ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, April 21, 2010

နေဝင်းက ဒါးဒါးချင်း လှံလှံချင်း

နောက်လူတွေကိုလည်း သိစေချင်ပါတယ် ။



ပထမ အကြိမ် အေဘီ ဗဟိုကော်မတီ ဖွဲ့ စည်းစဉ်က



အကောင်းဆုံးအခြေအနေ တခုကို ဝိုင်းစဉ်းစားပြီး သန္ဓေတည်ခဲ့တာပါ ။



အဲဒီတုံးက ငရုပ်သီးနဲ့ ငပိကို အသဲအသန်ရှာစားရတဲ့အချိန်မှာ



ပေါင်မုန့် မီးကင် ထောပတ်သုတ် နဲ့  ကော်ဖီကိုဗိုက်ကားအောင်သောက်တဲ့



ဒေါ်လာစားလူငယ် တပ်တွေလည်းရှိပါတယ်။အတင်းလိုဖြစ်မှာစိုးလို့ မပြောလိုပါ ။



ကျောင်းသားတပ်မတော် မဖွဲ့ စည်းခင်မှာပါ ။



ကိုထွန်းအောင်ကျော်ပြောပြပါတယ် နေဝင်းက ဒါးဒါးချင်း လှံလှံချင်း ဆိုပြီး



၁၉၆၂ ထဲက တနိုင်ငံလုံးက ဖေါင်တိန်ကိုင်တဲ့ကျောင်းသား တွေကို ဂျီ ၃ ဂျီ ၄ နဲ့ 



အကြိမ် ကြိမ် ပစ်သတ်ပြီး ခြိမ်းခြောက် ဖမ်းဆီး ပါတယ် ။



ဒါကြောင့် တဘက်က ဒါးလှံ တဘက်က တပ်ထားပြီး



တပ်ရင်းအလိုက် နံပါတ် ကို တဘက်က တပ်ထားခဲ့တာပါ ။



မွန်ပြည်နယ်က စပြီး အမှတ်စဉ် တပ်ခဲ့ ကြတာပါ ။



စက်မှုကျောင်းသား ထွန်းဦး (အမြဲမှတ်တမ်းတင်ဂုဏ်ယူနေမှာပါ သူငယ်ချင်း)



နဲ့ ကျွန်တော်က စစ်သင်တန်းစာအုပ်တွေရှာပြီး သင်ရိုးညွန်းတန်းရေးခဲ့ဘူး တာပါ ။



ဦးအောင်စိန်ကြီး (နေကောင်းရဲ့ လား) ဘက်တွေရိုက်တော့ ဝင်ကူ တာမှတ်မိပါတယ်



စခန်းအသီးသီးက အုပ်စုလိုက် ကိုယ်စားလှယ်တွေ ရွေးတင်ကြတာပါ ။



ကိုသန်းဝင်းကတော့ ၁၉၈၈ အစပိုင်း ရန်ကုန် တက္ကသိုလ် မန္တလေးဆောင်



အစည်းအဝေးက အကြိတ်အနယ်ဆွေးနွေးပြီး ရှေ့ လုပ်ငန်းစဉ်တွေ ဦးဆောင်ဘို့ 



ရကသ ဥက္ကဌ တာဝန်ပေးလိုက်တာပါ လို့ မှတ်မိပါတယ် ။



ဘုရားသုံးဆူရောက်တော့လဲ ကျောင်းသား အများက ဆက်လက်ပြီး



ဗဟိုကော်မတီ တင်ပေးလိုက်တာပါ ။ ပြည်တွင်း ကျောင်းသားလှုပ်ရှားနဲ့ 



ဆက်စပ်ပြီး ထိုးစစ် စင်နိုင်ရန်ဖြစ်ပါတယ် ။



ဒုတိယ အကြိမ်ဗဟိုကော်မတီ ပြန်ရွေးကြမယ်ဆိုတော့



အေဘီတပ်တွေ တည်ဆောက်ပြီးကြပါပြီ ။စည်းစနစ်အပြည့်နဲ့ ပါ ။



ဘုရားသုံးဆူ ကလဲ ၁၀၁ ၁၀၂ တပ်တွေဖြစ်ကုန်ကြပါတယ် ။



ဒါကြောင့် မိုးကဲစခန်း တပ်ရင်း ၂၀၆ က ကိုသန်းဝင်းနဲ့ ကိုဌေးနိုင်ကို



ပြည်တွင်း ကျောင်းသားစားကိုယ်စားလှယ်အဖြစ် တင်ပေးလိုက်တာပါ ။



ကိုသန်းနိုင်အပါအဝင် စခန်းတခုလုံးက သဘောတူညီတူရွေး ခဲ့ပါတယ် ။



နောက်တော့ ၂၀၆ တပ်တွေနဲ့ ဝင်းကစခန်းက တဆင့် လူထူစည်းရုံးရေးဆင်းခဲ့ကြရင်း



တိုက်ပွဲတွေ ရင်ဆိုင်ကြတယ်လို့  ကြားဘူးပါတယ် ။



ကိုသန်းဝင်း ( ရန်ကုန် တက္ကသိုလ် မန္တလေးဆောင် ၁၉၈၈



အစည်းအဝေးက ရှေ့ လုပ်ငန်းစဉ်တွေ မပြီးသေးဘူး ဦးဆောင်ဘို့ 



မလုပ်နိုင်တော့ရင် မှန်ကန်တဲ့ ဦးဆောင်သူကို လမ်းပြပါ ။



မင်း မီဒီယာကို ရှောင်တာ အမြဲတွေ့ ရပါတယ် ပြည်တွင်းက မင်းသူငယ်ချင်းတွေ မေးလာပြီ )





အခုတော့လဲ အာဏာရူးတွေ သပုတ်လေလွင့်ပြောတဲ့ ဆိတ်လဥ တွေရယ်



တော်လှန်ရေးအဓွန့် ရှည်ပါစေ နေ့ တိုင်းဆုတောင်းတဲ့ အရက်သမားများကြောင့် ရယ်



တဥိးနဲ့ တဦး ------------



တိုင်ပြည်အတွက် ဘယ်လို ပုံစံတွေနဲ့  -----------



ရင်ထဲမှာ အလွမ်းမိုးနဲ့ အတူ မချင့်မရဲ ------------

ဌေးတင့်

ဌေးနိုင် အကို



၂၀၆ က ကျောင်းသားရဲဘော် ဇော်ဇော် ဆီက စာရလို့ ရေးဖြစ်တာပါ ။

1 comment:

  1. Dear Htay Tint,
    Thanks for writing the part that you remember in our ABSDF history. I think i will create a ABSDF history records blog, so that many people can write their experience and their memories.

    yours

    Ko Htun

    ReplyDelete