၂၀၁၀ မတ်လ ၃ ရက်နေ့ 
မနက်စောစောလဲအိပ်ယာကလူ့းလဲထလိုက်ပါတယ် ။
နံရံကပ်နာရီကို ကြည့်လိုက်တော့ ၇ နာရီ ၅ မိနစ် ရှိပြီ ။
ရေအိမ်ဝင် မျက်နှာသစ်ပြီး အဝတ်အစားလဲလိုက်သည် ။
ထမင်းစားခန်းထဲဝင် လိုက်တော့ ထမင်းကျော် အနံ့ ကမွေးနေသည်။
လ္ဘက်ရည်ဖျော်လိုက်မယ်ဟု စစ်သုံးအိမ်သူသက်ထား ကမေးပါသည် ။
ဒီမိုကရေစီ တိုက်ပွဲဝင်ရန် နယ်စပ်သို့ လာခဲ့တုံးအခါက
ချစ်သူ ရည်းစား စေ့စပ်သူ အိမ်သူများ ထားခဲ့ကြပါသည်။
သိပ်ကြာမယ် မထင်ပါဘူးလေ ။ ထင်ခဲ့ကြပါသည် ။တွေးခဲ့ကြပါသည် ။
ကြာလာတော့ ရောက်တဲ့ အရပ်မှာ အိမ်ထောင်ကျပါသည်။
ပထမတော့ ယာယီလိုလိုဘဲ ။ လိုတုံးသုံးဖို့ ပါဘဲ ။
ကြာလာတော မြန်မာပြည်က လူလည်းအိမ်ထောင်ကျပြီတဲ့ ။
မကျွမ်းကျင်တဲ့ ဒေသအသစ်ရပ်တည်မှုအတွက် ဘဝစစ်မြေပြင်တိုက်ပွဲအဖေါ်ပါ ။
ဒါကြောင့် စစ်သုံးအိမ်သူသက်ထား လို့ သုံးနူံးတာပါ
လူပီပီ လူလိုဘဲ အမြဲစဉ်းစားပါသည် ။
အာဏာရှင်အောက် စစ်တပ်က မြန်မာပြည်က လူတွေဘဲလေ ။
လူလိုတွေးခဲ့မိတာပါ ။ ဘာသာနဲ့ ထုထားတာမို့ လဲ ။
တောထဲရောက်ပြီး မကြာပါဘူး ။ ၈၈ခြေမှုန်းရေးစတော့ပါတယ် ။
၈၈ တွေ လူမျိုးစုတပ်နဲ့ ပေါင်းပြီး ခြေကုတ်မယူနိုင်အောင်
နည်းမျိုးစုံနဲ့  အင်အားကုန်သုံးပါတော့တယ် ။
လမ်းတွေဖေါက် တံတားတွေဆောက်ပြီး လက်နက်ကြီးတွေ
အုပ်စုလိုက် နယ်စပ်ကို သယ်လာပါတယ် ။
မနားမနေ ပစ်ခတ်လိုက်တာ ခံစစ်ကတုတ်ထဲက ကျွန်တော်တို့ 
လေထဲက ယမ်းငွေ့ ကြောင့် အသက်ရှုလို့ မရတဲ့ အထိပါဘဲ ။
တချို့ ကျောင်းသားလူငယ်တွေ နားထဲကသွေးများထွက်ကြပါတယ် ။
မြေပြင်တခုလုံးဟာ ငလျှင်လှုပ်သလို တုန်ခါနေပါတယ် ။
ခပ်ဝေးဝေးက ဖေါက်ဖေါက် အသံတွေ ဆက်တိုက်ထွက်လာရင်
အနီးဆုံးက ဝပ်ကျင်းတွေဆီ ပြေးပြီးနေရာယူရပါတယ် ။
နောက်ကျတဲ့ ဖနောက်က သစ္စာဖေါက်ပြီး အပြင်မှာ ပြတ်ကျန်တာ မြင်ဖူးပါတယ် ။
တချို့ ရက်တွေမှာ နေ့ ရော ညရော ၂ ရက် ၃ ရက် ဆက်တိုက်ပစ်ပါတယ် ။
နောက်တန်းက ထမင်းထုတ်ပို့ တာ ဗုံးဆံကြားမှာဆိုတော့ ရှေ့ တန်းရောက်ရင် သိုးစပြုနေပါတယ် ။
ဟန်းကောချိုင့်ကိုကြိုးချည် ချောင်းထဲပစ်ချကာ ရေခပ်ရပါတယ် ။
တခါတရံ ကြိုးကို ဗုံးစမှန်ပြီး ဟန်းကောချိုင့်ပါ ဆုံးတတ်ပါသည် ။
ရလာတဲ့ ရေနဲ့ ထမင်းသိုးကို ဆေးပြီးစားရတာ ခဏခဏပါဘဲ ။
ဟောလီးဝုဒ် ရုပ်ရှင်ထဲက စစ်ကားတွေက ကြည့်လို့ ကောင်းပါတယ် ။
၂ ဖက်မျှပြီး ပြေးလွှားတိုက်ကြတာပါ ။ မင်းသားဖက်က နိုင်တာပါ ။
ကျွန်တော်တို့ စစ်ပွဲက နယ်စပ်တွေမှာ နောက်ဆုံး ခံစစ်နယ်မြေပါ ။
ပြေးစရာမြေ ကုန်ပါပြီ ။
ပြည်တွင်းမှာလည်း ဝါဒဖြန့် ပါတယ် ။ မြန်မာ့တပ်မတော်က အသက်တွေပေးလှုပြီး
တိုက်ပွဲကြီးတွေနဲ့  တိုင်းပြည်အေးချမ်းအောင် ကြိုးစားနေပါတယ်တဲ့ ။
ပြည်သူလူထု ရင်သွေး ၁၉၈၈ သားသမီးတွေကို အပြီးရှင်းတာပါ ။
အသေရှင်းပစ်တာပါ ။ ဒဏ်ရာရပြီးကျန်ခဲ့တဲ့ ကျောင်းသားတွေကို
မင်းတို့ လား ကျေုာင်းသားတပ်မတော်က ဟုဆိုကာ ကြိုးတုတ်ပြီး
လည်မြိုအလှီးခံရသူ ရင်ဝကို စစ်ဖီနပ်နဲ့ နံရိုးကျိုးအောင်ကန်ပြီး
ဘက်နက်နဲ့  စိမ်ပြေနပြေ အသေထိုးသတ်တာကို
ခြုံထဲကချောင်းကြည့်ရသူတွေကပြန်ပြောပြပါတယ် ။
လက်နက်ကြီး အားကိုးနဲ့ အနိုင်ယူတာပါ ။
မြန်မာစစ်တပ် စစ်တိုက်တာ ဘာမှ မပင်ပန်းပါဘူး ။
အမြောက်တွေကို ကားတန်းကြီးနဲ့ ဆွဲလာပြီး
ကော်ဖီသောက်ရင်း တပ်စုတွေလဲပြီး တလှည်စီ ထိုင်ပစ်တာပါ ။
ကျောင်းသားတပ်မတော်က လူ ၂၀ ကျော်ခံစစ်ကြောင်းကို
မြန်မာ့တပ်မတော်က တပ်ရင်း ပေါင်းများစွာနဲ့  ဝိုင်းပိတ်ပြီး
ခြေမှုန်းတာပါ ။ စောစောပိုင်းကဆီု လေယာဉ်ပျံ ပါ ဗုံးဝင်ကြဲတာ
မြန်မာတပ်က စစ်ဗိုလ်တွေကို အထင်ကြီးစရာ တကွက်မှမရှိပါဘူး ။
သနားစရာကောင်းတာက စစ်ဗိုလ်ပေါက်စ ဒုဗိုလ်လေးတွေ နဲ့ 
အောက်ခြေက ရဲဘော်လေးတွေပါဘဲ ။
စခန်းသိမ်း စီမံချက်ဆိုရင် ဗျုဟာမှုး တိုင်းမှုး မိန်းမနဲ့ ဆွေမျိုး စီးပွားရေး ချမ်းသာဘို့ 
အသက်ပေးရပါတယ် ။ ခွေးလို ဝက်လို အသေခံရပါတယ် ။
သေသွားတော့ ဘာဖြစ်လာလဲ ။ နေပြည်တော်ကြီး ဖြစ်လာတယ် ။
ဗိုလ်ချုပ်အုပ်စု တွေ သူဌေးဖြစ်ကုန်တာပေါ့ ။
အောက်ခြေ ရဲဘော်ထုကတော့ ငတ်ပြီးရင်း ငတ်နေတာဘဲ ။
ပြေးစရာ မြေကုန်တဲ့ ကျောင်းသားတပ်မတော် အများစု ဘယ်ရောက်ကုန်လဲ ။
ဗိုလ်ချုပ်တွေထက် လခများတဲ့ ဒီမိုကရေစီနိုင်ငံတွေကို ပြောင်းကြတယ် ။
အကြမ်းမဖက်တဲ့နည်းနဲ့ ဆက်လက်ကြိုးစား တိုက်ပွဲပုံစံ ပြောင်းကြတယ် ။
ဇွဲကောင်းတဲ့ သူတွေက ပြောက်ကြား စစ်နဲ့ ဆက်လက် တိုက်ပွဲဝင်နေတုံးဘဲ ။
အာဏာရှင်စစ်တပ်က အသေထွက်ခြေမှုန်းလို့  ရင်နာနာနဲ့ အမိမြေကို စွန့် ခွာကြရတယ် ။
ခေါင်းဆောင်ကောင်းတွေက ဦးဆောင်ပြီး ကျောင်းသားရဲဘော်တွေကို တစုပြီးတစု
မြန်မာပြည် စစ်မြေပြင်က စွန်ခွာစေခဲ့ပြီး နိုင်ငံတကာ စစ်မြေပြင်ကို ပြောင်းပေးခဲ့တယ် ။
လက်နက်ကြီးနဲ့ ခြေမှုန်းခံ ကျောင်းသားလူငယ်တွေ ကိုယ်ပိုင်လက်နက်ပြန်ကိုင်ကြပြီ ။
ဖေါင်တိန်နဲ့ စာရေးသောလက်တွေက အင်တာနက်နဲ့ ကီးဘုတ်ကို စာရိုက်ကြကုန်ပြီ ။
၁၉၆၂ ကစပြီး တခါးပိတ်ထားတဲ့မြန်မာပြည်က
အာဏာရှင် အကြောင်း ကမ္ဘာကြီးသိအောင် လုပ်ကြပြီ ။
အာဏာရှင်အုပ်စုကလဲ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်တဲ့
ဘာသာရေး ကတဆင့် ဝင်နေပြီလေ ။
၈၈တွေ ကို အာဏာရှင် အုပ်စုက အကြောက်ဆုံးဘဲ ။
၈၈တွေမှာ လုံလောက်တဲ့ စစ်မြေပြင်အတွေ့ အကြုံတွေ ။
နိုင်ငံတကာ ဥပဒေတွေ သင်ကြားတတ်မြောက်ကုန်ကြပြီ ။
ပြည်သူကို ဘက်စုံက ကူညီကြကုန်ပြီ ။ လမ်းပြပေးနေပြီ ။
နောက်တက်လာတဲ့ လူငယ်တွေကိုလဲ နေရာလွဲပေးနေပြီ ။
ပြည့်စုံလာတဲ့ တိုက်ပွဲပုံစံ အမျိုးမျိုး ဟာ နအဖ အာဏာရှင်တစု ကို ကျဆုံးစေမှာပါ ။
သောက်လက်စကော်ဖီနဲ့ အတူ အတွေးစကို ဖြတ်လိုက်တယ်။
နယ်သာလန် မြို့ နယ်အုပ်ချုပ်ရေးအတွက် ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးရမယ် ။
ရင်ထဲမှာ ကြည်နူးခြင်းနဲ့ အတူ ကြေကွဲမှု ခံစားနေရတယ် ။
၂၀၁၀ မှာကျွန်တော့ အသက် ၅၀ ပြည့်ရန် လပိုင်းသာလိုပါတော့ တယ် ။
၁၉၈၄ မှာ ဓါတုဗေဒဘွဲ့ ရပြီး ၁၉၈၈မှာ ဥပဒေကျောင်းပြန်တက်နေတုံးမို့ 
ဒီမိုကရေစီတိုက်ပွဲဝင် အဖွဲ့ ဦးဆောင်ရန် မဲပေးဘူပါတယ် ။ မတူပါဘူး ။
တိုင်းသူပြည်သား တဦးအနေဖြင့် မဲမပေးဘူပါ ။
မြန်မာပြည်က ၁၉၉၀ တုန်းကလဲ တောထဲမှာ စစ်ပညာသင်နေလို့ ဝေးပါတယ် ။
ထိုင်းမှာကတော့ ဒုက္ခသည်ဘဝဆိုတော့ ဘာမှမဆိုင်ပါဘူး ။
ကလင် ကလင် ဆို စက်ဘီး ဘဲတီးသံကြားရပါသည် ။
စီးပွားရေးတက္ကသိုလ်က ပါမောက္ခပါ။ ကျွန်တော်နယ်သာလန်မှာ အိမ်ရ လို့ 
ပြောင်းကထဲက ထိုင်းကပါလာတဲ့ အဝတ်စုတ်ထုတ်တွေကို ကူသယ်ရင်းခင်မင်ခဲ့တာပါ ။
ဥရောပတိုက်က တက္ကသိုလ်တွေကို လိုက်ပြီး ပညာရှင်တွေကိုမွေးထုတ်နေသူတဦးပေါ့ ။
ကိန်းခန်းမကြီးပါဘူး ။ တခါတလေ အိမ်လာရင် မီးပူမတိုက်ရသေးတဲ့ အဝတ်တွေနဲ့ ပါ။
စကားပြောရင် အခြေခံ လက်တွေ့ ကျကျပြောပါတယ် ။ ဒသနတွေ စာတမ်းတွေ မပြောပါဘူး
ဘဏ်တွေ ပြဿနာဖြစ်တော့ ဘာလုပ်ရင်ကောင်းမလဲတဲ့ ။
ကျွန်တော်က ပြည်တွင်းစားသုံးကုန်လုပ်ငန်းကို ဦးစားပေးကူညီပါ။
မလိုအပ်သော စည်းစိမ်ခံလုပ်ငန်းများ ရှော့ချပါ ။
တရုပ်ကိုပြောင်းသွားတဲ့ ဥရောပပိုင် စက်ရုံများထောက်ပံ့မှုကို ပြန်စဉ်းစားပါ
လို့ ပြန်ပြောလိုက်တော့ ။ မင်းပြောတာ တခြားလူတွေနဲ့ တူတယ်တဲ့
မကန့် ကွက်ပါ မငြင်းသွားပါ ။ ခေါင်းလေး တငြိမ့် ငြိမ့်နဲ့  နားထောင်ပါတယ်
ပါတီတွေ ဆွေးနွေးကြပြီး ဥပဒေတွေ ထွက်လာပါတယ် ။
ကျွန်တော်တင်ပြတဲ့ အချို့ အချက်တွေပါလာပါတယ် ။ ကျွန်တော်ပျော်သွားပါတယ် ။
စဉ်းစားတာခြင်း တူတဲ့ အခြားလူတွေ အားလုံးလည်း စိတ်ထဲမှာ ပျော်ကြမှာပါ ။
အားလုံးလိုက်နာကြပါတယ် ။ ပြည်သူ့ အသံကိုနားထောင်ပြီး ဆန္ဒကိုအကောင်အထည်
ပေးတာကိုး ။
လူထုအားလုံး လိုက်နာကြတယ် ။ ဝန်ကြီးချုပ်ဆီက ကြေညာချက်ထွက်လာတယ် ။
ပျက်စီးသွားတဲ့ စီးပွားရေးကပ်ကို ခုခံနိုင်ရန် နယ်သာလန်သားတဦးအတွက် အရံငွေ ၃ သောင်းစီ
စုထားပါပြီတဲ့ ။ အားလုံးပျော်သွားကြတယ် ။ နယ်သာလန်ရဲ့ အနည်းဆုံးထိုင်မှုစာရိပ်က
၁၄၀၀ ယူရိုနဲ့ တွက်ထားတော့ ၃ နှစ်စာ အဆင်သင့်ပြင်နိုင်တာပါ ။
၃ နှစ်အတွင်း စီးပွားရေးဦးမော့အောင် အားလုံးကကြီုးစားနေဆဲပါ ။
အဲဒါ ဒီမိုကရေစီရဲ့ အနှစ်သာရပါ ။
၎ နှစ်ပြည့်တော့ ရွေးကောက်ပွဲပြန်စပါမယ် ။
ဒီတခါကျွန်တော်ကိုယ်တိုင်မဲပေးပြီး ရွေးချယ်ခွင့် ရပါပြီ။
ဟွေး ဟတ်တိုင်း ဘာတွေစဉ်းစားနေတာလဲ ။
ဌေးကို အဂ်လိပ်ပေါင်းပြီး ဒတ်ချာ် အသံထွက်တော့ အိတ်က ဟာ ဖြစ်သွားပြီး
တီအေဝိုင်က တိုင်းဖြတ်သွားပါတယ် ။
နင်းလာတဲ့ စက်ဘီး အရှိန်လျှော့သွားပါတယ် ။
အော် နယ်သာလန်က ရွေးကောက်ပွဲနဲ့  မြန်မာပြည်က ရွေးကောက်ပွဲ
ကွာခြားပုံ စဉ်းစားနေတာပါ ဆရာ
နယ်သာလန် အမ်စတာဗန်းမြို့ မှာ ပါတီကြီး ၉ ခုရှိပါတယ် ။
လူမျိုး ပေါင်း ၁၇၇ မျိုး ငြိမ်းချမ်းစွာ ပူးပေါင်းပြီး နေကြပါတယ် ။
ကတ်ဘိနက်မှာ အကြီးအကျယ် စကားများတာ တီဗီမှာကြည့်ရတယ် ။
တတိုင်းပြည်လုံး ထိုင်ကြည်နေတာ ။ ဥပဒေ အသစ်ကိုဆွေးနွေးတာကိုး
အားလုံး သဘောတူတဲ့ ဆုံးဖြတ်ချက်ကြအောင် အချိန်ယူကြတယ် ။
ရလာတဲ့ အဖြေကိုလည်း အားလုံးက ဝိုင်းပြီး တာဝန်ယူကြတယ် ။
နောင်တရတဲ့ အသံလည်း မကြားဘူးဖူး ။
မြန်မာပြည်သားတွေလို နေရာလည်းမလုကြဘူး အာဏာလည်းမရူးဘူး ။
ကြွားဝါမှုလည်းမရှီဘူး ။ မသိရင် သိအောင်လုပ်တယ် ။
တပ်ရောင်ကား လူအထင်ကြီး အောင်မလုပ်ဘူး
တဦးတယောက် တစု တဖွဲ့  တသက်လုံးကောင်းစားရေးထက်
တိုင်ပြည်ထဲမှာ နေတဲ့ လူတွေအားလုံး သားစဉ်မြေးဆက်ကောင်းစား
ကိုအခြေခံထား စဉ်းစားကြတယ် ။
ကျွန်တော်တို့ လိုချင်တဲ့ ပါတီတွေ ၄ နှစ်တကြိမ် ရွေးချယ်နိုင်တဲ့
တိုင်းပြည်ကို စစ်ကျွန်ဘဝက ဘယ်တော့များလွတ်မလဲ
တခုတည်းသောအဖြေက
၁၉၉၀ အနိုင်ရပါတီကို အင်အားဖြည့်ပေးကြ
မှန်ကန်တဲ့ ဦးဆောင်သူနဲ့ တွဲပြီး
နောက်လိုက်ကောင်းဖြစ်အောင်ပြုပြင်ကြ
ဌေးတင့်
ဌေးနိုင်အကို
No comments:
Post a Comment