆောင်မှာ နေခဲ့ရပါတယ်ဆိုတဲ့
ကိုညီညီကရော
ဘာကြောင့် အဲဒီအချိန်တုန်းက ကျနော့်အ သက်နဲ့လဲပြီး အာမခံရဲပါ တယ်လို့
ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီမတောင်းခဲ့တာလဲ။
- ဘာကြောင့် အခုမှ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့အတွက်
မခံမရပ်နိုင် အသည်းအသန် ဖြစ်ပြနေရတာလဲ။ – - —
ရဲဘော်ရဲဘက်ဆိုတာ
သေချာရဲ့လား။
ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကို
ထိုးကျွေးခဲ့တဲ့အပြင် ဒေသအရ အချိုးချနဲ့ လူမှန်ရဲဘော်တွေ
အများကြီးပါသွားခဲ့လို့ကို အစီစဉ်ရှိရှိ လုပ်ခဲ့ကြတာမဟုတ်ဘူး။
ရန်သူ့သူလျှို
မပါဘူးဆိုတာ ကျမ လုံးဝလက်မခံနိုင်တာပါ။
ဒါဟာ မြောက်ပိုင်းကျောင်းသားတပ်
ဖြိုခွဲခံလိုက်ရတာပါ။
ဖော်ထုတ်နေစရာ မလိုဘဲ သက်သေသာဓကနဲ့တကွ
ထင်ရှား
စွာရှိနေတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုသာမက
ဒါတွေဖြစ်အောင် ဖန်တီးခဲ့တဲ့
တရားခံအစစ် (ရန်သူ့လူတွေ) ကိုလည်း
ကျမ တို့ ရှာဖွေဖော်ထုတ်ဖို့လိုတယ်လို့ပဲ
ကျမ မြင်ပါတယ်။
မဟုတ်ရင် ကျမတို့ထပ်ပြီး အညာခံ အသုံးချခံနေကြရအုံးမှာပါ။
အခု ဒါတွေကို ဦးဆောင်ပြီး ပြန်လုပ်နေသူတွေကလည်း ဖြစ်ခဲ့စဉ်က
ဒုတိယအဆင့်အနေအထားကပါဝင်ခဲ့သူတွေ သိပ် ရိုက်နှက်စစ်ဆေးစရာမလိုဘဲ
အစီစဉ်တကျဖြေဆိုခဲ့သူတွေ ကိုယ်လွတ်ရုန်းပြေးနိုင်သူတွေ ဖြစ်နေပြန်တယ်၊
ဒါလည်း ကျမတို့ ထည့်တွက်ရမဲ့အချက်ပါ။
အခုကိုပဲ အမှန်တရားဖော်ထုတ်ဖို့ထက်
ဖွချခွင့်ရလိုက်တာကိုက
ရန်သူ့အတွက် အ မြတ်ဖြစ်နေပါပြီ။
နန်းစော၊ နန်းအောင်ထွေးကြည် တို့နဲ့ ဖုန်းပြောတိုင်းလည်း
“ရန်သူ့လူတယောက်မှ မပါဘူးဆိုတာ လက်မခံဘူး၊
နှစ်ဘက် စလုံးမှာ ရှိနိုင်တယ်”
ဆိုတဲ့ ကျမရဲ့အမြင်ကို ပွင့်ပွင့်လင့်လင်း ပြောပြီးသားပါ။
ကိုထွန်းအောင်ကျော်ကို ထိုးကျွေခံခဲ့ရတာ လို့ပဲ ကျမ ယူဆတယ်လို့ ပြောပြတော့
နန်းအောင်ထွေးကြည်ကိုယ်တိုင် “အေး ငါလည်း အဲဒီလိုပဲ ထင်တယ်” လို့ ပြန်
ပြောခဲ့တယ်။
နန်းအောင်ထွေးကြည် ကိုယ်တိုင် အစပိုင်းက ရေးခဲ့တဲ့မှတ်တမ်းမှာ
ရန်သူ့လူရှိရင်လည်း နှစ်ဘက်စလုံးမှာ ရှိနိုင်တာပဲလို့
ရေးခဲ့တာလည်းရှိပါတယ်။
ကျမရေးတဲ့စာ အပိုင်း (၂) ကို တင်လိုက်ပြီးတဲ့နောက်မှာ
နန်းအောင်ထွေးကြည်
ကျမကို ဖုန်းဆက်လာတယ်။
သူနဲ့ကျမ အပြန်အလှန်ပြောခဲ့ကြတာလေးတွေ ကျမ
တင်ပြချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ (၅) နှစ်စီမံကိန်းက ဥက္ကဋ္ဌ သံခဲ ရဲ့
မိန်းမ
ကျမ လုပ်ခဲ့တဲ့ဇာတ်လမ်းပါ
ကျမအသိဆုံးပဲဆိုပြီး ရေးထည့်ထားတော့
မသိတဲ့သူတွေ ရှုပ်ကုန်မှာစိုးလို့ပါ။
နန်း အောင်ထွေးကြည် ကျမကို
ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး
ကျမထည့်ရေးခဲ့တာတွေ မှန်သမျှ
သူပြောခဲ့တဲ့စကားတွေပါ အပိုမပါပါဘူး၊
သူပြောခဲ့တာမဟုတ်ပဲ ကျမဘာသာ
ကျမရေးခဲ့တာဆိုရင် သူအချိန်မရွေး
ကျမဆီကို ဖုန်းဆက်ပြောနိုင်ပါတယ်၊
ကျမ
အဆင်သင့်ရှိနေပါတယ်။
(အေဘီမှာ ရဲမေနဲ့ အိမ်ထောင်သည် ကွာခြားချက်က ဒီလိုပါ
ရဲမေက
အဖွဲ့အစည်းအဝေးတွေ ဘာတွေ တက်ပိုင်ခွင့် ၀င် ရောက်ဆွေးနွေးပိုင်ခွင့်
ဗဟိုကော်မတီတွေမှာ ရွေးခြယ်တင်မြောက်ပိုင်ခွင့်တွေ ရှိပါတယ်၊
အိမ်ထောင်သည်က
အဲဒီအ ခွင့်အရေးတွေ မရှိပါဘူး၊
လွတ်ကင်းအောင်လို့ အိမ်ထောင်သည်ကို
ရွေးလိုက်ပါတယ်
“ကိုသံခဲက တဖွဲ့လုံးကို ရှာကျွေး နေရတယ်လို့” ကျမက
ပြောခဲ့တယ်ဆိုပါလား။
ဘယ်သူ့ကို ကျမ ပြောခဲ့တာလဲ။
ပြန်ပြောပြခဲ့တဲ့သူရဲ့
နာမည်လေး သိချင် လိုက်တာ။
လောကမှာ ကျောချစရာလူတွေ ဒီလောက် ပေါရသလား။
ဘယ်ဘက်ပြေးပြေး ပြေးမလွတ် ပါပဲ။)
၅ နှစ် စီမံကိန်းဆိုတာ ဒီလိုပါ (အခုနေ ပြန်တွေးကြည့်ရင် ရယ်စရာပါ)။
ရဲမေဆောင်မှာ ရည်စားထားကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး
ကျမရဲ့အမြင်ကို
ကျမပြောခဲ့တယ်၊
တောထဲသွားတဲ့ မိန်းကလေးတွေကို မြို့မှာရှိတဲ့ လူတွေက
အစိုးရ၀ါဒ ဖြန့်ထားတဲ့
“ပါပီမ” ဇာတ်ကားထဲကလို သူပုန်စာလေးတွေလို့
ထင်မြင်ခဲ့ကြတဲ့အပေါ်
ငါတို့က အဲဒီကိစ္စအတွက် လာခဲ့ကြ တာမဟုတ်ဘူး။
မိဘကွယ်ရာမှာနေကြပေမဲ့ ငါတို့ကိုယ်ငါတို့ ထိမ်းသိမ်းနိုင်တယ်ဆိုတာကို
ပြရမယ်။
တော်လှန်ရေး ရေတို ကာလ (၅) နှစ်အထိ ရည်းစားမထားသင့်ဘူးလို့
ကျမကပြောတော့ နန်းအောင်ထွေးကြည် နဲ့ ရဲမေအငယ်တချို့ကပါ
ထောက်ခံပြောဆိုခဲ့တယ်၊
(၅) နှစ်ကျော်ရင်တော့ ရေရှည်ဖြစ်သွားပြီမို့
ကြိုက်တာလုပ်လို့ ပြောခဲ့တယ်။
ဒါနဲ့ ကျမက စာရွက်တရွက်ယူပြီး နန်းအောင်ထွေးကြည်ကို
လက်မှတ်ထိုးခိုင်းလိုက်တယ်။
နောက်မှ စာတွေဖြည့်ရေးပြီး ကျမတို့
ရည်းစားမထားရေးစာချုပ် လက်မှတ်တွေထိုးပြီးချုပ်ခဲ့ကြတယ်။
အဲဒီမှာ ဥက္ကဋ္ဌ
နန်းအောင်ထွေးကြည် အတွင်း ရေးမှူးက ကျမ၊
နန်းစော၊ သင်းသင်း၊ မှိုင်းဝေ၊
မခါးတို့တော့ပါတယ်၊
အန်း၊ ထက်ထက်၊ အီးတီ ပါမပါတော့မသိဘူး သူတို့
ကကြိုက်တဲ့သူများတယ်၊
ကျန်တာ မမှတ်မိတော့ဘူးတို့က အဖွဲ့ဝင်တွေ၊
(၅)နှစ်မပြည့်ပဲ
ရည်းစားထားရင် ဥက္ကဋ္ဌက ထင်း ငါးကား၊
အတွင်းရေးမှူးက
ထင်းသုံးကား၊
အဖွဲ့ဝင်တွေက ထင်း (၂) ကား အဆောင်အတွက် ထင်းကားပေးရမယ်။
နောက်ဆုံးတော့ ငါးနှစ်မပြည့်ခင် ကျမနဲ့ နန်းအောင်ထွေးကြည် နှစ်ယောက်ပဲ
ကျန်ခဲ့တာပါ၊
အငယ်တွေက ရည်စားတွေ အလျှိုလျှိုနဲ့ ဖြစ်ကုန်တယ်။
ကျမ သြစတေားရီးယားရောက်စက နန်းအောင်ထွေးကြည် ဖုန်းဆက်လာချိန်မှာ
ကျမသူ့ကို ကျမနဲ့ပတ်သက် ပြီး အရိုက် ခံရဖူးလား မေးကြည့်ဖူးပါတယ်။
မင်းနဲ့ပတ်သက်ပြီး သိပ်တော့ မခံရဘူး။
တချက်နှစ်ချက်လောက်ပဲ။
အသေးလေး
(စိုးစိုးလွင်) ကတော့ ရေရေလည်လည် ခံရတယ်။
ကျောင်းသားထောက်လှမ်းရေးက
“ခင်ရွှေလှိုင်နဲ့ မင်းနဲ့ (၅) နှစ်စီမံ ကိန်းဆိုတာ ဘာလဲ” လို့ မေးတော့
အဲဒါသူက “၅ နှစ်အတွင်းမှာ ကျမနဲ့ချိတ်တဲ့သူ ရောက်လာမှာမို့
ခင်ရွှေလှိုင်များ
ဖြစ် နေမလားလို့ ရှာကြည့်တာပါ
မဟုတ်ဘူး ဖြစ်နေတယ်” လို့ ဖြေခဲ့တာကို
ပြောချင်တာပါ။
ကိုအောင်မိုးဝင်းကလည်း ကျမကို အရိုက်ခံကာကွယ်ရင်းရခဲ့တဲ့
ဇာတ်လမ်းပါဆိုပြီး
အတင်းကြီး လိုင်းတင်နေပြန်တယ်။
ကျမက
အဲဒီလောက်အရေးပါတဲ့သူ မဟုတ်ပါဘူး၊
တကယ်အရိုက်ခံရပြီး ကျမကို ကာကွယ်သွားတဲ့
သူတွေကို ကျမ တွေးကြည့်နိုင်ပါတယ်၊
အဲဒီလူတွေက အောက်ခြေက ရဲဘော်ရဲမေတွေပါ။
ရန်အောင် (မန္တလေး၊ အသတ်ခံရ)၊
မခင်ချိုဦး (ရန်ကုန်။ အသတ်ခံရ)၊
နန်းစောနဲ့
ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေပါ။
မခင်ချိုဦးနဲ့ ကျမ တခါတလေ တခုခုလုပ်
စားပြီး
စကားလက်ဆုံကြတဲ့အချိန် ကြောင် (ခ) ကိုကျော်နိုင်ဦးလည်း
ရောက်ရောက်လာတတ်လို့ အရိုက်ခံကာကွယ် ပေးတဲ့ထဲမှာ သူလည်း ပါနိုင်ပါတယ်။
“မင်းကို မျက်မြင် သက်သေအဖြစ် ချန်ထားဖို့ အားလုံးက ၀ိုင်းကာထားကြတယ်” လို့
အဆောင်ရှေ့မှာ ကျမကို ပြောခဲ့သူပါ။
ကျမ အမြင်အရဆို လူကြီးပိုင်းအတော်များများကို
ဆွဲထည့်ဖြေခဲ့ရတဲ့
နန်းအောင်ထွေးကြည် အနေနဲ့
ကျမထက် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို
အရိုက်အနှက်ခံပြီး
ကာကွယ်ပေးခဲ့ရလို့ ရခဲ့တဲ့ဇာတ်လမ်းပါဆိုရင်တော့ ကျမ
ချွင်းချက်မရှိ လက် ခံပါတယ်။
အပွင့်လင်းဆုံး ပြောရကြေးဆိုရင် ဥက္ကဋ္ဌ
ကိုထွန်းအောင်ကျော် ကိုယ်တိုင်တောင်
နန်းအောင်ထွေးကြည်ကို
မယုံကြည်ခဲ့ပါဘူး၊
နန်းအောင်ထွေးကြည်ကို သိပ်ရိုက်နှက်စစ်ဆေးစရာမလိုဘဲ
သူ့ဘာသာသူ ဖြေခဲ့တယ်ဆိုတာကို ကျမ ကြားထားပြီးသားဖြစ်သလို
အဲဒီအချိန်က
အဖမ်းမခံရသေးတဲ့
ကိုရဲလင်း၊ ကိုညီညီကျော်တို့ ဗဟိုကော်မတီဝင်တွေလည်း
ကြားကြသိကြမှာပါ။
နန်းအောင်ထွေးကြည် ရဲ့ ကိုကြီး (ကိုထွန်းအောင်ကျော်) ချင်း ထပ်နေတဲ့
အလွမ်းစာလေးကိုဖတ်ရတော့ ကျမ အတွက် တော့ ခံစားမှုက တမျိုးကြီးပါ။
နန်းစောရေ
ငါတို့ရဲ့ကိုကြီးက အခုတော့ နန်းအောင်ထွေးကြည်ရဲ့ ကိုကြီးဖြစ်သွားပြီလို့
အော်ပြောလိုက်ချင်တဲ့အထိ။
(ကျမနဲ့ နန်းစောနဲ့က ဆေးသင်တန်းမတက်ခင်ထိ
ဥက္ကဋ္ဌ
ကိုထွန်းအောင်ကျော်ရဲ့တဲမှာ အမြဲမပြတ်ရှိနေတတ်တဲ့ ရဲမေနှစ်ယောက်ပါ။
လူကြီးတွေအားလုံးထဲမှာ ကျမတို့နှစ်ယောက် အချစ်ခင်ဆုံးက ဥက္ကဋ္ဌ ကို
ထွန်းအောင်ကျော်ပါ။)
ကျမတို့ မန္တလေးသူ မန္တလေးသားတွေ နှုတ်ကျိုးနေတဲ့ ကိုကြီး
(ကိုထွန်းအောင်ကျော်) ဆိုတဲ့ အခေါ်အဝေါ်ကို တောထဲ ရောက်တာနဲ့ “ဥက္ကဋ္ဌ” ဆိုပြီး
ကျမတို့ ပြောင်းခေါ်ခဲ့ရပါတယ်။
တောထဲမှာဆုံခဲ့ပြီး ထောင်ထဲမှာလည်း
စကားပြောခွင့် မရ ခဲ့တဲ့
နန်းအောင်ထွေးကြည် က ဘယ်အချိန်မှာများ “ကိုကြီး”
လို့ ခေါ်ခဲ့ဖူးလိုက်တာလဲ
တမျိုးတော့ တမျိုးလေးပါပဲ။
နန်း အောင်ထွေးကြည်
ပြောပြချက်အရ အဖမ်းခံထားရစဉ်က
လက်နက်တွေ၊ အဆိပ်တွေ ထုတ်ပေးဖို့ကိစ္စနဲ့
ပတ်သက်ပြီး
သူ တို့အချင်းချင်း ဆွေးနွေးခိုင်းစဉ်က တခါတည်းပဲ
စကားပြောခွင့်ရခဲ့တာပါ။
အဲဒီအချိန်က ဥက္ကဋ္ဌ လို့ပဲ သူသုံးခဲ့တယ်လို့ လည်း
ပြောဖူးပါတယ်။)
အမှန်တကယ် အသေအလဲခံခဲ့ရတဲ့ သူတွေက
စစ်ကြောရေးမှာ သေဆုံးသွားသူတွေ။
အသတ်ခံလိုက်ရတဲ့ သူတွေနဲ့ အောက်ခြေက ရဲဘော်အများစုပါ။
ကျမရင်ထဲမှာ
ရှိနေတာလည်း ဒီလူတွေပါ။
ဒီလူတွေအတွက်ပဲ တရားခံအစစ်ကို သိ ချင်လို့
နာမည်နဲ့တကွ
ဖြစ်နိုင်ခြေရှိတဲ့သူတွေကို လူမိုက်လုပ်ပြီး ကျမ ချရေးခဲ့တာပါ။
၁။ ကိုမျိုးဝင်း ကိုယ်တိုင်က
ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊
ကိုအောင်မင်း၊ ဦးစိန်တို့ကို
ထောက်လှန်းရေးလားလို့ ခေါင်း စဉ်တပ်ပြီး
ရိုက်မမေးခဲ့တာ သေချာရင်၊
(ကိုမျိုးဝင်းရဲ့လူယုံ ယခုထောက်လှမ်းရေးက
ကာကွယ်စောင့် ရှောက်ထားတဲ့
ဇော်ဇော်မင်းက ပထမ မိုးကောင်းမှာနေတယ်၊
စာပေးစာယူနဲ့ ကျောင်းတက်ပြီး သမ၀ါယမမှာလုပ်တယ်။
သူ့ရဲ့ ယောက် ဖကတော့
စသုံးလုံးကလို့ ကြားရတယ်။
နောက်မှ မိုးညှင်း-နမ္မားဘက် ရောက်လာပြီး
ကိုမျိုးဝင်းရဲ့လူယုံ ဖြစ်လာတယ်။
ဘယ်တုန်းကမှ ရှေ့တန်းတိုက်ပွဲတွေမှာမပါပဲ
အမြဲထောင့် ကပ်နေသူ။ အထဲပြန်ဝင်ပြီးနောက် ရွှေလီဘက်ကို ရောက်လာ တတ်တယ်။
ဘဲလေးတို့ လင်မယားကို အာမခံပြီး အထဲခေါ်သွားတယ်။
ကျန်တဲ့မိသားစုတွေကိုလည်း
အထဲပြန်ဝင်ချင်ရင် သူအာမခံပြီး လုပ်ပေးမယ်လို့ လာပြီး
ဆွဲဆောင်ခဲ့တာတွေရှိတယ်လို့ ကြားရတယ်။
အစကတည်းက ထောက်လှန်းရေးက
လွတ်တဲ့သူလား။
နောက်မှ ဘက်ပြောင်းသွားတာလား စဉ်းစားစရာတခု။)
၂။ ဒုတိယအဆင့်အနေအထားကနေ
အဖမ်းခံရသူတွေထဲက အစီစဉ်ရှိရှိထိုးကျွေးပြီး
ကိုယ်လွတ်ရုန်းဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆွဲထည့်ဖြေသွားခဲ့တာမျိုး
မဟုတ်ဘူးဆိုရင်၊
(နန်းအောင်ထွေးကြည်၊ ကြောင်(ခ) ကိုကျော်နိုင်ဦး၊
ကိုခင်မောင်ဇော်၊ ကို ညီညီကျော်၊
ကိုညီညီ၊ ကိုမိုးကြီး၊ ကိုရဲလင်း၊
ကိုစိုးလင်း) ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး) က
လေ့ကျင့်မွန်းမံသင်တန်း
မှာ ထောက်လှန်းရေးနဲ့ ပတ်သက်တဲ့ နည်းနာတွေကို
ပြန်လည်ပို့ချပေးခဲ့တယ်လို့
သင်တန်းတက်ခဲ့တဲ့ မြောက်ပိုင်း ရဲမေ တဦးက ပြောခဲ့တယ်
။ ကိုမိုးကြီးကို
ပြန်လွတ်ပေးသူက ကိုမျိုးဝင်းကိုယ်တိုင် ဖြစ်နေတယ်။
ဘယ်ဘက်က ထောက်လှမ်း
ရေးလဲ။
၃။ အစီစဉ်ရှိရှိလုပ်နိုင်ဖို့ ဖြစ်နိုင်ချေရှိသူတွေက
ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော် ပဲရှိတယ်။
အပိုင်း (၂) တင်ပြီးတဲ့နောက်မှာ
ကျမနဲ့ နန်းအောင်ထွေးကြည် ဖုန်းပြောခဲ့ကြပုံက ဒီလိုပါ။
(ကျမမမေးဘဲ သူဘာကြောင့် ကျမကို ဒါတွေ လာပြောခဲ့သလဲဆိုတာကိုလည်း
ပါဝင်ပတ်သက်ခဲ့ကြတဲ့ ဒုတိယအဆင့် အနေအထားက အဖမ်းခံခဲ့ရတဲ့
လူမှန်ရဲဘော်တွေဆို စဉ်းစားကြည့်နိုင်မယ် ထင်ပါတယ်။
နောက်တခုက ကျမရေးတဲ့ စာ
တွေကို အများထင်ထားသလို
တပိုင်းစီရေးပြီး တင်နေတာမဟုတ်ပါဘူး။
ဒါတွေ
စတက်လာကတည်းက ရေးနေတာမို့ ကျမ မြင်ရကြားရသိတာတွေ
မှန်သမျှရေးထားပြီးသား
အားလုံးကို ပို့ထားပြီး အားလုံး ၀ိုင်းဝန်းစဉ်းစားချိန်ရအောင်
တပိုင်း
စီခွဲပြီး တင်ခိုင်းခဲ့တာပါ။
ကျမပို့လိုက်တဲ့အချိန်မှာပဲ
ကိုနိုင်အောင်ရဲ့စာက ထွက်လာခဲ့တာပါ။)
နန်း) အရွှေ မင်းမရောက်သေးပဲနဲ့ ဘာပြသနာမှ မရှိခဲ့ဘူးလို့ မင်းဘာလို့ပြောခဲ့တာလဲ။
ကျမ) ငါမရောက်သေးပေမဲ့
ကြားထားသိထားတယ်လေ။
ဒါကြောင့် ဒေသခံအုပ်စု တစုစီအတွင်းမှာရော၊ အုပ်စုလိုက်အ
နေနဲ့ရော နေရာလုပွဲတွေရှိခဲ့တယ်လို့ ရေးထားတာပဲ။ ငါဘယ်အချိန်မှာ
ရောက်တယ်ဆိုတာလည်း ရေးထားတာပဲ။
မင်း အသေအချာ မဖတ်ဘဲနဲ့။
နန်း) မင်းကို
ငါပြောခဲ့တယ်မဟုတ်လား။
ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ။
သံချောင်းကို ငါဝတ္ထုတပုဒ် ရေးပေးလိုက်တာ၊
ကိုထွန်းအောင်ကျော်။ ကိုစိုးလင်း။
ကိုရဲလင်း။ ကိုညီညီကျော်တို့ကို လည်း ငါပဲဖြေခဲ့တာ၊
မမညိုတို့
မမနှင်းမေတို့ (ကေအိုင်အေဘက် မြန်မာအမျိုးသမီး အရာရှိကတော်များ) တို့ကိုလည်း ငါပဲထည့်ဖြေခဲ့တာ၊
အဲ ဒါ ဗိုလ်မှူးပန်းအောင်နဲ့
မမညိုရဲ့ယောက်ျား ဒူခွန်နောင်တို့ရောက်လာပြီး
ငါ့တယောက်တည်း
သီးသန့်ခေါ်ထုတ်မေးခဲ့ တယ်။
ကျမ) ရေလှိုင်းတွေ လေလှိုင်းတွေ
ငါမသိဘူး။
ငါသိတာက မင်းပြောခဲ့တဲ့လိုင်းတွေ ခွဲထားတာပဲ။
(ဒီမတိုင်ခင်
ဖုန်းဆက် တုန်းက အဲဒီလိုင်းတွေအကြောင်း ကျမ ထပ်မေးခဲ့တယ်။
သူမဖြေဘဲ
တခြားအကြောင်းတွေပဲ ဝှေ့လည်ချောင်ပတ် ဖြေခဲ့ တယ်။)
အဲဒီလိုင်းတွေ
မင်းလုပ်ထားမှန်း အခု မင်းပြောမှ ငါသိတာ။
ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ရတဲ့ထဲမှာ
မင်းပါတယ်ဆိုတာ အခု မင်းပြောမှ
ငါသိတာ။ ငါသိတာက ကိုစိုးလင်းက တောင်ပိုင်းမှာရှိနေလို့ တောင်ပိုင်းမှာ
ဒါမျိုးတွေ မရှိလောက်ဘူးဆိုပြီး ကိုစိုးလင်းကို
မင်းထည့်ဖြေ
လိုက်တယ်ဆိုတာကိုပဲ သိတယ်။
နန်း) ကျောင်းသားတပ်ကို ထောက်လှမ်းရေး ထည့်နေစရာမလိုဘူး၊
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပိုင်ကိုင် နိုင်ရင် ပြီးသွားတာပဲ။
ကျမ) မထည့်လို့ပေါ့ မြို့မှာကတည်း
တခုခုလုပ်ဖို့
ယုံကြည်ရတဲ့ လူဆယ်ယောက်စုပါတယ်။
ဘာမှ မလုပ်ရသေးခင် အ
ဖမ်းခံလိုက်ရပြီ။
ဘိုဘိုတို့အုပ်စုလည်း အဲဒီလိုပဲ ခံလိုက်ရတာပဲ။
လက်နက်မကိုင်တဲ့ ဘုန်းကြီးထဲမှာတောင်
ထောက်လှမ်း ရေးက ထည့်ထားတဲ့ ဘုန်းကြီး
ရှိသေးတယ်။
နန်း) ထောက်လှမ်းရေးပါတယ်ဆိုလည်း ကိုမျိုးဝင်းက ထောက်လှမ်းရေး။
မဖြစ်နိုင်ဖူးလား။
ကျမ) မင်းပဲ ဒေသစွဲကြီးလို့
အညှိုးနဲ့လုပ်တယ်လို့ စွပ်စွဲထားပြီးတော့။
မင်းပြောသလို ဒေသစွဲကြီးရင်
ဗမာစစ်အစိုးရ အောက်မှာ
သူက ဘာလို့ ထောက်လှမ်းရေးသွားလုပ်နေမလဲ။
ဒေသစွဲကြီးလို့ အညှိုးနဲ့ လုပ်တယ်ဆိုရအောင်လည်း
သူ့ တယောက်တည်း
လုပ်ချင်တိုင်းလုပ်လို့ ရနေသလား။
ထောက်လှမ်းရေးက အသေခံပြီး
တိုက်ပွဲဝင်မယ်တော့ မထင်ပါဘူး၊
အာဏာလုတာ ပြောရအောင်လည်း
ဒီထက်မြင့်တဲ့
အာဏာလိုချင်ရင် မိုးပေါ်ပဲ တက်ကြပေတော့။
အမှန်က ကိုမျိုးဝင်း မသေရင်
ကောင်းမယ်၊ သူ အဓိကရှင်းရမှာ။
နန်း) သူက လူမွေးထားတာ သန်းဇော်တို့က သူ့လူတွေပဲ၊ လုပ်ချင်လုပ်လို့ ရမှာပေါ့။ သူ သေတာပဲ ကောင်းတယ် မဟုတ် ရင် ငါအသတ်ခံနေရအုံးမယ်။
ကျမ) မင်းကို မသတ်ချင်လို့ပဲ (၁၅)
ယောက်ထဲ မင်းမပါတာပေါ့။
သတ်ချင်ရင် မခင်ချိုဦးကို ဘာထည့်စရာရှိလဲ။
မင်း က
မခင်ချိုဦးထက်တောင် ရာထူးပိုကြီးသေးတာပဲ။
မင်းပဲပြောခဲ့တာပဲ
ကိုသံချောင်းနဲ့ ကိုမျိုးဝင်းက မင်းကို လက်ဖျားနဲ့ တောင် မတို့ဘူးဆို။
စစ်တာကြမ်းလာရင်တောင် ၀င်ကာပေးတတ်တယ်ဆို။
နန်း) အဲဒါကတော့ ငါအမှန်အတိုင်း
ပြောတာ။
ငါ့ကိုလုပ်တဲ့သူက သန်းဇော်နဲ့ လဆိုင်း။
မင်းလုပ်ခဲ့တဲ့ (၅)
နှစ်စီမံကိန်းဆို တာလေ၊
အဲဒါ ငါဘယ်လိုဖြေသလဲသိလား၊
အဲဒါ CS
(ကိုသံချောင်း)တို့ လူကြီးတွေကို အနုနည်းနဲ့ဆွဲဆောင်ပြီး ဖြိုခွဲဖို့လို့
ငါဖြေလိုက်တယ်။
ကျမ) “မင်းငါ့ကို ပြောခဲ့တုန်းက အဲဒီလို မဟုတ်ပါဘူး။ “ဆိုပြီး
သူပြောပြခဲ့ဖူးတာ ပြန်ပြောပြတော့။
နန်း) “အေး ငါကလည်း
ပုံပြင်တွေများနေတော့ မမှတ်မိတော့ဘူး
”။ မင်းက “ကို” တွေဘာတွေ တပ်ပြီး
ဘာကြောင့် ခေါ် ခိုင်းရတာလဲ။
ငါတို့က ခံရတဲ့သူတွေ ဒီကောင်တွေ ဘာခေါ်စရာရှိလဲ။
ကျမ) မင်းကိုပြောတာမဟုတ်ဘူး၊
မင်းက ဘယ်သူ့ကိုမှ “ကို” တတ်ခေါ်တာ မဟုတ်ဘူးဆိုတာ ငါသိတယ်။
ငါပြောချင် တာက
သင်းသင်း သူက ဒီလောက်ငယ်တာ၊
သူ့ကိုလည်း ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက
ဒီလောက်ချစ်တာ။
သူ့ကို အရမ်း ကြီး ထိခိုက်နစ်နာအောင်လည်း လုပ်ခဲ့ကြတာ
မဟုတ်ဘူး။
ငါနားထဲမှာ သူ အဲဒီလိုခေါ်တာ ရိုင်းတယ်လို့ ခံစားမိလို့။
နန်း) အေး မင်းရေးချင်ရင်လည်း
မင်းမြင်ရတဲ့အတိုင်းပဲရေး။
ငါ့ဘက်ကလူတွေက ငါ့နာမည်ပါနေလို့ ဒီကောင်မကြီးကို
ဝိုင်းဆော်ရမလား လုပ်နေကြတာ။
ငါ မင်းနဲ့သွေးသောက်ထားတယ် ဆိုတာလည်း
ပြောပြထားတယ်။
ကျမ) ပြသနာမရှိဘူး။
ကိုထွန်းအောင်ကျော်ကို
ငါကိုယ်တိုင် ဓါးနဲ့ခုတ်သတ်လိုက်တယ်ပြောလည်း
ဂရုမစိုက်ဘူး။
ကြိုးစင် တက်ရမယ်ဆိုရင်လည်း တက်လိုက်မယ်။
ငါ့ကိုထိလို့
ငါရေးနေတာ မဟုတ်ဘူး။
နန်းစောတောင် ငါရေးခိုင်း တင်ခိုင်းခဲ့ သေးတယ်။
အဖြစ်အပျက်တွေကို အမှန်အတိုင်းရေးလို့ကတော့
ဘယ်သူပဲ ရေးရေး
ဘာမှပြောစရာမရှိဘူး။
ငါမသိတာ တွေ အများကြီးရှိသေးလို့ ငါလည်း
စိတ်ဝင်စားတယ်။
ပါဝင်ခဲ့သူတွေ အားလုံးရေးလေ ထောင့်စုံကစဉ်းစားနိုင်လေ
အား
လုံးအတွက် ပိုကောင်းလေပဲ၊
ဘယ်သူ့နာမည်ပဲပါပါ အမှန်အတိုင်း ရေးဖို့ပဲလိုတယ်၊
မင်းတို့ပဲ အမှန်တရားကို ဖော်ထုတ် ဖို့ဆို၊
မင်းတို့ပြောတာကိုပဲ
မင်းတို့လက်ခံတယ်ဆိုရင်
အမှန်တရားက ဘယ်ကနေထွက်လာမှာလဲ၊
အစကတင်ဖို့ ရည်ရွယ်
မထားဘူး။
မြောက်ပိုင်းက ရဲဘော်တွေအားလုံး သုံးစားမရသလို ပြောနေကြလို့။
လက်ရှိအဖွဲ့ကိုပဲ လာလာထိနေလို့ တင် လိုက်တာ။
မင်းကိုယ်တိုင်လည်း
ငါ့ကိုရေးခိုင်းခဲ့တယ် မဟုတ်လား။
မဟုတ်တာ မမှန်တာတွေလည်း ငါရေးမှာ မဟုတ်ဘူး
ငါကြားရ မြင်ရ သိရတဲ့အတိုင်းပဲ ငါရေးထားတာ မင်းစောင့်ဖတ် ကြည့်လိုက်။
နန်း) ဒါဆိုလည်းပြီးရော ငါကတော့
တဖွဲ့လုံးကို သိမ်းကြုံးမစော်ကားဘူး။
မြောက်ပိုင်းက လုပ်တဲ့သူတွေကိုပဲ
နာမည်ဖော် ထုတ်ပြောတယ်။
လူ (၁၅) ယောက်သတ်တဲ့ကိစ္စ ကိုနိုင်အောင်
လက်မှတ်ထိုးတဲ့ စာ ငါ့ဆီမှာရှိတယ်။
ကျမ) မင်းဘယ်က ရလဲ။
နန်း) အဲဒါမင်းမသိဘူးလား၊
ငါရေးထားတင်ထားတယ်လေ၊
ငါ ဘန်ကောက်မှာ နေတုန်းက လာလာပေးကြတာ
စာရွက် တွေ
စာရွက်တွေ ငါ့ဆီမှာ တထပ်ကြီးပဲ။
ဘယ်သူတွေမှန်းလည်း မသိဘူး။
နိုင်အောင်တို့
ဘယ်လောက်အကျင့်ပုတ်လဲ သိလား။
သူတို့က အန်ဂျီအိုကရတဲ့ပိုက်ဆံတွေနဲ့
ချမ်းသာနေကြတာ။
အခုတော့ သူတို့ပဲ နအဖကိုလက်ဆွဲနှုတ်ဆက်ပြီး နအဖ ….
နမ်းနေကြတာ။
ကျမ) ငါမသိဘူး၊ ငါအိမ်မှာ
အင်တာနက်လည်း မရှိဘူး၊
အဲဒါက သူတို့အပိုင်းပဲ၊ လက်ရှိနိုင်ငံရေး
အခြေအနေနဲ့လည်း ဆိုင် တယ်။
အေဘီကို အင်အားချိနဲ့အောင် လုပ်သွားတဲ့တရားခံကို
ရှာမယ်ဆိုရင်တော့
ကိုနိုင်အောင်နဲ့ အဲဒီအချိန်က ဗဟိုကော်မတီတွေ
ထိပ်ဆုံးကပဲ။
ဒါပေမဲ့ ဒါက အဲဒီကိစ္စ မဟုတ်ဘူး။
ကိုနိုင်အောင်နဲ့
ကိုအောင်နိုင်ကို ချချင်လို့ပဲ ပြော ပြော
အမှန်တရားကို ဖော်ထုတ်ချင်တာပဲ
ပြောပြော၊
ဘာပဲပြောပြော နောက်ဆုံးတော့ အဖွဲ့ကိုလာထိမှာ လာထိမှာပဲ၊
နေ
ပါအုံး ငါမေးပါအုံးမယ်။
ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့
ခုတ်သတ်ချင်တယ်လို့
ငါပြောခဲ့တယ်ဆိုတာ မင်းယုံ လား။
နန်း) အဲဒါတွေထွက်လာတော့
ငါမင်းဆီကို ဖုန်းဆက်တာပဲ ဆက်လို့မရလို့။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ
ကိုညီညီဆီကို အီမေးပို့ခဲ့တာရှိတယ်။
မင်းကိုတောင် ပို့ပေးလို့ရတယ်
မင်းမှာအီးမေးရှိလား။
ဒါပေမဲ့ မပို့တော့ပါဘူး၊ ကျော်ခိုင်ဝင်းကိုပါ
ဆွဲထည့်လာတော့
ဘိုဘိုနဲ့ ကိုညီညီလည်း ရန်ဖြစ်ကြတယ်။
ကျမ) ငါ့ကို ဘယ်လိုပြောပြော ငါ ဂရုမစိုက်ဘူး။
ဒါပေမဲ့ မြားက ဘယ်ကိုသွားနေသလဲဆိုတာ သိနေလို့ ငါတင်လိုက်တာ။
နန်း) မင်းမှန်တယ်ထင်ရင်
မင်းသမိုင်းနဲ့မင်းပဲ ဆက်လုပ်။
ငါကတော့ မင်းအပေါ်မှာ ဘယ်လိုမှ သဘောမထားဘူး။
နဂို ကအတိုင်းပဲ၊ နန်းစောလည်း စိတ်မကောင်းဖြစ်နေတယ်။
ကျမ) သမိုင်းဝင်တာတွေ မ၀င်တာတွေ
ငါ စိတ်မ၀င်စားဘူး။
နဂိုကတည်းက နန်းစောရော မင်းကိုရော ငါပြောခဲ့တာပဲ။
ဒီလောက်ကြီးကြီးမားမား နစ်နာဆုံးရှုံးရတဲ့ကိစ္စ ရန်သူ့သူလျှို မပါဘူးဆိုတာ
ငါလက်မခံဘူးလို့။ ရက်ရက်စက်စက် လုပ်ခဲ့ တဲ့သူတွေကို ကာစရာအကြောင်းမရှိဘူး။
လုပ်သွားတဲ့ တရားခံအစစ်ကိုပဲ ငါ သိချင်နေတာ။
နန်းစောနဲ့ ဖုန်းပြောတိုင်း
လည်း ရန်ဖြစ်ပြီး သူငိုတာနဲ့ပဲ
အဆုံးသတ်ရလို့ ဖုန်းတောင်မဆက်ဖြစ်တာ ကြာပြီ။
နန်း) ဒါဆိုလည်းပြီးရော၊ နောက်မှ ဖုန်းပြန်ဆက်မယ်။
ရင်းမှူး သိုက်ထွန်းဦးကလည်း ဖုန်းဆက်ပြောလာတယ်၊
“ဗန်းမော်။ မြစ်ကြီးနား
အနားထိပဲရောက်တာ အထဲ
အထိဝင်ချ နိုင်တယ်ဆိုတာ မဟုတ်ဘူး။
ငါတို့ တပ်နဲ့
သွားမချနိုင်သေးပါဘူး၊” “ဟုတ်တယ်
ရင်းမှူး ကျမ ဆိုလိုတာက တပ်နဲ့ဝင်ချ
နိုင်တာကို ပြောချင်တာမဟုတ်ဘူး။
အဲဒီအချိန်က ဗန်းမော်။ မိုးညှင်း၊
မြစ်ကြီးနားအပြင် မန္တလေး၊ ရန်ကုန်အထိ
လက်နက် တွေ ပစ္စည်းတွေ
ပို့နိုင်ခဲ့တယ်။
နောက်ပိုင်းမှာ လူတွေ အဖမ်းခံခဲ့ရသလို
လက်နက်တွေပစ္စည်းတွေလည်း အသိမ်းခံခဲ့ရ တယ်၊
ဒါကို ပြောချင်တာပါ၊” လို့
ပြန်ဖြေခဲ့တယ်။
နောက်တခါ ဖုန်းပြောတဲ့အချိန်မှာ “စိုးမင်းအောင်ကို
ငါ့အတွက်
ခွဲမှူးသက်ထွန်း ထည့်ပေးတယ်ဆိုတာ ဟုတ်တယ်။
ခင် မောင်စိုး (အင်းတော်)
ကိုတော့ ကိုထွန်းအောင်ကျော် အတွက်
ကိုညီညီကျော်တို့ ထည့်ပေးလိုက်တာ
အဲဒါနည်းနည်း မှား နေတယ်၊” လို့ ပြန်ပြောပြခဲ့တယ်။
ကျေးဇူးပဲ ရင်းမှူးရေ။
စလုပ်တဲ့အချိန်တုန်းက ဒါတွေကို ဘယ်သူတွေ လုပ်သွားတာလဲ
တရားခံရှာဖို့
အဖြစ်အပျက်အမှန်ကို ဖော်ထုတ်ဖို့၊မဟုတ် ပဲ
အသတ်ခံရ အဖမ်းခံခဲ့ရတဲ့လူတွေရဲ့
ဂုဏ်သိက္ခာပြန်ဆည်ဖို့၊
(ဒါကို ကျမ လက်ခံတယ်) နောက်တော့ ရန်သူ့သူလျှို
တယောက်မှ မပါဘူး အာဏာရူးပြီး ကျောင်းသားက ကျောင်းသားကိုသတ်တာ ဖြစ်သွားတယ်
၊
(ဒါကို လက်မခံဘူး)
အခုကျ ရန်သူ့သူလျှိုဖြစ်တာ မဖြစ်တာက အရေးမကြီးဘူး
လူ့အခွင့်ရေးချိုးဖောက်မှုက အဓိကတဲ့။
(ဒါလည်း ငြင်းစရာ မရှိဘူး။ လက်ခံတယ်။
လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ။)
ဘယ်သူသတ်တာလဲဆိုတာလည်း သိနေတယ်။
ဘယ်သူ
နှိပ်စက် တာလဲဆိုတာလည်း သိနေတယ်။
သက်သေပြစရာ ဒဏ်ရာဒဏ်ချက်တွေကလည်း
အသင့်ပဲဆိုတော့
ကြိုက်တဲ့တရားရုံး ကသာ တရားစွဲ လိုက်ကြပေတော့။
ဒါမှမဟုတ်ရင်လည်း … “နင်တို့မြောက်ပိုင်းမှာ
အဲဒီလောက်တောင်
လူတွေကိုသတ်တာလား” လို့ တအံ့တသြ မေးခဲ့တဲ့ အပေါ် မြောက်ပိုင်းကရဲမေတဦး
ဖြေလိုက်သလိုပဲ ဖြေဖို့ပဲကျန်တော့တယ်။
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
အပိုင်း (၁) ၊
အပိုင်း (၂) ၊
အပိုင်း (၃) ၊
အပိုင်း (၄) ၊
အပိုင်း (၅) ၊
အပိုင်း (၆) ၊
အပိုင်း (၇)
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = ==
( ၁ ) မြောက်ပိုင်းဗဟိုကော်မီတီစုံညီ အစည်းအဝေးသည် ကျနော်၊ကိုထွန်းအောင်ကျော်၊ကိုညီညီကျော်တို့
( ၁၀.၉.၁၉၉၁ ) နေ့ အဖမ်းခံရချိန်အထိ ( ၁ )ကြိမ်သာ ကျင်းပခဲ့ပါသည်။
ပထမဆုံးမြောက်ပိုင်း ဗဟိုကော်မတီဝင်များ ရွေးချယ်ခံရချိန်တွင်
ဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူးများ၊ ဋ္ဌာနတာဝန်ခံ များရွေးချယ်သတ်မှတ်ရာတွင် (
၁၉၉၀ခု-မေလကုန် ) က ကျင်းပခဲ့သည့် အစည်းအဝေးသာရှိ ခဲ့ပါသည်။
( ၂ ) ကိုညီညီ( ဆမားညီညီ) ၏ ကိုကိုကြီး( ၈၈မျိုးဆက်)သို့ပေးစာတွင် (၁၉၉၀)ခုနှစ်နှစ်ဆန်းခန့်က
မနန်းအောင်ထွေးကြည်၊ မခင်ချိုဦးတို့အား
ထောက်လှမ်းရေးဖြစ်ကြောင်းစုံစမ်းထောက်ခံပေးပါ ဆိုတဲ့စာ ကျနော်တို့ဆီကို
မြောက်ပိုင်းဗဟို မှ ရောက်လာတယ် ဟုရေးသားထားသည်ကို တွေ့ရပါသည်။ှ
ကိုချိုကြီးမှ သံသယရှိလျှင် ပြန်လွှတ်လိုက်ရန်
ပြောကြားခဲ့သည်ဟုသိရပါသည်။ထိုကိစ္စသည် (မပ)ဗဟို ကော်မတီ မှ ဆုံးဖြတ်
ဆောင်ရွက်ခဲ့သော ကိစ္စမဟုတ်ပါ။ အနှစ်(၂၀ ) ကျော်ကြာမှ ထိုကိစ္စကို မှန်မမှန်
ကိုစိုးလင်းမှ တဆင့်စုံစမ်းခဲ့ရာ မှန်ကန်ကြောင်း စုံစမ်းခိုင်းကြောင်း
သိရပါသည်။ ထိုကိစ္စကို(မြောက်ပိုင်း)UG ( မန္တလေး ) နှင့်
တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သော ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် တို့၏်
သဘောထားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်မည်ဟု ထင်မြင်ပါသည်။
ထိုသို့စုံစမ်းသည့်ကိစ္စသည် ကိုမျိုးဝင်း၏ သဘောထား ပါဝင်လိမ့် မည်ဟု
ကျနော်အနေနှင့်ယုံကြည်ပါသည်။ မြောက်ပိုင်း(ဗဟိုကော်မတီဝင်များ) ၏
ဆုံးးဖြတ်ချက် မပါဝင်ခဲ့ပါ၊ အသိပေးခဲ့ခြင်းလည်း မရှိခဲ့ပါ။
ABSDF(ကချင်)လက်ထက်မှ သံသယရှိသည့် ကိစ္စများကို ABSDF (NB ) သို့ ဆက်လက်
သယ်ဆောင်လာမှုများ ရှိနေတယ်ဆိုတာတွေ့ရပါသည်…. ကိုသန်းထွန်းစိုး၊
ကိုလွှမ်းမိုး(ဦးစီး)၊ ကိုအောင်ကျော်၊ တို့နှင့်ဆက်စပ်ပြီး
မနန်းအောင်ထွေးကြည်၊ မခင်ချိုဦးတို့အား ဆက်လက်သံသယ ရှိနေသည်ဟု
မြင်ပါသည်…..UG မန္တလေးများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ သူများမှ
ရှင်းပေးလျှင် ပိုကောင်းမည်ဟုမြင်ပါသည်။
( ၃ ) ကိုမောင်မောင်( SKW ) ၏ ကျနော်သိသောABSDF(NB)
ကောက်ကြောင်းများအပိုင်း(၅) တွင် ဥက္ကဋ္ဌ မှ ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင
့်မြို့ပေါ်UG လုပ်ငန်းများဆောင်ရွက်နေသော ကိုချိုကြီးကို ABSDF(NB)
ဗဟိုကော်မတီအဆင့်ဖြင့် UG တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သည်၊
နောက်ပိုင်းကိုချိုကြီး တောခို ရောက်ရှိ လာသော အခါ နိုင်ငံရေးသင်တန်းမှူး
အဖြစ်တာဝန်ပေးခဲ့သည် ဟုဖတ်ရပါသည်။ ထို့ပြင်မြို့ပေါ်တွင် ရှိနေ သော
ကိုညီညီအား ABSDF( NB ) ၏ ဗဟိုကော်မတီအဆင့်သပ်မှတ်ပေးထားပြီး
နိုင်ငံခြားဆက်ဆံရေး အရာရှိ အဖြစ် သပ်မှတ်ပေးခဲ့ပါသည်…..ဟုဖတ်ရှုရပါသည်……မြောက်ပိုင်းဗဟိုကော်မတီမှ
ဆုံးဖြတ် တာဝန်ပေးခဲ့ခြင်း မရှိပါ။ ဥက္ကဋ္ဌနှင့်အချို့မှ လည်းကောင်းတို့
မြို့ပေါ်၌ရှိစဉ် လိုအပ်သည်ထင်၍ ဗဟိုကော်မတီအဆင့် UG တာဝန်ခံအဖြစ်
တာဝန်ပေးခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ထိုကိစ္စများနှင့်ပတ်သက်ပြီး
မခင်ရွှေလှိုင်ပြောကြားခဲ့သည့် ABSDF(မြောက်ပိုင်း)ကိုABSDF(အထက် မြန်မာပြည်)အဖြစ်ပြောင်းလည်းဘို့ ကြိုးစားခဲ့မယ်ဆိုရင်တော့ ဆိုသည့်စကားကို ပြန်ကောက်ပြောလိုပါသည်။
ကျနော် ဗဟိုကိုပြန်ရောက်ပြီး ရှစ်လေးလုံး(၃)နှစ်ပြည့်ပွဲ မတိုင်မှီ
ရဲဘော်တစ်ချို့ထံမှ ကြားသိရသည်မှာ ကိုထွန်းအောင်ကျော်မှ နိုင်ငံတကာလှည့်
အလုပ်လုပ်မည်၊ကိုညီညီ(ဆမားညီညီ) ကို နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ပေးမည်။
ကိုထွန်းအောင်ကျော်နှင့် အတူကိုညီညီ (ဆမား) ကလိုက်ရမည်၊ ကိုချိုကြီးက
နိုင်ငံရေးနှင့်စည်းရုံးရေးတာဝန်ယူပြီး မပ(ဗဟို)ကို ထိန်း ထားရမည်၊
စသဖြင့်ကြားသိခဲ့ရပါသည်။ ကိုထွန်းအောင်ကျော်မှ တရားဝင်ပြောကြားခြင်း၊
ဗဟိုကော်မတီ အစည်းအဝေးခေါ် ဆွေးနွေးခြင်းမရှိပါ… ထိုကိစ္စနှင့်ပတ်သက်ပြီး
ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့မှ သံသယအမြင်ဖြင့် ကြည့်ခဲ့ကြသည်ဟု
ယူဆပါသည်။ မခင်ရွှေလှိုင်ပြောစကားသည် ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့၏ သဘောထားမှ လာသည်ဟုသေချာစွာပြောရဲ ပါသည်။ ကိုထွန်းအောင်ကျော်အသတ်မခံရခင်
ကိုမျိုးဝင်းပြောခဲ့သည့် ဟေ့ကောင်ထွန်းအောင်ကျော် မင်းအခု
ဘာတတ်နိုင်သေးလဲဟုပြောစကားသည် ABSDF (အထက်မြန်မာပြည်) လုပ်ရန်
ကြိုးစားသည်ဆိုသောစွပ်စွဲ ချက်မျိုး ဖြစ်ပါသည်။ ဆိုလိုသည်မှာ
ကိုထွန်းအောင်ကျော်နှင့်UG များ က (ABSDF မြောက်ပိုင်း ) ကို
ချုပ်ကိုင်ရန်ကြိုးစားသည်ဆို သောယူဆချက် စွပ်စွဲချက်ဖြစ်ပါသည်။
( ၄ ) မခင်ရွှေလှိုင်ရေးသားထားသည့်အပိုင်း-၃ တွင် ABSDF
(မြောက်ပိုင်း)တွင် စစ်ထောက်လှမ်းရေးသူလျှို များရှိနေသည်ဆိုတာကို
ကိုထွန်းအောင်ကျော်အပါအ၀င်ကိုညီညီကျော်မှအစ မြောက်ပိုင်းဗဟိုကော်မတီဝင် အားလုံးကလက္ခံခဲ့ကြပါတယ် ဆိုသောစကားသည် အမြင်နှင့်ရေးသားသည်ဟု ယူဆပါသည်။
အပိုင်း(၇) တွင်ရေးထားသည့်
လုပ်မည်ဟုမြောက်ပိုင်းဗဟိုကော်မတီမှ ဆုံးဖြတ်ပြီးနောက် ကိုမျိုးဝင်း
ဦးဆောင်တဲ့ ကျောင်းသားထောက်လှမ်းရေးကို အာဏာကုန်လွှဲအပ်ပေးခဲ့တဲ့အတွက် ဆိုသည်မှာ လည်းမမှန်ပါ။အစည်းဝေး ဆုံးဖြတ်ချက်ပြုလုပ်ခြင်း မရှိခဲ့ပါ။ မြောက်ပိုင်းဗဟိုကော်မတီ
အစည်းဝေးမှ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ကိုအောင်နိုင်၊ကိုမျိုးဝင်း ၊ကိုလှဆိုင်း
အတွင်းရေးမှူး( ၃ ) ယောက်မှ ဗန်းမော်ခရိုင်နှင့် ချိတ်ဆက်ကာ
လျှို့ဝှက်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အစည်းဝေး မှတ်တမ်း( သို့ ) ယုံကြည်ရလောက်သော လူသက်သေ၊ အခြေအနေ၊အခင်းအကျင်း၊ ပြသမှု မရှိဘဲ ထင်ရာ ရေးခြင်း မပြုလုပ်သင့်ပါ။
ကိုညီညီ(ဆမားညီညီ) ၏ စာတွင် ဥက္ကဋ္ဌက
စစ်ကော်မရှင်မှစစ်ဆေးပြီးလျှင် ဗဟိုကော်မတီသို့
တင်ပြရမှာဖြစ်ကြောင်း…..ပြောကြားခဲ့သည်ဟု ရေးသားထားသည်ကို
ဖတ်ရှူ့ခဲ့ရပါသည်…
စစ်ကော်မရှင်မှဆောင်ရွက်သည်ဟုလည်းကျနော်အနေနှင့်
သိရှိခဲ့ခြင်းမရှိခဲ့ပါ…..စစ်ကော်မရှင်မှ ဆောင်ရွက် သည်ဆိုလျှင်
ဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်ပါဝင်သည်ဟု
သတ်မှတ်ရပါမည်….ABSDF(မြောက်ပိုင်း)ဖွဲ့စည်းပုံ တွင် စစ်ကော်မရှင်ကိုအောက်ပါအတိုင်းဖွဲ့စည်းထားရှိပါသည်…..
( ၁ ) ဥက္ကဋ္ဌ ( အဖွဲ့ခေါင်းဆောင် )
( ၂ ) ဒုဥက္ကဋ္ဌ(၁) - စစ်ရေးတာဝန်ခံ
( ၃ ) အထွေထွေအတွင်းရေးမှူး
( ၄ ) တွဲဘက် အထွေထွေအတွင်းရေးမှူး ( ၁ )
( ၅ ) တွဲဘက် အထွေထွေအတွင်းရေးမှူး ( ၂ )
အရေးကြီးသော စစ်ရေးစစ်ရာများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲထားပါတယ်…..
ကျနော့်အနေနှင့် ဦးစိန်နှင့် ကိုတင်မောင်အေး( ခ )
ကိုအားဆိုက် ကိုဖမ်းဆီးဘို့ ဥက္ကဋ္ဌမှ သူခွင့်ပြုပေး လိုက်ကြောင်း
ခေါ်ပြောသည့်အချိန်မှသာ ဥက္ကဋ္ဌသဘောတူ ပါဝင်သိရှိကြောင်း သိခဲ့ရပါသည်…
အစပိုင်းတွင် ရဲမေဆောင်မှ မနန်းအောင်ထွေးကြည်၊မခင်ချိုဦး
တို့အားဝင်ရောက်ဖမ်းဆီးသည်များကို ၄င်းတို့ သဘောဖြင့်ဆောင်ရွက်နေခြင်းဟု
သာယူဆခဲ့ပါသည်….ထို့ပြင် ဆေးသင်တန်းမှ အချို့ကိုသွားရောက်
ဖမ်းဆီးခြင်းကိုလည်း ကြိုတင်သိရှိခြင်း မရှိခဲ့ပါ…. စတင်မဖမ်းဆီးခင်
အချိန်ကလည်း အလွတ်သဘောမျိုး ဆွေးနွေးတိုင်ပင်ကြသည့် အခြေအနေမျိုးပင်
မရှိခဲ့ပါ…..
( ၅ ) အပိုင်း(၆)တွင် မခင်ရွှေလှိုင်ရေးသားထားသည့်
မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အမျိုးသမီးတွေကို ထည့်သွင်းမစဉ်းစားတဲ့
မဟာယောင်္ကျားကြီးဝါဒ က ကျမကိုကယ်သွားတာဘဲ…. ဟုရေးထားသည်ကို တွေ့ရပါသည်။သူရေးထားတာကအပြင်လူတွေ နားလည်ကြမှာမဟုတ်ပါဘူး။
ဆိုလိုတာက သူဗဟိုကော်မတီ မဖြစ်ခဲ့လို့ ကံကောင်းသွားတယ်လို့ပြောတာပါ။
အဖမ်းအဆီးတွေမဖြစ်ခင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့က
ဗဟိုကော်မတီမှာအမျိုးသမီးတစ်ဦးပါသင့်ကြောင်း ပြောခဲ့တာရှိပါတယ်။
မခင်ရွှေလှိုင်ဖြစ်သင့်ကြောင်း သူတို့က ပြောတာကြားခဲ့ရပါတယ်။
အစည်းဝေးပုံစံပြောတာ မဟုတ်ပါ၊ စကားပြောရင်း ထည့်ပြောကြတာပါ၊ ကျနော်က
သဘောထားမပေးခဲ့ပါဘူး။ အားလုံးသဘောတူရင်တော့ ပြောစရာ မရှိပါ၊ ဒါပေမယ့်
ဘယ်လိုအခြေအနေမျိုးနဲ့ ပေးမလဲ ဆိုတာပြသနာရှိပါတယ်။ကော်မတီသက်
တမ်းကဖွဲ့စည်းပုံမှာ(၂ ) နှစ်ဆိုတာပါတယ်။ အချိန်ကတော့
လိုပါသေးတယ်။မြောက်ပိုင်းဖွဲ့စည်းပုံမှာ အမျိုးသမီးတွေ
အရွေးခံပိုင်ခွင့်မရှိလို့ ရေးထားတာမရှိပါဘူး… အဲဒီကိစ္စကဆက်ပြီး အကောင်အထည်
မပေါ်လာခဲ့ပါဘူး၊ အဲဒါကို မြောက်ပိုင်းဗဟိုကော်မတီ ၀င်များ၏
မဟာယောင်္ကျားကြီးဝါဒကြောင့် သူ ဗဟိုကော်မတီဝင် မဖြစ်ခဲ့ရတာဟာ သူ့အတွက်
ကံကောင်းသွား ပါတယ်လို့ ပြောသွားတာပါ၊ ဗဟိုကော်မတီဖြစ်ခဲ့ရင်
သူလည်းအဖမ်းခံရမှာ သေချာတယ်လို့ ဆိုလိုတာပါ……
( ၆ ) မခင်ရွှေလှိုင်က ကိုသန်းထွန်းစိုး( ခ ) ကိုတိုက်ပိတ် ကိုထောက်လှမ်းရေးလို့မဖြစ်မနေ အတည်ပြုဘို့ လုပ်နေတာ တွေ့ရ ပါတယ်။ အပိုင်း(
၎ )မှာသူရေးထားတာက အများကတော့သန်းထွန်းစိုး( ခ )တိုက်ပိတ် ကို
ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့တယ်လို့ယူဆပါတယ်…. သန်းထွန်းစိုး( ခ
)တိုက်ပိတ် အနေနဲ့ရန်သူ့ သူလျှိုမဟုတ်ကြောင်းသက်သေပြနိုင်ဘို့
ထောင်ကျဘို့လည်းလိုအပ်ပါတယ်…. တမင်အဖမ်းခံတယ်၊ ထောင်လည်းအကျပြဘို့လိုတယ် ဆိုပြီး ထောင်အကျပြတယ်ပေါ့ …. စိတ်ကူးယဉ် ဆန်သည့် တွေး ခေါ်ခြင်းဖြစ်သည်ဟုမြင်ပါသည်။
ကျနော်ရင်း(၁၁ ) အထိုင်ကခွာပြီး တောထဲတောင်ထဲမှာ KIA ဒုရင်းမှူး နဲ့အတူရှိနေတဲ့ ၁၉၉၁ နှစ်ဆန်းမှာ ဖြစ်ခဲ့တာပါ။ကိုတိုက်ပိတ်
ရင်း( ၅ )ကရောက်လာတယ်၊ ကိုမျိုးဝင်းကဗဟိုကိုပြန်လွှတ်လိုက် ကြောင်း
ပြောတယ်၊ ကျနော်ကသူ့ကိုဧရာဝတီအရှေ့ဘက်ကမ်းရောက်အောင်စီစဉ်ပေးရတယ်၊
လုံခြုံရေးမပေး နိုင်လို့ KIA UG (လူခံ) နဲ့ပို့ဘို့ KIA
ဒုရင်းမှူးကိုယ်တိုင် စီစဉ်ပေးတယ်၊KIA UG က ကိုလှဦး ပါ ၊
ဆင်ဘိုအထက်နားကနေဖြတ်ကူးဘို့စီစဉ်တယ်၊နေမကောင်းတဲ့ ရဲဘော်
မောင်မောင် ကို နောင်ရာပါစခန်းမှာ ဆေးကုဘို့ထည့်ပေးလိုက်တယ်။ နောက်နေ့မနက်
KIA ဒုရင်းမှူးကခေါ်ပြောတယ်၊ တောင်ယာတဲမှာညအိပ် နေတုံး
ဆင်ဘိုကလာတဲ့စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းမိသွားတယ်ဆိုတာပြောတယ်၊ KIA UG
ကိုလှဦးက တဲပေါ် ကခုန်အချမှာ ၀ိုင်းချုပ်ခံရပြီး ကြိုးတုတ်ဘို့လုပ်နေတုံး
တွန်းထိုးထွက်ပြေးခဲ့ရတယ်လို့ပြောပါတယ်၊ ညဘက်မို့ နီးရာခြုံတွေဘက်လှိမ့်ချပြီး ပြေးခဲ့တာလို့ပြောတယ်၊ သူ့ခါးမှာရှပ်မှန်ခဲ့တဲ့
သေနတ်ဒဏ်ရာ လတ်လတ်ဆတ်ဆတ် ကိုလည်း ကြည့်ခဲ့ရပါတယ်၊
တမင်အဖမ်းခံတာဟုတ်မဟုတ်ဆိုတာ KIA သက်သေတွေ ရှိပါတယ်။ စောသက်ထွန်းနဲ့အတူ
အဖမ်းခံရတယ်ဆိုတာလည်း ရမ်းရေးထားတာပါ၊ မြောက်ပိုင်းမြေမှပုံရိပ်များ
အပိုင်း( ၃ ) မှာလည်း ကျနော်ရေးထားတာရှိပါတယ်။
( ၇ ) မခင်ရွှေလှိုင်ရဲ့စာမှာအဓိကပြောချင်တာက ကျောင်းသားက ကျောင်းသားကိုသတ်အောင် စစ်ထောက်လှမ်းရေးတစ်ချို့က အစီစဉ်တကျ ဆောင်ရွက်ခဲ့တယ်….လို့တွေ့ရပါတယ်…..သတ်ပစ်ရလောက်
အောင်ထိမိုက်မဲမဲ လုပ်ခဲ့ကြသူတွေက ဘယ်သူတွေလဲ…. ထောက်လှမ်းရေး
ပြသနာတွေမတိုင်ခင်ကတည်း က ကိုမြတ်ကို၊ ကိုလွှမ်းမိုး၊ ကိုအောင်ကျော်တို့
ဘာအတွက်သေခဲ့ကြရတာလဲ….သံသယတွေနဲ့ ထစ်ကနဲရှိ သတ်မယ်ဆိုတဲ့
လူသတ်ဝါဒအရိုးစွဲနေတာဘယ်သူတွေလဲ….ဒီမတိုင်ခင်အစောပိုင်းက ဒီချန်းကိုး
ဆိုတဲ့ ရဲဘော်ကို ဗန်းမော်ခရိုင်မှာ သတ်ပစ်ခဲ့တာ
မှီလိုက်တဲ့သူတွေသိကြမှာပါ…. ၁၉၉၁ ခုနှစ်ဆန်းလောက်မှာ ရင်း(၅)နယ်မြေမှာ
ဈေး သည်တချို့ကို သံသယနဲ့ ဖမ်းဆီးပြီး မတရားနှိပ်စက် သတ်ဖြတ်ခဲ့တဲ့
ကိုမျိုးဝင်း၊ ရင်းမှူးအောင်သန်း တို့လုပ်ရပ်တွေကကော ဘာကြောင့်လုပ်ခဲ့သလဲ….
ထောက်လှမ်းရေးတွေက အကွက်ချစီစဉ်ပြီး သတ်အောင် ဖန်တီးခဲ့လို့
လုပ်ခဲ့ရတာလား….. လူစိတ်မရှိတဲ့သူတွေရဲ့လုပ်ရပ်လား … စဉ်းစားနိုင်အောင်
ပြောပြတာပါ…..
( ၈ ) ကိုအောင်နိုင်ကိုလည်းတော်တော်လေး ကာကွယ်ပြောသွားတာတွေ့ရပါတယ်….
စစ်ကြောရေး ကို ကိုယ်တိုင်လုပ်ခဲ့တဲ့ထဲမှာ
မပါခဲ့ပါဘူးတဲ့….သွားကြည့်တာတော့ရှိခဲ့ပါတယ်လို့ပြောထားပါတယ်….
သူကိုယ်တိုင်စီစဉ်ညွှန်ကြားနေမှတော့ စစ်စရာလိုသေးပါသလားလို့
မေးချင်ပါတယ် စစ်ကြောရေးမှာမပါခဲ့ပါဘူးလို့
ပြောခဲ့ပေမယ့်….အဖမ်းခံအချုပ်သားတစ်ဦးကို တော့ရိုက်သတ်ခဲ့ပါတယ်….
၁၉၉၁ - ဒီဇင်ဘာလ( ၂၅ ) ရက်နေ့ည(ခရစ္စမတ်ည) မှာ ကျော်ကျော်ဦး(
ကသာ ) ကိုမူးမူးနဲ့ရိုက်သတ်ခဲ့ တာပါ….. အပတ်စဉ် ( ၆ )
သင်တန်းတက်တာချင်းအတူတူ ထောက်လှမ်းရေးဖြစ်ရကောင်းလား ဆိုပြီး ဂရုဏာ
ဒေါသနဲ့ရိုက်သတ်လိုက်တာပါ၊ထောက်လှမ်းရေးတဲ ၀င်ဝင်ချင်း
ညာဘက်ဘေးကနေရာလေးမှာပါ…
သက်သေရှိသလားလို့မေးချင်ရင် On Line ပေါ်တက်ခဲ့ပါ….သက်သေက မေ့နေမှာစိုးလို့ သေချာရှင်းပြ ပေးပါလိမ့်မယ်…..
( ၉ ) ထောက်လှမ်းရေးလို့စွပ်စွဲသတ်ဖြတ်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို မြို့ပေါ်နေ ကျောင်းသားပြည်သူနဲ့
ဒေသခံတွေရဲ့ယုံကြည်မှုဟာ အောက်ဆုံးထိထိုးကျသွားခဲ့ရတယ်….
တပ်ဖွဲ့ဝင်အင်အားရာဂဏန်းဆုံးရှုံးခဲ့ရတယ်….အသိစိတ်ဓာတ်နဲ့
ဝင်ရောက်လာတဲ့ရဲဘော်တွေ
မရှိသလောက်ဖြစ်သွားတယ်….တပ်အင်အားထပ်မံဖြည့်တင်းဘို့ ဒေသခံရွာတွေမှာဝင်ပြီး
ဘယ်သူတွေက ဘယ်လို တပ်သားသစ်တွေစုဆောင်းခဲ့ကြသလဲ…..ဘယ်လိုအသိမဲ့တဲ့
အလုပ်မျိုးတွေလုပ်ပြီး ABSD( NB )
ရဲ့သမိုင်းကိုအကျည်းတန်အောင်လုပ်ခဲ့ကြသလဲ….အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ ဘင်ခရာတွေ
တီးဝိုင်းတွေ စစ်ရေးပြ တာတွေ အခန်းအနားတွေ လုပ်ပြီး တော်လှန်ရေးခေါင်းဆောင်
အရသာကို ခံစားနေကြတာ ဘယ်သူတွေလဲ….ABSDF(NB) ရဲ့သမိုင်းကို
အရုပ်ဆိုးအကျည်းတန်အောင် ဘယ်သူတွေလုပ်ခဲ့ကြသလဲ….
( ၁၀ ) ၂၀၀၀ခုနှစ်ဧပြီလဆန်းမှာ ကျနော်မန္တလေးထောင် တိုက်ဝင်းထဲမှာ
တောင်ယာလုပ်တဲ့ ကိုဗလကြီးဆိုတာနဲ့တွေ့ခဲ့ရတယ်….လူသတ်မှုနဲ့သေဒဏ်ကျပြီး
နိုင်ငံတော်ပေးလို့ အနှစ်၂၀ ပြောင်းကျခံနေရသူပါ…. သူ့ဇာတိကို မေးကြည့်တော့
မော်လူးမော်ဟန်ကတဲ့…..ကိုသံချောင်းတို့ ဒေသကဖြစ်နေတယ်…ကျနော်က
ကိုသံချောင်းကိုသိသလားဆိုတော့…….သူကချက်ချင်းဘဲ အဖြေပေးခဲ့ပါတယ်…..
အာ…….သံချောင်း….သူလူတွေအရမ်းသတ်တယ်လေ………တဲ့…ခေါင်းတရမ်းရမ်းနဲ့ ပြောခဲ့ပါတယ်…
ဒီကောင်မလွယ်ဘူးလေတဲ့……..
ဒါက ကိုသံချောင်းရဲ့သမိုင်းဖြစ်သလို….မြောက်ပိုင်း ABSDF ရဲ့သမိုင်း လည်းဖြစ်ခဲ့ပါတယ်….. ဘာကြောင့် သတ်သတ် လူသတ်တယ်ဆိုတာ ဘယ်ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကမှ လက်မခံကြပါဘူး….
( ၁၁ ) မခင်ေ၇ွှလှိုင်အနေနဲ့ ABSDF ရဲ့သမိုင်းနဲ့ဂ
ုဏ်သိက္ခာကိုကာကွယ်လိုတဲ့ ဆန္ဒရှိတာတွေ့ရပါတယ်…. ဒါပေမယ့်
ရာဇ၀တ်မှုကျူးလွန်ခဲ့ကြသူတွေအပေါ် အကာအကွယ်ပေးတာမျိုးလုပ်ပြီး
မတရားခံခဲ့ရသူတွေ အပေါ်မှာတော့ စာနာထောက်ထားမှုတစ်စုံတရာ
ပြောဆိုရေးသားတာမျိုးမတွေ့ခဲ့ရပါဘူး…..မခင်ရွှေလှိုင်ရဲ့
သမိုင်းနဲ့ဂုဏ်သိက္ခာ ကျဆင်းသွားစေမဲ့ အရေးအသားတွေတွေ့ရပါတယ်…. ပြောတော့ကျောင်းသား လုပ်တော့ခွေးကျင့်ခွေးကြံ ဆိုပြီး တစုံတစ်ယောက်ကို ရည်စူး ပြောဆိုတာလည်းတွေ့ရပါတယ်…ABSDF ဥက္ကဋ္ဌကတော်တစ်ယောက်အနေနဲ့ အရေးအသားဆင်ခြင်သင့်ပါတယ်…နောက်ပြီး
သံသယအမြင်တွေ ရောထွေးပြီး ထောက်လှမ်းရေးရှာပုံတော်ဖွင့် နေတာတွေ့ရပါတယ်…..
မြောက်ပိုင်း ကျောင်းသားတပ်မတော် ကိုဖြိုခွဲခဲ့တဲ့
တရားခံအစစ်ကဘယ်သူတွေလဲတဲ့…… အဲဒီလိုသံသယအမြင်တွေကြီးမားခဲ့လို့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ပြိုကွဲခဲ့ရတယ်ဆိုတာ ကျနော်ရဲရဲကြီးပြောရဲပါတယ်….
အဖွဲ့အစည်းတခုရဲ့ သမိုင်း၊ သိက္ခာနဲ့အနာဂတ်အလားအလာဟာ
အဲဒီအဖွဲ့အစည်းကို ဦးဆောင်တဲ့ သူတွေမှာ အဓိကကျပါတယ်။
ဦးဆောင်သူတချို့ကြောင့် အဖွဲ့အစည်းရဲ့သမိုင်းဟာ ညစ်နွမ်းသွားစေ နိုင်
ပါတယ်…..ရှောင်လွှဲလို့တော့မရပါဘူး…..ABSDF ရဲ့သမိုင်းနဲ့ဂုဏ်သိက္ခာကို
အမှန်တကယ်ကာကွယ်လို
တယ်ဆိုရင်…..အမှန်တရားကိုဖေါ်ထုတ်ရပါမယ်….အပြစ်ရှိသူတွေကို
ဖေါ်ထုတ်ရပါမယ်….မတရားခံခဲ့ရတဲ့ သူတွေနဲ့ မိသားစုဝင်တွေကို
ခံစားနားလည်ပေးရပါမယ်….
ABSDF ရဲ့သမိုင်းကြောင်းဟာ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး၊
တိုင်းရင်းသားအားလုံးတန်းတူညီ မျှရေး ဆိုတဲ့
၈၈အရေးတော်ပုံကြီးကနေပေါက်ဖွားလာတာမို့
သမိုင်းကြောင်းလှပြီးသားပါ…..နိဂုံးမှာတော့
လှပဘို့အရေးကြီးဆုံးအချိန်ရောက်နေပါပြီ….နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊
ပါတီထောင်ရေး၊ စီးပွားရေး လုပ်ငန်းတွေလုပ်ပြီး အခြေချနေထိုင်ရေး
ဆိုတာမျိုးတွေက နောက်ဆုံးရည်မှန်းချက်မဟုတ်တာကို
တော့ အားလုံးကလက္ခံထားကြမှာပါ….လူတစ်စု၊ အဖွဲ့အစည်းတခုရဲ့
အသုံးချခံမဖြစ်ဘို့လည်း အရေးကြီးပါတယ်။ အများပြည်သူ လက္ခံတဲ့
နိုင်ငံရေးလမ်းကြောင်းမှန်တစ်ခုပေါ်မှာ ခိုင်ခိုင်မြဲမြဲရပ်တည် နိုင်မှသာ
သမိုင်းကြောင်းမှန်တဲ့ ABSDF အဖြစ်ရှင်သန်ကျန်ရစ်မှာဖြစ်ပါတယ်….
( ၁၂ ) ဒီဖြစ်စဉ်ကြီးဟာ သံသယအမြင်တွေ….အာဃာတတွေ
….အာဏာအားပြိုင်မှုတွေ….အရိုးစွဲလာခဲ့တဲ့ ထစ်ကနဲရှိသတ်မယ်ဆိုတဲ့လူသတ်ဝါဒ
အတွေးအခေါ်တွေ၊ ငါတို့တွေးသမျှ လုပ်သမျှ မှန်တယ်ဆိုတဲ့
ငယ်ရွယ်ပြီးအတွေးအခေါ်ချို့တဲ့ တဲ့သူတွေရဲ့အယူအဆတွေ အပေါ်မှာအခြေခံပြီး
ဖြစ်ပျက်ခဲ့တယ်လို့ မြင်ပါတယ် …
ကျနော်အနေနဲ့ လွန်ခဲ့တဲ့အနှစ်( ၂၀ )ကတည်းက
ဗဟိုကော်မတီမှာတာဝန်ရှိပါတယ်လို့ ခံယူထား ခဲ့ပါတယ်….မနန်းစော၊မသင်းသင်းညီ၊
ကိုဘိုဘို တို့နဲ့ အကြောင်းအားလျှော်စွာ ဒီဖြစ်စဉ်ကြီးကို ပြောဖြစ်ကြတဲ့
အခါတိုင်း ဗဟိုကော်မတီမှာ တာဝန်ရှိခဲ့တယ်ဆိုတာ ပြောခဲ့ပါတယ်…..
ဗဟိုကော်မတီဝင်တစ်ဦးအနေနဲ့ လုပ်သင့်လုပ်ထိုက်တယ်ထင်တာကို ဥာဏ်မှီသလောက် လုပ်ခဲ့ပါတယ်…..
ဒါပေမဲ့ ကျနော့အနေနဲ့ ဗဟိုကော်မတီဝင် တစ်ဦးရဲ့တာဝန်တွေ လစ်ဟင်းခဲ့ပါတယ်…..
ကျောင်းသားရဲဘော်တွေရဲ့ ကံကြမ္မာကို အကာအကွယ်
မပေးနိုင်ခဲ့ပါဘူး…..ကာယကံမြောက်ခံစားခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့
သမိုင်းနဲ့ဂုဏ်သိက္ခာတွေ ရိုက်ချိုးခံခဲ့ကြရပါတယ်….ကာယကံရှင်မိသားစုတွေရဲ့
ခံစားချက်တွေကို ဘယ်လိုမှ အစားထိုးဖြေသိမ့်လို့ မရနိုင်တော့ပါဘူး….
ကျနော်တို့အားလုံး ဒီအဖြစ်အပျက်တွေကို ပြန်သုံးသပ်ပြီး
လစ်ဟာချက်တွေ ချို့ယွင်းချက်တွေ အမှားတွေကို ပြန်လည်ရှာဖွေပြီး
ဖြစ်ရပ်အမှန်ကို ဖေါ်ထုတ်ရမှာဖြစ်ပါတယ်…. ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေအလိုက် စံနစ်တကျ စီစစ်ပြီး သက်ဆိုင်သူတွေက တာဝန်ခံကြရမှာဖြစ်ပါတယ်….
ကိုထွန်းအောင်ကျော်နှင့် သူငယ်ချင်းများ ကောင်းရာသုဂတိ ရောက်ပါစေ……
အမှန်တရားဟာသင်တို့နဲ့အတူရှိနေပါတယ်……
လူသတ်ဝါဒ ကျဆုံးပါစေ………..
လက်နက်ဖြင့် အာဏာတည်ဆောက်ရေး လမ်းစဉ်များ ချုပ်ငြိမ်းပါစေ…….
အာဏာလုလို့ပဲသတ်သတ်
သူလျှိုမဟုတ်သူကျောင်းသားသာမက
သူလျှိုပဲဖြစ်ဖြစ် သူလျှိုဝမ်းကွဲယောက်ဖပဲဖြစ်ဖြစ်
ကျောင်းသားဥပဒေအရတော့ခေါင်းဖြတ်သတ်လို့ရချင်
ရမယ် ယဉ်ကျေးလူ့အဖွဲ့အစည်းမှာတော့မရဘူး
လုပ်သူကိုအပစ်ပေးရမယ် လုပ်ဖို့တာဝန်ပေးသူကိုလည်း
ဖော်ထုတ်အရးသူရမယ်
လုပ်ရဲရင်ခံရဲကြပါ
Immoral of the human’s dignity like as CPB Thakhin Than Tun’s manslaughter in 1967 and Red Flag Thakhin Soe’s Sinswe village homicide in 1958.
ရွေးချယ်ခဲ့တယ် … အဲဒါက ဘာကိုဆိုလိုတာလဲခင်ဗျာ။ ကျွန်တော် စဉ်းစားလို့ရသလောက် ရဲမေဆိုရင် အရင်လို ပြန်တိုက်ရမယ်ပေါ့ဗျာ။ဒါဆို အိမ်ထောင်သည်ဆိုတာကရော … ကျွန်တော် ဘယ်လိုမှ နားမလည်ဘူးဖြစ်နေတယ် … တချက်လောက်ဖြေပေးပါလား။ ၂။ ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ ။ ဒါဆို အမ တောထဲကို ဘာသွားလုပ်ပါသလဲ ခင်ဗျ …
အဲဒီမဒမ်သံခဲကပဲ ကိုထွန်းအောင်ကျော်ကို ကျမ ကိုယ်တိုင်ခေါင်းဖြတ်ပါရစေလို.သံချောင်း အီမ်ကို တက်ပြီးတောင်းဆိုတယ်ဆိုတာ အားလုံးပြောနေတဲ့ကိစ္စပါ။ (ညီညီ)
http://8-8-88.blogspot.com/2012/03/blog-post_15.html
ကောင်ပါပေ့ အေဘီ ရယ် ငါတို့တွေ ထောက်ခံအားပေ လာရတာ ရှက်တောင်လာပြီ
မခင်ရွှေလှိုင်ရဲ့ ကောက်နုတ်ချက်ကို ကောင်း မကောင်း မပြောလိုပါဘူး။ ဒါပေမဲ့ လူတွေကို ရက်ရက်စက်စက်နှိပ်စက်၊ သတ်ဖြတ်တာကို အားပေးအားမြေုာက်လုပ်နေတာကို တော့ ကျမ နားမလည်တော့ပါဘူး။ ဖမ်းခံထားရသူတွေ ထွက်မပြေးနိုင်ခင် မန္တလေးက ထောက်တွေလက်ထဲမှာ ကိုထွန်းအောင်ကျော်တို့ပုံတွေရောက်နေတာကတော့ အမ အပြောအတိုင်းဆိုရင် လုပ်သူတွေထဲမှာ ထောက်လှမ်းရေးပါလို့နေမှာနော်။ ကျမက တောမခိုဖြစ်ပေမဲ့ တောခိုခဲ့သူတွေကို သိပ်လေးစားမိတာပါ။ ဒါပေမဲ့ အခုတော့ ဒီအဖြစ်အပျက်တွေ အပေါ်ရပ်တည်ချက်တွေကို သိရတော့ ကျမ ငါတောမခိုဖြစ်တာ သိပ်ကောင်းတာပဲလို့၊ ထောင်ကျတာက ငါ့အတွက် သိပ်ကောင်းတာပဲလို့ ယူဆမိတယ်။ အမ တို့ရဲ့ ရပ်တည်ချက်တွေက နောငက်လာနောင်သားတွေကို ကျမလိုခံစားမိစေပါတယ်။
သူလျှိုကသွေးခွဲလို့ အထင်မှားတယ်ဆိုရင်တောင် လူလူချင်း တိရိစ္ဆာန်လောက်တောင် အကြင်နာတရားမရှိတဲ့လုပ်ရပ်တွေကို ရွံရှာမိတယ်။ မခင်ချိုဦးအပေါ်လုပ်ရပ်တွေ ဖတ်ပြီးပြန်တောင်မတွေးနိုင်ဘူး။ ဆို့နင့်လွန်းလို့။ ကိုထွန်းအောင်ကျော်၊ ကိုကျော်ဝေ၊ ကိုချိုကြီး၊ ကိုအောင်မင်း။သေဆုံးခဲ့သူအားလုံးကိုယ်စားတောင်းဆိုပါတယ်။ တရားခံများအညှင်းဆဲခံရပြီး သေစားသေစေကျပါစေ။
We wish, we all can see the punishments to all those who were involved in these inhumane incidents…And I couldn’t understand why Ronald Aung Naing and Dr. Naing Aung are still doing well…And also, what about Madame Than Khae who requested to behead Ko TUn Aung Kyaw herself???? Most importantly, why is current AB chief, Than Khae so quiet about this???
They can give 1001 reasons, but shouldn’t done that way. What’s go around will come around. just the matter of time.
အာဏာရှင်တိုက်ရင်းအာဏာရူးဖြစ်လာကြတာတရားသံဝေဂရ
စရာပါပဲ၊တန်းမတူတော့တန်းညှိတယ်ပေါဗျာ။
သေချာတာတခုကတော့ကံတရားရဲ့တန်းပြန်ညှိတာကို
မည်သူမဆိုပြန်လည်ခံစားရမယ်ဆိုတာကိုပါပဲ၊ကြားဖူးတာကတော့ဝဋ္ဋ်မှာအမြဲဆိုတာရယ်၊နောက်တခုက
တော့၊ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုရင်ပေါ့၊သာသနာက
နှစ်ပိုင်းဗျ၊ဘုရားသာသနာ၊သိကြားသာသနာပေါ့ဗျာ၊ဘုရားက
တော့အင်မတန်စိတ်ရှည်၊သီးခံခွှင့်လွှတ်နိုင်ပေမယ့်၊ကိုယ့်ဆရာ
သိကြားကတော့သိပ်စိတ်ရှည်ပုံမရဖူးဗျ၊မချစ်ရင်ပြစ်မယ်ဆိုတာ
ချည်းပဲဆိုတော့၊တန်းပြန်ညှိတာမြန်တယ်ဗျ၊ဆိုတော့ကာ၊တရားမျှတမှုတကယ်လိုလား၊တောင်းဆို၊တိုက်ပွဲဝင်နေတဲ့သူတွေ
ဟာ၊သူများထက်ပိုပြီးတရားမျှတမှုရှိအောင်ကြိုးစား၊ရုံမျှမက၊မျှတ
လုံခြုံမှု၊တန်းတူရည်တူမှုကိုအာမခံ၊ကာကွယ်ပေးသော၊ဥပဒေ
များကိုကာကွယ်စောင့်ရှောက်၊လေးစားလိုက်နာရန်၊လူဂုဏ်သိ
က္ခာကိုထိခိုက်၊နာကျင်စေရန်၊ရည်ရွယ်၍လုပ်ဆောင်သောမည်
သို့သောအပြုအမူမျိုးကိုမဆို၊မည်သို့သောအကြောင်းပြချက်
ကြောင့်သော်မျှ၊မျက်နှာလွဲ၍မရှောင်ဖယ်သင့်ပေ၊ထိုသို့သော
လူသား၏ဂုဏ်သိက္ခာအပေါ်ကျူးလွန်သောအမှုအတွက်၊ယဉ်
ကျေးသော၊လူ့ဂုဏ်သိက္ခာကိုတန်ဖိုးထားသောကမ္ဘာမှာပြဌန်း
ထားသောစံနှုန်း၊ဥပဒေတွေအရပြဌန်းဆုံးဖြတ်ရမည်သာ
ဖြစ်ပြီး၊ဤကမ္ဘာတွင်၊ဤစံနှုန်းများတွင်၊ငါ၊ငါ့ရဲဘော်၊၊ငါ့လူမျိုး
အစွဲများကင်းကင်းဖြင့်ဆုံးဖြတ်နိုင်မှသာဖြစ်ပေမည်။
(တချို့များနေသောကမ္ဘာမှာယခုပြောနေသောကမ္ဘာနှင့်သီးခြား
ဖြစ်နေ၍သော်၎င်း၊ငါနှင့်ကြံရာပါဖြစ်နေလျှင်သော်၎င်း)ကျေးဇူး
ပြု၍ယခုကျွှန်နော်ပြောနေသောကမ္ဘာ၏စဉ်းမျဉ်း၊စံနှုံးများအ
ကြောင်း၊ကိုရုပ်ပြ၊ဟန်ဆောင်၊မပြောကြပါရန်၊ကိုယ်ကိုတိုင်
သော်မျှမကျင့်ကြံနိုင်သောတရားကိုသူတပါးကိုကြင့်ကြံခိုင်း
ခြင်းသည်အဓမ္ဓဝါဒီသာဖြစ်ကြောင်း၊သူတော်ကောင်းအပေါင်းတို့။
Even though they could have been true spies , they should not have been treated like this . In civilized world , this is unacceptable for any reason.
Anyway or for any reason , murder is murder.
Similar bad fortune would/should come to committers by other ways.
May God bless souls of victims..
စစ်စည်းကမ်းတွေ အမိန့်နာခံမှုတွေ စနစ်တကျနဲ့ လေ့ကျင့်ထားပြီး နှစ်ပေါင်းများစွာ နိုင်ငံတကာစစ်တပ်တွေလို အသားကျနေတဲ့ မြန်မာနိုင်ငံက အစိုးရ စစ် တပ်အတွက်ကတော့ အေဘီအက်စိဒီအက်ဖ် ဆိုတာကို လေးလေးစားစား မရှုမြင်ပါ။ တခြားသော ဗကပ တို့လို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလို တဦးချင်းမှာ နိုင်ငံရေးတွေ သဘောတရားရေးတွေ ခိုင်ခိုင်မာမာ ယုံကြည်မှုနဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ စနစ်တကျ လက်နက်ကိုင်စစ်တပ်တွေ လို လေးလေးစားစား မရှုမြင်ပါဘူး။ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရတေှာ့ မခံချင်စိတ်တွေ စိတ်ခံစားမှု emotion တွေနဲ့ တောထဲကို စနစ်မကျ အစီအစဉ်မဲ့ ကျောထောက်နောက်ခံ resources မရှိကြပဲ ပရမ်းပတာ ထွက်လာကြတဲ့ ကလေးသာသာလေးတွေလို့ပဲ အေဘီအက်စိဒီအက်ဖ်ကို အစိုးရစစ်တပ်က မြင်ပါ တယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ဆင်နွှဲဖို့ နေနေသာသာ လက်နက်ကိုင်ခွင့်ရဖို့ကိုပဲ စိတ်ကူးယဉ်နေရတဲ့ မလောက်လေး မလောက်စား စစ်တိုက်တမ်း ကစား ချင်တဲ့ ကလေးအရွယ်တွေလို့ပဲ အေဘီအက်စိဒီအက်ဖ်ကို အစိုးရစစ်တပ်က သဘောထားပါတယ်။ ဘာကြောင့်လဲဆိုတာကို အစိုးရစစ်တပ် ပေါ်ပေါက် ပေါက် ဖွားလာပုံနဲ့ အေဘီအက်စိဒီအက်ဖ် ပေါ်ပေါက်လာပုံကို နှိုင်းယှဉ်ကြည့်ဖို့လိုတယ်။ အေဘီအက်စိဒီအက်ဖ် ခေါင်းဆောင်တွေ ဟိုနိုင်ငံသွားဒီနိုင်ငံသွား လုပ်နေ ကြတာကို ရန်သူက မျက်စေ့နောက်တာနဲ့ ဗီဇာတွေ မရအောင်ဆိုပြီး အေဘီအက်စိဒီအက်ဖ်ကို မတရားသင်းတို့ အကြမ်းဘက်အဖွဲ့တို့ အဖြစ် တခြားနိုင်ငံတွေ ကို အသံပေးချင်တာနဲ့ တံဆိပ်တပ်ထားတာပါ။ ဗကပ တို့လို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလို ရန်သူက လေးလေးစားစား ရှိနေလို့ မဟုတ်ပါဘူး။ ဂလိထိုးထားတာလောက် လုပ်တာပါ။
ဒီကနေ့ အစိုးရစစ်တပ်ရဲ့ ဘီအိုင်အေ ဆိုတာက စတဲ့ သူ့သမိုင်းကို ပြန်ကြည့်ရင် လူရိုသေရှင်ရိုသေတဲ့ ခေါင်းဆောင်တွေရဲ့ နှစ်နဲ့ချီ အချိန်ယူ စဉ်းစားစီစဉ် ကြံဆမှုတွေနဲ့ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြလို့ ဒုတိယကမ္ဘာစစ်က ဘီအိုင်အေကို ပေါက်ပေါက်လာစေဖို့ အခင်းအကျင်းအနေအထား ပေးခဲ့လို့ ဒီအခင်းအကျင်းကိုလည်း မျိုးချစ်မြန်မာ့ခေါင်းဆောင်တွေ ဉာဏ်ပညာနဲ့ အသုံးချနိုင်လို့ ဆိုတာတွေကို ပြန်တွေ့ရလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ကျဆုံးခဲ့တဲ့ သခင်မြလို ဒေါက်တာသိမ်းမောင်တို့လို လူရိုသေရှင်ရိုသေ ခေါင်းဆောင်အကြီးပိုင်းတွေက ဒုတိယကမ္ဘာစစ်နဲ့ ဂျပန်နဲ့ကို အသုံးချပြီး နှစ်နဲ့ချီ အချိန်ယူ စဉ်းစားစီစဉ်ကြံဆမှုတွေနဲ့ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာဟာ ဘီအိုင်အေတပ်ပေါ်ပေါက်လာစေဖို့ ရှေ့ပြေးအကြောင်းတရားဖြစ်တယ်။ ရဲဘော်သုံးကျိပ်ဆိုတာကို အသုတ်လိုက် စနစ်တကျ မြန်မာပြည်ထဲကနေ လျှို့ဝှက်ထွက်ခွာနိုင်အောင် သခင်ချစ်တို့လို ခေါင်းဆောင်လတ်တွေက အသက် စွန့်ပြီး စီစဉ်နိုင်ခဲ့ကြတယ်။ တခါ အင်္ဂလိပ်နဲ့ အမေရိကန်က တရုတ်ပြည်မှာ ဂျပန်တပ်တွေကို ခံချနေတဲ့ ချန်ကေရှိတ်တရုတ်တပ်တွေဆီကို တရုတ်-ဗမာလမ်း မကြီးကနေ လက်နက်တွေပို့ပြီးကူညီနေတာကို ရပ်သွားစေဖို့ ဂျပန်က အင်္ဂလိပ်ကိုလိုနီမြန်မာပြည်ကိုပါ စစ်တိုက်ရတော့မယ့် ဒုတိယကမ္ဘာစစ်ရဲ့ အခင်းအ ကျင်းတခုက ထပ်ပြီးပေါ်ပေါက်လာပြန်တယ်။ အဲဒီအချိန်မှာမှ သခင်အောင်ဆန်းလို အရည်အချင်းပြည့် တနိုငံလုံးသိပြီးသား ကျောင်သားခေါင်းဆောင်နဲ့ ဒို့ဗမာအစည်းအရုံးခေါင်းဆောင်ဟာ အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ဖို့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရဖို့ မြန်မာပြည်ပြင်ပကို ရောက်နေလို့ ဒီလိုလူတော်ခေါင်းဆောင်နဲ့ ဂျပန်နဲ့ ဆက်မိလို့ နောင်မှာ ဘီအိုင်အေတပ် ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။ မြန်မာပြည်ပြင်ပရောက်နေတာ ဘာကြောင့် ထည့်ပြောရလဲဆိုတော့ သခင်အောင်ဆန်းထက် ၀ါရင့်တဲ့ တခြားခေါင်းဆောင်တွေ တန်းတူခေါင်းဆောင်တွေ ထောင်တွေကျနေကြ နယ်စပ်ရောက်ပြီးမှ အင်္ဂလိပ်အစိုးရစုံထောက်တွေရဲ့ အဖမ်းခံရပြီး ပြည်ပကိုထွက်လို့ မရနဲ့ ဖြစ်ခဲ့ကြတာကြောင့်၊ အရည်အချင်းပြည့်ခေါင်းဆောင်တွေ ရှိပေမယ့် အခြေအနေ မပေးရင်လည်း ဘာမှ ဖြစ်မလာဘူးဆိုတာ ကျိုးကြောင်းဆင်ခြင်စေချင်လို့ပါ။ မြန်မာပြည်ပြင်ပကို ရောက်နေတဲ့ ခေါင်းဆောင်က ခပ်ညံ့ညံ့ဆိုရင်လည်း ဒီကနေ့ အစိုးရရဲ့စစ်တပ်ကြီးမပြောနဲ့ ဘီအိုင်အေတောင် ဖြစ်လာမှာ မဟုတ်ဘူ။ ခေါင်းဆောင်က ညံ့လို့ ဘီအိုင်အေလောက်ဖြစ်မလာပဲ ဒီကနေ့ အေဘီ အက်စ်ဒီအက်ဖ်လောက်ပဲ ဖြစ်ခဲ့ရင်လည်း ပါဂျောင်က လူသတ်ပွဲမျိုး အဲဒီတုန်းကတည်းက ဖြစ်ပေါ်နိုင်တယ်။ တခါ ကမ္ဘာ့တန်းမှီ စစ်ပညာသင်ကြားနိုင်တဲ့ ဂျပန်စစ်တပ်ရဲ့ လေ့ကျင့်ပေးခံရတဲ့ အထက်အောက်အဆင့်ဆင့် အမိန့်နဲ့ စစ်စည်းကမ်းလိုက်နာရိုသေမှု ဆိုတာကိုလည်း ဒီကနေ့ အစိုးရစစ်တပ်ကို ဖြစ်ပေါ် လာစေတဲ့ ရဲဘော်သုံးကျိပ်မှာ ရရှိခဲ့ကြတယ်။ ဒါတွေက စစ်တပ်တခုအတွက် ရုပ်ဝတ္ထုပစ္စည်းစစ်လက်နက်တွေထက် စိတ်ဓါတ်ရေးရာအရ ပိုပြီးအရေးကြီးတဲ့ သေရေးရှင်ရေး တမျှလိုအပ်မှု ဖြစ်တယ်။ ကျောထောက်နောက်ခံ resources အဖြစ် အင်္ဂလိပ် အမေရိကန်နဲ့ တန်းတူရည်တူ စစ်တိုက်နေတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ ကျင့်ပေးမှုကို ရဲဘော်သုံးကျိပ်က ရရှိခဲ့ကြတယ်။ ဒီလိုအကြောင်းတရားတွေနဲ့ ဘီအိုင်အေ ဘီဒီအေ မျိုးချစ်ဗမာ့တပ်မတော် နောက်ဆုံး ဒီကနေ့အစိုးရရဲ့ စစ်တပ်အထိ ဖြစ်လာခဲ့တယ်ဆိုတာကို ကျိုးကြောင်းဆင်ခြင်ကြည့်ရင် တွေ့နိုင်ပါပြီ။ ရဲဘော်သုံးကျိပ်တို့ စနစ်တကျ ရရှိခဲ့တာမျိုးတွေ အေဘီအက်စ်ဒီအက်ဖ်မှာ မရှိဘူး။ အခြေအနေအချိန်အခါတွေ မတူလို့ ဆိုတာကိုလည်း အချက်တချက်အဖြစ် တွေ့ရမယ်။
အခု ဒီကနေ့အစိုးရစစ်တပ် ပေါက်ဖွားလာပုံနဲ့ အေဘီအက်စ်ဒီအက်ဖ် ပေါက်ဖွားလာပုံက်ု အားမနာတမ်း အရှိကိုအရှိအတိုင်း နှိုင်းယှဉ်ကြည့်ပါ။ တူနေတာ ဆိုလို့ တစ်ခုပဲ ရှိတာကို တွေ့ရပါမယ်။ အဲဒီခေတ်က မျိုးချစ်ခေါင်းဆောင်တွေ အင်္ဂလိပ်အစိုးရကို မခံချစ်စိတ်နဲ့ လက်နက်ကိုင်တပ်မတော် တည်ထောင်ချင် တာဖြစ်သလို၊ ၁၉၈၈ မှာလည်း စစ်အစိုးရ မဆလကို မခံချင်စိတ်နဲ့ စွန့်စားရဲသူ ကျောင်းသားကျောင်းသူတွေနဲ့ အရပ်သားတချို့ လက်နက်ကိုင်တပ်မတော် တည်ထောင်ချင်ကြတာမှာ စိတ်အခံ emotion ချင်းမှာ တူညီနေကြပါတယ်။ ဒီတခုမှပဲ တူပါတယ်။
ကျန်တာတော့ တခုမှ မတူဘူး။
၁၉၈၈ လူထုအုံကြွမှု မတိုင်ခင်က ဘယ်ကျောင်းသားခေါင်းဆောင်ကမှ သို့မဟုတ် ကျောင်းသားတွေအပေါ် သြဇာလွှမ်းနိုင်သည့် ဘယ်အဖွဲ့အစည်းဖြစ်စေ လူပုဂ္ဂိုလ်တွေက ဖြစ်စေ၊ တနေ့မှာ လက်နက်ကိုင်တပ်မတော် တည်ထောင်နိုင်ရေး (သခင်မြတို့ ဒေါက်တာသိမ်းမောင်တို့လို) ရှေ့ပြေးစဉ်းစားစီစဉ် ကြံဆတာ တွေနဲ့ အေဘီအက်စ်ဒီအက်ဖ် ပေါ်ပေါက်ခဲ့တာ မဟုတ်ဘူး။ အပေါ်က ဘီအိုင်အေ ပေါ်ပေါက်လာစေတဲ့ အကြောင်းတရားတွေနဲ့ တချက်ချင်း တိုက်ဆိုင်နှိုင်း ယှဉ်ကြည့်ပါ။ စစ်အစိုးရနဲ့ တန်းတူရည်တူ စစ်မတိုက်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီ ကျောင်းသားတွေ ရောက်သွားခဲ့ခြင်းကလည်း မတူတဲ့ တချက်ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်က သူတို့အတွက် ကျောထောက်နောက်ခံ resource ဖြစ်တဲ့ ဂျပန်စစ်တပ်ကြီးဆီ ရောက်သွားခဲ့တာ ဖြစ်တယ်။ ဒီတော့ စစ်ရေးလေ့ကျင့်မှု military training အထက်အောက်အဆင့်ဆင့် အမိန့်နဲ့ စစ်စည်းကမ်းလိုက်နာရိုသေမှု ဆိုတာတွေမှာလည်း၊ ဒီကနေ့ အစိုးရစစ်တပ်နဲ့ အေဘီအက်စ်ဒီအက်ဖ်တို့ ကြားမှာ သိပ်ကို ကွာခြားသွားတယ်။
ဒါတွေကြောင့် ဒီကနေ့ အစိုးရစစ်တပ်က အေဘီအက်စ်ဒီအက်ဖ်ကို မလောက်လေး မလောက်စား စစ်တိုက်တမ်းကစားချင်တဲ့ ကလေးအရွယ်တွေလို့ပဲ သဘောထားတယ်။ ဒီလို အကြောင်းတရားတွေကြောင့် ဒီကနေ့ အစိုးရစစ်တပ်က အေဘီအက်စ်ဒီအက်ဖ်လို ပါချီပါချက်ကို သူလျှိုလွှတ်ပြီး ဖျက်ဆီးပစ်ဖို့ ထိ အချိန်ကုန်ခံ ကြံစည်စရာအကြောင်း မရှိပါ။
အစိုးရစစ်တပ်က သူတို့လိုပဲ စစ်ရေးအရ တန်းတူထားတဲ့ ဗကပနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဆီတောင် သူလျှိုလွှတ် ဖျက်ဆီးခဲ့တဲ့ သမိုင်း မရှိခဲ့ပါ။ ဒီနေရာမှာ အစိုးရစစ်တပ်ဘက်ကို ကြည့်ရင်လည်း သူ့ရန်သူတွေထဲ တသီးတသန့်လွှတ်ပြီး သူလျှိုထည့်ထားနိုင်လောက်တဲ့ အနေအထားကော အရည်အချင်းကော အစိုးရစစ်တပ်မှာ မရှိပါ။ ဒေသခံနယ်မြေခံ သတင်းပေး မွေးထားတာတွေပဲ အာဏာကုန်လုပ်နိုင်တယ်။ ဒါကလည်း အရည်အချင်း မရှိ တာထက် ၁၉၀၅ မှာ ရုရှကို ဂျပန်က အနိုင်မတိုက်ခင် ဂျပန်မှာလေ့ကျင့်ထားတဲ့ နဂါးနက်သူလျှိုတွေကို နှစ်နဲ့ချီပြီး ရုရှနိုင်ငံထဲမှာ မြှုပ်ထားပြီးမှ စစ်တိုက်နိုင်တဲ့ ခေတ်မျိုး မဟုတ်တော့လို့ ပါ။ အေဘီ မြောက်ပိုင်းမှာ ရန်သူစစ်အစိုးရက လာမြှုပ်နှံထားတဲ့ သူလျိုတွေလို့ စွပ်စွဲခံရသူတွေဟာ ရန်ကုန်လို မန္တလေးလို မြို့ကြီး တွေက ရောက်လာကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြပြီးတော့ ရုရှဆိုက်ဘေးရီးယားမှာ ဂျပန်က နဂါးနက်သူလျှိုတွေ လွှတ်ပြီးနှစ်နဲ့ချီ မြှုပ်နှံထား တာမျိုး စွပ်စွဲခံကြရတာပါ။ ပါဂျောင်လိုဒေသနဲ့ (ရန်ကုန် မန္တလေးလိုနဲ့) နှိုင်းယှဉ်ပြောရင် စွပ်စွဲသူတွေကမှ အဲဒီဘက်နဲ့နီးတဲ့ နယ်သားတွေပါ။ ရန်သူစစ်အစိုး ရက သူ့ရေသူ့မြေ ရန်ကုန် မန္တလေးလို နေရာတွေမှာ လေ့ကျင့်ထားတဲ့ (ဂျပန်နဂါးနက်လို) သူလျှိုတွေကို ပါဂျောင်လိုနေရာမှာ လာပြီြးဲမှုပ်နှံဖို့ ဘယ်လိုမှ မဖြစ် နိုင်ပါ။ မဖြစ်နိုင်တဲ့ အကြောင်းက ခုနကပြောသလို ရန်သူစစ်အစိုးရက သူတို့လိုပဲ စစ်ရေးအရ တန်းတူထားတဲ့ ဗကပနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆီမှာတောင် ဂျပန်နဂါးနက်လို သူလျှိုတွေကို (ရန်သူစစ်တပ်က အရည်အချင်းမရှိလို့ပဲ ဖြစ်ပါစေ) မြှုပ်နှံတဲ့ အလုပ်မလုပ်တာမှာ၊ သူတို့အတွက် ပါချီပါချက် အေဘီ မြောက်ပိုင်းကို သူလျှိုလွှတ်စရာ အကြောင်းမရှိပါ။ ဒါ့အပြင် ဂျပန်နဂါးနက်တွေလို သူလျှိုတွေကို ပါဂျောင်လိုနေရာကို သွားပြီးမြှုပ်နှံဖို့ဆို တာ အဘက်ဘက်က ဘယ်လိုပဲတွက်တွက် ရန်သူအတွက် အမြတ်မရှိပါ။ ရန်သူက သူလျှိုတွေပို့မယ့်အစား ပါဂျေယင်ကို မီးလောင်ဗုံးတွေ ကြဲချဖို့သာ စဉ်းစားမှာ ဖြစ်တယ်။
ဗကပ ပြိုကွဲသွားတာကို ရန်သူအစိုးရက သူလျှိုလွှတ်လို့ပါလို့ သက္ခိာမဲ့စကား ဗကပဆီက မကြားဖူးပါ။ ကိုယ့်အချင်းချင်း ပညာပေးစည်းရုံးနိုင်မှု လစ်ဟင်း ပျက်ကွက်ခဲ့လို့ စစ်တပ်ကြီးအဖြစ်ကနေ ပြိုကွဲသွားပြီးတော့ အခု ယူဂျီမြေအောက်ပါတီအဖြစ် ရပ်တည်နေ ပါတယ်လို့ အကြောင်းတိုက်ဆိုင်တိုင်း ဗကပက ဂုဏ်သိက္ခာရှိရှိ ၀န်ခံရေးသားပြောဆိုပါတယ်။ ၁၉၆၆ – ၆၈ သခင်သန်းထွန်း အချိန်အခါက ဖြုတ်-ထုတ်-သတ်တွေ ဖြစ်ခဲ့တာမှာလည်း ရန်သူလွှတ်ထား တဲ့သူလျှိုမို့ သတ်ပစ်လိုက်ရပါတယ်လို့ (ဒီကနေ့ အေဘီမြောက်ပိုင်းလူသတ်ပွဲတာဝန်ရှိသူတွေကို ကာကွယ်နေတဲ့ စကားမျိုး) ဗကပက မပြောခဲ့ပါ။ ဖြုတ်-ထုတ်-သတ်တွေလုပ်ခဲ့တာမှာလည်း ဟုတ်တာမဟုတ်တာ အပထား နိုင်ငံရေး သဘောတရားရေးအရ ဖေါက်ပြန်သူတွေအဖြစ် စွဲချက်တွေတင်ပြီးမှ (ပါဂျောင် မှာလို လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်တာတွေ မလုပ်ပဲ) သတ်ပစ်ခဲ့တာကြောင့် အေဘီမြောက်ပိုင်း ပါဂျောင်လူသတ်ပွဲနဲ့ နှိုင်းယှဉ်ရင် ဗကပရဲ့ ဖြုတ်-ထုတ်- သတ်က အများကြီးဂုဏ်ရှိပြီး ဖြုတ်-ထုတ်- သတ်ခံခဲ့ရသူတွေမှာလည်း အေဘီမြောက်ပိုင်း ချစ်သူတွေ fan တွေလို သူတို့ခေါင်းဆောင်တွေ သတ်ခဲ့သူတွေ ဟာ ရန်သူ့သူလျှိုပါလို့ ထပ်ပြီး သိက္ခာချခံနေကြရတာမျိုး မဖြစ်ခဲ့ပါ။
အားလုံးကို ခြုံကြည့်လိုက်ရင် နိုင်ငံရေးသဘောတရားရေးအခံ မရှိပဲ စိတ်ခံစားမှု emotion သက်သက်နဲ့ အစီအစဉ်မရှိ ကျောထောက်နောက်ခံမရှိ တောခို လာခဲ့ကြပြီး စစ်ရေးအရ အမိန့်နာခံမှုတို့ စစ်စည်းကမ်းရိုသေ လိုက်နာမှုတို့ကို စနစ်တကျလေ့ကျင့်ပေးထားတဲ့ professional လက်နက်ကိုင်တပ် မဟုတ်တဲ့ အေဘီအက်စ်ဒီအက်မှာ ဒေသစွဲ ကျောင်းစွဲ အဆင့်အတန်းစွဲတွေနဲ့ အတွင်းကြိတ်ပဋိပက္ခတွေ ရှိလာရာကနေ professional စစ်တပ်လို တကယ့်သေအတူ ရှင်မကွာ ညီအစ်ကိုစိတ်ဓါတ် ရဲဘော်ရဲဘက်စိတ်ဓါတ်လည်းမရှိ အထက်ကနေ မှန်မှန်ကန်ကန် အမိန့်ပေးကွပ်ကဲနိုင်မှုလည်း မရှိကြပဲ အာဏာရူးထာထက် စာမတတ် ပေမတတ် ရပ်ကွက်လူမိုက်လို ရပ်ရွာလူမိုက်လိုလူတွေက ပဋိပက္ခအတွင်းမှာ လက်နက်အားကိုးနဲ့ အထက်စည်းနေရာရအောင်ယူပြီး ရွေဘရုပ်ရှင် ကားတွေထဲက ဆင်ခြင်တုံဉာဏ်ပညာမဲ့ တောလူမိုက်တွေလို ကိုယ်မကျေနပ်ကြည့်မရခဲ့သူတွေကို မိုက်ဂုဏ်ပြ သောက်စားမူးရူးရင်း ရမ်းကားနှိပ်စက်ပြီးမှ သတ်ဖြတ်ပစ်တဲ့ အဆင့်အတန်းမရှိ လူတွေသတ်တဲ့လုပ်ရပ်ဆိုးကြီးကို အဓိပ္ပါယ်မဲ့ ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်။ လူသတ်ပွဲကြီးကျူးလွန်ပြီးခါမှ အရိုးတွန် ချိန်တန်လို့ တွန်သံတွေထွက်လာတေှာ့ လူသတ်သမားတွေနဲ့ မကင်းရာမကင်းကြောင်းတွေ ဒီလို လနဲ့ချီ နှစ်နဲ့ချီဖြစ်ခဲ့တဲ့ ပါဂျောင်လူသတ်ပွဲကြီးအတွက် တာဝန်ရှိသူတွေက ဒီလူသတ်မှုကြီးထက် ပိုမိုအောက်တန်းကျလှစွာ ပိုမိုဆိုးရွားစွာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလိုကာ အရိုးတွေတွန်လာတာကို မတွန်ရဘူးလို့ ခြိမ်းခြောက်လိုခြောက် တော်လှန်ရေးအကြောင်းပြီး ဒါတွေ မပြောနဲ့တော့နော်လို့ မိန်းမသံနဲ့ ချော့လိုချော့ အသတ်ခံသွားရတဲ့လူတွေကို တကယ့်သူလျှိုတွေလိုလို ထပ်ထပ်ပြီးစွပ်စွဲချင်သလိုလို ထမင်းရည်ပူကို စစ်ထောက်လှမ်းရေးဆီ လျှာလွှဲလိုလွှဲနဲ့ ဖြစ်ပျက်နေကြတာ အင်မတန်ရွံဖို့ ကောင်းနေတယ်။
ရန်သူအစိုးရစစ်တပ်က အေဘီအက်စ်ဒီအက်ဖ်ကို ပါချီပါချက်ကလေးကလား ဖုတ်လေတဲ့ငါးပိ ရှိလေတယ်တောင် သဘောမထားတာမှာ ကိုယ့်ကိုယ်ကို ရန်သူအစိုးရ စစ်တပ်က တလေးတစားအရေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလို အိုက်တင်ထုတ်ပြီး အေဘီအေဘီနဲ့ လုပ်နေကြတာ သိက္ခာ ကို လုံးဝမရှိဘူး။ အခုလည်း ရန်သူအစိုးရက ငြိမ်းချပ်းရေးဆွေးနွေးဖို့ဖခ်ါတယ်ဆိုတာ ကေအင်ယူက သူတို့ထဲမှာ ၀င်ကစွပ်ကောင်လို လာပြီး အငှားခန္ဓာ မြှောင်နေတဲ့ အေဘီအက်စ်ဒီအက်ဖ်ကို မြန်မာပြည်ထဲ သိက္ခာလေး တပဲသားလောက်နဲ့ လက်နက်ချပြန်ဝင်သွားနိုင်အောင် ရန်သူအစိုးရကို ပွဲစားလုပ်ပြော ပေးထားလို့ ရန်သူကလည်း သူ့အကွက်နဲ့သူ လက်ခံလိုက်တယ်ဆိုတာ ရန်သူအစိုးရကော ကေအင်ယူကော အေဘီအက်စ်ဒီအက်ဖ်ပါ သိပြီးသားပါ။ ကိုယ့် ကိုယ်ကို ရန်သူက လေးစားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလို ပဲများမနေပဲ မြောက်ပိုင်းလူသတ်ပွဲက အမှန်တရားကို ဖေါ်ထုတ်ဝန်ခံတဲ့ အလုပ်ကို ရန်သူ့ဆီ ခေါင်းလေးငုံ့ ပြန်မသွားခင် အရင်လုပ်သွားလိုက်ကြဦး။
အခုလို ရှင်းရှင်းလင်းလင်းထောက်ပြလိုက်လို့ ၀ိပဿနာတရားရှု တရားထိုင်တဲ့အခါ မခံမရပ်နိုင်အောင် စိတ်ကော ခန္ဓာကိုယ်ကော အစပထမမှာ နာကျင် ကိုက်ခဲကြသလို မခံမရပ်နိုင် ဖြစ်ကြမှာပဲ။ တရားထိုင်ရင်း ရလာတဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို တည့်တည့်ရှုရင်း ဝေဒနာတွေ တစတစ သက်သာ ပျောက် ကွယ်ပြီး စိတ်တွေ ကြည်လင်သန့်ရှင်း တရားထူးတရားမြတ်ကို ခံစားလာရမယ် ဆိုတာ မမေ့ကြနဲ့။
ကျွန်တော် တော်တော်လေး သဘောကျပါတယ်။ ကျွန်တော့်ရဲ့ FB မှာ တင်ဖို့ ခွင့်တောင်းပါရစေ။ အားလုံး စဉ်းစား Analysis လုပ်နိုင်ဖို့ပါ။
ကျေးဇူးပါနော်
မှန်ပ
မင်းတို့စစ်တပ်က လွန်ခဲ့တဲ့ ၆၇ နှစ်အတွင်း ဘယ် အဖွဲ့ကို အပြုတ်တိုက် နိုင်ခဲ့သလဲ? (ဗကပ ဟာ ပေါက်ဖော်ကြီး က မလိုတော့လို့ ပြန်သိမ်း သွားတာပါ၊ မင်းတို့ ဖြိုခွဲလိုက်တာ မဟုတ်ပါဘူး။)
အဲ့ဒါ စစ်တပ်ရဲ့ အရည်အချင်း အမှန်ပဲ။
ခင်ရွှေလှိုင်ကိုခင်မင်ဖူးတဲ့ရဲဘော်ရဲမေတဦးအနေနဲ.အကြံပေးလိုတာကဘယ်အရာကိုမှ မိမိသမိုင်းကြောင်းနဲ.ဂုဏ်သိက္ခာအတွက်တွယ်ဖက်မနေပါနဲ.။အမှန်တရားကိုတွေ.ပြီသိပြီဆိုတာနဲ.ရဲရဲ ဝန်ခံပြီးအဖြစ်မှန်တွေကိုဖွင့်ချပါ။ကိုယ်အဖမ်းမခံရပြီးရောဆိုပြီးအခြားသူတွေအဖမ်းခံနေရချိန်မှာဖာသိဖာသာနေနိုင်ခဲ့တဲ့အတွက်အရှက်တရားထားပြီး မကဒတ ရဲ.ဂုဏ်သိက္ခာအတွက်ပြန်လည်ဆေးကြော ခြင်း၊မကဒတ မျက်နှာဖုံးအောက်မှာရာဇဝတ်မှုတွေကိုကျုးလွန်ခဲ့တဲ့ရာဇဝတ်သားတွေကိုဖော်ထုတ်ရေး အစီအစဉ်မှာပါဝင်ပေးပါ။အနည်းဆုံးတော့ကိုယ်ရဲ.မျိုးဆက်ကလေးတွေအနေနဲ.လူ.ဘဝထဲရဲရဲဝံဝံနဲ.သူများတွေမျက်နှာကိုကြည့်ရဲတဲ့သူတွေဖြစ်လာပါလီမ့်မယ်။ခင်ရွှေလှိုင်ရဲ. comment ထဲကလူ ၅ ယောက်လေက်ဆိုရင်ဖြစ်နိုင်ပါတယ်လို.ဆိုတော့ကျန်တဲ့လူ ၁၀၀ ကျော်မတရားဖမ်းဆီးခံခဲ့ရတာ။ သေတဲ့သူ ၄၀ လောက်ထဲက ၃၅ ယောက်လောက်ကတော့အပြစ်မဲ့သူတွေပါလို.ခင်ရွှေလှိုင်ဝန်ခံလိုက် ပြီပေါ.။အဲဒီတော့ GOSDA ရုံးကနေပြီးနိုင်ငံရေးလုပ်သွားတဲ့သူတဦးက မိခင်အဖွဲ. အနကလ ရဲ. ဥက္ကဌ ကဦးစီးပြီးလူသတ်ပွဲ၊နှိပ်စက်ပွဲလုပ်ခဲ့တာကိုတော့လက်ပိုက်ပြီးကြည့်နေခဲ့တာ။အနှစ် ၂၀ ကျော်ဘာမှ မပြောပဲနေခဲ့တာလိပ်ပြာသန်.ပါသလားလို.မေးချင်ပါတယ်။နောက်ပြီးသံခဲနဲ.ပက်သက်ပြီး သူယူထားတဲ့နေရာ၊သူမြောက်ပိုင်းနဲ.ပက်သက်ခဲ့မှုတွေအတွက်သူပြန်ပေးဆပ်ခဲ့တာကရာဇဝတ်မှုတွေကိုလက်ပိုက်ထိုင်ကြည့်ပြီးနှုတ်ပိတ်နေခဲ့ခြင်းပဲဖြစ်ပါတယ်။တောင်ပိုင်းမှာတယောက်နဲ.တယေက်အပြစ်ပုံချပြီးကိုယ်လွတ်ရုန်းဖို.ကြိုးစားနေတဲ့သူတွေအကြောင်း ခင်ရွှေလှိုင် ပိုသိမှာပါ။အမှန်ကိုမြင်ပြီး ပူးပေါင်းလာမယ်ဆိုရင်(ကိုယ်တိုင်ရာဇဝတ်မှုတွေကိုကျုးလွန်ထားတာမရှိလို.)အားလုံးကခွင့်လွတ်နိုင် ကြမယ်ထင်ပါတယ်။ခင်ရွှေလှိုင်အပါအဝင်မည်သူမဆိုရာဇဝတ်မှုဖော်ထုတ်ရေးအတွက်ပူးပေါင်းလာကြမယ်ဆိုရင်ကြိုဆိုပါတယ်။နောက်တခါတောင်ပိုင်းမှာထပ်မံခြီမ်းခြောက်ခြင်းခံနေရတဲ့ကျနော်တို.၇ဲ.သေဖော်သဖက် ၃ ဦးကိုလည်းခင်ရွှေလှိုင်ရဲ.ခင်ပွန်းမှတဆင့်အကာအကွယ်ပေးဖို.ပြောဆိုပေးပါ။ ရာဇဝတ်မှုအသစ်တွေထပ်မဖန်တီးကြပါနဲ.တော.။ များမျးလုပ်ထားတဲ့သူတွေကတော့များများအပြစ်ခံ ရမှာဖြစ်ပေမဲ့နည်းနည်းပဲလုပ်ထားတဲ့သူတွေကတော့နည်းနည်းပဲခံရမှာဖြစ်ပြီဲးအလျှင်းသင့်ရင်ခွင့်လွတ်မှုကိုခံစားရနိုင်ပါတယ်။မေးစရာလေးကျန်သွားလို.မေးကြည့်ပါရစေ။ခင်ရွှေလှိုင်က ဖြစ်ခြင်းဖြစ်ရင် စပိုင် ၅ ယောက်လောက်တော့ရှိလီမ့်မယ်ဆိုတော့အဲဒီသံသယရှိတဲ့ စပိုင် ၅ ယောက်ရဲ.နာမည်လေးကို တဆိတ်လောက်POSTမှာတင်ပေးစမ်းပါ။ဒီမှာကျန်ခဲ့တဲ့လူ၁၀၀လောက်ကဝိုင်းစုံစမ်းကြစစ်ဆေးကြ လုပ်ကြပေမဲ့ အနှစ် ၂၀ ကျော်တဲ့အထိတယောက်မှမပေါ်လို.ပါ။ဒါပေမဲ့ မကဒတ ထောက်လှမ်းရေးအဖွဲ.မှာပါခဲ့တဲ့သူတွေကတော့ မသင်္ကာံစရာလူတွေနဲ.ပေါင်း၊အဖွဲ.တွေနဲ.ပေါင်းပြီး မသင်္ကာံစရာအလုပ်တွေလုပ်နေကြနေလေရဲ.။ ခင်ရွှေလှိုင်ဆက်ရေးမဲ့ POST တွေကိုဆက်ဖတ်နေရအုံးမယ်လို.မျှော်လင့်နေတဲ့ ……………………
ညီညီ မြောက်ပိုင်းရဲဘော်ဟောင်း