ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 27, 2010

ဗျူဟာမြောက် စစ်မျက်နှာ

နအဖ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပိတ်ပစ်လိုက် တာဖြစ်တယ်။ ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာကို နအဖ က ရွေးချယ်ပေးလိုက်ပြီ။

၁။ ရွေးကောက်ပွဲ (ကော်မရှင်) ဥပဒေတွေကို နည်းပေါင်းစုံနဲ့ ကန့်ကွက်ရမယ်။
(ရန်သူရဲ့ စစ်မဟာဗျူဟာကိုတိုက်ခိုက်ခြင်းဖြစ်တယ်)

၂။ ရွေးကောက်ပွဲ ၀င်မည့်ပါတီတွေ၊ တသီးပုဂ္ဂလတွေကို နည်းပေါင်းစုံနဲ့တားမြစ်ရမယ်။
(ရန်သူရဲ့ မဟာမိတ်များကိုဖြိုဖျက်ခြင်းဖြစ်တယ်)

၃။ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမှ မဲမပေးကြဖို့ လှုံ့ဆော်ရမယ်။
(ရန်သူကို စိတ်ဓာတ်ရေးရာအရလွှမ်းမိုးခြင်းဖြစ်တယ်)

၎။ ရွေးကောက်ပွဲကို ပြည်တွင်းအင်အားစုတွေ၊ ပြည်ပအင်အားစုတွေ အားလုံးက သပိတ်မှောက်ရမယ်။
(ရန်သူရဲ့စည်းလုံးညီညွတ်မှုကိုဖြိုခွဲပြီး မိမိ အင်အားကို စည်းလုံးညီညွတ်စွာ တည်ဆောက်ခြင်းဖြစ်တယ်)

၅။ ရွေးကောက်ပွဲရဲ့ အနှစ်သာရ ကင်းမဲ့မှုကို နိုင်ငံတကာပြည်သူတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို တင်ပြရမယ်။
(ရန်သူ အဆင်သင့်မဖြစ်တဲ့နေရာတွေကို ရွေးပြီး တိုက်ခိုက်ခြင်းဖြစ်တယ်၊ ရန်သူကို သံတမန်နည်းအရ ထိုးနှက်ခြင်းလည်းဖြစ်တယ်)

၆။ အထွေထွေ လူထုတိုက်ပွဲကြီးဆင်နွှဲနိုင်ဖို့ လှုံ့ ဆော်ရမယ်။
(ရန်သူစိတ်ရှုပ်ထွေးအောင်၊ အေးဆေးသက်သာ မနေနိုင်အောင် ..... အခွင့်အရေးတိုက်ပွဲတွေ၊ လူထုလူတန်းစား ဆန္ဒပြပွဲတွေ၊ ကျောင်းသားသပိတ်တွေ၊ အလုပ်သမား လယ်သမား လှုပ်ရှားမှုတွေဖော်ထုတ်ပြီး .... အထွေထွေသပိတ်ဆီကို ဦးတည်သွားနိုင်ဖို့ဖြစ်တယ်။)


ခင်မင်လေးစားစွာဖြင့်
သားဆွေ



ဘာလုပ်ရမှန်းမသိသေးသူများ အင်တာနက်မှ သတင်းမှန်မှန်ဖတ်ပြီး

အင်းဂလိပ်လို နည်းနည်းတတ်သူများအတွက် အောက်ပါစာမျက်နှာများမှ

တယ်လီဖုန်းများကို မိမိတို့ စိတ်ဝင်စားဘွယ်ရာများ မေးမြန်းပြောဆိုနိုင်ပါသည် ။

ပြည်ပမှ လူတသောင်း တဦး ၁၀ ဒေါ်လာဖိုး ခေါ်ပြီး ဆွေးနွေးပါက နအဖ အုပ်ချုပ်ရေး ဆက်သွယ်ရေးစနစ် ၂ လ အတွင်းပျက်နိုင်ပါသည် ။

http://www.mya nmaryellowpages.biz/

http://www.yellowpagesmyanmar.net/category.php?index=A

http://www.myanmarteldir.com/

http://www.myanmarteldir.com/information/page_14.htm

http://www.myanmarteldir.com/information/default.htm



နာမည်တုဝါသနာပါသူတွေ ။ အီးမးအတု ကျွမ်းကျင်သူတွေ

အလုပ်မရှိလို့  လူတကာကို အပုတ်ချသူတွေ အလှည့်ရောက်ပြီ ။

ပြောချင်တာပြော ရေးချင်တာရေးကြ

အထက်ကိုမကြေနပ်သူ တာဝန်ကျရင် သင့်စာတနိုင်လုံးပျံပြီ ။



http://www.myanmarteldir.com/comment.htm





ဌေးတင့်

No comments:

Post a Comment