ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 13, 2010

အရာများထဲက အရေးပေါ်

What is wrong with our hero monks’ action on Aung San Oo and his family?



Please let me clear that I like to call Oo’s family because he is not deserve to keep his father name and he is not the one we are looking for.



Why those monks are took the action? I believe that everyone knew that, right.



During the 1988, I created and promote for him as our future leader before Aung San Suu Kyi his sister got this position. My group and I took the risk and posted the announcement everywhere in Rangoon and other city. The announcement said, our hero Gen-Aung San’s son will be back to Burma and to help our people. Two day later, Oo told regime and said that he did not know anything and he will never ever against the regime. Sound like loser, isn’t it?



At the time, Ne win was still alive and Oo’s wife had personal business with the regime. He did not take the national leader role even thought he had a chance and he did not take that opportunity. Later we were choosing his sister Aung San Suu Kyi. Too bad, now he can only do like that and giving hard time for his sister.



Here is my question for whoever disagrees with our hero monks doing right thing.



What did you or do you do for Free Burma?

What? Only talking and showing off?

What kind of contribution you have been making for Free Burma?

How many times, days, weeks, months and years work for free Burma?

How did you know or do you understand of the regime behavior?



Oo and his family deserve to get this action. Because, his sister is try to help Burma and Burmese people are hoping that she can help them and get out of from poverty.



At the same time, many minorities are hoping that she can find the better resolution for all those conflict from past.



If you do not want to do it fine but get out of my way. I don't need you opinon.



I am not only endorsing monk action, NOW I AM CALLING FOR STRONGER ACTION. LET GO TO INFORNT OF OO’s HOUSE OR HIS AND HIS WIFE OFFICE TO PROTEST AGAIST HIS AND HIS FAMILY. FREE BURMA NOW!




Let’s organize and start soon. Whoever wants to participate, please contact me at
+shwe.htee@yahoo.com+ .




--- On Wed, 2/3/10, Nyunt Shwe wrote:


From: Nyunt Shwe
Subject: RE: [8888peoplepower] ဆရာတော်
To: 8888peoplepower@yahoogroups.com+
Date: Wednesday, February 3, 2010, 12:12 AM



၂၂၇သွယ် သော သိက် ခါပုဒ် ကို ၂၂၄ လို့ အ လော သုံးဆယ် လုပ် လိုက် တာ မှား ပါသွားတယ်။ ပြန် မစစ် လိုက် နိုင် တာ အခု ကိုယ့်မေးလ်ဘောက် က် စ် ကို ဖွင့်ကြည့်မှ သတိပြုမိတယ်။ အားလုံးကို တောင်းပန် လိုက် ပါတယ်။
ညွန့်ရွှေ


--------------------------------------------------------------------------------
To: 8888peoplepower@ yahoogroups. com
From: nyuntshwe@hotmail. com+
Date: Wed, 3 Feb 2010 03:23:51 +0000
Subject: RE: [8888peoplepower] ဆရာတော် ဦးပညာဇောတ၏ ပြန်ကြားချက် [1 Attachment]


[Attachment(s) from Nyunt Shwe included below]

ဘုန်းကြီးနဲ့ဘီး (၂) (ခပ်စပ်စပ်ကလေးတွယ်လိုက်တယ်၊ ဗုဒ္ဓအားကိုးနဲ့)




ပြန်မရေး မဖြေရှင်းပြန်ရင်လဲ “ဟာ- - ဦးပညာဇောတ တွယ်ထည့်လိုက်တာ ဦးညွန့်ရွှေတစ်ယောက် အင်တာနက်ကနေ ပျောက်ပြီး မှောက်သွားပြီလို့ နုံနဲ့သူတွေက လက်ခမောင်းခတ်ကြပေလိမ့်မယ်။ ဦးပညာဇောတတင်မဟုတ်ပါဘူး၊ မယောင်ရာ ဆီလူးနေတဲ့ ဘုန်းကြီးတွေအားလုံးကို ဗုဒ္ဓမျက်နှာတော်ကို စေ့စေ့ကြည့်ပြီး သံဝေဂ (အများစုကတော့ ယူနိုင်မယ်မထင်ပါ၊ ဒါလဲ နိုင်ငံရေးဘုန်းကြီးတွေကိုသာ ဆိုလိုပါတယ်) ယူနိုင်အောင်၊ နိုင်ငံရေးနဲ့ ဘာသာရေးကို လေနဲ့ဝမ်းနဲ့မကွဲပဲ သံယောင်ပဲလိုက်နေသူတွေလဲ ဗဟုသုတဖြစ်အောင်၊ ရှာမှီးချင်အောင် အချိန်မရတဲ့ကြားက မိုးကြိုးနဲ့ခွင်းလိုက်ရပါတယ်။



၁။ တစ်မဂ်တစ်ဖိုလ်နား မသီနိုင်သေးပဲနဲ့ ကိုယ့်ကိုယ်ကို ဗုဒ္ဓလုပ်သလို ငါတို့လိုက်လုပ်မယ်လို့ မလောလိုက်နဲ့၊ ငရဲတံခါး အပါယ်တံခါးက ပိတ်ထားတာမရှိ။ ဗုဒ္ဓက စရိယသုံးဆင့် ဆည်းပူးကျင့်တယ်ဆိုတာ ဗုဒ္ဓအဖြစ် ရောက်ပြီးမှ ကျင့်တာဖြစ်တယ်။ မဖြစ်ခင်က ခြောက်နှစ်လုံးလုံး အပတ်တကုတ် သေလုမျောပါးအားထုတ်တယ်။ သေသေချာချာ စဉ်းစား။

၂။ ဗုဒ္ဓက ရဟန်းတွေအတွက် ၀ိနည်းဆိုတဲ့စည်းကမ်းတွေ ထားခဲ့တယ်။ ၂၂၄ သွယ်သော သိက္ခာပုဒ်တွေလို့လဲ သုံးကြတယ်။ အဂ္ဂမဟာပဏ္ဍိတဆရာတော်ဘုရား ရှင်ဇနကာဘိဝံသက ၀ိနည်းကို ဘာနဲ့နှိုင်းသလဲဆိုရင် ထောင်ထားတဲ့အပ်ဖြားပေါ်မှာ တင်ထားတဲ့ မုံညင်းစေ့နဲ့ နှိုင်းထားတယ်။ အင်မတန် သိမ်မွေ့တယ်၊ အတိမ်းအစောင်းမခံဘူး၊ ဒါ့ကြောင်း ရဟန်းတွေဟာ လူတွေရဲ့ ဝေယျာဝစ္စမှာ မကူညီကောင်းဘူးတဲ့၊ လူတွေရဲ့အမူအရာတွေနဲ့ ဘာမှ မတူစေချင်ဘူး၊ တဲ့။[1]

၃။ ဘုန်းကြီးရဟန်းဘ၀ရောက်တာနဲ့ ဖိုးဟောချင်ဖြစ်တာ မြန်မာပြည်မှာတော့ ရိုးနေပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်က မကောင်းသတင်းလဲ မျိုးစုံထွက်တဲ့ ရုပ်ရှင်မင်းသား ကျော်ဟိန်း သင်္ကန်းဝတ်ပြီး မြို့ပေါင်းတစ်ရာကျော် လိုက်ပြီး တရားဟောပါရောလား။ ဒါတွေဟာ ဗုဒ္ဓရဲ့အဆုံးအမနဲ့ ဘယ်လောက်တောင် ဖီလာဖြစ်နေတယ်ဆိုတာ မဆန်းစစ်ကြဘူး။ သင်္ကန်းဝတ်တာနဲ့ ပြောချင်ရာပြောလို့ရတယ်လို့မှတ်နေကြတဲ့ သင်္ကန်းဝတ်တွေကများတယ်။ လောဟိစ္စသုတ်မှာ ဗုဒ္ဓက ဒီလိုဟောထားတယ်၊ အောက်မှာ အကျဉ်းမျှ ဖော်ပြပေးလိုက်တယ်၊ အသေအချာဖတ်။

၎။ “လောဟိစ္စ လောကနှိုက် ( - အက္ခရာ ရှာမရလို့ မြန်မာစကားလုံးနဲ့ပေါင်းတယ်၊ စကားချပ်) အပြစ်တင် စောဒနာထိုက်သော ဤဆရာသုံးဦးရှိကုန်၏၊ ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က အပြစ်တင် စောဒနာသည်ရှိသော် (ထိုသူ၏) ထိုအပြစ်တင် စောဒနာချက်သည် ဟုတ်မှန်၍ တရားနှင့်လျော်ပေ၏၊ အပြစ်လည်းမရှိပေ။”[2] လို့ အစချီပြီး၊ ရဟန်းဆိုတာ ရဟန်းဖြစ်ကျိုး၊ ရဟန်းကိစ္စမပြီးပဲ နာချင်သူကိုပဲဖြစ်ဖြစ် မနာချင်သူကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဟောဟော “ဤဟောပြောခြင်းကို ယုတ်မာသောလောဘတရားဟု (ငါ)ဆို၏” လို့ ပိဋကတ်မြန်မာပြန်မှာ ဆိုထား မိန့်ထားတယ်။ ဘယ် နိုင်ငံရေးရဟန်းမဆိုငြင်းချင်သပဆိုရင် မြန်မာပြည်တွင်းမှာ ကိုယ့်ရဟန်းအလုပ်ကိုသာကိုယ်လုပ်နေကြတဲ့ အများစုသံဃာတော်တွေထဲက ပဋိယတ် ပဋိပတ်ကို အားထုတ်ကျင့်ကြံနေတဲ့ ဆရာတော်များကို မေးလျောက်ကြပါ။ အဲလို ရဟန်းဖြစ်ကျိုးမရပဲ ဟောတဲ့ရဟန်းတွေကို ဘာနဲ့ဥပမာနှိုင်းထားသလဲဆိုတော့၊ “ဟောပြောခြင်းကို အလိုမရှိ၍ ဆုတ်ခွာသွားသော လုံမကို လိုက်၍ကပ်သည်နှင့်တူ၏” တဲ့။ “ဤဟောပြောခြင်းသည် မိမိလယ်ကိုစွန့်၍ သူတစ်ပါးလယ်ကို ပေါင်းသင်အပ်သည်ဟု မှတ်ထင်သည်နှင့်တူ၏” တဲ့။ “ဤဟောပြောခြင်းသည် အနှောင်အဖွဲ့ဟောင်းကိုဖြတ်ဤ အခြားအနှောင်အဖွဲ့သစ်ကို ပြုသည်နှင့်တူ၏၊ (ထို့ကြောင်)့ ဤဟောပြောခြင်းကို ယုတ်မာသော လောဘတရားဟု (ငါ) ဆို၏”[3] တဲ့။ ကဲ၊ မှတ်ကရော့။

၅။ တရားမဟောထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မြွက်ဟပြီးတဲ့နောက် ဗုဒ္ဓက တရားဟောထိုက်တဲ့၊ ဟောရင် အပြစ်မရှိတဲ့ ပုဂ္ဂိုလ်သုံးပါးကိုလဲ ထင်ရှားဟောတော်မူတယ်။ အဓိကကတော့ ရဟန်းဖြစ်ကျိုးရပြီးသူ၊ တနည်းအားဖြင့် ရဟန်းကိစ္စပြီးသူတဲ့။ အကျဉ်းဆိုရရင်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တွေကို ၀င်စားကျင့်ကြံနေတဲ့ရဟန်းများဖြစ်သတဲ့။ မြတ်သောတရားအထူးကို ရနေသူ၊ သီလနှင့်ပြည့်စုံသူတဲ့။

၆။ အမှတ် ၅ မှာဖော်ပြတဲ့ ရဟန်းမျိုးကို အပြစ်တင်ရင် စောဒကတက်ရင် အပြစ်ရှိတယ်။ အပိုဒ် ၄ မှာ ဖော်ပြထားတဲ့ အခုခေတ် နိုင်ငံရေးယောင်ယောင် ရဟန်းမျိုးတွေကို အပြစ်တင်ရင် စောဒကတက်ရင် အပြစ်မရှိဘူးလို့ ဗုဒ္ဓကိုယ်တော်တိုင်က ဟောကြားထားတယ်။ ညွန့်ရွှေက ဟိုစပ်စပ် သည်စပ်စပ်ဘုန်းကြီးတွေထက်၊ ပုဆိုးဝတ် ထမီဝတ်တွေထက် ဗုဒ္ဓရဲ့အာဘော်ကို အလေးအနက်ထားတယ်၊ ဒါ့ကြောင့်လဲ မကြောက်မရွံ့ပြောလိုက်တယ်။

၇။ နိဂုံးချုပ်ရရင် ဘုန်းကြီးနဲ့လူမှုရေး၊ နိုင်ငံရေး လားလားမျှ မအပ်စပ်ပါ။ ရဟန်းဖြစ်ကျိုးရအောင် အားထုတ်ဖို့ အချိန်တွေ အလဟသဖြုန်းမပစ်ကြပါနဲ့။ လောကကော သံသရာပါ ကောင်းအောင် တရားထိုင်ကြပါ။ အသံတွေ အဆင်းတွေကြားထဲမှာ နစ်နေသမျှ နိဗ္ဗာန်နဲ့ ဝေးသွားတာ အကြောင်းမဟုတ်ပေမဲ့ သေတာနဲ့ ငရဲမှာ အ၀ီဇိမှာ[4] ချိုး (ဂျိုး) ကပ်သွားမှာကိုတော့ ကြောက်သင့်ပေကြောင်း သနားသဖြင့် ပြောလိုက်ရပေကြောင်း။



--------------------------------------------------------------------------------

[1] သာသနာပြုသြ၀ါဒတရားတော်များ၊ ၁၉ ၈၃၊ သာသနာရေးဦးစီးဌာန၊ နှာ၊ ၃၀၅။

[2] မဇ္ဈိမနိကယ်လို့ထင်တယ်၊ သုတ္တန်ဒေသနာထဲက။ အင်တာနက်ကနေ ပုံနှိပ်ယူထားတာ၊ အပိုဒ် ၅၁၄ ကနေ ၅၁၇ အထိရှုပါ။

[3] မျက်တောင်ကွင်းခပ်ထားတာအားလုံး ပိဋကတ်မြန်မာပြန်ထဲက မူရင်းဖြစ်တယ်။

[4] သာသနာပြုသြ၀ါဒတရားတော်များ၊ ၁၉ ၈၃၊ သာသနာရေးဦးစီးဌာန၊ နှာ၊ ၃၀၀



--------------------------------------------------------------------------------
To: 8888peoplepower@ yahoogroups. com; democracy_forburma@ yahoogroups. com.au
From: uaungtin@yahoo. com+
Date: Tue, 2 Feb 2010 16:29:28 -0800
Subject: [8888peoplepower] ဆရာတော် ဦးပညာဇောတ၏ ပြန်ကြားချက်


ဆရာတော် ဦးပညာဇောတ၏ ပြန်ကြားစာသည် အီးမေးအုပ်စုဝင် မဟုတ်သဖြင့် ပို့မရ ဖြစ်ခဲ့ရပါသည်။ ဆရာတော်၏ ပြန်ကြားစာကို အများဖတ်ရှုနိုင်ရန် တင်ပြပေးပါသည်။


---------- Forwarded message ----------
From: eye eye
Date: 2010/2/2
Subject: information
To: nyuntshwe@hotmail. com+


တကယ်ကြည်ညိုလို့ပြောတာလား တတ်ယောင်ကားလုပ်တာလား နအဖ လူလားဆိုတာတော့ စာရေးသူသာအသိဆုံးဖြစ်ပါလိမ့်မယ်။

ရဟန်းသံဃာတော်များအတွက် သံသရာက လွတ်မြောက်ကြောင်းအလုပ်ဟာ အဓိကပန်းတိုင်ဖြစ်ပါတယ်။ နောက်ဆုံရည်မှန်းချက်ဖြစ်ပါတယ်။ သံဃာအားလုံး ဒီ ရည်မှန်းချက်တခုထဲကိုသာ ကျင့်ရမယ်လို့ ဘုရားမဟောပါဘူး၊ လောကတ္ထစရိယ လောကလူသားတွေရဲ့ ကောင်းကျိုးကိုလည်းလုပ်ရမယ်။ ဥာတတ္ထစရိယ ဆွေမျိုး ကိုယ့်တိုင်းသူပြည်သားတွေရဲ့ ကောင်းကျိုးကိုလည်း လုပ်ရမယ်။ ဗုဒ္ဓတ္ထစရိယ မိမိအကျိုးကိုလည်း သိအောင် ဆောင်ရွက်ရမယ်လို့
မျှမျှတတ ဟောထားပါတယ်။ မြတ်စွာဘုရားတောင် စစ်ဖြစ်မှာကို သိတော်မူလို့ စစ်ကို ၃ ကြိမ် တားမြစ်တာတွေ လုပ်ပါတယ်။ တားမရတော့ နောက်ဆုတ်ပေးပါတယ်၊ ဒီလုပ်လုပ်တာဟာ လောကကောင်းကျိုးအတွက် လူမှုကိစ္စထဲ ၀င်ပါရခြင်းဖြစ်ပါတယ်။

သံဃာတော်များအနေနဲ့လဲ ဘုရားသားတော်တွေဖြစ်တော့ ဘုရားနည်းတူ လောကကောင်းကျိုးတွေ လူသားကောင်းကျိုးတွေလုပ်ကြရပါတယ်။ တရားကျင့်သူတွေရှိသလို လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တဲ့ သံဃာတွေအများကြိးရှိပါတယ်။ သံဃာတွေအားလုံး တရားတွေချည်း
ကျင့်နေကြတာမဟုတ်ပါဘူး။ ပညာဒါနကျောင်းတွေဖွင့်တယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဖွင့်တယ်။ ဆေးရုံတွေဆောက်ပြီးကုသပေးတယ်။ HIV/ AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးတယ်။ နာဂစ်မုန်တိုင်းမှာ သံဃာတော်တွေ အများကြီး ကူညီစောင့်ရှောက်ရေးတွေ လုပ်ပေးပါတယ်။

၁၉၈၈ အရေးတော်ပုံကာလ အုပ်ချုပ်ရေး ယန္တရား မရှိတော့တဲ့အချိန်တွေမှာ ပြည်သူတွေ ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် ညတွေမှာ လုံခြုံရေးကင်းတွေ စောင့်ပေးရပါတယ်။ သတ်မည့်ဆဲဆဲလူတွေကို မသတ်ဖို့တားပြီး အလှူခံရပါတယ်။ ဒါတွေဟာ နိုင်ငံရေးတွေမဟုတ်ပါဘူး၊
တောရွာတွေမှာဆို ရပ်ရွာတိုးတက်ရေးအတွက် သံဃာတွေပဲ ဦးဆောင်လုပ်ပေးနေရတာပါ။

ရတဲ့အချိန်လေးတွေလုပြီး တရားမှတ်တဲ့အလုပ်လဲ လုပ်ပါတယ်။ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ထားတဲ့သံဃာတော်တွေလဲ အများကြီးရှိပါတယ် ဒီလုပ်ရပ်တွေဟာ အဓိကပန်းတိုင်ဖြစ်တဲ့ သံသရာကလွတ်မြောက်ရေး မဟုတ်ပေမယ့် ဘုရားဟောနဲ့ ညီညွတ်နေလို့ သံဃာတော်တွေလုပ်ကြပါတယ်။ နိုင်ငံရေးမဟုတ်ပါဘူး။ လောကလူသားကောင်းကျိုးကို သံဃာတော်များ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

နိုင်ငံရေးဟာ ဘာလဲလို့စဉ်စားသင့်ပါတယ်။ ပညာရေး ကျန်းမာရေး စီးပွားရေး စစ်ရေး စတာတွေ စုပေါင်းထားတာကို နိုင်ငံရေးလို့ ခေါ်ပါတယ်။ နိုင်ငံ တနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေသည့်အရေးမှန်သမျှ နိုင်ငံရေးဖြစ်ပါတယ်။ တခုနဲ့တခု အချင်းချင်းဆက်စပ် ချိတ်ဆက်နေပါတယ်၊ သံဃာတော်တွေအနေနဲ့ အစိုးရကိုဖြစ်စေ ပြည်သူကိုဖြစ်စေ လူတဦးတယောက်ကိုဖြစ်စေ မဟုတ်မမှန်တာ တွေ့ရင် ဆုံးမပေးရပါတယ်။

သံဃာတော်များအနေနဲ့ နိုင်ငံရေးပါတီထောင်ခြင်း၊ လွှတ်တော်အမတ်အဖြစ်ရွေးချယ်ခြင်း၊ မဲ ထည့်ခြင်းစတဲ့နိုင်ငံရေးအလုပ်ကို လုံးဝမလုပ်ပါဘူး။ စစ်လဲမတိုက်ပါဘူး၊ ဒါကြောင့် သံဃာတော်များ နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲခြင်းဟာ ဘာသာ သာသနကို တတ်ယောင်ကားလုပ်ခြင်းသာဖြစ်ပါတယ်။
နအဖ နောက်ယောင်ခံပြီး နအဖ အကြိုက်လိုက်ပြောနေခြင်းသာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီး နိုင်ငံရေးလုပ်ပါလားလို့ ပြောဆိုခြင်း စသည်များဟာ ဗုဒ္ဓဘာသာရဲ့ အစစ်အမှန်ကို နားမလည်ဘူးဆိုတာကိုဖော်ပြရာရောက်ပါတယ်။

ဦးအောင်ဆန်းဦးကို သပိတ်မှောက်တယ်ဆိုရာမှာလည်း မမှောက်ခင် ကြိုတင်မေတ္တာရပ်ခံစာ ပို့ထားပြီးဖြစ်ပါတယ်။ ၁ ပတ်အချိန်ပေးထားပြီးမှ အကြောင်း မပြန်သည့်အတွက် သပိတ်မှောက်ကံ ဆောင်ရတာဖြစ်ပါတယ်။ ကံဆောင်ထားပေမယ့် ကာယကံရှင်က ဒေါ်စုအပေါ်ဥပဒေအရ တားမြစ်ကန့်ကွက်တာတွေ ပယ်ဖျက်မယ်ဆိုရင် ကံဆောင်တာကို ရုတ်သိမ်းပေးရမှာပါ။

ဦးအောင်ဆန်းဦးဟာ သံဃာတွေကိုသတ်ဖြတ်ထောင်ချပြီး ကျောင်းတိုက်တွေကိုဝင်ရောက်စီးနင်းတဲ့ နအဖ ကို အားပေးအားမြှောက်ပြီး နအဖ နဲ့ အလိုတူအလိုပါ လုပ်ဆောင်သည့်အတွက် ဘာသာသာသနာကို စော်ကားသူကိုသာမကဘဲ သာသနာတော်ကိုစောကားနေသူများအား ထောက်ခံအားပေးနေသူများကိုလည်း ကံဆောင်ရမယ်လို့ ဗုဒ္ဓဟောကြားသည့်အတွက် ကံဆောင်တာပါ။

သာသနာတော်ကို နှောက်ယှက်ဖျက်ဆီးတဲ့သူများကို ကံဆောင်ခဲ့တဲ့သာဓကများစွာ ရှိပါတယ်။ နောက်နောင်လဲ ပေါ်ပေါက်လာပါက မေတ္တာရပ်ခံလို့ မရရင် သံဃာတော်များ ကံဆောင်ကြပါလိမ့်မယ်၊ ဒုတိယသင်္ဂါယနာတင်ရာဝယ် ဦးဆောင်ခဲ့တဲ့ အရှင်ယသမထေရ်က သာသနာ့အန္တရာယ် ပေါ်ပေါက်နေတာ တွေ့ရှိပါလျှက် ကိုယ်ရေးကိုယ်တာကိုသာ ဦးစားပေးပြီး သာသနာရေးကို လျစ်လျူရှုရန်မသင့်၊ရှောင်လွှဲခြင်းသည် သာသနာအတွက် သူရဲဘောကြောင်ရာကျမည်ဟု မိန်ဆို့ထားပါသည်။



ဦးပညာဇောတ ABMA

No comments:

Post a Comment