ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Saturday, December 18, 2010

မန်းရောဘတ်ဘဇန်’ မှ ‘ဆရာတီးမသေ’ သို့



‘မန်းရောဘတ်ဘဇန်’ မှ ‘ဆရာတီးမသေ’ သို့ ...



ဆရာ ...

စာရေးလိုက်ပါတယ်။ ရေးဖို့ လိုအပ်လာပြီဖြစ်လို့ပါ။ မြန်မာနဲ့ ကရင်သတင်းမီဒီယာ (Website နဲ့ Blog) တွေ
ကနေ နိုဝင်ဘာလ (၃၀) ရက်နေ့က ဆရာနဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆) ယောက်ကို လူမဆန်စွာ ရက်ရက်စက်စက် ဓားနဲ့ ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ ဓာတ်ပုံ တွေ ဖတ်ရှုတွေ့မြင်လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်ရသလို ဒေါသလည်း ထွက်ရပါတယ်။ ကျနော့် သွေးသားထဲက တူသားတွေ လူမဆန်စွာ အသတ်ခံလိုက်ရတယ်လို့ ခံစားရပါတယ်။ ကျနော့်လိုပဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာ ခံစားရသလို လူစိတ်ရှိတဲ့၊ လူပီသတဲ့ ဗမာညီကို မောင်နှမများနဲ့ လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ်လို့ ယူဆပါတယ်။

ကျနော့်အတွေးအခေါ်ထဲမှာ (ဗမာ့တပ်မတော် စစ်စည်းကမ်းဥပဒေထဲမှာ စစ်သုံ့ပန်းတွေကို ဘယ်လိုပြုမူဆက် ဆံရမယ်၊ စစ်နဲ့မသက်ဆိုင်တဲ့ မှီခိုသူ အမျိုးသမီး၊ ခလေး၊ သက်ကြီးရွယ်အို) တွေကို ဘယ်လိုဆက်ဆံပြုမူရ မယ်ဆိုတာ မပါလို့၊ မသိလို့၊ စစ်တက္ကသိုလ်တွေမှာ မသင်ရလို့ ဒီလို လူမဆန်တဲ့ လူသတ်မှုမျိုးကို ကျူးလွန် လိုက်တာလားလို့ တွေးခေါ်မိတယ်။

ခုဖြစ်စဉ်က စစ်မြေပြင်မှာ ဖမ်းမိတာမဟုတ်ဘူး။ စစ်သုံ့ပန်းတွေ မဟုတ်ဘူး။ နအဖနဲ့ ငြိမ်းချမ်းရေးယူထားတဲ့၊ အပစ်အခတ်ရပ်ထားတဲ့၊ အေးအေးဆေးဆေးနေတဲ့ တပ်ကို တမင်သက်သက် လာရောက်အနိုင်ကျင့်၊ ဗိုလ်ကျ စော်ကားဖမ်းဆီးပြီး ဓားနဲ့ထိုး၊ မီးရှို့ အစဖျောက်လိုက်တဲ့ လူသတ်မှုသက်သက်ဖြစ်တယ်။ လူမဆန်တဲ့၊ တပ်မ တော်မပီသတဲ့ ဓားပြလုပ်ရပ်ဖြစ်တယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးကို တစိုက်မတ်မတ်လုပ်လာတဲ့ ရန်သူရဲ့ လူတန်းစား (လက္ခဏာ) ကို သိထားသင့်တယ်။ ဒီရန်သူဟာ ...



(၁) မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။
(၂) ဖက်ဆစ်တွေဖြစ်တယ်။
(၃) နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်တွေဖြစ်တယ် ...လို့ သတ်မှတ်တယ်။



(၁) နအဖဟာ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်
နအဖတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ဟာ ဗမာ (၉၉) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုဖြစ် တယ်။ ကျန်တဲ့လူမျိုးတွေကို လူတွေလို့ သဘောမထားတဲ့၊ သူတို့သာလျှင် ကြီးမြတ်တယ်၊ အုပ်ချုပ်သူတွေဖြစ် တယ်၊ မင်းမျိုးတွေဖြစ်တယ်၊ ကျန်လူမျိုးတွေကို ကျွန်မျိုး၊ အရိုင်းအစိုင်းတွေလို့ သဘောထားတယ်။ ငါတို့သာ လျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေ၊ နိုင်ငံတော်ရဲ့ လေထု၊ ရေပြင်နဲ့ ကုန်းပိုင်းကို ငါတို့ ပိုင်တယ်။ ငါတို့မှာ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ တပ်မတော်ကြီးရှိတယ်။ ငါတို့ဟာ စတုတ္တဗမာနိုင်ငံတော်ကို တည် ထောင်နေတဲ့ သန်းရွှေမင်းဆက်ဖြစ်တယ်လို့ ခံယူနေသူ၊ ဘ၀င်မြင့် စိတ်ကြီးဝင်နေသူဖြစ်တယ်။

ဒါကြောင့် ဒီအုပ်စုဟာ လက်နက်အားကိုးတဲ့၊ တဗိုလ်တမင်း၊ ငါ့မင်းငါ့ချင်း စစ်အာဏာရှင် မဟာဗမာဖက်ဆစ် တွေဖြစ်တယ်လို့ သတ်မှတ်တယ်။ ဒီအုပ်စုကို အမိမြေက အပြတ်ဖယ်ရှားဖြစ်ရမယ့် နောက်ဆုံးစစ်ခုံရုံးတင်ပြီး ကြိုးပေးသတ်ပစ်ရမယ့် အုပ်စုဖြစ်တယ်။ ဒီလိုအုပ်စုကိုမှ (ရွှေသမင်) ထင်ပြီး ကိုးကွယ်မိတော့ အပစ်မဲ့ ရဲဘော် (၆) ယောက် လူစိတ်ကင်းမဲ့စွာ အချောင်အသတ်ခံလိုက်ရတာဟာ ဆရာတို့မှာ လုံးဝတာဝန်ရှိတယ်။ ဒီလုပ် ရပ်ဟာ နအဖနဲ့ ဆရာတို့ ငြိမ်းချမ်းရေးရယူမိခဲ့တဲ့ ငြိမ်းချမ်းရေး (ဆုလာဘ်) နဲ့ နအဖက ပေးတဲ့ ကောင်းကြီးမင်္ဂ လာတပါးပေါ့။ ဒါဟာ ပထမအဆင့်ပဲ ရှိသေးတယ်။ နောင်ဆက်တိုက်လာမယ့် နအဖရဲ့ ငြိမ်းချမ်းရေးဆုလာဘ် တသီကြီးရှိပါသေးတယ်။ ကျနော်တို့ စောင့်ကြည့်နေပါတယ်။

(၂) နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်

နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်ဆိုတာ မတရားစွပ်စွဲတာမဟုတ်ဘူး။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်က သက်သေပြနေပါတယ်။ ကရင်ပြည်ထဲ ကျူးကျော်ဝင်ရောက်လာပြီဆိုရင် (ဖက်ဆစ်ဂျပန်) တွေထက်ဆိုးတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်တယ်။ ရွာတွေ မီးရှို့တယ်။ ရွာပေါင်း (၅) ထောင်ကျော် မီးရှို့ခံလိုက်ရပြီးဖြစ် တယ်။ ကရင့်သမီးပျိုးတွေကို (မုဒိန်း) ကျင့်တယ်။ အများစုအုပ်စုလိုက် (မုဒိမ်း) ကျင့်ပြီး သတ်ပစ်တယ်။ စာ သင်ကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့တယ်။ လမ်းမှာတွေ့တဲ့ ဘယ်သူ့ကိုမဆို ပစ်သတ်တယ်။ လူတွေကို ပေါ်တာဆွဲတယ်၊ မနိုင်ဝန်တွေ ထမ်းခိုင်တယ်၊ ကရင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွား အိမ် မွေးတိရိစ္ဆာန်တွေကို ခိုးဝှက်စားသောက်ကြတယ်။ လူထုရဲ့ တောင်ယာ၊ ဥယျာဉ်ခြံတွေကို ဖျက်ဆီးတယ်၊ မိုက်ကြေးခွဲ (ဓားပြ) တိုက်တယ်။ ဒါတွေဟာ ဖက်ဆစ်တွေရဲ့ လုပ်နည်းကိုင်နည်းတွေဖြစ်တယ်။ ဖက်ဆစ် (ဂျ ပန်) တွေဆီက စစ်ပညာ အပြည့်အ၀ သင်ကြားခဲ့တာဖြစ်တယ်။ ဒါကြောင့် နအဖတွေကို ဖက်ဆစ်တွေလို့ သတ်မှတ်ရတာဖြစ်တယ်။ ဒီနအဖဖက်ဆစ်တွေဟာ ပြည်သူလူထုအတွက် ကောင်းတာ ဘာတခုလုပ်ခဲ့လို့လဲ ... ဆရာ။ ဒါတွေကို ဆရာနဲ့ တပ်မဟာ (ရ) က တပ်မှူးဟောင်းတွေ သိကြပါတယ်။ သိရက်နဲ့ ဘာကြောင့် ဒီလို စစ်အုပ်စုဖက်ဆစ်တွေနဲ့ နားလည်မှုယူကြရတာလဲဗျာ။ ဆရာတို့ ခုထိ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော် လှန်တဲ့ သစ္စာတရား (၄) ပါး သို့မဟုတ် မူ (၄) ချက်ကို ဆက်လက်ကိုင်စွဲထားတုန်းဘဲလား ...။

ဒီဖက်ဆစ်တွေဆီက ကျနော်တို့ လိုလားတဲ့ ကရင်ပြည် တောင်းလို့ရမယ်လို့ ဆရာတို့ ထင်ထားသလား။ လုံးဝ မရနိုင်ဘူးဆရာ။ ကရင်ပြည် မပြောနဲ့ (တခရိုင်)၊ (တမြို့နယ်) တောင် အုပ်ချုပ်ခွင့်မရနိုင်ဘူး။ (ထိုကော့ကိုး) လို နေရာကွက်ကွက်ကလေးမှာ နေခွင့်ပေးမယ်၊ မသေရုံတမယ်(ကားပါမစ်)လေး ချပေးမယ်၊ နောက်ဆုံး ဖက် ဆစ်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာတို့အဖွဲ့ကို လက်နက်ဖြုတ်ဖို့ (နယ်ခြား စောင့်တပ်) ခေါင်းစဉ်အောက်မှာ လက်နက်တွေ သိမ်းယူလိုက်မှာဖြစ်တယ်။ မယုံမရှိနဲ့ဆရာ။ ကြာကြာမစောင့်ရပါဘူး။ လပိုင်းလောက် စောင့် ကြည့်ပါ။

ဖက်ဆစ်တွေနဲ့ ဆရာတို့ ရေရှည်ပေါင်းလို့ မရနိုင်ဘူးဆရာ။ သူတို့ခိုင်းတဲ့ နယ်ခြားစောင့်တပ် မလုပ်ဘူးဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ။ လက်နက်ချမလား၊ အညံ့ခံမလား၊ နအဖ ဖက်ဆစ်တွေကို ဦီးညွတ်အလေးပြုမ လား။ တပ်မင်းဗိုလ်မှူးချုပ် လင်းထင်လို အသတ်ခံမလား၊ (KRC - Karen Revolutionary Council) က ဖါး တီ မူးဆိုးကော်ကစာ စောဟန်တာသာမွှေးဆို ပညာရေးအထူးအရာရှိအဆင့်နဲ့ပဲ ဘ၀နိဂုံးချုပ်ခဲ့ရတာ ဆရာ မှတ်မိပါလိမ့်မယ်ထင်ပါတယ်။ သူမဆုံးမီ ကျနော့်အဖေကို အမှာစကားပါးခဲ့သေးတယ်။ မန်းဘဇန်ကို ပြော လိုက်ပါတဲ့၊ ကျနော် မှားသွားပြီ တဲ့၊ ဆရာနဲ့ တပ်မဟာ (ရ) က တပ်မှူးဟောင်းတွေ ခုလက်ရှိ တပ်မဟာ (ရ) မှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီကို ပြောလိုက်ပါ (ကျနော်တို့ မှားသွားပြီ)လို့ ပြောလာမယ့် စကားကို ကျနော် မကြားချင်ဘူးဆရာ။ ကျနော် အကြားချင်ဆုံးစကားကတော့ အတွင်းစည်းရောက်နေတဲ့ ငါတို့တပ်တွေက နအ ဖ ဖက်ဆစ်တွေရဲ့ စခန်းကြီးတခုကို သိမ်းလိုက်ပြီ ... ဆိုတဲ့ (Message) ပဲဆရာ။ ဆရာတို့ ရွေးစရာလမ်းက တော့ ဒေါ်စုဖေဖေ မိန့်ကြားခဲ့သလို (လွတ်လပ်ရေးကို တောင်းလို့ ရရင်ရ မရရင်ချ) ဆိုတဲ့ စကားကို လက်တွေ့ အကောင်အထည်ဖော်ပါဆရာ။ ဒီနအဖ ဖက်ဆစ်တွေ ကျနော်တို့ လိုချင်တဲ့ (ကရင်ပြည်) ဘယ်တော့မှ မပေး ဘူး။ ဒီကောင်တွေ ကရင်ပြည် ပေးလာမယ်လို့ ဘယ်တော့မှ စိတ်ကူးမယဉ်နဲ့ဆိုတာ လက်နက်အဖြုတ်မခံရ ခင် သတိပေးလိုက်တာပါ။

(၃) နအဖတွေဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်တွေဖြစ်တယ်
နအဖတွေကို (နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်) လို့ သတ်မှတ်ရတာက နိုင်ငံတော်အာဏာကို သေနတ်တေ့ ရယူထားပြီး နိုင်ငံတော်ရဲ့ သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ်ပြီး စစ်အုပ်စုရဲ့ မျိုးနွယ်စုတွေအတွက် လုပ် ကိုင်နေလို့ သတ်မှတ်ရတာဖြစ်တယ်။ နိုင်ငံတော်မှာ ဒီမိုကရေစီမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တန်းတူမှုမရှိဘူး၊ ဥပဒေစိုးမိုးမှုမရှိဘူး၊ လူမျိုးတွေရဲ့ ရပိုင်ခွင့်မရှိသလို ပြည်သူတွေရဲ့ ရပိုင်ခွင့် အားလုံးဆုံးရှုံးနေပြီဖြစ်တယ်။ အ ထက်ပါအချက် (၃) ချက်နဲ့ အနည်းဆုံး ပြည့်နေလို့ ‘နအဖ’ ကို (မဟာဗမာလူမျိုးကြီးဝါဒီ၊ ဖက်ဆစ်စစ်အာဏာ ရှင် နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်) လို့ သတ်မှတ်လိုက်တာဖြစ်တယ်။

ဆရာ ...
နောက်ဆုံးပြောလိုတာက ကျဆုံးသွားတဲ့ ရဲဘော် (၆) ယောက်အတွက် ကျနော်တို့ ၀မ်းနည်း ယူကျုံးမရဖြစ်ရ ပါတယ်။ သေနတ်ကိုင်ထားတဲ့ ကရင်ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရုံမကဘူး၊ တိုင်းပြည်တ၀ှန်းလုံးရှိ လူ မျိုးစုံပြည်သူတရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ပါ တာဝန်ရှိတယ်။ တပြည်လုံးကို မကာကွယ် သေးမီ မိမိတို့အဖွဲ့ရဲ့ အသက်လုံခြုံမှုကို အရင်ဆုံး လုပ်ဆောင်ပါ။ ရှိပြီးသားလက်နက်တွေကို ကျစ်ကျစ်ဆုပ် ထားပါ။ ကရင်အချင်းချင်း သွေးမြေကျမှု မဖြစ်အောင် စောင့်ထိန်းပါ၊ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါ ဒကို မြေ၀ယ်မကျ စွဲကိုင်ပါလို့ မှာကြားရင်း နိဂုံးချုပ်ခွင့်ပြုပါ။



-မန်းရောဘတ်ဘဇန်

ဒီဇင်ဘာလ (၁၅) ရက်၊ ၂၀၁၀

No comments:

Post a Comment