Wednesday, April 14, 2010
ဦးတင်မိုးရဲ့ နယ်သာလန်
၂၀၀၄ လောက်ကပါ
အိမ်အောက်ကစာတိုက်ပုံး ထဲက ရောင်စုံ ဖိတ်စာလှလှ ကပ်ပြားလေး၊
ဖတ်ကြည့်လိုက်မိတော့ ဘာမှနားမလည်။
မျက်မှန်တတ်ပြီး တလုံးခြင်းစာလုံးပေါင်းပြီးအသံထွက်ဖတ်တယ်၊
ဘာမှနားမလည်။ ဖတ်လို့ နားလည်တဲ့စလုံးကိုအသဲအသန်၇ှာကြည့်တယ်
တွေ့ ပြီ U Tin Moe တဲ့
ဒီနာမည်ရင်းနှီးပါတယ်၊ဦးနှောက်ကိုအလုပ်ပေးလိုက်သည်၊
ကွန်ပြူတာဖိုင်ရှာသလိုပေါ့
ဥရောပ မှာနေတဲ့ ကာလကလား ၆နှစ် မဟုတ်
မနီလွိုင်စခန်းကာလ ကလား ၁၉၉၉၊၂၀၀၀၊၂၀၀၁
မဟာချိုင်းမှာလှုပ်ရှားကာလ ကလား မဟုတ်သေး။
ဒါဆို ဘန်ကောက် တုံးက မဟုတ်သေး။
တောထဲစခန်းနေတုံးကဘယ်သူလဲ
ဟွေစေတီစခန်းကလာ သီဘောဘိုးစခန်းတုံးကလဲမဟုတ်သေးဘူး
သေချာပါပြီ မြန်မာပြည်မှာနေစဉ်က
စဉ်းစားမရလို့  တီဗွီဖွင့် ဆေးမှုန်ကိုလိပ်ပြီး(ပွတ်ချွန်းကဈေးပေါတယ်)
မီးတို့ လိုက်တယ်။
၎ ခါ ၅ခါ ဖွာလိုက်တာနဲ့  မီးကအပူ လက်ကိုဟတ်တာဘဲ။
ကျွန်တော် ထခုန်လိုက်မိသည်။
ဆေးလိပ်လည်းတိုပြီ ငါ့ကိုအိမ်ပြန်ပို့ ကြပါတော့
(ဘယ်တော့ဒီမိုကရေစီရမလဲ)
ကျွန်တော့ရင်ထဲ အဆွေးခံစားမှုက ကျင်ကနဲဖြစ်ပြီး မှတ်မိသွားတယ်။
ကလေးတွေပြန်လာတော့ ဘာသာပြန်ခိုင်းပြီး
ဆုပေးပွဲကိုသွားဖို့ ခရီးစဉ်ကိုလမ်းကြောင်းရှာပြီးချီတက်ခဲ့တယ်။
(သိတ်တော်တဲ့ ကျွန်တော်တို့ စာသင်နေတာ ၂၀၁၀အထိ ဘာသာပြန်ရင်လွဲနေတုံးဘဲ။
နိုင်ငံရေးလုပ်ကြပါတဲ့။ အခုထိ စကားမြန်မြန်ပြောရင်နားမလည်သေးပါ။ပြန်ပြောဘိုဆိုတာခွေးအ လှည်းနင်းဆိုလားဘဲ၊သိပ်အထင်မကြီးကြနဲ့ မယုံရင်ဖတ်ကြည့်
http://www.princeclausfund.org/nl/what_we_do/exchange_events/newzerogroupmyanmar.shtml )
စွန့် စားပြီးအစောကြိး အိမ်ကထွက်တယ်။ကံကောင်းစွာဘဲ ၂ကြိမ်ကားမှားပြီး
ဆုပေးပွဲကိုရောက်သွားတယ်။ ဥရောပထုံးစံဘဲ၊နောက်ကျတော့ ခန်းမတခါးကပိတ်သွားပြီ။
နာရီဝက်ကျော်ကြာတော့အမျိုးသမီးတသိုက် အူရားဖားရားနဲ့ ပြေး ထွက်လာပြီး
အစားအသောက်တွေ ပြင်ကြတယ်။
ကျွန်တော်ပါပီ ငုတ်တုပ်ကမလှုပ်ရဲပါ။ခဏကြာတော့ ရိုးရာပုဆိုး တိုက်ပုံနဲ့ ဆံပင်ကြာဆန်
အသားက ရွှေဖြူနဲ့ ကိုလ်လုံးတောင့်တောင့် ဗိုက်အနဲငယ်ပူတဲ့
ဗမာကြီးဦးဆောင်ပြီး လူတွေအများကြီးကို
ဦးဆောင်ပြီးစားဆောက်ခန်ထဲကိုဝင်လာကြတယ်။
အသာကလေးထပြီး ဆံကြာဆန်လူကြီးနောက်က၀င်ရပ်လိုက်တယ်။
တယောက်ပြီးလာလာပြီှးတ်ဆက်ကြတယ်။
အားပါးပါး ငါလာတာမှားပြီထင်ပါရဲ့ ။
အပြည်ပြည်က ပညာတပ်ပါမောက်ခတွေ ပါလား။
အင်ဂ်လန်က မြန်မာစာပါမောက်ခ လည်းပါတယ်။
အားလုံးအရပ်ရှည်ကြီးနဲ့နှတ်ဆက်ပြီးရော နောက်လှည့်ပြီး
မောင်ရင်ကမြန်မာထင်တယ်။အကင်းပါးလိုက်တဲ့ ဆရာကြီး
ကျွန်တော်ကနောက်ဖေးကနေပုနေတာကိုး
ကိုယ့်ကိုကို မိတ်ဆက်အပြီးပြသာနာစတာဘဲ။
“မောင်ရင် ကျုပ်ကိုတခုလောက်ကူညီပါတဲ့ အစောကြီးကထဲက
ကျုပ်ကဒီအထဲရောက်နေတာ၊ ပြင်ပမှာအေးလွန်းတော့ပြုတင်းပေါက်တွေ အားလုံးပိတ်ထားတယ်။
အိမ်သာခန်းထဲသွားတော့လဲ ကြည်လင်ပြီး မွှေးနေတာဘဲ၊
ကျုပ်ဒုက်ခရောက်နေပြီ။ မောင်ရင်ကဒီနိုင်ငံမှာနေတော့မောင်ရင် ကူညီမှရမယ် ။
ကျုပ်ဆေးလိပ်သိပ်သောက်ချင်နေပြီ ခွင့်တောင်းပေးပါ“
ကျားသားမိုးကြိုး ဒတ်ချာ်လို သိတ်တော်တဲ့ ကျွန်တော် ကျားနှတ်ခန်းမွှေးဆွဲခိုင်းလိုက်တာ။
ချက်ခြင်းဘဲ စစ်မြေပြင်ပြန်ပြီး စစ်ပွဲတရာနွဲလိုက်လိုက်ချင်တယ်။
ဘာရမလဲ စဉ်းစားပြီး အရပ်မြင့်မြင့် အသံကောင်းကောင်း
ရွှေဆန်တိုဂုတ်ဝဲ ဥရောပသူကြီးကို
လက် ၂ချောင်းထောင်ပြလိုက်တယ်။
ပြီးတော့ဆရာကြီးကိုလက်ညှိုးထိုးပြလိုက်တယ်။
ဥရောပသူကြီးက ဘာလဲလို့ မေးကိုလှုပ်ပြီး ထပ်မေးတယ်။
ထပ်ပြီး လက် ၂ချောင်းထောင်ပြလိုက်ပြီးပါးစပ်နဲ့ ကပ်ပြလုက်တယ်။
အပြည်ပြည်ဆိုင်ရာစကားလား မာဂတိစကား ထိရောက်မှုကချက်ချင်းဘဲ။
ဥရောပသူကြီးက အနွေးထည်ချိတ်တဲ့အခန်းထဲ
သူ့ ရဲ့ မြင့်မားတဲ့ပေါင်ဖြူဖြူကြီးကို လှုပ်လိုက်ခါ ပြေးဝင်ပြီး
အပြန်ကြတော့လက်ထဲမှာ စီးကရက်ဘူးပါလာတယ်။
တခန်းလုံးကြားအောင် တယောသံအက်အက်ကလေးနဲ့ တခုခုပြောပြီး
ဆရာကြီးကို စီးကရက်တလိပ် ပါးစပ်မှာတတ်ပေးလိုက်ပြီးတော့
ရိုရိုသေသေဘဲမီးညှိပေးတယ်။
ကျွန်တော့မျက်လုံး လက်ကွင်းလောက်ကြီး ဖြစ်သွားတယ်။
သွယ်သောင်းပြီး ပျားဖရောင်းလို လက်နှစ်ဘက်ကို ဒူးကလေးကွေးပြီး
မီးခြစ်ခြစ်ပေးတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ 
ရွှေဆန်တိုဂုတ်ဝဲ ဥရောပသူကြီးနဲ့  ရိုးရာပုဆိုး တိုက်ပုံနဲ့ ဆရာကြီးရဲ့ ပုံ
အခုထိမျက်စိထဲမှာမြင်နေတုံး
သြော် ပညာရှင်များကို တယ်ရိုသေကြတယ်နော်တဲ့
ဒါကြောင့်တိုးတက်တာပေါ့
မောင်ရင်မြင်လား မြန်မာပြည်ကစာပေစီစစ်ရေးရုံးကလူတွေနဲ့ သိပ်ကွာတာဘဲတဲ့
ကျုပ်ကိုထောင်ထဲတန်းပို့ တာဘဲ။
အဲဒီနေ့ က အင်မတန်အားနာတတ်သော ဆရာကြီး တောင်းဆိုမှုကြောင့်
တခန်းလုံး လွတ်လပ်စွာ ဆေးလိပ်သောက်ခွင့်ရကြပါသည်။
စီးကရက်တ၀က်လောက်ရောက်တော့ ချောင်းစဆိုးပါသည်။
သားမက်က ဆေးပေါလိပ်လာပေးပါသည်။
ကျွန်တော်ကလည်းအလိုက်သိသိဝိုင်အနီတခွက်ယူပေးလိုက်ပါသည်။
မြန်မာစာသမိုင်းနှင့်ကလေးများအတွက်မြန်မာစာအစ ကဗျာကဆိုတာကို
ခံယူရေးသားခဲ့ပုံများပြောပြပါတယ်။
ဆရာကြီး ဦးတင်မိုးက အလွန် ပုံပြောကောင်းပါတယ်။
မြန်မာစစ်ဗိုလ်ထွက်များအကြောက်လွန်ပုံများကိုရီစရာများနဲ့ ရှင်းပြ ပါတယ်။
ဆေးပေါလိပ်ကြီးခဲပြီး ဆရာကြီးနဲ့ နိုင်ငံခြားသားပညာရှင်များနှင့်ညနေစောင်းခါနီးပြောနေရင်း
ဆရာကြီး သမီးမမ ၀၀ရောက်လာပြီး ဒီညဘယ်လ်ဂျီယန်ပြန်အိပ်မှာအပါးဟုအသံကြားလို့ 
ဆရာကြီးကိုကြည့်လိုက်တော့ လက်ထဲက
မီးသေလိုက် ပြန်မီးတို့ လိုက်လုပ်နေတဲ့
မြန်မာဆေးပေါလိပ်ကြီးလဲတိုသွားပြီ၊
အပြင်ဥရောပကနေမင်းကြီးလဲ ညိုသွားပြီ
ငါ့ကိုဗမာပြည်က အိမ်ပြန်ပို့ 
လို့ ပြောရမှာ စစ်ဗိုလ်တွေ မတန်ရာ ပုလင်နေရာပေါ်တက်ပြီ်း
ညစ်ကျယ်ပုံ ဖမ်းဆီးနေတာတွေပြောရင်း မေ့သွားတယ်တဲ့။
ကျွန်တော့်အတွက်တော့တသက်စာသင်ခန်းစာတွေအများကြီးရသွားတယ်။
ဆရာကြီးဦးတင်မိုး ရောက်တဲ့ဘ၀မှာ
လွတ်လပ်ပြီး တရားမျှတမှု ဦးဆောင်နိုင်ပါစေ။
သားတပည့်
ဌေးတင့်
ယာရီမှထာဝရနယ်သာလန်
Labels:
၁၀ ဖေဖေါ်ဝါရီ ၂၀၁၀
Subscribe to:
Post Comments (Atom)
No comments:
Post a Comment