ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, April 21, 2010

ဘိုသူ သင်တို့ ကြောင့်

ရဲဘော်ဘိုသူ

နယ်သာလန်ကရွေးကောက်ပွဲမှာ ပါတီအတွက် အလုပ်များနေလို့ 

စာမရေးတော့ဘူးလို့ တွက်ထားတာ

သင်ရေးသောစာပြန်ဖတ်ပါ ။

အချင်းချင်းဆော်ချနေကြတဲ့ ၊ ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေ လို့ ရေးထားပါတယ်။

ကျွန်တော် တို့ လို ဝါသနာမပါလို့ ၁၆ နှစ်ကျော် ဝေးဝေးကနေခဲ့တာအများကြီးပါ

ကျွန်တော်က ကိုယ့်အချင်းချင်း သတ်ကြဖြတ်ကြတဲ့ အဆင့်ကိုမဆိုထားနဲ့ လို့ ရေးထားပါတယ်။

အားလုံးက လူ့ အခွင့်အရေးချိုးဖေါက်မှုစံ တခုပေါ်ရပ်ပြီးလွတ်လပ်ရေးတိုက်ပွဲဝင်နေကြတာပါ ။
ကိုမိုးသီးကိစ္စ အဖြစ်မှန် ကျွန်တော်မသိပါဘူး ၊ လို့ ရေးထားပါတယ်။

မသိသေးရင် သေသေချာချာ သိအောင်အရင်လုပ်ပါဦး ။

ဒါပေမဲ့ ဟုတ်ခြင်းမဟုတ်ခြင်းက အခုရှင်းရမဲ့ကိစ္စ မဟုတ်ဘူးလို့တော့ ထင်ပါတယ်

ရက်ရက်စက်စက် အသတ်ခံရတာ ၁၅နှစ်ကျော်ပြီ ။နောက်ထပ် ဘယ်လောက်ဆိုရမလဲ ။

၂၀ နှစ်လား ၄၀ လား ၆၀ လား

တကယ်ဟုတ်ခဲ့ရင် နိုင်ငံတကာတရားရုံးမှာမဟုတ်ပါဘူး ၊
တနေ့ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှောက်မှာရျင်းကြရမှာပါ ၊
ကိုနိုင်အောင်ဆို သေချာပေါက်ကိုရှင်းရမှာပါ ။အခုက စစ်အစိုးရကိုတိုက်ရေးပဲ စဉ်းစားကြရမှာပါ ၊
စစ်အစိုးရကို ဘယ်လိုတိုက်ကြမလဲပဲ နေ့စဉ် အားထုတ်စဉ်းစားနေကြရမှာပါ ၊
စစ်အစိုးရကိုမတိုက်နိုင်တိုင်း စစ်အစိုးရကိုမတိုက်နိုင် တဲ့ နေရာတွေမှာရောက်နေကြတိုင်း ၊

ဝိုင်းတိုက်လို့ ပိတ်ဆို့ မှုတွေ ဗီဇာပိတ်တာတွေ။ ဘဏ်ပိတ်တာတွေဖြစ်တာပေါ့

ကိုယ့်အချင်းချင်းပဲလိုက်ချနေကြမယ်ဆိုရင် ဝေးသထက် ဝေးနေတဲ့
ကျွန်တော်တို့မူလခရီးက ရောက်တော့မှာကိုမဟုတ်ဘူး ၊

မိုးသီးတို့ နိုင်အောင်တို့ လဲ တိုက်နေတာဘဲလေ ။ သူတို့ ဘဲ တိတ်တိတ်လေး အချင်းချင်း

လူတွေ ခိုးသတ်ခဲ့ကြတာ။ အာဏာတွေရူးလို့ အဖွဲ့ တွေလည်းကွဲကုန်ပြီး

ကြာလေလွဲလေဖြစ်တာကို စဉ်းစားမိကြလား

ဒါတွေက ရန်သူသဘောကျ စေမဲ့ အချက်တွေပါ ၊ စစ်အစိုးရကိုယ်တိုင်ကလဲ
ပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေကို လမ်းလွှဲဘို့ မကြာခဏဖန်တီးတတ်ပါတယ် ၊

၁၉၈၈ က ကြီး ၅ ကြီး နဲ့  ယာယီအစိုးရဖွဲ့ မလို့ စည်းဝေးကထဲကထဲ လွဲနေတာ

အခုအထိ တချို့ ဦးနု လူတွေနဲ့  ၈၈ တွေစကားများနေတုံးဘဲ။ အပုတ်ချနေတုံးဘဲ

ဒီကြားထဲ နောက်ပေါက် အုပ်စုတွေကလဲ ဒေါ်လာရရှိရေးက တမှေက်။

ဘာသာရေးအဌိကရုန်းတွေ ၊ လူမျိုးရေးပဋိပက္ခတွေ ၊ အချင်းချင်းရန်ပွဲတွေ ဖန်တီးပေးတတ်ပါတယ်
ကျွန်တော်တို့က အဲဒါ တွေနောက် လျောက်လိုက်သလိုဖြစ်နေရင် တကယ်လုပ်ရမဲ့တော်လှန်ရေးအလုပ်တွေမှာ အားလျော့သွားပါလမ့်မယ် ။

အခုကထဲကနားလည်မှုအခြေခံ ရှင်းမထားရင် အင်အားမဲ့တဲ့တော်လှန်ရေးက

ခုက စစ်အစိုးရကို စာရွက်ပေါ်ကနေပဲဆန့်ကျင်ဆန့်ကျင် ၊
လေနဲ့ပဲဆန့်ကျင်ဆန့်ကျင် ၊ တကယ်ပဲ ကိုယ်တိုင်ကိုယ်ကျပါဝင်ပါဝင် ၊
တစ်ယောက်ဆိုတစ်ယောက် တစ်အားပါ ၊ ညီညွတ် ရေးကို ရနိုင်သလောက်တည်ဆောက် အားစုရမဲ့အချိန်မှာ ကိုယ့်အချင်းချင်းအပြစ်တွေလိုက် ရှာ

ဒေါ်လာစားဖါးတွေညီညွတ်တာမလိုချင်ဘူး ။ လုသတ်သမားတွေ ဦးဆောင်တာမမြင်ချင်ဘူး



ကိုယ့်အချင်းချင်းအပြစ်တွေလိုက်ရှာဝေဖန်နေတာမဟုတ်ပါဘူး

လူသတ်သမားအုပ်စုလိုက်ကိုရှာကြတာပါ ။





ပြည်သူတွေနာလှ ခါးသီး တာ အဂ်လိပ်လက်အောက်ကလွတ်မြောက်ရေးကထဲကဘဲလေ။

အုပ်စုတွေဖွဲ့ ဂိုဏ်းတွေထောင်နဲ့  ပါတီတွေကွဲကြနဲ့  ရိုက်ကြ ပစ်ကြ သတ်ကြနဲ့ 

အကောင်းဆုံး စည်းရုံးရေးသမား ဗိုလ်ချုပ်တောင်ကျဆုံးခဲ့ဘူးပါတယ် ။

မြန်မာပြည်ရဲ့ နမူနာကောင်းတွေလေး



သမိုင်းမှားရှိခဲ့တယ်လို့ ပြင်ဆင်လို့ ရတယ်။

လူသတ်ပြီး ပြင်လို့ မရသလို



ရွှေဂုံတိုင်ကြေညာစာတန်းကို ကျော်ပြီး

ရွေးကောက်ပွဲဝင်ဘို့ ကြိုးစားရင်တော့

နိုင်ငံရေးသမိုင်းတရားခံစာရင်းဝင်မှာဘဲ ။



ယူဆလို့ အဲဒီပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ လက်တွဲမလုပ်ချင်တာ ၊
အဲဒီပုဂ္ဂိုလ်ကို နေရာမပေးချင်တော့တာ ပြဿနာမဟုတ်ပါဘူး ၊
ချနေကြရင် ဝေဖန်တိုက်ခိုက် နေကြရင်တော့ အလုပ်တွေနှောက်နှေးပါတယ် ၊

နေရာပေးခဲ့တယ် ၂၂ နှစ် ဘာဖြစ်လာလဲ ။

အဖွဲ့ တွေကွဲကုန်တယ် ။

ဒုတိယ အာဏာရှင်တွေဖြစ်လာတယ် ။

ဖိနှိပ်ခံပြည်သူတွေနဲ့ တော်လှန်ရေးကို ဗန်းပြ ပြီး ညာစား လုပ်စား
တောင်းစားနေသူတွေကိုတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမျိုးမဟုတ်ပဲ ၊

အပြီးတိုင် တော်လှန်ရေးကထုတ်ပစ်မှ

စစ်မှန်တဲ့ လူတွေပေါ်လာပြီး

မှန်ကန်တဲ့ လမ်းတခုကို တစုတဝေးသွားနိုင်မှာပေါ့

(8888 people power လေထန်ကုန်းလို) ထောက်ပြ တာမျိုး ဖြစ်သင့်ပါတယ် ။
“ငါတို့သိတယ်နော် ဆင်ခြင်ကြဦး” လို့ သတိပေးတာမျိုး ပဲ ဖြစ်သင့်ပါတယ် ။

သတိပေးတဲ့အဆင့်ကကျော်လာလို့ 

ဌေးနိုင် အသတ်ခံရတဲ့ အမှုမှန်ပေါ်လာတာပေါ့

ရန်သူအစစ်အမှန်က စစ်အစိုးရပါ ၊ စစ်အစိုးရကိုပဲ(လောလောဆယ်)တိုက်ကြပါ ၊၊
တော်လှန်ရေး ….. မဝေးပါစေနဲ့တော့ ။

ရန်သူဟာ ကိုယ့်ဘေးမှာရှိတယ်

တကယ်တိုက်နေတာ ပြည်တွင်းက အန်အယ်ဒီ

နောက်ကမလိုက်ဘဲ ကန့် လန့် လိုက်ပြီး

အပုတ်ချသူဟာရန်သူဘဲ

ကျုပ်ခံစားရတာ ကျုပ်ရေးထား တယ် ။

ကျုပ်အမေကို ကျုပ်ဖုံးမခေါ်ရဲသေးဘူး

မျက်နှာမပြရဲသေးဘုး ၂၂ နှစ်ရှိနေပြီ ။





အမေများ၏ သားများအတွက်



နေရာဒေသ တိုင်းပြည် အသီးသီးမှာ အမေများစွာ

သားသမီးဇောတွေနဲ့ အသက်ရှင်လျှက် နေထိုင်ကြပါတယ် ။

သားသမီး အနည်းအများပေါ် မူတည်ကာ အမေတိုင်း ပင်ပန်းကြပါတယ် ။

အမေတိုင်းရဲ့ သားသမီးအပေါ် ကြင်နာမှုက အတူတူပါဘဲ



သားသမီးတွေ ဝမ်းဝဘို့ 



သားသမီးတွေ လုံခြုစွာအိပ်စက်ဖို့ 



သားသမီးတွေ ပညာသင်နိုင်ဘို့ 



ဘယ်လိုအခက်အခဲ မဆို ကြိုးစားခဲ့ကြပါတယ် ။



သားသမီးတွေ အောင်မြင်တာ ကြားရရင် ပီတိတွေစားရင်း အားသစ်တွေမွေးကြတယ် ။



သားသမီးတွေ စည်းလုံးညီညွတ်တာ မြင်ရရင် ဝင့်ကြွားစွာ ဂုဏ်ယူတတ်ကြတယ် ။



သားသမီးတွေ အိမ်ထောင်ကျရင် အနာဂါတ်အတွက် ရင်အေးကြတယ် ။



မြန်မာပြည်ထဲမှာ အမေတွေ အများကြီး ကျန်ခဲ့တယ် ။



၁၉၈၈ ကစပြီး သားသမီး တွေ တစု ပြီး တစု



တအုပ်ပြီး တအုပ်



မွေးရပ်မြေကို စွန့် ခွာပြီး တိုင်းတပါး ရပ်ခြား အဝေးကြီးတွေ မှာ

ရည်ရွယ်ချက် အမျိုးမျိုးနဲ့ နေကြတယ်ပေါ့ ။နောက်တော့



မြန်မာနိုင်ငံက လာကြတဲ့သူတွေ

အချင်းချင်းတွေ ဆရာကြီး လုပ်တယ်

အချင်းချင်းတွေ နေရာလုတယ်

အချင်းချင်းတွေ ရန်ဖြစ်ကြတယ်

အချင်းချင်းတွေ သတ်ကြတယ်



အချင်းချင်းတွေ ရန်တိုက်ပေးတယ်

အချင်းချင်းတွေ စုပြီးအရက် မူးရန်းကား ကြတယ်

အချင်းချင်းတွေ စုပြီးမူးယစ်ဆေးတွေသုံး ထိုင်းကြတယ်

အချင်းချင်းတွေ မယားခိုးမှု လင်ခိုးမှုတွေ ဖြစ်တယ်

အချင်းချင်းတွေ လိမ်စားကြတယ်

အချင်းချင်းတွေ အမြီးကျက် အမြီးစား

ခေါင်းကျက် ခေါင်းစား ဂုဏ်မောက်ကြပြီ

စံချိန်မမှီတဲ့ အပြာကား လေးတွေ ရိုက်ကြ ပြကြ ကုန်ပြီ

ရည်ရွယ်ချက်တွေလည်း ပျောက်ကုန်ပြီ

အနာဂါတ်တွေလည်း နောက်ကျိကုန်ပြီ

သစ္စာတွေလည်း ဖေါက်ဖျက်ကြပြီ

နိုင်ငံတကာက အမေတွေ ကတော့ သူတို့ သားသမီးထံမှ

ပီတိတွေ စားပြီး ပြုံးနေတုံး

လာသမျှလူကို ကြွားလို့ မဆုံး

သူ့ သားငယ် ဌေးနိုင်နဲ့ အတူ ၈၈ ရယ် နောက် မျိုးဆက်တွေ ယူလာမဲ့



တစုံတခုကို ဂုဏ်ယူရင်း မျှော်လင့်နေတဲ့ အဖွားအိုတစု



မြန်မာပြည်ထဲ ပြောင်းလဲမှုတခုရှိလို့  ရပ်ကွက်ထဲမှာ စကားပြောတိုင်း



သူ့ သား နဲ့ ၈၈ အပါ အဝင် နောက် မျိုးဆက်တွေ က သူငယ်ချင်းတွေကို



တမ်းတမ်းတတအမြဲမေးနေတယ့် အဖွားအိုတအုပ်



ပါးရည်နားရည်တွေ တွန့် လိမ်နေပြီး ခါးကုန်းစပြုနေတဲ့



မျှော်လင့်နေဆဲ စိတ်ဓါတ်တွေနဲ့ 



မီးစာကုန်တော့မဲ့ အမေအရွယ် မြန်မာပြည်ထဲက အဖွားအိုတွေကို



ခင်ဗျားတို့  ဘယ်လိုရှင်းပြရမလဲ။



ဝိုင်းပြီးစဉ်းစားပေးကြပါ။

မြန်မာပြည်က အမေ တသိုက်ကတော့ ( ဒေါ်စု အပါအဝင်ပေါ့ )

ဘိုသူ သင်တို့ ကြောင့်လူသတ်သမားတွေ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာရင် ???????



ဌေးတင့်

ဌေးနိုင် အကို

No comments:

Post a Comment