ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Friday, December 10, 2010

2010 Human Righ Day for Myanmar or Burma


ဒေါ်အောင်ဆန်းစုကြည် မှ မြန်မာပြည်သားများသို့ တောင်းခံသော အကူအညီ
ီိDASSK request 10 Dec 2010 by Htay Tint
မြန်မာပြည်ဖွား များခင်ဗျား
ပြည်ပနဲ့  နယ်စပ်ရောက်နေတဲ့
ကျွန်တော်တို့  အတွက်မဖြစ်မနေလုပ်ရမည့်
လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တခုကို
ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ပေး
အကူအညီတောင်းခံလိုက်ပါသည် ။
မိမိတို့ နေထိုင်ရာ နိုင်ငံ ဒေသများမှ
နီးစပ်ရာ လုပ်ဖေါ်ကိုင်ဖက်များ
တိုင်းရင်းသားများ အပြင်
သက်ဆိုင်ရာနိုင်ငံများ အပါအဝင်
ပြည်ထောင်စု စနစ် စိတ်ဓါတ် နဲ့ 
အုပ်ချုပ် ဖွဲ့ စည်းပုံကို ကြေညက်စွာ
လူတိုင်းနားလည်နိုင်သော
အဆင့်ရောက်ရှိရန် ဦးစားပေး ဆွေးနွေး
ရှင်းလင်း ရေးသား ကြပါရန် မေတ္တာရပ်ခံပါသည်။
အတွေ့ အကြုံနှင့် ဥာဏ်ရည်မြင့်မား သူတွေက
စိတ်ရှည်သီးခံပြီး တဆင့်ခြင်း အချိန်ပေး ဆွေးနွေးရမည် ဟုယူဆပါသည် ။


2010-12-10
RFA က အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့

‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ မေးဖြေခန်း

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်မှာ

နိုင်ငံကျော် တေးသံရှင်တွေ ဖြစ်ကြတဲ့

ဒေါ်မာမာအေး (အမေရိကန်) ၊

အဆိုတော် လားရှိုး သိန်းအောင် (ခေါ်) ဂျင်မီဂျက်၊

ရှမ်းတိုင်းရင်းသား အဆိုတော် စခဟ (ထိုင်း)၊ မိုင်အိုက်ဖုန်း (ထိုင်း-မြန်မာနယ်စပ်)နဲ့

ဦးဌေးတင့် (နယ်သာလန်) တို့ရဲ့ မေးခွန်းတွေကို

ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
















၂၀၁၀ ဒီဇင်ဘာလ ၁၀ ရက်နေ့ 
ဒုတိယကမ္ဘာစစ်ပြီး အပြီး ၁၉၅၀ မှာ နိုင်ငံပေါင်းစုံပါဝင်တဲ့

အစည်းအဝေးကနေပြီး လူတွေကို လူတွေလို

အကြင်နာ သိက္ခာ ရှိစွာ ဆက်ဆံကြဖို့ နဲ

လူသားတဦးခြင်းဆီရဲ့  ရပိုင်ခွင့်တွေကို

ဖြတ်သန်းခဲ့တဲ့ လူ့ သမိုင်းကြောင်းတွေရဲ့ ခံစားဖြစ်ပျက်မှုအပေါ်ကနေပြီး

သတ်မှတ်ဆုံးဖြတ်ကြတယ် ။

လူရယ်လို့ မွေးဖွားလာပြီး

ငတ်မွတ်ခေါင်းပါး ဆာလောင်နေသူတွေ ။

ကျန်းမာရေးချို့ တဲ့နေသူတွေ

ပညာမသင်ကြားရသူတွေ

လူတွေက နှိပ်စက်နေသူ လူတွေကို

အကူအညီပေးဖို့  စဉ်းစားဆုံးဖြတ်သတ်မှတ်ကြတယ် ။

တစတစနဲ့  လူလူချင်း စားကျက်လုတဲ့ စစ်ပွဲတွေ

အတွေးအခေါ် ဝါဒပြိုင်စစ်ပွဲတွေကိုလည်း

တစစနဲ့ ကူညီလာကြတယ် ။

လူ့ အခွင့်အရေးတွေ ချိုးဖေါက်ပြီး မတရားတဲ့

အစိုးရတွေကို ဝိုင်းဝန်းအပြစ်ပေးလာကြတယ် ။

လူအများစု အုပ်ချုပ်စီမံတဲ့ စနစ်တွေ ပေါ်ပေါက်လာအောင် ကူညီကြတယ် ။

အာဏာရှင်နိုင်ငံတွေကို ကျဆုံးရန် လူသားတိုင်းမှာတာဝန်ရှိနေတယ် ။

အိန္ဒိယနိုင်ငံကတော့ ဒီမိုကရေစီနိုင်ငံဆိုပြီး ကြွေးကြော်နေသော်လည်း

စီးပွားရေးသမားအချို့ ကောင်းစားရေးအတွက်

မြန်မာပြည်က စစ်အာဏာရှင်ကို လက်နက်တွေရောင်း

စစ်ကားတွေ လက်ဆောက်ပေးပြီး မြန်မာထွက်ကုန်တွေ ဈေးပေါပေါနဲ့ ရဖို့ 

အာဏာရှင် စစ်တပ် သက်တန်းရှည်အောင်မြောက်ထိုးပင့်ကော်လုပ်နေတယ် ။

၂၀၁၀ ဒီဇင်ဘာလ ၁၀ရက်နေ့ လူ့ အခွင့်အရေး မှာ နယ်သာလန်နိုင်ငံမှာ

ရုံးစိုက်နေတဲ့ အိန္ဒိယသံရုံးကို မြန်မာပြည်နဲ့ ပါတ်သက်ပြီး ဆန္ဒပြတောင်းဆိုဖို့ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ (နယ်သာလန်) က ဆုံးဖြတ်ကြတယ် ။

ထိုဆုံးဖြတ်ချက်ကို မြန်မာ့ဒီမိုကရေစီအင်အားစု(နယ်သာလန်) နှင့် IFBNC နယ်သာလန် မှ ပါဝင်ပူးပေါင်း

အင်အားဖြည့်ပြီး အကောင်အထည်ဖေါ်ခဲ့ကြပါသည် ။





No comments:

Post a Comment