ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Friday, December 17, 2010

အရှုံးပေါ်နေတဲ့ စက်မှု(၁)

အရှုံးပေါ်နေတဲ့ စက်မှု(၁)

၁၉၇၄ မြန်မာ့ဆိုရှယ်လစ် စနစ်အတုကြီးကို
ရွေးကောက်ပွဲ ရာခိုင်နူံး အမြင့်ဆုံးထောက်ခံ မဲစံချိန်တွေနဲ့ 
မြန်မာပြည်မှာ လိမ်ညာပြီး အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ် ။
မြန်မာပြည်တလွားကလူထုရိုသေလေးစားတဲ့
ကျောင်းဆရာတွေ တိုင်းရင်းသား သရုပ်ပျက်တွေက
မြို့ နယ်ပါတီယူနစ်ရုံးတွေမှာ တာဝန်ကြီးကြီးနဲ့  ထိုင်ခွင့်ရပါတယ် ။
တနိုင်ငံလုံးရဲ့ မကျေနပ်ချက်တွေကို နေ့ စဉ် စစ်ကောင်စီ ဗိုလ်ချုပ်တွေအစားဖြေရှင်း ပေးခဲ့ပါတယ် ။
ပြည်သူပိုင်တယ်ဆိုပြီး သိမ်းလိုက်တဲ့ ဌါနတွေကို ဝန်ကြီးဌါနတွေ အဖြစ်သတ်မှတ်ကြပြီး
စစ်ကောင်စီမှာ ပါလာတဲ့  ဗိုလ်မှုးတွေက ညွန်ကြားရေးမှုး နေရာယူလိုက်ပါတယ် ။
ပညာရှင်တွေကိုတော့ ဒုညွန်မှုးအဆင့်နဲ့ မှာ ပင်စင်ယူတဲ့အထိ ထားလိုက်ပါတယ် ။
စက်ရုံတွေက သိပ်များနေတော့ စက်မှု (၁) နဲ့ စက်မှု ( ၂ )
ဆိုပြီး လုပ်ငန်းတူတာတွေ နှစ်ပိုင်းခွဲ လိုက်ပါတယ် ။
တိုင်းပြည်ရဲ့ ပဉ္စမ အင်အင်အား ခေါ်နိုင်တဲ့ 
စက်မှု(၁) မှာ အလုပ်သမား ပညာရှင် သိန်းပေါင်းများစွာ ရှိနေလို့ 
ဦးနေဝင်းက စိတ်အချရဆုံးတွဲ လုပ်ခဲ့တဲ့
အရှေ့ တောင်တိုင်းမှုး ဗိုလ်ချုပ် တင့်ဆွေကိုတာဝန်ပေးလိုက်ပါတယ် ။
အလုပ်သမားတွေက စုစည်းကြပြီး စစ်အစိုးရကို
မကျေနပ်လို့ မကြာခဏ ဆန္ဒပြကြရာက
စစ်တပ်မှ လက်နက်မဲ့  အလုပ်သမားတွေကို
သံချပ်ကာ ကားတွေနဲ့  ကြိတ်သတ်တဲ့ အထိ ရက်စက်ခဲ့ပါတယ် ။
တစတစကြီးထွား လာတဲ့ အလုပ်သမား အင်အားစုကို စနစ်တကျ လက်ဦးဖြိုခွဲ နိုင်ဖို့ 
ဥိးနေဝင်းက ဦးတင့်ဆွေနဲ့  တိုင်ပင်ပြီး
တပ်မတော် ထောက်လှမ်းရေးကို ၁၉၇၈ မှာတာဝန်ပေးခဲ့ပါတယ် ။
တပ်မတော်မှ အသက်ကြီးနေပြီး ရာထူးတက်ရန် မသင့်လျှော်သူများ စာရင်းဖြစ်ပါတယ် ။
တပ်မတော်ထောက်လှန်းရေး စာရင်းများအရ
မြန်မာလူမျိုး မဟုတ်သော တိုင်းရင်းသားများ စစ်ဗိုလ်များ
တိုင်းပြည်ကို မျိုးချစ်စိတ်ဖြင့် ဝင်ခဲ့ပြီး အထက်အမိန့် ကိုပြန်လည်ဝေဖန်သူများ
ထောက်လှမ်းရေးသင်တန်းဆင်းထားသည့်
ထောက်လှမ်းရေးစိတ်ချရသည့် စစ်ဗိုလ်များဖြစ်ပါသည် ။
အဲဒီစာရင်းထဲပါလာတဲ့  စစ်ဗိုလ်အုပ်စုကို
ဗဟိုနိုင်ငံရေး တက္ကသိုလ်မှာ မဆလ သဘောတရားရေးနှင့်
စက်ရုံအုပ်ချုပ်ရေး သင်တန်းပေးပါတယ် ။
တိုင်းရင်းသားစစ်ဗိုလ် အများစုက ခရစ်ယာန်ဘာသာ ဖြစ်နေပြီး
ရိုးသားကြလို့  ပြန်ပြောတာက
အိမ်မက်ဆန်ဆန် ရေးထားတဲ့ သဘောတရားကို အောင်မြင်ဖို့ 
ငါတို့ က လုံခြုံရေးသာသာ အဆင့်ဘဲ အရပ်သားတွေနဲ့ ငါတို့ ကို ရန်တိုက်ပေးတာ။
စက်ရုံတွေကိုစောင့်ကြည့်ပြီး အလုပ်သမား အုပ်စုဖွဲ့ ရင်အစိုးရကို ပုန်ကန်ဖို့ လား
မြန်မာစစ်ဗိုလ်တွေ ငါတို့ ကို စစ်တပ်ထဲက မောင်းထုတ်တာပါ လို့ ပြောကြပါတယ် ။
တနှစ်ကြာ သင်တန်းပြီးတော့
စက်ရုံအသီးသီးကို တာဝန်တွေခွဲယူကြပါတယ် ။
စစ်မြေပြင်မှာ လူမျိုးအချင်းချင်း သတ်လာတဲ့
ခြေလျှင်တပ်တွေက သီဟ သူရ ဘွဲ့ ရသူတွေ
စက်ရုံမှုးနေရာယူကြပြီး
ပညာရှင် စစ်ဗိုလ်တွေကို လက်ထောက်စက်ရုံမှုး အထွေထွေစီမံခန့် ခွဲရေး
နေရာ ပေးလိုက်ပါတယ် ။
လူဟောင်း ပညာရှင်တွေကတော့ ထုတ်လုပ်ရေးဖက်ကိုပြောင်းခဲ့ရပါတယ် ။

(အလုပ်သမားတွေက စစ်တပ်က ပြောင်းလာတဲ့ စစ်ဗိုလ်တွေထဲက
အဆင်ပြေသူတွေကို အလုပ်သမား အစည်းအရုံးက
တဆင့် ခေါင်းဆောင်တင်ကြပြီး မြေပေါ်တိုက်ပွဲ ဆက်ကြပါတယ် ။
၁၉၈၁ ၁၉၈၂ ၁၉၈၃ ခုနှစ်တွေမှာ ပါတီက ချပေးထားတဲ့
ဗိုလ်ချုပ်တွေ အလုက်သမား အစည်းအရုံးမှာ မဲမရဘဲ
အလုပ်သမားထုတင်တဲ့ ခေါင်းဆောင် စစ်ဗိုလ်ဟောင်းတွေ
မဲနိုင်လို့  ကြိတ်ပြီး မဲလိမ်ခဲ့တယ်လို့ ကြားဖူးပါတယ် ။
အဲဒီတုံးက အတိုက်အခံ ဗဟိုဦးဆောင်အဖွဲ့ မရှိလို့ ရှုံးခဲ့ရပါတယ် )

၁၉၈၀ မှာ စက်မှု(၁) ဝန်ထမ်းများ အတွင်းကြိတ် အတွေးအခေါ်တိုက်ပွဲ စခဲ့ပါတယ် ။

စက်ရုံမှ ပစ္စည်းများ ဈေးကွက်သို့ စံချိန်စံမှီ ထုတ်လုက်ရောင်းချခြင်းသည်
တရုပ်ကျူးကျော်ခံစစ် ကွမ်းလုံဒေသဗျုဟာရုံး အုပ်ချုပ်ပုံနှင့် မတူပါဖူး။

ငါတို့ တိုက်ပွဲ တရာ တိုက်လာတဲ့ စစ်ဗိုလ်တွေ
စက်ရုံ အုပ်ချုပ်တာလေးက အသေးအဖွဲ ပါဟု စစ်ဗိုလ်တွေ လေထွားပြီး
နားနဲ့  မျက်စီကို ရေဒီယိုနဲ့  ဖားတင်းစာ မုဒိန်း ကျင့်နေတာ မြန်မာပြည်မှာ
နှစ်ပေါင်း ၄၀ ကျော်ပြောတာကြားခဲ့ရပါတယ် ။

အစိုးရဈေးနဲ့ ကုန်ကြမ်းတွေ ကုန်ကျစရိပ်တွေ တွက်ချက်ပြီး
မှောင်ခိုဈေးနဲ့ ရောင်းရငွေပြတာ
၁၉၈၀ ကထဲက စစ်ဗိုလ်တွေ ဦးနေဝင်းကို စာရင်းလိမ်ခဲ့တာပါ ။
စက်မှု ( ၁ ) မှာ အရှုံးပြနေတာ နှစ်ပေါင်း ၃၀ ကျော်နေပါပြီ။

လောဘကြီးပြီး နေရာလုတဲ့ ဦးအောင်သောင်း
ပြိုတော့မဲ့ ဆဲဆဲ အိမ်သာမှာ နေရာဝင်လုလိုက်တော့
ဘာဆက်လုက်မှာလဲ ။

ဦးနေဝင်း ဦးဆောင်ပြီး ဦးတင့်ဆွေ အမိန့် ခံ
စစ်ဗိုလ်တအုပ်ကြောင့် ဒဏ်ရာရသွားတဲ့
စက်မှု(၁) ဝန်ကြီးဌါန သေခါနီး ဆင်ကြီးကို ဆက်စီးကြရင်
ပင်လယ်ထဲမှာ အားလုံးအသေခံကြမလား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ 
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ခေတ်မှီ သင်္ဘောကြီးနဲ့ 
ပူးပေါင်းဆောင်ရွတ်ရင်း
ပျက်စီးနေတဲ့  နေရာတွေကို
သဘောထားကြီးစွာနဲ့ 
လက်တွဲကူညီကြမလား
စက်မှု(၁) က စစ်ဗိုလ် စစ်မယား အပေါင်းကို
မိမိနှင့်တကွ သားသမီးတွေ အနာဂါတ်သတင်း ကောင်းစေဖို့ 
အကြောင်းကြားလိုက်ပါတယ် ။

ဌေးတင့်
နယ်သာလန်။
(ဥရောပပမှာ အခြေခံအလုပ်သမား တယောက်
တလကို ၂၀၀၀ ယူရိုရတယ် ၊ အနာဂါတ်စိတ်ချရတယ် )
မြန်မာပြည်မှာ စစ်ဗိုလ်ချုပ် ရသမျှ စိတ်မချရပါဘူး

20/12/17 - 07:00 RFA အစီအစဉ်နားဆင်ပြီး ရေးမိပါတယ် ။
http://www.rfa.org/burmese/audio




ရင်ထဲကို ဆို့ လာစေတဲ့ သတင်းတပုဒ် ။


ဆယ်စု နှစ်ပေါင်းများစွာ ပညာရေးတာဝန်များကို ကျရာဒေသများတွင်
တာဝန်ထမ်းဆောင်ခဲ့ကြအပြီး အငြိမ်းစားယူထားကြသူ မြန်မာကျောင်းဆရာအိုများမှာ
လူမှုဒုက္ခအ၀၀ကို ခါးစည်း ခံရလျက် ရှိကြောင်း သတင်းရရှိသည်။မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နှစ် ၃၀ ကျော် ကထိကတာဝန်ယူခဲ့အပြီး
အငြိမ်းစားယူထားသူ ဆရာကြီးတစ်ဦးမှ မောက္ခသို့ ရင်ဖွင့်ပြောပြခဲ့သည်။
“အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက်မငပါ။ လမ်းစရိတ်နဲ့
လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင်တစ်ခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ
စားလို့သောက်လို့ မ၀ဘူး။”
ရှမ်းပြည်နယ် တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သူ အသက် ၇၁
နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစု
ကလည်းမထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများအိမ်သို့ တစ်အိမ်တက်ဆင်း
လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် ဘ၀၏ နောက်ဆုံးနှစ်များကို
ဖြတ်သန်းနေရကြောင်း ပြောပြခဲ့သည်။
ရန်ကုန်တိုင်းအတွင်း အထက်တန်းကျောင်းအုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး
မြို့နယ်တစ်ခုတွင် ပညာရေးမှူး လုပ်ခဲ့ဖူးသူ ဆရာကြီး ဦးအေးသိန်းမှ
ကျောင်းဆရာစလုပ်ခါစ ကာလများနှင့် မတူတော့ဘဲ ဆရာတန်ဖိုး လုံးဝ
ကျဆင်းနေရသဖြင့် လုပ်ခဲ့သမျှ အရာမထင်ဟု ခံစားရကြောင်း၊ ရင်နာနေရကြောင်း၊
ပညာရေးစနစ်ကြီး ပျက်စီးနေသည်ကို ကြည့်ပြီး စိတ်ဆင်းရဲရကြောင်း
ခံစားပြောပြခဲ့သည်။ “ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။
ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက်ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး
ဈေးရောင်းရတဲ့ ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။
ဒါပေမဲ့ တန်ဖိုးကတော့ သွားပြီ။ ကျောင်းသားဟာလည်း ဆရာတွေအပေါ်မှာ
တန်ဖိုးထားမှု ကျဆင်းသွားတာ။ အနှစ် ၂၀ ကျော် ကာလမှာ အဆိုးဝါးဆုံးပါ။”
မူလတန်းကျောင်းအုပ်တာဝန်ကို ၄၅ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ
ပဲခူးတိုင်း၊ နယ်မြို့လေးတစ်မြို့မှ အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဆရာမကြီး
ဒေါ်ခင်ခင်ဝင်းက သူတို့ ပညာသင်ကြား ပေးခဲ့ကြသောသူများမှာ ယခုအခါ နိုင်ငံ
ခေါင်းဆောင်များပင် ဖြစ်နေကြကြောင်းနှင့် မည်သည့်အခါကမျှ ဆရာကန်တော့ပွဲ
အခမ်းအနား မလုပ်ခဲ့ကြဘူးကြောင်း ပြောပြခဲ့ပါသည်။ ထို့အပြင်
စားဝတ်နေရေးအတွက် မလောက်မငဘ၀နှင့် ရှင်သန်နေရကြောင်း၊ တောင်းရမ်း စားသောက်
နေရကြောင်းတို့ကိုလည်း မျက်ရည်အပြည့်ဖြင့် ခံစားပြောပြခဲ့သည်။
“ကျမ မူအုပ်တာဝန်ကို ၄၅ နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ရှက်လည်း
ရှက်နေလို့မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။
သားသမီးနောက်ခံကလည်းမရှိဘူးလေ။ တောင်းရမ်း စားသောက်နေကြရပါတယ်။ ရှက်လည်း
မရှက်တော့ပါဘူး။ တပည့် ကျောင်းသားတွေ အခုအခါမှာ လူကြီးတွေဖြစ်၊
ကုမ္ပဏီဒါရိုက်တာကြီးတွေ၊ စီအီးအိုတွေဖြစ်၊ အချို့ဆို ဗိုလ်မှူးကြီးတွေ၊
ဗိုလ်ချုပ်တွေတောင် ဖြစ်နေကြပြီ။ မုဒိတာပွားရပါတယ်။ သို့သော်လည်းပဲ
ကျောင်းသားဟောင်းများမှ လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို
မျှော်လင့်နေကြရတာပါ။ ပုံမှန်ရပ်တည်လို့မှ မရတာ။ လူအိုရုံကလည်း လက်မခံဘူး။
အဲဒါနဲ့ အခုမြင်တဲ့အတိုင်းပဲ တောင်းရမ်းစားသောက်ပါတယ်။”
ပြီးခဲ့သည့် သြဂုတ်လတွင် ကျောင်းဆရာဆရာမများအပါအ၀င် အငြိမ်းစား
ဝန်ထမ်းများ ၅၀ ဦးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့
ပင်စင်လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
မောက္ခ ပြည်တွင်းပညာရေးသတင်း

No comments:

Post a Comment