ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Saturday, November 13, 2010

Daw Aung San Suu Kyi speed Nov 2010

Aung San Suu Kyi's Speech at HQ of NLD
ဆုံဆည်းရာ ၁၄ ရက် နိုဝင်ဘာလ ၂၀၁၀
ယနေ့ နေ့လည် ၁၂ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းအသံဖိုင်ကို တင်ပေးလိုက်ပါတယ်။



၁၄။၁၁။၁၀-- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက် --- 14,NOV 2010


“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။
ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။
အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။
ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။
ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။
ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။
ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။
ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။
ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။
အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။
နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”
“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။
ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။
စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။
အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။
အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။
အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။
ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။
အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။
လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။
အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။
မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”
“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”
“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’
“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’
“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”
“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။
ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”
“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။
လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။
တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။
ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။
မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။
ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။” “ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။
ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။
ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။
အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’
“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။
ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။
ပြည်သူကို အကျယ်ချုပ် မချပါနဲ့။
ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’
“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။
ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’
“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’
ယနေ့ ၁၂ နာရီ NLD ရုံးေ၇ှ့တွင် ဟောပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နှုတ်ချက်

ပေးပို့ သူ salai zamte ၁၄- ၁၁- ၂၀၁၀

အမေစု

“မြန်မာပြည်သူတွေဟာ တယောက်နဲ့ တယောက် သည်းငြီးခံတတ်ကြတယ် ဟုတ်တယ် မလား”
ပြည်သူများ

“ဟုတ်ပါတယ်”
အမေစု

“တကယ်ရော ဟုတ်ရဲ့လား”
ပြည်သူများ

“ဟုတ်ပါတယ်”

အမေစု

“ဒါဆိုစမ်းကြည့်ရမလား”
ပြည်သူများ

“စမ်းကြည့်ပါ”
အမေစု

“ဒါဆိုရင် စမ်းမယ်နော်
ဒီရှေ့က(စင်ရှေ့က) လူတွေက ကျမ အသံကို ထိုင်ပြီး တော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက် (ရွှေဂုံတိုင်ဘက်ခြမ်း) က လူတွေရယ် နောက်က
လူတွေရယ်က မတ်တပ်ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ်ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲပေးလိုက်ပါလား”

“အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ
အမေစု အဲလိုပဲ ပြောလိုက်ရော…”

“ချက်ခြင်းပဲ ရှေ့ကလူတွေက ထပြီး နောက်ကလူတွေနဲ့ နေရာလဲပေးကြတာဗျာ….
အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ… ထောင်သောင်းချီနေတဲ့ လူအုပ်ကြီး ချက်ချင်း နေရာ လဲပေးကြတာဗျာ… အံ့သြဖို့ ကောင်းလိုက်တာ”….

“ဒါပဲဗျ…. ခေါင်းဆောင်ကောင်းဆိုတာ…
လူတွေရဲ့ရင်ထဲမှာ ခေါင်းဆောင်လို့ သတ်မှတ်ထားရင် သေနတ်ပြပြီး အုပ်ချုပ်နေစရာမ လိုဘူး…. ထောင်နဲ့ ခြောက်ပြီးလဲအုပ်ချုပ်နေစရာမလိုဘူး…
စကားလေး တခွန်းပြောပြီး ညင်ညင်သာသာ ခိုင်းရုံနဲ့ လူတွေက လိုက်လုပ်ပြီးသားပဲဗျ… လေးစားဖို့ကောင်းလိုက်တာဗျာ”….

(ဗမာပြည်ထဲက သူငယ်ချင်းတယောက်က ပေးပို့လာတာကို တင်ပြထားတာဖြစ်ပါတယ်)





ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ဒုတိယပိုင်း
၁၃ နိုဝင်ဘာလ ၂၀၁၀ ရန်ကုန်







ဒေါ်အောင်ဆန်းစုကြည် မှ မြန်မာပြည်တွင်းရှိ
လုပ်သား ပြည်သူအပေါင်းကို ဖိတ်ကြားလိုက်ပါသည် ။




အားလုံးဘဲ တူတူညီရင် ကောင်းမယ် ။
အဲဒီတော့ မတွေ့ ရတာကြာပြီဆိုတော့ ပြောစရာတွေက အများကြီးဘဲ ။
ပြောစရာဆိုတာတွေက
ဒီမှာက အသံချဲ့ စက် မရှိတော့ အားလုံးလဲ ကြားရမှာ မဟုတ်ဖူးနော် ။
အားလုံးကြားချင်ရင် မနက်ဖန် ( ၁၄ နိုဝင်ဘာလ )ရုံးကိုလာခဲ့ 
အသံချဲ့ စက်နဲ့ ပြောမယ် ။
မူရင်းကို http://soundcloud.com/thargyi74#2%2FpwBkmFA4B6LVd5RvSK3Ba9hvyX69YF1uGDu2UYADvsI






IFBNC 's Statement on DASSK Release

No comments:

Post a Comment