ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Thursday, February 2, 2017

Mu River ( မူးမြစ် )

အပေါ်က မြင်ရသော ခုနှစ် လ တို့ မှာ ဘလော့ စာမျက်နှာ စဖွင့်တဲ့ အချိန်ကဖြစ်ပါတယ် ။ ဇယားကွက်တွေထဲက လပြီးရင် နေ့ ရက်တွေက အလိုအလျှောက် စနစ်နဲ့  ချိတ်ထားလို့  မှန်ပါတယ် ။





အမှတ် ၁



meteoblue










ပင်လယ်ဘူး







ရွာကုန်းကြီး







ကန့် ဘလူ







ရေဦး ကန့် ဘလူ ကြား ရေဦး







တန့် ဆည်







အရာတော်








မြင်းမူ







ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းအတွင်းတည်ရှိသောခရိုင်တစ်ခုဖြစ်ပြီး၊ ရွှေဘိုခရိုင်တွင် မြို့နယ် ၈ မြို့နယ်ပါဝင်သည်။ ၎င်းတို့မှာ….
ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊
ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ တို့ဖြစ်သည်။

ရွှေဘိုမြို့၊ ရွှေဘိုမြို့နယ်။ (Shwebo Township)
မန္တလေးမြို့ အနောက်မြောက်ဘက် ၁၁၃ကီလိုမီတာ(မိုင်၇၀ခန့်) အကွာ ဧရာဝတီမြစ်နှင့် မူးမြစ်ကြားတွင်တည်ရှိသည်။
ကျေးရွာအုပ်စု ၅၈ရွာနှင့် လူဦးရေ ၁၅၀၀၀၀ခန့်ရှိသည်။
ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့သော သမိုင်းဝင် မြို့တော်ဖြစ်သည်။

ဝက်လက်မြို့၊ ဝက်လက်မြို့နယ်။ (Wetlet Township)
ဝက်လက်မြို့သည် မန္တလေး-မြစ်ကြီးနားရထားလမ်းသည်ဝက်လက်မြို့ကိုဖြတ်သွားပြီး၊
အနောက်ဘက်တွင် မူးမြစ်၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်အကြားတွင်ရှိသည်။
ကျေးရွာအုပ်စု ၇၀နှင့် လူဦးရေ ၅၀၀၀၀၀ခန့်ရှိသည်။
ရွှေဘိုမြို့မှ ၂၁မိုင်ခန့်အကွာတွင် ရှိသည်။
စကားအရာတွင်ကြွယ်ဝသော လှတောရွာသည် ဝက်လက်မြို့နယ်တွင်ပါဝင်သည်။
လှတောရွာသည် ရွှေဘို-မန္တလေးကားလမ်းဘေးတွင်ရှိပြီး ဝက်လက်မှ ၇မိုင်ခန့်အကွာတွင်ရှိသည်။

ရေဦးမြို့၊ ရေဦးမြို့နယ်။ (Ye U Township)
ရေဦးမြို့သည် ရွှေဘိုမြို့၏ အနောက်မြောက်ဘက် မိုင် ၃၀ခန့်အကွာတွင်တည်ရှိပြီး ၊ မူးမြစ်၏အနောက်ဘက်ကမ်းတွင်ရှိသည်။

ခင်ဦးမြို့၊ ခင်ဦးမြို့နယ်။ (Khin U Township)
ခင်ဦးမြို့သည် ရွှေဘိုမြို့၏ မြောက်ဘက် ၁၆မိုင်ခန့်အကွာတွင်ရှိသည်။
မဟာနန္ဒကန်တော်အတွင်းသို့ စီးဝင်နေသော ချောင်း ၉ ၉  ချောင်းရှိသည့်အနက်
ခင်ဦးမြို့မှ  ချောင်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။
 ရွှေဘို-ခင်ဦး-ရေဦးကို မော်တော်ကားလမ်းရှိသဖြင့် လွယ်ကူစွာသွားလာဆက်သွယ်နိုင်သည်။

တန့်ဆည်မြို့၊ တန့်ဆည်မြို့နယ်။ (Tazel Township)

တန့်ဆည်မြို့သည် ရေဦးမြို့မှ ၁၄မိုင်ခန့်အကွာတွင်တည်ရှိသည်။

ကန့်ဘလူမြို့၊ ကန့်ဘလူမြို့နယ်(KantBalu Township)

ကန့်ဘလူ စက်မှု့လက်မှု့သိပ္ဗံကျောင်းတည်ရှိသည်။
ရွှေဘိုနယ်၏ အဓိက အားထားရသော ကားဘိုးဆည်နှင့်
ကင်းတပ်ဆည်သည် ကန့်ဘလူမြို့နယ်တွင်တည်ရှိသည်။
ချပ်သင်းဘေးမဲ့တောနှင့် သစ်တောကြိုးဝိုင်းဧရိယာများစွာရှိသည်။
ကန့်ဘလူမှ ကျွန်းလှသို့ ကားလမ်းဖြင့် ၉ မိုင်၊ ရထားလမ်းဖြင့် ၈မိုင်ခန့်ကွာဝေးသည်။

ကျောက်မြောင်းမြို့နယ်ခွဲ(Kyaut Myaung Township)
ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိသည်။ ကျေးရွာအုပ်စု ၁၀ရွာရှိသည်။

ကျွန်းလှမြို့၊ ကျွန်းလှမြို့နယ်။ (KyunHla Township)

ရွှေဘိုမြို့၏မြောက်ဘက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိပြီး
ရွှေဘိုမြို့မှ မိုင် (၆၀) ခန့် ကွာဝေးပြီး၊ မန္တလေးမြို့မှကားလမ်းဖြင့်  ၁၄၀မိုင်ခန့်၊
ရထားလမ်း ဖြင့် ၁၂၀မိုင်ခန့်အကွာတွင်တည်ရှိသည်။
ကျွန်းလှမြို့သည် သဖန်းဆိပ်ဆည်စီမံကိန်းတွင် ရေမြုပ်ဧရိယာအတွင်း ပါဝင်ခဲ့သောကြောင့်
နေရာရွှေ့ပြောင်းထားရသော မြို့ဖြစ်သည်။ မြို့ဟောင်းနေရာသည်
ကျွန်းလှမြို့ဟောင်းနေရာတွင် သဖန်းဆိပ်ဆည်တည်ရှိသည်။

No comments:

Post a Comment