ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Saturday, July 10, 2010

ယဉ်ကျေးမှုကို အခွင့်အရေးယူခြင်း


Burma Army still attack civilan in Myanmar for Army personal Election

မြန်မာတွေ အနောက်ယဉ်ကျေးမှု ထဲဝင်ကြသလို
အရှေ့ ယဉ်ကျေးမှုကိုလည်း ထိမ်းသိမ်းကျသည် ။
အချို့ က အသုံးချကြပါသည် ။

မြန်မာပြည် ဒီမိုကရေစီနှင့်
လူ့ အခွင့်အရေးပြည့်ဝစွာ ရရှိသော
ထာဝရ အာဏာရရှိရေးနဲ့ 
ငါ ကလွဲရင်
အားလုံးမှားတယ် ဟုအော်ဟစ်ခါ
နိုင်ငံတော်ကြီး ကို ဘက်ပေါင်းစုံ
နည်းမျိုးစုံနဲ့  ပြောင်းလဲရန်
၂ ဖက် ၃ ဖက် ၄ ဖက် စလုံး
ကြိုးစားလာခဲ့ကြသည်မှာ
နှစ်ပေါင်း ၂၀ ကျော်ခဲ့လာခဲ့ပေသည် ။

နိုင်ငံတကာ ကလည်း
တဖက်နှင့်တဖက်
တဖက်မှ နှစ်ဘက်
နှစ်ဖက် မှ နှစ်ဘက်
တွေ့ ဆုံညှိနိုင်းစေရန်
ဖိအားဝိုင်းပေးနေသည်မှာလည်း
ရာစု ၂ စုကျော်ခဲ့ပါပြီ ။

ပြည်တွင်းနှင့် နယ်စပ်တွေမှာ
နိုင်ငံရေး ယုံကြည်ချက်အရဖြစ်စေ
ဘာသာရေး ဖိနှိပ်မှု အရဖြစ်စေ
လူ့ အခွင့်အရေး ချိုးဖေါက်ခံ ရလို့ ဖြစ်စေ
တတိယနိုင်ငံ နိုင်ငံခြားရေး ဌါနမှ တဆင့်
လက်ခံပြီး ဘဝသစ် အခြေချ စီမံကိန်းနှင့်
လူသားဆန်ဆန် ကူညီနေပါသည် ။

နှစ်တွေကြာလာတော့
မြန်မာပြည်မှာ လူတန်းစားအသစ်
ပွဲစားတွေအမျိုးမျိုး ပေါ်လာပါသည် ။
အမေရိကန်အရောက်
နောက်ဖေးပေါက်က
ဒေါ်လာ ၈၀၀၀ တဲ့
ဥရောပကို တဆစ်ချိုး
ယူရို ၉၀၀၀ တဲ့
ဒုက္ခသည်စခန်းဝင်စရာ မလို ပါတဲ့--

နှစ်တွေကြာလာတော့
ဒုက္ခသည်စခန်းဝင်ရင်
အိမ်ဝယ်ပြီးမှ ဝင်ရမယ်
ထိုင်းအစိုးရ အမှုထမ်းတွေကို
စာရင်းဝင်ဘို့ 
လာဘ်ထိုးငွေလိုတယ်တဲ့..။

နှစ်တွေကြာလာတော့
မိမိလာတဲ့ ဘဝအမှန်တွေ မေ့ကုန်ကြပြီ ။
အမေရိကန်နိုင်ငံသားကြီးတွေ ဖြစ်ပြီလေ။
အနောက် အဝတ်ပွပွကြီးတွေ ဝတ်တတ်ပြီလေ။

အိမ်တွေဝယ် တိုက်တွေဝယ်
ကားတွေ အပြိုင်ဝယ်စီးကြနဲ့ 
မိန်းမတွေ အပြိုင်အဆိုင် ခိုးယူကြနဲ့ 
ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေက
အံ့မခန်းပါဘူး။

လယ်ယာလုပ်ရင်း ကိုင်းတွေလုပ်ရင်း
နအဖ မဝတ ရဝတ အောက်
စစ်ဖိနပ် နင်းပြားဘဝအောက်က
အဖေ အမေတွေ မောင်နှမတွေ ဆွေမျိုးတွေက
တိုးတက်သွားတဲ့ သူတို့  အမျိုး အမေရိကန်အသစ်ကြီးရဲ့သတင်းကို
အထင်တကြီး အားကိုးကြီး သတင်းတွေနားထောင်ရင်း နားထောင်နေတယ် ။

၂၀၁၀ရွေးကောက်ပွဲကြီး နီးလေလေ
ပြည်တွင်းမှာ နအဖက လိမ်လေလေ
မဝတက ခြိမ်းခြောက်လေလေ
ရဝတက အတင်း စာရင်းကောက်လေလေ။

သူတို့ ရဲ့  အမျိုး ရွံ့ ထဲမှာ နပန်းလုံးခဲ့ဖူးတဲ့
ဖင်ထဲ ရွံ့ ဝင်ဖူးတဲ့ မြန်မာပြည်ဘွား
စကားပြောရင် လေချွန်သံနဲ့ 
အမေရိကန်နိုင်ငံသား အသစ်ကြီး တွေဆီက
အကူအညီတွေ ရနိုးနိုးပေါ့လေ။

အုပ်ချုပ်သူဆိုတာ အပေါ်ကလေ
မျိုးစေ့မမှန် သူတွေ အမေရိကန်ကို ဘယ်သူတွေ ရောက်လဲဆိုတာ
စာရင်းတွေကို မဲဆောက်မှာ ကတည်းက ယူထားပြီးသားလေ ။

အစအစအရာရာ တိုးတက်နေတဲ့
နိုင်ငံကြီးမှာ မြို့ ကြီးမှာ
တိုးတက်နေတဲ့ ရုပ်ဝတ္ထုတွေကြားက ။
မြန်မာပြည်သားတစုကတော့


ရောက်တဲ့ နိုင်ငံတွေမှာ ဇိမ်ခံ
ဘီယာဘူးတွေကို အပြတ်နှံ နဲ့ 
တောထဲက အငတ်တွေ
အတိုးချ အပြတ်လွေးရင်း နဲ့ 
မွေးလာထဲက မပါလာတဲ့ နိုင်ငံရေး အရည်အသွေး
(ခေါင်းဆောင်အမည်ခံများအတွက်တော့)
ဘယ်လို ဦးဆောင်မှု မှ မပေးနိုင်
ကံကော်လို့ ခြုံပေါ်ရောက်
အာများလို့ ခုံပေါ်ရောက်
လိမ်ညာပြီး လူရာဝင်
လမ်းလည်း မဖေါက်တတ်
နောက်ကလည်း မရှောက်တတ်
ဆော်စရာ ပစ်မှတ် မရှာတတ်သမို့ 
အင်တာနက် ကွန်ပြူတာက အော်
ငါသာလျှင် ဘိုးအေဆော်ကြီး ဂုဏ်ပုဒ်တပ်။

အားလုံးကိုမေ့ပြီး
ပကတိ ဇာတိမာန်
ဆေးဒဏ်နဲ့  အရက်တန်ခိုးက
မြန်မာပြည်က ပါလာတဲ့ဦးနှောက်တွေကို
နအဖ ပေါ်လစီ လမ်းညွန်ချက်တွေ အတိုင်း
သေနတ်မပါတဲ့ ခေါင်းဆောင်မှန်သမျှ
နည်းလမ်းပေါင်းစုံနဲ့ အကုန်ချကြ...တဲ့ ။


တလှေပဲ စီးစီး
လှေနောက်က ကြိုးနဲ့ လိုက်လိုက်
တခရီးလဲ နာမည်တတ်တတ်
မြန်မာဘွားတွေ ပူးပေါင်းဆောင်ရွက်မှု
နားမလည်ရင်တော့
အများသူငှာ ပျော်စရာပွဲ မှာလေ
အပြစ်ရှာ ဖြုတ်ထုတ် အပုတ်ချပြီး
အတင်းတုတ်နေကြအုံးမယ် ဆိုရင်တော့။


တောမှာကျန်ခဲ့တဲ့ မြန်မာပြည်က
အမျိုးတွေရဲ့  ဘဝက ရင်လေးစရာပဲ ။ ။

မြန်မာပြည်ဘွား အားလုံးကို
လေးစားစွာဖြင့်
(ဌေးတင့်)

Jul 10 ,2010

1 comment:

  1. http://hittai.net/?show=rm&fileid=21&t=home15&id=15
    ဟစ်တိုင်မှာလည်း တင်ထားပါတယ်။

    ReplyDelete