နိုင်ငံရောက်နေတဲ့ မြန်မာပြည်သူ၊သား အပြန်အလှန် ရေးတဲ့
အချေအတင်ရေးတဲ့ စာတွေဖတ်ရင်း၊တဦးနဲ့ တဦး ပူးပေါင်းကြရင်း
အနာဂါတ်မြန်မာပြည်အတွက် ဆက်လက် ဆောင်ရွတ် နိုင်ရန် လမ်းစရှာတုန်း
ယခင်နှစ် ၂၀ ဖြတ်သန်းခဲ့ရတဲ့ အမှားတွေသုံးသပ်နေဆဲ
သန္ဒေတည်ရာ မူလအစ ကာလ
ပြည်ပက မြန်မာတွေအတွက်
၁၉၈၈ အုပ်စုတွေ နယ်စပ်တောထဲ ရောက်ကာစ ကာလတွေကိုမမေ့ကြနဲ့ 
အတူလုပ်ခဲ့တဲ့ အုပ်စုတွေ စုစည်းကြတယ်၊
ဒေသတူ လူတွေစုစည်းကြတယ်။
ခြင်ထောင်မရှိ စောင်မရှိ နယ်စပ်အိမ်တွေမှာ ကပ်နေကြခဲ့ဘူးတယ်။
ထမင်းကိုနပ်မှန်အောင် ငှက်ပျောအူနဲ့  တန်းစီစားခဲ့ဘူးတယ်။
ငရုပ်သီးကို ဘယ်သူ့ ခြံကမသိဘဲ လူမသိအောင်ခိုးပြီးစားခဲ.ဘူးတယ်။
စောင်မရှိလို့  မီးခိုးတွေ ခြုံပြီး အိပ်ခဲ့ဘူးတယ် ။
ဘာလူမျိုးမှ မခွဲကြဘူး ဘာသာရေးအကြောင်းမပြောကြဘူး
အရောင်ပါတဲ့ ဘယ်နိုင်ရေးပါတီဖွဲ့ ဘို့ လဲမစဉ်းစားဘူး
နေ့ ရော ညရော စဉ်းစား ပြောဆိုကြတာက
နေ၀င်းကိုဘယ်လိုဆက်တိုက်မလဲ။
နေ၀င်းတပ်တပ်ကို ဘယ်လိုပြန်ချမလဲ။
တိုင်းနဲ့ ပြည်နယ်တွေက နေ၀င်း လူတွေကို ဘယ်လိုပြန်ချမလဲ။
ဘယ်သူလက်ရှိ ကိုဦးဆောင်ကြမှာလဲ။
အခုတော့ နေ၀င်း အမွေကို တရားဝင်လုယူပြီး
မိသားစု ဆွေမျိုး စစ်ကျောင်းထွက်တွေ ကောင်းစားရေး ၂၀၁၀ ဖွဲ့ စည်းပုံပေါ့
တော်လှန်ရေး ညီအကို အပေါင်းတို့ 
၁၉၈၈ ပထမ ဗဟိုကော်မတီတည်ဆောက်ဆဲကာလ ကိုပြန်သတိရကြ
ပြင်ဆင်ကြ ဆက်သွယ်ကြ
ပူးသတ်သူကို နားလည်မှုပေးလိုက်။
တိုက်ပွဲဝင်မဲ့သူကိုယုံကြည်ရင် အားပေးလိုက်။
စောင့်ကြည့်မဲ့ အဖွဲ့ တွေကို သတင်းမှန်တွေပို့ ပေးလိုက်
အကြားအမြင်ရ နိုင်ငံရေး ဗေဒင်ဆရာဆို ရပ်တမ်းကရပ်
စာမတတ်တဲ့ မြန်မာပြည်ထဲက ကလေးကအစသိတယ်
စစ်သားအနားကပ်လာရင် မိဘတိုင်းကသင်ထားပေးလို့ 
ဝေးဝေးပြေးတဲ့
၁၉၉၀ နောက်ပိုင်း
ဘန်ကောက် စရောက်ကြတော့လဲအတူတူပါဘဲ
ဘာလူမျိုးမှ မခွဲကြဘူး ဘာသာရေးအကြောင်းမပြောကြဘူး
အရောင်ပါတဲ့ ဘယ်နိုင်ရေးပါတီဖွဲ့ ဘို့ လဲမစဉ်းစားဘူး
လက်နက်ကိုင်တော်လှန်းရေးက အခြေနေအမျိုးမျိုး
(အဓိကငှက်ဖျားပေါ့)နဲ့ ထွက်လာတဲ့ ညီအကိုတွေ
ဒညတ နဲ့ အေဘီအက်ဒီအက် ကလာတဲ့ကျောင်းသားတွေ
စုပေါင်းပြီး အလုပ်လုပ်ကြတယ်။ အောင်မြင်ခဲ့ဘူးတယ်။
နိုင်ငံတကာက အသိအမှတ်ပြုခံရတယ် ။
အများသူငါ လေးစားကြတယ် ။
အခုလဲနိုင်ငံတကာရောက်ကုန်ကြပြီ
လုပ်စရာတွေအများကြီးဘဲ၊အနိမ့်ဆုံးအဆင့်
မိမိအိမ်ဘေးကလူက အလုပ်ထဲကလူက အဂ်လိပ်လား၊နော်ဝေလား၊
ဖင်လန်လား ဒိန်းမတ်လား နယ်သာလန်လား၊
သူတို့ နဲ့ စကားတွေအဆင့်မြင့်ပြောတတ်ပြီလား
ူသူတို့ ကမြန်မာပြည်ကပြသာနာကို သေသေချာချာနားလည်ပြီဆိုရင်
သင်တို့ မှာ အပြည်ပြည်အင်အားစရတာဘဲပေါ
၈၈ တော်လှန်ရေး အစကာလမှာ သတင်းပျောက်ခဲ့ရတဲ့
ကိုဌေးနိုင် အမေကိုမြင်ခဲ့ စကားပြောခဲ့ရသူပြန်ပြောတာက
သူ့ သားငယ် ယူလာမဲ့ တစုံတခုကိုမျှော်လင့်နေတဲ့
ပါးရည်နားရည်တွေ တွန့် လိမ်နေပြီး ခါးကုန်းစပြုနေတဲ့
ကိုဌေးနိုင်ရဲ့ အမေ ကမြန်မာပြည် ပြောင်းလဲ မှုတခုတိုင်းမှာ
သူ့ သား နဲ့ ၈၈ က သူငယ်ချင်းတွေကို တမ်းတမ်းတတအမြဲမေးနေတယ်
တောက်ပမျက်လုံးတွေ မျှော်လင့်နေဆဲမျက်နာနဲ့  မီးစာကုန်တော့မဲ့
အမေအရွယ် အဖွားအိုကို ဘာများမှာချင် ပြောချင်ပါသလဲတဲ့
No comments:
Post a Comment