ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။
Saturday, December 15, 2012
မေသင်္ကြန်ဟိန်
အောက်တိုဘာ ၆၊ ရန်ကုန်မြို့။
မိသားစုတိုင်း မိသားစုတိုင်းမှာ ရှိနေကြတဲ့ ချစ်မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်း၊ မျှော်လင့်ခြင်း…စတာတွေရဲ့ လေးနက်မှုနဲ့ တန်ဖိုးဆိုတာကို လူတိုင်း နားလည်ခံစားနိုင်ကြပါတယ်။
အဲဒီခံစားချက်တွေကိုအခြေတည်ပြီး ဖြစ်တည်ရှင်သန်နေကြရင်း ကိုယ့်မိသားစုထဲက  တစ်ဦး ဦးကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရချိန်မှာ  လူတိုင်းဟာ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့အတူ နှမျောတသဖြစ်ခြင်း ဆိုတဲ့ စိတ်ထိခိုက်ဖွယ်ရာ ခံစားချက်တွေကို တသီကြီး ခံစားကြရတာပါ
ကိုဋ္ဌေးနိုင်ရဲ့ မိခင်နဲ့နှမသားချင်းတွေကို တွေ့ဆုံလိုက်ရချိန်မှာတော့ သူတို့တွေမှာ အဲဒီလို ခံစားချက်တွေထက်ပိုတဲ့ ခံစားချက်တွေနဲ့ ထိခိုက်နာကျင်ခံစားနေကြရတာကို တွေ့မြင်ရသလို  နာကျင်တဲ့နှလုံးသားနဲ့ မိခင်အိုတယောက်ကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။
 “မသေခင်မှာ ရက်ရက် စက်စက် စွပ်စွဲခံရပြီး ရိုက်နှက်စစ်ဆေးတာတွေရှိတယ် သိသိချင်း ဘယ်လိုမှ မခံနိုင်တော့ဘူး… သူ မသေခင် ဘယ်လောက်ခံစားလိုက်ရရှာမလဲ ဆိုတဲ့…စိတ်နဲ့.. အိမ်ရာထဲ ဘုန်းဘုန်းလဲတော့တာပဲ“
မိခင်တယောက်အနေနဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းခြင်း၊ နှမျောတသဖြစ်ခြင်း၊ ကြေကွဲခြင်းတို့အပြင် … ရက်ရက်စက်စက် ကြုံတွေ့ခဲ့ရှာရပါလား ဆိုတဲ့ သားအပေါ် မိခင်တယောက်ရဲ့ကြင်နာသနားခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ နာကြင်ခြင်းနဲ့ မဖြေသိမ့်နိုင်ခြင်းတို့ကိုလည်း  တွေ့တွေ့ခြင်းနားလည် ခံစားစေခဲ့ရပါတယ်။
ဒီလို မျက်ရည်စိုနေတဲ့ မျက်ဝန်းတွေနဲ့ သွေ့သွေ့ခြောက်ခြောက် မိခင်အိုတယောက်၊ သား သေဆုံးမှုအတွက် နာကြင်ခံစားနေရတဲ့ မိခင်အိုတယောက်၊ ဖြစ်မှ ဖြစ်ရလေလို့ မဖြေသိမ့်နိုင်လောက်အောင် ကြေကွဲနေတဲ့ မိခင်အိုတယောက်…ကို ဘယ်လိုမေးခွန်းတွေနဲ့ စရမလဲ။ သူတို့ရဲ့ ခံစားချက်တွေနဲ့ ကိုဋ္ဌေးနိုင်ရဲ့ ရုပ်လုံးပေါ်လာအောင် ဘယ်လိုမေးရပါ့လို့ စဉ်းစားရင်း ကျမအတွက်လည်း ပင်ပန်းခက်ခဲလွန်းလှပါတယ်။
 (၁) မအေးအေးမာ
ကျမက ကိုဋ္ဌေးနိုင်ရဲ့ ညီမ အေးအေးမာပါ။ ကိုဋ္ဌေးနိုင်ကို အမေတို့က ၁၉၆၂ ခုနှစ်မှာ မွေးခဲ့ပါတယ်။
ကျမတို့ အဖေက ၁၉၅၈က စက်မှုအင်ဂျင်နီယာ ဘွဲ့ရပြီး၊ တရုပ်ကျူးကျော်ရန်ကို ကာကွယ်ဖို့အတွက် တပ်မတော်ထဲ ဝင်သွားပြီး တပ်မတော်အမှုထမ်းခဲ့သူတဦးပါ။
ကျမတို့ မောင်နှမတွေက အဖေတာဝန်ကျတဲ့ ဒေသတွေကိုလိုက်ပြီး ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ အဲလို နေထိုင်ရင်းနဲ့ ၁၉၇၈ မှာ တပ်မတော်ထောက်လှမ်းရေးရဲ့ မယုံကြည်ရတဲ့ အရာရှိ ၉၆ ဦး စာရင်းထဲမှာ ပါခဲ့တဲ့အတွက် အဖေ တပ်မတော်ကနေ ထုတ်ပါယ်ခြင်း ခံခဲ့ရတယ်။
ကျမအနေနဲ့ အကိုဖြစ်သူ ဋ္ဌေးနိုင်ရဲ့ ဘောလီဘောကစားရင်း အောင်မြင်ခဲ့တာကို ကောင်းကောင်းမှတ်မိနေသေးတယ်။
အကိုငယ်( ကိုဋ္ဌေးနိုင်)က ကျမတို့ငယ်ငယ်လေးကတည်းက အားကစားကို ဝါသနာပါတယ်။ ဘောလီဘော ကစားတာကောင်းတယ်။
သူက ကျမရဲ့ အကိုကြီး ကိုဋ္ဌေးတင့်လို စကားသိပ်မပြောဘူး။ သူက တည်တည်တန့်တန့်နေတတ်တယ်။ ဒါပေမဲ့ ညီမတွေအပေါ်ကိုတော့ ဂရုစိုက်တယ်၊ မိသားစုအပေါ်မှာလည်း သံယောဇဉ်ကြီးတယ်။ ပုံမှန်အားဖြင့်ခပ်အေးအေးနေတတ်ပြီး စကားကိုလိုရင်းပဲ ပြောတတ်တယ်။ ပြီးတော့ သူက လုပ်မယ်ဆိုရင်လည်း လုပ်တယ် မလုပ်ဘူး ဆိုရင်လည်း လုံး၀ မလုပ်ဘူး ရှင်းရှင်းပြတ်ပြတ် နေတတ်တဲ့ သူမျိုး။
သူက ဆယ်တန်းတက်တော့လည်း အားကစားချည်းလုပ်နေတာနဲ့ တော်တော်နဲ့ မအောင်ဘူး ၅ နှစ်လောက်နေပြီး ဖြေရတယ်။ အဲဒီ ၅ နှစ်လုံး ဘောလီဘောပဲကစားနေတော့ ဘောလီဘောမှာတော့ ထူးချွန်တယ်ပေါ့နော်။
ကျနော် ရှစ်တန်းလား ကိုးတန်းလား ရောက်တဲ့ နှစ်မှာ အကိုက တက္ကသိုလ်တက်နေပြီ။ သူက လှိုင်ဒေသကောလိပ်မှာ သချာၤအဓိကနဲ့ ၁၉၈၄ မှာ ဝင်ခွင့်ရပြီးကျောင်းတက်တယ်။ ကျောင်းမှာ ဘောလီဘောကစားတာ ထူးချွန်လို့ နာမည်ကြီးတယ်ပေါ့။
ဘောလီဘောကစားတဲ့ သူ့နံပတ်က 4 ဆိုတော့ သူ့ကို No.4 ဆိုရင် လူတိုင်း သိတယ်။ သူက ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ ဒီနံပတ်ကိုပဲ ယူသွားတာဆိုတော့ သူ့ကို ကျောင်းကတွဲသိတာက No.4 လို့ တွဲသိတာပေါ့။
ဘောလီဘောကစားတဲ့အခါမှာလည်း သူက လူကြိုက်များတဲ့ ထဲမှာပါတယ်၊ ကျမတို့ စတိတ်ကျောင်းသူ ဘဝကတည်းက အကို ဘောလီဘောစကားတဲ့ နေရာတွေကို လိုက်လိုက်ပြီး အားပေးခဲ့တာ။ သူက RC-2 ပေါ့ ဆရာကြီး ဦးကောင်းညွှန့်လက်ထပ်မှာ ဆရာကြီးနဲ့ တွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း သူ့မှာ ရှိတယ်။
မှတ်မှတ်ရရပဲ သူက သူငယ်ချင်းတွေနဲ့ အဆောင်မှာ ဖဲရိုက်တယ်၊ ဖဲရိုက်တော့ သူတို့ကျောင်းက ပါချုပ်က အမေ့ကို ခေါ်တယ်ပေါ့။ ကိုဋ္ဌေးနိုင်ကိစ္စကို လာရှင်းဖို့ပေါ့။ အမေက သွားရှင်းတဲ့အချိန်မှာ အမေ ထွက်လာတဲ့အချိန်မှာ အကိုငယ်က ရှင်းပြီးပြီ။ ပါချုပ်အခန်းရှေ့မှာပဲ အမေ သွားရှင်းဖို့ မလိုတော့ဘူး ဆိုပြီးတော့ သူက ပြောတယ်။
ဘာကြောင့်လဲဆိုတော့ သူက အဲဒီလို မဖြစ်ခင် ၂ ရက် ၃ ရက်လောက်အလိုမှာပဲ ကျောင်းမှာ အကောင်းဆုံး အားကစားသမားဆု ရထားတယ်၊ ရထားတော့ သူ့ကို ပါချုပ်က မှတ်မိနေတယ်။ အဲဒါတွေလည်း ပါမှာပေါ့။ ကျမအတွက်ကတော့ လူကြိုက်များတဲ့ နာမည်ကြီးတဲ့ ခပ်တည်တည်ခပ်အေးအေးနေတတ်တဲ့ အကိုအတွက် ဂုဏ်ယူမိတာပေါ့။  ၁၉၈၆ မှာ မြန်မာ့လက်ရွေးစင် ပဏာမထိ အရွေးခံခဲ့ရတယ်။
နောက် ၁၉၈၈ မှာ ကျနော်က ဒုတိယနှစ်တက်ပြီ အကိုက နောက်ဆုံးနှစ်ပေါ့နော်။ တံတားနီ အရေးအခင်းဖြစ်တဲ့ နေ့ကို မှတ်မိနေသေးတယ်။
အဲဒီနေ့က ကျနော့်အကိုက စိတ်တွေ တိုပြီး အိမ်ပြန်လာတာ ကျနော်မှတ်မိတယ်။ သူက ပါးစပ်ကလည်း ကျောင်းသူလေးတွေကို …ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…အဲလိုလည်း ပြောပြီး စိတ်တွေအရမ်းတိုပြီး အိမ်ပြန်လာတယ်။ အဲဒီလို သူ စိတ်တိုလာတာကိုလည်း ထူးခြားလို့ မှတ်မိနေခဲ့တယ်။
နောက် မြေနီကုန်းအရေးအခင်းပေါ့။ အဲဒီမြေနီကုန်းအရေးအခင်းမှာတော့ သူကိုယ်တိုင်ပါနေခဲ့ပြီ။  သူကိုယ်တိုင် ပါဝင်နေတော့ မျက်ရည်ဗုံးအကွဲခံရတာတွေလည်း သူပြောပြတယ်။ မျက်ရည်ဗုံးထိတဲ့ ကျောင်းသားတွေကို လိုက်ရှာပြီး ဖမ်းတာတို့ ဘာတို့လည်း ရှိတော့ အဲဒီမြေနီကုန်းက စာပေဗိမာန်ဆိုလား…ဘယ်ဋ္ဌာနကလည်းတော့ သေချာမသိဘူး သူတို့က မျက်ရည်ယိုဗုံးထိတဲ့ကျောင်သားတွေကို မျက်နှာတွေ ကယ်ပြီး သစ်ပေးပြီးမှ စိတ်ချရတဲ့အချိန်မှ အပြင်ထွက်ခွင့်ပေးတာပေါ့ အဲဒီအကြောင်းတွေလည်း သူပြောပြလို့ သိရတာပါ။
အဲဒီနေ့ကလည်း အိမ်ပြန်ရောက်တဲ့အချိန်မှာပေါ့ အမေရယ် …သေကုန်ပြီ …ကျောင်းသားတွေ သေကုန်ပြီ ဆိုပြီးတော့…ငိုပြီး ပြောတာ။ သူ မျက်ရည်ကျတာပေါ့နော်..အဲဒီကနေ သူက နိုင်ငံရေးဘက်ကို ရောက်သွားတော့တာ။
မိန်းထဲမှာလည်း ကိုမောင်မောင်ကျော်တို့နဲ့ နိုင်ငံရေးလုပ်တယ် အဲလို လည်း တစွန်းတစ  ကြားရတယ်။ သူ နိုင်ငံရေးကို စိတ်ဝင်စားတယ်ပေါ့ အိမ်ကတော့ အဲလိုပဲ နေလိုက်တာပေါ့။
အဲဒီမှာ ၁၉၈၈လောက်မှာပဲ့ တအားအုံကြွလာတဲ့အချိန်မှာ သူ အပြင်တွေ ဘာတွေ သိပ်မထွက်တော့ဘူး။သူ အိမ်ထဲမှာပဲ နေတာ များတယ်။ အဲဒီတုန်းက တကယ်လုပ်တာက ကိုကြီး သူက လှိုင်မြို့နယ်ကျောင်းသား သမဂ္ဂတွေ ဘာတွေလုပ်တယ်။
ကျနော်တို့အဲဒီတုန်းက နေတာ လှိုင်မှာဆိုတော့ လှိုင်မြို့နယ်မှာ အဲဒီတုန်းက ပြဿဖြစ်သေးတယ်။ တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တပ်နဲ့ ပြည်သူတွေကြားထဲမှာ ရပ်ပေးပြီး လုပ်ပေးတာတွေဘာတွေ ရှိသေးတယ်။ သူက တကယ်တော့ ြ့ပဿနာ မဖြစ်အောင်ရှင်းပေးတာ၊ အဲလို ရှင်းပေးတာကို ဥက္ကဋ္ဌက တပ်နဲ့ ပေါင်းတာလား ဆိုပြီး အထင်လွဲတာတွေ ဘာတွေလည်း ရှိတယ် ကျနော်တို့ရဲ့ အကို…ကို။
အဲဒီလိုပဲ နိုင်ငံရေးလုပ်နေကြရင်းနဲ့ နောက်ကျတော့ တော်တော်များများလည်း ထွက်ကုန်ကြတယ်၊ အကိုတို့လည်း ဆက်နေလို့မရတော့ဘူး။ ဒါနဲ့ ကိုကြီးက ကျနော်ရှောင်နေလိုက်မယ် အမေ ဆိုပြီး အမေ့ကို ခွင့်တောင်းတော့ ကိုငယ်ကလည်း ကိုကြီးကို စိတ်မချဘူးတဲ့ …သူလည်း လိုက်သွားမယ်ပေါ့၊ သူငယ်ချင်းတွေလည်း ထွက်ကုန်ကြပြီဆိုတော့ သူလည်း ညီအကိုနှစ်ယောက်အတူတူ ထွက်မယ်လို့ ခွင့်တောင်းပြီး ထွက်သွားခဲ့ကြတာ။
အဲဒီကတည်းက ညီအကို နှစ်ယောက် ထွက်သွားလိုက်ကြတာ…ဒီနေ့ထိ အိမ်ပြန်ရောက်မလာကြတော့ဘူး။
၁၉၉၄ လောက်မှာတုန်းကတော့ ကိုဋ္ဌေးနိုင် သတင်းသဲ့ သဲ့ကို ကြားရသေးတယ်၊ နယ်စပ်ဘက်သွားတဲ့  ကုန်သည်တယောက်ဆီကလား  ဘယ်ကလဲတော့ သေချာမသိတော့ဘူး။ ကိုဋ္ဌေးနိုင် ကို ဆေးထိုးသတ်လိုက်တယ်…တဲ့။ ကိုဋ္ဌေးနိုင် အချုပ်ခန်းထဲမှာ ဝဲတွေပေါက်တယ်တို့…အဲလိုမျိုး ကြားရတာ တခုမှလည်း မကောင်းဘူး၊ ကြားတော့ သေချာမေးတော့လည်း ဘယ်သူကမှ သေသေ ချာချာ မပြောနိုင်ဘူး ဆိုတော့ ကျနော်တို့က မယုံဘူး။ ဘာမှလည်း တိတိကျကျ မသိရဘူး၊ အစိုးရကပဲ တောခိုသွားတဲ့ ကျောင်းသားတွေ ဒီလိုဖြစ်တယ်ဆိုတာကိုပဲ သတင်းလွှင့်သလား ဆိုပြီးတော့ မယုံခဲ့ဘူး။ လာပြောလို့ကြားရင်လည်း အရေးမလုပ်ဘဲနဲ့ အမှန်လို့ကို မယူဆခဲ့ဘူး။ အဲလိုနဲ့ပဲ နေလာတာ။
အဲလိုနဲ့ နေလာတုန်းမှာ ၁၉၉၅ မှာ ကိုကြီး ကိုဋ္ဌေးတင့်က စပြီး ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ကိုငယ်ရောလို့ မေးတယ်၊ မေးတော့ သူက ဋ္ဌေးနိုင် မြောင်းထဲ ရောက်သွားပြီလို့ သူကလည်း အဲဒါပဲ ပြောတယ်။
အကိုကြီးကတော့ ဖုန်းနဲ့ အသံလေး ဘာလေး ကြားရသေးတယ်။ အကိုငယ်ကိုတော့…အဲဒီနေ့ကတည်းက စပြီး အသံလည်း မကြားရ လူလည်း မမြင်ရ တော့တာ၊ ပြီးတော့ သတင်းလည်း မကြားရဘူး။ အကိုကြီးကလည်း ပါးစပ်ကနေ ပြောမထွက်လို့ ထင်ပါရဲ့ အကိုငယ်အကြောင်း မေးရင်လည်း မပြောဘူး။
သူက မြောင်းထဲရောက်သွားပြီလို့ ပြောတာက  သေတယ်လို့လည်း ယူဆမယ်ဆိုရင် ယူဆလို့ရတယ်၊ ဒါမှမဟုတ် မကောင်းတဲ့ နေရာ တခုခုကို ရောက်သွားတယ်လို့လည်း ယူဆလို့ရတယ်ပေါ့..ကျနော်တို့လည်း ဇဝေဇဝါနဲ့ပဲ နေလာတာ။ သူက မပြောပေမဲ့ အိမ်က သိချင်တာပေါ့နော်။ တခုခုတော့ တခုခုပဲပေါ့၊ ဘာမှန်းလည်း မသိဘူးပေါ့။
စိတ်ပူတာတော့ ပူတာပေါ့။နောက်တော့ ခုလို …သူများတွေ အိမ်ပြန်ချိန်ရောက်လာပြီး ကိုယ့်အကိုတွေ ပြန်မရောက်လာတော့မှ အကိုကြီးက အကိုငယ်အကြောင်း ကိုပြောပြတယ်။
ကြားကြားခြင်း ကျနော်တို့ မိသားစုတော်တော်လေး ခံစားရပါတယ်။ သူ့ကို ဘယ်လိုနှက်စက်တယ်တို့ ဘာတို့ ကြားရတော့ ….
.................ဆက်တောင် ပြောလို့မရတော့ဘူး။
သူ မသေခင်…ဘယ်လောက် ခံစားလိုက်ရမလဲ…ဆိုတဲ့ စိတ် နဲ့…ကျနော်တို့ အရမ်း စိတ်ထိခိုက်တယ်။
-------------------အမေလည်း အိပ်ရာထဲ လဲ…။
ကျနော်တို့တောင် ဒီလောက်ခံစားရတာ အမေဆိုရင်… အိပ်ယာထဲ လဲတော့တာပဲ။
အဲဒီအချိန်မှာ မိုးသီးဇွန်တို့ကလည်း မြန်မာပြည် ပြန်လာတာတွေကို ဂျာနယ်တွေစာစောင်တွေထဲမှာ ပါတာ ဖတ်ရတယ်၊ ဂျာနယ်တစောင်ထဲမှာ သူက ကိုဋ္ဌေးနိုင်နဲ့ပတ်သက်ပြီး မဟုတ်တာတွေ ပြောထားတာ ရေးထားတာလည်း တွေ့ရတယ်။
ကျနော်တို့ အကို ကိုဋ္ဌေးနိုင်က ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ ကျနော်တို့က သိတာပေါ့။ အဲဒါကို မဟုတ်တာကို စွပ်စွဲပြီး နှိပ်စက်တာ သေတဲ့အထိတောင် ဖြစ်ရတယ်ဆိုတော့ ဒေါသလည်း ထွက်တယ်၊ အရမ်းလည်း ခံပြင်းတယ်။
 (၂)ဒေါ်ခင်မေမြင့်( ကိုဋ္ဌေးနိုင်ရဲ့ မိခင်)
ကျမ သား ထောက်လှမ်းရေး မဟုတ်ဘူး ဆိုတာ အမေ တယောက်အနေနဲ့ ကျမ သိတယ်။ လုံးဝလည်း အာမခံတယ်။
အမေတယောက်အနေနဲ့ သူ့ကို ထောက်လှမ်းရေးလို့ စွပ်စွဲတာကိုလည်း လုံး၀ ငြင်းပါယ်တယ်။ သေချာ အာမခံပြီးတော့လည်း သူ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း ကိုပြောနိုင်တယ်။
အမေကတော့ကိုယ့်သား အတွက် အမှန်တရားဖော်ထုတ်ချင်တယ်၊ မိုးသီးဇွန် သူ့ဟာသူ နိုင်ငံရေးလုပ်တာ မလုပ်တာကိုလည်း ကိုယ်နဲ့ မဆိုင်တော့ စိတ်မဝင်စားဘူး။ အမေကတော့ အမေ့သား ဒီလိုဖြစ်ခဲ့ရတဲ့အတွက် အမှန်တရားကိုတော့ ဖော်ထုတ်ရမယ်။ ဖော်ထုတ်ချင်တယ်။ ခံထားရတာ ရက်ရက်စက်စက် နှိပ်စက်ခဲ့တာဆိုတော့လေ။
သာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်းကို အမေက ရဲရဲအာမခံနိုင်တယ်။ ဒါကိုအမေ ကောင်းကောင်း သိတာပေါ့။
အမေ့မှာက သားနှစ်ယောက်တောခိုသွားပြီးတဲ့နောက်မှာ အမျိုးသားကလည်း ဋ္ဌာန ဆိုင်ရာကဆိုတော့ ရှင်းရတာတွေလည်းရှိတယ်။ သားနှစ်ယောက် တောခိုသွားတော့ အန်ကယ်က ဖြေရှင်းချက်တင်ရတယ်။ သားတွေ ထွက်သွားလို့ ဋ္ဌာနက အလုပ်ကို ထိခိုက်တာမျိုးတွေ ဘာတွေတော့ မရှိပါဘူး။
သူကတော့ “ဒီအရွယ်ကြီးတွေကို ဘယ်လိုလုပ်ပြီး လိုက်အုပ်ချုပ်လို့ရမှာလဲ၊ သူတို့ ရည်ရွယ်ချက် သူတို့ ခံယူချက်နဲ့ လုပ်ကြတာ ကျနော်လည်း မတတ်နိုင်ဘူး“ လို့ အဲလိုပဲ ပြောတယ်။
အန်တီတို့ အိမ်က သားသမီးကို ဖိနှိပ်ထားတဲ့ အိမ်မျိုး မဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ဟိုတုန်းကလည်း အန်တီ သားသမီးကို အဲလိုပဲ ပြောတယ် သူတို့ယုံကြည်ချက် သူတို့ ခံယူချက်ပေါ့ မိဘနဲ့ အမြင်မတူတာလည်းရှိမှာပေါ့။
တကယ်တမ်း သူတို့ နိုင်ငံရေးလုပ်တော့လည်း မေမေ ကျနော်တို့ နေလို့မရတော့ဘူး ဆိုတဲ့ နေ့မှပဲ သိရတော့တယ်။ များသောအားဖြင့် သားကြီးက ခဝဲခြံမှာနေတယ်။ သားက အဆောင်မှာနေတယ်။အဲလို နေရင်းနဲ့ ၈၈ ခုနှစ်မှာ အရေးအခင်းကြုံပြီး  နိုင်ငံရေးဘက်ကို ရောက်သွားကြတာ။
အဲဒီတုန်းကလည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့လုပ်နေတဲ့အတွက် အမေတယောက်အနေနဲ့ ဘာမှ ပြောခဲ့တာမျိုး ဆိုခဲ့တာမျိုးလည်း မလုပ်ခဲ့ဘူး။ ရှောင်နေဦးမယ်လို့ ပြောတော့လည်း မတားခဲ့ပါဘူး၊ အဲဒီနေ့ကစပြီး ဒီနေ့ထိ အိမ်ပြန်မလာတော့တာပါပဲ။
တောခိုသွားတော့လည်း သားတွေနဲ့ပတ်သက်ပြီး  သတင်းတွေဘာတွေက တော်တော်နဲ့ မကြားရဘူး။ တစွန်းတစလောက်ကြားရတာ နယ်စပ်သွားတဲ့ သူတွေဘာတွေက ပြောကြတာ နယ်စပ်မှာ အန်တီ့ သားကြီးကိုတွေ့တယ်ပေါ့၊ အန်တီ့လိုပဲ မှဲ့နဲ့ပေါ့ ပြီးတော့ အဲဒီလမ်းက ပန်းခင်းလမ်း မဟုတ်ဘူး ဘာဘူးပေါ့အဲလို ခက်ခဲတဲ့ လမ်းမျိုး ဆိုတာလောက် ပြောကြတယ်။
နောက် အန်တီ့ကို လှိုင်မြို့နယ် ရဲစခန်းက ခေါ်စစ်တယ်၊ အန်တီ့သားတွေနဲ့ အဆက်အသွယ်ရှိလားတဲ့ မရှိပါဘူး လို့ပြောတော့ ရှိရင် ကျနော်တို့ ဆီကို အကြောင်းကြားပါတဲ့ အဲလို ပြောတော့ အန်တီက ပိုတောင် သိချင်သေးတယ်လို့ အန်တီက မွေးမိခင်ပဲ ပိုသိချင်တာပေါ့ ခုလို ဘာမှ မသိလို့တောင် စိတ်ပူနေရတယ် ပိုသိချင်သေးတယ်လို့ တကယ်လို့ ဆရာတို့ သိရင်လည်း အန်တီကို ပြန်ပြောပါလို့ ပြောလိုက်တယ်။ အဲဒါက တခါ ရဲစခန်းက ခေါ်မေးတာခံရတာ။
နောက် အန်တီ့အမျိုးသားက ရွှေတောင်မှာ တာဝန်ကျတယ်၊ တာဝန်ကျတော့ကျောင်းပိတ်တော့ အန်တီတို့ အဲဒီကို လိုက်သွားကြတာ။ အဲဒီလို လိုက်သွားတော့ ထောက်လှမ်းရေးက လာတယ်ပေါ့ အန်ကယ့်ကို မေးတာ သားနှစ်ယောက်တောခိုတာ ရောက်နေတယ် ကြားလို့တဲ့..။ အဲဒါနဲ့ပတ်သက်ပြီး တိုင်လို့တဲ့ အဲလိုပြောတော့ အန်ကယ်က ကျနော့်သားတွေရှိပါတယ် ဆိုပြီး အိမ်မှာ ရှိတဲ့ ဋ္ဌေးဝင်းတို့ ဋ္ဌေးမြင့်တို့ကို ထုတ်ပြတယ်။ အဲဒါ ကျနော့်သားတွေပဲ့ ဆိုတော့…လာမေးတဲ့ ထောက်လှမ်းရေးက  ဟာ စိတ်မရှိပါနဲ့ ဗိုလ်ကြီးရယ်တဲ့…ကျနော်တို့ကို တိုင်တဲ့ သူ ရှိလို့ပါ ဆိုပြီး ပြန်သွားကြတယ်။
အဲလိုတွေပြီးတော့ဋ္ဌေးနိုင်နဲ့ပတ်သက်ပြီး သတင်းကြားရလာရတာ ပိုများလာတယ်။ အဖမ်းခံရတယ်လို့လည်း ကြားတယ်၊ ဝဲတွေပေါက်နေတယ် ကျန်းမာရေး မကောင်းဘူးလို့လည်း ကြားရတယ်။ မယုံဘူးပေါ့။ မဟုတ်နိုင်ပါဘူးလို့ပဲ ထင်နေခဲ့တာ။
အဲဒီမှာ အန်တီသူ့ကို အိပ်မက် မက်လိုက်သေးတယ်။ သားနှစ်ယောက်တောခိုသွားတယ် အိမ်ကနေ ထွက်သွားတယ်ပေါ့ သားအကြီး ကိုဋ္ဌေးတင့်ကို ဘယ်တော့မှ အိမ်မက် မမက်ဘူး။ သူ့ကိုပဲ့ မက်တယ်။ သူ သေပြီဆိုတာကို မသိရခင်ကတည်းက အိမ်မက် မက်မက်နေတာ။
အဲဒါကို အိမ်က သားတွေနဲ့ သမီးတွေကို ပြောရတယ်၊ ထူးဆန်းတယ်လို့ ငါဋ္ဌေးတင့်ကို ဘယ်တော့မှ မမက်ဘူးလို့ ဋ္ဌေးနိုင်ကိုပဲ အိမ်မက် မက်နေတာ ဆန်းတယ်လို့။ အိမ်မက်ထဲမှာ အိမ်ပြန်လာတယ် ပြီးရင် ဘယ်တော့မှလည်း အိမ်ထဲ မဝင်ဘူးလို့ ဒီအတိုင်းပဲ ပြန်ပြန်ထွက်သွားတယ်လို့။ ဆိုက်ကယ်လေး စီးပြီး ပြန်ထွက်သွားတယ်လို့ အဲလိုပဲ သားငယ်ကို အမြဲမက်တယ်။တောက်လျှောက်ကို မက်နေတာ။
နောက် မှတ်မှတ်ရရ ဘာလဲဆိုတော့ သားတယောက်က အိမ်ရှေ့ကနေ မဝင်ဘဲနဲ့ အိမ်နောက်ဘေး မီးဖိုချောင်အပေါက်ကနေ ပြေးပြီးတော့ အိမ်ထဲကို ဝင်သွားတာ။ အဲဒီမှာ ချွေးမကလည်း အိမ်မှာ အန်တီက ချွေးမကို မိုးမိုးကျော်ရေ..နင့်ယောင်္ကျားနင့်ကို ပုန်းနေတယ်လို့ ပြောလိုက်သေးတယ်။ မီးဖိုချောင်ထဲမှာ ဆိုတော့ မိုးမိုးကျော်က ဟုတ်လားဆိုပြီး ထွက်လာတော့ ဟဲ့..ဟဲ့… မဟုတ်ဘူး မဟုတ်ဘူး အဲဒါ ဋ္ဌေးနိုင် ဋ္ဌေးနိုင်လို့ ပြောလိုက်တယ်…အဲဒီမှာ သားကပြန်ထွက်မသွားဘူး။ အန်တီက အမြဲတမ်း သူ ပြန်ပြန် ထွက်သွားတာကိုပဲ့ တွေ့ရတော့ ဒီတခါ ပြန်ထွက်သွားတာ မတွေ့ရဘူးဆိုပြီး အံ့သြသွားတယ်။
အဲဒါနောက်ဆုံး မက်ပြီး ခုထိ ပြန်မမက်တော့ဘူး။
အမေတယောက်အနေနဲ့ကတော့ သူများတွေ ပြန်လာတဲ့အချိန်ရရင် ငါ့သားတွေလည်း ပြန်လာမှာပဲလို့ မျှော်လင့်တာပဲ။ အဲလို အချိန်မှာ ခုလို သားတယောက် ရက်ရက်စက်စက် အလုပ်ခံရပြီး သေရတယ်ဆိုတာကို အမေတယောက်အနေနဲ့ မကျေနပ်ဘူး။
သူတို့က ရန်သူလို့ သတ်မှတ်ရင် တခါတည်း ပစ်သတ်လိုက်…အဲလို သေတယ်ဆိုတာက ခုလိုမျိုးဖြည်းဖြည်းခြင်း ညင်းဆဲပြီး ဝေဒနာတွေခံစားရ၊ ဝဲတွေပေါက်၊ ရောဂါဝေဒနာရော …အဲလိုမျိုးတွေ ခံစားရပြီး မှ သတ်ပြစ်တာမျိုးကို မခံနိုင်ဘူး။
လူတယောက်ရဲ့ ခံစားမှုထက်ကျော်လွန်ပြီး  ခံစားလို့မရဘူးပေါ့ အမေတယောက်အနေနဲ့။
ထောက်လှမ်းရေးလို့ စွပ်စွဲမယ်ဆိုရင် ဟုတ်နိုင် မဟုတ်နိုင် ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဘဲနဲ့ လုပ်ရသလား၊ ထောက်လှမ်းရေ းတယောက်ဖြစ်ဖို့ ဆိုတာ လွယ်တာ မှ မဟုတ်တာ၊ အန်တီတို့သားက လုံး၀ ထောက်လှမ်းရေး မဟုတ်ကြောင်း အန်တီကိုယ်တိုင် အသက်နဲ့ လဲပြီး အာမခံတယ်။ တာဝန်ယူတယ်။ သူတို့ရော ထောက်လှမ်းရေးလို့ စွပ်စွဲပြီး လုပ်ခဲ့တဲ့အပေါ်မှာ ဘယ်လို တာဝန်ယူမလဲ။
ထောက်လှမ်းရေးလို့ ဝန်ခံခိုင်းခဲ့တာကလည်း ဘယ်လိုနှက်စက်ခဲ့သလဲ …နှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး ဝန်ခံကြမှာပဲ ၊မတရားနှိပ်စက် ငြင်းပမ်းတာကို ခံလိုက်ရလို့သာ ဝန်ခံခဲ့ကြတာလေ။ အဲဒါကို အမှန်လို့ ယူဆလို့ မဖြစ်ဘူးဆိုတာ သူတို့ သိရမှာပေါ့။
အမေတို့ သိနေတာပဲ မြောက်ပိုင်း ကျောင်းသားတွေလည်း ညှင်းပန်းနှိပ်စက်ခံရတယ်၊ သူတို့လည်း ကိုယ့်အသားနာလွန်းလို့ မခံနိုင်ဘူး ပြောမိပြောရာ ပြောကြတာပဲ။ အဲဒီသဘောတွေ။
နောက် အန်တီက ဒီရက်ပိုင်းတွေမှာ တအားခံစားလိုက်ရတယ် သား ဒီလို ဆုံးတာ ပြီးတော့ ဂျာနယ်တွေမှာလည်း မိုးသီးဇွန်တို့က ဋ္ဌေးနိုင်နဲ့ ပတ်သက်ပြီး လုပ်ကြံပြောကြတာနဲ့ပတ်သက်ပြီး ခံစားရတယ်။
ဖြစ်နိုင်ရင် မိုးသီးဇွန်ကို မေးချင်တယ် မျက်နှာချင်းဆိုင်ပြီး လက်ညှိုးထိုးပြီးတော့ပေါ့။ ငါ့သားကို ငါက ထောက်လှမ်းရေး မဟုတ်ကြောင်း တာဝန်ခံတယ် တာဝန်ယူတယ် နင်ကရော ဘယ်လိုတာဝန်ယူသလဲပေါ့၊ မေးလိုက်ချင်တယ်။ လက်ညှိုးထိုးပြီးတော့ပေါ့။တကယ့်လို မေးချင်ပါတယ်။
အိုးဝေအောင် အိုးဘားမား, Lin Htein, April Kyu Kyu and 152 others like this.
310 shares
Kaw Kaw Kyo မိုးသီးဇွန်က တိုင်းတာလား မိုးသီးဇွန်ကို တိုင်တာလား
15 hours ago · Like · 7
ဦး ယဉ်ကျေး အေးဗျ ။ အဲလိုဖြစ်နေတယ် ခေါင်းစဉ်က ။သို့ပေမယ့် အကြောင်းအရာကတော့ မိုးသီးဇွန်ကို ဒေါ်ခင်မေမြင့် တိုင်ချက်ဖွင့်တာပဲဗျ ။
15 hours ago · Like · 7
Kaw Kaw Kyo စိတ်ဝင်စားအောင် ခေါင်းစဉ်တင်တယ်လို့ပဲ မြင်မိတယ်..။ သတင်းကို ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ်တော့ မဝေဖန်တော့ပါဘူး...ကိုယ့်ထက်တတ်လို့ ဂျာနယ်လုပ်တာပဲ ကိုယ့်လို ကူလီ ထမ်း သူမဟုတ်တော့ မဝေဖန်တော့ပါဘူးကွယ်...
15 hours ago · Like · 4
Kaw Kaw Kyo တော်ကြာ ထပ်ဆဲနေဦးမယ်...။ ကိုယ်တွေက အရေထူပေမယ့် ဆဲသူမှာ အကုသိုလ်များနေပါဦးမယ်..ခွိခွိ
15 hours ago · Like · 7
ဦး ယဉ်ကျေး ကို Kaw Kaw Kyo , ဘယ်လို...ဘယ်လို ..ကူလီကိစ္စလေး ပါဝင်လာသလဲဗျ ။ စိတ်ဝင်စားလို့ ရှင်းပြပေးပါဦး ။
15 hours ago · Like
Kaw Kaw Kyo ကျုပ်က ကူလီထမ်းတာကိုပြောတာပါဗျာ..
15 hours ago · Like
Kaw Kaw Kyo တို့က ဘာမှ တတ်တာမဟုတ်ဘူး..တော်ကြာ ဂျာနယ်တစ်စောင်ကို ဝေဖန်ရကောင်းလားဆိုပြီး မြန်မာလို ဆဲတာတွေ မမြင်ရက်လို့ပါဗျာ...သိတဲ့အတိုင်းကျုပ်တို့ဆီမလဲ...ဆွမ်းကြိးလောင်းဆိုတဲ့ စကားကို တစ်လွဲသုံးနေကြတာ မဟုတ်လား....ဘာပြောပြောဆဲမယ်ဆိုတော့...ခွိခွိ...လွတ်ရာပြေးတာပါ ဦးလေးရာ..။ (ဦးလေးက ကျွန်တော့်ကို ဆဲမယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘူးနော်၊တော်ကြာ စိတ်ထဲမယ် စနိုးစနောင့်ဖြစ်နေမှာ စိုးလို့ပြောတာ)
15 hours ago · Like · 5
ဦး ယဉ်ကျေး ဟုတ်တယ်ဗျ ၊ ကျုပ်တို့ရဲ့ စွတ်တုပ်ထ မဏ္ဍိုင်ကြီးတွေ ဆိုတော့ ဂါ ..........? တော်ကြာ ..... ရောင်တော်ပြန် ဘန်ဂါလီတွေက ဝင်ဝင်ဆဲတတ်လွန်းလို့ ။
15 hours ago · Edited · Like · 9
Aung Gyi Gsc ဒီအချိန်ကြမှဘာဖြစ်လို့ပေါ်လာတာလဲ.....မိုးသီမှာအပြစ်ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီရရင်တရားစွဲပါ.....မကြေနပ်ဘူးဆိုရင်လဲနိုင်ငံတကာခုံရုံးမှာတင်လို့ရတယ်....အရင်စစ်အစို့ရတွေသတ်ခဲံ့တာကြတော့ဘာဖြစ်လို့တရားမစွဲတာလဲ
15 hours ago · Like
ဦး ယဉ်ကျေး အဲဒါတော့ မသိဘုူးဗျ ကိုအောင်ကြီးရ ။ ဒေါ်ခင်မေမြင့် က တော့ စစ်မှန်တဲ့ ဒီမိုလား ၊ ဘာလားတော့ နားလည်ချင်မှ နားလည်လိမ့်မယ်ထင်တယ် ။ မိုးသီးဆိုတာကလည်း စူဋ္ဌလိပ် မဟုတ်လားဗျ ။ ဒီတော့ ပေါ်လာတုန်းလေး တိုင်ချက်ဖွင့်ထားတယ်ဆိုတဲ့ သဘောပေါ့ဗျာ ။ ဒီမိုကရေစီ စနစ်ကြီးထွားမှ တရားစွဲပါဆိုတာကတော့ နဲနဲများ လွဲနေမလားလို့ပါ ။
15 hours ago · Like · 13
Ko Phyo -------------------------------------------------------------------------------------
မျိုးချစ် သူရဲကောင်း
12 minutes ago near Rangoon
မိတ်ဆွေများခင်ဗျာ... addသူရော၊ tag သူရော ခုအခါတော်တော်များလာပါတယ်။ ဘာတွေမှန်းသိတာသိတယ်။ မသိတာမသိပါဘူး။ tag လဲမလုပ်ကြပါနဲ့။ အလုပ်ပိုကြမှာစိုးလို့ပါ။ ကိုယ့်ဟာကို တင်ကြပါ။သူများဝေါပေါ် အိပ်ချိန်ကျမှ tag လုပ်ပြီး ချုံခိုမတိုက်ပါနဲ့။ ကိုယ့်အဆင့်တန်းနဲ့တန်အောင် လုပ်ကြပါ။ မိချောင်းမင်းရေကင်းပြတာမျိုး တလွဲတွေ ရေးနေတာမျိုး ကျွန်တော်နဲ့မဆိုင်ပါ။ သေချာသိကြပြီးမှ ဝေဖန်ပါ။ စာရေးရင်နာမည်တပ်ရေးပါတယ်။ ဘယ်သူ့မှဆော်ကားတဲ့ စာမရေးပါဘူး။ အားလုံးကျွန်တော်ထက်တော်ကြပါတယ်။
မျိုးချစ်သူရဲကောင်း
1း14am
12.15.2012
-----------------------------------------------------------------------------------
ကျွန်တော်က သတင်းဂျာနယ်တစ်စောင်ရဲ့ ဒီဇိုင်နာပါ။ သူများတွေမသိနိုင်သေးတဲ့ သတင်းတွေကို သိအောင်၊ ပြန့်အောင် လုပ်ပေးမယ်။ ဒါကျွန်တော့် ရည်ရွယ်ချက်ပါပဲ။ ရှင်းရှင်းလေးပါ။ ဒီတော့ နီးစပ်ရာလူကို tag ပေးမယ်။ မကြိုက်ရင်ဖျက်လိုက်ပါ။ စိတ်မဆိုးပါဘူး။
သတင်းဟာ သတင်းပါပဲ။ သတင်းဟာ မိကျောင်းမင်းရေခင်းတာတွေ၊ ချုံခိုတာတွေ၊ အဆင့်အတန်းတွေ မပါပါဘူး။
15 hours ago · Like · 5
Aung Gyi Gsc ကျနော်ပြောတာကအခုချိန်မှာခဏမေ့ထားပါ...ကျနော်တို့မှာအင်အားတွေလျှော့သွားမယ်ထင်လို့ပါအခုဟာကစစ်ဒီမိုကရေစီပါပြည်သူအတွက်ဘာမှအသုံးမဝင်တဲ့ဒီမိုကရေစီပါမိုးသီကလဲပြောထားပါတယ်
14 hours ago · Like
Aung Gyi Gsc အခုBYကဘယ်သူလဲဆိုတာမသိဘူးဒီမိုးဖတ်တီးကောတင်လာြ့ပီ
14 hours ago · Like
Tun Naing ခံပေတော့မစဉ်းစါးနဲ..့ ခံပေတော့.. ခံပေတော့.. ခံခံ.. နောက်ဘက်မလှဲ့နဲ့ခံ..
ဝေးဟေးဟေး....
14 hours ago · Like · 3
Nyi Nyi Yu ကဲ...စစ်အစိုးရကတော့ ကူညီမှုအပြည့်အဝနဲ့ လုပ်ဆောင်ပြ လိုက်ပါပြီး...ဒီအချိန်မှာ ကိုကိုမိုးသီးတယောက် ဝီစကီသောက်လည်း အိမ်လို့ပျော်နိုင်မှာမဟုတ်တော့ပါဘူး။...အခုအချိန်ကစပြီး...ကိုကိုမိုးသီးရေ့ ရှိသမျှအစွမ်းအင်အားတွေကို အကုန်ထုတ်သုံးပါကုန်လော့......
13 hours ago · Like · 3
Khaing Kyaw Naing မိုးသီးဇွန် ပါးစပ်ကိုယင်ဝင်တော့မယ်
12 hours ago · Like · 1
Maung Pannhmwaye မိုးသီး..မိုးသီး..ခုတော့ဂွေးသီးဖြစ်သွားပြီ။
12 hours ago · Like · 4
Monlaylay Laylay ပထွေးတွေခေါ်တော.အမီးလေးနှံ.ပြီးဝင်သွားတယ်အခုတော.လာပါပြီ
11 hours ago · Like · 1
Lin Lin Tun မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါချေ။
10 hours ago · Like · 3
Sittie Ag ကိုမိုးသီး...ပါဂျောင်းလူသတ်ပွဲကိုသိသလောက်ပြောပြပေးဗျာ
နိုင်ငံရေးသမားတယောက်အဖြစ်ခံယူထားရင်လုပ်ရဲရင်ခံရဲရတယ် ပါဂျောင်းကိစ္စမှာတာဝန်ရှိတယ်ဆိုရင်ရှိကြောင်းရေးပေးပါ
မရှိဘူးဆိုလည်းမရှိကြောင်းပေါ့ တာဝန်အရှိဆုံဆိုတဲ့ D အောင်
နိုင်ကလည်းမြန်မာပြည်ရောက်လာပြီးဘယ်လိုပြန်ပျောက်သွား
လည်းမသိဘူး အမှန်ဆို အစိုးရက ABSDF ခေါင်းဆောင်တွေ
ကိုမြန်မာပြည်ဖိတ်ခေါ်ပြီးလူထုနဲ့ရန်တိုက်ပေးလိုက်တာပဲ
ပါဂျောင်းလူသတ်ပွဲကိုအစိုးရမသိတာမှမဟုတ်တာ သိသိကြီးနဲ့
တေ့ပေးလိုက်တာ အဲ့ဒီအချိန် ပါဂျောင်းလူသတ်ပွဲစာအုပ်တွေ
ကလည်းအချိန်ကိုက်ထွက်လာတယ် ဒါမရိုးသားဘူး ပါဂျောင်း
ကိစ္စမှာကျွန်တော်စိတ်ဝင်းစားဆုံးလူတယောက်ရှိတယ် အဲ့ဒီလူ
က မနန်းအောင်ထွေးကြည် ပဲ ...
10 hours ago · Like · 1
Sobig Cyclone ကဲ....ဘယ့်နှယ်ရှိစဗျာ.........ခင်ဗျားတို့သတ်ဖြတ်ခဲ့တဲ့ကျောင်းသားတွေရဲ့အရိုးတွေကအခုတော့အမှန်တရားအတွက်တွန်နေကြပြီ.........နောက်တစ်ယောက်....ဟို...နိုင်အောင်ဆိုတဲ့ကျက်သတုံးကောင်ကြီးကျန်သေးတယ်......ကိုထွန်းအောင်ကျော်...ကိုချိုကြီး....ကိုမောင်မောင်ကြွယ်...စတဲ့အပြစ်မဲ့ကျောင်းသားတွေကိုရက်ရက်စက်စက်သတ်ခဲ့တဲ့လူသတ်သမားကြီး.......ဒီလူသတ်သမားတွေကိုအမြန်ဆုံးစစ်ဆေးပြီးပြစ်ဒဏ်ကြီးကြီးမားမားချပေးကြပါ.......ဟိုသာယာဝတီထောင်ထဲကသံချောင်းဆိုတဲ့ခွေးသူတောင်းစားကိုလဲသေဒဏ်ပေးမှာဖြင့်မြန်မြန်ပေးပါ.........ဒီလူတွေအားလုံးထိုက်သင့်တဲ့ပြစ်ဒဏ်ရမှမတရားအသတ်ခံရတဲ့ကျောင်းသားတွေရဲ့ဝိဉာဉ်တွေငြိမ်းချမ်းသွားမှာမို့လို့ပါ...တောင်းဆိုပါတယ်....
10 hours ago · Like · 2
Sobig Cyclone အခုအမေရိကားကိုရောက်နေတဲ့ABSDFဗဟိုကအတွင်းရေးမှူးဟောင်းကိုသန်းဝင်းကအသတ်ခံရတဲ့ကိုဌေးနိုင်ရဲ့သူငယ်ချင်းပါ....ကိုဌေးနိုင်ကိုဖမ်းလိုက်တဲ့အချိန်တုန်းကကိုသန်းဝင်းကတခြားစခန်းတစ်ခုမှာရောက်နေတယ်.....အဲဒီသတင်းကိုကြားလို့ကိုသန်းဝင်းကမိုးသီးဇွန်ကိုမင်းဌေးနိုင်ကိုလွှတ်ရင်လွှတ်..မလွှတ်ရင်မင်းကိုငါ့တပ်နဲ့ကိုယ်တိုင်ဆင်းတိုက်မယ်လို့ကြေးနန်းကနေတစ်ဆင့်ပြောခဲ့တယ်....အဲဒီတော့မိုးသီးဇွန်ကထိုင်းရဲတွေကိုပိုက်ဆံပေးထားပြီးကိုသန်းဝင်းဆင်းလာရင်အပြတ်ရှင်းဖို့မှာထားတယ်....အဲဒီသတင်းကိုကြားတော့ကျန်တဲ့သူတွေကကိုသန်းဝင်းကိုမဆင်းဖို့တားကြတယ်....အဲဒီလိုဖြစ်နေတဲ့အချိန်မှာပဲကိုဌေးနိုင်သေသွားတာပါ.....ကိုသန်းဝင်းရေးထားတဲ့ဘလော့မှာကျွန်တော်ဖတ်ရတာပါ.........
10 hours ago · Like · 3
Htay Tint http://htaytintnl.blogspot.nl/2012_09_01_archive.html
မျှော်လင့် နေဆဲဘဲ: September 2012
htaytintnl.blogspot.com
10 hours ago · Like · 2 · Remove Preview
နိုင် ဦး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေကို အလုပ်ကျွေးပြုဖို့အတွက် အင်တိုက်အားတိုက်နဲ့ သေချာပြင်ဆင်ပြီး စိတ်ကူးတွေယဉ်နေတဲ့ သင်္ကန်းကျွန်းမြို့နယ်ရဲ့အမတ်လောင်းတယောက်ကို ဒီလိုလုပ်တာဟာ မကျီးသီး အဲလေ..မိုးသီးအတွက် အတော်လေးက်ု ထိခိုက်နေပြီး နိုင်ငံတော်အတွက်လည်း အတော်ဆုံးရှုံးနစ်နာနေပါသည်။
10 hours ago · Like · 1
Kyaw Moe စစ်ဆေးစေပါဦးလေ .. မဟုတ်ဘူးသက်သေပြနိုင်ရင်တော့ ပိုပြီးထောက်ခံမှာပေါ့ .. အဲ ... လို မဟုတ်ရင်တော့ .. သေဖို့သာပြင် ... သူမပါလဲ ဘာမှနစ်နာစရာ မရှိပါဘူး
10 hours ago · Like · 3
Win Ko moe thi u must be dead .
9 hours ago · Like · 1
Aung Kyaw ငယ်ငယ်တုန်းကလိုပေါ့
8 hours ago · Like
Go Gree ဂွေးသီးရေ အလှည့်ကျရင် မနွဲ့ကြေးပေါ့ကွာ
8 hours ago · Like · 1
U Than Sangkhla ပြန်စွဲပေါ့ကွာ ၈၈ တုန်းက အစိုးသတ်တာ ထောင်ပေါင်းများစွာဘဲလေ
8 hours ago · Like · 2
U Than Sangkhla သူခိုးကလူဟစ်ရတယ်လို့
8 hours ago · Like
Aung Moe Win ပြည်တွင်းကို ဒူးထောက်ပြန်ဝင်ချင်လွန်းလို့ သမ္မတကြီးကို ဘယ်လိုတောင်းပန်ရ တောင်းပန်ရ တောင်းပန်မယ် ဆိုတဲ့သူက စစ်အစိုးရကို တရားပြန်ဆွဲမယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
8 hours ago · Like · 5
Da Zoot Htoe အေး... သေစမ်းကွာ... သူတောင်းစား... ပြန်ပြေးမလား အဖမ်းခံမလားကြည့်မယ်...
7 hours ago · Like · 2
Yinyin Myint thu lel khan ya be .
7 hours ago · Like
Win Htun အတိုက် အ ခံ လော ကမှာ အ ရမ်း မြင်. သွား ပြီ။ စိတ် ဓါတ် မ ကျ နဲ.။ တခု တော. ပြော မယ်။ စောစော စီးစီး ထ မိန် ခြုံ လိုက် ရင် ဒိ လို မ ဖြစ် ဘူး။ ၀ ရမ်း ပြေး ဖြစ် သွား တာ စိတ် ညစ် စ ရာ မ ဟုတ် ဘူး။ ခွန် အား ၁ ရပ် ဘဲ။
7 hours ago · Like · 1
Thet Aung ur time is up Mr.Moethee ill never forgive u shit heads for killing innocent ppl just to becoming president of some shit parties back in the day :$ I remember my hero ko Tun Aung Kyaw is waiting for u after life and he will make sure u burn in hell
7 hours ago · Like · 1
Tun Aung Kyaw အရိုးဆိုတာတွန်တတ်ပါတယ်။။
5 hours ago · Like
မျက်လုံး တစ်ထောင် မိုးသီး၊မင်းဟာနေရာ၊အာဏာအလွန်ကိုနှစ်ခြိုက်မက်မောသူပဲ ၊မင်းလိုဖွတ်မျိုးစစ်အစိုးရကသိပ်ကြိုက်ပေါ.ကွာ။မတရားလုပ်ခဲ.မူတွေအတွက်ပြန်ပေးဆပ်ရမှာ။မသေခင်စောစောစီးစီးရိုးရိုးသားသားပဲနေလိုက်ပါ။ခွေးသားမိုးသီး၊မင်းတို.အုပ်စုတွေကိုမြင်တွေ.ရတော.မှ.၊ဆရာကြီးသခင်ဗသောင်းရေးခဲ.တဲ.ခြေလေးချောင်းတော်လှန်ရေးဟာတကယ်အစစ်အမှန်ဖြစ်ကြောင်းယုံကြည်လက်ခံလိုက်တယ်ကွာ။ဒီ.အတွက်ကျေးကျေး။ရီးပဲ။
5 hours ago · Like
Ko Wild accuracy, sources and quotation .....
5 hours ago · Like
Dan Pwint ဒါဆိုရင် ၈၈ တုံးကအစုလိုက်အပြုံလိုက်
အသတ်ခံရသူတွေဘယ်လိုလုပ်မလဲ။
ကိုယ်ချင်းစာစိတ်နဲ့ဝိုင်းပြီးဆောင်ရွက်
ပေးကြပါအုန်း။အဲဒီလိုလုပ်ပေးမှအားလုံး
အတွက်တရားမျှတသွားလိမ့်မယ်။
အဓိကတရားခံ ????????????
5 hours ago · Like · 1
Blackhorse An အေလေ..
5 hours ago · Like
Blackhorse An တစ်ရက်ကို သိန်းတစ်ရာသုံးနေတဲ့သူတွေ အခွန်ဘယ်မှာလဲ..။ ဘာစိးပွားရေးလဲ
5 hours ago · Like · 2
Blackhorse An အရင်ကကော အခုကော ဗုံးတွေသေနတ်တွေနဲ့ လူတွေသေနေတာ ဘယ်သူတရားခံလဲ..။
5 hours ago · Like · 2
Shwe Zin သစ်စာဖောက်ပါနေတယ်နော်
4 hours ago · Like
Aung Pyae အဲ့ကောင်မိုးသီးဇွန်သေလို့ ဝမ်းနည်းမဲ့လူရှိမျာမဟုတ်ဘူး။
about an hour ago · Like
April Kyu Kyu ကဲ ကဲ ကဲ ခုတော့ တရားစွဲပြီ Dr.အောင်နိုင် ဆိုတဲ့ကောင်က ပြည်တွင်းလာပြီး ဒီကိစ္စတွေ ပွထ လာမှကြောက်ပြီးပြေးတော့ သူကပဲ အကုန်ဦးဆောင်သလို လေသံပစ်ပြီး နေခဲ့တဲ့မိုးသီး ခုလည်း ဘယ်လိုလျောက်လဲချက်တွေ လွဲချတာတွေ လုပ်ဦးမယ်ဆိုတာကြည့်ကြသေးတာပါ့
53 minutes ago · Like
April Kyu Kyu သေချင်တဲ့ကျား တောပြောင်း ဆိုတာ သိပ်မှန်တာပဲ ...........တရွာ ပြီး တရွာပြောင်းလို့သူ ကောင်းဖြစ်ခဲ့တဲ့ကာလ ကုန်ပြီ မိုးသီးရေ
52 minutes ago · Like · 1
Thagyi Thar ခွေးခေါင်းဓါးစက်နဲ့သတ်သင့်တယ်
37 minutes ago · Like
Farozah Mohamad Musa တိုင်းပြည်အတွက်ပြောရဲဆိုရဲဝေဖန်ရဲတဲ့သူတွေကိုအလိုမရှိဘူး။လက်ညှိုးထောင်ခေါင်းညှိမ့်သာပေါင်းညာစားတိုင်းပြည်သယံဇာတတွေခိုး၊အခွင့်ထူးတွေခံ၊သူတို့နှိပ်စက်လိုံမရေမတွက်နိုင်တဲ့သူတွေသေခဲ့ရတယ်၊အခုလောလောဆယ်သံဃာတွေကိုမီးနဲ့ရှီု့တယ်၊ရခိုင်မှာလူမြင်ကွင်းမှာလူတွေသတ်ဒုက်ခပေး။အဲဒါတွေကျတော့နှာစေးနေကြတယ်၊ဘိန်းရာဇာကြီးတွေကြတော့လက်ခံတယ်။ပြောရရင်တော့မကုန်နိုင်ပါဘူး။လုပ်ကြပေါ့ကြိုက်တာကို။ဒင်းတို့ခောတ်ဘဲ။သန်းရွှေတို့ခိုးဝှက်ပြီးမြို့လည်ခေါင်မှာသတ်တဲ့အမှု့ရောဘယ်သူတရားစွဲမှာလဲ။မိမိပြုကမှသံမိမိသာခံဆိုပေမဲ့သူတို့ပြုသမျှတွေကိုတော့ပိတ်နေတဲ့ပါးစပ်တွေကြောင့်သူတို့မခံရဘူးနော်။တရားကြီးရယ်ကျပါရဲ့။ကောက်တင်လို့ကိုမရတော့ဘူး။
22 minutes ago · Edited · Like
David Theik confused heading : who is subject ? Journal , journal ! but thanks for sharing it Demo PP!
15 hours ago · Edited · Like · 5
Oakkar Moe Myint အိမ်းလကွဲ့...အိမ်းလကွဲ့..ကောင်းပါလေ့..ကောင်းပါလေ့
14 hours ago · Like · 1
ကိုးတောင် ကျား အဲ့~~ အချုပ်ကားခေါင်မိုးပေါ် တက်ပြီး လက်နှစ်မြောက်ပြ နေဦးမယ်နော် ~~!!
14 hours ago · Edited · Like · 3
Joe Kyaw ဒါမျိုးသတင်းကြ ကိုလွန်းဆွေတို့ မဖတ်မိလို့ မရှယ်တာလား? သိသိကြီးနဲ့ဘဲလား...?ပုလင်းတူဘူးစို့လား....လား? လား?
12 hours ago · Like · 2
Khin Kalayah Soe အော် သင်္ခါရ သင်္ခါရ သရဲကောင်းအဖြစ် ကြိုလိုက်ကြတဲ့ ဗင်နိုင်းကြီတွေ လွမ်းပါပေ့။
4 hours ago · Like
မေသင်္ကြန်ဟိန်
 (၁) မအေးအေးမာ
-------------------အမေလည်း အိပ်ရာထဲ လဲ…။