ကိုကျော်မြတ်ထူး နဲ့ ၈၈၈၈ ပြည်သူ့နေ့စဉ်ခင်ဗျား
ဆရာဒေါက်တာလွမ်းဆွေ၊ ဆရာရွှေထီး၊ ဆရာ မောင်မောင်စိုး၊ ဆရာ ကျော်သက်၊ ဆရာအောင်မိုးဝင်း၊
ဆရာမ အတာ၊ ဆရာ နေလင်း ၊ ဆရာ ခင်မောင်စိုး ( RFA) တို့ကို မိန်းကလေးနာမည်နဲ့ အီးမေးသုံးတိုက်ခိုက်မိတာ
ကျနော် မြတ်စိုးဖြစ်ပါတယ်။ ကျနော် အလုပ်မရှိတာ နှစ်ချီနေပြီဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပါဘူး။
လုပ်မိလုပ်ရာလုပ်လိုက်တာကိုခွင့်လွှတ်ကြပါခင်ဗျား။
ဟိုတခါကလည်း အင်္ဂလန်ကဘုန်းကြီးဦးဥတ္တမ ကို ဆရာအောင်မိုးဝင်းလိုဂို ကို သုံးပြီး အဓိကရေးတိုက်ခိုက်ခဲ့တာ
ကျနော် မြတ်စိုး ပါ။ သခင်သန်းထွန်းနာမည်သုံးပြီး လူထုဒေါ်အမာ ကိုစော်ကားတာလည်း
ကျနော်နဲ့ကျနော့အဖေ ဦးဘိုဘိုကျော်ငြိမ်းဖြစ်ပါတယ်။ ဦးဘိုဘိုကျော်ငြိမ်းက ကျနော့အမေရဲ့ပထမအိမ်ထောင်ပါ။
နိုင်ငံရေးတခါမှမလုပ်ခဲ့ဘူးတဲ့ ကျနော်ဟာ ဗမာအမျိုးသမီးတွေကိုလည်း မကူညီတဲ့အပြင်
အမျိုးမျိုးစော်ကားခဲ့ပါတယ်။ ဒါကြောင့်လည်း ဆရာကျော်သက် က ကျနော့ကို ပါးရိုက်ဆုံးမခဲ့ပါတယ်။
ပြုပြင်ဖို့ပြောခဲ့ပါတယ်။ ဒါကြောင့် ဆရာကျော်သက်ကိုမကျေနပ်ပါ။
ကိုရမ်းကားရဲ့မိန်းမက မြတ်စိုး နင်သာ နိုင်ငံရေးလုပ်လို့ကတော့ ငါကိုယ်တိုင်းတက်ပြီးပါးရိုက်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါကြောင့်ကျနော်နိုင်ငံရေးမလုပ်တာပါ။ ကျနော့ကိုနိုင်ငံရေးလုပ်စေချင်ရင်၊ ကိုရမ်းကားမိန်းမ ကို ထိန်းပေးပါ။
ကိုမိုးသီးကြွားပြောတဲ့ ရှစ်လေးလုံးကျောင်းသားတွေအစည်းအဝေးလုပ်တာမဟုတ်ဘူးဆိုတာကို
ဆရာမောင်မောင်ကျော်နဲ့ ဆရာ နိုင်အောင် တို့ က အားလုံးကိုရှင်းပြပြီးပါပြီ။
တကယ်တော့ ကျနော့ရဲ့ဆရာမ မခင်ဥမ္မာမွေးနေ့ပွဲ ကို ကျင်းပရင်း အားလုံးကိုချစ်ချစ်ကြည်ကြည်ထမင်းစားတာပါ။
ကိုမိုးသီး ဖိန့်ဖိန့်ဖိန့်ဖိန့်လုပ်တာ လူတိုင်းသိပြီးပါပြီ။
ဆရာနိုင်အောင်တို့အုပ်စုက ကျနော်တို့ ကိုမိုးသီးအုပ်စုလိုမဟုတ်ပါဘူး။ အားလုံးကိုလေးလေးစားစားဆက်ဆံပါတယ်။
ကျနော်တို့ကတော့ လူတွေအပေါ်ရိုင်းပါတယ်။ ဘာလို့ ကျနော် ဒါလောက်ရိုင်းရသလဲဆိုတာ
အမေ့ကို ညကျရင်ကျနော်ကိုယ်တိုင်မေးပါမယ်။
( ကျနော့ အမေ ဘာ အလုပ်လုပ်တယ်။ ဘယ်မှာနေတယ်ဆိုတာ ကို ဆရာ ကိုရွှေထီးလျှောက်မပြောစေချင်ပါ။
ကျနော်နောက်ထပ်အမှားလုပ်မိရင်တော့ ပြောပေါ့)
ဆရာ ကိုရွှေထီးခင်ဗျား
အလုပ်ရှာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်းကူညီပါအုံး။
ကျနော့ဘဝက ကမ်းမမြင်၊ လေမမြင်မို့ပါ။
မြတ်စိုး ( ဝီဝင်း ဝီကိုက်)
Showing posts with label ၅ ဖေဖေါ်ဝါရီ ၂၀၁၀. Show all posts

Tuesday, April 13, 2010
ကိုရှိန်ကလဲ အမှန်တရားဘက်က
ကိုဌေးတင့်ခင်ဗျား
ခင်ဗျားလိုအပ်တဲ့အရာတွေကိုလက်မှတ်ထိုးပေးဖို့ကျနော်တို့အသင့်ပါ။
လူသတ်ကောင်တွေကိုတရားဥပဒေအတိုင်းဖြစ်ရမယ်။ ကျနော်ဒေါသကိုခွင့်လွှတ်ပါ။
ဒေါက်တာလွမ်းဆွေ၊ ကျော်သက်၊ ကျော်မြတ်ထူး၊ မောင်မောင်စိုး၊
နေလင်း၊ အတာ၊ အောင်မိုးဝင်း၊ ကိုခင်မောင်စိုး(အာအက်အေ)
ခင်ဗျားတို့ကိုနာမည်ဝှက်နဲ့တိုက်ခိုက်သူဟာ မြတ်စိုးဖြစ်ပါကြောင်းစုံစမ်းသိရှိရပါတယ်။
ကျနော်တို့ကဘန်ကောက်မှာအတူနေလာတော့ မြတ်စိုးရဲ့အကျင့်စရိုက်ကိုသိပြီးသားပါ။
FaceBook မှာသူများပုံတွေကိုကူးမယ်။မဟုတ်တယုတ်လျှောက်လုပ်မယ်။
အွန်ဆော့မှာလုပ်သူတိုင်းမြတ်စိုးရဲ့အကျင့်စရိုက်ကိုသိကြပါတယ်။
မြတ်စိုး၊ ငါ့ညီ
မင်းကိုစေတနာနဲ့အကြံပေးမယ်။
ကိုဌေးနိုင်သေဆုံးရခြင်းကိစ္စကိုအားလုံးက သတ္တိရှိရှိဖြေရှင်းဖို့တောင်းကြတယ်။
နာမည်ရင်းနဲ့ရေးကြတယ်။ မင်းကတော့ အကျင့်စရိုက်မပြင်ဘူး။
ဘယ်ကနာမည်တွေကိုယူသုံးမှန်းမသိ၊ အီးမေးလိပ်စာအမျိုးမျိုးနဲ့သူများကိုတိုက်ခိုက်တယ်။
တနေ့ကျရင်မင်းဒုက္ခရောက်မယ်ငါ့ညီ။ ဒီလောက်ပဲငါပြောချင်တယ်။
မင်းက မခင်မင်းဇော်နဲ့ မသင်းသင်းအောင် ကို ကြံလို့ရတယ်လို့ဖို့ဝင်းမှာလျှောက်ပြောတယ်။
ကိုမင်းဇော်ရဲ့ရိုးသားမှုကိုမှမထောက်ကွာ။ မင်းမို့ကြံစည်ရက်တယ်။
မခင်မင်းဇော်နဲ့မသင်းသင်းအောင်တို့ကလည်း မင်းထင်သလို ဟော့ဟော့ရမ်းရမ်းမနေပါဘူးကွာ။
သူတို့အမျိုးသားတွေအပေါ်သစ္စာရှိသူတွေပါ။ မင်းမမိုက်ရိုင်းပါနဲ့။
အမိယုတ်တော့ အာ ကြမ်း တဲ့ ငါညီ
မင်းရဲ့အပြုအမူကြောင့် မင်းရဲ့အမေ ကို မထိခိုက်စေပါနဲ့ကွာ။
ကိုရှိန်

Labels:
၅ ဖေဖေါ်ဝါရီ ၂၀၁၀
၂၀ စက်တင်ဘာ ၁၉၈၈
စာတွေပို့ ပေးကြတာကျေးဇူးတင်ပါတယ်။
စတင်ရည်ရွယ်တာက နိုင်ငံရောက်နေတဲ့ မြန်မာပြည်သူ၊သား
အပြန်အလှန် ရေးတဲ့ အချေအတင်ရေးတဲ့ စာတွေဖတ်ရင်း၊တဦးနဲ့ တဦး ပူးပေါင်းကြရင်း အနာဂါတ်မြန်မာပြည်အတွက် ဆက်လက် ဆောင်ရွတ် နိုင်ရန် လမ်းစရှာတုန်း
ယခင်နှစ် ၂၀ ဖြတ်သန်းခဲ့ရတဲ့ အမှားတွေသုံးသပ်နေဆဲ
၈၈ တော်လှန်ရေး အစကာလမှာ သတင်းပျောက်ခဲ့ရတဲ့ ကိုဌေးနိုင် အမေကိုမြင်ခဲ့ စကားပြောခဲ့ရသူပြန်ပြောတာက
သူ့ သားငယ် ယူလာမဲ့ တစုံတခုကိုမျှော်လင့်နေတဲ့
ပါးရည်နားရည်တွေ တွန့် လိမ်နေပြီး ခါးကုန်းစပြုနေတဲ့
ကိုဌေးနိုင်ရဲ့ အမေ ကမြန်မာပြည် ပြောင်းလဲ မှုတခုတိုင်းမှာ
သူ့ သား နဲ့ ၈၈ က သူငယ်ချင်းတွေကို တမ်းတမ်းတတအမြဲမေးနေတယ်
တောက်ပမျက်လုံးတွေ မျှော်လင့်နေဆဲမျက်နာနဲ့  မီးစာကုန်တော့မဲ့ အမေအရွယ် အဖွားအိုကို ဘာများမှာချင် ပြောချင်ပါသလဲတဲ့
အဖြေအတိအကျ မရှိလောက်အောင် ညီအပေါ်တာဝန်မကျေခဲ့တဲ့ အကို
ဘန်ကာက်ရောက်လာတဲ့တော်လှန်ရေးသမားရဲ့ ရှေ့ ခရီးစဉ်နဲ့ အတူ၊
၁၉၉၃ ကစပြီး မဟာချိုင်ဒေသကိုပြေးလာတဲ့ အ၀တ်တထည်နဲ့ 
့မြန်မာပြည်သားများစွာကို ၁၉၉၉ အထိ ကူညီရင်း ညီဖြစ်သူကိုမေ့ခဲ့တဲ့အကို
မှတ်မိပါသေးတယ်၊
၁၉၈၈ စက်တက်ဘာလ ၂၀
ဘုန်းကြီးကျောင်းမှာစုထားတဲ့ တက်ကသိုလ်ကျောင်းသားတစု
အခြေအနေကိုကြည့်ပြီးပဲခူးကိုပြေးကြတယ်။
မပြေးလို့ ရမလား ။
၁၉၈၈ စက်တင်ဘာ ၁၆ ၁၇ ၁၈ မနက်ပိုင်းအထိ အဖမ်းခံရတယ် ။
ေိုလ်မှုးမြင့်သိန်းရောက်လာပြီး ငါလဲ ၇၄ ကျောင်းသားဟုဆိုကာ ပြန်လွတ်ပေးလို့ 
အခုလို စာရေးနိုင်သေးတာပါ ။
၁၉၈၈ စက်တက်ဘာလ ၁၉ စစ်တပ်က ရပ်ကွက်တွေတက်သိမ်းတော.
စစ်မှုထမ်းဟောင်းနဲ့ ပေါင်းပြီး လှည်းတန်းနားကခံပစ်တယ်။
တဖွဲ့ က သမိုင်းချည်စက်ရှေ့ က အသေခံပြီးတားတယ်။
ကိုဌေးနိုင်လဲ ကျောင်းသားလက်ပတ်ကြီးနဲ့ အသေခံတပ်ဖွဲ့ မှာပါခဲ့တယ်။
၁၉၈၈ စက်တက်ဘာလ ၂၀ မှာ တပ်မ ၂၂ ပစ်ခတ်ပြီးလမ်းရှင်းတယ်၊
လူတွေ အော်ကြ သေကြ ဒဏ်ရာရကြနဲ့ လမ်းမကြီးတလျှောက်ပြည့်နေတာဘဲ
စာရင်းလိပ်စာရှိတဲ့အိမ်တွေကိုည၀င်စစ်မယ်တဲ့ အားလုံးပြေးကြပေါ့
မြန်မာပြည်မှာနေလို့ မရရင်
ဘန်ကောက်မှာသံရုံးတွေနဲ့ ဆက်ပြီးလုပ်ပါတယ့်။
မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည် ရဲ့ 
၁၉၈၈ စက်တက်ဘာလ ၂၀ နေ့ လည် ၂နာရီ
ကအမှာစကားပါ ၊
အာလိမ်တွေပိတ်ထားလိုက်တာ ၂၀၀၃ နယ်သာလန်ကျမှ
အကောင်အထည်ဖေါ်လို့ ရတော့တယ် ။
၂၀၁၀မှ အာလိမ်တွေ လမ်းစပျောက်ကုန်ပြီ ။
၁၉၈၈ အရှိန်ဘီးကြီး ရပ်ပြီလေ။
ခေါင်းဆောင်ဆိုတာ ကြက်တူရွေးမဟုတ်ဘူး
ကိုဌေးနိုင်ကတော့ သူ့ သူငယ်ချင်းမောင်ကျော်နဲ့ အဖွဲ့ မယ်တော်ဘုန်းကြီး
ကျောင်းကစောင့်နေမယ်တဲ့
မဒတ ဥကဌ ဦးဗျားရယ်က ရေဒီယိုကတဆင့် ကြိုဆိုကူညီမယ်တဲ့
၇ည်မှန်းချက်အမျိုးမျိုးနဲ့ ပေါ့
အားလုံး ၂၀ ကျော်တယ်။
အလယ်တန်းကျောင်းသား တဦး နဲ့ တက်ကသိုလ်ကျောင်းသား ၁၅ဦး၊
တက်ကသိုလ်ကျောင်းသူ ၂ဦးပါလာတယ်၊
တက်ကသိုလ်ကျောင်းသားအများစုက ကျောင်းသူ ၂ဦးကို ပြန်လို့ ဝိုင်းပြောတော့
ရေနံဆီပုလင်းယူလာပြီး မလိုက်ရ၇င် မီးရှို့ သတ်သေမယ်ဆိုလို့ 
ကိုဌေးနိုင်က နောက်ဆုံးနှစ်ကျောင်းသားပီပစွာတာဝန်ယူခဲ့လို့ နယ်စပ်အထိပါလာခဲ့တယ်။
အဲဒီကျောင်းသူမလေးက ကျားမမလိုစိတ်ဓါတ်ထင်ပါတယ်။
ဖအံကအထွက် စစ်တပ်ကလိုက်ဖမ်းလို့  တောထဲပြေးကြရင်း
ကေအန်ယူ အထောက်တော်လူငယ် ၀ဏ်ဏနဲ့ တွေ့ လို့ လူပြန်စုပြီး
ရ ရက်လောက်မနားတမ်း တောင်တန်းတွေပေါ် အသက်လုပြေးခဲ့ရတယ်။
ညဘက်ကျမှရွာထဲဝင် ထမင်းတောင်းစားတာ သူတို့ ကထမင်းချက်ပြီးပေးဘို့ စောင့်နေတယ်လေ။
ထမင်းတန်ဘိုးကို အဲဒီတုန်းကတခါ အခု ဥရောပရောက်တော့တခါ နားလည်မိတယ်။
ကျေးဇူးတင်ပါတယ် တောင်ပေါ်ရွာက ကရင်များနဲ့ ပအို့ များ ခင်ဗျား
နောက်တော့ ဒေါက်တာစင်သီယာ အဖွဲ့ နဲ့ ပေါင်းမိပြီး ဗိုလ်ဂျော်နီအဖွဲ .ကောင်းမှုနဲ့ 
ဝမ်ခစခန်းကိုရောက်တယ်၊ လမ်းတလျှောက်လုံး မောင်နှမ အရင်းတွေလိုဘဲ
ဝမ်ခအရင်ရောက်တဲ့ကျောင်းသားတွေက ဗကသ ရန်ကုန်လို့ ပြောပါတဲ့ နေရာတခုမှာ
စခန်းဖွင့်ပြီး အတူတူနေရဘို့ တဲ့
အဲဒီတုံးကဗိုလ်လှဝေ(မြစ်ဝကျွန်းပေါ်ကရင်)ကရင်ကိုယ်စားလှယ်။
မြန်မာကျပ်နဲ့ ဘတ်တွေလဲကြတယ်။
မြန်မာ ၁၀၀ ဘတ်၈၀ ထင်တယ် (မှတ်တမ်းရှိပါကပြောပြပါ)
လူငယ်တွေသိသင့်လို့ 
ဗိုလ်ချုပ်မြ ရောက်လာပြီး ကျောင်းသားတွေနဲ့ ဆွေးနွေးကြတယ်။
ကျောင်းသားအများစုကရပ်တည်ရေးကြည့်ပြီ ညင်ညင်သာသာဆွေးနွေကြတယ်။
ကျွန်တော့ အဖွဲ့ ကျောင်းသူကတော့ ဗိုလ်ချုပ်မြ ကို
အဘ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထေင်စုကို ဘယ်လိုနားလည်ပါသလဲတဲ့
အသဲအသန်ဆွေးနွေးကြလို့  သနူထူးကဓါတ်ပုံထဲ့ရေးရတဲ့အဓိပါဘဲ။
အဲဒီကျောင်းသူက နိုင်ငံကြီးတခှုမှာ မဟာဘွဲ့ ရပြီး နယ်စပ်မှာ မြန်မာပြည်အတွက်လုပ်နေဆဲပါ။
ကိုမိုးသီးတို့ နိုင်ငံရေးအုပ်စုက ၁၉၈၉ အလယ်ပိုင်းမှ တောထဲကိုရောက်လာတာပါ။
ကျောင်းသားတပ်မတော် အဆင့်ဆင့်တည်ဆောက်ခဲ့ပုံကို ကျွန်တော်သိတဲ့အပိုင်းကနေ
ကိုဌေးနိုင်နဲ့  အကြောင်းသိသမျှရေးပါမည်။
လူငယ်များ နှစ်၂၀ သမိုင်းထဲက ဖြစ်ရပ်တချို့ ပေါ့ဗျာ

http://www.youtube.com/watch?v=gs3BHgZZj2c&feature=sharehttp://www.youtube.com/watch?v=gs3BHgZZj2c&feature=share

Subscribe to:
Posts (Atom)