ကမ္ဘာမှာ မြန်မာ ဟေ့လို့  ချီတက်မယ် ။ စိုက်ပျိုးရေး အခြေခံတဲ့ စက်မှုနိုင်ငံ တည်ဆောက်ကြမယ် ။

Wednesday, July 21, 2010

New plan of Burmese in USA



ရေးတဲ့သူက အတင်းဆန်ဆန်ရေးပေမဲ့ ရတာလေးတွေရေးပြီးပို့ လိုက်တာကို တင်ပေးလိုက်တာပါ ။

ုဖြစ်နိုင်လား တကယ်လားဆိုတာ ကာယကံရှင်တွေ ဖြေရှင်းပေးကြပါ ။
တော်လှန်ရေးကောင်စီ ။ မဆလ ။ နဝတ ။ နအဖ ။ တလျှောက်လုံး ဒီလိုဘဲ လုပ်ကြံခဲ့တော့ ဒီလိုရေးတာ မဆန်းပါဘူး။
ငါးကြင်းကို ငါးကြင်းဆီနဲ့ ကျော်တယ်ဆိုရင် အဲဒီဆီပူတွေစုပြီး ထိရောက်အောင် ပြန်ပက်တတ်ဖို့  တန်ပြန်တတ်ဖို့ လိုလိမ့်မယ် ။

အာရှတိုက်က နိုင်ငံတွေမှာ လူ ၁၀၀၀ ကို ရဲတယောက်နူံး ဆရာဝန် တယောက်နူံး ထားပါတယ် ။
သတင်းလောက အတွက်ပြည့်စုံဖို့  လူ ၃၀၀၀ မှာ တယောက်နူံးရှိနေပါတယ် လို့ ဖတ်ဖူးပါတယ် ။
၃၈ သန်းဆိုတာ သတင်းယူတဲ့ ဌါနဝန်ထမ်းတွေ လေ့ကျင့်ဖို့ နဲ့  လစာငွေ ဘဲရှိပါသေးတယ် ။

ဗိုလ်မှုးကြီးကျော်စွာမင်း ကိုလည်း အမေရိကန်အကြောင်းဒီလောက်နားလည်ရင်
အမှန်တရားကို မြင်တတ်အောင် သင်ပေးဖို့  စာရေးသူကစပြီး ခွင်အသစ်ဖွင့်သင့်ပါတယ် ။

မကောင်းတာကိုပယ် ကောင်းတာကိုကယ် ဆိုတဲ့ မြန်မာ့စကားပုံကို သုံးတတ်ရင်
အားလုံးကောင်းသွားမှာပါ။
မုန်တိုင်းပြီးရင် ငြိမ်သက်ဖို့  အရှိန်ယူနေပါပြီ ။
သုံးမရတဲ့ အမှိုက်တွေ ရှင်းပြီး သုံးရတာတွေ သုံးပြီး ကျန်တာတွေ မျှဝေကြတာပေါ့ ။

တော်လှန်ရေး အင်အားစုတွေထဲကို ရန်သူဝင်နိုင်တယ်တဲ့ လမ်းကြောင်း တခုအဖြစ်လက်ခံပြီး
အများသိအောင် တင်ပေးထားတာပါ ။

အားလုံးကိုလေးစားစွာဖြင့်

ဌေးတင့်
နယ်သာလန်







မြန်မာပြည်အတွက်ဆိုရင် တချိန်ချိန်တုံးက တချိန်ချိန်မှာ တွေ့ ကြရမှာပါ ။
အမုန်းတွေနဲ့  ပြောမှာလား သူငယ်ချင်းချစ်တွေနဲ့  ပြန်ပြောကြမလား

No comments:

Post a Comment