ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။
Showing posts with label ၆ ဖေဖေါ်ဝါရီ ၂၀၁၀. Show all posts
Showing posts with label ၆ ဖေဖေါ်ဝါရီ ၂၀၁၀. Show all posts

Wednesday, April 14, 2010

ဂျော်နီ အသက်ပေးပြီး မှာခဲ့တယ်

အခုလဲနိုင်ငံတကာရောက်အင်တာနက်ကရုပ်ရှင်ကြည့်ုကုန်ကြပြီ

( သူကခိုးတယ်။ငါကအမှန်ဆိုပြီး ရုပ်ရှင်သခိုးတွေကတမှောက် )

လုပ်စရာတွေအများကြီးဘဲ၊အနိမ့်ဆုံးအဆင့်

မိမိအိမ်ဘေးကလူက အလုပ်ထဲကလူက အဂ်လိပ်လား၊နော်ဝေလား၊

ဖင်လန်လား ဒိန်းမတ်လား နယ်သာလန်လား၊သူတို့ နဲ့ စကားတွေအဆင့်မြင့်ပြောတတ်ပြီလား

ူသူတို့ ကမြန်မာပြည်ကပြသာနာကို သေသေချာချာနားလည်ပြီဆိုရင်

သင်တို့ မှာ အပြည်ပြည် ကအင်အား စရတာဘဲပေါ့

ခဏခဏအမေးခံရဘူးတယ်။ ထိုင်းကဘာလို့ ပြေးရတာလဲတဲ့

ဘာလူမျိုးမှ မခွဲကြဘူး ဘာသာရေးအကြောင်းမပြောကြဘူး

အရောင်ပါတဲ့ ဘယ်နိုင်ရေးပါတီဖွဲ့ ဘို့ လဲမစဉ်းစားဘူး

ကျွန်တော် သက်သေပြဘို့ အထောက်အထားလိုက်ရှာတယ်။

၁၀ နှစ်ကျော်က သိမ်းထားခဲ့တာ

လေယာဉ်ကွင်းအတက် ကလေးသေးဖင်ခံထဲမှာဝှက်ပြီးယူလာရတာ။

စီးပွားရေးသူဌေးကြီး တပ်ဆင်ချီနာဝပ် ၀န်ကြီးချုပ် လုပ်ဖို့ ပြင်တဲ့အချိန်

ဒီမိုကရေစီ ရှေ့ နေ ၀န်ကြီးချုပ် ချွန်လီဖိုင်းကို နိုင်ငံရးလောကအပြင်ကို

မောင်းထုတ်မဲ့အချိန်ကပေါ့

အခုတော့ ထိုင်းလူမျိုးတွေမှာ ဒုက်ခသည်မရှိဘူးဆိုတဲ့

ဝန်ကြီးချုပ် တပ်ဆင်ချီနာဝပ် သူအခုတော့ ဒို့ လိုဒုက်ခသည်ဘဲလေ။

မှတ်တမ်းခွေကို ကြည့်ကြ သင်ခန်းစာနမူနာတွေယူကြ

နိုင်ငံရေးငကြွားကို ပြပြီးမေး အဲဒီလို နဲနဲလောက်ရှေ့ ကဦးဆောင်မှနောက်ကလိုက်။

တုန်ခါနေတဲ့ နှလုံးသားထဲက ဆိုးဝါးတဲ့ မှတ်တမ်း

ဌေးတင့်


ပထမပိုင်း



ဒုတိယပိုင်း



တတိယပိုင်း
ကိုဂျော်နီက ပြည်တွင်းအလုပ်တွေအများကြီး လုပ်ရမယ်လို့  မှာသွားတယ်



စတ္တုထပိုင်း
နယ်စပ် ဖြွံဖီုးရေး ကအလုပ်ဖြစ်ရဲ့ လား



ဖန်း . .ဖန်း . .ဖန်း . . တပ်ရင်းရုံး မြောက်ဘက် ခွဲ(၁) ဘားက သေနပ်သံကြားလို့ ပြေး

ကြည့်မလို့လုပ်တုန်း ကျော်ဦး တယောက်အမောတကောရုံးပေါ် ပြေးတက်လာပါတယ်။

ကျနော်က " ဟေ့ကောင်ဘာဖြစ်လာတာလဲ " လို့ ဆီးမေးတော့။

ကျော်ဦးက " သရဲ . .သရဲ တွေ့လို့ သာတီအိတ် နဲ့ပစ်ပြီးပြေးလာခဲ့တာ " သူကဆိုပါတယ်။

"ခွီး တိုက်မယ်ခိုက်မယ်နဲ့တလျှောက်လုံး တိုက်ပွဲဆာနေတဲ့ကောင်က သူရဲကြောက်ရလားကွ" ဟု ကျနော်ကမာန်တော့ သူက ရယ်ကျဲကျဲနဲ့ ၊

" တခွဲလုံး ဗွီဒီယို သွားကြည့်နေကြတာ ကျနော်တယောက်ထဲ ဘားစောင့်ကျန်ခဲ့တာဗျ "

ဟု ပြန်ပြောလေ၏။

သြော် တကယ်တိုက်ရဲ၊ သေရဲသော သူရဲကောင်းတယောက် သရဲတော့ကြောက်တတ်လေ၏၊ ဟုသတိရကာ သူ့ကိုအလေးအနက် ဦးညွှတ်အလေးပြုလိုက်ပါတယ်။

ရှစ်လေးလုံးပြည့်သူအရေးတော်ပုံကြီးမစခင်မှာ သူ့အကို ထွန်းထွန်းဦး ရှိရာ အာအိုင်တီ မှာ ခဏရောက်နေရင်း ကျော်ဦးတယောက် အဆွဲခံထိခဲ့ပါတယ်။ သူ့အကိုဖြစ်သူအာအိုင်တီ ကျောင်းသားကအဖမ်းခံမထိဘဲ၊ ဒီကောင်ကအဖမ်းခံရတယ်ဆိုတာကို ကျနော်တို့က " မင်းက အူတူတူနဲ့ လုံထိမ်းမျက်စိနောက်အောင်ဘာသွားလုပ်မှန်းမှမသိတာ " ဟုဆီးပြောကြရာ ရယ်ကျဲကျဲမျက်နှာဖြင့်သာခပ်မဆိတ်နေလေ၏။ အဲဒါပြန်လွတ်လာပြီး နယ်ကိုပြန်ရောက်လာတော့ အရေးတော်ပုံကြီးစနေပါပြီ၊ ဒါကြောင့် သူ့ကိုစင်ပေါ်တက်ပြီး ရန်ကုန်မှာ ထောင်ထဲ ရောက်ခဲ့ရတဲ့ အတွေအကြုံ ပြောပြခိုင်းတာကို လုံးဝမပြောပါဘူး။ စင်ပေါ်မှာစကားပြောဘို့ ၀ါသနာမပါဘူးဆိုပြီး ဘူးငြင်းပါတယ်။ သူက ဒီကောင်တွေကို တိုက်မှရမှာ ကျနော့်ကို လုံခြုံရေး တိုက်ခိုက်ရေးတာဝန်ပဲပေးပါ လို့သာတွင်တွင်ပြောခဲ့သူပါ။ နောက်တော့ သူနဲ့အတူ ကျောင်းသား၊လူငယ်(၅၀)ဟာ မြရာပင်အနီး တောင်ပေါ် ယာခင်းတခုမှာ အခြေခံစစ်သင်တန်း တက်ရောက်နေပါတော့တယ်။ မြို့နယ်အတွင်း ဆနွုပြပွဲတွေမှာ သူလုံးဝမပါနိုင်ခဲ့ပ၊ဲ ညပိုင်းမှာတော့ ရပ်ရွာလုံခြုံရေးတာဝန်ကို စိတ်ပါလက်ပါ ဆောင်ရွက်ပါတော့တယ်။ စစ်အာဏာသိမ်းပြီးနောက် တောခိုလာပြီးတော့လဲ၊ တိုက်ခိုက်ရေးပဲ အားသန်လို့ တပ်ခွဲမှုး တာဝန်ကို သူကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။

သူ့ကို ရဲဘော်တွေအားလုံးက ကျော်ဦးကနေ "ဖန်စီမက်" လို့နာမည်ပြောင်းပေးထားပါ တယ်။ သူငှက်ဖျားထလာရင် သူ့ရင်ဘတ်ပေါ် လက်တင်ကာလက်ချောင်းကလေးများကို စနွုယားတီးသလို လှုပ်နေရင်း " အမေ . . အမေ . . အမေရေ . ." ဟုညည်းတွားနေတတ်ပြီး၊ သူ့ကို ကွီနီးတိုက်ရင်သူမသောက်ပါ၊ အဲဒီတုန်းက ငှက်ဖျားအတွက် ဖန်စီမက်ဆေးပြားကိုလဲ သုံးလေ့ရှိခဲ့ပါတယ်။ အဲဒီ့ ဖန်စီမက် ရယ်၊ သဘောင်္သီးထောင်းငြုပ်းသီးစပ်စပ် ရယ်စားပြီးတာနဲ့ ချက်ချင်း လုံးဝအဖျားမရှိတော့ဘဲ ထထိုင်ကာအကောင်းပကတိပြန်ဖြစ်လို့သွားပါတယ်။ ဒါကို အစွဲပြုလို့ သူ့ကို ဖန်စီမက် လို့ခေါ်ခြင်းဖြစ်ပါတယ်။

နောက်ထပ်နာမည်တခုကိုတော့ သူကိုယ်တိုင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဘန်ကောက် မှာ ယူအန်ကို ရဖြူဂျီလျှောက်တော့။ ဒီရုံးကလူတွေလည်း သိတ်စိတ်ချယုံလို့မဖြစ်သေးပါဘူး နာမည်လွဲပြီးလျောက်မှဟုဆိုကာ သူ့နာမည်ကို ကျော်နီ ဆိုပြီးရေးထည့်လိုက်ရာကနေ နာမည်အသစ်နောက်တခုရလို့လာပါတယ်။ ဂျော်နီဆိုတဲ့ တိုက်ဒေါင်း သူရဲကောင်းကို သတိတရရှိရင်းက သူနာမည်ပြောင်းတဲ့ကိစွုဆက်ရရင် သူဘယ်လောက်ရိုးသားတယ်ဆိုတာ တွေ့ရပါတယ်။ ခပ်တည်တည်နဲ့ အမည်ဆိုတဲ့အကွက်မှာ ကျော်နီ လို့နာမည်ပြောင်း ထားပြီးကာမှ အခြားအမည်ဆိုတဲ့အကွက်မှာ သူနာမည်ရင်း ကျော်ဦး ကိုထပ်ဖြည့်ရေး လိုက်ပါတယ်။ ဒါကြောင့် အားလုံးက၀ိုင်းပြောကြသောအခါ သူထုံစံအတိုင်း ရယ်ကျဲကျဖြင့် " ဟုတ်သားဘဲ ကျနော်လဲ မလိမ်ချင်တာနဲ့ " ဟုဆိုလေ၏်။ အဲဒီ့ ကျော်ဦး (သိုမဟုတ်) ဖန်စီမက် (သို့မဟုတ်) ကျော်နီ ကနေပြီးတော့ နောက်ဆုံး ဂျော်နီ လို့နာမည်တွင် လာရခြင်းဖြစ်ပါတယ်။

ကိုယ်ပိုင်နယ်မြေတခု တောင်ပိုင်းတွင်စိုက်ထူအခြေချပြီး လက်နက်ကိုင်တော်လှန်ရေး ကိုထိထိရောက်ရောက် အရှိန်အဟုန်မြှင့်တင် ခရီးဆက်သွားနိုင်မှာဖြစ်တယ်ဆိုတာကို အခိုင် အမာတွေ့မြင်လာခဲ့ပါတယ်။ ဒါကြောင့် အလယ်ပိုင်း မယ်နာပလော တော်လှန်စစ်ဒေသကနေ တောင်ပိုင်းကိုယ်ပိုင်နယ်မြေ ထူထောင်ရေးအတွက် ကျနော်တိုတပ်းရင်က ရဲဘော်အချို့ကိုဘန် ကောက်မှာ စုထားချိန် ဂျော်နီလည်းတယောက်အပါအ၀င်ဖြစ်ပါတယ်။ အခြား ရဲဘော်တဦးကို လည်း သင်တန်းမှုး၊ တိုက်ခိုက်ရေးမှုး စတဲ့တာဝန်တွေနဲ့ တောင်ပိုင်းတပ်တခုမှာ စတင် ခြေကုတ်ယူပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဌာနချုပ်က ခေါင်းဆောင်ကြီးက သူထင်ရာတွေစွတ် လုပ်နေခဲ့တာကြောင့် ခါးပြတ်ပြီး ကိုယ်ပိုင်နယ်မြေထူထောင်ရေး အိမ်မက်တခု ပျက်ခဲ့ရပါ တယ်။ အဲဒီ့နောက် အိနွိယမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားမျာအဖွဲ့ချုပ် (ABSL) ဖွဲ့လိုက်တဲ့ ပြီးအခါ်၊ ထိုင်းမှာ လည်း ABSL ထိုင်းဖွဲ့စည်းတည်ထောင်ကြတော့ ဂျော်နီ ဟာ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

၃ မှတ်မှတ်ရရ မယ်နာပလော တိုက်ဒေါင်းနဲ့ ဘုရားသုံးဆူ တိုက်ဒေါင်း တို့ထိပ်တိုက်တွေ့ ခဲ့ ကြပုံကလေးကို ပြောပြချင်ပါသေးတယ်။

ကျနော်တို့ ABSL ထိုင်းလန်းမှာ အဖွဲ့ချုပ်ခေါင်းစီးကို ထိုင်းမှာရှိနေပြီး ကျောင်းသား အဖွဲ့တွေက အမြင်မရှင်းဖြစ်ကြပါတယ်။ အဖွဲ့ချုပ်ဆိုတော့က သူတို့အားလုံး အဖွဲ့ချုပ်အောက်ကိုဝင်ရမလိုလို နဲ့ ၀ိဝါဒ ဖြစ်စရာကြုံ နေကြပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ သမာဆတ်ယူနီဗာစီတီမှာ ABSL ထိုင်းရဲ့ ညီလာခံမှာ ONSOB နဲ့ အခြားကျောင်းသားအဖွဲ့အစည်းအာလုံးက ခေါင်းဆောင်များကိုဖိတ်ကာ အကျေအလည် ဆွေးနွေးကြပါတယ်။ သို့သော် ညီလာခံခန်းမအ တွင်းမှာ တယောက်တပေါက်နဲ့ လိုရင်းညီညွတ်ရေးကို ခရီးမရောက်ဖြစ်နေပါတာကြောင့်၊ ညီလာခံကို ခဏနားစေလိုက်ပြီး အဖွဲ့လိုက်ကိုယ်စားလှယ်ရွေးချယ်ကါ သီးသန့် ဆေွးနွေး ကြပါတယ်။ ဒီတော့ ဂျော်နီ တယောက်စိတ်မရှည်ဖြစ်ကာ . .

" ဟေ့ ဒီမှာ ငါ့တို့လက်တွေက သေနပ်ကိုင်လာတဲ့လက်တွေကွ ကျောင်းသားအချင်းချင်း ညီညွတ်ရေး ဆွေးနွေးတာသိတ် အရစ်ရှည်မနေကြနဲ့ "

ဟုအသံမာမာနဲ့ ရာဇသံလိုလို အမိန့်လိုလို ပြောလိုက်ပါတယ်။

ဒီတော့ဘယ်ရမလဲ ဘုရားသုံးဆူတိုက်ဒေါင်း အရပ်ရှည်ပြီးစိတ်တိုတတ်သော ONSOB ကိုယ်စားလှယ် ကိုကျော်သက်(ညောင်တုန်း) ကလည်း . .

" အေး ငါတို့ကလက်တွေလည်း . . ကိုင်လာတာမဟုတ်ဘူးကွ၊ မင်းလိုဘဲသေနပ်ကိုင် တိုက်လာတဲ့ကောင်တွေဘဲ " " ငါတို့လည်းညီညွတ်ချင်လို့မင်းတို့နဲ့လာညှိနေတာပေါ့ " လို့ပြန်အော်လိုက်ပါတယ်။

အဲဒါ သူတိုနှစ်ယောက်ကို ဖြန်ဖြေပေးပြီးတော့ ဘုရားသုံးဆူနယ်မြေကတိုက်ဒေါင်း နဲ့ မယ်နာပလောနယ်မြေကတိုက်ဒေါင်း ချစ်ကြည်ရေးမှတဆင့် ကျောင်းသားညီညွတ်ရေး

" သမာဆတ်စာချုပ် " ကိုအောင်မြင်စွာ ချုပ်ဆိုနိုင်ပြီး ဘန်ကောက်ကျောင်းသား ညီညွတ်ရေး တည်ဆောက်ခဲ့ကြဘူးပါတယ်။

၎ ။ ကိုးလေးလုံး(၉၉၉၉) အောက်တိုဘာစိန်ခေါ်မှုကြီးဟာ နိုင်ငံတကာအစိုးရအားလုံးနဲ့ ပြည်သူအားလုံးက ထောက်ခံအားပေခဲ့ကြသလို၊ မြန်မာကျောင်သားများဟာအကြမ်းဖက် သမားတွေမဟုတ်ဘူးဆိုတာသက်သေပြခဲ့တာဘဲဖြစ်ပါတယ်။ ပြည်သူတရပ်လုံးရဲ့ဂရုဏာ တွေကို သိမ်းကြုံးရယူခဲ့ကြပါတယ်။ ကိုးလေးလုံးလှုပ်ရှားမှု ဘန်ကောက် မြန်မာစစ်အုပ်စု သံရုံးကို ရှစ်လေးလုံးကျောင်းသားများ သိမ်းပိုက်လိုက်ခြင်း တော်လှန်ရေးတရပ်လုံးရဲအကျိုး၊ အောင်မြင်မှုကြီးတရပ်ပါဘဲ။

ဂျော်နီ ကသူဆုတ်ကိုင်ထားတဲ့ ရပ်တည်ချက်ကို အခိုင်အမာယုံကြည်စွာစွဲကိုင် တိုက်ပွဲဝင် သွားခဲ့တာဘဲဖြစ်ပါတယ်။ နိုင်ငံတကာမှာ တခါမှမဖြစ်နိုင်သေးတဲ့ လုပ်ရပ် ဗျူဟာမြောက် သေသပ်ပိယိစွာ ဦးဆောင်စီးနင်းနိုင်ခဲ့ပြီး သွေစွန်းဘို့ကိုမဆိုနဲ့ သံရုံးဝန်ထမ်း တွေအပါအ၀င်၊ ဧည့်သည်များပါ မည်သူတဦးတယောက်မှ ထိခိုက်အနာတရ မရှိခဲ့လေအောင် နှလုံးရည်ရော လက်ရုံးရည်ပါ ပြည့်စုံတဲ့ သူရဲကောင်းတယောက်အဖြစ် ဦးညွှတ်အလေးပြုပါ၏။



လွမ်းစရာကောင်းတဲ့ ဖန်စီမက်၊ (ပူသူ . . အအေးကွက်လိုက်ရှာ) အစရှိတဲ့ သန်းနိုင်ရဲ့သီချင်းကို ဂစ်တာတီးတဲ့အခါတိုင်း သီဆိုတီးခတ်လေ့ရှိသူ . . အခုတော့ . . သူရဲကောင်း ဂျော်နီ တယောက် (သူဆိုနေကြသီချင်းစာသားထဲကလို) အမှောင်လမ်းကလေးထက်မှာ . . ငွေလမင်းကလေး . . မလင်းဘဲ . .ဲဖြစ်နေလေရော့မလား . . ။


ကျဆုံးသွားကြလေသော ရှစ်လေးလုံးသူရဲကောင်း အပေါင်းကိုဂုဏ်ပြုကြပါ၊

ကျဆုံးသွားကြလေသောရှစ်လေးလုံးသူရဲကောင်းအပေါင်း၏သစွုာကိုစောင့်သိထိမ်းသိမ်းကြပါ၊

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ဆိုတဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကို . .

အရှိန်အဟုန်မြှင့်တင်ကြပါ၊

မျောက်ကို မျောက်မြီးနဲ့ ပြန်ချီဖမ်းတဲ့နည်းသုံးပြီး စစ်ခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့ပစ်မှုတွေနဲ့

ဒင်းတို့ကိုတရားပြန်စွဲပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံးတော်မှာ အပစ်ပေးအရေးယူကြပါ၊ . . ။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။

မောင်မောင်စိုး

၁ -၂၆၀- ၄၂၆၄၁၂၁

စကားချပ်။

ဂျော်နီ ကိုအမှတ်တရနဲ့ မှတ်တမ်းတင်ဂုဏ်ပြုနိုင်ရန် သူ့အကြောင်းကိုစာအုပ် တအုပ်ထုတ်ဝေဘို့ သူနဲ့ထိတွေ့ဆက်ဆံဘူးသူတွေကို အင်တာဗျူးတွေလုပ်နေပါတယ်။ ရှစ်လေးလုံးမျိုးဆက်များဟာ နေရာဒေသအမျိုးမျိုးမှာ တိုက်ပွဲပုံစံအမျိုးမျိုးနဲ့ အသက်ပေး တိုက်ပွဲဝင်သွားကြပါတယ်၊ တိုက်ပွဲဝင်နေကြဆဲပါ။ သူရဲကောင်းအားလုံးကို စာအုပ်မှတ်တမ်း တင်ဂုဏ်ပြုရန် အခက်အခဲများစွာရှိသော်လည်း၊ မိမိတို့နှင့်နီးစပ်ရာ ကျဆုံး သူရဲကောင်းများကို တဆင့်တဆင့်မေးမြန်း ပြုစုရေးသားလျင်ကား အားလုံး၏ဂုဏ်ပြု မှတ်တမ်းများထွက်ပေါ်လာ ရမည်မှာမလွဲပါ၊ ဒါကြောင့် ကျနော်တို့ဒေသ၊တပ်ရင်းများမှ အသက်ပေးကျဆုံး၊ပျောက်ဆုံး တိုက်ပွဲဝင်သွား ကြကုန်သောသူရဲကောင်း(၆၅)ဦး၏ မှတ်တမ်းမျာကိုပြုစုလျက်ရှိပြီး စောထ ဖောင်ဒေးရှင်း အနေနဲ့စာအုပ်ထုတ်ဝေသွားမှာဖြစ်ပါတယ်။

အိအိဝင်းရဲ့ အိုစာ မင်းစာ




သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလား
winnmarlwin@gmail.com


သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလား လို့ ကျွန်တော် မေးလိုက်လို့ နားလည်ပါ့မလား။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလိုမျိုး သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ နှစ်ခါကျဖူးတယ်။ တကယ်တမ်းပြောရရင် ဒီအကြောင်းတွေကို တွေးမိရင် ကျွန်တော် မျက်ဝန်းမှာ အကြိမ်ကြိမ် ကျရတယ်။

ဒီအကြောင်းတွေ ကျွန်တော် ပြောပြမယ်။

လွန်ခဲ့သော ၃ နှစ်လောက်က ကျွန်တော် အင်တာနက် သွားသင်သော သင်တန်းဆရာက အလွန် အလုပ်ရှုပ်သူ တစ်ယောက် ဖြစ်တယ်။ ဆရာ့လို ပညာ ၊ ဆရာလို တတ်ကျွမ်းမှု နဲ့ ဘယ်နိုင်ငံကိုမှ မထွက်ပဲ ဆရာ ဘာတွေ လုပ်ပြီး မြန်မာနိုင်ငံမှာ ကုတ်ကပ်နေတယ်လို့ ထင်ပါသလဲ။

ဒါနဲ့ တစ်နေ့ အကြောင်းတိုက်ဆိုင်လာတော့ ဆရာက သူ့အကြောင်းပြောပြတယ်။ ဆရာရဲ့ မိဘ အသိုင်းအဝိုင်း အနေအထားနဲ့ ဆရာ အေးဆေး နေယုံပါပဲ။ ဒါပေမဲ့ ဆရာ မနေနိုင်ခဲ့။ ဆရာ့ကို ကြည့်ပြီး ဆရာ့အမေက ခဏခဏ မျက်ရည်ကျရတယ်။ ဘာလို့ မျက်ရည်ကျတာလဲ ဆိုတော့ သူ့သား ဆိုးနေ ပေနေ တေနေ လို့လား။ မဟုတ်ပါဘူး။ ဒီတော့ ဆရာကို ကြည့်ပြီး သူ့အမေ ဘာလို့ မျက်ရည်ကျနေတာလဲ။ ဆရာ့ အမေ မျက်ရည်ကျနေတာ သူ့သား နေ့မအိပ် ညမအိပ် ကိစ္စတစ်ခုကို ကြိုးစားဆောင်ရွက်နေလို့။

ပြီးတော့ ဒီကိစ္စဆောင်ရွက် နိုင်ဖို့ ဆရာ ဘာတွေ လုပ်လဲ ဆရာ ကွန်ပျူတာ သင်တန်းတွေကို လိုက်သင်တယ်။ တခြားပိုက်ဆံရနိုင်သမျှတွေကို လုပ်ပြီး ရသမျှတွေကိုလည်း ဆရာ ဒီကိစ္စမှာ အကုန်ပုံအောပြီး သုံးတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပညာဒါနဖွင့်ပြီး ကွန်ပျူတာ နဲ့ အင်တာနက် ဆိုင်ရာတွေကို အလကား သင်ကြားပို့ချတယ်။ ဒီကမှ ရလာတဲ့ သင်တန်းဝင်ကြေးတွေနဲ့ ဆရာ့ရဲ့ တခြားသော ဝင်ငွေတွေကို ဒီကိစ္စမှာ ပုံအောပြီး သုံးတယ်။

ဒီကိစ္စဆိုတာက ....

ဆရာ့မှာ ကိစ္စတစ်ခုကိုပဲ နေ့ရော ၊ ညရော ခေါင်းထဲမှာ ရှိပြီး လုပ်နေမိတယ်။ မင်းတို့ကို ပြောပြမယ်။ မင်းတို့ သိလား။ မြန်မာနိုင်ငံရဲ့ ဟိုး အစွန်အဖျားမှ မဟုတ်ဘူး။ ရန်ကုန်မြို့နဲ့ အဝေးတဲ့ နေရာ တစ်ခုက အကြောင်းလေးပါပဲ..တဲ့ ဆရာက စကားစတယ်။

အဲဒီနေရာကို “ ဒလ ” လို့ ခေါ်တယ်။ ဒါပေမဲ့ ဒလ မြို့ပေါ် မဟုတ်ဘူး။ အဲဒီကနေ သွားရသေးတဲ့ ကျေးရွာလေးတစ်ရွာမှာ ဒီက ကလေးတွေက အရမ်းဆင်းရဲကြတယ်။ ဘယ်လောက်တောင်မှ ဆင်းရဲလည်းဆိုတော့ သူတို့ကို ဆရာက ၅၀ တန်ပြတယ်။ ဒါကို သိလား ဆိုတော့ သိတယ်တဲ့။ ၁၀၀ တန်ကို ထုတ်ပြပြီး သိလား ဆိုတော့လည်း သိတယ် ဒါနဲ့ သားတို့ ဆန်ဝယ်နေတာလို့ ပြောတယ်။ ၂၀၀ တန်ထုတ်ပြတော့လည်း သိလား ဆိုတော့ သိတယ် မြင်တော့ မြင်ဖူးတယ်တဲ့။

ဒါနဲ့ ၅၀၀ တန်ထုတ်ပြတော့ သူတို့ မမြင်ဖူးဘူး။ ဒါဆို ၁၀၀၀ တန်ဆိုတာ ပိုဆိုးပြီပေါ့။ ဒါနဲ့ ကလေးတွေ ကျောင်းနေလား ဆိုတော့ သူတို့ မိဘတွေ မျက်နှာပျက်တယ်။ သူတို့လည်း ထားချင်ပါတယ်..ဒါပေမဲ့...................................တဲ့။

ဒီ..ဒါပေမဲ့ ဆိုတာရဲ့ နောက်မှာ ဆရာ့မှာ သူ့ဖာသာသူ တာဝန်တွေ ယူပြီး သူ့ဖာသာ ဒီကလေးတွေကို ကျောင်းနေနိုင်ဖို့ ဆိုသော တာဝန်တစ်ခုကို သူယူလိုက်တော့တယ်။ ဒါကို အရေးတော်ပုံ တစ်ခုလို့ ခေါ်ရမယ်။ ကိုယ့်ဖာသာ သူ ကလေးတွေကို ဘယ်လို ထောက်ပံ့နိုင်မလဲလို့ ဆရာ စဉ်းစားတယ်။ ဒါနဲ့ပဲ ကလေးတွေကို ထောက်ပံ့ဖို့ အဖွဲ့အစည်းလေးတစ်ခု လုပ်ပြီး လစဉ် ၊ နှစ်စဉ် ဆရာထောက်ပံ့တော့တယ်။

ဆရာနဲ့ ပတ်သတ်သော တပည့်တွေကိုလည်း ဒီလို ကလေးတွေ ရှိနေတဲ့ အကြောင်း ပြောပြပြီး ကူညီဖို့နဲ့ ဖေးမ ထောက်ပံ့ဖို့ ဆရာက စည်းရုံးခဲ့တယ်။ ဒါနဲ့ပဲ ဆရာ့အတွက် ကလေးတွေ ကျောင်းတတ်ရဖို့ အရေးတော်ပုံလေးတစ်ခုက အစပျိုးပြီး ဆရာ့မှာ မအိပ်နိုင် ၊ မစားနိုင်နဲ့ ၅၀၀ တန် မမြင်ဖူးသော ကလေးတွေကို ၊ ၁၀၀၀ တန် မမြင်ဖူးသော ကလေးတွေကို ကလေးတွေ ကြီးလာရင် ဘယ်လို ပညာတတ်မလဲ ဆိုသော စိတ်က တွန်းအားပေးပြီး ဆရာ့မှာ မအိပ်နိုင်ဘူး။

ဒီလိုနေ့ရက်တွေက ဆရာ့ကို တွန်းအားပေးပြီး အခုတော့ ဆရာ ဦးဆောင်သော အဖွဲ့လေး တစ်ဖွဲ့က လစဉ်ကလေးတွေကို ပညာရေး ထောက်ပံ့ပေးနိုင်ပါပြီ။ ဒီတော့ ကျွန်တော်ကလည်း ဒီမလေးရှားမှ သူငယ်ချင်းတွေကို စုပြီး အရင်က လှူဖူးပါတယ်။ ဒီလို ကလေးတွေရဲ့ အကြောင်းကို ကြားရတော့ ကျွန်တော် ပထမဦးဆုံး သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးခဲ့တယ်။

ဒါက ပထမအကြိမ်...။

ဒုတိယအကြိမ် ကျွန်တော် သူများမျက်ရည် ကိုယ့်မျက်ရည်မှာ ကျတာက အမည်မသိသော စီဒီချပ်လေး တစ်ချပ်မှာ ပါလာတဲ့ အင်တာဗျူး လို့လေးကပါ။ ဒီမှာ အဖွားကြီး တစ်ယောက်ကို ကင်မရာ သမားက မေးတယ်။ ရိုက်တာက တိုက်ရိုက် ရိုက်ထားတာ သရုပ်ဆောင်နေတာ မဟုတ်ဘူး။ ဒီတော့ အဖွားကြီးက...

“ ဟုတ်တယ်..သားရယ်။ အဖွားအရွယ်က ဘာမှလည်း မလုပ်နိုင်တော့တော့။ ဒီလိုပဲ တောင်းစားနေရတာပေါ့။ ”

တဲ့။ တကယ်ကို တောင်းစားနေရတဲ့ အဖွားတစ်ယောက်ကို ကင်မရာနဲ့ ရိုက်ပြီး ဒီခွေထဲမှာ စုထားတာပါ။ ဒီအခွေကို ကျွန်တော် နှစ်ခါပဲ ကြည့်မိပါတယ်။ ဒီထက်လည်း ကျွန်တော် ပိုမကြည့်နိုင်တော့ပါ။ ဒါပေမဲ့ ဒီနှစ်ခါက ကျွန်တော့် တစ်ဘဝလုံးမှာ ဒီအဖွားပြောတဲ့ စကားကို တစ်သက်လုံး ကြားယောင်နေစေမှာပါပဲ။ ဒါနဲ့ ကျွန်တော် သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျမိတယ်။

ဒီစကားကို ကြားမိတိုင်း ၊ ဒီအဖွားရဲ့ ရုပ်ပုံကို ကျွန်တော် မျက်စိထဲမှာ ပြန်မြင်မိတိုင်း ကျွန်တော် သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျတယ် ဆိုသလို ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလိုမျိုး အဖိုး ၊ အဖွားတွေ မြန်မာနိုင်ငံမှာ ဘယ်နှစ်ယောက်ရှိနေမလဲလို့ ကျွန်တော် တွေးမိတယ်။ ရင်ဘတ်ထဲမှာ ခံစားတတ်သောနှလုံးသား ရှိသူတိုင်း ၊ ကျောက်ခဲကို နှလုံးသား လုပ်ထားတာ မဟုတ်တဲ့ သူတွေတိုင်း ထိရှ ခံစားမိမှာပါ။

ကျွန်တော်တို့ ဒီလို အဖိုးတွေ ၊ အဖွားတွေကို ဘယ်လို ကူညီ ကယ်တင်မလဲ။ ဒါကြောင့် ကျွန်တော်တို့ အခု အဖွဲ့လေး တစ်ဖွဲ့ စလုပ်မိပါတယ်။ ဘယ်လောက်မှတော့ ကြီးကျယ်တဲ့ အဖွဲ့လေး မဟုတ်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူငယ်ချင်းတွေသာ ပါဝင်ကူညီမယ်ဆိုရင် ကြီးကျယ်သော အဖိုး အဖွားများကို ကူညီသော အဖွဲ့လေး ဖြစ်လာပါလိမ့်မယ်။

“ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်း ”

“ http://savetheaged.ning.com ”

ဆိုပြီး ကျွန်တော်တို့ လုပ်ထားပါတယ်။ အဖွဲ့လေးရဲ့ ရည်ရွယ်ချက်လေးတွေ ကျွန်တော်တို့ရဲ့ လိုအပ်ချက်လေးတွေကို လာပြီး ပြောပြ အကြံပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။

အခုလောလောဆယ်တော့ ကျွန်တော်တို့ အမာခံ အသင်းဆိုပြီး ကျွန်တော်တို့ ဖွဲ့ထားပြီး အမာခံအသင်းသားတွေက တစ်လကိုမှ မြန်မာကျပ်ငွေ နှစ်ထောင် ( ၂၀၀၀ ) ထည့်ဝင်ပြီး လစဉ်ရလာသော ငွေကို ကျွန်တော်တို့ ဘိုးဘွားရိပ်သာများမှာ အလှည့်ကျ သွားပြီး ထောက်ပံ့ပေးကမ်းဖို့ စီစဉ်ထားကြပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာကတော့. . . သူများတွေ ဘယ်လိုပဲ လုပ်နေ လုပ်နေပါ။ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိနေတာ တစ်ခုပါပဲ။

“ သင် တစ်နေ့ အိုရမည်။ ”

ဒါ သေချာသည်။ အိုမင်းခြင်းဆိုတာ တစ်နေ့ ကျွန်တော်တို့ အသက်စောစောစီးစီး မသေသွားဘူးဆိုရင် ကြုံကြရမှာပါ။ ဒါကြောင့် တကယ်လို့ မပြောကောင်း မဆိုကောင်းဗျာ။ ကိုယ် အခု အချိန်မှာ ဘယ်လိုပဲ ဖြစ်နေပါစေ ဒီအချိန်မှာ . .ကျွန်တော် မြင်ခဲ့ရပါသော အဖွားလိုမျိုး လေသံ ကျွန်တော် ဘယ်သူ့ဆီကမှ ထပ်မကြားချင်ပါ။ မတွေ့ချင်ပါ။ မမြင်ချင်ပါ။

အခုလည်း ကိုယ်တတ်နိုင်တဲ့ အချိန်လေးမှာ ဒီလိုမျိုး လမ်းမမှာ လက်ကလေး ဖြန့်ပြီး တုန်တုန်ချိချိနဲ့ အဖိုးအို အဖွားအိုတွေကို ကျွန်တော်တို့ကို ကျွန်တော်တို့ ဒန်ပေါက်စားပြီး ကြည့်နေနိုင်ပါသလား။ သူတို့ အရွယ်က ဂေဟာလို တစ်နေရာရာမှာ စုပြီး နားနေသင့်တဲ့ အချိန်လေးပါ။

ဒါကြောင့် ကျွန်တော် ဗြောင် ပွင့်ပွင့်လင်းလင်းပဲ အားလုံးကို ပါဝင်ကြဖို့ အလှူခံပါတယ်ဗျာ။ အသင်လေးတွေလည်း ဝင်ပေးကြပါ။ မိမိတို့ တတ်စွမ်းသမျှလည်း ဝင်ပြီး စကားနဲ့သော်လည်းကောင်း ၊ အလှူရှင် မိတ်ဆွေများကို ကူညီပြီး ခေါ်ယူပေးခြင်းအားဖြင့် လည်းကောင်း ၊ အကြံဥာဏ်နဲ့သော်လည်းကောင်း ၊ ကိုယ်တိုင်ပါဝင်လှူဒါန်းခြင်းဖြင့်လည်းကောင်း ပါဝင်ကူညီပေးကြပါ။

အခုတော့ မြန်မာနိုင်ငံမှာ အခြေတည်ပြီး တတ်ကြွသော လူငယ်လေး တစ်စုက နိုင်ငံရေးကင်းရှင်းစွာနဲ့ သက်ကြီးဘိုးဘွားများကို ကူညီထောက်ပံ့ဖို့ သူတို့ရဲ့ အားလပ်ချိန်လေးတွေကို ဒီလို တန်ဖိုးရှိစွာ အသုံးချဖို့ ဆုံးဖြတ်ထားကြပြီး သူတို့ စတင်လုပ်ဆောင်နေပါတယ်။ လှူဖို့တန်းဖို့ အဓိက အမာခံအနေနဲ့ ဦးဆောင် လုပ်နေသူတွေကတော့ . .. . . .

ရန်ကုန် နှင့် နယ်ဝေးမှ ကုသိုလ်ရှင်များဆက်သွယ်ရန်

(၁)ဇင်အိအိဝင်း (H.P 09-509-3896)
zineiei@googlemail.com

(၂)ဗေဒါဇော် (Ph,593151)
baydarzaw@gmail.com

(၃)သိင်္ဂီဖြိုး [ Ph-559292 ( office ) ]
baydayaung@gmail.com

(4) စုစုနွယ် - ( Ph-095072875 )
sweetnectar.pinky@gmail.com

(၅)စည်သူထွန်း- [ ph - 202841 ( office ) ]
sithuhtun21@googlemail.com

(6)စိုင်းဟိန်းသီဟအောင် -
saicohein@gmail.com


--------------------------------------------------------------------------------
စကာင်္ပူမှ ကုသိုလ်ရှင်များဆက်သွယ်ရန်

ကိုဖိုးသောကြာ(pothaukkyar@gmail.com)
ph,၉၂၄၁ ၄၈၃၃


--------------------------------------------------------------------------------
ဆွီဒင် . ဒိန်းမတ်.နော်ဝေး ဂျာမနီ ဖင်လန် ၅ နိုင်ငံ မှ
ကုသိုလ်ရှင်များဆက်သွယ်ရန်

နိုးနိုး -( noenoemaung07@gmail.com )
Ph . + 4550375488


--------------------------------------------------------------------------------
မလေးရှား နိုင်ငံ မှ ကုသိုလ်ရှင်များဆက်သွယ်ရန်

ကိုဇော်မင်းထက် ( kozaw.sa@gmail.com )
H.P - +60173004238 begin_of_the_skype_highlighting +60173004238

တမ်းတမိတယ် အမေ




နှစ်(၂၀)ကျော်ကြာအမေသို့သတင်းစကား


အမေ့ 
ဒီမြေမှာမွေး
ဒီမြေမှာသားတို့
လူလာမြောက်ခဲ့တာမို့
သားတို့ရဲ့ ကျေးဇူးတရားသိတတ်မှုကို
အမိမြေကြီးကစိန်ခေါ်နေရဲ့။


ခုချိန်ခါ အမေအို
ညဘက်ဆိုအိမ်ရှေ့
လည်ရှည်လို့ ဆေးလိပ်တိုအဖွာမပျက်
သားတို့ညီအကို ကို ညဥ့်နက်တဲ့အထိ စောင့်နေရှာတယ်


တခါတရံ့ 
သားတို့ အိမ်ပြန်ရောက်တဲ့အခါ
အဖေကတော့ အမေ့ကို
ဆိုရိုးစကားနဲ့နှစ်သိမ့်နေရှာတယ်
အမေကမွေး၊ထောင်ကကြွေးတဲ့
ယောကျာင်္းတွေပဲကွာ အချိန်တန်ပြန်လာမှာပေါ့တဲ့


အမေက သားသမီးတွေကို
ပိုးမွေးသလိုမွေးပြီး
အဖေက သားသမီးတွေကို
သံမဏိစိတ်ဓာတ်နဲ့သတ္တိသွေးတွေကို့ 
ဓားသွေးသလိုသွေးပေးတယ်


ဟုတ်တယ့့်  ကျနော်တို့
အဖေရဲ့စကားသံကြားတိုင်းအားဆေးတခွက်ပဲ
ဒီလိုနဲ့ 
(၈၈)သြဂုတ်လရဲ့မိုးဖွဲတွေကြားမှာ
အချိန်တန်တော့လည်း
အမေ့အိမ်ကိုပြန်မရောက်ခဲ့ကြတော့
တော်လှန်ရေး တက္ကသီလာသို့ထွက်ခဲ့ကြပေါ့
အ၀တ်တထည်ကိုယ်တခုနဲ့
အပိုဆိုလို့ ပခုံးပေါ်မှာ
လွယ်အိပ်တလုံး တန်ဖိုးကျငွေစက္ကူအချို့
ပါးလျားတဲ့ဖိနပ်တိုနဲ့
(၈၈)သြဂုတ်လရဲ့
လမ်းမထဲနေသားကျလာတဲ့အခါ
သာကြောင်းမာကြောင်းတောင်သတင်းစကားမပါးဖြစ်ခဲ့


အခုလောက်ဆို အမေအို
သားမျှော်စိတ်တွေနဲ့
အမေ့မျက်ရည်
ကျောက်စရစ်တွေ ဖြစ်နေရော့ပေါ့


အခုလောက်ဆို အမေအို
ဘုရားသွားကျောင်းတက်
သားတို့အတွက်
ဘေးအပေါင်းမှကင်းပါစေ
တောင်းဆုချွေ
ကောင်းရာလားပါစေကြောင်း
ခေါင်းလောင်းထိုး အမျှဝေနေရော့ပေါ့


အခုလောက်ဆို အမေအို
အမေသာအသက်ရှင် နေမယ်ဆိုရင်
အသက်ရာကျော်ရှည်ပါစေကြောင်းနဲ့သာ။

ဆွေနိုင်ရဲ့  တမ်းတမ်းတတ


ထိုင်းနိုင်ငံ-လက်ချာပူရီဆေးရုံတွင် ထိုင်းအထူးတပ်ဖွဲ့၏အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသော
ရဲဘော်ဗေဒါနှင့်တကွကျဆုံးသွားခဲ့ကြသောရဲဘော်များသို့

မူလ စိတ်ဓါတ် ၁၉၈၈

နိုင်ငံရောက်နေတဲ့ မြန်မာပြည်သူ၊သား အပြန်အလှန် ရေးတဲ့
အချေအတင်ရေးတဲ့ စာတွေဖတ်ရင်း၊တဦးနဲ့ တဦး ပူးပေါင်းကြရင်း
အနာဂါတ်မြန်မာပြည်အတွက် ဆက်လက် ဆောင်ရွတ် နိုင်ရန် လမ်းစရှာတုန်း
ယခင်နှစ် ၂၀ ဖြတ်သန်းခဲ့ရတဲ့ အမှားတွေသုံးသပ်နေဆဲ
သန္ဒေတည်ရာ မူလအစ ကာလ


ပြည်ပက မြန်မာတွေအတွက်

၁၉၈၈ အုပ်စုတွေ နယ်စပ်တောထဲ ရောက်ကာစ ကာလတွေကိုမမေ့ကြနဲ့ 

အတူလုပ်ခဲ့တဲ့ အုပ်စုတွေ စုစည်းကြတယ်၊

ဒေသတူ လူတွေစုစည်းကြတယ်။

ခြင်ထောင်မရှိ စောင်မရှိ နယ်စပ်အိမ်တွေမှာ ကပ်နေကြခဲ့ဘူးတယ်။

ထမင်းကိုနပ်မှန်အောင် ငှက်ပျောအူနဲ့  တန်းစီစားခဲ့ဘူးတယ်။

ငရုပ်သီးကို ဘယ်သူ့ ခြံကမသိဘဲ လူမသိအောင်ခိုးပြီးစားခဲ.ဘူးတယ်။

စောင်မရှိလို့  မီးခိုးတွေ ခြုံပြီး အိပ်ခဲ့ဘူးတယ် ။

ဘာလူမျိုးမှ မခွဲကြဘူး ဘာသာရေးအကြောင်းမပြောကြဘူး

အရောင်ပါတဲ့ ဘယ်နိုင်ရေးပါတီဖွဲ့ ဘို့ လဲမစဉ်းစားဘူး

နေ့ ရော ညရော စဉ်းစား ပြောဆိုကြတာက

နေ၀င်းကိုဘယ်လိုဆက်တိုက်မလဲ။

နေ၀င်းတပ်တပ်ကို ဘယ်လိုပြန်ချမလဲ။

တိုင်းနဲ့ ပြည်နယ်တွေက နေ၀င်း လူတွေကို ဘယ်လိုပြန်ချမလဲ။

ဘယ်သူလက်ရှိ ကိုဦးဆောင်ကြမှာလဲ။

အခုတော့ နေ၀င်း အမွေကို တရားဝင်လုယူပြီး

မိသားစု ဆွေမျိုး စစ်ကျောင်းထွက်တွေ ကောင်းစားရေး ၂၀၁၀ ဖွဲ့ စည်းပုံပေါ့


တော်လှန်ရေး ညီအကို အပေါင်းတို့ 

၁၉၈၈ ပထမ ဗဟိုကော်မတီတည်ဆောက်ဆဲကာလ ကိုပြန်သတိရကြ

ပြင်ဆင်ကြ ဆက်သွယ်ကြ

ပူးသတ်သူကို နားလည်မှုပေးလိုက်။

တိုက်ပွဲဝင်မဲ့သူကိုယုံကြည်ရင် အားပေးလိုက်။

စောင့်ကြည့်မဲ့ အဖွဲ့ တွေကို သတင်းမှန်တွေပို့ ပေးလိုက်





အကြားအမြင်ရ နိုင်ငံရေး ဗေဒင်ဆရာဆို ရပ်တမ်းကရပ်

စာမတတ်တဲ့ မြန်မာပြည်ထဲက ကလေးကအစသိတယ်

စစ်သားအနားကပ်လာရင် မိဘတိုင်းကသင်ထားပေးလို့ 

ဝေးဝေးပြေးတဲ့

၁၉၉၀ နောက်ပိုင်း

ဘန်ကောက် စရောက်ကြတော့လဲအတူတူပါဘဲ



ဘာလူမျိုးမှ မခွဲကြဘူး ဘာသာရေးအကြောင်းမပြောကြဘူး

အရောင်ပါတဲ့ ဘယ်နိုင်ရေးပါတီဖွဲ့ ဘို့ လဲမစဉ်းစားဘူး

လက်နက်ကိုင်တော်လှန်းရေးက အခြေနေအမျိုးမျိုး

(အဓိကငှက်ဖျားပေါ့)နဲ့ ထွက်လာတဲ့ ညီအကိုတွေ

ဒညတ နဲ့ အေဘီအက်ဒီအက် ကလာတဲ့ကျောင်းသားတွေ

စုပေါင်းပြီး အလုပ်လုပ်ကြတယ်။ အောင်မြင်ခဲ့ဘူးတယ်။

နိုင်ငံတကာက အသိအမှတ်ပြုခံရတယ် ။

အများသူငါ လေးစားကြတယ် ။

အခုလဲနိုင်ငံတကာရောက်ကုန်ကြပြီ

လုပ်စရာတွေအများကြီးဘဲ၊အနိမ့်ဆုံးအဆင့်

မိမိအိမ်ဘေးကလူက အလုပ်ထဲကလူက အဂ်လိပ်လား၊နော်ဝေလား၊

ဖင်လန်လား ဒိန်းမတ်လား နယ်သာလန်လား၊

သူတို့ နဲ့ စကားတွေအဆင့်မြင့်ပြောတတ်ပြီလား

ူသူတို့ ကမြန်မာပြည်ကပြသာနာကို သေသေချာချာနားလည်ပြီဆိုရင်

သင်တို့ မှာ အပြည်ပြည်အင်အားစရတာဘဲပေါ

၈၈ တော်လှန်ရေး အစကာလမှာ သတင်းပျောက်ခဲ့ရတဲ့

ကိုဌေးနိုင် အမေကိုမြင်ခဲ့ စကားပြောခဲ့ရသူပြန်ပြောတာက

သူ့ သားငယ် ယူလာမဲ့ တစုံတခုကိုမျှော်လင့်နေတဲ့

ပါးရည်နားရည်တွေ တွန့် လိမ်နေပြီး ခါးကုန်းစပြုနေတဲ့

ကိုဌေးနိုင်ရဲ့ အမေ ကမြန်မာပြည် ပြောင်းလဲ မှုတခုတိုင်းမှာ

သူ့ သား နဲ့ ၈၈ က သူငယ်ချင်းတွေကို တမ်းတမ်းတတအမြဲမေးနေတယ်

တောက်ပမျက်လုံးတွေ မျှော်လင့်နေဆဲမျက်နာနဲ့  မီးစာကုန်တော့မဲ့

အမေအရွယ် အဖွားအိုကို ဘာများမှာချင် ပြောချင်ပါသလဲတဲ့