ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 13, 2010

စတင်ကြေကွဲခြင်း

ခင်ဗျားတို့ စာ တွေ ဖတ်ပြီး ကြေကွဲ ရပါသည်။



၁၉၈၉ ကာလများမှာ ဗဟိုကတာဝန်ပေးလို့ 

ဝမ်ခနဲ့ ဖလူး စစ်မြေပြင် မှာ တာဝန်ယူတုန်းက

မြန်မာတပ်သားများကို ဖမ်းမိစစ်ဆေးဘူးပါတယ်။



မြန်မာစစ်တပ်ရဲ့ သတင်းမေးပြီးရင် ကရင့်တပ်မတော်နဲ့ အတူ

ထိုင်းနိုင်ငံကတဆင့် အပြည်ပြည်ဆိုင်ရာ ကိုလွဲပြောင်းပေးပါတယ်။



ကိုဌေးနိုင် အလှည့်ကျမှ ဗျာ



ကျွန်တော်လဲ ၁၉၉၁ နောက်ပိုင်း ကိုသူရိန်လာခေါ်လို့  စစ်မြက်နှာကနေ

ဘန်ကောက်မှာ တာဝန်ယူခဲ့ရ လို့  မသေချာတဲ့ သတင်းတွေဘဲရခဲ့ပါတယ်။



အဲဒီတုန်းက ကိုကိုဦး၊သန်းဝင်း တို့ ကဖြေရှင်းပေးမယ်ပြောလို့ 

အဖွဲ့ အစည်းကြားမ၀င်ရဆိုတဲ့ ပါးစပ်ဥပဒေ ကြောင့် ငြိမ်နေခဲ့ရပါတယ်။



သမိုင်း အမှန်တခုကို ရှာဖွေပေးကြပါ။



စစ်အုပ်စုလိုပဲကောက်ကျစ်တဲ့ကောင်တွေကို

မျက်နှာချင်းဆိုင်တွေ့ပြီး လည်မျိုကိုဓါးနဲ့ထိုးပစ်ချင်ပါတယ်လို့ 

မစဉ်းစားပါနဲ့ ဗျာ



အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးဥပဒေ ကိုလိုက်နာတဲ့တိုင်းပြည်မှာ

နေတဲ့သူတွေ အတွက် သက်သေအထောက်အထားပြည့်စုံရင် တရားစွဲပိုင်ခွင့်ရှိပါတယ်။



ဖြစ်စဉ် အမှန်ကို ရှာဖွေပေးကြပါ။

ကိုဌေးတင့်

No comments:

Post a Comment