ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, April 21, 2010

ခုခံအားကျဆင်းမှုနဲ့ လှေလုပ်သားများသမိုင်း

သက်စွန့် ဆံဖျား မြန်မာရေလုပ်သားများ


၁၉၉၀ မတိုင်မှီက ထိုင်းရေလုပ်သားများဈေးကွက်တွင်
လောနိုင်ငံသားများက နေရာယူထားပါသည် ။
မြန်မာပြည်သားအများစုကတော့ ဆိုရှယ်လစ်စနစ်အောက်မှာ
၁၉၇၂ စပြီး ၁၉၈၈နောက်ပိုင်းအထိ ထိုင်းနိုင်ငံနှင့်
မှောင်ခို လုပ်ငန်း အထမ်းသမားလုပ်ကြပါတယ် ။
စွန့် စားသောမြန်မာပြည်မှ လူငယ်များက ကမ်ပူးခြားနယ်စပ်မှာ
ကျောက်တူးခဲ့ရာမှ ဝင်ငွေ သေချာသော လှေလုပ်ငန်းကို ကူး ပြောင်းကြပါ တယ် ။
လှေလုပ်လိုသော လူငယ်များရှာဖွေပေးသူကို ၅၀၀ ဘတ်ပေးပါတယ် ။
လူကုန်ကူးစရာမလိုပါဘူး ။
လှေဆင်းမယ်ဆိုရင် ထိုင်းအပါအဝင် အားလုံးက ကူညီကြပါတယ် ။
လှေဆင်းမည့် လူငယ်ကို ၁ လ ၄ ထောင်နှင့်
၃ လစာ ၁၂၀၀၀ ဘတ် ကြိုတင်ငွေ ထုတ်ပေးပါတယ် ။
ငွေရလွယ်တော့ လူငယ်တွေ အုပ်လိုက်ဆင်းကြပါသည် ။
ရခိုင်ကျော် ကုလားတွေက ဘန်ကောက်မှာ ရိုတီရောင်း ဈေးကွက်လုနေပါပြီ။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပုလိပ်ကို အတိုင်အတော အလွန်များလွန်းတော့
မွန် ထားဝယ် ကရင် ရခိုင် ဗမာ လူငယ်တွေ ပင်လယ်ဆင်းကြတာပါ ။
နောက်ပိုင်း ကြိုတင်ငွေ ထုတ်ပြီး လှေပေါ်ကဆင်းပြေးကာ
နောက်လှေရှာပြီး ကြိုတင်ငွေထပ်ယူ ထပ်ပြေးးနဲ့ 
ထိုင်းပုလိပ်တပ်ဖွဲ့ က ဝင်ရောက်နေယူခဲ့ပါတယ် ။
အဲဒီ ၁၉၉၀ နောက်ပိုင်းကစလို့  မြန်မာပြည်သားတွေ
ထိုင်းလှေလုပ်သားနေရာယူခဲ့ဆာပါ ။

မကြာခဏ လူသတ်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ် ။
ဝင်ငွေမှန်ပြီး လူပျိုလူလွတ် စွန့် စားသူတွေနေကြတော့လည်း
ညညဆိုနှတ်ခမ်းနီ ရဲရဲလေးတွေက အုပ်လိုက်လေ ။
စောစောပိုင်းက ထိုင်းမလေးတွေ ထင်ထားတာ
နောက်ပိုင်းမှ မြန်မာပြည်ရှမ်းပြည်က
အပျိုလေးတွေလည်းပါတာသိပြီး
အိမ်ထောင်ကြ ကလေးရကြနဲ့ ပေါ့ဗျာ ။
HIV ပညာပေး လုပ်ငန်းက ၁၉၉၈ မှ အစပြုနိုင်တော့
၁၉၉၉ ဆေးစစ်တဲ့အချိန်မှာ တွေ့ ရှိချက်ဟာ
အမြင့်မားဆုံးအဆင့် တွေ့ ပါတော့တယ် ။
၅ ရာခိုင်နုံးတဲ့ အုပ်စုလိုက် ပျော်ပါးပြီး ရောဂါဆိုးကြီးကို
မသိကြဘဲ ပျော်မြူးနေခဲ့ကြတာပါ ။
၁၉၈၅ လောက်ကထဲက HIV ပိုး ထိုင်းနိုင်ငံထဲဝင်လာတယ်ဆိုတာ
ကျန်းမာရေးဝန်ကြီးဌါနက တရားဝင် ကြေညာခဲ့ပါတယ် ။
အင်္ဂလိပ်လို အားနည်းတဲ့ထိုင်းဝန်ထမ်းတွေနဲ့
ထိုင်းစကားမတတ်တဲ့ မြန်မာပြည်သားတွေ ကြောင့်
မသေသင့်ဘဲ ထောင်နဲ့ ချီပြီးသေခဲ့ကြတယ် ။
ကလေးတွေ မိဘမဲ့ဖြစ်ကုန်တယ် ။

အဲဒီကာလ ပတ်ဝန်းကျင်လောက်မှာ
ပညာပေး ဗဟုသုတ မရှိတာကြောင့်
ရိုးရာကိုင်တာ ဒေသနတ်ကိုင်တာ
ဟိုကောင်မ ပြုစားတာ နဲ့ 
အလောင်းတွေထပ်နေပြီး လူသေ အနီးကိုမကပ်ရဲကြပါဘူး
ကျွန်တော် မကြာခဏ သဂြိုလ်ပေးခဲ့ဘူးပါတယ် ။



ခုခံအားကျဆင်းမှု ရောဂါကူးဆက်ရန် အများဆုံး အခြေအနေများ
၁ မိန်းကလေးများဖြင့် အပျော်အပါးလိုက်စားရာတွင် ရာဘာအစွပ်မသုံးခြင်း
၂ ဆေးထိုးအပ် တချောင်းကို ဝေမျှသုံးစွဲံခြင်း
၃ ဘလိပ်ဒါး ခြေသည်းညှပ် လက်သည်းညှပ် နားဖါကလော် စသည့် သွေးထွက်စေနိုင်သော
ပစ္စည်းများကို ဝေမျှသုံးစွဲခြင်း
၎ မိခင်မှ တဆင့် ရင်သွေးကို ကူးစက်ရန် ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည် ။

( ၁၉၉၉ နိုဝင်ဘာလ အထိ မဟာချိုင်းဒေသရှိ မြန်မာနိုင်ငံသားများကို
လက်မှတ်လုပ်ရန် သွေးဖေါက်ရာတွင် ၃.၅ ရာခိုင်နူံး တွင် အေအိုင်ဒီအက် ရှိနေသည်ကို
ကိုယ်တိုင်ဓါတ်ခွဲ စစ်ဆေး တွေ့ ရပါသည်။
ယူအန်မှ ကျင်းပသော အရှေ့ တောင်အာရှ ခုခံအားကျဆင်းမှု အစည်းအဝေးတွင်
မြန်မာကျန်းမာရေးဝန်ကြီးက ရှက်ရှက်နဲ့ ဒေါသတကြီး လက်ခံပြီး
မြန်မာပြည်တွင် ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး လက်ခံခဲ့ပါသည် ။

ရောဂါရသူများ မြန်မာပြည်သို့ ပြန်ရာတွင် ကိုယ်တိုင်စီစဉ် လိုက်ပို့ ခဲ့သည် ။
လူမှုရေးတွေများလွန်းလာတော့ လူထုပေးငွေနဲ့ ရပ်တည်ခဲ့ပါတယ် ။
၁၉၉၉ အစည်းအဝေး မှာ ဒုတိယ သဘာပတိ ဆောင်ရွတ်ရန်
ဘောင်းဘီရှည်မရှိလို့ ထိုင်းသူနာပြုတဦး၏
မိန်းမ ဘောင်းဘီ ငှားပြီးဝတ်ခဲ့ရပါသည် )




မေးခွန်း
လက်သုတ်စုံ ရောင်းသောမိန်းမတယောက်တွင် ယောက်ကျား ထံမှ ခုခံအားကျဆင်းမှု ရောဂါရရှိနေပါသည် ။
ဆင်းရဲသောကြောင့် ခြင်ထောင် တခုတည်း အိပ်သောကြောင့် ဒီရောဂါ ရနိုင်ပါသလား
ခြင်မှတဆင့်ကူးစက်နိုင်ပါသလား

ကြက်သွန်လှီးရင်း လက်ကို ဓါးထိတာ မသိလိုက်ဘဲ အသုတ်ထဲသို့  ရောဂါပိုးပါသွားပါတယ် ။
အသုတ်စားသူကို ရောဂါ ကူးနိုင်ပါသလား

ရာဘာအစွပ် ကောင်းမကောင်း ဘယ်လို စမ်းသပ်ကြည့်ရင် ရပါမလဲ ။

မဂ်လာဆောင်ရန်ဆေးစစ်ကြည့်မှ တယောက်ယောက်တွင် ခုခံအားကျဆင်းမှု ရှိနေလျှင်
သဘောထားကြီးကြီး နဲ့  ချစ်ခရီးလမ်း ဆက်လျှောက်နိုင်ပါ့မလား

ရောဂါပိုးဟာ လေထဲမှာ ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်ပါသလဲ ။

အချိန်ရင် ဆက်ပြီး ကိုယ်နားနဲ့ ကြားခဲ့ရသော ဇာတ်လမ်းများဆက်ရေးပါမယ် ။

မြန်မာပြည်သားများ
အာဏာရှင်နဲ့ အတူ ခုခံအားကျဆင်းမှု ရောဂါမှ ကင်းဝေးကြပါစေ ။

ဌေးတင့်
နယ်သာလန်

No comments:

Post a Comment