ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, April 14, 2010

နေမင်းရဲ့  တယုတ်ကြီး

ပြည်ပကနေပြည်တွင်းကစွန့်စားနေသူတွေအတွက်
လှုပ်ရှားပေးနိုင်ကြရင်အကောင်းဆုံးဖြစ်မယ့်
လက်ဆောင်ကတော့ လုံခြုံရေးကောင်စီရဲ့
မလိုက်နာမနေရမယ့် ဆုံးဖြတ်ချက်
တွေကျအောင် ဆက် လက် ကြိုးစားသင့်တယ်လို့.ထင်ပါတယ်၊

မကြာမီက ENGLAND မှာ
ကျင်းပတဲ့ ဆွေးနွေး ပွဲမှာ ပညာရှင်တ ဦးက R2P ကိုသုံးပြီး
ပြန်တင်သင့်ကြောင်း ဆွေးနွေးတယ်လို့. ကြားလိုက်ရပါတယ်၊
ဘယ်လိုလုပ်သင့်တယ်ဆိုတာကတော့ စဉ်းစားသင့်ကြ
ပါတယ်၊

ပြည်ပမှာ တကယ်လည်း အရေးကြီးတဲ့ English လိုတတ်ကြ၊
စိတ်ကူးကောင်းကြ သူများက နိုင်ငံခြား မီဒီယာ သတင်းစာတွေထဲမှာ
ဆောင်းပါး ကောင်းတွေ ရေး သင့်ကြပါတယ်၊
တရုတ်လိုတတ်သူများကလည်း ဒီမိုကရေစီလို
လားကြတဲ့ တရုတ်၊တိဘက်၊ဝီဂါ၊ထိုင်ဝမ်၊ဟောင်ကောင်
လူမျိုးတွေနဲ့.နားလည်မှုရအောင်၊သွေးစည်းညီညွတ်မှုရအောင်၊
ကမ္ဘာ့ ဒီမိုကရေစီအင်အားစုတွေ တိုးပွားအောင်
တရုတ်ဘာသာနဲ့.ရေးသားသင့်ကြ ပါတယ်၊
သတင်းကျယ်ပြန့်.မှုကြီးမားအောင် ကမ္ဘာ့
စာနယ်ဇင်းတွေ၊အင်တာနက်တွေကို အသုံးပြုသင့်ကြပါတယ်။

မကြာမီက ကြားလိုက်ရတဲ့ သတင်းတပုဒ်မှာ အမေရိကန်က ထိုင်ဝမ်ကို လက်နက်
တွေရောင်းမှာနဲ့.ပါတ်သက်ပြီး နိုင်ငံတကာံဥပဒေကို မလိုက်နာဘူးလို့.စွတ်စွဲတာက
သူ့.လိုအာဏာရူးနိုင်ငံတွေကို တိတ်တိတ်ပုန်း လက်နက်ရောင်းပြီး လူမဆန်တဲ့
ကျူးလွန်မှုတွေဖြစ်အောင် အားပေးနေတာနဲ့.နှိုင်းယှဉ်ရေးစရာတွေပါဘဲ၊

တရုတ်ဟာ စစ်ရေးတွေလျှို့.ဝှကှ်တည်ဆောက်နေတာဟာ
ဗမာပြည်အတွက် အန္တရာယ်ကြီးမားသလို၊ကမ္ထာကြီးအတွက်လည်း
တကယ့်ကို စိုးရိမ်စရာပါဘဲ။)
အခြားလုပ်ဆောင်သင့်တာတွေလည်း ၀ိုင်းစဉ်းစားရင်ရှိကြမှာပါ၊
ဗိုလ်သန်းရွှေခိုင်းတိုင်းလုပ်နေတဲ့ စစ်သားတွေကိုရော
ဘယ်လိုတွေ စည်းရုံးရေး လုပ်သင့်
ကြသလဲ ဆိုတာကိုလည်း စဉ်းစားသင့်ကြပါတယ်၊
ဒါကိုမလုပ်နိုင်ရင် အောင်မြင်အောင်
လုပ်ဘို့. ခက်ခဲပါမယ်၊ ပြည်တွင်းမှာဆန္ဒပြမယ့်သူတွေလည်း
ထပ်ပြီး အဖမ်းခံ၊အရိုက်ခံ၊
အသတ်ခံ နေကြရဦးမှာပါဘဲ။
(ဆက်ရန်)

နေမင်း

No comments:

Post a Comment