ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Monday, August 26, 2013

နားရွတ်ကိုက်ဖြတ်ခံရမဲ့  မိဘလား

နားရွတ်ကိုက်ဖြတ်ခံရတဲ့ မိဘလား



ငါမွေးဖွား ကြီးပြင်းလာခဲ့တဲ့ ငါ့အိမ်ထဲမှာ
ငါတို့ မိသားစု အပြင်
အဒေါ်တွေ ဦးလေးတွေနဲ့ 
သူတို့ သားသမီးတွေ
ငါတို့ မောင်နှမတွေ
အတူတကွ နေထိုင်ခဲ့ကြဖူးတယ် ။
ငါ့မိဘတွေက ငါ့ကို ပိုပြီး မချစ်ခဲ့ဖူး ။
အဒေါ်တွေ ဦးလေးတွေက
သူတို့ သားသမီးတွေကို ပိုမချစ်ဖူး ။
ဟင်းချက်ပြီးရင် အိမ်ထဲက လူဦးရေနဲ့ အညီ
ခွက်တွေထဲမှာ အညီအမျှ ထဲ့ပြီး
ကြောင်အိမ်ထဲမှာ ထဲ့ထားတယ် ။
ခွက်ခြင်းလဲတာတို့ အသားခြင်းလဲတာတို့ 
လုပ်တဲ့သူမိရင် ကြိမ်လုံးက မျက်နှာမရွေးဖူး ။

တခါက အမေ့

ကို တိုးတိုးလေးမေးမိတယ် ။
အမေရယ် သားကို ပိုချစ်ပါလား ။
အမေ့သား အရင်းပါဗျာ ။
အမေက သီတာရေ ရုပ်ရည်နဲ့ သားကို
သေသေချာချာ စိုက်ကြည့်ပြီး
မျက်ရည်တွေ တပေါက်ခြင်း ကျလာတယ် ။
သားကို အမေဝမ်းနဲ့ လွယ်ပြီး မွေးထားတာပါ ။
သားကို အမေ မွေးပေးခဲ့တယ် ။
သားကို လူလားမြောက်အောင် ပြုစုခဲ့တယ် ။
သားကို ပညာတွေ သင်ပေးခဲ့တယ် ။
သားကို လမ်းမမှားအောင် ညွန်ကြားခဲ့တယ် ။
သားဟာ အရွယ်ရောက်သွားရင် လူ့ လောကကြီးထဲမှာ
သား ကြီးပြင်းသွားရင် လူတွေနဲ့ ဆက်ဆံရတော့မယ် ။
အမေသေသွားခဲ့ရင် အဖေသေသွားခဲ့ရင် သားတယောက်ထဲ ။

သားကို အမေပုပြင်တခု ပြောပြမယ် ။
ဟိုးရှေးရှေးက ဗာရာဏသီ တိုင်းပြည်မှာ
တခါက သားဆိုးတယောက်ကို
အရမ်းချစ်တဲ့အမေပုံပြင် ဆိုတာ ရှိတယ် ။
အရွယ်မရောက် အသိဥာဏ် ပညာ မပြည့်စုံသေးတဲ့
သားကလေးက အမေရဲ့ အလိုလိုက်မှုကို သာယာသွားတယ် ။
အမေရဲ့  အေးမြတဲ့ မေတ္တာလုံခြုံမှုက စိတ်ကို လုံခြုံစေတယ် ။
ဒီလိုနဲ့ အိမ်ထဲမှာ ဗိုလ်ကျတတ်သွားသားက
အိမ်ပြင်မှာ ဗိုလ်ကျတတ်လာတယ် ။
လိုချင်တာကို ရအောင်ယူတတ်တဲ့ စိတ်အပြင်
ရတဲ့ နည်းယူတတ်တဲ့ အလေ့အကျင့် ဖြစ်သွားတယ် ။
နောက်ဆုံးတော့ သူခိုးကနေပြီး ဓါးပြကြီး ဖြစ်သွားတယ် ။
ဘုရင်ကြီးက ဖမ်းမိတော့ တိုင်းသူပြည်သား တို့ တောင်းဆိုချက်အရ
ငယ်စဉ်ကထဲက ဆိုးသွမ်းလာတဲ့ ဓါးပြကြီးကို သတ်ဖို့ 
တညီတညွတ်တည်း တာင်းဆိုကြလို့ 
နေကွယ်ရင် ကားစင်တင် သတ်စေပေါ့ ။

သူ့ အမေလဲ သတင်းကြားပြီးတော့
သားရှိနေတဲ့ နန်းတော်ကို တုန်တုန်ရင်ရင်နဲ့ လိုက်သွားရှာတာပေါ့ ။
နန်းတော်ရဲ့  သားသတ်စင်ရောက်တော့ နေဝင်တော့မယ် ။
ဓါးပြကြီး နောက်ဆုံး မသေခင် လိုချင်တာ တောင်းဆိုပါလို့  ပြောတယ် ။
ဓါးပြကြီးက တောရွာဇနပုဒ်က နန်းတော်ကို မလာနိုင်တဲ့ မွေးအမေကို တွေ့ ခြင်တယ်လို့  တောင်းဆိုလိုက်တယ် ။
ဓါးပြကြီး စဉ်းစားထားတာက မွေးအမေတော့ မလာနိုင်ဖူး ။
တောင်းတာ မပေးနိုင်ရင် သတ်လို့ မရဖူး ဆိုပြီး စိတ်ထဲမှာ
ပျော်နေတာပေါ့ ။
ဒီအချိန်မှာ သားဇောကပ်နေတဲ့ အမေက
သား ဆိုပြီး အော်ဟစ်ပြီး ကားစင်ကို ပြေးသွားတယ် ။
အမေရောက်လာပြီး သားရယ်ဆိုပြီး ကားစင်မှာ ချိတ်ထားတဲ့
သားခြေထောက်ကို ပြေးဖက်ပြီး ငိုတော့တာပေါ့ ။

ကဲ ဓါးပြကြီး အမေရောက်လာပြီး ။ ကျေနပ်ပြီလား ဆိုတော့
ဓါးပြကြီးက မသေခင် အမေ့ ကို နမ်းချင်တယ် ပြောတော့
မင်းအမှုထမ်းတွေက ဓါးပြကြီး အမေကို ချီမြောက်ပြီး
ဓါးပြကြီး မျက်နှာနဲ့  ကပ်ပေးလိုက်တော့
ဓါးပြကြီးက အနားတိုးပါ အမေရယ်ဆိုပြီး ပြောတော့
အမေက သားကိုနမ်းရင် ပါးကလေးကို နမ်းနေကြဆိုတော့
အမေ့ပါးလေးကို တိုးပေးလိုက်တော့
ဓါးပြကြီးက သူ့ အမေ နားရွတ်ကို ကိုက်ဖြတ်လိုက်တယ် ။

ကဲငါ့သား ဘယ်လို ထင်လဲ
ဓါးပြကြီးက သူ့ အမေနားရွတ်ကို ဘာလို့ ကိုက်ဖြတ်တာလဲ ။
အမေ ဒီဓါးပြကြီး အမေလို
နားရွတ်ပြတ်ကြီးနဲ့  အသက်မရှင်ချင်ဖူး သားရယ် ။

ကျွန်တော် ငယ်ငယ်က ဓါးပြကြီးနေရာက စဉ်းစားတာက
ကလေးငယ်ငယ်တုံးက ချစ်လွန်းလို့ အလိုလိုက်ပြီး
ဥပဒေ စည်းကမ်းတွေ အထက်မှာ နေတတ်အောင်
သင်ပေးတဲ့ အမေကို စိတ်နာပြီး
နားရွတ်ကို ကိုက်ဖြတ်တယ်လို့ ထင်တယ် ။

ကျွန်တော် အရွယ်ရောက်လာတော့
ဓါးပြကြီးနေရာက စဉ်းစားတာက
အမေရောက်မလာရင် သတ်လို့ မရနိုင်ဖူး ။
တိတ်တိတ်လေး လူကြားထဲမှာ နေလိုက်ပါလား ။
ဒီလောက် အတဲ့  တုံးတဲ့ အမေကို ဒေါသထွက်ပြီး
နားရွတ်ကို ကိုက်ဖြတ်တယ်လို့ ထင်တယ် ။

ကျွန်တော် အသက် ၅၀ ကျော်မှာ စဉ်းစားတာက
လူ့ တွေ စုစည်းနေထိုင်ကြတဲ့ လူ့ အဖွဲ့ အစည်းမှာ
လူတွေ အသက်ရှင် ရပ်တည်ဖို့  ဥပဒေဆိုတာ ရှိတယ် ။
ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားရဖူး ။
ဓါးပြကြီးမှာ အပြစ်ရှိရင်
ဓါးပြကြီးဖြစ်အောင် မွေးထုတ်တဲ့ အမေမှာ အပြစ်ရှိတယ် ။
ဓါးပြကြီးက သူ့ အမေကို အပြစ်ပေးလိုက်တယ်လို့ ထင်တယ် ။

စာဖတ်သူတွေကော ဘယ်လိုထင်ကြလဲ ။
၂၅ သြဂုတ် ၂၀၁၃
ကိုဌေးတင့်

Sunday, June 23, 2013

ဦးဝီရသူ၏ ခံယူချက်



“ငါသည်သာလျှင် ငါ့ဘဝ၏ ပဲ့ကိုင်ရှင်”(သို့) ဆရာတော်ဦးဝီရသူ၏ ခံယူချက်
++++++++++++++++++++++++++++++
++++
ဦးပဉ္စင်း ဝီရသူသည် ၁၉၉၉-(၁၃၆၁)-ခုနှစ်တွင်ထေရဝါဒတိုက်ပွဲ (ထေရဝါဒ ဒို့တိုင်းပြည်) စာအုပ်ကို ရေးခဲ့ပါသည်။ ကမ္ဘာအေး သာသနာရေးဌာနမှခွင့်ပြုမိန့်ကို ချမပေးခဲ့ပါ။ သို့သော် ခွင့်ပြုချက်မရဘဲ ထုတ်ဝေ ခဲ့ပါသည်။ ထိုစာအုပ်ရေးဖို့တစ်စုံတရာ၏ တွန်းအားမပါသလို၊ ထိုစာအုပ်မထုတ်ဝေဖို့ တားမြစ်မှုများကိုလည်းမလိုက်နာခဲ့ပါ။

ဤသို့ဖြင့် ၂၀၀၀-ခုနှစ်တွင် ဦးဝိစိတ္တဟူသောရဟန်းဘွဲ့အမည်မှ ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည် ထင်ရှားလာခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၀-ခုနှစ်တွင် “ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ရေးသားပြီး၊ ၂၀၀၁-ခုနှစ်တွင် စာမူတင်ပါသည်။တစ်နှစ် ကျော်ကြာ သည်အထိ စာမူချမပေးသည့်အခါ ၂၀၀၂-ခုနှစ်တွင် “ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ကို ခွင့်ပြုချက်မပါဘဲ ထပ်မံထုတ်ဝေ လိုက်ပြန်ပါသည်။

ဤသို့ဖြင့် ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည်ပိုမို ထင်ရှားလာခဲ့ပါသည်။

နှစ်အုပ်စလုံး တန့်ကြည့်တောင်ဝိပဿနာ အမှားတော်ပုံအကြောင်းသာ ဖြစ်ပါသည်။

၂၀၀၁-ခုနှစ်တွင် အမျိုးသားရေးတရားတော်များစတင်ဟောကြားပါသည်။ ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ နဝင်းဂုဏ်းကျောင်းတိုက်၊ ဓမ္မာစရိယသင်တန်းကျောင်းဆောင်မှာစတင်ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။

ကြံခင်းမြို့တွင် မွတ်ဆလင်မ် ဦးစူလ်တန်နှင့်အိမ်ထောင်ကျသူ မြန်မာအမျိုးသမီး ဒေါ်သန်းသန်းချစ် သည် သူ၏ဖခင် ကျောင်းဒကာကြီး၏ အသုဘသို့လိုက်ပို့ခွင့် မရခဲ့ပါ။ သုဿာန်ရောက်လျှင် သရဏဂုံတင် အခမ်းအနားမှာ သူများနည်းတူ သရဏဂုံယူ-သီလဆောက်တည်လျှင်အီမန်ပျက်သွားမည် စိုးသောကြောင့် ဖြစ်ပါသည်။ “မွတ်ဆလင်မ်နှင့်ညားလျှင် ကိုယ့်အဖေ၏ အသုဘကိုပင် ကိုယ်ချခွင့် မရတော့ပါလား”-ဟူသော အတွေးဖြင့် အမျိုးဘာသာသာသနာ ကာကွယ်ထိန်းသိမ်းချင်သောကြောင့် စတင်ဟောကြားမိသွားခြင်း ဖြစ်ပါ သည်။

ဤသို့ ဟောကြားသည်ကို စိုးရိမ်၍ သတိပေး တားမြစ်သူများသာများပြီး၊ဆက်လက်ဟောကြားဖို့ တိုက်တွန်းနှိုးဆော်သူ တစ်ယောက်မျှ မရှိပါ။

ဤသည်ကို မသိသူ သတင်းဌာနများနှင့် နိုင်ငံရေးသမားများကထောက်လှမ်းရေး ခိုင်းစေမှုနှင့် ဟောကြားနေသယောင် ထုတ်လွှင့်ကာ အစိုးရနှင့် ပေးစားကြသည်ကိုပင်ခံယူခဲ့ရ ဖူးပါသည်။

၂၀၀၃-ခုနှစ်တွင် ဦးပဉ္စင်း ဝီရသူ- ထောင်ကျပါသည်။ထောက်လှမ်းရေး ဖမ်းဆီးစဉ်က ကျောက်ဆည် အဓိကရုဏ်း မသင်္ကာသောကြောင့်ဟု ဆိုပါသည်။ အဆိုပါအဓိကရုဏ်းတွင် ပါဝင်ပတ်သက်မှု မရှိသောအခါ “ထေရဝါဒတိုက်ပွဲ”၊“ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ထုတ်ဝေခြင်း၊ “ဘဝအလင်းရောင် စာကြည့်တိုက်” တည်ထောင်ခြင်း၊ “ပါရမီပျိုးခင်း သွေးလှူအသင်း”တည်ထောင်ခြင်း၊အမျိုးသားရေး တရားဟောခြင်း၊ အမျိုးသားရေး တရား တိပ်ခွေများ ဖြန့်ချီခြင်းတို့ဖြင့်ပြစ်ဒဏ်(၂၅)နှစ် အပေးခံခဲ့ရပါသည်။

ပုဒ်မနှင့် ပြစ်ဒဏ်များမှာ ၅(ည)-(၇)နှစ်၊၁၇/၂ဝ-(၁၄)နှစ်၊ ၂၉၅(က)-(၂)နှစ်၊ ၈(၁)-(၂)နှစ်တို့ ဖြစ်သည်။

ထောင်ထဲတွင်နေရစဉ် နိုင်ငံရေးသမားတို့၏ ခွဲခြားဆက်ဆံမှုကိုခံရခြင်း၊ သတင်းဌာနတို့၏ လျစ်လျူရှုမှုကို ခံရခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အင်အားစုများ၏ထောက်ပံ့မှုကို မခံရခြင်း၊ ထောင်ဝန်ထမ်းတို့၏ ရိုင်းစိုင်းယုတ်မာမှုကို ခံခဲ့ရခြင်းတို့ကြောင့်ဘုန်းတန်ခိုး ညှိုးမှိန်စွာ နေခဲ့ရပါသည်။

၂၀၁၁-ခုနှုစ်တွင် အကျဉ်းကျနေသော စစ်ထောက်လှမ်းရေးများကအပြစ်မဲ့ကြိုးသမားလေး (၃)ယောက် ကို အုပ်စုဖွဲ့၍ အနိုင်ကျင့်မှု ပေါ်ပေါက်လာရာ ထောင်အာဏာပိုင်များပါပါဝင်နေသဖြင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့သောကြောင့်မြစ်ကြီးနားသို့ အပို့ခံခဲ့ရပါသည်။

ဤသည်မှာလည်း တစ်စုံတရာ၏ ဖိအားကြောင့် လုပ်ခဲ့ရခြင်းမဟုတ်ပါ။ အနိုင်ကျင့်ဝါဒကို စက်ဆုပ် ရွံမုန်းသောကြောင့် ဖြစ်ပါသည်။

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ၊ (၁၃)ရက်နေ့တွင်ထောင်မှလွတ်ပါသည်။ ထောင်ထဲတွင် ရှစ်နှစ်ကျော် နေခဲ့ရပြီ ဖြစ်သောကြောင့် အမျိုးသားရေးတရားဟောပြောခြင်းတာဝန် ကျေပွန်ခဲ့ပြီဟု ယူဆခဲ့ပါသည်။ အမျိုး ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက်လက်တွေ့ကျသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်တော့ မည်ဟု ယူဆခဲ့ပါသည်။ ထိုယူဆချက်ကြောင့်ယဉ်ကျေးမှုသင်တန်းများ ဦးစီးဆောင်ရွက်ခြင်း၊ မွတ်ဆလင်မ် မြန်မာ ပြဿနာများကို ဥပဒေဘောင်အတွင်းမှဖြေရှင်းခြင်းများသာ ပြုလုပ်ခဲ့ပါသည်။

၂၀၁၂-ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးမြို့၊အစ္စလင်မ်ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများကျင်းပဖို့ စီစဉ်ပါသည်။ မန္တလေး၊ ဈေးချိုဟိုတယ်တွင် ကျင်းပဖို့ ခွင့်ပြုမိန့် ချပြီးမှမြို့တော်ဝန် ဖုန်းဇော်ဟန်၏ ဖုန်းဆက်တားမြစ်မှုကြောင့် ပျက်ခဲ့ရပါသည်။ သို့သော် ဟိုတယ်အခမ်းအနားသာ အပျက်ခံပြီး၊ ပွဲအပျက်မခံနိုင်သောကြောင့် ဈေးချိုဟိုတယ်ရှေ့- ညဈေးတန်းလမ်းမကြီးပေါ် တွင် ဖြစ်မြောက်အောင် ကျင်းပနိုင်ခဲ့ပါသည်။

ထိုသို့ မွတ်ဆလင်မ်များနှင့် ငြိမ်းချမ်းရေးယူသည်ကိုသံဃာအများစုက မကြည်ဖြူကြပါ။ အွန်လိုင်း ပေါ်မှာ ကီးဘုတ်သူရဲကောင်းများ၏ လှောင်ပြောင်ရှုပ်ချမှုကိုပင်ခံခဲ့ရပါသည်။ သို့သော် ယုံကြည်ချက်နှင့် အသက်ရှင်သန်နေသူ ဖြစ်ရကား အမျိုးသားအကျိုးစီးပွားအတွက်ဆိုလျှင်မွတ်ဆလင်များနှင့်လည်း လက်တွဲ မည် ဟူသော အမျိုးသားသန္နိဋ္ဌာန်ကို အပျက်မခံနိုင်ခဲ့ပါ။

၂၀၁၂-ခုနှစ်၊ မတ်လတွင် နိုင်/ကျဉ်း လွတ်မြောက်ရေးဆုတောင်းပွဲကျင်းပဖို့ စီစဉ်ပါသည်။ တိုင်းသာသနာရေးက ချမပေးပါ။ မဟာမုနိ သြဝါဒါစရိယဆရာတော်ကြီးများကခွင့်မပြုပါ။ သံဃနာယကမှ လည်း တားမြစ်ပါသည်။ သို့သော် ထိုပွဲလည်း အပျက်မခံပါ။ ထိုပွဲတွင်မွတ်ဆလင်မ်အကျဉ်းသားများ၏ မိသားစုများလည်း တက်ရောက်ခဲ့ပါသည်။

၂၀၁၂-ခုနှစ်၊ ဇွန်လတွင် ရခိုင်ပြည်သူများအကြမ်းဖက်ခံရပါသည်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်း ဖက်သမားများ၏ လူအုပ်အင်အားဖြင့် အနိုင်ကျင့်မှုကြောင့်အပြစ်မဲ့ရခိုင်ပြည်သူများ အတုံးအရုံး သေဆုံး ခဲ့ရပါသည်။ အပြစ်မဲ့ရဟန်းတော်များ အသတ်ခံခဲ့ရပါသည်။ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ဘုန်းတော်ကြီးကျောင်းများမီးရှို့ခံရခြင်း၊ဘုရားရုပ်ပွားတော်များ ခေါင်းဖြတ်၊ ဓားခုတ်ခံရခြင်းများကို မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ရပါသည်။

ထိုအခါကျမှသာ လုံးဝမဟောတော့ဘူး-ဟု ဆုံးဖြတ်ထားခဲ့သောအမျိုးသားရေး တရားတော်များ ပြန်လည်ဟောကြားမိခြင်း ဖြစ်ပါသည်။ အမျိုးသားလုံခြုံရေးအတွက်ခေတ်အဆက်ဆက်သော အစိုးရများက မကာကွယ် ခဲ့သောကြောင့် ရခိုင်ပြည်မလုံခြုံခြင်း ဖြစ်ရကားအဆိုပါအကြမ်းဖက်ဗိုင်းရပ်စ် ပြည်မကြီးသို့ မကူးစက်စေလို သောကြောင့် ဖြစ်ပါသည်။

၂၀၁၂-ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံတော်သမ္မတထောက်ခံပွဲကျင်းပခဲ့ပါသည်။ ရခိုင်ပြည်အရေးတွင် ဒေါ်စုနှာစေးနေခြင်း၊ (၈၈)အဖွဲ့ အားမကိုးရခြင်းတို့ကြောင့်သံဃာ့ဆန္ဒနှင့် ပြည်သူ့အင်အားတို့ပေါင်းကာ “ရိုဟင်ဂျာသည်တိုင်းရင်းသားမဟုတ်” “တတိယနိုင်ငံများက ယူလိုက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို ပို့ပေးမည်” “ယူမည့်သူမရှိလျှင် UN-အထောက်အပံ့ဖြင့် ဒုက္ခသည်စခန်းမှာ ထားပေးမည်”ဟူသော သမ္မတဦးသိန်းစိန်၏စကားကြီးသုံးခွန်းကို အပြည့်အဝ ထောက်ခံသည့်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့ပါသည်။

ထိုအခါ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုကျင့်သုံးနေကျဖြစ်သောနိုင်ငံရေးလောကသားတို့၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြန်ပါသည်။

၂၀၁၂-ခုနှစ်၊ စက်တင်ဘာလတွင် ပုသိမ်ကြီးမြို့နယ်၊ကံကြီးကုန်း၊ ဇီးအုပ်ရွာအရေးအခင်း ပေါ်ပေါက် လာသည့်အခါ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများလက်ရှောင်နေကြပြန်ပါသည်။ ပြည်သူမှား သောကြောင့်-ဟု အကြောင်းပြပါသည်။ ဦးပဉ္စင်းဝင်ရောက်ကိုင်တွယ်ခဲ့ပါသည်။ယခု အချိန်ထိ ကံကြီးကုန်း၊ ဇီးအုပ်ပြည်သူများ အိုးနှင့် အိမ်နှင့် အတူနေထိုင်ခွင့်ရနေပါသေးသည်။

၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းများ ဖြိုခွင်းခံရပါသည်။ အပြစ်မဲ့သံဃာလေးများ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ရွာသူရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အစိုးရအပေါ် မကြေနပ်ပါ။ ပြန်တောင်းပန်ရေးနှင့်တရားခံဖော်ထုတ်အရေးယူရေးတို့ကို တောင်းဆိုခဲ့ပါသည်။

သို့သော် လက်ပံတောင်းတောင် သံဃာလေးများကိုအသုံးချကာ (၁၂-၁၂-၁၂)-ဟု တိုင်ပင်လုပ်ပြီး ရဟန်းရှင်လူ ပြည်သူများကို လမ်းပေါ်ဆွဲခေါ်နေသောနိုင်ငံရေးသမားအချို့ကြောင့် တိုင်းပြည်ခြောက်ထဲ ပြန်ကျတော့မည့်အရေးကို ထင်ရှားစွာမြင်လာရပါသည်။ ထိုအခါ သံဃာ့ဆန္ဒနှင့် ပြည့်သူ့သောကတို့ ထိပ်တိုက်တွေ့မည်ကို မလိုလားသောကြောင့်‘ရပ်တန်းမှ ရပ်ဖို့’ အမုန်းခံ အမိုက်စကားပြောကြားခဲ့ပါသည်။

၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်ပံတောင်းတောင်အစီရင်ခံစာ ပေါ်ထွက်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို ကန့်ကွက်၊ ရှုတ်ချ ဆန္ဒပြပြန်ပါသည်။အစီရင်ခံစာမျှတပါလျက်၊ လူထုခေါင်းဆောင်က အားကိုးရပါလျက် ဝမ်ပေါင်အပြုတ်တိုက်ရေးမူတစ်ခုတည်းနှင့်ဒေါ်အောင်ဆန်းစုကြည်ကို ကြမ်းတမ်းရိုင်းပျစွာ စော်ကားကြသူများအား မောင်းနှင်နေ သူများကိုသဘောမကျနိုင်တော့ပါ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာကို အပြည့်အဝ ထောက်ခံလိုက်ပါသည်။

၂၀၁၃-ခုနှစ်၊ မတ်လတွင် Oriental House-မှာကျင်းပသည့်ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲ တက်ရောက်ခဲ့ပါသည်။ မတက်စေလိုသူက များပါသည်။ တက်လာသူများတွင်လည်းသံသယသမားက များပါသည်။

မိမိသည် အစ္စလာမ်သာသနာကို ဆန့်ကျင်နေသူ မဟုတ်သလို၊မွတ်ဆလင်မ်တွေကို မလိုလားသူလည်း မဟုတ်ပါ။ စိတ်ချမ်းသာစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုကျင့်သုံးပြီးငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသူများအတွက် အနှောင့်အယှက်ဖြစ်ရသော မွတ်ဆလင်မ်တစ်စု၏စရိုက်ဆိုး၊ အကျင့်ဆိုး၊ ညဉ်ဆိုများကိုသာ မလိုလားသူ ဖြစ်ပါသည်။

မိမိသည် အမျိုးသားရေးတရားနှင့် နိုင်ငံရေးတရားတွင်နိုင်ငံရေးတရားကိုသာ ဟောကြားလိုပြီး မြန်မာ့နိုင်ငံရေးတွင် မိမိ၏အခန်းကဏ္ဍတစ်ခု ဖွင့်လှစ်ချင်သည့်ဆန္ဒသာ ရှိခဲ့ပါသည်။ သို့သော် ရခိုင်ပြည် နှစ်ကြိမ်အကြမ်းဖက်ခံရမှု ဖြစ်ရပ်များက မိမိအားအမျိုးသားရေးတရားဘက်သာ ဦးလှည့်စေခဲ့ပါသည်။ သွေးက စကားပြောသည်ဆိုလျှင် မှန်မည်ထင်ပါသည်။

မိမိသည် နိုင်ငံရေးလောကသားတို့လို တစ်ယူမသန်ပါ။နိုင်ငံရေးလောကသားတို့လို အကျိုးအမြတ် မတွက်တတ်ပါ။ နိုင်ငံရေးလောကသားတို့လို သူရဲဘောမကြောင်ပါ။

မိမိတွင် ချစ်သူ၏ ပျော့ကွက်ကို ထောက်ပြရဲသည့်သတ္တိရှိသလို၊ မုန်းသူ၏သာကွက်ကို ထောက်ခံရဲသည့် သတ္တိရှိပါသည်။ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုရွံမုန်းပါသည်။ အမျိုးသားအကျိုးစီးပွား အတွက်ဆိုလျှင် မွတ်ဆလင်မ်များ နှင့်လည်း လက်တွဲနိုင်သူဖြစ်ပြီးအမျိုးသားအကျိုးစီးပွားထိခိုက်စေမည့် မည်သူ့ကိုမဆို ရင်ဆိုင်ရဲသူ ဖြစ်ပါသည်။

အစိုးရနှင့်တွဲသည်ဖြစ်စေ၊ ပြည်ခိုင်ဖြိုးနှင့်တွဲသည်ဖြစ်စေ၊မွတ်ဆလင်မ်နှင့်တွဲသည်ဖြစ်စေ ပြည်သူအပေါ် သစ္စာဖောက်သော “အမျိုးသားသစ္စာဖောက်” အဖြစ်မခံနိုင်ပါ။ အစိုးရပေးသော ဘွဲ့တံဆိပ်နှင့် ပြည်သူကပေးသောလက်ထိပ်တို့တွင် ပြည်သူကပေးသော လက်ထိပ်ကိုသာ ရွေးချယ်လိုသူဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးနှင့်မွတ်ဆလင်မ်တို့က ပေးသော ငွေကြေးလဘ်လာဘထက် ပြည်သူကပေးသော မရဏလက်ဆောင်ကိုသာ မက်မောသူတစ်ယောက်ဖြစ်ပါသည်။

မိမိကို မောင်းနှင်နေသူများသည် မိမိ၏ယုံကြည်ချက်၊ခံယူချက်၊ ရပ်တည်ချက်၊ ရည်မှန်းချက်တို့သာ ဖြစ်ပါသည်။ ရဲမင်းဦးမဟုတ်ပါ။ ရခိုင်တွေမဟုတ်ပါ။ဦးသိန်းစိန်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါ။ အခြား မည်သူတစ်ဦး တစ်ယောက်မျှ မဟုတ်ပါ။အဖွဲ့အစည်းများလည်း မဟုတ်ပါ။ အမှန်အားဖြင့် “ငါသည်သာလျှင်ငါ့ဘဝ၏ ပဲ့ကိုင်ရှင်”အစစ် ဖြစ်ပါသတည်း။

ဤသည်ကို ရဲမင်းဦးအား စစ်ဆေးမေးမြန်းသော အဖွဲ့အစည်းများကို အထူးသိစေချင်ပါသည်။



ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

5.4.2013pm 3:05
________________________________________
ဆရာတော်ဦးဝီရသူ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Saturday, June 22, 2013

အရှင်ဝီရသူ ဘယ်သူဘဲ






အရှင်ဝီရသူ- စစ်အာဏာရှင်သက်တမ်းရှည်ရေးအတွက်နောက်ကြောင်းပြန်လှည့်ရန် ကူညီနေသူလော
ဗုဒ္ဒဘာသာသာကို အကြမ်းဖက်ဟုကမ္ဘာက အသိအမှတ် ပြုအောင် ဆောင်ရွက် နေသူပေလော
မာတလိ(မဲဆောက်)--၂၂ -၆ -၂၀၁၃

ခုတလော မြန်မာ့ နိုင်ငံရေးမှာ ရှေ့ တိုးမလား။ နောက်ကြောင်းပြန်မလား ဆိုတဲ့ အရေးနဲ့ အပြိုင် အရှင်ဝီရသူ- ဘာလဲ ဘယ်လဲ ဆိုတာစိတ်ဝင်စားစရာ ဖြစ်နေသည်။
အရှင်ဝီရသူဟာ စစ်တပ်ကြိုးကိုင် ဒီမိုကရေစီ ဟန်ပြအစိုးရ နောက်ကြောင်း ပြန်နိုင်အောင် ကူညီနေသည်ဟု ထင်ကြေးပေး ပြောဆိုသည့် အသံများ ထွက်လာသည်ကို ကြားလာရသည်။

အရှင် ၀ီရသူ၏ အမည်ရင်းမှာ ၀င်းခိုင်ဦးဖြစ်သည်။
အဖ ဦးခင်မောင်ဝင်းဖြစ်ပြီး မိခင်မှာ ဒေါ်တင်ဦးဖြစ်သည်။
၁၉၈၀မှ ခုနှစ် ၁၉၈၈ ထိ ဖခင်နှင့်အတူ နေခဲ့သည်။
အဖ ဦးခင်မောင်ဝင်းမှာ ရွှေတော်တွင်ကွယ်လွန်၍ မိခင် ဒေါ်တင်ဦးသည် ဒုတိယအိမ်ထောင်ပြုရာ ထိုခင်ပွန်း အမည်မှာ ဦးချစ်ညွန့်ဖြစ်သည်။
အဖေတူ မောင်နှမ ၃ ယောက်ရှိသည်။
အမ တစ်ယောက် ညီမတစ်ယောက်ဖြစ်ပြီး အမနာမည်မှာ မချိုဖြစ်သည်။ (ညီမနာမည်မသိရသေး)။

ကျောက်ဆည်မြို့တွင်ကြီးပြင်းပြီး ဆူးကုန်းအုပ်စု အောက်ချိုင်းရပ် အ.ထ.က (၁) ကျောင်းလမ်း စာတိုက်ဝင်းကြီးဘေး သမရုံး ဘေးအိမ်ယာတွင် နေထိုင်ခဲ့သည်။
ကျောက်ဆည်မြို့ ဆူးကုန်းရပ် အ.မ.က ၆ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကျောင်းတွင် ၄ တန်းအောင်ပြီးနောက် အ.ထ.က ၁ ကျောင်းတွင် နေခဲ့သည်။
၈၈ အရေးခင်းပြီးနောက် ကျောက်ဆည်မြို့ ကံဦးရပ်ရှိ မင်းကွန်း မဟာစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးဝတ်ခဲ့ပြီး မန္တလေး စိုးရိမ်ကျောင်းသို့ ပြောင်းခဲ့သည်။

၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာဘုရားကွင်းတွင် ၀ီရသူ အမျိုးသားရေး တရားပွဲကျင်းပသည်။
ထို့နောက် ကျောက်ဆည်တွင် အေ၇းအခင်း ဖြစ်သည်။ အရေးခင်းအပြီး ၇ရက်ပြည့်သည့်နေ့ အရှင် ဝီရသူဟာ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ထောင်ဒဏ် အပြစ်ပေးလို့ ပြန်အလွတ်မှာ ပိုမို ထင်ရှားလာခဲ့သူ ဖြစ်သည်။

၁။“သေနေ့ မင်္ဂလာ”တရားစာအုပ်--

၂။ “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ”--

၃။ ဆရာတော် ဝီရသူ ရေးသားခဲ့တဲ့ ထေရဝါဒ တိုက်ပွဲ--
ထိုစာအုပ်တွင် မဟန အားဝေဖန်ထားပြီး အစိုးရမှ ဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်များ အကြောင်း၊ သံဃာ့ ဒီမိုကရေစီ အရေး ရှေ့ တန်းတင်ကာ ရေးသားထားသည်။

၎။ (အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသားနှင့် သမိုင်း၏တရားခံ )--

၅။“ဝီရသူ သဘောထား များ“ ကို ၁/၇၄ မှ ၁၄/၇၄ ထိ ကြေညာချက် (၁၄)ချက်-- ထုတ်ပြန်ဖြစ်ခဲ့ပါသည်။
ရေးသားမှု အားလုံးမှာ ထင်ရှား လူကြိုက်များခဲ့သည်။

လတ်တလော ပြည်တွင်းပြည်ပ ဂျာနယ်၊၀က်ဘ်ဆိုက်၊ ရေဒီယို သတင်းဌာနတွေမှာ - ဇွန် ၁၃နဲ့ ၁၄ ရက်က မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ၊ ကျင်းပနေစဉ်အတွင်း အရှင်ဝီရသူနှင့် သံဃာတော်များက မျိုးစောင့်ဥပဒေပြဌာန်းပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ဘာသာခြားနှင့် မယူရအောင် တားမြစ်မည်ဟု သတင်းများ၊ ပြောဆိုဝေဖန်မှုများ အပေါ် အမေးအဖြေ လုပ်နေတာကြား နေရတယ် ။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြား အမျိုးသားတဦးနှင့် လက်ထပ်မည်ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည် ဆိုတာကို ဥပဒေအဖြစ် ပြဌာန်းဖို့ ဘုန်းတော်ကြီး စတန့် ထွင် တာကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူများ၏ ကန့်ကွက် ဆန့်ကျင်မှုနှင့် ကြုံနေရပြီ ဖြစ်ပါတယ်။

ဒီအဆိုကိုပြန်ကြည့်ပြီး သုံးသပ်လိုက်တဲ့အခါ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများကို ကာကွယ်ပေးဖို့ဟု ရည်စူးထားဟန် တူသော်လည်း လက်တွေ့တွင် အမျိုးသမီးများအား ချုပ်ချယ်ကန့် သတ်ထားသော လူ့အခွင့်အရေးကို သွယ်ဝိုက်၍ ချိုးဖောက်ထားသော အဆိုဖြစ်နေတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ "ဗုဒ္ဒသာဘာသာဝင် မြန်မာ အမျိုးသမီးများ ဘာသာခြားနှင့် လက်ထပ်ရာတွင် ကာကွယ်ပေးခြင်းဆိုင်ရာဥပဒေ" ဆိုတာ ရှေးယခင် ကတည်းက ရှိပြိးသားပါ။ မျိုးစောင့် ဥပဒေ ကို ထပ်ပြောမယ်ဆိုရင် ဥပဒေ နားလည် တတ်ကျွမ်းတဲ့ ရှေ့ နေ တွေဆီမှာ ယခင်ဥပဒေဟောင်းမှာ ဘာအားနည်းချက် တွေ ရှိသလဲ -စုံစမ်းမေးမြန်းပြီးမှ အရှင် ဝီရသူနဲ့ တကွ ဒီအဆိုကို သဘောကျသူများ အုပ်စုက ပြောဆိုသင့်ပါတယ်။

အရှင် ဝီရသူနှင့် ပတ်သကှ်ု လေ့လာကြည့်သော် အောက်ပါ အချက်များတွေ့ ရသည်။
၁။ နိုင်ငံရေးအကျဉ်းသားအဘိဓာန် အင်တာနက် စာမျက်နှာတွင် ။။-
မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုး ရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။
၂၀၁၂ ခုနှစ် ဇန်န ဝါရီလတွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင် မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများလွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တို ဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့် ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီ အထူး အကြီးတန်း သတင်းထောက် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းခန်းတွင် ဖ်ာပြထားသည်ကို တွေ့ရသည်။
နိုင်ငံရေးအကျဉ်းသားအဘိဓာန် အင်တာနက် စာမျက်နှာ(ဖတ်ရန်နှိပ်ပါ)

၂။ အင်တာနက် ဖေ့စ်ဘုတ် တခုတွင် အမေရိကန်ရောက် နိုင်ငံရေးအကျဉ်းသာေးဟာင်း ကိုမျိုးမြင့်( ပြည်ပ၀က်ဆိုက်များတွင် ဆောင်းပါးများရေးခြင်း၊ အာအက်ဖ်အေ အသံလွှင့်ဌာနတွင် အခန်းဆက် ဆောင်ပါးများတင်ပြပြောဆိုနေသူ) က အရှင်ဝီရသူသည် ဦးခင်ညွှန့် နှင့် ဦးအောင်သောင်း တို့ မွေးထားသည့် ဒလံဟု အတိအလင်း အထောက်အထား များစွာဖြင့် ထုတ်ဖော်ပြောဆိုပြီး ၊ ၉၆၉ အမည်ဖြင့် ၁၉၉၈ ကတည်းက ပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော် ၉၆၉ အဖွဲ့သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် လက်ရှောင်နေတာ တွေ့ ရကြောင်း စသည်များကို နားနှင့် ဆတ်ဆတ် ကြားရသည်။

၃။ ဧရာဝတီ ၀က်ဆိုက်မှ -- ဆောင်ပါးရှင် (ဇော်မင်း) ၏ ထိမ်းမြားခြင်း ဥပဒေသစ် ဘာလဲ ဘယ်လဲ ။-တွင်မူ
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြား အမျိုးသားတဦးနှင့် လက်ထပ်မည်ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည် ဆိုတာကို ဥပဒေအဖြစ် ပြဌာန်းဖို့ -အဆိုဟာ ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်သည်။ လူမျိုးရေး သွေးထိုးသည်မဟုတ် သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင် သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု တရုတ်မုန်းတီးရေးကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု မေးခွန်းမေးစရာ ဖြစ်လာသည်။ မွတ်စလင်မုန်းတီးရေးကို ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများက နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ နေသလားဟုပင် ထင်ရသည်။ဆောင်ပါးရှင် (ဇော်မင်း) ၏ ထိမ်းမြားခြင်း ဥပဒေသစ် ဘာလဲ ဘယ်လဲ အပြည့်အစုံ (ဖတ်ရန်နှိပ်ပါ)

၎။ ဒေါက်တာ ကိုကိုကြီး ဆိုသူ၏ အမြင်တွင်မူ။--
ဦးခင်ညွန့် နှင့် အရှင် ဝီရသူတို့ ဆက်ဆံရေးကိုကြည့်ပြီး ရိပ်မိတဲ့ လူတွေ ရိပ်မိနေပါပြီ။ တားဖို့ ကြိုးစားမှုတွေ မြင်တွေ့ ရတာလဲ ရှိနေပါတယ်။ အကြံကတော့ ထင်မထားလောက်အောင် ကြောက်စရာ ကောင်းနေပြီး မိမိအာဏာ လက်မလွတ်ရေး ကိုပဲစဉ်းစားပြီး တိုင်းပြည်အတွက် တစုံတရာ မှမစဉ်းစားတဲ့ စစ်အစိုးရ တို့ ရဲ့ ကြံစည်မှုလို့ ထုတ်ဖော်ရေး သားမှုတွေ ပေါ်ထွက်လာတယ်။ သူတို့ အကြံအစည်က ၂၀၁၅ မှာ n.l.d လုးံဝ အာဏာ မရအောင် လုပ်ချင်တာဖြစ်ပြီး တိုင်ပြည်ကို လည်း လုးံဝ ဖျက်ဆီးဖို့ ထိ ကြံစည်ထားမှုလို့ မှန်းဆကြတယ်။
၉၆၉ အဖွဲ့ ဆိုတာ ခု အစိုးရ ကိုယ်တိုင် ပါဝင်အားပေး တည်ထောင်ခဲ့တဲ့ အဖွဲ့ စစ်စစ်လို့ ဆိုသူများ ပေါ်ထွက်နေတယ် ။ ၉၆၉ လှုပ်ရှားမှု မှန်သမျှနောက်ကွယ်မှာ အစိုးရ ပါဝင်နေပြီး ဗုဒ္ဓဘာသာဝင် အားလုးံ ရဲ့ ထောက်ခံမှု ကို ရဖို့ ဝီရသူ ဦးဆောင်တဲ့ ဘုန်းကြီး များ ကို တာဝန်ပေးထားကြောင်း၊ အရှင် ဝီရသူ ရဲ့ တာဝန်က မြန်မာနိုင်ငံ ထဲက ဗုဒ္ဓဘာသာတွေ အားလုးံ ၉၆၉ တွေဖြစ်လာဖို့ ဖြစ်ကြောင်း၊ အမျိုးသားရေး တာဝန် ။ သာသနာ စောင့်ရှောက်ရေး စတဲ့ စကားလုးံတွေနဲ့ on lineပေါ် မှာရော ။ နေရာအနှံ့ မှာပါ မှိုင်းတိုက်ထားတားပါ။ မှိုင်းတိုက်တဲ့နေရာမှာ ဘုန်းကြီးမှားနဲ့ အတူ ကြံ့ ဖွတ်စတဲ့ လူတွေ တာဝန် ယူထားပြီး အစ္ဖလာမ် ဘာသာကို အသုးံချပြီး မှိုင်းတိုက်ဖို့  အစီအစဉ် ချမှတ်ထားကြောင်း ထုတ်ဖော်ဖွင့်ဟ ကြတာလဲတွေ့ ရတယ်။

၂ဒေါက်တာ ကိုကိုကြီး ဆိုသူ၏ အမြင် အပြည့်အစုံ (ဖတ်ရန်နှိပ်ပါ)

၅။ လွန်ခဲ့ ၂၀၁၃- ဇွန်လ (၁၆)ရကနေ့က သော ဦးဝီရသူ၏ ဖေ့စ်ဘစ်စာမျက်နှာတွင်။။-
မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်၌် ရွှေတိဂုံဘုရားပေါ်သို့ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးက အစ္စလာမ် အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ပုံစံမျိုး ဝတ်ဆင်ပြီး အဖော်အမျိုးသမီးငယ်တစ်ဦးနဲ့ တက်လာတယ် ဆိုပြီး ဖော်ပြထားတာတွေ့ရပါသည်။
နှင်းဆီပန်းအနီရောင်တွေ “တစ်သောင်းဖိုး” (အတိအကျ ကိုသိနေ၏) ဝယ်လာပါတယ် ဟုလည်းဖော်ပြထားပါသည်။ ထို့နောက် အဲဒီအမျိုးသမီး နှစ်ယောက်ဟာ ဓါတ်ပုံ အကျအန အရိုက်ခံခဲ့သေးတာ ကိုလည်း တွေ့ရပါတယ်။

ရွှေတိဂုံဘုရားပေါ်သို့ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦး ပန်းကျဲ (ဖတ်ရန်နှိပ်ပါ)

ပုပ်လို့ပေါ်လေသလား။ ဟုတ်လို့ ကျော်လေသလား မသိနိုင်သည့် အရှင်ဝီရသူနှင့် ဦးခင်ညွန့် ၊ ဦးအောင်သောင်းတို့ ဆက်ဆံရေး များ ဘွင်ဘွင်းကြီး ပေါ်ထွက်ခဲ့သဖြင့် ပြည်သူများ သံသယ ပွါးခဲ့ကြသည်။
အင်တာနက် ဘလော့များတွင်လည်း ဦးခင်ညွန့် ကိုယ်တိုင် အရှင် ဝီရသူအား လှူဖွယ် ၀တ္တုများ ဆက်ကပ်နေသည့် ပုံများ ပလူပျံအောင် တက်လာကြသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ခမည်းခမက် တော်ပြီး ဒီပဲယင်း အရေး ကြိုးကိုင်သူဟု အစွပ်စွဲခံရသူ ဦးအောင်သောင်း၊ စစ်အစိုးရကို ပြန်လည် အကြံပေး လုပ်နေသည်ဟု သံသယ အဖြစ်ခံနေရသူ ဦးခင်ညွန့် (ပါတီနိုင်ငံရေး မလုပ်ဘဲ အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆက်လက် ကြွေးကျော် ပြောဆိုနေသူ)နှင့် အရှင်ဝီရသူ ရင်းနှီးစွာ ဆရာဒကာ ဖြစ်နေခြင်းမှာ တိုင်းပြည်ရှေ့ ရေး ရင်မအေးဖွယ်ဟု တွက်ဆ ကြသူများလည်း ရှိပြန်သည်။

ဒီအချိန်မှာပဲ မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင်မြန်မာများအရေးကို အလေးပေး တရားဟောသည့် ဆရာတော် ဦးဝီရသူ၏ မျက်နှာဖုံးဖော်ပြထားပြီး ခေါင်းစဉ်မှာ အကြမ်းဖက် ဗုဒ္ဓဘာသာ၏ မျက်နှာဟု ပေးထားသည့် ဇူလိုင်လထုတ် တိုင်းမဂ္ဂဇင်းကြီး၏ အာရှနှင့် အရှေ့အလယ်ပိုင်း၊ ဥရောပထုတ် ပုံနှိပ်ခြင်းတွင်Hannah Beech ဆိုသူ အမျိုးသမီးက ရေးသား ဖော်ပြလာတယ်။

စာရေးသူမှာ Hannah Beech က ဆရာတော်၏ တရားများမှာ လူနည်းစု မူဆလင်ဘာသာဝင်တို့ကို ဝေဖန်ခြင်းဖြစ်ပြီး ကြားရသူတို့ကို သွေးဆူစေသည်ဟု ၄င်း၊ ဘာသာရေးသူရဲကောင်းဝါဒီ၊ လူနည်းစု မူဆလင်တို့အပေါ် တင်းမာသည့် သဘောထားရှိသူဟု ၄င်း၊ စာရေးသူက ဘုန်းတော်ကြီးကို မြန်မာဘင်လာဒင်ဟု ၄င်း ရေးသား ထားတယ်။

အရှင် ဝီရသူနှင့်တကွ နောက်လိုက် များဖြစ်သည့် The First Weekly News Journal နှင့် The First Media Group တို့မှ တိုင်းမဂ္ဂဇင်းကြီး ပါ ဆောင်းပါးကို သစ်ထူးလွင်ဝကဘ်တိုက်တွင် ကန့် ကွက်နေသည်များကို ဝေဆာစွာဖော်ပြနေတယ်။

မည်သို့ပင်ဆိုစေ--
ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်ကြတယ်။ ဦးပိုင်နှင့် ပေါင်းစားနေသော တရုတ်ကုမ္ပဏီများ စစ်တပ်လူတန်းစားနှင့် တရုတ်တို့သာ အမြတ်ထွက်နေသည်ကို အားပေးနေတယ်လို့ အရှင်ဝီရသူကိုမြင်နေကြတာလဲရှိတယ်။
ဥပမာအဖြစ် မန္တလေးကို စီးပွားရေး လူမျိုးရေးအရ စီးထားသည်မှာ နောက်ဝင်လာသော မြန်မာစကား မတတ်သည့်  တရုတ်တွေ ငွေပေး၍ မြန်မာမှတ်ပုံ တင်ကိုင်ထားသည့် ကိစ္စကိုတော့ ဘာကြောင့်မပြောသလဲ ။ မှတ်ပုံတင်ကို ကိုင်ရုံမဟုတ် မြေတွေယာတွေပါ တစတစ သူတို့ဝယ်ယူပိုင်ဆိုင် ထားသည်များစတဲ့ ကိစ္စကိုတော့ အရှင် ဝီရသူ နှုတ်ဆိတ် နေတာထောက်ပြ တာလဲရှိပြန်ပါတယ်။

မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ လယ်မြေယာမြေ သိမ်းသည့်ကိစ္စ၊ ရခိုင်က ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည့် ကိစ္စ အစရှိသော များပြားလှသည့် ကိစ္စရပ်များအပေါ် လူတွေ အာရုံ မရောက်စေရန် လမ်းလွှဲသော လုပ်ရပ်ဟု ၄င်း၊ ကုလားမုန်းတီးရေး မွတ်စလင် မုန်းတီးရေး ဟု၎င်း၊ လူမျိုးရေး သွေးထိုးသည်မဟုတ် သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင် သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု တရုတ်မုန်းတီးရေး ကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု ၄င်း အရှင် ဝီရသူကို ထင်လာကြတယ်။

အဆိုးဝါးဆုံးအချက်မှာ -- မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများသည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တဖြည်းဖြည်းနှင့် လက်နက် တခုသဖွယ် ဖြစ်လာသည်။
လူ့အခွင့်အရေးဟု မွတ်စလင်များဘက်မှ ပြောမိသူနိုင်ငံရေး သမားသည် ရွေးကောက်ပွဲတွင် မဲရှုံးနိုင်သည့်ကိန်း ဆိုက်နေသည်ဟု တွက်ချက်ခန့် မှန်းကြသည်။

ဘာပဲဖြစ်ဖြစ် ယခုလို ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းကြီးတွင် အကြမ်းဖက် ဗုဒ္ဓဘာသာ၏ မျက်နှာဟု ၄င်း၊ မြန်မာဘင်လာဒင်ဟု ၄င်း ရေးသားခံရခြင်းသည် "အကြောင်းတရားနောက် အကျိုးတရား ကပ်လိုက်ခြင်း" ဆိုလျှင် ငြင်းရခက်ပေမည်။

နိဂုံးချုပ် ခြုံငုံ၍ ကောက်ချက် ဆွဲရသော်- အရှင်ဝီရသူသည်
စစ်အာဏာရှင်သက်တမ်းရှည်ရေးအတွက်နောက်ကြောင်းပြန်လှည့်ရန် ကူညီနေသူလော
ဗုဒ္ဒဘာသာသာကို အကြမ်းဖက်ဟုကမ္ဘာက အသိအမှတ် ပြုအောင်ဆောင်ရွက်နေသူပေလော


မာတလိ(မဲဆောက်)-
 


From: demonprince13
Date: 2012/4/22
Subject: 9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ
To: mrsorcerer@googlegroups.com

 9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ

by Aung Thu on Monday, October 17, 2011 at 2:11am ·
ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့် နေကြတဲ့အနောက် နိုင်ငံက လေ့လာစူးစမ်းသူတွေဟာကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီ လုပ်ရပ်ဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။
ဒါပေမဲ့ ဇီယွန်ဝါဒီတွေချုပ်ကိုင်ထားတဲ့ မီဒီ ယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေ ကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ်ဖာထေးပြီးအလိမ် အညာ လုပ်ဇာတ်တွေ ကိုသာဖန်တီး ၀ါဒဖြန့်ခဲ့ပါတယ်။ အ ရှင်းဆုံးတွေ့ရှိချက်တစ်ခုကတော့ စက် တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါမှာ မရှိဘူးဆိုတဲ့အချက်ပါပဲ။
ဘင်လာဒင်ကိုယ်တိုင်ကလည်း အလ်ဂျဇီး ရားရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ““ဒီတိုက်ခိုက်မှုမှာ ကျုပ်ပါဝင် ပတ်သက် မှုမရှိဘူး။ တိုက်ခိုက်တာကို သိတောင်မသိဘူး။ ဒါဟာ အမေရိကန် ပြည်ထောင်စုက ဖုံးကွယ်ထား တဲ့ လျှို့ဝှက်ကြံစည်မှုပဲ။ ခေတ်သစ်ခရူးဆိတ်ကို ဖန်တီးလိုက်တာပဲ””လို့ငြင်းပယ်ပြောကြားခဲ့ပါတယ်။

၉/၁၁ဖြစ်ရပ်မှန် အချက်အလက်တွေကို ပြင် သစ်နဲ့ အမေရိကန်က ပညာရှင်တွေဟာ အစွမ်း ကုန်ကြိုးစားဖော်ထုတ်ခဲ့ကြပါတယ်။ Brigham တက္ကသိုလ်ကရူပဗေဒပညာရှင် Steven E.Jonesနဲ့ ပိသုကာပညာရှင်တို့ ပူးပေါင်းတင်သွင်းတဲ့ ၉/၁၁ သီအိုရီမှာ ““တာဝါနှစ်ခုဟာ လေယာဉ်တိုက်တာ ခံရတာကြောင့် ပြိုကျသွားတာမဟုတ်ပါဘူး။ အ ဆောက်အအုံထဲမှာ အဆောက်အဦးဖြိုချတဲ့ နည်း စနစ်ကို စနစ်တကျထည့်သွင်းထားပြီး ချိန်ကိုက်ဖြို ချဖျက်ဆီးပစ်တာပါ။ WTC ဟာ မီးလောင်ရုံနဲ့ပြို ကျသွားမယ့် တည်ဆောက်ပုံမျိုးမဟုတ်ပါဘူး။ အဲ ဒီမှာ thermite ဒါမှမဟုတ် nanothermite တစ်ခုခုထည့်သွင်းဖြိုချတာသာ ဖြစ်နိုင်ပါတယ်””လို့ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဂျုန်းစ်ကို အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကြောင့် Brigham တက္ကသိုလ် ကနေပင်စင်ပေးလိုက်တယ် ။ဒါပေမဲ့ဂျုန်းစ် ကတော့ Scholars for 9/11 Truth & Justice အဖွဲ့ကိုဖွဲ့ပြီး ဆက်လက်သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေရှိချက်တွေကို အင်တာနက် ၀ဘ်ဆိုက်မှာကော ဒီဗွီဒီအခွေနဲ့ပါ အထောက်အ ထားတွေနဲ့ ဖော်ထုတ်တင်ပြခဲ့ပါတယ်။
ဒါဆိုရင် လက်သည်အမှန်၊ တရားခံ အစစ်က ဘယ်သူများပါလိမ့်။ ဒါကို မီဒီယာတွေက ဘာကြောင့် ဖုံးကွယ်ထားရသလဲ။ အမေရိကန်အ စိုးရက ဒါကိုမသိဘူးလား။ စသဖြင့် ထပ်ဆင့်မေး ခွန်းတွေ မေးစရာရှိပါတယ်။
ဟုတ်ပါတယ်။ လေ့လာချက်တွေအရ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်တရားခံဟာ သမ産ုရှ်အစိုး ရကိုယ်တိုင်ဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘင်လာဒင်၊ အလ်ကိုင်ဒါနဲ့ အာဖဂန်ကိုတိုက်ခိုက် ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခု ရှာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရကတိုက်ခိုက် လုပ်ဆောင်ခဲ့တာ မဟုတ်ရင်တောင်မှ အမေရိ ကန်ကိုပြန်ပြီးချုပ်ကိုင်ထားတဲ့ ဇီယွန်ဝါဒီတွေကနေ အစ္စလာမ်ကမ္ဘာကို နာမည်ဆိုးရစေဖို့နဲ့စစ်သွေးကြွှ နေတဲ့ဘုရှ်ကို မီးလောင်ရာလေပင့်ပေးပြီး မွတ်စ လင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ဖို့အခွင့်အရေးဖန် တီးပေးလိုက်တာပဲလို့ လေ့လာသူတွေက တင်ပြ လာကြပါတယ်။
အမေရိကန်အစိုးရဟာ ကိုယ်တိုင်လုပ်ခဲ့ တာ မဟုတ်ရင်တောင် ဒီလိုလုပ်ခဲ့တဲ့လုပ်ရပ်ကိုကြိုသိပြီး အလိုပါဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေရှိ နေပါတယ်။ ထင်ရှားကျော်ကြားတဲ့လေ့လာဆန်း စစ်သူတစ်ဦးဖြစ်တဲ့ တယ်ရီမေဆန်ရဲ့ “အန္တရယ် ကြီးမားတဲ့လိမ်လည်မှုကြီးနဲ့ ကြောက်မက်ဖွယ်ရာ လှည့်ဖျားမှု””ဆိုတဲ့ စာအုပ်ဟာလည်း ဈေးကွက်ကို ရောက်လာပြီး ၂ နာရီအတွင်းမှာပဲ ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေမှုက ပြိုက်ခနဲ ကုန်သွားခဲ့ပါတယ်။ စာရေးသူရဲ့ သက်သေအထောက်အထားတွေကို ဖတ်ရသူတိုင်းဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကိစ္စကင အမေရိကန်နဲ့မီဒီယာ လောကရဲ့ ၀ါဒဖြန့်မှု တွေဟာ ရာနှုန်းပြည့်လိမ်လည်မှုသာဖြစ်တယ်လို့ တွေ့ရှိလာခဲ့ကြပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံရဲ့အတွင်းတော်လှန် ပုန်ကန်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အဆင့်မြင့် စစ်ဖက်အရာရှိတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်သမ၊တဘုရှ်ကို သူ့ရဲ့ ပေါ်လစီပြောင်းလဲ စေဖို့အကြပ်ကိုင် လိုတဲ့ရည်ရွယ်ချက်တစ်ခုလည်းပါပါတယ်။ ကမ္ဘာ ကြီးကအံ့သြခဲ့ရပါတယ်။ ကမ္ဘာပျက်လောက် အောင်ပွက်လောရိုက်ခဲ့ပေမယ့် အမေရိကန်ထောက် လှမ်းရေး အေဂျင်စီတွေက ဒီတိုက်ခိုက်မှုသတင်း ကို ကြိုတင်သတင်းမရခဲ့ဘူးလို့ဆိုကြတယ်။ ဒီ လိုပြောကြသူတွေဟာ သူတစ်ပါးနိုင်ငံတွေကြုံတွေ့ လာနိုင်တဲ့ အကြမ်းဖက်မှု ဘေးအန၊ာယ်တွေကို တော့ ကြိုတင်သတင်းပေးနိုင်တယ်ဆိုတာ အံ့သြစ ရာပါပဲ။ စာရေးသူက ဘယ်လိုလှစ်ပြခဲ့သလဲဆို တော့ ““ဖြစ်ပျက်ခဲ့သမျှတို့သည် ထောက်လှမ်းရေး အေဂျင်စီတို့ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ကိုယ်တိုင်က ယင်း ကိစ္စကို လုပ်ကြံဆောင်ရွက်ခဲ့ကြသောကြောင့်ဖြစ် သည်။

လုပ်ဆောင်သူများသည် ထိုအဆောက်အ အုံထဲရှိ အလုပ်သမားများကို ကြိုတင်သတင်းပေး ကာ တတ်နိုင်သမျှ အနည်းဆုံးပျက်စီးဆုံးး သေ ကြေမှုဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့်ပင် ယင်း ကိစ္စဖြစ်သောအချိန်၊၀န်ထမ်းဦးရေအလွန် နည်း လေသည်။ အမှန်မှာ ကုန်သွယ်ရေးစင်တာ၊၀န် ထမ်းဦးရေ လေးငါးသောင်းခန့်ရှိလေသည်။””
စာရေးဆရာက မေးခွန်းတွေအများကြီးထုတ် ခဲ့တယ်။ အဲဒီမေးခွန်းတွေက သူ့ရဲ့စွပ်စွဲချက်ကို အားဖြည့်ပေးထားတယ်။ ဥပမာ- သမ္မတ ဘုရှ်ဟာ တစ်နေ့လုံးစစ်ဌာနချုပ်မှာ ပုန်းအောင်းနေခဲ့တယ်။ မိမိရဲ့ကိုယ်စားလှယ်ကို ကာကွယ်ရေးဌာနကို စေလွှတ်ထားခဲ့တယ်။ စာရေးသူက -
““အမှန်သော်ကား လျှို့ဝှက်မှုသော့ချက် အားလုံးသည် အကြမ်းဖက်သမားတို့၏ လက်ထဲ တွင်ရောက်ရှိနေပြီးဖြစ်သည်။ ထိုအချက်ဖြင့် နျူက လီးယားဗုံးကိုပင် ဖောက်ခွဲနိုင်သည်။ စစ်တပ် ကို ကြိုက်သည့်လမ်းညွန်မှုပေးနိုင်သည်။ ထို့ကြောင့် ပင် သမ္မတ ဘုရှ်သည် စစ်ဌာနချုပ်တွင် လမ်းသ လားနေခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့်ဖောက် ခွဲမှုကို တားဆီးနိုင်ရန်ဖြစ်သည်။””လို့ မှတ်ချက်ပြု ထားတယ်။ ဒီ့အပြင် ““ထိုနေ့တွင် အိမ်ဖြူတော်၊မီးလောင်ပေါက်ကွဲခဲ့သေးသည်။ သို့သော်ထိုအဖြစ် အပျက်ကို ဖုံးအုပ်ထားခဲ့ကြသည်။”” လို့လည်းဖော် ထုတ်ရေးသားခဲ့တယ်။

၂၀၀၂ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် (လက်ခနောင်းမှ ထုတ်ဝေသော) “ရာရှ်သရီယား ဆဟာရာ””အူရဒူစာစောင်မှာလည်း ကမ္ဘာ့ သတင်း တွေကို ကိုးကားပြီး ဒီလိုရေးထားပါတယ်။
““အမေရိကန် အစိုးရဘက်က သူတို့ သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုသတင်းပေး ချက်ကို တိုက်ခိုက်မှုမဖြစ်မီအလျင် ရရှိခဲ့ပြီးဖြစ်သည်။””တဲ့။
အမေရိကန်တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက် ခဲ့တယ်။ ဒီဝန်ခံချက်နောက်ပိုင်းမှာ အမေရိကန် အုပ်ချုပ်သူတွေနဲ့ အတိုက်အခိုက်ခံရသူတွေဟာ နောက်ပိုင်းမှာ ဒီဖြစ်ရပ်ရဲ့တာဝန်ရှိသူတွေဟာအ စိုးရ ကိုယ်တိုင်ဖြစ်တာကို ၀န်ခံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို သတင်းအားလုံးကို ဇီယွန်ဝါဒီပိုင်မီဒီယာ တွေက ဖုံးအုပ်ထားခဲ့တဲ့အတွက်ကမ္ဘာ သားတွေဟာ မသိခဲ့ကြရဘူး။

အမေရိကန်သမိုင်းမှာလွတ်လပ်တဲ့ပြင်ပပညာ ရှင်တွေနဲ့ စုံစမ်းလေ့လာသူ တွေရဲ့ကြိုးပမ်း အားထုတ် မှုကြောင့် ဒီလိုကိစ၊ပ်ပေါင်းများစွာကိုဖြေရှင်းနိုင်ခဲ့ တယ်။ နိုင်ငံကိုကိုင်လှုပ်လောက်တဲ့ဖြစ်ရပ်တွေ ပေါ် ပေါက်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း အမေရိကန်စုံ စမ်းထောက်လှမ်းသူတွေရဲ့ မဆုတ်မနစ်ကြိုးပမ်း အားထုတ်မှုကြောင့် စက်တင်ဘာ ၁၁ ဖြစ်ရပ်မှန် ဟာဗူးပေါ်သလို ပေါ်ခဲ့တယ်။ ကျော်ကြားတဲ့အမေ ရိကန်စူးစမ်းလေ့လာသူ စာရေးဆရာများဖြစ်ကြတဲ့ မစ္စတာာလောရင့်စ်နဲ့ မစ္စတာဂျိုးအဲလစ် ရဲ့မျက် မှောက်ကြီးကြပ်ကွပ်ကဲမှုနဲ့ စစ်ဆေးရေးအဖွဲ့ တစ် ခုလုံးဟာ စက်တင်ဘာ ၁၁ ရဲ့ ဖြစ်ရပ်絀ထောင့် အားလုံးကို လေ့လာဆန်းစစ်ခဲ့ကြတယ်။ အဲဒီလေ့ လာဆန်းစစ်မှုရဲ့ အနှစ်ချုပ်ကတော့-
““လေယာဉ်ပျံကို ပြန်ပေးဆွဲတဲ့ စွပ်စွဲချက် ကို အရဗ်တို့အပေါ်ပြစ်တင်ပုံချခဲ့ခြင်းဟာ လေးနက် ပြီး အန၊ာယ်ကြီးမားလှတဲ့ လုပ်ကြံမှုရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တယ်။ ရှေးယခင်ကလည်း ပြုလုပ် ခဲ့ဖူးတယ်။ စုံစမ်းလေ့လာတဲ့အဖွဲ့ဟာ ပြန်ပေးဆွဲခံရ တဲ့လေယာဉ်ရဲ့ ခရီးသည် စာရင်းနဲ့တိုက်ခိုက်သူတွေ ရဲ့အမည်စာရင်းအားလုံးကို ရိုက်နှိပ်ထားခဲ့တယ်။
လေယာဉ်ပျံကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့အ ရဗ်လူငယ်တွေရဲ့ အမည်ဟာ အဲဒီစာရင်း ထဲမှာမပါ တာကိုသိရင် ကမ္ဘာ ကြီးကအံ့သြမှာအမှန်ပါပဲ။ အား လုံးပဲ မှတ်မိကြမလား တော့မသိဘူး။ အမေရိကန် နိုင်ငံမှာ မကြာခဏလေယာဉ်ပျံပေးဆွဲခံရတဲ့ ဖြစ် ရပ်တွေရှိခဲ့တယ်။ အမေရိကန်အစိုးရဟာကျွမ်းကျင် သူပညာရှင်တွေနဲ့ အဲဒီအန္တာယ်ကို ဘယ်လိုကာ ကွယ်တားဆီးရ မလဲဆိုတာကိုတိုင်ပင်ဆွေးနွေးခဲ့ကြ တယ်။ ပင်တဂွန်က လေယာဉ်ဆောက်တဲ့ ကုမဏီ ကြီးနှစ်ခုကို ဒီတာဝန်ပေးအပ်ခဲ့တယ်။ သူတို့အနေ နဲ့မြေပြင်ကနေတောင် လေယာဉ်တွေကို ထိန်းချုပ် ကိုင်တွယ်နိုင်တဲ့စနစ်ကို ရှာကြံတီထွင်ဖို့ ဖြစ်တယ်။ ဒါကြောင့် အဲဒီကုမဏီ တွေဟာ အဲဒီစနစ်ကိုတီထွင် ခဲ့ကြတယ်။ နောက်တော့ အဲဒီအချက်ကို လျှို့ဝှက် ထားကြတယ်။ လေယာဉ်မောင်းသူကို တောင်အ သိမပေးခဲ့ဘူး။ လေယာဉ်ပေါ်မှာ တီးတိုးပြောတဲ့ စကားကိုတောင် မြေပြင်ကနေကြားနိုင်တယ်။ ဒီတီ ထွင်မှုဟာ လေယာဉ်ရဲ့မူလအစီအစဉ် တစ်ခုလုံးကို တောင်ဖျက်ဆီးနိုင်တယ်။ ဘယ်နေရာမှာမဆိုလေ ယာဉ်ကို ဆင်းသက်စေနိုင်တယ်။ အဲဒီလိုလုပ်ခဲ့ရင် လေယာဉ်မောင်းသူတောင်ဘာမှမလုပ်နိုင်ဘူး။အဲဒီ အချက်တွေကို လေယာဉ်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေ ကိုလည်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ အဲဒီစနစ်ရဲ့အတိုကောက် ကို JPLS လို့ခေါ်တယ်””
ထောက်လှမ်းရေးလေယာဉ်တွေ မောင်းသူမ ပါဘဲမောင်းနှင်သလိုပေါ့။ ဒီစနစ်နဲ့ လေယာဉ်ကို ထိန်းချုပ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိုစီ စဉ်ခဲ့တာပါပဲ။ အမေရိကန်ပညာရှင် မစ္စတာဂျိုး အဲလစ်က ““ဒီစနစ်ရဲ့ ရည်ရွယ်ချက်က လေယာဉ် ပျံတွေ ပြန်ပေးဆွဲခံရခြင်းက ကယ်တင်ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ ချက်ချင်းပဲအစိုးရစစ်တပ်နဲ့ မာ ဖီးယားဂိုဏ်းတွေဟာ ဒီစနစ်ကို သူတို့ရဲ့ရည်ရွယ် ချက်ဖြည့်ဆည်းဖို့ စဉ်းစားလာခဲ့ကြတယ်။ ကမ္ဘာ ကို စိုးမိုးရေးနဲ့ ကမ္ဘာကြီးရဲ့အစီအစဉ်ကိုမိမိတို့စိတ်ကြိုက် ချယ်လှယ်လိုကြတဲ့အတွက်ကြောင့်ပါပဲ””လို့ကောက် ချက်ချခဲ့ပါတယ်။
လေယာဉ်တိုင်းမှာ ထိကိုင်လိုက်ရုံနဲ့လေယာဉ် ပျံပေးဆွဲခံရတဲ့သတင်းပေးနိုင်တဲ့ ကိရိယာပါရှိပါ တယ်။ စက်တင်ဘာ၁၁ရက်မှာလေယာဉ်၎စီးစလုံး ဘယ်လေယာဉ်မှ ပြန်ပေးဆွဲခံရတဲ့ သတင်းမပေးခဲ့ ဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းက တစ်ခု ပဲရှိတယ်။ အဲဒီလေယာဉ်တွေမှာရှိတဲ့အချက်ပေး ကိရိယာတွေကို အဝေးထိန်းကိရိယာနဲ့အသုံးပြုလို့ မရအောင်လုပ်ခဲ့လို့ပဲ။ အဲဒီအချိန်က လေယာဉ် ပေါ်မှာ အနည်းဆုံးခရီးသည် ၇၀ နဲ့ ၈၀ အထိပါရှိ တယ်။ အဲဒီခရီးသည်တွေဟာ မိမိတို့ရဲ့သေမင်းကို ဒီလိုပဲထိုင်ကြည့်နေခဲ့တယ်ဆိုတာဖြစ်နိုင်ရဲ့လား။ လှုပ်ရှားမှုမရှိ၊ အသံပြုခြင်းမရှိ၊ အော်သံမရှိ၊ တိုး လျှိုးတောင်းပန်သံမရှိ၊ လေယာဉ် တစ်စီးလုံးဘာ မှမဖြစ်သလိုပဲ။
လေယာဉ် ၄စီးထဲက၂စီးရဲ့ဘလက်ဘောက်စ် ၂ ခုကို ရရှိခဲ့တယ်။ ၂ ခုစလုံးကို စစ်ဆေးကြည့် လိုက်တဲ့အခါမှာ ဘာအသံမှမကြားရဘူး။ ၂ခုစလုံး ပြောင်သလင်းခါနေတယ်။ လေယာဉ်ပေါ်မှာရှိတဲ့ သူတွေအားလုံး ဆွံ့အနေကြလို့လား။ လေဖြတ်နေ ကြလို့လား။ အဲဒီဘလက်ဘောက်စ်ကိုလည်း အ ဝေးထိန်းကိရိယာနဲ့သုံးမရအောင်လုပ်ထားလို့သာ ဖြစ်မယ်။ တစ်ခါ လေယာဉ်ပြန်ပေးဆွဲခဲ့သူအကြမ်း ဖက်သမားတွေဟာ အရဗ်များဖြစ်တယ်လို့ ဒုတိယ မျှော်စင်ပျက်စီးပြီး ၂၄ မိနစ်အကြာမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ကြေညာခဲ့ တယ်။ အဲဒါကိုလည်း ဆန်းစစ်ကြည့်သင့်တယ်။
အဲဒီလုပ်ရပ်ရဲ့တာဝန်ရှိသူဟာ ဘင်လာဒင်နဲ့ အလ် ကိုင်ဒဟ်ဖြစ်တယ်တဲ့။ အရဗ်လို့ စွပ်စွဲခြင်းကလည်း ပြန်ပေးဆွဲသူတစ်ဦးရဲ့ ကားထဲမှာ အရဗီဘာသာနဲ့ လေယာဉ်မောင်းလမ်း馮န်စာအုပ်တစ်အုပ်ကိုတွေ့ ရလို့တဲ့။ လေယာဉ်မောင်းစာအုပ်ဖတ်ပြီး ဘိုးရင်း လေယာဉ်ကြီးကို မောင်းနှင်လို့ရနိုင်ပါသလား။
လေယာဉ်အသေးစားမောင်းသူနဲ့၊ အဲယား ဘတ်စ်လေယာဉ်မောင်းသူ၊ ဘိုးရင်း ၇၂၇ မောင်း သူတို့ကိုယ်တိုင်က စက်တင်ဘာ ၁၁ ရက်နေ့က လေယာဉ်မောင်းသလို လေယာဉ်မောင်းကျွမ်းကျင် သူတွေတောင် မမောင်းနိုင်ဘူးလို့ ဆိုထားကြ တယ်။ အရဗ်လူငယ်တွေဟာ လေယာဉ်မောင်းစာ အုပ်ဖတ်ပြီး ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘယ် လိုများ ဒီလေယာဉ်ကြီးတွေ မောင်းတာ သင်ခဲ့ကြ ပါသလဲ။ လောရင့်စ်က ““ကျွန်တော်ဟာ လေယာဉ်လေးစီးစလုံးရဲ့ ခရီးသည်စာရင်းသွင်း ထားချက်ကို လေ့လာခဲ့ရာမှာ အာရဗ်နာမည်တစ် ခုမှမတွေ့ခဲ့ရပါဘူး””လို့ ပြောခဲ့ပါတယ်။ သူကပဲဖြစ် ရပ်ပြီးတဲ့ နောက်နှစ်ရက်မှာ ခရီးသည်အားလုံးရဲ့ စာရင်းကို ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုထားပြန် တယ်။ လေယာဉ်ကုမ္ပဏီ တွေက ခရီးသည်တွေရဲ့ စာရင်းဟာ လေယာဉ်ပျံနဲ့တကွ လောင်ကျွမ်းသွားခဲ့ တယ်လို့ ဆိုကြတယ်။ ရယ်စရာကောင်းတာက တော့ စာရင်းမှတ်တမ်းဟာ လေယာဉ်လေံစင်းးနဲ့လေ ယာဉ်ကွင်းမှာ ရှိရမယ့်အစား လေယာဉ်ပျံ ပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
မစ္စတာမာရှယ်က ၂၄ နာရီတောင် မပြည့်ခင် မျှော်စင်ရဲ့ပြိုကျပျက်စီးသွားတဲ့ အပျက်အစီးတွေ ကို ဖယ်ရှားပစ်ဖို့ ကန်ထ絛ုက်ပေးလိုက်ရတဲ့အ ကြောင်းရင်းဟာ ဘာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ ဒါ့အပြင်အချိန်မဆွဲဘဲ အရည်ဖျော်ပစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း ပါလိုက်သေးတယ်။ အ ပျက်အစီးတွေကို စုံစမ်းစစ်ဆေးခြင်း ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး။
““အမေရိကန်တွေကိုယ်တိုင်က ကိုယ့်နိုင်ငံ ကိုယ်ပျက်စီးအောင်ဘယ်လိုလုပ်မှာလဲ””လို့ တချို့ ကပြောကြတယ်။ အဲဒီသူတွေအနေနဲ့အမေရိကန် စာရေးဆရာ James Bomford ၏ Body of Se-ctrets ဆိုတဲ့စာအုပ်ကို လေ့လာကြည့်သင့်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက““အမေရိကန်နိုင်ငံ မှာ နိုင်ငံရဲ့ပေါ်လစီကို မိမိတို့စိတ်တိုင်းကျပြုလုပ်ဖို့ နဲ့ချယ်လှယ်နိုင်ဖို့ ဘာမဆိုလုပ်နိုင်တဲ့ အင်အားစု တွေရှိတယ်။ အတိတ်မှာဂျွန်အက်ဖ်ကနေဒီရဲ့ခေတ် က စီအိုင်အေဟာ လုပ်ခဲ့ပြီးဖြစ်တယ်။ သူတို့ဟာ ကျူးဘားနိုင်ငံကို တိုက်ခိုက်ဖို့ အကြံအစည်တွေပြု လုပ်ပြီး ပင်တဂွန်ရဲ့သဘောတူညီချက်ကို ယူခဲ့ကြ တယ်။ ဒါပေမယ့် အဲဒီအကြံအစည်တွေကို ကနေ ဒီထံတင်ပြလာတဲ့ အခါကျတော့သူကပယ်ချတယ်။ အဲဒီငြင်းပယ်မှုရဲ့ ရလဒ်ကတော့ ကနေဒီလုပ်ကြံ ခံရခြင်းပဲဖြစ်တယ်။ အဲဒီအကြံအစည်က အမေရိ ကန်အနေနဲ့ကိုယ့်နှာခေါင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး ကျူးဘားအပေါ် တိုက်ခိုက်ဖို့ဖြစ်တယ်။
အကြံအစည်က အမေရိကန်တပ်သားတွေကို ရှပ်ဝတ်စုံတွေဝတ်ပေးပြီး အမေရိကန်လေယာဉ် တွေကို တိုက်ခိုက်စေမယ်။ လေယာဉ်အချို့ကို ပစ်ချဖျက်စီးခံလိုက်မယ်။ စစ်သင်္ဘောအချို့လည်း နစ်မြုပ်ခံလိုက်မယ်။ အဲဒါကိုအကြောင်းပြုပြီး ကျူး ဘားအပေါ်တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။ အဲဒီလိုနဲ့ စစ်စ တင်ဖို့ကြံစည်ခဲ့ကြတယ်””အကြံပေစက်လွန်းပါပေ့။

အဲဒီလိုပဲ စက်တင်ဘာ ၁၁ လုပ်ဇာတ် ဟာလည်း အစ္စလာမ်နဲ့မွတ်စလင်ကမ္ဘာ ကို နာမည် ဖျက်ဖို့၊ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါကိုတည်ချက် လုပ်ပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

ဝီရသူ
http://muslimtime.wordpress.com/2011/09/23/911-%E1%80%9C%E1%80%AD%E1%80%99%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%99%E1%82%88%E1%81%BE%E1%80%80%E1%80%AE%E1%80%B8-%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%B1%E1%80%94%E1%80%AC/ 
  

Tuesday, June 11, 2013

မြန်မာပြည်က ၂၀၁၅ ရွေးကောက်ပွဲ

မြန်မာပြည်က ၂၀၁၅ ရွေးကောက်ပွဲ - ၁

ကျွန်တော် ဒီမိုကရေစီအစိုးရ ဖြစ်လာဖို့ 
၁၉၈၈ ကစပြီး ကျရာနေရာ ရောက်တဲ့ဒေသမှာ
ကြိုးပန်းခဲ့သူလို့ ဆိုရင်ရနိုင်ပါတယ် ။
တော်လှန်ရေးနယ်မြေ ၂ နှစ်
ထိုင်းနိုင်ငံ ၁၁ နှစ်
နယ်သာလန်နိုင်ငံ ၁၁ နှစ်
၂၅ နှစ် သက်တန်း အတွေ့ အကြုံ ရှိလာပါပြီ ။

ရွေးကောက်ပွဲ အတွက် စဉ်းစားကြည့်ခြင်း
အသက်ရှင်သူတွေ ဖြတ်သန်းတွေ့ ကြုံခဲ့တဲ့
မြန်မာ့သမိုင်းကို ထည့်သွင်း တွက်ချက်ဖို့ လိုပါတယ် ။

၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေး ခေါင်းဆောင်များနဲ့ 
တိုင်းရင်းသား ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရပါတယ် ။
၁၉၆၂ မှာ ဒီမိုကရေစီ ခေါင်းဆောင်များနဲ့ 
တိုင်းရင်းသားခေါင်းဆောင်များ အဖမ်းခံပြီး
တိုင်းပြည် အာဏာကို စစ်တပ်က ဖယ်ဒရယ်မူကြောင့် သိမ်းခဲ့ပါတယ် ။
၁၉၈၇ မှာ ဆိုရှယ်လစ်စနစ်ကို မှားယွင်းတဲ့ လူနေရာချမှု
နိုင်ငံတကာ အပြောင်းအလဲ တိုးတက်မှုကို နားမလည်ဘဲ
တခါးပိတ်ဝါဒကို ကျင့်သုံးတဲ့ ရလဒ်က တိုင်းပြည်ကို
အဆင်းရဲဆုံးနဲ့ ဖွံ့ ဖြိုးမှု နောက်ပိတ်စာရင်းထဲရောက်သွားပါတယ် ။
၁၉၈၈မှာ ကျောင်းသားလှုပ်ရှားမှုတွေကတဆင့်
တနိုင်ငံလုံး ဒီမိုကရေစီအစိုးရ တောင်းဆိုမှု စတင်ခဲ့ပါတယ် ။
၁၉၉၀ မှာ တပ်မတော်က ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ် ။
လူထု ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်း ခေါင်းဆောင်တွေ
ထပ်မံပေါ်ထွက်ခဲ့ပါတယ် ။
ရွေးကောက်ပွဲက မဲနိုင်တဲ့ပါတီတွေက
လူထု ကိုယ်စားလှယ်တွေအားလုံးကို
အကျဉ်းထောင်ထဲ ပို့ ခဲ့ပါတယ် ။

မြန်မာနိုင်ငံရေး သမိုင်းနဲ့ တိုင်းပြည်ရဲ့ တိုးတက်မှုကို
အကြိမ်ကြိမ် သင်းသတ်ခံထားတဲ့သမိုင်းနဲ့ တိုင်းပြည် လို့ 
ဝမ်းနည်းဘွယ်ရာ ကောက်ကောင်းဆွဲနိုင်ပါတယ် ။


နာကျည်းချက်တွေကို ပြန်လည်မွေးဖွားတာ မဟုတ်ပါ ။
နာကျည်းချက်တွေနဲ့  နိုင်ငံရေးလုပ်မဲ့သူတွေ
လက်နက် အာဏာနဲ့  နိုင်ငံရေး လုပ်တတ်သူတွေကို မရွေးချယ်ဖို့  ဖြစ်ပါတယ် ။

ဌေးတင့်

11-Jun-2013 နံက်
နယ်သာလန် ။


မြန်မာပြည်က ၂၀၁၅ ရွေးကောက်ပွဲ - ၂

တီထွင်အောင်မြင်မှုတွေနဲ့ အတူ လူတွေရဲ့  နေထိုင်စဉ်းစား
အုပ်ချုပ်မှုစနစ်တွေ ပြောင်းလဲနေတယ်ဆိုတာ
တပ်မတော်ကလာတဲ့ ခေါင်းဆောင်တွေ လက်ခံပြီး
၂၀၀၈ ဖွဲ့ စည်းပုံနဲ့ စတင်ကြိုးစားတာ သံသယ မရှိပါဖူး ။

၁၉၇၄ ဖွဲ့ စည်းပုံ အရ
၁၉၈၇ မှာ ဆိုရှယ်လစ်စနစ်ကို မှားယွင်းတဲ့ လူနေရာချမှု
နိုင်ငံတကာ အပြောင်းအလဲ တိုးတက်မှုကို နားမလည်ဘဲ
တခါးပိတ်ဝါဒကို ကျင့်သုံးတဲ့ ရလဒ်က တိုင်းပြည်ကို
အဆင်းရဲဆုံးနဲ့ ဖွံ့ ဖြိုးမှု နောက်ပိတ်စာရင်းထဲရောက်သွားပါတယ် ။

၂၀၀၈ ဖွဲ့ စည်းပုံဟာ တခါးပိတ်ခံထားရစဉ်က
ရေးဆွဲခဲ့တဲ့ ဥပဒေသတွေ ဖြစ်ပါတယ် ။
ဒီကနေ့  တခါးဖွင့်လိုက်တဲ့ အချိန်မှာ 

ဘာမှ မတတ်ပါဖူးလို့ သိလာကြပါပြီ ။
တိုးတက်သွားတဲ့ ဒီမိုကရေစီ နိုင်ငံတွေလိုလဲ
ဖွဲ့ စည်းပုံကို လွယ်ကူစွာ ပြောင်းလဲဖို့ ကြိုးစားကြမလား
ကမ္ဘာပျက်တဲ့ အထိ နည်းမျိုးစုံသုံးပြီး
ကာကွယ်စောင့်ရှောက်ကြမှာလားလို့ 
မြန်မာနိုင်ငံသားတွေကိုယ်စား သိချင်လာပါတယ် ။

ဘယ်ပါတီဘဲ မဲနိုင်နိုင် ဘယ်ခေါင်းဆောင်ကိုဘဲ ရွေးရွေး
လူထုက ကျေနပ်ပြီး တိုင်းပြည်အတွက် ကြိုးစားသူ အားလုံးကို
ထောက်ခံ လိုက်နာ သင့်ပါတယ် ။ 


တိုးတက်သွားတဲ့ ဒီမိုကရေစီ နိုင်ငံတွေလိုလဲ
၂၀၀၈ ဖွဲ့ စည်းပုံကို လွယ်ကူစွာပြောင်းကြပါ ။ 

 

ဌေးတင့်

၁၁- ဇွန်လ- ၂၀၁၃ နေ့ လည်
နယ်သာလန်





မြန်မာပြည်က ၂၀၁၅ ရွေးကောက်ပွဲ -၃

မြန်မာပြည်ရဲ့ နှစ် ၆၀ ကြာမှားယွင်းခဲ့တယ်ဆိုတဲ့စနစ်ကို
ပြန်လည်သုံးသပ်ဖို့  လိုလာပါပြီ ။
၁၉၆၂ မှာ အာဏာသိမ်းပြီး တပ်မတော်က
အရပ်သားအုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်နေရာယူခဲ့ကြပါတယ် ။ 
ဗိုလ်သင်တန်းဆင်းပြီး အရာရှိတိုင်း တပ်စုမှုး တပ်ခွဲမှုး
တပ်ရင်းမှုး စတဲ့ အခြေခံ အုပ်ချုပ်ရေး သင်တန်းတွေ တက်ကြရပါတယ် ။ 
ထူးချွန်သူများထဲက သီးသန့် အုပ်ချုပ်ရေး စီမံခန့် ခွဲရေး သင်တန်းများလည်း 
သင်ကြားရပါတယ် ။ ဒီသင်တန်းတွေက သင်ခန်းစာတွေ အားလုံးဟာ
တပ်မတော်တွင်း အုပ်ချုပ်မှုဆိုင်ရာ ပညာရပ်တွေဖြစ်ပါတယ် ။ 
တော်လှန်ရေးကောင်စီ လက်ထက် စတင်ပြီး
တပ်မတော်အုပ်ချုပ်ရေးကျောင်းဆင်းတွေကို 
နိုင်ငံတော် အုပ်ချုပ်ရေးနေရာတွေမှာ တိုက်ရိုက်အစားထိုးခဲ့ပါတယ် ။
အရပ်သားတွေ အပေါ်က ထိမ်းကျောင်းဖို့  နေရာတွေပေးခဲ့ပါတယ် ။
၁၉၇၄ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို 
အကောင်အထည်ဖေါ်တဲ့အခါမှာ တပ်မတော်သားတွေကို ပင်စင်ပေးပြီး
အရပ်သားအသွင်နဲ့ ဆက်လက်တာဝန်ပေးခဲ့ကြပါတယ် ။
အစဉ်အလာဖြစ်သွားပါတယ် 

အစိုးရထိပ်ပိုင်းက မိမိတို့ ယုံကြည်စိတ်ချရသူတွေကို တာဝန်ပေးတာ ပြသနာမဟုတ်ပါဖူး ။ 
၁၉၈၇ မှာ တိုင်းပြည်မွဲသွားတာက ပြသနာပါ ။

၁၉၈၈ မှာတော့ စစ်အစိုးရဆိုပြီး မြန်မာပြည်ကို 
အာဏာရှင်အမှောင်တိုက်ထဲရာက်ခဲ့ပါတယ် ။
အရွယ်ရောက်သူတိုင်း တပ်မတော်ထဲဝင် ။ စစ်တပ်နာမည်နဲ့ စီးပွားရေးလုပ်
ထိုင်းနိုင်ငံ မလေးရှားနိုင်ငံ စင်္ကာပူ ဂျပန် အပြင် နိုင်ငံတကာကို တိုးထွက်ကြရပါတယ် ။ 
၁၉၉၃ က တခါးပိတ်ပြီး ဆွဲလာတဲ့ ဖွဲ့ စည်းပုံကို ၂၀၀၃ မှာ လမ်းပြမြေပုံနဲ့ 
တစိုက်မတ်မတ် အကောင်ထည်ဖေါ်လာတာ ၂၀၀၈ မှာ ရတဲ့နည်းနဲ့  အတည်ပြုနိုင်ခဲ့ပါတယ် ။
၂၀၁၀မှာ ရွေးကောက်ပွဲလုပ်ပြီး အရပ်သားအစိုးရကို ပီပီပြင်ပြင် ဖွဲ့ စည်းနိုင်ခဲ့ပါတယ် ။ 

ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရ အနေနဲ့  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို 
ကမ္ဘာကြီးက လက်ဖျားခါအောင် လျှင်မြန်ပြီး ပိတ်ထားတဲ့ တခါးတွေကိုပါ ဖွင့်နိုင်လိုက်ပါပြီ။

ဘယ်သူတွေ ဘာပြောပြော ဒီမိုကရေစီနိုင်ငံကြီးတွေကတော့ လက္ခံလိုက်ပါပြီ ။ 
အနာဂါတ် မြန်မာပြည်အတွက် စဉ်းစား ပြင်ဆင်ဖို့ လိုအပ်လာပါပြီ ။
လက်ရှိ သမ္မတကြီး ဦးသိန်းစိန်က ၂၅ နှစ် ပျက်ယွင်းခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ကို
သန့် ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရ လမ်းစဉ်နဲ့ အကောင်အထည်ဖေါ်နေပါတယ် ။ 
လာပ်ပေးလာပ်ယူ တိုက်ဖျက်ရေးမှာ စတင်အောင်မြင်တာတွေလည်းမြင်တွေ့ နေရပါပြီ ။ 

၁၉၆၂ ကနေပြီး ၁၉၈၇ အတွင်းမှာ အစိုးရမှာ လာပ်ပေးလာပ်ယူ အင်မတန်နည်းပါတယ် ။ 
ဘယ်နိုင်ငံကမှလည်း တခါးမပိတ်ခဲ့ပါဖူး ။ 
ဒါဆိုရင် တပ်မတော်အရာရှိများ နိုင်ငံတော်တာဝန်တွေ လွဲပြောင်းနေတာတွေက 
အောင်မြင်မှု ရနိုင်ပါ့မလားလား ။ 
ဘာကြောင့် မြန်မာပြည်ကျဆုံးရတာလဲ ဆိုတာကို ဖက်ပေါင်းစုံက လေ့လာဖို့ လိုလာပါပြီ ။
ဒီအဖြေကို သိတော့မှ လာတော့မဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် 
ဘယ်ပါတီနဲ့ ဘယ်သူတွေကို မဲပေးသင့်တယ်ဆိုတဲ့ ကောက်ချက်အကြမ်းထွက်လာမှာပါ ။  
  
 
 
ဒီမိုကရေစီစနစ်ရဲ့ အုပ်ချုပ်မှုအပိုင်းမှာ
ဥပဒေပြုရေး
အုပ်ချုပ်ရေး
တရားစီရင်ရေး 
ဆိုတဲ့ အခြေခံ ပေါ်မူတည်ပြီး လူထုရဲ့  ဆန္ဒနဲ့ အညီ
တိုင်းပြည်ကို အုပ်ချုပ်ရတာ ဖြစ်ပါတယ် ။ 



သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်မှာ မဲဆန္ဒ ရှင်ပြည်သူလူထုက ဥပဒေပြုမဏ္ဍိုင်ရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ ဥသျှောင် သမ္မတကို သီးခြားစီ ရွေးကောက် တင်မြှောက်တယ်။ ဒီ စနစ်မှာ ပြည်သူလူထုက ရွေးကောက်လိုက်တဲ့ သမ္မတဟာ ပါတီ တခုက ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ အများစု မဲရထားတဲ့ ပါတီကတော့ တခြား ပါတီ တခုလည်း ဖြစ်နိုင်တယ်။ သမ္မတက ဥပဒေပြု ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ အာဏာကို ထိန်းချုပ်နိုင်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလည်း သမ္မတရဲ့ အာဏာကို ထိန်းချုပ်နိုင်တယ်။ - See more at: http://vansangva.com/training/part2-episode-32/#sthash.1SRdQFsH.dpuf
သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်မှာ မဲဆန္ဒ ရှင်ပြည်သူလူထုက ဥပဒေပြုမဏ္ဍိုင်ရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ ဥသျှောင် သမ္မတကို သီးခြားစီ ရွေးကောက် တင်မြှောက်တယ်။ ဒီ စနစ်မှာ ပြည်သူလူထုက ရွေးကောက်လိုက်တဲ့ သမ္မတဟာ ပါတီ တခုက ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ အများစု မဲရထားတဲ့ ပါတီကတော့ တခြား ပါတီ တခုလည်း ဖြစ်နိုင်တယ်။ သမ္မတက ဥပဒေပြု ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ အာဏာကို ထိန်းချုပ်နိုင်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလည်း သမ္မတရဲ့ အာဏာကို ထိန်းချုပ်နိုင်တယ်။ - See more at: http://vansangva.com/training/part2-episode-32/#sthash.1SRdQFsH.dpuf


သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်မှာ မဲဆန္ဒ ရှင်ပြည်သူလူထုက ဥပဒေပြုမဏ္ဍိုင်ရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ ဥသျှောင် သမ္မတကို သီးခြားစီ ရွေးကောက် တင်မြှောက်တယ်။ ဒီ စနစ်မှာ ပြည်သူလူထုက ရွေးကောက်လိုက်တဲ့ သမ္မတဟာ ပါတီ တခုက ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ အများစု မဲရထားတဲ့ ပါတီကတော့ တခြား ပါတီ တခုလည်း ဖြစ်နိုင်တယ်။ သမ္မတက ဥပဒေပြု ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ အာဏာကို ထိန်းချုပ်နိုင်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလည်း သမ္မတရဲ့ အာဏာကို ထိန်းချုပ်နိုင်တယ်။ - See more at: http://vansangva.com/training/part2-episode-32/#sthash.1SRdQFsH.dpuf



သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်မှာ မဲဆန္ဒ ရှင်ပြည်သူလူထုက ဥပဒေပြုမဏ္ဍိုင်ရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ ဥသျှောင် သမ္မတကို သီးခြားစီ ရွေးကောက် တင်မြှောက်တယ်။ ဒီ စနစ်မှာ ပြည်သူလူထုက ရွေးကောက်လိုက်တဲ့ သမ္မတဟာ ပါတီ တခုက ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ အများစု မဲရထားတဲ့ ပါတီကတော့ တခြား ပါတီ တခုလည်း ဖြစ်နိုင်တယ်။ သမ္မတက ဥပဒေပြု ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ အာဏာကို ထိန်းချုပ်နိုင်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလည်း သမ္မတရဲ့ အာဏာကို ထိန်းချုပ်နိုင်တယ်။ - See more at: http://vansangva.com/training/part2-episode-32/#sthash.1SRdQFsH.dpuf


Wednesday, May 8, 2013

Question answer from Burmese in Singapore




ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်) ၏ History
 "ဦးနှောက်ယိုစီးခြင်း နှင့် တိုင်းပြည်အတွက် ပြန်လည် ရယူ ခြင်း(သို့မဟုတ်) အဖတ်ဆယ်ယူခြင်း"


ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်) အပိုင်း ၂

 

ဦးလှမောင်ရွှေ (နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့) History

ကိုကျော်ဇောခိုင်(မော်ဒရေတာ)ရဲ့ အမေး----
"ဦးနှောက်ယိုစီးခြင်း နှင့် တိုင်းပြည်အတွက် ပြန်လည် ရယူ ခြင်း(သို့မဟုတ်) အဖတ်ဆယ်ယူခြင်း"အကောင်အထည် ဖေါ်ဆောင်ဖို့ အစိုးရဖက်ကပြင်ဆင်ထားမှုအခြေအနေ?



ကိုကိုကြီး (၈၈မျိုးဆက် ကျောင်းသားများအဖွဲ့) ရဲ့ History
ကိုကျော်ဇောခိုင်(မော်ဒရေတာ)ရဲ့ အမေး----
13;48

ကိုကိုကြီး ရဲ့ -- MTP -အပေါ်အမြင် နဲ့-မြန်မာနိုင် ငံရှိ--CSO--NGO များ။ 11;14

Q&A အပိုင်း ( -)

Q&A အပိုင်း ( - )

Q&A အပိုင်း ( - )