ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 13, 2010

ညီပျောက်ရှာပုံတော်

သို .

၈၈ က မိတ်ဆွေများ

နိုင်ငံတကာကို ရောက်ပြီး ဘ၀သစ်ရပ်တည်မှုတွေ အတွက် ကြိုးစားကြရင်း

မြန်မာပြည်အတွက် လိုအပ်မယ်ထင်တဲ့ ပညာတွေဗဟုသုတ ကို

တည်ဆောက်ရင်း အချိန်ပေးပြီး အပြန်အလှန် ဆွေးနွေးကြတာ ဖတ်ရတာ

ရင်ထဲမှာ ကြည်နူးပါတယ်၊

သြော် လက်နက်ကိုင်တော်လှန်ရေးနယ်မြေ မှ မဟုတ်တော.ပါလား။

စစ်တပ်ကတော့ တပ်တွင်းနဲ့ အရပ် အုပ်ချုပ်ရေး ၀န်ထမ်း အုပ်စုလိုက်

မှားခဲ့တာတွေ ကိုအမြင့်ဆုံးထောင်ချပြီး လိုအပ်သလောက်

အချိန်တွေယူပြီး အမြဲတန်း စစ်အုပ်ချုပ်ရေးလမ်းစဉ် ဖွဲ့ စည်းပုံကို ၂၀၁၀

ကစပြီး အကောင်အထည် ဖေါ်နေပါပြီ။

မြန်မာပြည်ထဲက အမေတယောက် မေးလာပါသည်။



အမေ့သားငယ်ကို တွေ့ မိလားတဲ့၊

ဘာသတင်းမှမရတာ နှစ် ၂၀ ကျော်ဆိုတော့ ဆုံးပြီထင်ပါရဲ



၁၉၈၈ အဲဒီရက်ညနေခင်းကပေါ့



(၂၀-၈-၈၈)သားကြီး အစည်းအဝေးကအပြန်

သားကြီးက မြန်မာပြည်ဒီမိုကရေစီရရှိဘို့  ပြည်တွင်းကလှုပ်ရှားလို့ မရတော့ဘူး

နယ်စပ်က ဆက်လုပ်မယ်တဲ့။

နောက်ဆုံးနှစ်သချာ်ဗေဒ ဘော်လီဘောလက်ရွေးစင်ကျောင်းသား

သားငယ်လေးက ကိုကြီး နဲ့ နယ်စပ်ကို ကျွန်တော်လဲလိုက်မယ်။

သူငယ်ချင်းတွေအများကြီးသွားကုန်ကြပြီ။

ကိုကြီးအတွက်ပိုလုံခြုံတာပေါ့တဲ့။

သူ့ နာမည်က ကိုဌေးနိုင်တဲ့

သူဘယ်မှာလဲ ။သူဆုံးပြီလား။ ဘာကြောင့်လဲ။

သူ့ အလောင်းကိုဘယ်မှာ ထားခဲ့လဲ။သူက

ဗုဒ္ဓဘာသာဆိုတော့ဆွမ်းသွပ်ပြီးလား၊

သူနဲ့ ဘယ်သူတွေနေခဲ့ဘူးလဲ။ ပြောကြပါ။

ဓါတ်ပုံလေးများရှိရင်ပို့ ပေးကြပါ။

သူ့ သားငယ် ယူလာမဲ့ တစုံတခုကိုမျှော်လင့်နေတဲ့

ပါးရည်နားရည်တွေ တွန့် လိမ်နေပြီး ခါးကုန်းစပြုနေတဲ့

ကိုဌေးနိုင်ရဲ့ အမေက မြန်မာပြည် ပြောင်းလဲ မှုတခုတိုင်းမှာ

သူ့ သား နဲ့ ၈၈ က သူငယ်ချင်းတွေကို တမ်းတမ်းတတအမြဲမေးနေတယ်

မျှော်လင့်နေဆဲ မီးစာကုန်တော့မဲ့ အမေအရွယ် အဖွားအိုကို

ဘာများပြောချင်ပါသလဲ

ဒီလိပ်စာနဲ့ ပြန်ပို့ ပါ



ကို ဘာများပြောချင်ပါသလဲ



ဒီလိပ်စာနဲ့ ပြန်ပို့ ပါ



ကိုဌေးနိုင်ရဲ့ မောင်နှမများ

(ကိုဌေးနိုင်မှာ ဒုတိယသားဖြစ်ပြီး ညီ၂ ယောက် ညီမ၂

ယောက်၊အကိုတယောက်လက်ရှိ ၂၀၁၀ အထိ အသက်ရှင်နေဆဲပါ)

No comments:

Post a Comment