ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Tuesday, April 27, 2010

အမေများ၏ သားများအတွက်

အမေများ၏ သားများအတွက်



နေရာဒေသ တိုင်းပြည် အသီးသီးမှာ အမေများစွာ

သားသမီးဇောတွေနဲ့ အသက်ရှင်လျှက် နေထိုင်ကြပါတယ် ။

သားသမီး အနည်းအများပေါ် မူတည်ကာ အမေတိုင်း ပင်ပန်းကြပါတယ် ။

အမေတိုင်းရဲ့ သားသမီးအပေါ် ကြင်နာမှုက အတူတူပါဘဲ



သားသမီးတွေ ဝမ်းဝဘို့ 



သားသမီးတွေ လုံခြုစွာအိပ်စက်ဖို့ 



သားသမီးတွေ ပညာသင်နိုင်ဘို့ 



ဘယ်လိုအခက်အခဲ မဆို ကြိုးစားခဲ့ကြပါတယ် ။



သားသမီးတွေ အောင်မြင်တာ ကြားရရင် ပီတိတွေစားရင်း အားသစ်တွေမွေးကြတယ် ။



သားသမီးတွေ စည်းလုံးညီညွတ်တာ မြင်ရရင် ဝင့်ကြွားစွာ ဂုဏ်ယူတတ်ကြတယ် ။



သားသမီးတွေ အိမ်ထောင်ကျရင် အနာဂါတ်အတွက် ရင်အေးကြတယ် ။



မြန်မာပြည်ထဲမှာ အမေတွေ အများကြီး ကျန်ခဲ့တယ် ။



၁၉၈၈ ကစပြီး သားသမီး တွေ တစု ပြီး တစု



တအုပ်ပြီး တအုပ်



မွေးရပ်မြေကို စွန့် ခွာပြီး တိုင်းတပါး ရပ်ခြား အဝေးကြီးတွေ မှာ

ရည်ရွယ်ချက် အမျိုးမျိုးနဲ့ နေကြတယ်ပေါ့ ။နောက်တော့



မြန်မာနိုင်ငံက လာကြတဲ့သူတွေ

အချင်းချင်းတွေ ဆရာကြီး လုပ်တယ်

အချင်းချင်းတွေ နေရာလုတယ်

အချင်းချင်းတွေ ရန်ဖြစ်ကြတယ်

အချင်းချင်းတွေ သတ်ကြတယ်



အချင်းချင်းတွေ ရန်တိုက်ပေးတယ်

အချင်းချင်းတွေ စုပြီးအရက် မူးရန်းကား ကြတယ်

အချင်းချင်းတွေ စုပြီးမူးယစ်ဆေးတွေသုံး ထိုင်းကြတယ်

အချင်းချင်းတွေ မယားခိုးမှု လင်ခိုးမှုတွေ ဖြစ်တယ်

အချင်းချင်းတွေ လိမ်စားကြတယ်

အချင်းချင်းတွေ အမြီးကျက် အမြီးစား

ခေါင်းကျက် ခေါင်းစား ဂုဏ်မောက်ကြပြီ

စံချိန်မမှီတဲ့ အပြာကား လေးတွေ ရိုက်ကြ ပြကြ ကုန်ပြီ

ရည်ရွယ်ချက်တွေလည်း ပျောက်ကုန်ပြီ

အနာဂါတ်တွေလည်း နောက်ကျိကုန်ပြီ

သစ္စာတွေလည်း ဖေါက်ဖျက်ကြပြီ

နိုင်ငံတကာက အမေတွေ ကတော့ သူတို့ သားသမီးထံမှ

ပီတိတွေ စားပြီး ပြုံးနေတုံး

လာသမျှလူကို ကြွားလို့ မဆုံး

သူ့ သားငယ် ဌေးနိုင်နဲ့ အတူ ၈၈ ရယ် နောက် မျိုးဆက်တွေ ယူလာမဲ့



တစုံတခုကို ဂုဏ်ယူရင်း မျှော်လင့်နေတဲ့ အဖွားအိုတစု



မြန်မာပြည်ထဲ ပြောင်းလဲမှုတခုရှိလို့  ရပ်ကွက်ထဲမှာ စကားပြောတိုင်း



သူ့ သား နဲ့ ၈၈ အပါ အဝင် နောက် မျိုးဆက်တွေ က သူငယ်ချင်းတွေကို



တမ်းတမ်းတတအမြဲမေးနေတယ့် အဖွားအိုတအုပ်



ပါးရည်နားရည်တွေ တွန့် လိမ်နေပြီး ခါးကုန်းစပြုနေတဲ့



မျှော်လင့်နေဆဲ စိတ်ဓါတ်တွေနဲ့ 



မီးစာကုန်တော့မဲ့ အမေအရွယ် မြန်မာပြည်ထဲက အဖွားအိုတွေကို



ခင်ဗျားတို့  ဘယ်လိုရှင်းပြရမလဲ။



ဝိုင်းပြီးစဉ်းစားပေးကြပါ။

မြန်မာပြည်က အမေ တသိုက်ကတော့ ( ဒေါ်စု အပါအဝင်ပေါ့ )

သင်တို့ ကြောင့် ???????



ဌေးတင့်

ဌေးနိုင် အကို

No comments:

Post a Comment